← Chapters

ကျင့်ကြံမှုအဆင့် အဆမတန် တိုးတက်ခြင်း၊ လွတ်မြောက်ခြင်း ပြန်လည် ရောက်ရှ်ိခြင်း၏ တတိယအဆင့်သို့ ရောက်ရှိခြင်း

Vol. 23 Ch. 313

ကျင့်ကြံမှုအဆင့် အဆမတန် တိုးတက်ခြင်း၊ လွတ်မြောက်ခြင်း ပြန်လည် ရောက်ရှ်ိခြင်း၏ တတိယအဆင့်သို့ ရောက်ရှိခြင်း

Vol. 23 Ch. 313

[ဆယ့်ရှစ်နှစ်မြောက်နှစ်တွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀,၀၀၀ ကို အသုံးပြုခဲ့ရာ သင်၏ ကျင့်ကြံမှုအဆင့် အနည်းငယ် တိုးတက်လာခဲ့သည်။]

[ဆယ့်ကိုးနှစ်မြောက်နှစ်တွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀,၀၀၀ ကို အသုံးပြုပြီးနောက် သင်၏ ကျင့်ကြံမှုအဆင့်သည် လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်၏ ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိလာကြောင်း နောက်ဆုံးတွင် သင် ခံစားခဲ့ရသည်။ တတိယအဆင့်သို့ တက်လှမ်းရန် မဝေးတော့ပေ။]

[နှစ်ဆယ်နှစ်မြောက်နှစ်တွင် သင်သည် နှစ်ပေါင်းများစွာ စုဆောင်းထားသော ဝိညာဉ်အရည် ၂၀၀,၀၀၀ စက်ကျော်ကို ထုတ်ယူပြီး တဆင့်တက်လှမ်းရန် အတွက် ကျင့်ကြံခြင်းကို တိတ်ဆိတ်စွာ စတင်ရန် အသင့်ဖြစ်နေခဲ့သည်။]

[တစ်လကြာသော် သင်၏ ကျင့်ကြံမှုအဆင့် အောင်မြင်စွာ တိုးတက်ခဲ့သည်။]

[ဂုဏ်ယူပါသည်။ သင်သည် လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်၏ တတိယအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။]

စုရှင်းသည် သူ့ရှေ့ရှိ သရုပ်ပြခြင်း စာသားကို ကြည့်ပြီး သက်ပြင်းချမိသည်။

“တကယ်ပဲ၊ ဝိညာဉ်အရည်ရယ်၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ကျင့်ကြံတာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ကျင့်ကြံတာထက် အများကြီး ပိုမြန်တာပဲ!”

“လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်ရဲ့ ပထမအဆင့်ကနေ ဒုတိယအဆင့်ကို ရောက်ဖို့ နှစ်နှစ်ခွဲပဲ ကြာတာ... ဒါပေမဲ့ ဒုတိယအဆင့်ကနေ တတိယအဆင့်ကို ရောက်ဖို့က ခုနစ်နှစ်၊ ရှစ်နှစ်တောင် အပြည့်ကြာသွားတယ်!”

စုရှင်းသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ဤအမြန်နှုန်းဖြင့်တောင်မှ ထိုကာလအတွင်းက ဝိညာဉ်အရည် အချို့ကို အသုံးပြုခဲ့လို့ ရရှိခဲ့ခြင်းပင်။

မဟုတ်လျှင် နောက်ထပ်တစ်နှစ်ခန့် ကြာသွားနိုင်သည်။

“ဟာ၊ နှစ်နည်းနည်းဘဲ ရှိသေးတာ ပျော်လို့တောင် မဝသေးဘူး...အာ့တာကို ငါ့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက ရုတ်တရက် သူ့ရဲ့ မူလနှုန်းအတိုင်း ပြန်ဖြစ်သွားတယ်!”

စုရှင်းသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ အမြန်နှုန်း အလုံးစုံကို ကြည့်လိုက်သောအခါ လွတ်မြောက်ခြင်း ပြန်လည် ရောက်ရှိခြင်း၏ စတုတ္ထအဆင့်သို့ တက်လှမ်းရန် စုရှင်းအတွက် မျှော်လင့်ချက် မဲ့နေပုံရသည်။

“ဘာပဲဖြစ်ဖြစ် အရင်းအမြစ်က နည်းနေသေးတာပဲ! ငါ အရင်က စုဆောင်းထားတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ်အရည်တွေ အားလုံးက... နှစ်အနည်းငယ်လောက်ပဲ ခံမှာ!”

