စိတ်ဝိညာဉ်စိမ့်တွင်းဟောင်း
Vol. 47 Ch. 658
အစိမ်းရောင်ဝတ်စုံနှင့်ကျင့်ကြံသူလေးယောက်သည် အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးတို့ ပေါ်လာတာ မြင်သည့်အခါ တုန်လှုပ်အံ့အားသင့်သွားကြ၏။ သို့သော် သူတို့က ခပ်မြန်မြန်ပင် ထိုနှစ်ယောက်ကို ဂါဝရပြု နှုတ်ဆက်လိုက်သည်။
“သိုင်းဒေါ်လေးဟန်နဲ့ သိုင်းဒေါ်လေးလျှို…”
မျက်နှာဖြူလွှလွှနှင့်အမျိုးသမီးက ညင်သာစွာ ပြောလိုက်သည်။
“တော်လောက်ပြီ။ အရမ်းယဉ်ကျေးနေဖို့ မလိုဘူး။ ညီမလေးလျိုနဲ့ငါတို့က နင် ပြောတဲ့အကြောင်းအရာကို ကြားသင့်သလောက် ကြားထားပြီးပြီ။ ငါတို့ကို အဲ့အကြောင်းကိုပဲ အသေးစိတ်ထပ်ပြောပြတော့…”
ထိုအမျိုးသမီးက ဟန်လိနှင့်အတိတ်တုန်းက တွေ့ခဲ့ကြုံခဲ့ဖူးသူပင်။ သူမ၏မျက်နှာက အရင်အတိုင်း ချွတ်ဆွတ်ဖြစ်နေသော်လည်း သူမ၏ခန္ဓာကိုယ်ကမူ ဖွံ့ထွားလာခဲ့ပြီ ဖြစ်၏။ သူမက ခန္ဓာကိုယ်သာ ပို၍လှပသွားတာ မဟုတ်။ သူမ၏ကျင့်ကြံမှုကလည်း အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ထိ ခုန်တက်တိုးတက်လာခဲ့သည်။
(ဘာသာပြန်သူမှတ်ချက် - အပိုင်း(၂၀၃)၌ သွေးနှင့်မီးစမ်းသပ်ကွင်း အဆုံးသတ်တွင် ဟန်လိကို သူမနောက်ဆုံးမြင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူမ၏မှတ်ဉာဏ်များမှာ ဟန်လိ၏ဖယ်ရှားခြင်း ခံခဲ့ရပြီး ဖြစ်၏။ သည့်အရင်တုန်းက ဟန်လိသည် သူမထံ ရွှေစုတ်တံကို တောင်းဆိုရယူခဲ့ဖူးသည်။)
“ကျေးဇူးအများကြီးတင်ပါတယ်…သိုင်းဒေါ်လေးဟန်။ သိုင်းတူလေး အမိန့်တိုင်း နာခံပါ့မယ်…”
အစိမ်းရောင်ဝတ်စုံနှင့်ကျင့်ကြံသူလေးယောက်တွင် တာဝန်ရှိသောအဘိုးအိုက သူတို့အုပ်စုကိုယ်စား ပြန်ဖြေလိုက်သည်။
ဟန်ယွမ်ဇီက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ လှမ်းလာသည်။ သန့်ရှင်းသောမြေနေရာတစ်ခုကို ရှာပြီး သူမက ထိုင်လိုက်၏။
အခြားမိန်းမလှတစ်ယောက်ကမူ ဖီးနစ်ကဲ့သို့ မျက်ဝန်းကိုပိုင်ဆိုင်ထားသလို ရှည်လျားသွယ်လျသောမျက်ခုံးလည်း ရှိ၏။ သူမက လွတ်လပ်ပေါ့ပါးသည့် အလှပိုင်ရှင်လေးပင်။ သူမက ပြုံး၍ ပြောလာ၏။
“မင်းတို့ပြစ်မှုက ပေါ့တာ မဟုတ်ဘူး။ ကနဦးဝိညာဉ်ကိုသာ မရှာနိုင်ဘူးဆို မင်းတို့ဆရာက မင်းတို့အသက်ကို အသနားခံပေးလို့ မရမှာ ငါ စိုးရိမ်မိတယ်…”
သူမ၏စကားတို့က လေးယောက်အုပ်စုထဲမှ အမျိုးသမီးကျင့်ကြံသူကို မင်သက်ကြောက်လန့်သွားစေ၏။
