← Chapters

ခရမ်းရောင်လေက အရှေ့ဘက်ကနေ တိုက်ခတ်လာပြီး ဖုန်းရွှေတည်ဆောက်မှုကို ချိုးဖျက်လိုက်လိမ့်မယ်! (2)

Vol. 3 Ch. 25

ခရမ်းရောင်လေက အရှေ့ဘက်ကနေ တိုက်ခတ်လာပြီး ဖုန်းရွှေတည်ဆောက်မှုကို ချိုးဖျက်လိုက်လိမ့်မယ်! (2)

Vol. 3 Ch. 25

ခြေထောက်ပေါ်သို့ ကြက်ချေးအပန်းခံလိုက်ရသော်လည်း ကွမ်းကျစ်၏မျက်လုံးများက အရောင်လက်သွားခဲ့ချေသည်။ သူက ကြက်ရောင်းချသူ ထည့်ပေးလိုက်သည့် ကြိုးကိုပါ ထုတ်ယူလိုက်ပြီး အလွန်လေးနက်လွန်းသည့်မျက်နှာဖြင့် ပြောလာခဲ့သည်။

“ကျွန်တော် သူ့ကို ငြိမ်သွားအောင် လုပ်လိုက်ပါ့မယ်”

အခုက စပြီး ဒီကြက်ဖကြီးကို သူ့ရဲ့ မွေးစားအဖေလို ဂရုစိုက်ရမယ်!!!

ကုကျစ်စုန့် : “ကောင်းပြီ၊ ဒါဆို ကျွန်မ ဖွဲ့စည်းတည်ဆောက်ပုံကို ဖြိုဖျက်ဖို့ အဆောင်စာရွက်တွေကို ပြင်ဆင်လိုက်တော့မယ်၊ တကယ်လို့ ရှင်တို့မှာ ဘာမှလုပ်စရာမရှိတော့ရင် ငြိမ်ငြိမ်လေးထိုင်နေကြ.. ကျွန်မကို မနှောင့်ယှက်နဲ့”

ထိုသို့ပြောပြီးနောက် သူမက စားပွဲအလွတ်ပေါ်သို့ ပစ္စည်းကိရိယာများအားလုံးကို တင်လိုက်လေ၏။

အဆောင်စာရွက်များ လုပ်ဖို့ရန်အတွက် လိုအပ်သည့် ပစ္စည်းများမှာ သူမ ကွမ်းကျစ်ကို တောင်ခြေသို့ စေလွှတ်ပြီး ဝယ်ခိုင်းလိုက်သည့် ပစ္စည်းများသာ ဖြစ်ပေ၏။ ကွမ်းကျစ်က စတိုးဆိုင်အတွင်း၌ရှိနေသော အကောင်းဆုံးပစ္စည်းများကိုသာ ဈေးကြီးပေးပြီး ဝယ်လာခဲ့ခြင်းပင်။

သူမ မသိရှိခဲ့သည်ကတော့ ထိုပစ္စည်းများရဲ့ စုစုပေါင်းတန်ဖိုးမှာ ယွမ် ၃သိန်းကျော်ကျသင့်ခဲ့သည်။ ကွမ်းကျစ်အတွက် ထိုပစ္စည်းများကိုဝယ်နိုင်ဖို့ လီချန်ဟဲဆီကပါ ချေးငှားယူခဲ့ရချေသည်။

စတိုးဆိုင်ပိုင်ရှင်ကတော့ ဤကဲ့သို့ ပစ္စည်းများများဝယ်ယူသည့် ကာစတာမာကြောင့် ဝမ်းသာပျော်ရွှင်စွာကျန်ရစ်ခဲ့သည်မှာ သေချာပေါက်ပင်။

ကုကျစ်စုန့်က စုတ်တံကို ရေနွေးထဲတွင် ပထမဆုံး အချိန်ခဏမျှ စိမ်လိုက်ပြီး ရွှေမှုန့်အစစ်များဖြင့် ရောနှောထားသည့် မှင်ထဲတွင် နှစ်လိုက်ပြီး အဝါရောင်ကျမ်းအဆောင်စာရွက်ပေါ်တွင် စတင်ရေးဆွဲတော့သည်။

