← Chapters

ကျင့်ကြံမှုအဆင့် အဆမတန် တိုးတက်လာခြင်း၊ လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း၏ တတိယအဆင့်သို့ ရောက်ရှိခြင်း။

Vol. 21 Ch. 312

ကျင့်ကြံမှုအဆင့် အဆမတန် တိုးတက်လာခြင်း၊ လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း၏ တတိယအဆင့်သို့ ရောက်ရှိခြင်း။

Vol. 21 Ch. 312

စုရှင်းက တွက်ချက်မှုအချို့ ပြုလုပ်ခဲ့သည်။

“အဆင့်နိမ့် ဝိညာဉ်အရည် ၁,၀၀၀ စက်ကို စုပ်ယူဖို့ နှစ်နာရီ ကြာတယ်၊ ဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ နဲ့ ညီမျှတယ်။”

“တစ်နေ့ကို ၁၂ နာရီရှိတော့ ဝိညာဉ်အရည် ၆,၀၀၀ စက်ကို စုပ်ယူနိုင်တယ်၊ ဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆၀၀ နဲ့ တူတယ်!”

“ဟက်~ ဒီကျင့်ကြံမှု အမြန်နှုန်းက ပုံမှန် ဝိညာဉ်ကျောက်တုံးတွေနဲ့ ကျင့်ကြံတာထက် ခြောက်ဆ မြန်တာပဲ!”

“ဝိညာဉ်အရည်နဲ့ တစ်နှစ် ကျင့်ကြံတာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ခြောက်နှစ် ကျင့်ကြံတာနဲ့ တူတယ်၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ငါးနှစ်... ပြီးတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ဆို သုံးနှစ် ကျင့်ကြံတာနဲ့ ညီမျှတယ်!”

ထိုအချက်ကို တွေးလိုက်သည့်အခါ စုရှင်း၏ မျက်နှာအမူအရာသည် အနည်းငယ် တည်ကြည်သွားသည်။

ဤရိုးရှင်းသော သင်္ချာပြဿနာကို လျှော့မတွက်သင့်ပါ။

စုရှင်းသည် ကျင့်ကြံခြင်း အမြန်နှုန်း တိုးတက်မှုကို ဖြစ်ပေါ်စေ‌သည့် အရင်းအမြစ် တစ်ခုချင်းစီ၏ အကျိုးကျေးဇူးများကို မှတ်တမ်းတင်ကာ အကောင်းဆုံး ကျင့်ကြံမှုအစီအစဉ်ကို ရှာဖွေခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ စုရှင်း၌ သရုပ်ပြခြင်းတိုင်းတွင် အရင်းအမြစ်များ ပေါများစွာ ရှိနေသည်ပင်။

ကျင့်ကြံမှု အစီအစဉ်သာ ချောမွေ့မည်ဆိုလျှင် စုရှင်း၏ အဆင့်တိုးတက်မှုကို အကြီးအကျယ် အရှိန်မြှင့်တင်ပေးနိုင်ပါလိမ့်မည်။

“ဒီလိုဆိုရင် ဝိညာဉ်အရည်ကို အသုံးပြုတာက အမြင့်ဆုံး ဦးစားပေး ဖြစ်ရမယ်!”

“ဝိညာဥ်အရည် ကုန်သွားရင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေဆီ ပြောင်း၊ ပြီးရင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ အာ့လိုမျိုး ဆက်သုံးမယ်...”

“ဘာပဲဖြစ်ဖြစ် အရင်ဆုံး ကျင့်ကြံမှုအဆင့် တိုးတက်လာပြီဆိုတာနဲ့ ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်တဲ့ အမြန်နှုန်းကလည်း အနည်းငယ် တိုးလာမှာပဲ...”

