ခရမ်းရောင်လေက အရှေ့ဘက်ကနေ တိုက်ခတ်လာပြီး ဖုန်းရွှေတည်ဆောက်မှုကို ချိုးဖျက်လိုက်လိမ့်မယ်! (1)
Vol. 3 Ch. 24
နောက်တစ်နေ့ဆီသို့ ကူးပြောင်းကာစမနက်အစောပိုင်းအချိန်၌ ကုတ်အင်္ကျီအထူကြီးတစ်ထည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ရစ်ပတ်ထားခဲ့သည့် လီချန်ဟဲတစ်ယောက် သမ်းဝေရင်းနှင့် တောင်တန်းများ၏အလယ်တွင်တည်ရှိနေသော ဗီလာ၏ တံခါးပေါက်ကို ဖွင့်လိုက်ချေသည်။ သူ ခေါင်းမော့ကြည့်လိုက်ချိတ်တွင် ပင်မခန်းမထဲမှ မီးအလင်းရောင်ဖြင့် တောက်ပနေသည်ကို တွေ့လိုက်ရသည်။ အခန်းထဲတွင် တစ်စုံတစ်ယောက်က ရောက်နှင့်နေချေပြီ။
ညဝတ်အင်္ကျီလဲထားပြီးသားဖြစ်နေသော ကုကျစ်စုန့်က သူမ၏ ပုတုန်းရောင်ဆံနွယ်များကို ကျောတွင်ဖြန့်ချထားခဲ့ပြီး တံခါးကို ကျောပေးထားထားခဲ့ကာ ရှေးဟောင်းစင်ရှေ့မှာ ရပ်နေခဲ့သည်။ သူမက ‘ကျင်း’ စကားလုံးဆီသို့ စိုက်ကြည့်၍ တစ်စုံတစ်ခုတီးတိုးပြောနေပုံရသည်။
နောက်ဘက်ဆီမှ လှုပ်ရှားသံများ ထွက်လာခဲ့သောကြောင့် သူမက အနောက်ဘက်သို့ လှည့်ကြည့်လာခဲ့ချေသည်။ သူမ၏ မျက်လုံးများက စူးရှပြီး လှပလွန်းသော်လည်း တစ်ချိန်ထဲမှာပဲအေးစက်ပြီး ရှင်းလင်းနေခဲ့ပြန်၏။
ညလယ်သန်းခေါင်အချိန်၌ လီချန်ဟဲ အလွန်အမင်းထိတ်လန့်သွားခဲ့ရပြီး မျက်လုံးများကပါ ပြုးကျယ်သွားခဲ့ရသည်။
သူက နှာခေါင်းကို လက်နဲ့ ထိရင်း ပြုံးလိုက်၏။
“ကွမ်းကျစ်က ငါ့ရဲ့ သူငယ်ချင်းလေ.. ငါ သူ့နှင့်အတူ ကူညီပေးဖို့ ရောက်လာခဲ့တာ…”
ယမန်နေ့ညမှ တိုက်ရိုက်ထုတ်လွှင့်မှုပြီးသွားသည့်နောက် ပြိုင်ပွဲ၏ အရေးကြီးသည့် အပိုင်းများနှင့် တည်းဖြတ်မှု လုပ်ထားသည့် အပိုင်းတိုများက hot search၏ ထိပ်ဆုံးအထိ ရောက်ရှိသွားခဲ့သည်။ ထိုအထဲမှ ၈၀ရာခိုင်နှုန်းလောက်မှာလည်း ကုကျစ်စုန့်၏အကြောင်းများသာ ဖြစ်ချေသည်။
ကွမ်းမိသားစုအတွင်း သက်ရောက်နေသည့် ဆိုးရွားသည့်ဖွဲ့စည်းပုံနှစ်ခုနဲ့ ပတ်သတ်၍ တောက်ဓမ္မပညာရှင်များနှင့် တောက်ဓမ္မရေးရာအကြောင်းကို လိုက်စားသူများက အပြင်းအထန် ဆွေးနွေးမှုများ ပြုလုပ်နေခဲ့ကြသည်။
ပြီးနောက် ထိုပြောင်းပြန်ဖွဲ့စည်းမှုမှာ သီအိုရီသဘောအရ ဖြစ်နိုင်ချေရှိကြောင်း ရှာတွေ့ခဲ့ကြပေသည်။ ထို့အပြင် ကုကျစ်စုန့်ပြောခဲ့သည့် ဆာဇကူနတ်ဆိုးကျိန်စာသည်လည်း အမှန်တကယ်တည်ရှိနေခဲ့သည်။
