← Chapters

ကာမအနှစ်သာရပညာရပ်

Vol. 47 Ch. 645

ကာမအနှစ်သာရပညာရပ်

Vol. 47 Ch. 645

မူပိုင်လင်းသည် ရှက်သွေးဖြာသွားပြီး တိုးညင်းစွာ ပြောသည်။

“အမိန့်အတိုင်းပါ…ဆရာ…”

ဟန်လိသည် သူမ၏ခန္ဓာကိုယ်ထံမှ အကြည့်ပြန်ရုတ်သည်။ သူသည် ဝတ်ရုံထဲမှ ခရမ်းရောင်အမိန့်ပေးကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူပြီး ၎င်းကို စားပွဲပေါ်၌ တင်လိုက်ပြီး အေးစက်စက် ပြောသည်။

“ပြန်ပြီး…လုပ်စရာရှိတာ လုပ်တော့။ နင်ရဲ့လှိုဏ်ဂူအတွက်လည်း တောင်တစ်လုံး ရွေးလိုက်။ နင် ဒီအမိန့်ပြားကိုဆောင်ထားရင် ငါ့မန္တာန်အစီအရင်တွေထဲ စိတ်ကြိုက်ဝင်နိုင်၊ထွက်နိုင်လိမ့်မယ်။ အကုန်အဆင်သင့်ဖြစ်ရင် နင့်ပေါ်မှာ စိတ်ဝိညာဉ်အတားအဆီး နေရာချမယ်။ နင်လည်း ငါ့ရဲ့တရားဝင် ကိုယ်လုပ်တော် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ နင်ကြိုက်ကြိုက်၊မကြိုက်ကြိုက် တည့်ပဲပြောထားမယ်။ နင့်မှာ မျှော်မှန်းထားတဲ့ ခင်ပွန်း ဒါမှမဟုတ် ချစ်ရတဲ့သူရှိတာ၊မရှိတာကို ငါ ဂရုမစိုက်ဘူး။ သူတို့နဲ့ ပတ်သက်သမျှကို အပြတ်ရှင်းထား။ ဘာလိုဆို အခု နင်က ငါ့ကိုယ်လုပ်တော်ဖြစ်သွားလို့ပဲ။ သူတို့နဲ့ သံယောဇဉ် မပြတ်တာမျိုးတွေရှိလာခဲ့ရင်တော့ ငါ ရက်စက်မှ အပြစ်မတင်လေနဲ့…”

“ကျမ…ငယ်ငယ်တည်းက အင်မောတယ်လမ်းကြောင်းကို လျှောက်လှမ်းဖို့ပဲ မြှုပ်နှံ့ထားတာပါ။ ကျမမှာ ချစ်သူ ဘယ်ရှိပါ့မလဲ။ ဒါ့အပြင် ကျမက ဆုံးဖြတ်ပြီးသားကိစ္စကို ပြန်ပြင်မဲ့သူမျိုး မဟုတ်ပါဘူး…”

သူမသည် စဉ်းပင်မစဉ်းစားဘဲ ကျောက်စိမ်းအမိန့်ပြားကို ချက်ခြင်းလက်ခံယူသည်။

ဟန်လိသည် ခေါင်းညိတ်ကာ နောက်ထပ်စကားမဆိုတော့ပေ။ ခဏအကြာတွင် သူသည် လူဝံရုပ်သေးတစ်ကောင်ကို ဆင့်ခေါ်ပြီး မူပိုင်လင်းကို အပြင်သို့ လိုက်ပို့ခိုင်းလိုက်သည်။

မူပိုင်လင်းသည် ထိုရုပ်သေးကိုမြင်သည့်အခါ အံ့အားသင့်သွား၏။ ရုပ်သေးသည် သူမနှင့်အဆင့်တူ ဖြစ်နေ၏။ သူမသည် ဤနေရာ၌ ဝတ်ရုံဖြူနှင့်အမျိုးသမီး ရှိနေသည့်အပေါ်တွင်လည်း စဉ်းစားမရ ဖြစ်နေသည်။ သို့ပေမည့် သူမသည် မစပ်စုဘဲ ဆိတ်ဆိတ်နေသည်ကသာ အကောင်းဆုံးဖြစ်မှန်း သိ၏။ ဤသို့ဖြင့် သူမသည် ရုပ်သေးနောက်ကနေ လိုက်၍ လှိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။