စိတ်ထဲတွင် အစီအစဉ်များ ချပြီးနောက် စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ရောက်သွားသည်။

[ဝိညာဉ်စိုက်ခင်းဂူထဲတွင် ခဏတာ စမ်းသပ်ပြီးနောက် သင်သည် ဝိညာဉ်အရည်ဖြင့် ကျင့်ကြံခြင်းကို ဦးစားပေးရန် ဆုံးဖြတ်ခဲ့သည်။]

[ဝိညာဉ်စိုက်ခင်းတွင် ဆယ်နှစ်ကျော်အတွင်း ထွက်ရှိသည့် ဝိညာဉ်အရည်များ အပြင် ယခင်က သင် သိုလှောင်ထားသည့် ၁၀ သိန်းသော ဝိညာဉ်အရည်များ စုစုပေါင်းလျှင် တစ်ဆယ့်ငါးသိန်းခန့် ရှိသည်။]

[၎င်းသည် တစ်နှစ်အောက် ကျင့်ကြံရန် ခန့်မှန်းခြေအားဖြင့် လုံလောက်သည်။]

[ထိုသို့ဖြင့် နောက်တစ်နှစ်တာ ကာလပတ်လုံး သင်သည် နေ့စဉ် ဝိညာဉ်အရည်ကို အသုံးပြု၍ ကျင့်ကြံခဲ့သည်။]

[ဝိညာဉ်အရည်မှ ပေးသော ဝိညာဉ်စွမ်းအင်သည် ပိုမို သန့်စင်သည့် အတွက် သင်၏ ကျင့်ကြံမှုအဆင့်သည် တည်ငြိမ်စွာ တိုးတက်လာခဲ့သည်။]

[ဆယ့်တစ်နှစ်မြောက်နှစ်တွင် သင် စုဆောင်းထားသော ဝိညာဉ်အရည်များ ကုန်ဆုံးသွားခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သင်၏ ကျင့်ကြံမှုအဆင့်သည် လွတ်မြောက်ခြင်းသို့ ပြန်လည်ရောက်ရှိခြင်း နယ်ပယ်၏ ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဒုတိယအဆင့်သို့ တက်လှမ်းရန် မဝေးတော့ပေ။]

[သို့သော် ထိုအချိန်တွင် သင်၏ ဝိညာဉ်အရည် အရင်းအမြစ်များ ကုန်ဆုံးသွားပြီဖြစ်၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ ထို့ကြောင့် သင်သည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ကျင့်ကြံခြင်းကို စတင်ခဲ့သည်။]

[သင်၏ လက်ဖဝါးတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်လုံးကို ကိုင်ထားပြီး ၎င်းတွင်ပါဝင်သော ဝိညာဉ်စွမ်းအင်ကို အပြင်းအထန် စုပ်ယူခဲ့သည်။]

[ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်သည့် အမြန်နှုန်းသည် ဝိညာဉ်အရည်၏ အမြန်နှုန်းနှင့် မယှဉ်နိုင်သော်လည်း သင်သည် ထိုအရှိန်ကို လက်ခံနိုင်သေးသည်ကို တွေ့ရှိရသည်။]

[ဆယ့်နှစ်နှစ်မြောက်နှစ်တွင် ကြည်လင်သော နံနက်ခင်းတစ်ခု၌ သင်သည် တင်ပလ္လင်ခွေ ထိုင်ပြီး တရားမှတ်နေသည်။]

[သင့်ပတ်လည်ရှိ အရှိန်အဝါသည် ဆက်တိုက်တက်လာခဲ့ပြီး နောက်ဆုံးတွင် အရေးပါသော တန်ဖိုးသို့ ရောက်ရှိသွားသည်။ ဤသေးငယ်သော အတားအဆီးကို ကျော်ဖြတ်ပြီးနောက် သင်၏ ကျင့်ကြံမှုအဆင့်သည် တဖြည်းဖြည်း တည်ငြိမ်လာသည်။]

[သင်သည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ နှစ်နှစ်ကျော်အတွင်း လွတ်မြောက်ခြင်းသို့ ပြန်လည်ရောက်ရှိခြင်း နယ်ပယ်၏ ပထမအဆင့်မှ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။]

[သို့သော် တစ်ချိန်တည်းမှာပင် သင်သည် စိတ်ပျက်အားငယ်မှုအချို့ကို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဤနှစ်နှစ်ကျော်အတွင်းတွင် ဝိညာဉ်အရည်များ အားလုံး ကုန်ဆုံးသွားရုံသာမက သင့်တွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများလည်း အနည်းငယ်သာ ကျန်တော့သောကြောင့် ဖြစ်သည်။]

ဤအချက်ကို မြင်သည့်အခါ စုရှင်းသည် အနည်းငယ် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့သည်။

“ကောင်းပြီ၊ နှစ်နှစ်ကျော်အတွင်းမှာပဲ...လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်ရဲ့ ပထမအဆင့်ကနေ ဒုတိယအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီ!”

