← Chapters

ထန်လုံအဖွဲ့မှ ဗိုလ်ချုပ်

Vol. 4 Ch. 326

ထန်လုံအဖွဲ့မှ ဗိုလ်ချုပ်

Vol. 4 Ch. 326

"အခြေအနေကတော့ ကြည့်ကောင်းပြီပဲ…"

သူဌေးဖူက ဆင်စွယ် ယပ်တောင်အား ခတ်ရင်းမှ ဆက်ပြောလိုက်သည်။

"စုမိသားစု၊ နင်းမိသားစု၊ တန့်မိသားစု၊ ကျိမိသားစု… ဒီအင်အားစုတွေတင် မကဘူး။ ခုဆို လို့ကျင်းဟိုင်ပါ ပါလာခဲ့ပြီ။ ကျန်းနန်နယ်ရဲ့ အချမ်းသာဆုံး ကျန်းတုန်းဟိုင်တောင် ဒီအင်အားစုတွေကို ရင်ဆိုင်ဖို့ မလွယ်ဘူး"

"ဟုတ်တယ်… နင်းမိသားစုနဲ့ တန့်မိသားစုတင် ကျောင်းဟိုင်ရဲ့ အချမ်းသာဆုံး မိသားစု ဆယ်ခုမှာ ပါတယ်။ ကျိမိသားစု သခင်ကြီးကျတော့ အခြားပြည်နယ် တစ်ခုရဲ့ အစိုးရအဖွဲ့ဝင်။ ဒါတောင် ဆရာလို့ မပါသေးဘူး။ ချန်းဖန်သာ လီဝူချန်းရဲ့ နောက်ခံမရှိရင် သေပြီပဲ" သူဌေးဖူ၏ နံဘေးရှိ လူတစ်ယောက်ကလည်း အသက်ပြင်းပြင်း ရှူရင်း ပြောသည်။

"သူဌေးဖူ… အဲဒီကောင်လေးရဲ့ ကံကြမ္မာက အဆုံးသတ်သွားပြီလို့ ခင်ဗျား ထင်လား" သူဌေးလီက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"ဒါပေါ့…" သူဌေးဖူက ခေါင်းညိတ်သည်။

"သူက လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ရဲ့ သားဆိုရင်တောင် သူသေဖို့က များနေပြီ"

"ကျုပ်တော့ သဘောမတူဘူး"

သူဌေးလီက သက်ပြင်းတစ်ချက် ချလိုက်သည်။

ယခုအချိန်၌ ချန်းဖန်အား ကယ်တင်နိုင်မည့်သူ မရှိချေ။ လို့ကျင်းဟိုင် ပါဝင်လာမှုက အရာအားလုံးအား အဆုံးသတ် စေခဲ့သည်။ အကယ်၍ ချန်းဖန်က လီဝူချန်း၏ ဆွေမျိုးဖြစ်လျှင်ပင် လီဝူချန်း အနေဖြင့် သူ့အား ကူညီရန် နှစ်ကြိမ် ပြန်လည် စဉ်းစားရပေလိမ့်မည်။

ဖန့်မင်ဒီမှာ ခြံဝန်း၏ တစ်နေရာတွင် တုန်လှုပ်စွာ ထိုင်နေမိသည်။ ခန်းမကြီး အတွင်းမှ အဖြစ်အပျက်များအကြောင်း သူကြားခဲ့ပြီး ဖြစ်သည်။ သူ၏ ရုပ်ရည်က နှစ်အနည်းငယ် ပိုမို အိုစာ သွားသည့် အလား ထင်ရသည်။

သူ၏ နံဘေးတွင်မူ စုမိသားစု၏ အခြားသားမက်များ ရှိနေကြသည်။ စုမိသားစုတွင် သူ့ကဲ့သို့ အကိုင်း အခက်များ စွာ ရှိသည်။