သူမ ထွက်သွားသည်နှင့် မြေခွေးဖြူသည် အခန်းထောင့်တစ်နေရာမှ ခုန်ထွက်လာသည်။ သူမက ဟန်လိရှေ့ရှိ စားပွဲပေါ်သို့ ခုန်တက်လိုက်ပြီး ဟန်လိကို မော့ကြည့်ကာ ပြော၏။

“သခင်က ဒီမိန်းကလေးကို ကိုယ်လုပ်တော်အဖြစ် အပြစ်ပေးမယ်လို့ စီစဉ်ထားပြီး နှစ်ပေါင်းသုံးဆယ်စောင့်ဖို့ ဘာကြောင့် သဘောတူခဲ့တာလဲ။ သခင့်မှာ အခြားအစီအစဉ်တွေကော ရှိသေးလို့လား…”

ဟန်လိသည် တည်ငြိမ်စွာ ပြောသည်။

“ဒါပေါ့။ အမှန်တိုင်း ပြောရရင် သူမ အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ မရောက်မချင်း သူမကို ထိဖို့ စိတ်ကူး ငါ့မှာ မရှိဘူး…”

ငွေရောင်လသည် ဟန်လိကို စဉ်းစားမရဟန်ဖြင့် ကြည့်သည်။

“ဟုတ်…ဘာကြောင့်လဲ…သခင်…”

ဟန်လိသည် သူမ၏ချစ်ခင်စဖွယ်အမူအရာလေးကိုမြင်သည့်အခါ မပြုံးမိဘဲ မနေနိုင်ဖြစ်ရသည်။ သူသည် ပန်းရောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး စားပွဲပေါ်သို့ တင်လိုက်သည်။

“လမ်းသွယ်ခြောက်ခုလက်နက်သူတော်စင်ရဲ့ တပည့်ကို သတ်ပြီးတဲ့နောက် ငါ ရခဲ့တဲ့ ဒီသိုလှောင်အိတ်ကို နင် မှတ်မိသေးလား…။ ဒီကျောက်စိမ်းပြားက သူ့သိုလှောင်အိတ်ထဲကဟာလေ။ ဒီထဲမှာ မိစ္ဆာတာအိုစုံတွဲကျင့်ကြံခြင်းပညာရပ်တွေ ပါဝင်တယ်…”

ငွေရောင်လသည် ကျောက်စိမ်းပြားကို ကြည့်ကာ ဟန်လိကို သံသယဖြစ်ဟန်ဖြင့် ကြည့်သည်။ ဟန်လိသည် သည်ကျောက်စိမ်းပြားကို ထုတ်ပြတည်းက သူမကို ရှင်းပြရမည်မှန်း သိထားပြီး ဖြစ်၏။

သူက မနှေးမမြန်လေသံဖြင့် ပြောပြသည်။

“ဒီကျောက်စိမ်းပြားထဲမှာ လျှို့ဝှက်ပညာရပ်တွေ အများကြီး ပါဝင်တယ်။ ဒီထဲမှာ သာမန်စုံတွဲကျင့်ကြံခြင်းထက် အများကြီး ပိုအစွမ်းထက်တဲ့ လျှို့ဝှက်ပညာရပ်တွေ ပါပေမဲ့ ကွဲပြားမှုကို သိပ်ထည့်တွက်လို့တော့ မရနိုင်ဘူး။ ဒါပေမဲ့ ဒီပညာရပ်တွေထဲမှာ ထူးခြားတဲ့နှစ်မျိုးတော့ ပါနေတယ်။ တစ်ခုကတော့ နဂါးလမ်းညွှန်ပညာရပ်ပဲ။ ဒါက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်အတွက် ပိုသင့်တော်တယ်။ ထူးခြားတဲ့ဖွဲ့စည်းပုံပိုင်ဆိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့အပျိုစင်ယင်ဓာတ်ကို အသုံးပြုမယ်ဆို ကျင့်ကြံမှုအဆင့် အများကြီး တိုးတက်သွားနိုင်တယ်…”