သို့သော်လည်း သူမက အဆောင်စာရွက် အများအပြားကို တစ်ဝက်တစ်ပျက်ရေးဆွဲလိုက် ရပ်တန့်လိုက် လုပ်နေခဲ့သည်။

အဝါရောင် အဆောင်ကျမ်းစာရွက် ငါးရွက်လောက် ဖြုန်းတီးလိုက်ပြီးသည့်နောက်တွင်တော့ သူမ၏လက်ထဲမှ စုတ်တံမှာ နဂါးတစ်ကောင် ရေကူးနေသဲ့သို့ ချောချောမွေ့မွေ့ဖြစ်လာခဲ့ပြီစာရွက်ပေါ်တွင် တစ်ချက်တည်းဖြင့် အပြီးသပ်သည်အထိရေးဆွဲနိုင်လာခဲ့သည်။

ရွှေရောင်များရောနှောနေသည့် အနက်ရောင်မှင်မှာ ရှုပ်ထွေးပြီး ကျော့ရှင်းကျက်သရေရှိသည့် အဆောင်စာလုံးများကို ဖန်တီးပေးလာခဲ့သည်။ သူမ ရေးဆွဲပြီးသွားသည့်နောက် စုတ်တံကို မ,ယူလိုက်တိုင်း ကျမ်းစာရွက်တစ်ခုလုံးက ရွှေရောင်အလင်းတစ်ချက်စီ လင်းဖြာသွားတတ်ခဲ့သည်။

ဤသည်က ပထမတန်းစားအဆင့် အဆောင်စာရွက်များ ဖြစ်ပေသည်။

အဆောင်စာရွက်များရေးပြီးနောက် ကုကျစ်စုန့် တွေဝေမှုမရှိဘဲ သူမ၏လက်တစ်ဖက် အနောက်ဘက်သို့ အဆောင်စာရွက်ကို ကပ်လိုက်ပြီး ကြည့်မှန်အသေးလေးထုတ်ယူကာ ကိုယ့်ကိုယ်ကိုကြည့်ရှုလိုက်သည်။

သူမ၏ မျက်ခုံးနှစ်ဖက်ကြားထဲတွင်ရှိနေသည့် ကံကြမ္မာဆိုးမှာ အဆောင်စာရွက်၏အစွမ်းကြောင့် (၈၀)ရာခိုင်နူန်းလောက်အထိ ထိန်းချုပ်ထားနိုင်သည်ကို မြင်လိုက်ရသည်။ ထိုအချိန်ကျမှ သူမ၏ မျက်ခုံးများက စိတ်အေးစွာနှင့် ပြေလျော့သွားခဲ့ချေ၏။

သူမက ရှေးခေတ်မှသည် ယခုအချိန်ထိ ကိုယ့်အတွက်ကိုယ် ကံကောင်းခြင်းအဆောင်ရေးဆွဲခဲ့ရသည့် တစ်ဦးတည်းသော တောက်ဓမ္မပညာရှင် ဖြစ်နေလောက်မည်ကိုတောင် ကြောက်မိပေ၏ ။

ကံကြမ္မာဆိုးကို နှိမ်ထားပြီးနောက်မှသာ ကုကျစ်စုန့်၏ အဆောင်ကျမ်းစာရေးဆွဲနိုင်ခြင်းအဆင့် အစစ်အမှန်က ပေါ်ထွက်လာခဲ့တော့သည်။ သူမက ရေးနေရင်းနှင့်ပို၍လျှင်မြန်လာပြီး စုတ်ချက်တစ်ချက်လောက်တောင် လွဲချော်မှု မရှိစေခဲ့ပေ။

အဝါရောင်အဆောင်ကျမ်းစာရွက် (၁၈)ရွက်လုံးကို ရေးဆွဲပြီးသည့်နောက် သူမက လက်ကိုတစ်ချက်ခါရမ်းလိုက်ပြီး ပုရစ်တောင်ပံများကဲ့သို့ ပါးလွှာနေသည့် ကျောက်စိမ်းအဆောင်ကျမ်းစာရွက်အနည်းငယ်ကို ကောက်ယူလိုက်သည်။ ဤသာမန်အဆင့် ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့် အဆောင်ကျမ်းစာရွက် တစ်ရွက်၏ တန်ဖိုးက ယွမ် ၃သောင်းကျော်ကျသင့်ခဲ့သည်။