ဖန့်မင်ဒီမှာ ခါတိုင်း သူတို့နှင့် တွေ့ပါက သူ၏ ချမ်းသာ ကြွယ်ဝမှုများနှင့် သူ၏ ထူးချွန်သော သမီးအကြောင်း ကြွားလေ့ရှိသည်။ သို့သော်လည်း ယခုအချိန်တွင်မူ ဖန့်ချုံး၏ အမှားက အခြားလူများအတွက် လှောင်ပြောင်ရန် ကုန်ကြမ်းတစ်ခု ဖြစ်လာခဲ့သည်။

"ဟားဟား… အဲကောင်လေးက တကယ့် ဟာသပဲ။ စုမိသားစုက သူ့ကို မိသားစုထဲ လွယ်လွယ်ပေးဝင်မယ် ထင်နေတာလား"

"ကိုးလေးက တကယ် မှားတာပဲ။ ငါတို့ ကျိမိသားစုနဲ့ မဟာမိတ်ဖွဲ့ဖို့ ဘယ်လောက် အရေးကြီးလဲ ဆိုတာ လူတိုင်းသိတယ်။ ဒါတောင် သူက အားလုံးကို ဖျက်ဆီး ပစ်တယ်"

"ဟမ့်… အဲဒါ မိဘတွေက အမြဲ မြှောက်နေခဲ့တဲ့ ရလဒ်ပဲ"

များစွာသော လူများက ဖန့်မင်ဒီ ကြားမည်အား ဂရုမစိုက်ပဲ မိန်းကလေးကို ဝိုင်း၍ အပုပ်ချ နေကြသည်။ ဖန့်မင်ဒီကမူ ရှက်ရွံ့စွာဖြင့် ခေါင်းအား ငုံ့ရင်း သက်ပြင်းသာ ချနိုင်တော့၏။

"ရှောင်ဖန်… လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ငါလည်း မင်းလိုပါပဲကွာ။ ဒါပေမဲ့ ခုချိန်မှာ သူတို့ အထင်ကြီးတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပြီ။ မင်းက ငါ့ထက် ပိုပြီး အရည်အချင်း ရှိပါတယ်။ မင်းသာ ဆယ်နှစ်လောက် ကြိုးစားခဲ့ရင် ကျိမိသားစုကိုတောင် လွယ်လွယ်လေး ကျော်တက် သွားနိုင်မှာ။ ဘာကြောင့် ခုလိုကြီး လုပ်လိုက်ရတာလဲ"

ဖန့်မင်ဒီက တွေးနေမိခဲ့၏။

ဖန့်မင်ဒီ စုစုနှင့် လက်ထပ်စဉ်က သူကား သာမန်လယ်သမား တစ်ယောက်၏ သား ဖြစ်သည်။ သူ့အနေဖြင့် ချန်းဖန်ထက် ပိုမို ဆိုးဝါးသော နှိမ့်ချခြင်းများအား ခံခဲ့ရသည်။ ထိုအရာများအား ဖိအား အဖြစ်သို့ ပြောင်းလဲရင်း သူ အပြင်းအထန် ကြိုးစားခဲ့သည်။ ယခု သူ၏ ပိုင်ဆိုင်မှုများက ဘီလျံနှင့် ချီနေပြီ ဖြစ်သော်လည်း စုမိသားစု၏ မျက်လုံးထဲတွင်မူ ဘာမျှ မဟုတ်သေးချေ။

ဖန့်မင်ဒီ တွေးတော နေစဉ်မှာပင် ဝင်ပေါက်မှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာသည်။

သူလှမ်းကြည့်ရာ လူနှစ်ယောက် အတွင်းသို့ လမ်းလျှောက် ဝင်လာသည်ကို မြင်သည်။ လူသန်ကြီးက ဆောင်းလေအေးများအား ဂရုမစိုက်သည့် အလား သာမန် ဝတ်စုံကိုသာ ဝတ်ဆင် ထားသည်။ မိန်းကလေးကမူ နေကာ မျက်မှန်ကြီးအား တပ်ဆင်ထားကာ ဆွဲဆောင်မှု ရှိသည့် ကိုယ်လုံးရှိသည်။