အုပ်စုခေါင်းဆောင်အဘိုးအိုက ခါးသက်စွာ ရယ်မော၍ အရိုးသားဆုံးအမူအရာဖြင့် ပြောလာသည်။
“သိုင်းတူလေးတို့ ကိုယ့်အပြစ်ကိုယ် သိပါတယ်။ ဒါပေမဲ့ ကျနော်တို့က တကယ်ပဲ မမျှမတ ပြုမူခံခဲ့ရတာပါ။ သိုင်းဒေါ်လေးတို့က ဘိုးဘေးကျေနပ်အောင် ကျနော်တို့ကိုယ်စား စကားနည်းနည်းပါးပါး ဝင်ပြောပေးဖို့ မျှော်လင့်မိပါတယ်…”
ထိုအမျိုးသမီးက အကျောဆန့်၍ နှုတ်ခမ်းလှုပ်ကာ ပြောလိုက်သည်။
“အို…နင်က ရှင်းပြချက်တစ်ခုပေးရင်ကော။ ကနဦးဝိညာည်ကို ချုပ်နှောင်ထားတဲ့သူက အခု ဒီနေရာနဲ့ ငါးရာကီလိုမီတာအကွာမှာ။ ငါတို့က သူ့ကို အချိန်မီ ဖမ်းဆီးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အခု ငါတို့ အလျင်လိုနေလို့ မဖြစ်ဘူး…”
“ဟုတ်ပါတယ်…။ ကျနော်တို့ ခွန်မူတောင်တန်းတွေဆီ ကနဦးဝိညာဉ်ကို သယ်ဆောင်လာတဲ့အချိန်တုန်းက သိုင်းဦးလေးတင်းက အကြောင်းပြချက် ဆင်ခြင်တစ်ခု ပေးခဲ့တာပါ…”
အဘိုးအိုက ကနဦးဝိညာဉ် လွတ်မြောက်သွားသည့် အသေးစိတ်အကြောင်းရင်းကို တလေးတစား ရှင်းပြ၏။ နောက်ပိုင်းတွင် ယင်းကနဦးဝိညာဉ်သည် ဖမ်းဆီးခံရသည့်အကြောင်း၊ ဖူဂိုဏ်းရှင်းလင်းခံရသည့်အကြောင်းကိုပါ သူက သေချာပြောပြသည်။
ဟန်ယွမ်ဇီက တည်ငြိမ်စွာ နားထောင်နေ၏။
သူမ၏အဖော်ဖြစ်သူ အမျိုးသမီးလျှိုကမူ ရံဖန်ရံခါ သိချင်သည့်ဟန်ပန် ဖြစ်ပေါ်နေ၏။ သူမက ထိုအဘိုးအို၏စကားများကို အတော်လေး စိတ်ဝင်တစား ရှိနေသည့်ပုံပင်။
ယွမ်ဝူဒေသနှင့်ယွဲ့ဒေသ နယ်စပ်ကို မိုးပြာအလင်းတန်းတစ်ခုက ဖြတ်ကျော်လာသည်။
ဟန်လိ သိရှိထားသည့် သတင်းအချက်အလက်အရဆို ယွဲ့ဒေသည် တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်း၏အုပ်ချက်မှုအောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့၏ဌာနချုပ်မှာ လမျက်နှာဖုံးဂိုဏ်း၏အရင်တည်နေရာဟောင်းတွင် တည်ရှိ၏။ အဝါရောင်မေပယ်တောင်ကြား၏ ထိုက်ယွဲ့တောင်တန်းများကမူ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းခွဲနေရာတစ်ခု ဖြစ်လာခဲ့သည်။
ဟန်လိက ယွဲ့ဒေသသို့ ဝင်လာပြီးနောက် သူသည် ထိုက်ယွဲ့တောင်တန်းများထံ တန်းတန်းမတ်မတ် ဦးတည်လာသည်။
“ဒီပတ်ဝန်းကျင်ကတော့ ဘာမှပြောင်းလဲသွားတာ မရှိဘူးပဲ…”
ဟန်လိက ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရပ်၍ အထီးကျန်မှုကို ခံစားမိနေသည်။