သူ့၏အရည်အသွေးမှာ အကောင်းဆုံးမဟုတ်ခဲ့သော်လည်း အဝါရောင်အဆောင်ကျမ်းစာရွက်များထက် အဆပေါင်းများစွာ စွမ်းအားမြင့်မားခဲ့သည်။ ကုကျစ်စုန့်၏ အဆောင်ကျမ်းစာရွက်များသည်လည်း ပစ္စည်းများအပေါ်၌ မူတည်နေတာ မဟုတ်ခဲ့ပေ။

ကုကျစ်စုန့် သစ်ကြံပိုးခေါက်မှုန့်အနည်းငယ်အား သူမ၏ လက်ချောင်းထိပ်များနှင့် ထိခဲ့ပြီးနောက် ကျောက်စိမ်းအဆောင်ကျမ်းစာရွက်ပေါ်၌ စာလုံးရေးထွင်းဖို့ကိုသာ အာရုံစိုက်ထားခဲ့သည်။ မကြာခင်အချိန်အတွင်း ကျောက်စိမ်းအဆောင်ကျမ်းစာ သုံးရွက်လုံးက တစ်ခါတည်းနှင့် ပြင်ဆင်လို့ ပြီးသွားခဲ့ချေပြီ။

သူတို့တွေ သတိမထားခဲ့မိသေးခင်မှာအတောအတွင်း အချိန်က တစ်နာရီကုန်ဆုံးသွားခဲ့ပြီ။

လီချန်ဟဲက ဆိုဖာပေါ်၌ အိပ်ငိုက်နေခဲ့ပြီး ကွမ်းကျစ်သည်ကတော့ ပလတ်စတစ်ကြိုးတစ်ချောင်းကို လက်ထဲတွင် ချည်နှောင်ထားခဲ့သည်။ ကြိုး၏ တခြားတဖက်တွင်တော့ ကြက်ဖ၏ လည်ပင်းတွင် တွဲချည်ထားခဲ့သည်။ သူသည်ကား လီချန်ဟဲကဲ့သို့ အိပ်မငိုက်နိုင်ခဲ့။ နီရဲနေသည့်မျက်လုံးတွေကိုသာ ပြူးကျယ်နေအောင် ဖွင့်ထားခဲ့ပေသည်။

အချိန် အတော်ကြာအောင်ချော့ပြီးနောက် ကြက်ဖကြီးမှာ ဆက်လက်ပြီး အော်ဟစ်မနေတော့ပဲ ဆိုဖာ၏ အခြားတစ်ဖက်တွင် ဝပ်နေလျှက်ရှိသည်။

နက်ပြာရောင်ကောင်းကင်ကြီးတွင် အဖြူရောင်အနည်းငယ်လောက် စပြီး ပေါင်းစပ်ချိန်တွင်တော့ ကွမ်းကျစ်၏ ခြေထောက်အနီးတွင် ရှိနေသည့် ကြက်ဖကြီးက သူ့၏လည်ပင်းအပေါ်သို့ မြင့်မြင့်ထောင်လာခဲ့ချေသည်။ သိပ်မကြာခင်အချိန်အတွင်း၌ ကြက်ဖကြီး၏ စူးရှကျယ်လောင်သည့် တွန်သံမှာ ဗီလာတစ်ခုလုံးအတွင်း ပဲ့တင်သံထပ်သွားခဲ့ပေပြီ။

လိုအပ်သည့်အရာအားလုံးကို ပြင်ဆင်လို့ ပြီးနေသည်မှာ ကြာပြီဖြစ်သည့် ကုကျစ်စုန့်က မျက်လုံးကို ဆတ်ခနဲ ဖွင့်လိုက်ပြီး သူမ၏လက်ထဲမှ အဝါရောင်အဆောင်ကျမ်းစာရွက် (၁၈)ရွက်ကို လှည့်ပတ်လျှက် ဝှေ့ရမ်းကာ ပို့လွှတ်လိုက်လေ၏။

