← Chapters

သုံးယောက်အုပ်စု

Vol. 47 Ch. 648

သုံးယောက်အုပ်စု

Vol. 47 Ch. 648

ဖူဂိုဏ်း၏အဓိကအမာခံနယ်မြေသည် ယွမ်ဝူဒေသ၏အနောက်ဘက် တောင်တန်းများအတွင်းနက်ပိုင်း၌ တည်ရှိလေသည်။ ယင်းတောင်တန်းကို တစ်နှစ်ပတ်လုံး ခရမ်းရောင်မြူများနှင့် ခြုံလွှမ်းချိပ်ပိတ်ထားသဖြင့် ခရမ်းလမ်းတောင်တန်းများဟု လူသိများကြ၏။ ယင်းမြူများထဲသို့ နက်နက်နဲနဲ ဝင်ရောက်မိသွားသော သေမျိုးများကိုမူ နောက်တစ်ဖန် လုံးဝ ပြန်တွေ့ရတော့မည် မဟုတ်ပေ။ ထိုမြူများအတွင်း၌ အချိန်ကြာကြာ နေထိုင်မိသွားပါက သေမျိုးများ၏လည်ချောင်းများ ရောင်ရမ်းဖောင်းလာပြီး မျက်လုံးများ စပ်ဖျဉ်းကုန်ကြပေလိမ့်မည်။ ကြာကြာထိတွေ့မိပါက အဆိပ်ကြောင့် သေဆုံးသွားနိုင်သည့်အထိပင်။

ဒေသခံများသည် ဤမြူများကို ဘေးအန္တရာယ်ဟု သိထားကြပြီး ရှောင်ကွင်းကြသော်လည်း ဘူမသိကိုးမသိ အပြင်လူများကတော့ ထိုမြူများထဲ အန္တရာယ်ကို မမြင်ဘဲ ဝင်ရောက်မိပြီး အသက်ဆုံးသွားရသည်ပင်။ ဖူဂိုဏ်းသည် မြူများကြောင့် သေမျိုးများ သေဆုံးရခြင်းကို သိ၏။ သို့သော် သူတို့ကား လားလားမျှ အရေးမစိုက်ပေ။ သေသွားတာ ဘာဖြစ်သနည်းဟုလောက်သာ သဘောထားကြသည်။ ဖူဂိုဏ်းသည် ထိုခရမ်းရောင်အဆိပ်တိမ်အစီအရင်ကို ဖန်တီးနိုင်ရန် များစွာအားစိုက်ထုတ်ခဲ့ရပြီး ၎င်းကို တည်ဆောက်ရန်အတွက် အစီအရင်ပညာရှင်များကိုပါ ခေါ်ယူခဲ့သေးသည်။ ထို့အပြင် ဤမြူများကြောင့် သေမျိုးများ သေဆုံးရခြင်းမှာ ကံကောင်း၍ဟုပင် သူတို့ဘက်က သတ်မှတ်ထားကြသည်။

ပြီးခဲ့သောရက်ပိုင်းများအတွင်း၌ ခရမ်းလမ်းတောင်တန်းပေါ်ရှိ ခရမ်းမြူများသည် မူမပျက်ရှိနေဆဲပင်။ သို့သော် မြူများအတွင်း၌မူ လှုပ်ရှားမှုများ ရှိနေလေသည်။ မြူများအပြင်ဘက်၌ ကျင့်ကြံသူများ မကြာခဏဆိုသလို ပေါ်လာပြီး တစ်စုံတစ်ခုကို လှမ်းလှမ်းအော်ကြသည့်အဖြစ်များ ရှိနေခြင်းပင်။ ယင်းနောက် ထိုကျင့်ကြံသူများထံ အနီရောင်ဖိတ်ကြားစာတစ်ခု ပေါ်လာပြီး သူတို့သည် မြူများထဲသို့ ပျောက်ကွယ်သွားကြသည်။

ခရမ်းလမ်းတောင်တန်းနှင့် အနီးဆုံးတွင် သေမျိုးများ အခြေချနေထိုင်သော မြို့ငယ်တစ်မြို့ ရှိ၏။ ၎င်းကို ထိုက်ဟဲမြို့ဟု ခေါ်သည်။ ထိုမြို့ငယ်သည် ငါးကီလိုမီတာပတ်လည်လောက်သာ ရှိပြီး မြို့ခံလူဦးရေမှာ တစ်ထောင်ပင် မပြည့်ပေ။ သို့သော် မြို့၏အင်္ဂါရပ်များဖြစ်သော တည်းခိုးခန်းများ၊ စားသောက်ဆိုင်များကိုမူ ဤမြို့ငယ်လေး၌ တွေ့ရနိုင်၏။