အတိတ်တုန်းက သူသည် သည်တောင်တန်းတစ်နေရာ၌ နေအိမ်လှိုဏ်ဂူတစ်ခု ရှိခဲ့ဖူးပေသည်။ ယင်းလှိုဏ်ဂူကို မိစ္ဆာတာအိုဂိုဏ်းသားများ ရှာတွေ့သွားမှာစိုး၍ ဖျက်စီးပစ်ခဲ့ဖူးသည်။ အခု နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့သည့်အခါ ဤနေရာသည် လူသူကင်းမဲ့သောနေရာတစ်ခု ဖြစ်လာခဲ့ပုံပင်။ တကယ်တော့ ကျင့်ကြံသူတစ်ယောက်၏ လှိုဏ်ဂူနေအိမ်ကို ကျောက်စကျောက်နအပျက်အစီးပုံများအောက်တွင် ကွယ်ဝှက်စွာရှိနေလိမ့်မည်ဟု မည်သူက ထင်မိပါ့မည်နည်း။
တစ်ကိုယ်တည်း တီးတိုးရေရွတ်နေပြီးနောက် ဟန်လိက သူ့လက်ကို ပင့်မြှောက်လိုက်၏။ သူ့မျက်လုံးထဲ၌ အဖြူရောင်အလင်း တောက်ပသွား၏။ ဟန်လိသည် လူဝံရုပ်သေးများကို ထုတ်ကာ ကျောက်စကျောက်နအပုံကို မြန်မြန်ဆန်ဆန် စရှင်းခိုင်းသည်။
ခဏအကြာတွင် ရုပ်သေးများက ရှင်းလင်းပြီးသည့်အခါ အောက်ဘက်ရှိလှိုဏ်ဂူထံ ဦးတည်သည့်လမ်းကြောင်းငယ်တစ်ခု ပေါ်လာသည်။ ထိုအခါ ဟန်လိက ရုပ်သေးများကို အပြင်မှာ စောင့်ကြပ်နေရန် အမိန့်ပေးထားပြီး သူ အထဲဝင်လာခဲ့သည်။
လှိုဏ်ဂူနေအိမ်သည် သူ ချန်ထားခဲ့သည့်အတိုင်း အတိအကျ ရှိနေဆဲပင်။ သူသည် လူဝင်လူထွက် ခြေရာလက်ရာ မတွေ့သည့်အခါ အတော်လေး ကျေနပ်သွားသည်။
သူသည် ဤနေရာသို့ ရောက်လာရခြင်းမှာ အတိတ်ကိုအောက်မေ့ရုံတင်မကပေ။ သူ၏အရင်နေရာဟောင်း၌ စိတ်ဝိညာဉ်စိမ့်တွင်းတစ်ခု ရှိနေခြင်းကြောင့်လည်း ပါသည်။ သူ့၌ စိတ်ဝိညာဉ်စိမ့်တွင်းများထဲ၌ အဆင့်အမြင့်ဆုံး ကျောက်စိမ်းစိတ်ဝိညာဉ်စိမ့်တွင်း ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း နောက်ထပ်တစ်ခု ထပ်ရှိလေပိုကောင်းလေ မဟုတ်လား။
ဤစိတ်ဝိညာဉ်စိမ့်တွင်းသည် သေးငယ်သော်လည်း သူနှင့်အတူ ယူသွားချင်သည်ပင်။
ဤနေရာရှိ စိတ်ဝိညာဉ်စိမ့်တွင်းမှာ မူလအတိုင်း ဆက်ရှိနေသေးပြီး အဖြူရောင်စိတ်ဝိညာဉ်ချီအမျှင်တန်းများကို ထုတ်လွှတ်လျက် ရှိသည်။ ဟန်လိက ၎င်းကို စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် စိုက်ကြည့်နေမိ၏။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်ခါစ အခြေအနေကိုလည်း အလိုလို ပြန်ပြောင်းတွေးမိနေ၏။ ဤအဖြစ်အပျက်များက မနေ့တစ်နေ့ကလိုပင်။ သူ့စိတ်ထဲ စိတ်ခံစားချက်များ မြင့်တက်လို့လာ၏။ ဟန်လိက ခဏတာ မိန်းမောကာ နေနေရင်းကနေ သူ့ကိုယ်သူ သတိပြန်ဝင်စေ၏။ ထို့နောက် သူ့လက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ထုတ်ဖော်ပြီး စိတ်ဝိညာဉ်စိမ့်တွင်းထံ မှော်ချိပ်တံဆိပ်များ ပစ်လွှတ်လိုက်သည်။ ချက်ခြင်းပင် ၎င်းမှာ အရောင်တောက်ပလာပြီး အနီးအနားမြေပြင်ထုက တုန်ခါသွားသည်။