ထူးဆန်းလွန်းသည့် မြင်ကွင်းတစ်ခု ဖြစ်သွားချေသည်။ ထိုအဆောင်ကျမ်းစာရွက်များက မီးရှို့ခံလိုက်ရသလိုမျိုး မီးလောင်ကျွမ်းသွားသော်လည်း ပြာကျသွားခြင်းမရှိပါဘဲ လေပေါ်တွင် တန်းစီလျက်ဝဲပျံနေခဲ့ကာ ရွှေရောင်အလင်းတန်းအနည်းငယ်ဖြင့် ဝင်းလက်နေခဲ့ချေသည်။

အိပ်မက်ထဲမှ လန့်နိုးလာခဲ့သည့် လီချန်ဟဲတစ်ယောက် မျက်လုံးဖွင့်လိုက်သည့် အချိန်တွင် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရတော့သည်။

သူ တုံ့ပြန်နိုင်ခြင်းမရှိသေးခင်မှာဘဲ ဗီလာတစ်ခုလုံး၏ အပူချိန်က ချက်ချင်းကျသွားကြောင်းကို ခံစားမိခဲ့ပြီး အအေးဓာတ်က သူနဲ့ ကွမ်းကျစ်တို့၏ အဝတ်အစားအတွင်းပိုင်းအထိ ထိုးဖောက်ဝင်လာလာခဲ့ကာ အေးစိမ့်နေမှုကြောင့် နှစ်ယောက်လုံး ချမ်းတုန်လာခဲ့ရသည်။

ဘေးနားတွင်ရှိနေသည့် ကြက်ဖကြီးက မကောင်းဆိုးရွား ဝိဉာဉ်များကို ခံစားနိုင်သောကြောင့် ဘေးပတ်လည်တွေရှိနေခဲ့သော မကောင်းဆိုးရွားများကို သိရှိနိုင်နေခဲ့ပြီး ကြောက်လန့်တကြားဖြင့် ထ၍တွန်မြည်လာခဲ့သည်။

ကုကျစ်စုန့်မှ လေသံပြင်းပြင်းဖြင့် အော်ပြောလိုက်ချေသည်။

“နှစ်ယောက်လုံး နောက်ဆုတ်နေကြ!”

သူမက ထိုသို့ပြောပြီးသည်နှင့် သူမ၏ လက်နှစ်ဖက်ကို ရှုပ်ထွေးသည့် ပုံစံတစ်ခုပြုလုပ်ခဲ့ပြီး လေသံတိုးတိုးဖြင့် ရွက်ဆိုခဲ့ချေသည်။

“Vajrasattva Mantra”

အဝါရောင်အဆောင်ကျမ်းစာရွက် ဆယ့်ရှစ်ရွက်လုံးက လေနဲ့ အတူလွှင့်သွားပြီး ‘ကျင်း’ ဟုရေးသားထားသည့် လက်ရေးလှပန်းချီကား၏အနီး ပတ်လည်တွင် သွား၍ ရပ်တန့်နေခဲ့၏။

ဤသည်က တောက်ဓမ္မပညာရပ်ထဲမှ တိုက်ခိုက်ရေးနည်းလမ်းများအတွင်းအလေးနက်ဆုံးနှင့် စွမ်းအားအကြီးဆုံး ‘စကားလုံးကိုးလုံးတွဲဂါထာ’ ဖြစ်ပေသည်။ အရှေ့ဘက်မှ ဝင်ရောက်တိုက်ခိုက်နေသည့်သူများက ဖွဲ့စည်းတည်ဆောက်ပုံအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး အတွင်းမှာရှိနေသည့်‘တိုက်ခိုက်ခြင်း’ ဆိုသည့် စကားလုံးက သတ်ဖြတ်ခြင်းအဖြစ် အသက်ဝင်လာခဲ့ချေတော့သည်။