“ဒါပေမဲ့…ဒီလျှို့ဝှက်ပညာရပ်က အမျိုးသမီးရဲ့မူလချီကို အကြီးအကျယ်ထိခိုက်စေတယ်။ ဒါကြောင့် ဒီပညာရပ်ကို အသုံးပြုတဲ့ အမျိုးသားကျင့်ကြံသူတွေဟာ ကိုယ်လုပ်တော်အများအပြားရှိမှ အဆင်ပြေမှာ။ လက်နက်သူတော်စင်ရဲ့ တပည့်ရင်းဘေးမှာ အခြေခံတည်ဆောက်ခြင်းအဆင့်အမျိုးသမီးတွေ အများအပြားရှိပုံထောက်တော့ သူ…ဒီပညာရပ်ကို ကျင့်ကြံလောက်တယ်။ မဟုတ်ရင် ပါရမီဘယ်လောက်ကောင်းကောင်း သူဟာ အဲ့လောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ထိ ဘယ်လိုလုပ် ကျင့်ကြံနိုင်ပါ့မလဲ။ တကယ်တော့ သူ့မှာ အပင်တွေကို သက်တမ်းရင့်စေနိုင်တဲ့ ပုလင်းမျိုး မပိုင်ဆိုင်ထားဘူးလေ…”

“အခြားပညာရပ်တစ်ခုကတော့ ကာမအနှစ်သာရပညာရပ်ပဲ။ ဒီပညာရပ်ဟာ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေအတွက် အထူးပြုထားတာ။ နဂါးလမ်းညွှန်ပညာရပ်နဲ့ မတူတာက ဒီပညာရပ်ရဲ့လိုအပ်ချက်ဟာ အမျိုးသမီးတစ်ယောက်အနေနဲ့ အမြုတေအဆင့် ရှိနေဖို့လိုတယ်။ သူမဟာ အဲ့ပညာရပ်ကို အဆင့်တစ်ခုထိ နက်နက်နဲနဲ ကျင့်ကြံထားမယ်ဆို သူ့အဖော်အမျိုးသားကျင့်ကြံသူဟာ သူမရဲ့အပျိုစင်ယင်ဓာတ်ကို သုံးပြီး ကျင့်ကြံခြင်းအဆင့်တစ်ဆို့ခြင်းကို အတင်းအကြပ် ချိုးဖျက်နိုင်တယ်။ ဒါကြောင့် မူပိုင်လင်းကို အစွမ်းကုန်ကျင့်ကြံစေချင်တာ ငါ့ဆန္ဒပဲ…”

“နဂါးလမ်းညွှန်ပညာရပ်။ ကာမအနှစ်သာရပညာရပ်။ ဒီစုံတွဲကျင့်ကြံခြင်းပညာရပ်တွေဟာ အတော်လေးကြောက်မက်ဖွယ်ကောင်းတယ်လို့ ပြောကြတာဟာ ချဲ့ကားကြတာ မဟုတ်ဘူးလား…”

ဟန်လိက သက်ပြင်းချ၍ ပြောလိုက်၏။

“အစကတော့ ငါလည်း အဲ့လိုထင်တာပဲ။ ဒါပေမဲ့ ဒီကျောက်စိမ်းပြားထဲမှာ မှတ်တမ်းတင်ထားတဲ့ စုံတွဲကျင့်ကြံခြင်းပညာရပ်တွေအကြောင်း ဖတ်ကြည့်ပြီးတော့ ငါ့သံသယတွေ ပျောက်သွားခဲ့တာ…”

ငွေရောင်လသည် တစ်ခုခု တွေးမိသွားပြီး ခပ်တိုးတိုး ဆိုလိုက်သည်။

“အန်…ဖြစ်နိုင်တာက…”

ဟန်လိသည် လေးနက်စွာ ပြောသည်။

“အမှန်ပဲ။ ဒီစုံတွဲကျင့်ကြံခြင်းပညာရပ်တွေဟာ လက်နက်သူတော်စင်ကိုယ်တိုင် ညွှန်းဆိုထားခဲ့တာပဲ။ သူဟာ ပြန့်ကြဲကြယ်ပင်လယ်ရဲ့ မိစ္ဆာတာအိုဘက်မှာ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် လူသိများတဲ့ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတော့ သူ ညွှန်းတဲ့ ပညာရပ်နှစ်ခုဟာ အကျိုးရှိနိုင်မှာ အမှန်ပဲ။ မဟုတ်ရင် သူ့တပည့်က ဒီပညာရပ်တွေပါတဲ့ ကျောက်စိမ်းပြားကို ကိုယ်နဲ့မကွာ ဘယ်ဆောင်ထားပါ့မလဲ…”

ငွေရောင်လေသည် သူမ၏အမွှေးပွပွဦးခေါင်းကို လက်ဖြင့်ထိုးဖွလိုက်ပြီး ချိတုံချတုံ မေးလာသည်။