ယင်းနောက် ဟန်လိက မျက်နှာသေဖြင့် ထိုင်ချလိုက်ပြီး ထူးခြားသည့်လက်ဟန်တစ်ခု ဖြစ်ပေါ်စေကာ စိတ်ဝိညာဉ်စိမ့်တွင်းကို စိုက်ကြည့်နေ၏။
စိမ့်ဝိညာဉ်စိမ့်တွင်းထံမှ ရေများသည် တဝီဝီလည်ပတ်လာ၏။ မမြင်ရသောလက်တစ်ဖက်ဖြင့် ၎င်းရေများကို လှုပ်ခါလိုက်သည့်အလား။ ရေမျက်နှာပြင်က မြင့်တက်လာပြီး နက်မှောင်သောရေဝဲတစ်ခုအဖြစ် ဖွဲ့စည်းသည်။ လှိုဏ်ဂူအခန်းထဲ၌ အံ့ချီးဖွယ်စိတ်ဝိညာဉ်ချီလှိုင်းတစ်ခု ပျံ့နှံ့လာ၏။
ဟန်လိ၏အမူအရာက လှုပ်ရှားသွား၏။ ထိုစိတ်ဝိညာဉ်ချီသည် သူ မျှော်လင့်ထားတာထက် သာလွန်နေသည်။ သို့သော် ခဏအကြာတွင် သူသည် အံ့အားသင့်ရာကနေ ပြန်သတိဝင်လာပြီး ထုတ်ယူခြင်းကို မြန်မြန်ဆန်ဆန် စတင်လိုက်သည်။
အနီးအနားမြေပြင်တုန်ခါမှုက ပိုကြမ်းလာ၏။ တောက်ပစူးရှသော အဝါရောင်အလင်းက စိတ်ဝိညာဉ်စိမ့်တွင်းကို စတင်ခြုံလွှမ်းလာသည်။ ယင်းအဝါရောင်အလင်းက ပုံစံပျက်ယွင်းသွားစဉ် စိတ်ဝိညာဉ်စိမ့်တွင်းက ကြုံ့လာပြီး သာ၍တောက်ပလာသည်။
စက္ကန့်ပိုင်းလောက်ကြာပြီးနောက် ထိုအလင်းသည် လွင့်ပြယ်သွား၏။ ဟန်လိက သက်ပြင်းချမိသည်။ လေထဲ၌ အဝါရင့်ရောင်ရှိသောလက်သီးစုပ်ခန့် အလင်းလုံးတစ်ခုက လွင့်မြောလို့နေ၏။ ခုခါ၌ စိတ်ဝိညာဉ်စိမ့်တွင်း ရှိခဲ့သောနေရာအောက်တွင် နက်မှောင်သောတွင်းတစ်ခု ဖြစ်ကျန်ခဲ့ပေပြီ။
ဤသည်ကိုမြင်သည့်အခါ ဟန်လိက ပြုံးမိ၏။ သို့သော် သူ့အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွား၏။ သူက မျက်နှာပျက်သွား၏။ အပြင်ဘက်တွင် အစောင့်ချခဲ့သော သူ့ရုပ်သေးများ တိုက်ခိုက်ခံရမှန်း သူ သိလိုက်သည်။ ၎င်းတို့မှာ အခုထိ မဖျက်စီးခံရသေးသော်လည်း အခြေအနေမကောင်းနေပေ။ ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ဟန်လိက ကျောက်စိမ်းသေတ္တာတစ်ခုကို ချက်ခြင်းထုတ်ယူပြီး အဝါရောင်အလုံးကို သေချာထည့်သိမ်းလိုက်၏။ ထို့နောက် သူသည် တတ်နိုင်သမျှ အမြန်ပျံသန်းထွက်လာသည်။
သူ အပြင်သို့ ရောက်လာသည့်အခါ သူ၏လူဝံရုပ်သေးများကို အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူများက ဝိုင်းတိုက်ခိုက်နေတာကို မြင်ရသည်။ ထိုတိုက်ပွဲကို စောင့်ကြည့်လေ့လာနေသူမှာ မီးခိုးရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းလူတစ်ယောက်ပင်။ တိုက်ပွဲကို စောင့်ကြည့်နေရင်း သူ့အမူအရာက စဉ်းစားမရဟန် ဖြစ်နေ၏။