အတောင်ကျမ်းစာရွက်များဆီမှ စွမ်းအားများနှင့် ‘တိုက်ခိုက်ခြင်း’ ဖွဲ့စည်းပုံတို့၏ စွမ်းအားအောက်တွင် ယင်ဖွဲ့စည်းပုံအတွင်း၌ ပုန်းနေခဲ့ကြသည့် မကောင်းဆိုးရွား ဝိဉာဉ်များမှာ ထပ်မံပုန်းအောင်းမနေနိုင်တော့ဘဲ ထွက်လာရတော့သည်။

အုံ့မှိုင်းနေသည့် လေထုများကြားထဲတွင် ကြောက်လန့်တကြားဖြင့် ဒူးတုန်နေကြသည့် ကွမ်းကျစ်နှင့်လီချန်ဟဲတို့ နှစ်ယောက်သည်တော့ ကုကျစ်စုန့်ဆီသို့ ပြေးဝင်နေကြသည့် မီးခိုးရောင်အရိပ်အငွေ့အားကို မြင်တွေ့နေရချေသည်။

ကုကျစ်စုန့်၏ခန္ဓာကိုယ်မှာ မိုးမခပင်လေးလိုမျိုး သွယ်လျနေသော်လည်း သူမဆီသို့ ထိခိုက်မှုမျိုး လုံးဝမရှိခဲ့ပါချေ။

သူမက ဟင်းရိုင်းပြဒါးဖြင့် ရေးဆွဲထားသည့် ကျောက်စိမ်းအဆောင်ကျမ်းစာရွက်သုံးရွက်ကို လက်ချောင်းထိပ်လေးများဖြင့် ကိုင်ထားခဲ့သည်။ အဝါရောင်အဆောင်ကျမ်းစာရွက်များက စွမ်းအားပြင်းထန်သော်လည်း ဤကဲ့သို့ ရက်စက်လွန်းပါသည့် ဖွဲ့စည်းတည်ဆောက်ပုံအဆင့်ဆင့်ကို ဖြိုဖျက်နိုင်ရန်အတွက်ကတော့ ခက်ခဲနေသေးပေသည်။ ဤကျောက်စိမ်းအဆောင်ကျမ်းစာရွက်များဖြင့်သာ ဖွဲ့စည်းပုံကို ဖျက်ဆီးနိုင်ပေလိမ့်မည်။

ကုကျစ်စုန့် ထိုကျောက်စိမ်းအဆောင်သုံးရွက်လုံးကို တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ပြီး ကျောက်စိမ်းအဆောင်သုံးရွက်လုံးမှာ အနီရောင်အလင်းများ တောက်ပလာခဲ့ကာ အလယ်နေရာဆီမှာ ရပ်တန့်ခဲ့ပြီး အရိပ်များကို ဖိနှိပ်ထားလိုက်လေ၏။

ထို့နောက်တွင်မူ အလွန်အမင်း စူးရှပြီး နာကျင်နေပုံရသည့် အသံနက်ကြီးတစ်ခုက ‘ကျင်း’ စကားလုံးထဲမှ ထွက်လာခဲ့တော့သည်။ အခန်းထဲတွင် ရှိနေကြသော တခြားလူနှစ်ယောက်မသည်လည်း ထိုအသံနက်ကြီးအား ပြတ်ပြတ်သားသားကြားလိုက်ရသောကြောင့် နှစ်ယောက်လုံး၏မျက်နှာများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်သွားရချေတော့သည်။

ထိုစဥ်တွင် ပြတင်းပေါက်၏အပြင်ဘက်မှ ခရမ်းပြာရောင်ခပ်ဖျော့ဖျော့အလင်းတန်းများ ဝင်ရောက်လာခဲ့ပြီး အခန်းတွင်းမှ အရိပ်မည်းများမှာ ရုတ်ချည်းပျောက်ကွယ်သွားခဲ့တော့သည်။ အေးစက်နေသည့် အခန်းမှာ နွေးထွေးလာခဲ့ပြီး ဆူညံနေသည့် အသံများသည်လည်း ငြိမ်သက်သွားခဲ့ချေသည်။

နှလုံးခုန်သံများ ပြင်းထန်နေခဲ့ကြသည့် ကွမ်းကျစ်နဲ့ လီချန်ဟဲတို့ နှစ်ယောက်လုံး အချိန်အတော်ကြာသည်အထိစောင့်ဆိုင်းနေခဲ့ကြပြီး ပင်မခန်းမထဲသို့ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ဖြည်းညင်းစွာ ဝင်လာခဲ့ကြသည်။

“ကုတောက်ကျန့်… အဲတာက ??”