အယ်အာသည် ထိုက်ဟဲမြို့ရှိ တည်းခိုးခန်းနှစ်ခုထဲမှ တစ်ခုရှိ စားပွဲထိုးကောင်လေးတစ်ယောက် ဖြစ်၏။ သူသည် ဆယ့်ကိုးနှစ်အရွယ်သာ ရှိသေးပြီး စားပွဲထိုးလုပ်သက်ကတော့ လေးနှစ်ရှိလာခဲ့ပေပြီ။ ပိန်ကပ်ကပ်ခန္ဓာကိုယ်နှင့်အယ်အာသည် တည်းခိုးခန်းတံခါးဘေးတွင် ရပ်ကာ လမ်းသွားလမ်းလာများကို စိတ်မပါလက်မပါဖြင့် ခေါ်နေ၏။ ထိုသို့ဖြစ်ရခြင်းမှာ အယ်အာက ငပျင်းတစ်ယောက် ဖြစ်နေသောကြောင့်မဟုတ်၊ ရာသီဥတုကိုက ခြစ်ခြစ်တောက် ပူပြင်းနေသောကြောင့်သာ။ တစ်မနက်ခင်လုံး နေပူပူထဲမှာ ဧည့်သည် အော်ခေါ်နေပြီးနောက် သူ ပမ်းနေပေပြီ။ အယ်အာ၏ စိတ်မပါလက်မပါ အပြုအမူအတွက် ဆိုင်ရှင်လူဝကြီးလျှိုသည်ပင် မသိချင်ယောင်ဆောင်ပေးထား၏။ ဆိုင်ရှင်လျှိုက မကျေမနပ်ဟန် ဖြစ်နေသော်လည်း အယ်အာကို ခေါ်ဆူမနေတော့ဘဲ ပေသီးသာ မဲခေါက်နေလျက် ရှိ၏။

အပြင်ဘက်ကောင်းကင်ယံရှိ အဖြူရောင်တိမ်စိုင်များကိုကြည့်ကာ အယ်အာသည် စိတ်ထဲ၌ ကျိန်ဆဲနေမိသည်။ ထို့နောက် ခေါင်းငုံ့ကာ သူသည် တိုးတိုးတိုးတိုး ရေရွတ်နေ၏။ သူ ပြောတာ သူကိုယ်တိုင်ပင် မကြားရပေ။

သူသည် ဆိုင်ရှင်လျှိုကို ပြောဆိုပြီး ရင်ထဲကအပူမီးအေးအောင် ရေခဲရည်လေး သောက်ရင်ကောင်းမလားဟု တွေးနေရုံရှိသေး ကောင်းကင်မှာ ရုတ်တရက် မှိန်ဖျော့သွားပြီး စိမ့်ခနဲ့ ခံစားမိသွားသည်။ အယ်အာသည် အံ့အားသင့်သွားပြီး ခေါင်းမော့ကာ ကောင်းကင်ထက်သို့ မော့မကြည့်ဘဲ မနေနိုင် ဖြစ်သွားရသည်။

သူ ထိတ်ထိတ်ပျာပျာလည်း ဖြစ်သွားသည်။ သူသည် လူထူးခြားသုံးယောက် မည်သည့်အချိန်ကမှန်းမသိဘဲ သူ့ရှေ့၌ ပေါ်လာတာကို တွေ့လိုက်ရ၏။

