← Chapters

နှိမ့်ချခြင်း

Vol. 4 Ch. 330

နှိမ့်ချခြင်း

Vol. 4 Ch. 330

"နင်းယုကျီက ထောင်ချောက် ဆင်ခဲ့တယ်။ သူက ကျုပ်ကို ပါတီပွဲလာဖို့ ဖိတ်ခေါ်ခဲ့ပြီး လူအများရှေ့မှာ စော်ကားခဲ့တယ်။ နောက်ပြီး ကျုပ်ရဲ့ ခြေတွေ လက်တွေကို ချိုးပစ်ဖို့ထိ ခြိမ်းခြောက်ခဲ့တယ်။ ကျုပ်က သူ့ကို အဲဒီလို အရသာလေး ပြန်ပေးလိုက်ရုံပဲ။ ကျုပ်ရဲ့ လုပ်ရပ်က မျှတတယ်လို့ ခင်ဗျား ထင်လား" ချန်းဖန်က နင်းချန်းတုန်အား စူးရဲစွာ ကြည့်ရင်း မေးလိုက်သည်။

နင်းချန်းတုန်က နဖူးမှ စီးကျလာသော ချွေးများအား သုတ်လိုက်ရင်း… "ဆရာချန်း… ဒါက ခင်ဗျားရဲ့ တစ်ဖက်သတ် စကားပဲ"

"အန်ကယ်နင်း… ဒါက သူ့ရဲ့ တစ်ဖက်သတ် စကား မဟုတ်ဘူး။ ယုကျီက သူ့ရဲ့ အစီအစဉ်ကို ကျွန်မနဲ့ အခြားလူတွေကို ပြောပြခဲ့သေးတယ်။ ရှင်မယုံရင် ဘိုဖန်ကို မေးကြည့်ပါ" ကျို့လော့ရင်က ဝင်ပြောလိုက်သည်။

နင်းချန်းတုန်ကား မည်သို့ ပြန်ပြောရမည်ကို မသိတော့ချေ။ မစ္စတာချူကလည်း သူ့ထံသို့ ဆက်လက် မပြောစေလိုသည့် အကြည့်ဖြင့် ကြည့်သည်။ နင်းချန်းတုန်၏ ရှေ့တွင် ချောက်ကမ်းပါးသာ ရှိတော့ရာ သူ ဤမျှနှင့် ကျေနပ်ရန်သာ ရှိတော့၏။

နင်းချန်းတုန်မှာ မစ္စတာချူ၏ အကြည့်ကို သဘောပေါက်သည်။ မစ္စတာချူက သူ၏ အသက်ကို ကယ်ဆယ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ကျို့လော့ရင်၏ စကားအရ ချန်းဖန်က အဘိုးအိုကျန်းအား သတ်ဖြတ်ကာ ကျန်းမိသားစု ပိုင်ဆိုင်သမျှအား သိမ်းယူခဲ့သည်။ သူက ကျန်းမိသားစု အပေါ်တွင်ပင် ဤမျှလုပ်ရဲရာ နင်းမိသားစုအား ထိုသို့မလုပ်ဟု မပြောနိုင်ချေ။

သူက တွေးရင်း ချန်းဖန်အား ကြည့်ကာ… "ဆရာချန်း… ကျုပ်တို့ ဘက်က မှားမိပါတယ်။ ကျုပ်ရဲ့သားက ဆရာချန်းကို အရူးထပြီး စိတ်ခေါ်ခဲ့မိပါတယ်"

ချန်းဖန်က လက်နှစ်ဖက်အား နောက်သို့ပစ်ရင်း သူ့အား စူးရဲစွာ ကြည့်သည်။

ချန်းဖန်၏ အမူအရာအား မြင်သည်နှင့် ဆရာချန်း၏ ရက်စက်မှု အကြောင်းများက နင်းချန်းတုန်၏ စိတ်နှလုံးတွင် ထင်ဟပ်လာသည်။ သူက ကြောက်ရွံ့စွာဖြင့် ဒူးထောက် ချလိုက်ရင်း…

"ဆရာချန်း… ကျုပ်ကို ခွင့်လွှတ်ပေးပါ။ နင်းမိသားစုကို ခွင့်လွှတ်ပေးပါ။ ကျုပ်တို့ကို အသက်ရှင်ခွင့် ပေးပါ"