ဟန်လိ၏ရုတ်တရက်ထွက်ပေါ်လာမှုက ကျင့်ကြံသူများကို တုန်လှုပ်အံ့အားသင့်သွားစေသည်။ မီးခိုးရောင်ဝတ်စုံနှင့်ကျင့်ကြံသူက တိုက်ပွဲရပ်ရန် ချက်ခြင်းအော်ဟစ်ကာ အမိန့်ပေးလိုက်သည်။ အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူများသည် သူတို့၏တိုက်ခိုက်မှုများကို အရှိန်သတ်လိုက်ကြပြီး ထိုသူ့အနားသို့ ပြန်ဆုတ်လာကြသည်။
ဟန်လိက ထိုကျင့်ကြံသူများကို စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်နေ၏။ သူ၏စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံခြင်းကိုလည်း မကွယ်ဝှက်ထားဘဲ ထင်သာမြင်သာအောင် ထုတ်ဖော်ပြထားသည်။
မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုက ဟန်လိကို တစ်ချက်လှမ်းကြည့်ပြီး စိတ်ထဲ ခြောက်ခြားသွား၏။ သူက တုန်လှုပ်နေရာကနေ မြန်မြန်ဆန်ဆန်ပြုံး၍ ပြောလိုက်သည်။
“စီနီယာ…ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့။ ဒီဂျူနီယာတွေမှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး။ ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ်ချီတွေက မူမမှန်ဘူးလို့ ခံစားမိလို့ သိချင်စိတ်သပ်သပ်နဲ့ ကျုပ်တို့ လာကြည့်မိတာပါ။ ကျုပ်ဟာ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းရဲ့ ယုယွမ်ပါ။ သခင်ခွဲထွက်ဝိညာဉ်ရဲ့ တပည့်ပါ…”
“သခင်ခွဲထွက်စိတ်ဝိညာဉ်တဲ့လား…” ဟန်လိက မျက်မှောင်ကြုတ်လိုက်၏။ ထိုအမည်ကို သူ ရင်းနှီးသလို ခံစားမိသည်။ ခဏစဉ်းစားပြီးနောက် ဟန်လိက တစ်စုံတစ်ခုကို ပြန်ပြောင်းတွေးမိသွားသည်။
“ဒီနာမည်က တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းက စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေထဲက တစ်ယောက်ရဲ့ နာမည်မလား…”
သူသည် မျောလွင့်တိမ်ဂိုဏ်း၏ ဆံဖြူအဘိုးအိုက ထိုသူမှာ ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး သွားရှုပ်၍မသင့်သူဖြစ်ကြောင်း ပြောပြဖူးတာကို ပြန်သတိရသွားသည်။
ဟန်လိ စဉ်းစားနေစဉ် မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုက ဟန်လိသည် သူ့ဆရာဖြစ်သူ၏အမည်အကြောင်း သိသူတစ်ယောက်ဖြစ်မှန်း သတိထားမိသွားသည်။ ထိုအခါကျမျှ သူသည် များစွာ စိတ်အေးသွားနိုင်တော့သည်။ သို့ပေမည့် သူသည် ပူပန်နေဆဲပင်။ သူက အားတင်းပြုံးပြီး ပြောလိုက်သည်။