“ဆိုတော့…သခင်က…အဲ့အမျိုးသမီးကို အသုံးချပြီး ကျင့်ကြံဖို့ စီစဉ်ထားတာပေါ့…”

“အမှန်ပဲ…။ သူမသာ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ကို ရောက်တာနဲ့ ငါတို့ ကာမအနှစ်သာရပညာရပ်ကို ကျင့်ကြံမယ်။ ငါ အဆင့်တစ်ဆို့တဲ့အခါကျရင် ဒီပညာရပ်ကိုအသုံးပြုပြီး ချိုးဖျက်မဘ်။ တကယ်တော့ စဦးစိတ်ဝိညာဉ်အဆင့်မှာက ကျင့်ကြံခြင်းကို အထောက်အကူပြုပေးနိုင်တဲ့ ဆေးဝါးဆိုတာ အနည်းအကျဉ်းပဲ ရှိတော့တာ မဟုတ်လား။ ခုချိန်ကစပြီး ငါ့ရဲ့ကျင့်ကြံခြင်းနှုန်းဟာ နှေးသွားတော့မှာ။ စဦးစိတ်ဝိညာဉ်အဆင့်အများစုဟာ အစောပိုင်းအဆင့်မှာပဲ တစ်နေကြတာကို ကြည့်ရင် အလယ်အဆင့်ထိ ချိုးဖျက်နိုင်ဖို့ အလွန်ခက်ခဲတယ်ဆိုတာ သိသာတယ်။ ဒါကြောင့် အဲ့ပညာရပ်ရဲ့ အကျိုးအာနိသင်က ဘယ်လိုပဲဖြစ်နေပါစေ….ငါ ကြိုးစားကြည့်ရမှာပဲ…”

“နှမြောစရာကောင်းတာက ဒီပညာရပ်ကို ပထမဆုံးအကြိမ် အသုံးပြုတဲ့အခါမှာပဲ အဆင့်တစ်ဆို့မှုကို ချိုးဖျက်ပေးနိုင်တာ။ နောက်ကျရင် အာနိသင် ရှိတော့မှာ မဟုတ်ဘူးလို့ ဖော်ပြထားတာပဲ။ တကယ်တော့ ဒီပညာရပ်ဟာ အမျိုးသမီးအတွက်လည်း အကျိုးကျေးဇူးရှိနိုင်တာပါပဲ။ အမျိုးသားဖြစ်တဲ့သူရတဲ့ အကျိုးကျေးဇူးလောက်တော့ မများဘူးပေါ့လေ။ ငါ့ကို ပြောစမ်းပါ။ ကိုယ်လုပ်တော်တစ်ယောက်ထားမဲ့ ငါ့စိတ်ကူးက မှားနေလား…”

ဟန်လိသည် မြေခွေးဖြူကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်လေသည်။

ငွေရောင်လသည် စိတ်အေးသွားဟန်ဖြင့် ပြုံး၍ ပြောလာသည်။

“စစချင်းတုန်းကတော့ သခင်ဟာ အမြုတေဖွဲ့စည်းပြီးတဲ့နောက် မော်ကြွားသွားပြီး ကိုယ်လုပ်တော်တစ်ယောက်ထားတာလို့ ကျမ ထင်နေခဲ့မိတာ...”

ဟန်လိသည် ထိုစကားကိုကြားသည့်အခါ အမူအရာမဲ့စွာဖြင့် ပြန်ပြောသည်။

“စိတ်ဝိညာဉ်အတားအဆီးတစ်ခုကို အဲ့အမျိုးသမီးအပေါ် ငါ ထားထားပေမဲ့ ငါ့လှိုဏ်ဂူထဲမှာရှိတဲ့ လျှို့ဝှက်ချက်တွေကို သူ မသိတာ ပိုကောင်းလိမ့်မယ်။ ငါသူမရဲ့ အသက်ကို ထိန်းချုပ်နိုင်ပေမဲ့ သူမအတွေးတွေကိုတော့ ထိန်းချုပ်နိုင်လိမ့်မှာ မဟုတ်လို့ပဲ။ ဒါကြောင့် ငါ သူမကို ကောင်းကောင်းဆက်ဆံပေးမယ်လို့ ပြောခဲ့တာဟာ လိုအပ်လို့ ပြောခဲ့တာပဲ။ အရင်ဆုံးတော့ ငါ သူမကို သတိထားပြီး ဆက်ဆံရမယ်။ ဒါမှသာ သတိလက်လွတ်ပေါ့ဆမှုလေးတစ်ခုခုကြောင့် ငါ့အပေါ် သစ္စာဖောက်သွားတာမျိုး မဖြစ်မှာ…”