ထိုထဲမှတစ်ယောက်သည် လျှော်ပင်ဝတ်ရုံကို ဝတ်ထားကာ မြက်ဦထုပ်အရှည်ကို ဆောင်းထား။ တစ်ယောက်ကမူ ပုတိုတို၊ဝဖိုင့်ဖိုင့် ဖြစ်၏။ အခြားတစ်ယောက်ကမူ ဦးခေါင်းပြောင်လူကြီးတစ်ယောက်ပင်။ နောက်ဆုံးတစ်ယောက်ကမူ မျက်နှာပေါ် ဆံပင်များအုပ်နေသောလူတစ်ယောက်ပင်။ သူ့မျက်နှာပေါ်တွင် ကြမ်းကြုတ်ရက်စက်မည့်ဟန် ပေါ်လွင်နေပြီး သူ၏မျက်လုံးများက အေးစက်လှ၏။ စားပွဲထိုးသက်တမ်းရင့်နေပြီဖြစ်၍ အယ်အာသည် မည်သို့ဆက်ဆံရမလဲ နောကြေနေလေပြီ။ သူသည် ချက်ခြင်း ပြုံး၍ ကြိုဆိုပြောဆိုလိုက်သည်။

“ဧည့်သည်တော်တို့…ဒီတည်းခိုခန်းမှာ တည်းမလို့ပါလား…”

အယ်အာသည် အတွေ့အကြုံအရ ထိုသူများသည် ပုံပန်းသွင်ပြင် ကြမ်းတမ်းပုံပေါ်နေသော်လည်း လက်ဖွာမည့်သူများ ဖြစ်နိုင်လောက်မှန်း သိနေသည်။

ဂင်တိုတိုနှင့်တစ်ယောက်က မျက်လုံးကစားလိုက်ပြီး ငွေတုံးတစ်တုံးကို ထုတ်ယူ၍ စားပွဲထိုး၏ရင်ဘက်ထဲ ပစ်ပေးကာ စိတ်မရှည်သည့်လေသံဖြင့် ပြောလိုက်သည်။

“အပိုတွေ လုပ်မနေနဲ့။ ကျုပ်တို့က ဒီမှာမတည်းဘဲ ဘာလို့ ဒီတည်းခိုခန်းရှေ့မှာ လာရပ်နေရမှာလဲ။ ကျုပ်တို့အတွက် ဒုတိယထပ်မှာ အခန်းတစ်ခု ပြင်ဆင်ပေးထား။ အကောင်းဆုံးဟင်းလျာနဲ့ အရက်လည်း တစ်ခါတည်း စီစဉ်ပေးထားချေ…”

အယ်အာ၏တုံ့ပြန်မှုကို စောင့်မနေတော့ဘဲ ဆိုင်ရှင်လျှိုသည် ကမန်းကတန်း ထလာပြီး တံခါးနားရောက်လာကာ အယ်အာ၏လက်ထဲရှိ ငွေတုံးကို ချက်ခြင်းယူဆောင်သည်။ ထို့နောက် သူက ကပ်ဖားယပ်ဖားလေသံဖြင့် ပြောလိုက်သည်။

“ကောင်းပါပြီ…ကောင်းပါပြီ။ ကျေးဇူးပြုပြီး…ဝင်ကြပါ…ဆရာတို့။ ကျုပ်တို့ရဲ့ အကောင်းဆုံးအစားအသောက်တွေ၊ အရက်တွေ ပို့ဆောင်ပေးပါ့မယ်။ အယ်အာ…အခန်းမြန်မြန်ပြင်ပေးလိုက်စမ်း။ ဖင်လေးမနေနဲ့…”

“ဟုတ်ကဲ့ပါဗျ…” ဆိုင်ရှင်၏အပြုအမူကြောင့် အယ်အာသည် စိတ်ထဲ၌ မကျေမနပ်ဖြစ်သွားသော်လည်း နာခံရုံသာတတ်နိုင်ပေသည်။

စိတ်ထဲ၌ ဆိုင်ရှင်လျှိုကို ကျိန်ဆဲနေရင်း အယ်အာသည် လူစိမ်းသုံးယောက်ကို ဒုတိယထပ်ရှိ အခန်းတစ်ခုထံ ခေါ်လာသည်။

“အန်…” အယ်အာသည် သူတို့နားမှ ထွက်လာရုံရှိသေး ခြစ်ခြစ်တောက်အပူဓာတ်က ရုတ်တရက် ပြန်ပေါ်လာလေသည်။ ထိုသို့ရုတ်တရက် ပြောင်းလဲမှုကြောင့် သူ့စိတ်ထဲ သံသယ ဖြစ်သွားပြီး နောက်ပြန်ကြည့်လိုက်မိသေးသည်။ ခေါင်းထဲ၌ စဉ်းစားနေရင်း သူသည် စိတ်ရှုပ်ထွေးစွာဖြင့် ဒုတိယထပ်မှ ပြန်ဆင်းလာခဲ့သည်။