လူတိုင်းက ထိုမြင်ကွင်းအား ကြည့်ရင်း သက်ပြင်းရှည် ချမိတော့သည်။ နင်းမိသားစု ခေါင်းဆောင် ပင်လျှင် ထိုလူငယ်လေး ရှေ့၌ ဒူးထောက်ကာ တောင်းပန်နေရသည်။ ကြောက်ရွံ့မှုက စုဇီနှင့် စုပန်တို့၏ မျက်ဝန်း၌ ကြီးစိုး လာတော့သည်။

"မင်းရဲ့သားက ကျုပ်ကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားခဲ့တဲ့ အတွက် ကျုပ်က သူ့ကို သင်ခန်းစာ ပေးခဲ့တယ်။ ဒါက မျှတတယ်လို့ ခင်ဗျား ထင်လား" ချန်းဖန်က သူ့အား ကြည့်ရင်း ဖြည်းညင်းစွာ မေးသည်။

"ဒါက မျှတတယ် ဆိုတာထက် ပိုပါတယ်" နင်းချန်းတုန်က ခေါင်းအား မြေကြီးပေါ်တွင် မှောက်ရင်း တုန်ရီစွာ ပြောသည်။

"မင်းကရော တန်ကျင်းဖန်…" ချန်းဖန်က အကြည့်အား နင်းချန်းတုန်ဆီမှ တန်ကျင်းဖန်ထံ ရွေ့လျားရင်း မေးလိုက်သည်။

"ဆရာချန်း… ဒါက နားလည်မှု လွဲတာပါ" တန့်ကျင်းဖန်က ဖြူရော်စွာ ပြုံးရင်း ပြောသည်။ ထိုအရှုပ်အထွေး အတွင်း ပါဝင် ပတ်သက်မိသည့် အတွက် သူနောင်တ ရနေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်နှင့် ကျိ၊ စု မိသားစုနှစ်ခု တိုက်ပွဲအကြောင်း ကြားသည်နှင့် သူအပြေး ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယွင်ဝူရေ ကိစ္စ၌ သူနှင့် ချန်းဖန်အကြား မပြေလည်မှုများ ရှိရာ ယခု အခွင့်အရေးအား ဆုပ်ကိုင်၍ ချန်းဖန်ကို လက်စားချေရန် သူလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်က သူသိခဲ့သော ချန်းဖန်မှာ ကျန်းပေ့နယ်၏ သာမန် လွှမ်းမိုးသူ တစ်ယောက်သာ ဖြစ်သည်။ ယခုကဲ့သို့ တရုတ်နိုင်ငံ တစ်ခုလုံးအား လွှမ်းမိုးနိုင်သူ မဟုတ်သေးချေ။ အကယ်၍ ချန်းဖန်၏ ဂုဏ်ပုဒ်များအား သူကြိုတင် သိခဲ့ပါက ချန်းဖန်အား ဆန့်ကျင်ရန် မဆိုထာနှင့်။ ဝူကျိုးသို့ပင် သူ ရောက်လာခဲ့မည် မဟုတ်ချေ။

"နားလည်မှု လွဲတာလား…" ချန်းဖန်၏ မျက်လုံး၌ အေးစက်သော အလင်းရောင် တစ်ခု ဖြစ်တည်လာသည်။

"မင်းက ယွင်ဝူရေ ကိစ္စအတွက် ငါ့ကို လက်စား ချေချင်နေတာ ငါသိတာပေါ့။ မင်းကို အခု လွှတ်ပေးလိုက်ရင် နောက်တစ်ကြိမ် မကြိုးစားဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး"

"ကျုပ်…" သူက ဆင်ခြေပေးရန် ကြိုးစားသော်လည်း ချန်းဖန်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ် လာခဲ့သည်။

"ဒူးထောက်စမ်း…"

