← Chapters

ဝူကျိုး၌ ကျော်ကြားလာခြင်း

Vol. 4 Ch. 322

ဝူကျိုး၌ ကျော်ကြားလာခြင်း

Vol. 4 Ch. 322

ချန်းဖန်တို့ နှစ်ယောက် ပါတီပွဲ ကျင်းပရာ အခန်းထဲမှ လမ်းလျှောက် ထွက်လာ ခဲ့သည်။ အပြင်သို့ ရောက်သည်နှင့် ချန်းဖန်က ဖန့်ချုံးအား ကြည့်ရင်း …

"နင့်ရဲ့ မိသားစု ပါတီကို ဖျက်မိခဲ့တဲ့ အတွက် တောင်းပန်ပါတယ်။"

"မလိုပါဘူးဟာ။ ငါကသာ နင့်ကို တောင်းပန်ရမှာပါ ရှောင်ဖန်ရယ် …"

ရှောင်ချုံးက မျက်လွှာ ချရင်း ချန်းဖန်၏ ကိုယ်လုံးအား မှီလိုက်သည်။

"မိသားစု ကနေ ငါ့ရဲ့ လက်ထပ်ပွဲကို အခုလောက်ထိ ဆန့်ကျင် လိမ့်မယ်လို့ မတွေး ခဲ့ဖူးဘူး။ သူတို့က ငါရဲ့ ဝမ်းကွဲ အစ်ကို၊ အစ်မတွေ ဆိုပေမဲ့ ငါ့ဘက်မှာ တစ်ယောက်မှ မရှိခဲ့ဘူး။ ငါနဲ့ သူတို့ သွေးချင်းရော ဆက်စပ် နေရဲ့လား ဆိုတာ သံသယ ရှိစရာပဲ။"

"အင်း … မိသားစု စည်းမျဉ်းတွေ ဆိုတာလည်း ဆင်ခြေ တွေပါ။"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း ပြောသည်။

"တကယ်လို့ ငါသာ အမေရိကန်ရဲ့ သမ္မတ ဖြစ်ရင် ငါ့ဖိနပ်ကို လျက်ပေးဖို့တောင် သူတို့ ရန်ဖြစ် နေကြမှာ။"

ချန်းဖန်၏ အပြောင်အပြက်  စကားကြောင့် ဖန့်ချုံးက တခစ်ခစ် ရယ်လိုက်ရင်း သူ၏ ကျောအား ထုသည်။

"အပို အကဲနဲ့ …"

"တကယ်ပါဆို။ သူတို့က ငါ့ကို အထင်သေး နေကြတာ မတွေ့ဘူးလား။ သူတို့ရဲ့ စုမိသားစုနဲ့ မထိုက် တန်ဘူးလို့ ထင်နေ ကြတာလေ။"

ချန်ဖန်းက သဘောကျစွာ ပြုံးလိုက်မိရင်း …

"သူတို့ရဲ့ စုမိသားစု ဆိုတာ ငါ့အတွက် ဘာမှ မဟုတ်ဘူး ဆိုတာ သူတို့ နားမလည်ကြဘူး။"

ချန်းဖန်၏ အသံက တည်ငြိမ်ပြီး ယုံကြည်ချက် ရှိသော အငွေ့ အသက်များ ပေါ်ထွက် နေသည်။ သူ၏ ပုံစံကား ကောင်းကင်ဘုံ အရှင်သခင်က သေမျိုး လောကမှ လူသားများအား ငုံ့ကြည့်ရင်း ပြောနေသည့်နှယ် ဖြစ်သည်။ ချန်းဖန်၏ စကားများနှင့် အတူ တစ်ခါမှ မခံစားဖူးသည့် မြင့်မားသော မာနတရားနှင့် ဂုဏ်သိက္ခာက ဖန့်ချုံး ထံတွင် မွေးဖွား လာခဲ့သည်။

"အေးပါ … နင်းယုကျီရဲ့ ခြေတွေ၊ လက်တွေကို ချိုးခဲ့တဲ့ အတွက် ပြဿနာတော့ မဖြစ်နိုင်ဘူးမလား။"