“မကောင်းတဲ့ ဝိဉာဉ်တွေ အကုန်လုံးကို ကျွန်မရှင်းထုတ်လိုက်ပြီးပြီ”

ကုကျစ်စုန့်၏အမူအရာက အနည်းငယ်ပင်ပန်းနွမ်းနယ်နေသည့်ပုံရ၏။

ပြင်းထန်သည့် ဖွဲ့စည်းပုံမှာ သူမ၏ ဝိဥာဥ်စွမ်းအများအပြားကို ကုန်ဆုံးသွားစေသည်။ ထို့အပြင် သူမက အတောင်ကျမ်းစာရွက်များကိုလည်း အရွက်(၂၀)ကျော် ရေးဆွဲခဲ့သေးသည်။ ဤလေ့ကျင့်ထားခြင်းမရှိသည့်ခန္ဓာကိုယ်က အချိန်ကြာမြင့်စွာ တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။

ကွမ်းကျစ်၏ လေသံက ဖိနှိပ်ထားသည့် မျှော်လင့်ချက်များဖြင့် တုန်ခါနေခဲ့ချေသည်။

“တောက်ကျန့်.. ကျွန်တော့်ရဲ့အဖေကရော ဘယ်လိုလဲ..??”

ကုကျစ်စုန့်က သူမ၏ဘေးကို ညွှန်ပြလာသည်။

“သူက ဒီမှာရှိတယ်၊ ဒါပေမယ့် ရှင် သူ့ကိုမြင်နိုင်မှာ မဟုတ်ဘူး..”

ကုကျစ်စုန့်တစ်ယောက် သူမ ကြိုပြင်ဆင်ထားခဲ့သည့် ထျန်းယန်အဆောင်ကျမ်းစာရွက်ကို ကွမ်းကျစ်၏ကိုယ်ပေါ်တွင် ကပ်ပေးလိုက်ပေသည်။

အဆောင်ကျမ်းစာရွက် ကပ်ပြီးသွားသည်နှင့် ကွမ်းကျစ်ကား ကုကျစ်စုန့်၏ ညာဘက်တွင်ရှိနေခဲ့သော ထိုးဖောက်မြင်နိုင်သည့် ခန္ဓာကိုယ်နဲ့ လူတစ်ယောက်ကို မြင်လိုက်ရလေပြီ။ ထိုအမျိုးသား၏ မျက်နှာကို မြင်တွေ့ခဲ့ခတိန်တွင်တော့ အသက်လေးဆယ်ရှိပြီဖြစ်သည့် ကွမ်းကျစ်တ်ယောက် ချုံးပွဲချငိုကြွေးချေတော့သည်။

သူက ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ဒူးထောက်လိုက်ပြီး ထိုဦးတည်ရာဆီသို့ သုံးကြိမ်တိုင်တိုင် ဦးချခဲ့ကာ ငိုသံရောနှောနေသည့်အသံနှင့် အော်ခေါ်လိုက်သည်။

“ပါး!!”

ထိုဖောက်ထွင်းမြင်နေရသည်သူကား လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်တုန်းက သူ့ကိုယ်သူ မီးလောင်ကျွမ်းသွားစေခဲ့သည့် သူရဲ့ ဖခင်ဖြစ်သူ ကွမ်းလင်းသာဖြစ်ချေတော့သည်။

ဆိုးရွားသည့် ဖွဲ့စည်းတည်ဆောက်ပုံအောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်မှုဒဏ်ကို ခံစားခဲ့ရသည့် ကွမ်းလင်းမှာ အလွန်အမင်းအားနည်းနေခဲ့ပြီဖြစ်ကာ သူ့၏ဝိဉာဉ်က မကြာခင်အချိန်အတွင်း ပျောက်ကွယ်လွင့်ပါးတော့မည့်အလား ဖြစ်နေခဲ့၏။ သူ့၏မျက်လုံးများက ကြည်လင်လာသည့် အချိန်တွင်တော့ ကြမ်းပြင်ပေါ်၌ ဒူးထောက်နေခဲ့သည့် လူတစ်ဦးကို မြင်တွေ့လိုက်ရချေတော့သည်။