တစ်ချို့လူများကတော့ ထိုသဲလွန်စများမှ တဆင့် ကွမ်းကျစ်၏ နောက်ခံ အချက်အလက်များအကြောင်းကိုပါ ရှာတွေ့ခဲ့ကြပေသည်။
သို့သော်လည်း ထိုကဲ့သို့ ပွက်လောရိုက်သွားစေခဲ့သည့် အဓိကဇာတ်ကောင် ကုကျစ်စုန့်သည်ကတော့ လုံးဝကို ပေါ်ထွက်မလာခဲ့ပါချေ။ သူမက သီးသန့်တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းတစ်ခုထဲတွင် စုန့်ထန်၏ ကံကြမ္မာကို ပြောင်းလဲဖို့ရန်အတွက် ကူညီပေးဖို့ တစ်ယောက်ချင်းဆွေးနွေးနေခဲ့သည်။
ထိုနှစ်ယောက် ပြောခဲ့သည့်စကားများကို လီချန်ဟဲပင်မသိခဲ့ရပေ။ နာရီဝက်လောက်ကြာပြီးချိန်တွင်တော့ စုန့်ထန်မှ သီးသန့်တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲကမှ ထွက်လာခဲ့ပြီး သူမဆီကို သီးသန့် မက်ဆေ့ချ်မှတဆင့် ကျေးဇူးတင်စကားလှမ်းပြောခဲ့သည်။
လီချန်ဟဲမှာ တခြား မည်သည့်အရာမျှ မသိခဲ့ရသောကြောင့် သိချင်စိတ်များဖြင့် ပြည့်ကြပ်လျှက် ကျန်ရှိခဲ့ကာ နှလုံးသားတစ်ခုလုံး ယားယံနေခဲ့ရသည်။
လီချန်ဟဲ ဤအစီအစဉ်ကို စီစဥ်ပြုလုပ်ခဲ့ရခြင်း၏အကြောင်းရင်းမှာ သူကိုယ်တိုင်က ရုပ်လွန်ပညာရပ်အပေါ်ကို အင်မတန်စိတ်ဝင်စားတဲ့ သူတစ်ယောက်ဖြစ်နေသောကြောင့်ပင်ဖြစ်ချေသည်။
တစ်စုံတစ်ယောက်မှ ဤကျိန်စာကို ဖျက်နိုင်လိမ့်မည်ဟု သူယုံကြည်ထားခဲ့ပြီး ထိုသို့ လုပ်ဆောင်နေသည့် အချိန်၌လည်း သူ့၏မျက်လုံးများဖြင့် တပ်အပ်မြင်တွေ့ချင်လောက်သည်အထိ စိတ်ဝင်စားမိသည်။
သို့သော်လည်း ယင်ဖွဲ့စည်းပုံကို ဖြိုဖျက်ရခြင်းမှာ ကွမ်းကျစ်၏ ကိုယ်တွင်းရေးအတွင်းရေးဖြစ်နေသောကြောင့် ပရိုဂရမ်အဖွဲ့အနေဖြင်် ထုတ်လွှင့်ပိုင်ခွင့်မရှိပေ။ ထို့ကြောင့် သူတစ်ယောက်တည်းကို ကြည့်ခွင့်ပြုဖို့ ကွမ်းကျစ်ဆီသို့သာ ရှက်ရွံ့စွာဖြင့် ခွင့်တောင်းလိုက်ရသည်။
ကုကျစ်စုန့် ပထမဆုံးရောက်လာသည့်အချိန်တုန်းက သူ့ဘက်မှ စိတ်မရှည်မှုများနှင့်အတူ မုန်းတီးသည့် အပြုအမူများကြောင့်လည်း ယခုကဲ့သို့ တောင်းဆိုမှုအတွက် မျက်နှာက အနည်းငယ်ပူလောင်နေခဲ့သည်။
ကုကျစ်စုန့်က “အိုး”ခနဲအသံပြုရင်း ဆက်ပြောလာခဲ့ချေသည်။
“ ကျွန်မ သူကို တောင်ခြေမှာ ပစ္စည်းနည်းနည်းလောက်ဝယ်ဖို့ လွှတ်လိုက်တယ်..”