ဖန့်ချုံးက တစ်ခုခုအား စဉ်းစား မိသည့်နှယ် မျက်တစ်ခုလုံး မဲမှောင် လာခဲ့သည်။ သူမက ပင့်သက် တစ်ချက်ရှိုက်ကာ ချန်းဖန်အား ကြည့်ရင်း …

"မနက်ဖြန် မွေးနေ့ပွဲကို မသွားပဲနဲ့ အိမ်ပြန်ကြရင် ကောင်းမလား။ ကျိနဲ့နင်း မိသားစု တို့က ကျင်းမြို့တော် မှာတော့ ငါတို့ကို လာမရှာ လောက်ပါဘူး။"

"စိတ်မပူနဲ့။ နင့်ယောက်ျား ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ နင်မသိသေးဘူး မလား။"

"ဟဟ … နင်းမိသားစုလား … ငါ့လက်တစ်ချောင်း တည်းနဲ့ပဲ တောက်ထုတ် ပစ်လိုက်လို့ ရတယ်။"

ချန်းဖန်က မာနကြီးစွာ ပြောသည်။

ဖန့်ချုံးကမူ ငြိမ်သက်စွာ စဉ်းစား နေခဲ့သည်။ မည်သို့ပင် ဖြစ်စေ ယောက်ျား၏ ဆုံးဖြတ်ချက်အား ပံ့ပိုး ရမည်က မိန်းမတိုင်း၏ တာဝန်ပင်။

"စိတ်မပူနဲ့ ရှောင်ဖန် … ဘာပဲဖြစ်ဖြစ် ငါနင့်ဘက်မှာ ရှိနေမယ်။"

ဖန့်ချုံးက ပြောရင်း ချန်းဖန်၏ လက်မောင်းအား ဆုပ်ကိုင် လိုက်သည်။

ထို့နောက် ဆောင်းည၏ လေအေးများ ကြား၌ သူတို့နှစ်ဦး တိုးဝင်ကာ ပျောက်ကွယ် သွားခဲ့တော့၏။

***

ထိုအချိန် စုမိသားစု အတွင်း၌ ထိုအဖြစ်အပျက်က အလွန် လျင်မြန်စွာ ပျံ့နှံ့ နေခဲ့သည်။ စုမိသားစု အစည်းအဝေး ခန်းမထဲတွင်မူ …

အဘိုးအိုစု အပါအဝင် စုမိသားစုဝင် များစွာမှာ လင်းထိန် နေသော မီးရောက်အောက်၌ အရေးပေါ် အစည်းအဝေး တစ်ခု ကျင်းပနေကြ၏။

"ရှက်စရာ ကောင်းလိုက်တာ …"

စုကျန်းဒီက စုပန်အား စူးရဲစွာ ကြည့်ရင်း အော်ပြောလိုက်သည်။

"မင်းက အကြီးဆုံး အစ်ကို ဖြစ်ပြီးတော့ ပါတီပွဲမှာ တိုက်ခိုက်တာကို မတားဘူးလား။ သူက သခင်လေးနင်းရဲ့ အရိုး တွေကိုတောင် ချိုးသွား ခဲ့သေးတယ်။ အစောင့် တွေကရော ဘယ်ရောက်နေလဲ။ သူက တစ်ယောက်တည်း သမား။ မင်းတို့က အများနဲ့။ ဒါတောင် ဒီအတိုင်း ကြည့်နေတာလား။"