စုရှင်းသည် လွတ်မြောက်ခြင်းသို့ ပြန်လည်ရောက်ရှိခြင်း နယ်ပယ်အား ကျင့်ကြံရသည့် ခက်ခဲမှုများသည် သူ့အပေါ် သက်ရောက်နေသေးကြောင်း သဘောပေါက်ခဲ့သည်။ ဝိညာဉ်အရည်နှင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ ပေါများမှသာ သူ၏ ကျင့်ကြံမှုအဆင့်သည် ခုန်ပျံကျော်လွှားကာ တိုးတက်နိုင်လိမ့်မည်။

“ဒါပေမဲ့ မဆိုးပါဘူး... အနည်းဆုံးတော့ သရုပ်ပြခြင်းတိုင်းမှာ ကျင့်ကြံမှုအဆင့် တဟုန်ထိုး တက်လာတဲ့ အရသာကို ခံစားရတာပဲ!”

ကျေးဇူးကန်းသူ မဖြစ်သင့်ကြောင်း စုရှင်း သိသည်။

မည်သို့ဆိုစေ ကျင့်ကြံမှုတွင် အဆင့်တိုင်းသည် ယခင်အဆင့်ထက် တက်လှမ်းဖို့ရန် ပိုခက်ခဲသည်။

ကျင့်ကြံသူတစ်ဦးသည် ကျင့်ကြံမှု အရင်းအမြစ်နှင့် ပါရမီ မပြောင်းလဲဘဲ နတ်ဘုရား အသွင်ပြောင်းခြင်းတွင် တစ်ဆင့်တိုးရန် ဆယ်နှစ်ကြာလျှင်၊ လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်သို့ ရောက်ရှိသောအခါ ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်တစ်ခုပင် တက်လှမ်းရန် လိုအပ်လိမ့်မည်။

အခက်အခဲက ဂျီဩမေတြီနည်းကျ တိုးလာသည်။

နှစ်ပေါင်းများစွာအတွင်း ကျင့်ကြံသူ အများအပြား ရှိခဲ့သော်လည်း မသေမျိုး ဖြစ်လာသူ အနည်းငယ်သာ ရှိရခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်သည်။

ပါရမီနဲ့ အရင်းအမြစ်မရှိဘဲ ကျင့်ကြံချင်တာလား?

ဘယ်လို ကျင့်ကြံမှုမျိုးကို သင်လုပ်နေတာလဲ?

တခြားနည်းလမ်း မရှိဘူး! ဒါက ကျင့်ကြံမှုပဲ…

“ကံကောင်းစွာနဲ့ပဲ လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်မှာ နတ်ဘုရား အသွင်ပြောင်းခြင်းလိုပဲ ကျင့်ကြံမှုအမြန်နှုန်းကို ငါ ထိန်းထားနိုင်သေးတယ်၊ ဒါက တကယ်ကို ကံကောင်းတာပဲ!”

“ဒါပေမဲ့ ပေါင်းစည်းခြင်း အဆင့် နောက်ပိုင်းကျ အရင်းအမြစ်တွေ ထပ်မရှိဘူးဆိုရင် ကျင့်ကြံမှုအဆင့် တိုးမြှင့်ဖို့ ပိုတောင် ခက်ခဲလိမ့်မယ်လို့ ထင်တယ်။”

ဤအချက်ကို တွေးလိုက်သည့်အခါ စုရှင်း၏ စိတ်ထဲတွင် စိတ်ဆန္ဒများ ပိုပြင်းပြလာခဲ့သည်။

ဝမ်မူဂိုဏ်း၏ ရှေးဟောင်းပစ္စည်းများမှ ဝိညာဉ်နဂါးကို ရရှိရန် ဆန္ဒပြင်းပြခဲ့သည်။

“ဟွန့်! ငါ အားကောင်းလာတာနဲ့ နဂါးဝိညာဉ် တစ်ကောင်ကို ဖမ်းပြီး အိမ်မှာ သေချာပေါက် မွေးထားမယ်!”

ထိုသို့တွေးရင်း စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ပြန်ရောက်သွားသည်။

[နှစ်ဆယ့်တစ်နှစ်မြောက်နှစ်တွင် သင်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ကျင့်ကြံခဲ့သည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၃,၀၀၀ ကို အသုံးပြုခဲ့ပြီးနောက် သင်၏ ကျင့်ကြံမှုအဆင့် အနည်းငယ် တိုးတက်ခဲ့သည်။]

[နှစ်ဆယ့်နှစ်နှစ်မြောက်နှစ်တွင် သင်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၃,၀၀၀ ကို အသုံးပြုခဲ့သည်။]

[ထိုသို့ဖြင့် နောက်ထပ် သုံးနှစ် ကုန်လွန်သွားသည်။]

[နှစ်ဆယ့်ငါးနှစ်မြောက်နှစ်တွင် နတ်ဆိုးနှိမ်နှင်းရေး စခန်းအား နတ်ဆိုးမျိုးနွယ် စစ်တပ်က အပြည့်အဝ ကျူးကျော်ခဲ့သည်။]