ကံကောင်းစွာဖြင့် ကွမ်းကျစ်သည်လည်း ယင်ဖွဲ့စည်းပုံကို ဖြိုဖျက်ဖို့ရန် အလွန် စိတ်အားတက်ကြွနေခဲ့သောကြောင့် သူတို့တွေ အချိန်ကြာမျင့်စွာမစောင့်လိုက်ရပေ။ မိနစ်အနည်းငယ်ခန့်ကြာပြီးနောက်မှာ ကွမ်းကျစ်မှ များစွာသောပစ္စည်းများကို သယ်ဆောင်ရင်း ဟောဟဲဆိုက်လျှက်ပြန်ရောက်လာခဲ့ချေသည်။
သူ့၏လက်ထဲတွင်တော့ အနက်ရောင် ပလတ်စတစ်အိတ်ကြီးတစ်လုံးကို ကိုင်ဆောင်ထားခဲ့ပြီး တခြားတစ်ဖက်တွင်တော့ ကြက်ဖအရှင်တစ်ကောင်ကို ခြေထောက်ကနေ ဇောက်ထိုးကိုင်ထားခဲ့သည်။ သူ့၏ဝတ်စုံနဲ့ ဆံပင်သည်လည်း အတော်လေး ရှုပ်ပွနေခဲ့ချေသည်။
ကြောက်လန့်တကြားဖြစ်နေခဲ့သည့် ကြက်ဖကတော့ သူ၏အတောင်ပံများကို တစ်ဖျပ်ဖျပ်ခတ်လျှက် ပွက်ပွက်ညံအောင် အော်ဟစ်တွန်မြည်နေခဲ့သည်။
“ကု.. ကုတောက်ကျန့်.. ကျွန်တော်အရမ်းနောက်မကျဘူးမလား?”
“နောက်မကျပါဘူး၊ အချိန်က ကွက်တိလောက်ပဲ”
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက နိုင်ငံ၏ အချိန်ထိန်းသိမ်းသူများက တစ်နေ့တာအတွက် အပိုင်းများကိုပိုင်းခြားခဲ့ကြသည်။ အိမ်၏အချိန်သည်က မနက် (၁)နာရီမှ (၃)နာရီအတွင်းဖြစ်ပြီး ယခုက (၁)နာရီထိုးရန် ငါးမိနစ်အလိုဖြစ်သည်။
ကွမ်းကျစ်လည်း သူမ၏စကားကိုကြားမှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းကို လေးပင်စွာ ချခဲ့မိသည်။ သူ့အနေဖြင့် ယနေ့အတွင်းမှာ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်လွန်းနေခဲ့ပြီး သူ့၏မျက်လုံးနှစ်ဖက်လုံးကလည်း သွေးရောင်လွန်းလုနီးပါးဖြစ်နေချေပြီ။
“ကုတောက်ကျန့်.. ကျွန်တော်ဝယ်လာတာ အဆင်ပြေ၊မပြေ စစ်ပေးပါဦး”
ကုကျစ်စုန့် အနက်ရောင်အိတ်ထုတ်အတွင်းမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခုတစ်ခုထုတ်ကြည့်နေစဥ် လီချန်ဟဲတစ်ယောက်ကတော့ ဘေးနားမှာရပ်ရင်း မသိမသာဖြင့် စပ်စုနေခဲ့သည်
ထိုပစ္စည်းများမှာတော့ အဝါရောင် အဆောင်လက်ဖွဲ့စာရွက်များ၊ အနက်ရောင်စုတ်တံတစ်ချောင်း၊ ကျောက်စိမ်းပန်းကန်အကြည် ငါးချပ်၊ခြောက်ချပ်လောက်နှင့် သစ်ကြံပိုးခေါက်တစ်ဘူးတို့ ဖြစ်ကာနောက်ဆုံးအနေဖြင့် အော်ဟစ်တွန်ကြူးနေသည့် ကြက်ဖကြီးတစ်ကောင်တို့ ဖြစ်ပေသည်။
အချိန်မှာ မနက် (1)နာရီထိုးနေပြီဖြစ်ကြောင်းတွေ့လိုက်ရတာကြောင့် ကွမ်းကျစ်မှ ကုကျစ်စုန့်ကို လှမ်းကြည့်ပြီး ခေါ်လာခဲ့သည်။
“တောက်ကျန့်!!”