စုပန်က ရှက်ရွံ့စွာ ခေါင်းအား ငုံ့ထားသည်။

စုချင်က ရှေ့အား အနည်းငယ် တိုးကာ …

"အဖေ … ဒါက အစ်ကို အမှား မဟုတ်ဘူး။ ချန်းဖန်က အရမ်း ရက်စက် လွန်းတယ်။ အဖေ ကိုယ်တိုင် ရှိနေရင်တောင် ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ သူနဲ့ နည်းနည်း သဘော ထားချင်း မတိုက်ဆိုင်တာနဲ့တင် သခင်လေးနင်းရဲ့ အရိုးတွေကို ချိုးပစ်တာ။ ထန်လုံ အဖွဲ့ရဲ့ လက်ဖတင်နင် ကျောက်ဘိုဖန်တောင် သူ့ကို မတားနိုင်ဘူး။ သူက ကျန်းပေ့ရဲ့ ဆရာချန်းတဲ့။ သူ့ကို ဘယ်သူက တားရဲမှာလဲ။"

"ဘယ်လို … ဆရာချန်း ဟုတ်လား …"

စုကျန်းဒီက စိတ်ရှုပ်စွာ မေးသည်။

"သူက ကျင်းမြို့က ဆရာချန်းပဲ။"

စုချင်က ပြောပြ လိုက်သည်။

"ကောလ ဟာလ တွေအရ သူက ကျန်းပေ့ကို လွှမ်းမိုးတယ်တဲ့။ ရှု့အိုတောင် သူ့ကို မဆန့်ကျင်ရဲဘူး။ ရှန်းမိသားစုတောင် သူ့ကို သွားစမ်းမိလို့ ညတွင်းချင်း ပျက်စီး သွားခဲ့ရတယ်။ သမီးတို့က သူ့ကို ဘယ်လို ဆန့်ကျင်ရဲမှာလဲ။"

"ကျန်းပေ့ရဲ့ ဆရာချန်းလား …"

စုချင်၏ စကားလုံး များက အခန်း အတွင်းရှိ လူတိုင်းအား ကြက်သေ သေစေ ခဲ့သည်။ ထိုလူများ အားလုံးမှာ ဆရာချန်း၏ အမျိုးမျိုးသော စွမ်းဆောင်မှုများ အကြောင်း အနည်းနှင့် အများကြားဖူး ကြသူများ ဖြစ်ကြသည်။

"အစ်ကိုလေးရဲ့ ငယ်သူငယ်ချင်းက ကျန်းပေ့ရဲ့ ဆရာချန်းလား …"

လူတိုင်းက ကြောက်ရွံ့၊ အံ့ဩမှု တို့ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက် မိကြသည်။

"အဓိပ္ပာယ် ရှိတယ်။ ကိုးလေးက သူနဲ့ လက်ထပ်ဖို့ မိဘ တွေကိုတောင် ဆန့်ကျင်ရဲတာ အံ့ဩစရာ မရှိဘူးပဲ။"

စုမိသားစု အကြီးအကဲ တစ်ယောက်က ခေါင်းညိတ်ရင်း ပြောသည်။

"ဦးလေးငါး … ဦးလေးပြောတာ ဘာအဓိပ္ပာယ်လဲ။"

စုကျန်းဒီက အကြီးအကဲအား ကြည့်ရင်း မေးသည်။

"သူက ဆရာချန်း ဖြစ်ရင်ရော ဘာအရေးလဲ။ နှစ်သုံးရာ သမိုင်းကြောင်း ရှိတဲ့ စုမိသားစုရဲ့ သမီးမိန်းကလေးကို အဲဒီလို ရိုင်းစိုင်းတဲ့ ကောင်လက်ထဲ ထည့်ပေးရမှာလား။"

ရှက်ရွံမှုကြောင့် အကြီးအကဲများ၏ မျက်နှာက နီရဲ သွားသည်။ သူက တစ်ခုခုအား တီးတိုး ရေရွတ် လိုက်ရင်း ငြိမ်ကျ သွားသည်။

"တော်ကြတော့ … ကျန်းဒီ မှန်တယ်။"