စားပွဲတစ်ခု ခပ်မြန်မြန် ပြင်ဆင်ပြီးနောက် အယ်အာသည် အစေခံတစ်ချို့နှင့်အတူ ပြန်လာခဲ့သည်။ ကျင့်ကြံသူများသည် အခန်းထဲရှိ စားပွဲဝိုင်းတွင် တိတ်ဆိတ်စွာ ရှိနေကြ၏။

အယ်အာသည် သူတို့ကို မြင်သည့်အခါ ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။ ဆံပင်ချထားသော ကျင့်ကြံသူက သူ့ထံ အေးစက်စက်တစ်ချက်လှမ်းကြည့်သည်။ အယ်အာသည် ရေခဲတောထဲ နစ်မြုပ်သွားသည့်နှယ် အေးစက်မှုကို ချက်ခြင်းခံစားရသည်။ ထိတ်လန့်သွားပြီး သူက ခေါင်းငုံ့ကာ အခန်းထဲကနေ ကြောက်ကြောက်လန့်လန့် ပြန်ထွက်လာခဲ့သည်။

အခန်းထဲရှိ သုံးယောက်သားကမူ နောက်ဆုံးတွင် စကားစပြောကြလေပြီ။

အခန်းအပြင်ဘက်တွင် မည်သူမျှမရှိတာကို အာရုံခံမိသည့်အခါ ဂင်တိုတိုနှင့်လူက ရယ်မောကာ ဆံရှည်ပုဂ္ဂိုလ်ထံ စကားဆိုလာသည်။

“မိတ်ဆွေကြီးဟန်…ခင်ဗျားက ဘာကြောင့် သေမျိုးတစ်ယောက်ကို သွားခြောက်လန့်ရတာလဲ။ အဲ့ကောင်ကို သဘောမတွေ့လို့လား…”

ဆံရှည်လူက ပွင့်ပွင့်လင်းလင်း ပြန်ပြောသည်။

“ထွေထွေထူးထူး မဟုတ်ပါဘူး။ အဲ့စားပွဲထိုးလေးမှာ စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားလို့ ကျုပ် သတိထားကြည့်လိုက်တာ။ ဒါပေမဲ့ သူ့ပါရမီက ဖျင်းလွန်းပါတယ်။ သူ့အနေနဲ့ ချီစုဆောင်းခြင်းအဆင့်လေးလောက်ထိပဲ ရောက်နိုင်လိမ့်မယ်…”

ဂင်တိုတိုလူကြီး၏အမူအရာ၌ အံ့အားသင့်ဟန် ပေါ်သွားပြီး ပြောလာသည်။

“စိတ်ဝိညာဉ်ရင်းမြစ်လား။ အံ့ဩစရာပဲ။ ဒါပေမဲ့ အစ်ကိုဟန်က မစမ်းသပ်ကြည့်ဘဲ စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားမှန်း မြင်နိုင်တယ်လား။ ကြည့်ရတာ အစ်ကိုဟန်က အတော့်ကို ထူးချွန်တဲ့လူမျိုး ဖြစ်ပုံရတယ်ဗျ…”

ဆံရှည်ကျင့်ကြံသူသည် ဂင်တိုတိုလူကြီးကိုတစ်ချက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ကျုပ်ရဲ့ ကျင့်ကြံမှုက ရောင်းရင်းတို့နှစ်ယောက်လောက် မမြင့်ပါဘူး။ ဒီလိုသိရတာက ကျုပ် ကျင့်ကြံတဲ့ လျှို့ဝှက်ပညာရပ်နဲ့ ဆက်စပ်နေလို့ပါ…”