"အဲဒါက ကျောက်ဘိုဖန်နဲ့ ကျို့လော့ရင် မလား။ သူတို့ကလည်း ချန်းဖန်အတွက် လာကြတာလား"

"ချန်းဖန်တော့ သေပြီပဲ"

ဖန့်မင်ဒီက ထိုနှစ်ယောက်အား ကြည့်ရင်း နှလုံးခုန်နှုန်းများ မြန်လာခဲ့တော့သည်။

***

ထိုအချိန် ခန်းမကြီး အတွင်း၌…

လူတိုင်းက ချန်းဖန် အညံ့ခံလိမ့်မည်ဟု ကျိန်းသေ တွက်ထားကြသည်။ သို့သော်လည်း ချန်းဖန်က အခန်းအား ဝှေ့ကြည့်လိုက်ရင်း…

"ဒါက ကုန်ပြီလား…"

"မင်း ဘာလို ဆိုလိုတာလဲ…"

ကျိလော့ချန်းက သံသယ ဖြစ်စွာ မေးသည်။

"မင်းရှာလာခဲ့တဲ့ အကူအညီတွေက ဒါအကုန်ပဲလား လို့မေးတာ"

ချန်းဖန်က ခေါင်းအား ခါယမ်း လိုက်မိသည်။

"ကျိလော့ချန်း… မင်းက စိတ်ပျက်စရာပဲ။ ငါမင်းကို ငါ့ရဲ့ နောက်ခံကို စုံစမ်းဖို့နဲ့ မင်းအတွက် အကူအညီတွေ ရှာထားဖို့ တစ်နေ့နဲ့ တစ်ည အချိန်ပေး ထားခဲ့တယ်။ ဒါပေမဲ့ မင်းလုပ်နိုင်တာက ဒီလောက်ပဲလား။ ငါက မင်းဆီက များများ မျှော်လင့်ထားတာ"

ချန်းဖန် သက်ပြင်း တစ်ချက် ချလိုက်မိသည်။ ကျိနှင့် စုမိသားစု များအား သူအထင်ကြီးခဲ့ခြင်း ဖြစ်နိုင်သည်။

နင်းမိသားစုနှင့် တန်မိသားစု များမှာမူ သူ၏ ပြိုင်ဘက် ဖြစ်ရန်ပင် မထိုက်တန်ချေ။ လင်းမြို့တော် လုမိသားစု ပင်လျှင် ထိုမိသားစု နှစ်ခုထက် ပိုမို အင်အား တောင့်တင်းသည်။ လုမိသားစုမှာ ထျန်းနန် ပြည်နယ်အား လွှမ်းမိုးနိုင်စွမ်း ရှိကာ ဘီလျံဆယ်နှင့် ချီသော လုပ်ငန်းများအား ပိုင်ဆိုင်သည်။ နင်းမိသားစု၊ တန်မိသားစုများ အနေဖြင့် မည်သို့မျှ မယှဉ်နိုင်ပေ။

ချန်းဖန် အနေဖြင့် ထိုမိသားစုများက သူ၏ အစစ်အမှန် စွမ်းအားကို စုံစမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း သူတို့၏ အစွမ်းအစကို သူအထင် ကြီးခဲ့ခြင်းသာ ဖြစ်နေခဲ့သည်။ သူ၏ ပုံရိပ်များ ဖြစ်သော ထန်လုံတပ်ဖွဲ့၏ ဗိုလ်ချုပ်ရာထူးနှင့် အမှောင် သတ်မှတ်ချက် နံပါတ်သုံး နှစ်ခု စလုံးက စစ်တပ်နှင့် သိုင်းပညာရှင်များ၏ ထိပ်တန်း လျှို့ဝှက်ချက်များ ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့အနေဖြင့် ချန်းပေ့ရွှမ်းဆိုသော နာမည်အား မကြားဖူးခြင်း ဖြစ်ရမည်။