[အချိန် နည်းနေပြီဖြစ်ကြောင်း သိသောကြောင့် သင်သည် နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ဝိညာဉ်အရည် အားလုံးကို အသုံးပြုခဲ့ပြီး တစ်လခန့် တိတ်ဆိတ်စွာ ကျင့်ကြံခဲ့သည်... သို့သော် သင်၏ ကျင့်ကြံမှုအဆင့်သည် လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်၏ စတုတ္ထအဆင့်သို့ ဆက်လက် တက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။]

[ဤအချိန်တွင် သင်၏ ကျင့်ကြံမှုအဆင့်သည် လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ် တတိယအဆင့်၏ နောက်ဆုံးတစ်ဝက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း စတုတ္ထအဆင့်နှင့် သိသိသာသာ ကွာဟနေသေးသည်။]

[သင်၏ လက်ထဲတွင် ကျန်ရှိနေသေးသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀,၀၀၀ ကျော်ကို အသုံးမပြုရသေး‌ပေ။ သို့သော်လည်းသင်သည် နတ်ဆိုးနှိမ်နှင်းရေး စခန်းသို့ နောက်တစ်ကြိမ် ခရီးထွက်ရန် ဆုံးဖြတ်ခဲ့သည်။]

[ဤနေ့တွင် ရာပေါင်းများစွာသော ဒဏ္ဍာရီလာ နတ်ဆိုးသားရဲများ၊ နတ်ဆိုးဧကရာဇ် သုံးဦးနှင့် နတ်ဆိုးမျိုးနွယ် စစ်တပ်ပေါင်းများစွာ နတ်ဆိုး နှိမ်နှင်းရေး စခန်းသို့ ဆင်းသက်လာခဲ့သည်။]

[လူမျိုးနွယ် အင်အားကြီးများ သေဆုံး ထိခိုက်မှု များပြားခဲ့ပြီး နတ်ဆိုးနှိမ်နှင်းရေး စခန်း တစ်ခုလုံး ဖောက်ထွင်းခံရလုနီးပါး ဖြစ်ခဲ့သည်။]

[သင်တစ်ဦးတည်း ဒဏ္ဍာရီအဆင့် ဧရာမသားရဲတစ်ကောင်နှင့် တိုက်ခိုက်ခဲ့သည်။ အကြိမ်ရေ တစ်ရာကျော် တိုက်ခိုက်ပြီးနောက် အရေခွံထူသော ဒဏ္ဍာရီအဆင့် နတ်ဆိုးသားရဲကို သတ်ဖြတ်နိုင်ခဲ့သည်။]

[သို့သော် တစ်ချိန်တည်းမှာပင် လူမျိုးနွယ် ဧကရာဇ် အင်အားကြီးများ ဝိုင်းရံသတ်ဖြတ်ခံခဲ့ရသည်။ သင်လည်း လွတ်လွတ်လပ်လပ် လှုပ်ရှားနေသော နတ်ဆိုးဧကရာဇ် တစ်ဦး၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။]

[သင်၏ နတ်ဝိညာဉ်ကို နတ်ဆိုးဧကရာဇ်က ဖျက်ဆီးခဲ့သည်။]

[သင် သေဆုံးခဲ့သည်။]

[ဒင်, ဤသရုပ်ပြခြင်း ပြီးဆုံးပါပြီ။]

သရုပ်ပြခြင်း ပြီးဆုံးပြီးနောက် စုရှင်းသည် သက်ပြင်းရှိုက်ရင်း တီးတိုးရေရွတ်လိုက်သည်-

“တကယ်ပဲ၊ ကိုယ့်စွမ်းအားတစ်ခုတည်းနဲ့ ဘယ်လောက်ပဲ ဒဏ္ဍာရီအဆင့်တွေကို သတ်နိုင်ပါစေ၊ အခြေအနေကို ပြောင်းလဲဖို့က ခက်တယ်...”

“နတ်ဆိုးဧကရာဇ်ကို သတ်နိုင်လောက်တဲ့ စွမ်းအား ငါ့မှာ မရှိရင်ပေါ့!”

သို့သော် စုရှင်းသည် ယင်းအား အချိန်တိုအတွင်းတွင် အောင်မြင်ဖို့ဆိုသည်မှာ သိပ်လက်တွေ့မကျကြောင်းလည်း သိသည်။

“ဆယ့်ငါးနှစ် ကျင့်ကြံပြီး လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်းရဲ့ ပထမအဆင့်ကနေ တတိယအဆင့် တစ်ဝက်အထိ ရောက်တာ... ဒီအမြန်နှုန်းက မနှေးပါဘူး!”