ဂင်တိုတိုနှင့်ကျင့်ကြံသူသည် သက်ပြင်းချကာ ခါးသီးစွာ ရယ်မောလိုက်၏။

“အစ်ကိုဟန်က အတော်လေး ရိုးသားတာပဲ။ ဒါပေမဲ့ စားပွဲထိုးလေးက ကျင့်ကြံခြင်းလောကကို ဝင်ရောက်ဖို့ အလားအလာ ရှိမှာ မဟုတ်ဘူး။ သူဟာ ကျုပ်တို့လို အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်တယ်ဆိုရင်တောင် သူ့မှာ နောက်ခံဂိုဏ်းတစ်ခုခု မရှိဘူးဆို လေလွင့်ဝံပုလွေတစ်ကောင်လိုမျိုး အဆင့်တူ ကျင့်ကြံသူတွေရဲ့ အနိုင်ကျင့်ခံရတဲ့ပစ်မှတ်တစ်ခု ဖြစ်လာနိုင်တယ်။ ခု ခရမ်းလမ်းတောင်တန်းဆီ ကျုပ်တို့ ရောက်လာခဲ့တာကလည်း ဖူဂိုဏ်းဘိုးဘေးရဲ့ မွေးနေ့ပွဲကို လာရောက်ဆုတောင်းပေးတယ်ဆိုတာ ဂိုဏ်းထဲဝင်ရောက်နိုင်မဲ့ အခွင့်အရေးတစ်ခုခုများ ရမလားလည်း ပါတာပေါ့ဗျာ။ ကျုပ်တို့သာ မိစ္ဆာတာအို ဒါမှမဟုတ် ဂိုဏ်းဘိုးဘေးရဲ့ အာရုံစိုက်တာကို ခံလိုက်ရရင် အတော့်ကို ကံကောင်းသွားမှာ။ ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေဟာ ဖူဂိုဏ်းဘိုးဘေးရဲ့ မွေးနေ့ကျမှ ဂိုဏ်းရဲတိုက်ထဲ ဝင်ရောက်နိုင်တာကတော့ စိတ်မကောင်းဖြစ်စရာပဲ။ ကျုပ်တို့ နောက်တစ်လထိ စောင့်ရတော့မှာပေါ့လေ…”

ဆံရှည်ကျင့်ကြံသူသည် မထူးခြားနားစွာဖြင့် ခေါင်းသာညိတ်ပြသည်။ သူသည် ရှည်ရှည်ဝေးဝေး ဆက်မပြောနေချင်သည့်အလား။

ကျန်နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မကြည့်မိဘဲ မနေနိုင် ဖြစ်သွားရ၏။ ဦးခေါင်းပြောင်နှင့်လူကြီးသည် မျက်လုံးကစားလိုက်ပြီး စဉ်းစားမရသည့်လေသံဖြင့် ပြောသည်။

“အစ်ကိုဟန်…ကျုပ်တို့ညီအစ်ကိုနှစ်ယောက်က ဖူဂိုဏ်းရဲတိုက်ဆီ ဂါဝရသွားပြုကြမှာ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်အချို့က ခင်ဗျားကလည်း လေလွင့်ကျင့်ကြံသူတစ်ယောက်မှန်း ကျုပ်တို့ သဘောပေါက်ခဲ့တယ်။ ခင်ဗျားရဲ့ကျင့်ကြံမှုကလည်း သာမန်ထက်ထူးကဲတယ်ပေါ့။ ခင်ဗျားက အရင်တုန်းက ဘယ်နေရာမှာများ ကျင့်ကြံခဲ့တာလဲ။ ခင်ဗျားရဲ့နာမည်ကို အရင်တုန်းကလည်း မကြားဖူးလို့ပါ…”

ဦးခေါင်းပြောင်နှင့်လူသည် စကားပြောဆိုပြီးနောက် လူဝကြီး၏မျက်လုံးများသည် အရောင်တောက်သွားပြီး ဟန်လိကို စစိုက်ကြည့်သည်။

ဆံရှည်ကျင့်ကြံသူ၏မျက်နှာမှာ မပြောင်းလဲသွားတော့ပေ။ သူသည် မထူးခြားနားစွာဖြင့် တုံ့ပြန်သည်။

“တစ်ချိန်တုန်းက ကျုပ်ဟာ ယွဲ့ဒေသရဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ယွမ်ဝူဒေသကိုတော့ အရောက်အပေါက်နည်းတယ်။ ရောင်းရင်းတို့အနေနဲ့ ကျုပ် အကြောင်း မကြားဖူးတာ မထူးဆန်းပါဘူး…”

ဂင်တိုတိုနှင့်ကျင့်ကြံသူသည် မျက်လုံးကစားပြီး မေးလိုက်သည်။

“ယွဲ့ဒေသလား။ ဒါက တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းရဲ့ ပိုင်နက်မဟုတ်လား။ အစ်ကိုဟန်က ယွမ်ဝူဒေသကို လာမဲ့အစား တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းမှာပဲ ကံစမ်းဖို့ ဘာလို့မကြိုးစားကြည့်ရတာလဲ…”