“အဲ့ဒီ မူပိုင်လင်းက အတော်လေးတော့ ဉာဏ်ပြေးတယ်။ ဒါကြောင့် သူ့ကို စောင့်ကြည့်မယ်ဆို ခပ်ခွာခွာကနေ စောင့်ကြည့်တာ အကောင်းဆုံးပဲ။ သူမကသာ ငါ့နောက်လိုက်လုပ်ဖို့ တကယ်ဆန္ဒရှိတယ်ဆို ငါလည်း မျှမျှတတ ဆက်ဆံပေးပြီး သူမရဲ့ ကျင့်ကြံခြင်းကို ကူညီပေးမှာပါ။ တကယ်တော့ ငါ့မှာ အဆင့်နိမ့်ဆေးလုံးတွေ ပေါမှပေါပဲ။ ငွေရောင်လေ…နင် အားတဲ့အခါတိုင်း ငါ့အစား သူမကို စောင့်ကြည့်ပေးထားပါ။ ဒီကိစ္စက နင့်ရဲ့အရည်အချင်းနဲ့ဆို ပမွှားပါပဲ…”

ငွေရောင်လသည် နာခံသည်။

“ဟုတ်ကဲ့ပါ…သခင်။ သခင် တံခါးပိတ်ကျင့်ကြံတဲ့အခါ ကျမ သူမကို သေချာစောင့်ကြည့်လိုက်ပါ့မယ်…”

“ကောင်းပြီလေ…နှစ်ပေါင်းသုံးဆယ်ဆိုတဲ့အချိန်ဟာ ငါ့အနေနဲ့ သူမအကြောင်း သိဖို့ လုံလောက်ပါတယ်လေ။ သူမ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ…”

ဟန်လိ၏လေသံသည် ခြိမ်းခြောက်ဟန် ပါနေသည်။

နောက်လေးငါးရက်အကြာတွင် မူပိုင်လင်းသည် တောင်ပေါ်သို့ ပြန်ရောက်လာခဲ့ပြီး ဟန်လိ၏စိတ်ဝိညာဉ်အတားအဆီးကို လက်ခံသည်။ ယင်းနောက် သူမသည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများအတွက် အကျိုးရှိစေမည့်ဆေးလုံးများ လက်ဆောင်ပြန်ရသည်။ ထိုလက်ဆောင်က သူမကို အံ့အားသင့်သွားစေပြီး ကျေနပ်ရွှင်လန်းသွားစေသည်။ သူမသည် ဟန်လိကို ကျေးဇူးတင်ကြောင်း တလေးတစား ပြော၏။ ဤအခိုက်အတန့်တွင် သူမသည် ဟန်လိ၏ကိုယ်လုပ်တော်တစ်ယောက် အမှန်တကယ် ဖြစ်လာချင်နေသည့်အလားပင်။

ငွေရောင်ဆံပင်အဘိုးအိုနှင့် ကျင့်ကြံသူလုတို့တို့ထံ မူပိုင်လင်းအား ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ကြောင်း အကြောင်းကြားခဲ့ပြီးနောက် သူတို့နှစ်ယောက်သည် ဂုဏ်ပြုစကားများ ပြော၍ မူပိုင်လင်းကို ထိပ်တန်းမှော်လက်နက်တစ်ခု လက်ဆောင်ပေးခဲ့လေသည်။ ဟန်လိသည် ပြုံး၍သာ တုံ့ပြန်ပြီး သူတို့ကို ကျေးဇူးတင်ကြောင်း ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်၏။

ခုချိန်ကစ၍ မူပိုင်လင်းသည် ပင်မတောင်ထွတ်အား ဝိုင်းရံထားသော တောင်ငယ်များထဲမှတစ်လုံးပေါ်တွင် စတင်ကျင့်ကြံပေတော့မည်။ သူမသည် ဟန်လိထံမှ လမ်းညွှန်မှုနှင့်ဆေးလုံးအကူအညီတို့ကိုလည်း ရရှိတော့မည် ဖြစ်သည်။