တန်ကျင်းဖန်မှာ ဖိအားတစ်ခုခုက သူ၏ ပခုံးအား နှိမ်ချလိုက်သည့်နှယ် ခံစားလိုက်ရ၏။ တန်ကျင်းဖန်မှာ သာမန် လူတစ်ယောက် ဖြစ်ရာ တန်ခိုးရှင် ကျင့်ကြံသူများ၏ စွမ်းအားကို အံတုရန် မဖြစ်နိုင်ပေ။ ချန်းဖန်၏ စကားအဆုံး၌ သူ၏ ဒူများက ခွေကာ မြေပြင်ပေါသို့ အရှိန်ပြင်းစွာ ကျ၏။ တန်ကျင်းဖန်က လက်များဖြင့် မြေပြင်ပေါ်သို့ ထောက်ကာ ခေါင်းအား မော့ရန် ကြိုးစားသော်လည်း အချည်းနှီးပင်။

လူများစွာမှာ ထိုမြင်ကွင်းအား ကြည့်ရင်း အသက်ပင် မရှူရဲတော့ချေ။ ယခုအချိန်၌ ချန်းဖန်ဆိုသော ကောင်လေးကား သာမန် ဆယ်ကျော်သက် တစ်ယောက်နှင့် လားလားမျှ မဆိုင်တော့ချေ။ လူများစွာ၏ သေရှင်းနှင့် ရှင်ခြင်းအား ဆုံးဖြတ်ပေးနိုင်သည့် နတ်ဘုရား တစ်ပါးနှင့်ပင် တူနေခဲ့သည်။

"မင်းက လုပ်ရဲတယ်ပေါ့" ဒူးထောက်နေသော တန်ကျင်းဖန်၏ မျက်လုံး၌ ဒေါသများက မီးပုံတစ်ခုနှယ် တောက်ပ နေခဲ့တော့သည်။ သူ၏ မျက်နှာကလည်း အဆိပ်ငွေ့ဖြင့် လွှမ်းမိုးသည့်နှယ် ပုပ်သိုးနေခဲ့ပြီး ပါးစပ်က ကျိန်စာတစ်ခုအား ရွတ်ဆိုသည့်နှယ် တီးတိုး ပြောလိုက်သည်။

သူကား ကျောင်းဟိုင်၊ တန်မိသားစု၏ ဆက်ခံသူ ဖြစ်သည်။ သူ့အနေဖြင့် ကျောင်းဟိုင်တွင် အလိုရှိသည့်အတိုင်း နေနိုင်ပြီး အရာအားလုံးအား သဘောကျ ဆုံးဖြတ်ခွင့် ရှိခဲ့သည်။ သူ့အား ယခုကဲ့သို့ စော်ကားခဲ့သူ တစ်ယောက်မျှ မရှိခဲ့ချေ။

ရည်မှန်းချက်နှင့် အမျှော်အမြင်ကြီးသော နင်းချန်းတုန်နှင့် မတူစွာပင် တန်ကျင်းဖန်မှာ ငယ်ရွယ်ပြီး စိတ်ဆတ်သော လူငယ် တစ်ယောက် ဖြစ်သည်။

"ချန်းပေ့ရွှမ်း… မင်းက ငါ့ကို တကယ် လုပ်ရဲ တယ်ပေါ့" တန်ကျင်းဖန်က ဒေါသတကြီး အော်ဟစ်သည်။

"မင်းက ဒူးထောက်ရတာ ကြိုက်ပုံ မရဘူးပဲ။ ဒါဆိုလည်း သေလိုက်တော့…" ချန်းဖန်က သူ့အား ကြည့်ရင်း ပြောလိုက်သည်။

ရုတ်တရက် တန်ကျင်းဖန်၏ ခန္ဓာကိုယ်က ပေါက်ကွဲကာ အရိုးအသား တခြားစီ ဖြစ်ကုန်တော့သည်။ တန်ကျင်းဖန် ဒူးထောက်ခဲ့သော နေရာတွင်မူ လတ်ဆတ်သော အသား၊ အရိုးများနှင့် သွေးများက ပြန့်ကျဲလျက် ရှိတော့၏။

ခန်းမတစ်ခုလုံးကား ထိုမြင်ကွင်းအား ကြည့်ရင်း အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ် သွားခဲ့တော့သည်။ ချန်းဖန်က တန်ကျင်းဖန်အား သတ်ပစ်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ချေ။

"ဒါက ဂန္ဓဝင် ပုဂ္ဂိုလ်ကြီးချန်းရဲ့ အစစ်အမှန် သရုပ်လား…"