သူ့၏စိတ်ထဲသို့ မည်သည့်အတွေးမျိုး ဝင်ရောက်လာခဲ့သည်ကိုတော့ မသိနိုင်ခဲ့ဘဲ သူ့၏မျက်နှာက ချက်ချင်းဆိုသလို ရွံရှာစက်ဆုပ်မှုများ၊ ဒေါသတရားများဖြင့်ပြည့်လာခဲ့တော့သည်။

လာတယ်။

“ကွမ်း..ရှိူး..!!”

ကွမ်းကျစ် သူ့၏အဖေကို ထပ်မံအရိုအသေပြုနေစဥ်တွင် သူ့အဖေ၏ အက်ကွဲနေသည့် အသံကို ကြားလိုက်ရချေသည်။ သူ့ရဲ့ လက်သီးဆုပ်များက ဒေါသတရားများဖြင့် တုန်ခါသွားခဲ့တော့သည်။

ကွမ်းရှို့ဆိုတာက သူ့ရဲ့ အသက်ရှင်နေသေးတဲ့ အလွန်ကောင်းမွန်လှပါသော ဦးလေးနာမည်ပဲလေ!

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိလေထု၏အနေအထားများ ပြောင်းလဲသွားသည်ကို သတိပြုမိသွားခဲ့သည့် ကုကျစ်စုန့်တစ်ယောက်အနည်းငယ်အံ့သြသွားရလေ၏။

သူမက တစ်ချက်တည်းဖြင့် ကွမ်းကျစ်အား သုံးမီတာလောက်အထိ လွင့်သွားစေရန် ကန်ထုတ်လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် အချုပ်အနှောင်တစ်ခုစည်းတစ်ခု ပြုလုပ်ကာ ကွမ်းလင်း၏အနားသို့ ချည်းကပ်သွားခဲ့သည်။

ကုကျစ်စုန့်၏ အမြင်အာရုံထဲတွင် ဖောက်ထွင်းမြင်ရသည့် ဝိဉာဉ်ခန္ဓာကိုယ်၏ မျက်နှာပေါ်မှ အမုန်းတရားများဖြင့်ပြည့်နှက်နေသည်ကို မြင်တွေ့နေခဲ့ရသည်။ မီးခိုးရောင်အခိုးအငွေ့တစ်ခုက ဝိဉာဉ်ခန္ဓာကို လွှမ်းခြုံသွားခဲ့ပြီး ခန္ဓာကိုယ်ကလည်း တစ်ဖြည်းဖြည်းနှင့် ပိုပြီး ပုံပေါ်လာခဲ့တော့သည်။ ဤသည်ကား ကွမ်းလင်း၏ အမုန်းတရားများသာဖြစ်ချေသည်။

အသတ်ခံခဲ့ရသည်၊ သူ့၏ကိုယ်ပိုင်အိမ်ထဲတွင်ဘဲ ချုပ်နှောင်ခံထားခဲ့ရသည်၊ သူချစ်ရသည့် မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးခြင်းကို မျက်မြင်ကြုံရခဲ့သည်၊ နေ့ရောညပါ ဖွဲ့စည်းပုံအတွင်း၌ နှိပ်စက်မှုကို ခံနေခဲ့ရသည်။

သို့အတွက် လွတ်မြောက်ပြီး အသိစိတ်ပြန်ရချိန်၌ သူ့၏ပြင်းထန်လွန်းသည့် အမုန်းအာဃာတတရားများက သူ့၏ပင်ကိုယ်အသိစိတ်ကို ပျက်ပြားစေတော့သည်။

သူက အမုန်းတရားတွေကြောင့် နာကြည်းမှုတစ္ဆေအဖြစ် ပြောင်းလဲသွားတော့မှာပဲ !!!!

All Chapters