ဤအတောအတွင်း ဟန်လိသည် ဂိုဏ်းရှိ အခြားစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှစ်ယောက်ထံသို့လည်း အလည်သွားကာ ကျင့်ကြံခြင်းလမ်းညွှန်မှုပေးရန် နှိမ့်ချကာ မေးမြန်းခဲ့သည်။ ထိုအကြီးအကဲနှစ်ယောက်ကလည်း ဟန်လိကို သူတို့သိသမျှ သေချာရှင်းပြပေးခဲ့ကြပြီး ထိန်ချိန်မထားခဲ့ပေ။ သည့်အတွက်ကြောင့် ဟန်လိသည် အကျိုးများစွာ ရရှိခဲ့၏။ သူ့အနေဖြင့် ဤဂိုဏ်းတွင် နေထိုင်ရန် ရွေးချယ်ခဲ့ခြင်းသည် အတော်လေး မှန်ကန်ခဲ့သည်ဟုပင် ခံစားသွားရသည်။

နောက်လများတွင် ဟန်လိသည် ဆေးဥယျာဉ်ထဲရှိ စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်သည် အပင်ဝတ်ရည် စပြီးစိမ့်ကျနေကြောင်း တွေ့ရှိသည့်အခါ ကျေနပ်ပျော်ရွှင်သွားသည်။ သူသည် ဆံပင်စုတ်ဖွားနှင့်ကျင့်ကြံသူ ချန်ထားခဲ့သည့် ညွှန်ကြားချက်များအတိုင်း တောက်ပမြင်ကွင်းအရည်ကို စတင်သန့်စင်တော့သည်။

ဆေးပညာရပ်၌ ဟန်လိ၏ကျွမ်းကျင်မှုကြောင့် သူသည် ထိုအရည်ကို အလျင်အမြန်ပင် သန့်စင်နိုင်ခဲ့ပေသည်။

ဆေးဝါးဖော်စပ်ခြင်းအခန်းထဲ၌ လက်ရှိတွင် ဟန်လိသည် အစောပိုင်တုန်းက သူ ဖော်စပ်ခဲ့သော တောက်မြင်ကွင်းအရည်ပုလင်းနှစ်ပုလင်းကို ကိုင်ထားလျက် ရှိသည်။ တစ်ခုခု တွေးမိသွားပြီး သူ့အကြည့်မှာ တောက်ပသွားသည်။ ခဏအကြာတွင် သူသည် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တော့သည်။ သူသည် ပုလင်းကို လက်တစ်ဖက်ဖြင့်ဖွင့်လိုက်သည်။ အပြာရောင်လဲ့လဲ့အရည်သည် ပုလင်းထံမှ စီးကျလာပြီး ဟန်လိ၏နဖူးထက်သို့ ဖြည်းဖြည်းချင်း ဦးတည်လာ၏။

၎င်းအရည်သည် ဟန်လိ၏နဖူးရှေ့ ရောက်လာချိန်တွင် ၎င်းက ရုတ်တရက် ရပ်တန့်သွားသည်။ ဟန်လိသည် ထိုအရည်ကို မျက်လုံးမှေးကျဉ်း၍ ကြည့်ရှုလိုက်ပြီး ငြိမ်သက်စွာ ရှိနေ၏။ ခဏအကြာတွင် သူသည် ပါးစပ်ဟကာ မိုးပြာအလင်းမြူတစ်ခုကို ထွေးထုတ်၍ ထိုအရည်အား ခြုံလွှမ်းစေသည်။ ထို့နောက် အရည်သည် တလက်လက်တောက်ပလာပြီး ရေထံမှ အမျှင်တန်းနှစ်ခုသည် ရုတ်တရက် ထိုးထွက်လာပြီး ဟန်လိ၏မျက်ဝန်းထဲ ဝင်ရောက်သွားသည်။

ဟန်လိသည် သူ့မျက်ဝန်းမှာ နွေးထွေးသွားသည်ဟု ခံစားမိ၏။ သို့ပေမည့် ခဏအကြာတွင် ထိုနွေးထွေးမှုမှာ အရိုးတမျှအေးစိမ့်မှုအဖြစ်သို့ ပြောင်းသွားသည်။ သူ မျက်လုံး ခပ်တင်းတင်းပိတ်လိုက်၏။ အာရုံခံစားမှုကြောင့် သူမျက်တောင်တို့မှာ တုန်ခါနေ၏။

All Chapters