ကျိုလော့ရင်၏ နှလုံးခုန်နှုန်းက အလွန်ပင် မြန်ဆန် လာခဲ့တော့သည်။ စုမိသားစုဝင် များစွာမှာလည်း ထိုမြင်ကွင်းအား ကြည့်ရင်း တစ်ကိုယ်လုံး တုန်ခါ နေခဲ့ကြတော့သည်။ တန်ကျင်းဖန်က စုဇီနှင့် စုချင်တို့၏ သူငယ်ချင်း ဖြစ်သည်။ သို့သော်လည်း ချန်းဖန်က သူ့အား တိရိစ္ဆာန် တစ်ကောင်နှယ် ရက်စက်စွာ အများရှေ့၌ သတ်ဖြတ်ခဲ့သည်။

စုရှောင်၏ မျက်ဝန်းများကမူ မျှော်လင့်ချက်များဖြင့် တောက်ပနေခဲ့သည်။ သူမအား ချစ်ကြိုက်သည့် လူငယ်များမှာ မရေတွက်နိုင်အောင် ရှိသော်လည်း သူမ မည်သူကိုမျှ ပြန်မချစ်ခဲ့ပေ။ ထိုလူများထဲ၌ မိသားစုကြီးများမှ ဆက်ခံသူများ၊ အလွန်ထူးချွန်သူ များစွာ ပါဝင်နေသည့်တိုင် ထိုလူများမှာ ချန်းဖန်နှင့် ယှဉ်ပါက လုံးဝ မှေးမှိန် သွားသည်။

ထိုကောင်လေးမှာ ကမ္ဘာအား အုပ်စိုးရန် မွေးဖွားလာခြင်းပင် ဖြစ်နိုင်သည်။

ကျိလျှိုကျူမှာလည်း ထိုမြင်ကွင်းအား ကြည့်ရင်း ဖြူရော်စွာ ပြုံးလိုက်သည်။

သူက ချန်းဖန်ဘက်သို့ လှည့်ကာ ခေါင်းငုံ့လိုက်ရင်း…

"ကျုပ်က ကိုယ့်သေနတ်နဲ့ ကိုယ့်ခြေထောက်ကို ပြန်ပစ်ခတ် လိုက်မိပြီပဲ။ ဆရာချန်း… ကျုပ်တို့ရဲ့ အပြုအမူတွေအတွက် တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ"

တောင်းပန်နေခိုက်မှာပင် မျက်ရည် စီးကြောင်း နှစ်ခုက သူ၏ မျက်နှာ၌ စီးကျလာသည်။

"အစ်ကိုကျိ…" စုရန်ဟိုက တီးတိုးရေရွတ်မိသည်။ အခြားလူများစွာမှာလည်း သက်ပြင်း ချမိကြသည်။ အသက်ကိုးဆယ်ကျော် အဘိုးအိုက ဆယ်ကျော်သက် လူငယ်လေးအား တောင်းပန် နေသည့် မြင်ကွင်းက သူတို့၏ စိတ်အား မသက်မသာ ဖြစ်စေသည်။

"အဘိုး…" မျက်ရည်များက ကျိလော့ချန်း၏ မျက်နှာသို့ စီးကျလာသည်။

"ပါးစပ်ပိတ်ထား။ အခုချက်ချင်း ဒူးထောက် တောင်းပန်..." အဘိုးအိုကျိက အော်ငေါက် လိုက်သည်။

ကျိလော့ချန်း၏ မျက်နှာက တစ်ခဏမျှ မည်းမှောင် သွားသည့်တိုင် ခေါင်းအားငုံ့ရင်း ဒူးထောက် လိုက်သည်။

"ဆရာချန်း… ကျွန်တော် တောင်းပန်ပါတယ်"

တိတ်ဆိတ်မှုက အခန်း တစ်ခုလုံးအား ကြီးစိုးနေခဲ့တော့၏။ မည်သူမျှပင် စကားတစ်ခွန်း မပြောရဲကြပေ။

ချန်းဖန်ကမူ လက်နှစ်ဖက်အား နောက်သို့ ပစ်ရင်း ထိုမြင်ကွင်းအား အေးဆေးစွာ ကြည့်သည်။ သူ၏ အမူအရာက နတ်ဘုရား တစ်ပါး အလားပင်။

***

All Chapters