ကုကျစ်စုန့်က လက်ကိုခါရမ်းလိုက်သည်။
“အရမ်း စိတ်လှုပ်ရှားမနေနဲ့ဦး.. အခုက အချိန်မကျသေးဘူး.. ရှင် ခဏလောက် ထိုင်ပြီးစောင့်နေလိုက်ဦး”
သူတို့၏ စိတ်ထဲမှ သံသယကို သတိထားမိသောကြောင့် ကုကျစ်စုန့် အတက်အကျမရှိသာ လေသံဖြင့် ရှင်းပြခဲ့သည်။
“ဒီလို ပြင်းထန်တဲ့ ဖွဲ့စည်းမှုက ယင်စွမ်းအင်တွေနဲ့ ပြည့်နေတာ၊ ဒီအိမ်ထဲမှာ ဝိဉာဉ်တွေ ဘယ်လောက်ထိ ပြည့်နေလောက်မလဲဆိုတာ မသိနိုင်ဘူး၊ အဲဒီထဲက တစ်ချို့က တောင်ထဲက အထီးကျန်ပြီးမျောလွင့်နေတဲ့လေလွင့် ဝိဉာဉ်တွေ ဖြစ်ပြီး တစ်ချို့က မွေးဖွားလာတာတွေပဲ..
အဲဒီမကောင်းဆိုးရွားဝိဥာဥ်တွေအားလုံး ဒီဖွဲ့စည်းပုံမှာ ဆွဲဆောင်ခံရမှုကြောင့် တွယ်ကပ်နေပြီး __ လူကြီးမင်း အဖေရဲ့ ဝိဉာဉ်ကို စားသောက်နေခဲ့ကြတာ၊
ဒီလောက်နှစ်တွေအကြာကြီးအချိန်အတွင်းမှာ သူတို့တွေက မျှော့တွေလိုမျိုး တွယ်ကပ်နေခဲ့တဲ့အတွက် လူကြီးမင်းအဖေရဲ့ ဝိဉာဉ်ကိုလည်း အားနည်းစေခဲ့တယ်၊
တကယ်လို့ ဒီဖွဲ့စည်းပုံကိုသာ ရုတ်တရက် ဖြိုဖျက်ချလိုက်မယ်ဆိုရင် အဲဒီမကောင်းဆိုးရွား ဝိဉာဉ််တွေကို နှိုးလိုက်သလိုဖြစ်သွားပြီး လူကြီးမင်းအဖေရဲ့ အားနည်းပြီး ထိခိုက်ထားတဲ့ ဝိဉာဉ်လည်း လွင့်သွားနိုင်တယ်။
ကွမ်းကျစ်၏ မျက်နှာက ဖြုဖျော့သွားပြန်သည်။
“ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ?”
“ဒီလိုကိစ္စတွေကြောင့်လည်း ကျွန်မက ဒီဖွဲ့စည်းပုံကို ဖြိုဖျက်ဖို့အတွက် အကောင်းဆုံး ချောင်စစ်အချိန်ကို စောင့်နေတာ၊ တစ်နေ့တာရဲ့ဒီအချိန်က ယန်စွမ်းအင်အမြင့်ဆုံးအချိန်ပဲ၊
ဒီလိုအချိန်မျိုးက ယင်စွမ်းအင်ကို ထိန်းချုပ်ပြီး သန့်စင်ဖို့ အကောင်းဆုံးအချိန်ပဲဆိုရင်လည်း မမှားဘူး၊ ဒါကြောင့် ဖွဲ့စည်းပုံကို ဒီအချိန်မှာ ဖြိုခွဲတာက အထဲမှာ ပုန်းနေတဲ့ ဝိဉာဉ်တွေကိုလည်း တစ်ခါတည်းဖြိုခွဲပြီး အဝေးကိုရောက်သွားစေလိမ့်မယ်”
ကုကျစ်စု ဆက်ပြောခဲ့သည်။
“ကျွန်မ အခု လူကြီးမင်း အဖေရဲ့ ဝိဉာဉ်ကို ယန်စွမ်းအင်ရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးဖို့ ဝိဉာဉ်ထိမ်းချုပ်တဲ့ အဆောင်စာရွက်ကို အရင်ဆုံးကြိုပြီးရေးဆွဲထားလိုက်မယ်”
ယန်စွမ်းအင်??