“ဒီအမြန်နှုန်းက...ကောင်းချီးပေးခံရတာပဲ၊ ဒါ လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်နော်၊ အုတ်မြစ် တည်ဆောက်ခြင်း အဆင့် မဟုတ်ဘူး!”

စုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်မိကာ တီးတိုးရေရွတ်လိုက်သည်–

“တကယ်ပဲ၊ ကျင့်ကြံခြင်း ခရီးမှာ၊ ချမ်းသာကြွယ်ဝမှုနဲ့ အပေါင်းအဖော်က အရေးကြီးတာပဲ!”

“ချမ်းသာကြွယ်ဝမှုက တကယ်ကို ပထမဆုံးပဲ!”

“ကျင့်ကြံမှုရဲ့ ရွှေခေတ်မှာဆိုရင် အရင်းအမြစ်တွေ ပေါများတဲ့ ပါရမီရှင် တစ်ယောက်ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက အခုထက် ဘယ်လောက်များ ပိုမြန်နေမလဲဆိုတာ စိတ်ကူးကြည့်လို့ရတယ်။”

စုရှင်း ဆင်ခြင်မိသည်။

သူ့ကိုယ်သူ ဥပမာပေးရလျှင် နတ်ဘုရား အသွင်ပြောင်းခြင်း နယ်ပယ်တွင် ဝိညာဉ်စွမ်းအင်ချည်းသာ အားပြုကျင့်ကြံခဲ့သည့် အတွက် တစ်ဆင့်တက်လှမ်းဖို့ရန် ဆယ်နှစ်တောင် ကြာခဲ့သည်။

အခု လွတ်မြောက်ခြင်းသို့ ပြန်လည်ရောက်ရှိခြင်း နယ်ပယ်တွင် — သီအိုရီအရဆိုလျှင် ဝိညာဉ်စွမ်းအင် ပိုလို၍ ပိုခက်ခဲသည့် အဆင့် — ကျင့်ကြံမှုအမြန်နှုန်းသည် အရင်းအမြစ်များ ပေါများသောကြောင့် အံ့မခန်း မြန်ဆန်နေလေသည်။

ဟုတ်ပါသည်။ ထိုဖြစ်ရပ်သည် စုရှင်း၏ သုံးခု‌ပေ့င်း ဝိညာဥ်ရင်းမြစ်နှင့်လည်း အများကြီး သက်ဆိုင်မှု ရှိပါသည်။

ပြောရမည်ဆိုလျှင် ကျင့်ကြံခြင်းလမ်းစဉ်တွင် အရင်းအမြစ်သာမက ပါရမီပါ နှစ်ခုစလုံးသည် မရှိမဖြစ် လိုအပ်သည်။

လုံလောက်သော အရင်းအမြစ်များရှိလျှင် ရောနှော ဝိညာဉ်ရင်းမြစ် ပိုင်ရှင်တစ်ယောက်၏ ကျင့်ကြံမှုအမြန်နှုန်းသည် စစ်မှန်သော ဝိညာဉ်ရင်းမြစ် ပိုင်ရှင်တစ်ယောက်နှင့်တောင် ယှဉ်နိုင်သည်။

ယင်းသည် ဘယ်လောက်တောင် လက်မခံနိုင်စရာ ကောင်းလိုက်သနည်း!

“အခုခေတ် ဝိညာဉ်စွမ်းအင် ရှားပါးတဲ့ခေတ်မှာ ကျင့်ကြံရတာ ဘာလို့ ဒီလောက်ခက်နေရတာလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး... ဝိညာဉ်အရည်တွေ၊ ဝိညာဉ်ကျောက်တုံးတွေ မပြောနဲ့၊ ဝိညာဉ်စွမ်းအင်ရှိတဲ့ နေရာတောင် ရှာရတာ အရမ်းခက်တယ်။”