"မင်းက ဘာပြောချင်တာလဲ…"

ကျိလော့ချန်းက မျက်မှောင်ကြုတ်ရင်း ချန်းဖန်အား မေးသည်။ လိုကျင်းဟိုင် ကဲ့သို့သော ပုဂ္ဂိုလ်ကိုပင် သူက ကြောက်ရွံ့ပုံ မရချေ။

"မင်းတို့က အရမ်း အားနည်းလွန်းတယ်"

ချန်းဖန်က လက်နှစ်ဖက်အား နောက်သို့ပစ်ရင်း စုရှောင်ထံသို့ လျှောက်သွားသည်။ ထို့နောက် မိန်းကလေး၏ လက်ထဲမှ လက်ဖက်ရည်ခွက်အား ယူကာ တစ်ငုံချင်းစီ သောက်လိုက်သည်။

"မင်း…" ကျိလော့ချန်း၏ မျက်နှာတွင် ဒေါသက မထိန်းချုပ်နိုင်အောင် ပေါ်လာခဲ့သည်။ ချန်းဖန်က ထိုသို့ တုံ့ပြန်လိမ့်မည်ဟု သူမမျှော်လင့် ထားခဲ့ချေ။

စုရန်ဟိုပင်လျှင် ချန်းဖန်၏ ခေါင်းမာမှုအား ကြည့်ရင်း သက်ပြင်း ချမိသည်။ ကျိုးကြောင်း ဆီလျော်စွာ စဉ်းစားတတ်သည့် မည်သူမဆို မာနများအား လွှတ်ချကာ တောင်းပန်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ထိုကောင်လေး၏ အပြုအမူက နှိမ့်ချမည့်ပုံ မရချေ။

စုစု၏ မျက်နှာ တစ်ခုလုံးကား အသက်မဲ့သည့်နှယ် ဖြူလျော် နေခဲ့တော့သည်။ ဖန့်ချုံး၏ အဘိုး စုယန်ရန်မှာလည်း စိတ်ပျက်မှုဖြင့် သက်ပြင်းသာ ချနေမိသည်။

သူ့အနေဖြင့် ထိုကောင်လေးက မိသားစုအပေါ် လေးစားစွာ ဆက်ဆံရန် မျှော်လင့် ထားခဲ့သည်။ သို့သော်လည်း ထိန်းချုပ်၍ မရသော အခြေအနေများ အောက်၌ သူ၏ မျှော်လင့်ချက်က ကျိုးပဲ့ သွားခဲ့ပြီ ဖြစ်သည်။

စုရှောင်က မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။ လူတိုင်းက ထိုကောင်လေး၏ ကံကြမ္မာ လမ်းဆုံးပြီဟု ထင်နေသည့်တိုင် သူမကမူ ထိုကောင်လေး၌ ဝှက်ဖဲ ရှိလိမ့်မည် ဟု ခံစားနေမိသည်။ သို့မဟုတ်လျှင် ယခုကဲ့သို့ သေခြင်း၊ ရှင်ခြင်း အခိုက်အတန့်မျိုး၌ သူ လက်ဘက်ရည် သောက်နိုင် လောက်အောင် တည်ငြိမ်မည် မဟုတ်ပေ။

"သူ့မှာ လို့ကျင်းဟိုင်ကို အနိုင်ရနိုင်တဲ့ ဝှက်ဖဲ ရှိနေလောက်တယ်"

သို့သော်လည်း ထိုကဲ့သို့ အစွမ်းထက်သည့် ဝှက်ဖဲအား သူမ စဉ်စား၍ မရပေ။

ဖန့်ချုံးကမူ ချန်းဖန်အား ကြည့်နေခဲ့မိသည်။ ချန်းဖန် နောက်ဆုတ်ရန် သူမ မျှော်လင့်နေမိသည်။