လီချန်ဟဲ အပြင်ဘက်မှ မှောင်မဲနေသည့် တောအုပ်ကို လှမ်းမျှော်ကြည့်လိုက်ပြီး တွန့်ဆုတ်စွာ မေးလိုက်မိ၏။
“လူတိုင်းက ညဘက်အချိန်တွေမှာဆိုရင် ယင်စွမ်းအင်အမြင့်ဆုံးဖြစ်နေတတ်လို့ အပြင်ကိုမထွက်ဖို့ပြောကြတာ မဟုတ်ဘူးလား? နောက်ပြီး နေ့လည်ခင်းဘက်ကမှ ယန်စွမ်းအင် အမြင့်ဆုံးပဲလို့ ပြောကြတာ မဟုတ်ဘူးလား??”
ကုကျစ်စုန့်က ခေါင်းငြိမ့်ပြီး ရှင်းပြခဲ့သည်။
“ဟုတ်တယ်၊ ယန်စွမ်းအင်တွေက နေ့ခင်းအချိန်တွေမှာဆိုရင် ပိုပြီးမြင့်လာတတ်တယ်၊ ဒါပေမယ့် အဲဒီယန်စွမ်းအင်က ကျွန်မပြောတဲ့ ‘ယန်စွမ်းအင်’ မတူဘူး၊
ကျွန်မလိုချင်တဲ့ ယန်စွမ်းအင်က နေ့နဲ့ ည ကူးပြောင်းတဲ့ချိန်မှာ ဖြစ်ပေါ်လာတဲ့ ‘ပိုမိုစွမ်းအားပြင်းတဲ့ ယန်စွမ်းအင်’ကို ဆိုလိုတာ၊ မနက်ခင်းအချိန်ကိုကူးပြောင်းပြီး နေလုံးကပြန်လည့်လာတဲ့အချိန်မှာ အရှေ့ဘက်အရပ်ကနေ ခရမ်းရောင်လေတွေ တိုက်ခတ်လာတတ်တယ်၊
အဲဒီခရမ်းရောင်လေက ပိုပြီးစွမ်းအားပြင်းတဲ့ ယန်စွမ်းအင်ပဲ”
ကျစ်ရှီ(zishi)အချိန်က ကောင်းကင်မှာ တိမ်အထူထဲဆုံးအချိန်ဖြစ်သည်။ ရှေးလူကြီးများ၏ ပြောစကားအရ :
Zishi ရဲ့အချိန်တစ်ဝက်မှာ ဝိဉာဉ်တွေမြူးပြီး လမ်းလျှောက်ထွက်တတ်တဲ့ အချိန်ဖြစ်တယ်တဲ့။
သို့သော်လည်း နေလုံးစတင်ပြီး ပေါ်ထွက်လာချိန်၌ ပထမဆုံးသောနေရောင်ခြည်တန်းက ယင်စွမ်းအင်များကို အားလျော့သွားစေပြီး ယင်မှ ယန်သို့ကူးပြောင်းစေပေသည်။ ထိုအချိန်အပိုင်းအခြားကာလသည်ကတော့ ကျစ်ယန်စွမ်းအင်ဖြစ်လေ၏။
ထိုနည်းတူစွာ နေ့လည်ခင်းဘက်သည်က နေရောင်ခြည်အပြင်းထန်ဆုံးနှင့် ယန်စွမ်းအင်အမြင့်ဆုံးသောအချိန်ဖြစ်သော်လည်း နေလုံးကစတင်ပြီး ကျဆင်းသွားသည့်အချိန်ကစပြီး နောက်ဆုံးနေဝင်တဲ့အချိန်မှာ ယန်မှ ယင်သို့ ကူးပြောင်းသွားတတ်သည်။ နေလုံးကြီးက ပင်လယ်ထဲသို့ မနစ်မြှပ်သွားခင်နောက်ဆုံးလက်ကျန်ပေးခဲ့သည့် အလင်းရောင်အချိန်အခါကတော့ ကျစ်ယင် စွမ်းအင်သာ ဖြစ်ချေသည်။