စုရှင်းက သက်ပြင်းချလိုက်သည်။

သူ၏ ယခင်စုဆောင်းမှုများ အားလုံးသည် တန်ဖိုးရှိခဲ့သည်ဟု သူ ခံစားရသည်။

ယင်းအား “အချိန်ကြာလာသည်နှင့်အမျှ စုဆောင်းပြီး ရုတ်တရက် တိုးတက်ခြင်း”ဟု ခေါ်သည်။

ကျင့်ကြံမှု အရင်းအမြစ်များ ပေါများပြီး ကောင်းကင် ဝိညာဉ်ရင်းမြစ်အား ပိုင်ဆိုင်ထားသည့် စုရှင်း၏ ကျင့်ကြံမှုအမြန်နှုန်းသည် ကျင့်ကြံမှု၏ ရွှေခေတ်မှာတောင် ပါရမီရှင် အနည်းငယ်ကသာ ယှဉ်နိုင်ပါသည်။

“ဒီ သရုပ်ပြခြင်းမှာ ငါ့ ကျင့်ကြံမှုအဆင့် ဘယ်လောက်အထိ တက်နိုင်မလဲဆိုတာ ကြည့်ရအောင်!”

ထိုအတွေးဖြင့် စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။

[ဆယ့်သုံးနှစ်မြောက်နှစ်တွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးပြီးနောက် သင်သည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများဖြင့် စတင်ကျင့်ကြံခဲ့သည်။]

[အဆင့်တိုးမြှင့်ပြီးနောက် သင်၏ ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်သည့် အမြန်နှုန်းသည် အနည်းငယ် တိုးလာခဲ့သည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းသည် နှစ်နှစ်ခွဲခန့် ကျင့်ကြံရန် လုံလောက်သည်။]

[ထိုသို့ နေ့ရောညပါ အဆက်မပြတ် ကျင့်ကြံခြင်းဖြင့် နှစ်နှစ်ခွဲတာ ကာလ ဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။]

[ဆယ့်ငါးနှစ်မြောက်နှစ်တွင် သင်သည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ အားလုံးကို အသုံးပြုခဲ့သည်။]

[ကံမကောင်းစွာဖြင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများမှ ရရှိသည့် ကျင့်ကြံခြင်းအဆင့် တိုးတက်မှုသည် ဝိညာဉ်အရည်နှင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများမှ ရရှိသည့် တိုးတက်မှုနှင့် မယှဉ်နိုင်‌ပေ။ လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရန် များစွာ လိုသေးသည်။]

[ကံကောင်းစွာဖြင့် နှစ်ပေါင်းများစွာအတွင်း သင်သည် ဝိညာဉ်အရည် နှစ်သိန်းခန့်အား ထပ်မံ စုဆောင်းနိုင်ခဲ့သည်။ ၎င်းတို့ကို တစ်လကျော်အတွင်း စုပ်ယူခဲ့ပြီးနောက် သင်၏ ကျင့်ကြံမှုအဆင့်သည် အနည်းငယ် တိုးတက်လာခဲ့သည်။]

[ဆယ့်ခြောက်နှစ်မြောက်နှစ်တွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများနှင့် ယခင်က စုဆောင်းထားသော ဝိညာဉ်အရည်များ နှစ်ခုစလုံး ကုန်ဆုံးသွားခဲ့သဖြင့် သင်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ကျင့်ကြံရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။]

[အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများဖြင့် ကျင့်ကြံခြင်းသည် ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်စုပ်ယူခြင်းထက် အဆများစွာ မြန်ဆန်သည်။ သို့သော်လည်း ယခင်ကထက် သိသိသာသာ နှေးကွေးသွားသည်။]

[သို့သော် အခြားရွေးချယ်စရာများ မရှိတော့သဖြင့် သင်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ဆက်လက် ကျင့်ကြံခဲ့သည်။]

[တစ်နှစ်အတွင်း သင်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးသောင်းနီးပါးကို အသုံးပြုခဲ့သည်။]

[ဆယ့်ခုနစ်နှစ်မြောက်နှစ်တွင် သင်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို ဆက်လက် အသုံးပြု၍ ကျင့်ကြံခဲ့သည်။ နောက်ထပ် ဝိညာဉ်ကျောက်တုံး လေးသောင်းကို အသုံးပြုခဲ့ပြီးနောက်တွင် သင်၏ ကျင့်ကြံမှုအဆင့်မှာ အနည်းငယ်သာ တိုးတက်လာခဲ့သည်။]

…

All Chapters