ထိုအချိန်မှာပင် စုံတွဲက ခန်းမကြီး အတွင်းသို့ ဝင်ရောက် လာခဲ့သည်။

ကျိလော့ချန်းက သူတို့အား မြင်သည်နှင့် ရင်းနှီးစွာ ပြုံးပြလိုက်ရင်း…

"ဘိုဖန်၊ လော့ရင်… မင်းတို့ ရောက်လာပြီပဲ။ မင်းတို့ တကယ့် ပွဲကြီးပွဲကောင်းကို လွတ်တော့ မလို့ နည်းနည်းပဲ လိုတယ်"

ထိုနာမည်များအား ကြားသည်နှင့် စုစု၏ မျှော်လင့်ချက်များ အားလုံး လွင့်ပျောက် သွားခဲ့၏။ နင်း၊ တန်၊ ကျိ၊ ကျို့၊ ကျောက် စသည့် မိသားစုများ၏ အင်အားက လီဝူချန်းကိုပင်လျှင် ဖိအား တစ်ပြုံကြီး ပေးနိုင်လောက်သည်။

ဖန့်ချုံးက အသက်ပြင်းစွာ ရှူရင်း ရှေ့သို့ အနည်းငယ် တိုးကာ ချန်းဖန်၏ လက်အား ကိုင်လိုက်သည်။ အကယ်၍ သေရမည် ဆိုလျှင်ပင် ချန်းဖန်နှင့်သာ အတူသေမည် ဖြစ်သည်။

ချန်းဖန်က သူမ၏ လက်အား ပြန်လည် ဆုပ်ကိုင်ရင်း သက်တောင့်သက်သာ ပြုံးပြသည်။ ဖန့်ချုံးကလည်း ချန်းဖန်အား ပြန်လည် ပြုံးပြသည်။ သူမ အနေဖြင့် အဆိုးဆုံးအား မျှော်လင့်ခဲ့ပြီး ဖြစ်သည်။

"တပ်သား ကျောက်ဘိုဖန်က တပ်ဖွဲ့ ခေါင်းဆောင်ကို အလေးပြုပါတယ်"

ရုတ်တရက် တိတ်ဆိတ်မှုက ခန်းမအတွင်း လွှမ်းမိုး သွားသည်။ ဖြစ်ပျက်သွားသော အကြောင်းအရာအား မည်သူမျှ နားမလည် နိုင်ကြပေ။

လူတိုင်းက ကျောက်ဘိုဖန်အား သံသယ ဖြစ်စွာ ကြည့်ကြသည်။

"တပ်ဖွဲ့ ခေါင်းဆောင်… သူက ဘာကို ပြောချင်တာလဲ"

တန့်ကျင်းဖန်က မေးသည်။

ကျောက်ဘိုဖန်မှာ ထန်လုံတပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်သည်။ သူက ချန်းဖန်အား တပ်ဖွဲ့ ခေါင်းဆောင်ဟု ခေါ်သည်။ ဤသို့ဆိုလျှင် ချန်းဖန်မှာ…။

"သူက ထန်လုံအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ"

"ဟုတ်တယ် မလား… မစ္စတာ ချန်းပေ့ရွှမ်း"

ကျို့လော့ရင်က မျက်မှန်အား ချွတ်ရင်း ချန်းဖန်ထံ လမ်းလျှောက် လာခဲ့သည်။ သူမ၏ မျက်လုံးများက လေးစားမှု၊ စူးစမ်းလိုမှု တို့ဖြင့် တောက်ပ နေခဲ့တော့သည်။

ခန်းမကြီး တစ်ခုလုံးကား အပ်ကျသံ ကြားလောက်အောင် တိတ်ဆိတ် သွားတော့သည်။

ကျိလော့ချန်းမှာလည်း ထိုအလှည့် အပြောင်းကြောင့် ကြက်သေ သေနေခဲ့တော့၏။

***

All Chapters