ကုကျစ်စုန့်၏ရှင်းပြစကားကို ကြားပြီးနောက် လီချန်ဟဲ တစ်စုံတစ်ခုအား ရုတ်တရက်စဉ်းစားမိသွားရသည်။
“အဲလိုပြောမယ်ဆိုရင် ပထမဆုံးနေရောင်ခြည်ပေါ်ထွက်ပြီး ကျဆင်းလာတဲ့အချိန်က ဖွဲ့စည်းပုံကို ဖြိုဖျက်ဖို့အတွက် အကောင်းဆုံးအချိန်အခါပဲပေါ့.. ဒါပေမယ့် ငါတို့ရဲ့ ဗီလာက တောင်ကြားထဲမှာဆိုတော့ သစ်ပင်တွေရဲ့အရိပ်ကို နေရောင်ခြည်ထိုးဖောက်နိုင်မယ်လို့မထင်ဘူးနော်”
ကုကျစ်စုန့် ပြန်ဖြေလိုက်၏။
“အဲဒါကြောင့်ပဲ ကျွန်မ လူကြီးမင်းကွမ်းကို ကြက်ဖတစ်ကောင် ဝယ်လာခိုင်းခဲ့တာလေ”
ကြက်ဖများက ယန်စွမ်းအင်နှင့်ရုပ်လွန်သဘောတရားများ ပြည့်နှက်နေတဲ့ တိရိစ္ဆာန်ဖြစ်ပေသည်။ ကြောင်များမှလွဲပြီး တိရိစ္ဆာန်များထဲတွင် ကြက်ဖများကသာ ယင်နဲ့ ယန်စွမ်းအင်များကို အခံစားနိုင်ဆုံးဖြစ်လိမ့်မည့်ဟုဆိုနိုင်သည်။
“ချောင်စစ်အချိန်ကို ‘မနက်ပိုင်းလင်းကြက်တွန်ချိန်’လို့လည်း သိကြတယ်၊ ကြက်ဖက မိုးလင်းပြီလို့ တွန်သံပေးလိုက်တဲ့အချိန်က ကျစ်ယန်စွမ်းအင် စတင်တဲ့အချိန်ပဲ၊ အတိတ်တုန်းက လူတွေက ကြက်တွန်သံကိုကြားရင်မိုးလင်းပြီဆိုတဲ့ အသိနဲ့ အိပ်ယာက ထခဲ့ကြတယ်”
ထို့နောက် ယခုအခုထိ ပွက်ပွက်ညံပြီးအော်ဟစ်နေသည့် ကြက်ဖကို ကြည့်ပြီး ကုကျစ်စုန့်၏ နှုတ်ခမ်းထောင့်များက မသိမသာကော့တက်သွားခဲ့ချေသည်။
“အခု ဖွဲ့စည်းပုံကို ဖြိုဖျက်ပြီး လူကြီးမင်းအဖေရဲ့ ဝိဉာဉ်ကို ကယ်တင်နိုင်မယ့် အဓိက သော့ချက်က ဒီကြက်ဖအပေါ်မှာ မှီခိုနေတယ်ဆိုတာကို သိသွားပြီဆိုတော့ သေသေချာချာဂရုစိုက်ဖို့လိုနေပြီနော်”
ကွမ်ကျစ် သူ့ရဲ့ခေါင်းကိုငုံ့ကာ ကြည့်လိုက်မိသည်။ ထိုအခိုက်တွင် ကြက်ဖက ဒေါသတကြီး ရန်လုပ်နေခဲ့ပြီး သူ့၏ခြေထောက်ဆီသို့ ကြက်ချေးတချို့ကို ပန်းထုတ်လိုက်တော့သည်။