အခန်း အတွင်းရှိ အသက်အကြီးဆုံး အဘိုးအို စုရန်ကျီက ဝင်ပြော လိုက်သည်။

"ငါတို့ မိသားစုက နှစ်သုံးရာ တိုင်တိုင် တည်တံ့ခဲ့တဲ့ ကုန်သည် မိသားစုကြီးပဲ။ ငါတို့က မိသားစု စည်းမျဉ်း တွေကို အမြဲတမ်း တန်ဖိုး ထားခဲ့တယ်။ ကိုးလေး လုပ်တဲ့ပုံက တကယ့်ကို မသင့်လျော်ဘူး။ နောက်ပြီးတော့ ချန်းဖန် ဆိုတဲ့ကောင် လုပ်သွားတဲ့ လုပ်ရပ်က သူ့ရဲ့ စရိုက်ကို ဖော်ပြ နေတယ်။ သူဘယ်လောက် အစွမ်းထက် ပါစေ။ ငါတို့ရဲ့ မိသားစုက သူ့ကို အလိုမရှိဘူး။"

စုမိသားစု၏ ခေါင်းဆောင် များစွာက သူ့စကားအား သဘောတူစွာ ခေါင်းညိတ် ကြသည်။

စုစုမှာမူ အကြီးအကဲများ၏ နောက်၌ ငြိမ်သက်စွာပင် ရပ်နေခဲ့သည်။ သူမက တစ်ခုခုအား ရှင်းပြ ချင်နေ သော်လည်း ပြောဆိုရန် စကားလုံး မရှိပေ။ သူမ အနေဖြင့် စုရန်ဟိုအား ချန်းဖန်၏ အကြောင်းကို မြှောက်ပင့်ကာ ပြောဆိုခဲ့ပြီး ဖြစ်သည်။ သိပ်မကြာခင်မှာပင် ပါတီပွဲ၌ ချန်းဖန် ဝင်မွှေ ခဲ့သော သတင်းက ရောက်ရှိ လာခဲ့သည်။

"စုဇီ … မင်းဘာမြင်ခဲ့လဲ ဆိုတာ အားလုံး ပြောပြစမ်း။ အကုန်လုံးကို ငါသိချင်တယ်။"

စုရန်ဟိုက စဉ်းစားရင်း စုဇီအား တည်ငြိမ်စွာ မေးသည်။

"ဟုတ်ကဲ့ပါ အဘိုး …"

စုဇီက အသံထား အနည်းငယ် မြှင့်ကာ အဖြတ်အတောက် မှန်မှန်ဖြင့် ပြောပြ လိုက်သည်။ ဇာတ်လမ်း တစ်ခုလုံးကိုမူ တိကျစွာ မပြောပဲ အသေးစိတ် အချက်အလက် များအား ချန်လှပ် ထားခဲ့သလို အချို့ နေရာများ တွင်လည်း ပြင်ဆင်၍ ပြောပြ ခဲ့သည်။ ဥပမာ အားဖြင့် နင်းယုကျီက ချန်းဖန်အား ကောင်းမွန်စွာ နှုတ်ဆက် ခဲ့သော်လည်း ချန်းဖန်က ရိုင်းစိုင်းစွာ တုန်ပြန် ခဲ့သည် စသည်ဖြင့် တစ်ဖက်သတ် လုပ်ကြံ ပြောဆို ခဲ့သည်။ သူ၏ စကားအဆုံး၌ ချန်းဖန်မှာ အလွန် ဆိုးဝါးသော လူတစ်ယောက် အလား အခန်း အတွင်းရှိ လူအားလုံး ယုံကြည် သွားကြ တော့သည်။

"သူက ကိုယ့်ကိုယ်ကို အထင်ကြီး နေတာပဲ။ ငါတို့ စုမိသားစု ကိုတောင် အထင် သေးရဲတယ်ပေါ့။ ကိုယ့်အဆင့်ကို ကိုယ်နားမလည်ဘူးပဲ။"

စုကျန်းဒီက နှာခေါင်းရှုံ့ရင်း ပြောသည်။

စုရန်ဟိုကမူ မေးစေ့အား ပွတ်ကာ တွေးတောရင်း …

"နေပါဦး … ခုနက ကျောက်ဘိုဖန် ဆိုတာ … သူက ကျောက်ဟွန်ရဲ့ သားလား။"