ဆံရှည်ကျင့်ကြံသူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျုပ် ကြိုးစားကြည့်ခဲ့တာပေါ့။ ဒါပေမဲ့ ရှေ့တက်လမ်းကို မရှိတော့တာ။ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းဟာ ယွဲ့ဒေသရဲ့ တစ်ခုတည်းဖြစ်တဲ့အင်အားစုကြီးဆိုတော့ အပြင်လူတွေအပေါ် ထည့်ကိုမတွက်ကြဘူးလေ။ ဒါကြောင့် ကျုပ်ဟာ ကံစမ်းကြည့်ချင်လို့ ယွမ်ဝူဒေသထိ ရောက်လာခဲ့တာပေါ့။ ဒါပေမဲ့ ကျုပ် ရောက်လာတဲ့အချိန်မှာ ဖူဂိုဏ်းဘိုးဘေးရဲ့ မွေးနေ့အခမ်းအနား ကျင်းပတဲ့အချိန်နဲ့ လာကြုံလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ဒီလိုရှားပါးအခွင့်အရေးမျိုးကို ကျုပ်အနေနဲ့ အလွယ်တကူ ဘယ်လက်လွှတ်ခံလို့ ရပါ့မလဲ…”

“အော်…ဒီလိုကို။ အစ်ကိုဟန်အတွက် အတော်လေး ခက်ခဲခဲ့မှာပဲ…”

ဂင်တိုတိုနှင့်ကျင့်ကြံသူသည် ရယ်မောပြောဆိုလိုက်ပြီး အခြားဘာမျှ မပြောတော့ပေ။ ထိုအစား သူသည် ကျင့်ကြံခြင်းလောက၏ ကောလဟာလသတင်းအချို့အကြောင်းကိုသာ စကားထပ်ဆက်သည်။ အရက်နှင့်အစားအသောက်များလည်း ကုန်သွားခဲ့လေပြီ။ ဆံရှည်ကျင့်ကြံသူက နှုတ်ဆက်စကားပြောပြီး ဘေးနားအခန်းမှာ အနားယူရန် ထွက်လာသည်။

ဆံရှည်ကျင့်ကြံသူ အခန်းထဲမှ ထွက်သွားသည်နှင့် ဂင်တိုတိုကျင့်ကြံသူ၏ တောက်ပရွှင်လန်းသောအပြုံးမှာ ချက်ခြင်း ပျောက်ကွယ်သွားပြီး ဆိုးယုတ်မည့်အသွင် ပေါ်လာသည်။ သူက ဝတ်ရုံထဲမှ အဆောင်တစ်ခုကို ရုတ်တရက် ထုတ်ဘူပြီး လက်ဟန်တစ်ခု ဖော်ထုတ်လိုက်သည်။ ထို့နောက် အလင်းတစ်ချက်လင်းလက်သွားပြီး အဆောင်သည် ပျောက်ကွယ်ကာ အခန်းတစ်ခုလုံးကို နူးညံ့သောအလင်းတစ်ခုဖြင့် ထွေးခြုံသွား၏။ ထိုအဆောင်မှာ အသံအတားအဆီးအဆောင်ပင်။

အဆောင် အပြည့်အဝ အသက်ဝင်လာသည့်အခါ ဦးခေါင်းပြောင်လူကြီးက အလောတကြီး မေးလာသည်။

“အစ်ကိုလျို၊ ဒီကောင်က အမှန်တကယ် လေလွင့်ကျင့်ကြံသူတစ်ယောက်လို့ အစ်ကို ယုံကြည်ရဲ့လား…”

ဂင်တိုတိုနှင့်ကျင့်ကြံသူသည် နှာခေါင်းရှုံ့ပြီး သူ့မေးစေ့ကို ပွတ်သပ်ကာ ဆိုးယုတ်သည့်လေသံဖြင့် ဆိုသည်။

“မသေချာဘူး။ သူက ဂိုဏ်းငယ်တစ်ခုခုရဲ့ တပည့်တစ်ယောက် ဖြစ်နိုင်ခြေ ပိုများတယ်…”

All Chapters