“စီနီယာက ကျုပ်ဆရာရဲ့ အမည်ကို သိတာလားဗျ။ သူနဲ့ကော သိကျွမ်းဖူးလားဗျ။ ကျုပ်တို့အခု အရေးတကြီး ဆောင်ရွက်စရာလေးရှိနေလို့ ဒီနေရာက ကိစ္စကိဝကို စီနီယာ့လက်ထဲပဲ ထားခဲ့ပါတော့မယ်။ မဟုတ်ရင် ကျုပ်တို့က စီနီယာကို နှောက်ယှက်သလို ဖြစ်သွားမှာ စိုးရွံ့မိပါတယ်။ ကျုပ်တို့ ကိုယ့်ဟာကိုယ် ထွက်သွားပါရစေ…”
မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုသည် အကင်းပါးကာ ဉာဏ်များလှသူပင်။
ဟန်လိက ထိုသူ့ကို မျက်နှာသေဖြင့်သာ စိုက်ကြည့်နေပြီး ပြန်မတုံ့ပြန်ပေ။ ထိုအစား သူက မီတာတစ်ရာဝန်းကျင်အထိ သူ့စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ယင်းအဝန်းအဝိုင်း၌ အခြားမည်သည့်ကျင့်ကြံသူမျှ မရှိမှန်း သူ တွေ့ရှိ၏။
ကြည့်ရတာ တစ်ဖက်သူသည် ဤအနီးအနား၌ စိတ်ဝိညာဉ်အပြောင်းအလဲကို သတိထားမိပြီး သူတို့ချည်း ရောက်လာခဲ့တာ ဖြစ်ပုံပင်။ သို့ဆိုမှတော့ ဟန်လိ၏သတ်ဖြတ်လိုစိတ်မှာ ရုတ်တရက် မြင့်တက်လာသည်။
အခု သူသည် မျောလွင့်တိမ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်နေပြီ ဖြစ်သောကြောင့် တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းသားများကို လွှတ်ပေးရန် မဖြစ်နိုင်ပေ။ ထို့အပြင် အတိတ်တစ်ချိန်တုန်းက ယင်းတစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းမှ သခင်လေးကြောင့် သူ့အသက်သေခါနီးအခြေအနေထိ ဖြစ်ခဲ့ရဖူးသည်။ ထိုရန်ကြွေးကို သူ့စိတ်ထဲ၌ ခုထိ သိမ်းထားတုန်းပင်။
ယွဲ့ဒေသသို့ လျှို့ဝှက်ဝင်ရောက်လာရသည့် အကြောင်းရင်းများထဲ၌လည်း ယင်းအချက်ပါဝင်သည်။ ယွဲ့ဒေသသို့ သူ ရောက်ရှိလာသည့်အကြောင်းသာ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းမှ ပုဂ္ဂိုလ်များနားထဲထိ ရောက်သွားခဲ့လျှင် သူ့အနေဖြင့် အာရုံစိုက်ခံရကာ ကောင်းကျိုးထက်ဆိုးကျိုးသာ ပိုများသွားပေလိမ့်မည်။ သူသည် ယွဲ့ဒေသ၌ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ သူ့နောက်သို့ လိုက်လံမည်ကို မလိုလားပေ။
ဟန်လိက တိတ်တဆိတ်တိုက်ခိုက်ရန် ပြင်စဉ်နေစဉ် တစ်ဖက်ကျင့်ကြံသူအုပ်စုထဲက အဘိုးအိုတစ်ယောက်က ဟန်လိကိုကြည့်ကာ ရုတ်တရက် ထအော်လိုက်သည်။
“အန်…နေပါဦး…ဒီလူက…”