"ဟုတ်ပါတယ် … တတိယ အဘိုး …"

စုဇီက ခေါင်းညိတ်သည်။

"ငါသူ့နာမည်ကို ကြားဖူးတယ်။ သူက ကျင်းမြို့စစ် စခန်းရဲ့ အတော်ဆုံး စစ်သားထဲက တစ်ယောက်ပဲ။ သူ့ရဲ့ စွမ်းဆောင်မှု တွေကြောင့် ထန်လုံတပ်ဖွဲ့ရဲ့ လက်ဖတင်နင် ရာထူး ကိုတောင် ခန့်အပ် ခံထားရတယ် ကြားတယ်။"

စုရန်ကျီက ဝင်ပြော လိုက်သည်။

"ကျောက်ဟွန်ရဲ့ ဇနီးက ကျိမိသားစုနဲ့ ပတ်သက်မှု ရှိတယ်။"

"ဟမ့် … အဲဒီကောင်လေးက တကယ့်ကို ရိုင်းစိုင်းတာပဲ။ နင်းမိသားစု၊ ကျောက်မိသားစု၊ ကျို့မိသားစု ပြီးတော့ ငါတို့ရဲ့ စုမိသားစု။ ဒီမိသားစုတွေ ပေါင်းထားတဲ့ အင်အားကို သူ့ကိုယ်သူ ရင်ဆိုင် နိုင်မယ် ထင်နေတာလား။"

စုမိသားစု ခေါင်းဆောင် တစ်ယောက်က နှာခေါင်းရှုံ့ရင်း ပြောသည်။

အဘိုးအိုစုက ချောင်းတစ်ချက် ဟန့်ရင်း ကြော်ငြာ လိုက်သည်။

"ဒီညတော့ နင်းမိသားစု၊ ကျိမိသားစုတို့က ဒီကိစ္စကို မဖြေရှင်းဘူး ဆိုရင် ငါတို့လည်း ဘာမှ လုပ်စရာ ဒီလောက်ပဲ။ တကယ်လို့ မလိုဘူး။ စုစု … မင်းရော ဘယ်လိုထင်လဲ။"

စုစုက ပြုံးရင်း အဘိုးအိုအား ခေါင်းညိတ် ပြလိုက်သည်။

"နားလည်ပေးတဲ့ အတွက် ကျေးဇူးပါ … တတိယ ဦးလေး …"

ထိုရလဒ်က သူမ မျှော်လင့် ထားသည့် အကောင်းဆုံး အရာပင်။ အကယ်၍ စုမိသားစုသာ ဝင်ပါရန် ဆုံးဖြတ်ခဲ့လျှင် ချန်းဖန် ကျိန်းသေ အသတ်ခံ ရလိမ့်မည်။

ထိုအတော အတွင်းမှာပင် နင်းယုကျီမှာ ဝူကျိုး၏ အကောင်းဆုံး ဆေးရုံ၌ ရောက်နေခဲ့ပြီ ဖြစ်သည်။ နင်းမိသားစုမှ ခေါင်းဆောင် များစွာ မှာလည်း ဝူကျိုးသို့ အပြင်း ခရီးနှင် လာခဲ့သည်။ သူတို့ အနေဖြင့် နင်းယုကျီ အတွက် ကျန်းသေ လက်စား ချေရမည်။ ထိုအဖြစ်အပျက်က ဝူကျိုး အထက်တန်းစား လူများ အကြား၌လည်း ပျံ့နှံ့ နေခဲ့ပြီ ဖြစ်သည်။ တစ်ဖက်က ကျန်းပေ့၏ နာမည်ကျော် ဆရာချန်း ဖြစ်ကာ အခြား တစ်ဖက်က ကျောင်းဟိုင်၏ အင်အားကြီး နင်းမိသားစု ဖြစ်သည်။ လူများစွာမှာ မနက်ဖြန် အဘိုးအိုစု၏ မွေးနေ့ပွဲ၌ မည်သို့ ဖြစ်ပျက် မည်အား အမှန်ပင် စိတ်ဝင်စား မိကြသည်။