စုရှင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

မည်သို့ဆိုစေ ဤတစ်ကြိမ်တွင် စုရှင်း၏ ရည်မှန်းချက်သည် လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်၏ ပထမအဆင့်သို့ ရောက်ဖို့သာ ဖြစ်သည်။ သို့သော် မျှော်လင့်ချက်ထက် ကျော်လွန်ပြီး နောက်ထပ် ရည်မှန်းချက်တွေကိုပါ အောင်မြင်ခဲ့သာ်။

“ကဲ၊ အခု သရုပ်ပြခြင်း ဆုလာဘ်တွေ စုဆောင်းဖို့ အချိန်ရောက်ပြီ!”

စုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် လက်များကို ပွတ်သပ်လိုက်ပြီး သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။

[ကြီးမြတ်သော စွမ်းရည်၊ နောက်ကျမှ ရင့်ကျက်ခြင်း]: ခရမ်းရောင် စွမ်းရည်၊ စွမ်းအင်မှတ် ၁ သန်း တန်ဖိုးရှိသည်။

[နှစ်ဆယ့်ငါးနှစ် ဆေးဖော်ခြင်း အတွေ့အကြုံ]: ဆေးဖော်ခြင်းဆိုင်ရာ ထိုးထွင်းဉာဏ်များ၊ လွတ်မြောက်ခြင်း သန့်စင်ဆေးလုံး (မဟာယာနအဆင့်) အပေါ် ထိုးထွင်းဉာဏ်များ ပါဝင်သည်၊ စွမ်းအင်မှတ် ၁၀ သန်း တန်ဖိုးရှိသည်။

[လွတ်မြောက်ခြင်းသို့ ပြန်လည်ရောက်ရှိခြင်း နယ်ပယ် တတိယအဆင့်]: လွတ်မြောက်ခြင်း ပိုင်နက်သို့ ဝင်ရောက်ခြင်း၊ လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်သို့ ရောက်ရှိခြင်း၊ လွတ်မြောက်ခြင်း မိုးကြိုး၏ ပြီးပြည့်စုံသော နှစ်ခြင်းအား ခံယူခဲ့ခြင်းကြောင့် ဝိညာဉ်စွမ်းအားသည် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့်ထက် အဆပေါင်းများစွာ မြှင့်တင်ပေးသည်။ စွမ်းအင်မှတ် သန်း ၃၀၀ တန်ဖိုးရှိသည်။

[နတ်အာရုံ ပေ ၃၁,၀၀၀]: လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်သို့ ရောက်ရှိခြင်း၊ လွတ်မြောက်ခြင်း ပိုင်နက်ထဲသို့ ချိုးဖျက်ဝင်ရောက်ခြင်းနှင့် နတ်မိုးကြိုး၏ ပြီးပြည့်စုံသော နှစ်ခြင်းအား ခံယူခဲ့ခြင်းကြောင့် နတ်အာရုံ သိသိသာသာ တိုးတက်လာခြင်း။

စွမ်းအင်မှတ် သန်း ၂၁၀ တန်ဖိုးရှိသည် (မှတ်ချက်- ဤဆုလာဘ်ကို လွတ်မြောက်ခြင်း နတ်မိုးကြိုး၏ ပထမဆုံး နှစ်ခြင်းခံယူခြင်းနှင့် ပေါင်းစပ်၍ မရပါ။)

စုရှင်းသည် သူ့ရှေ့ရှိ ဆုလာဘ်များကို ကျေနပ်စွာ ကြည့်လိုက်သည်။ ပြီးခဲ့သည့် သရုပ်ပြခြင်း ပြီးဆုံးပြီးနောက် ရရှိခဲ့သည့် ဆုလာဘ်များထက် များစွာ ပိုမို ကြွယ်ဝသည်။

ဆုလာဘ် ရွေးချယ်မှုနှင့် ပတ်သက်၍ သဘာဝအားဖြင့် စုရှင်းတွင် ပူပန်စရာ အနည်းငယ်သာ ရှိသည်။

ကြီးမြတ်သော စွမ်းရည်၊ နောက်ကျမှ ရင့်ကျက်ခြင်း စွမ်းရည်သည် စုရှင်းအတွက် လက်ရှိအချိန်တွင် သိပ်အသုံးမဝင်ပေ။

စုရှင်းသည် လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရှိပြီးဖြစ်၍ မဟာယာနအဆင့် လွတ်မြောက်ခြင်း သန့်စင်ဆေးလုံး ဆေးဖော်ခြင်း ကျွမ်းကျင်မှုများသည်လည်း အသုံးမဝင်သလောက်ပင်။

ထို့ကြောင့် စုရှင်း၏ ရွေးချယ်မှုများသည် လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်၏ ကျင့်ကြံမှုအဆင့်နှင့် နတ်အာရုံဟူ၍ ကျဉ်းမြောင်းသွားခဲ့သည်။

…

All Chapters