ထိုအချိန် ဝူကျိုး နံပါတ်တစ် ဆေးရုံ၏ အရိုးအထူးကု ဌာနအတွင်း …

ကျောင်းဟိုင်၏ အချမ်းသာဆုံး သူဌေးကြီး များထဲမှ တစ်ဦး ဖြစ်သည့် နင်းချန်းတုန်မှာ ထိုင်ခုံတစ်ခု ပေါ်တွင် ထိုင်ရင်း ကုတင်ပေါ်မှ သူ့သားအား စိတ်ပူစွာ ကြည့်နေ ခဲ့သည်။ သူ၏ ဘေးတွင်မူ နင်းယုကျီ၏ အမေနှင့် သူ၏ ဝမ်းကွဲ မောင်နှမများ ရှိနေသည်။ သူတို့ အားလုံး၏ မျက်နှာက ဝမ်းနည်းမှုများ စွန်းထင် နေခဲ့၏။

"ဆရာဝန် ပြောပုံ အရဆို ယုကျီရဲ့ ဘဝတစ်လျှောက်လုံး အိပ်ရာထဲမှာပဲ လှဲနေ ရတော့မယ်တဲ့။ အဲကောင်က တကယ့်ကို ရက်စက်တဲ့ အသည်းနှလုံးနဲ့ လူပဲ။ သူက လူတစ်ယောက်ကို အခုလောက်တောင် …"

နင်းချန်းတုန်၏ မျက်နှာက မဲမှောင်ကာ မှိုင်းညို့ နေခဲ့သည်။

"အန်ကယ်တုန် … အားလုံးက ကျွန်တော့်ကြောင့်ပါ။ ကျိမိသားစုက ဒီအတိုင်း ရပ်ကြည့် မနေပါဘူး။ အန်ကယ်တုန်သာ သူ့ကို တိုက်ခိုက်ချင်ရင် ကျွန်တော်တို့ ရှိနေမယ်။"

ကျိလော့ချန်းက တောင်းပန်သော အသံဖြင့် ပြောသည်။

နင်းချန်းတုန်က ခပ်ယဲ့ယဲ့ ပြုံးရင်း …

"လော့ချန်း … ဒါက မင်းအပြစ် မဟုတ်ပါဘူး။ ဆရာချန်း ဆိုတဲ့ မကောင်းဆိုးဝါး ကြောင့်ပါ။ ယုကျီက ငါ့ရဲ့ တစ်ဦး တည်းသောသား။ သူ့ကို အခုလို လုပ်လိုက်တာက မိသားစု တစ်ခုလုံးကို ရေထဲ ဆွဲချ လိုက်တာနဲ့ အတူတူပဲ။ သူ့ကို ငါတို့ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး။ သေတဲ့အထိ တိုက်ခိုက် ကြတာပေါ့။"

"စိတ်မပူပါနဲ့ အန်ကယ်တုန် … ကျွန်တော့် အဖေက ကျန်းနန်ရဲ့ လို့ကျင်းဟိုင်ကို ခေါ်ပြီး သွားပါပြီ။"

ကျလော့ချန်းက ပြောသည်။

"မင်းအဖေရဲ့ အကူအညီကို အန်ကယ် တန်ဖိုး ထားပါတယ်။ သူ့လက်ထောက်နဲ့ ဆိုရင် အန်ကယ် ပိုပြီး အားရှိတာပေါ့။"

နင်းချန်းတုန်က ပြောသည်။

"သူမနက်ဖြန် ဘယ်လို ဖြစ်မလဲ ကြည့်ရ သေးတာပေါ့။"

နင်းချန်းတုန်က ရက်စက်စွာ ပြုံးရင်း ပြောလိုက်သည်။ သူ၏ မျက်လုံးမှ တောက်ပ နေသော လူသတ်ငွေ့က သူ့အား သားရဲ တစ်ကောင် အလားပင် ထင်မှတ် မှားစေသည်။

***

All Chapters