← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

Chapter 1- အမျိုးသမီးဇာတ်ပို့တစ်ဦးအနေဖြင့် ဝိညာဥ်ကူးပြောင်းလာခြင်း

January 30, 2024

“မမလေးရယ် ဒီနိမ့်ကျလှတဲ့ အစေခံကို တကယ်ပဲခြောက်လှန့်နေတာလား၊ ဇာတ်လမ်းကဆင်လိုက်လို့ရပါတယ် မမလေးရယ်…ဘာလို့များ တကယ်လုပ်ချလိုက်ရတာလဲ။ ဘုရားသကြားမလို့ မမလေးအသက်ရှင်နေသေးတာ…နောက်မို့ဆို သခင်ကြီးနဲ့ သခင်လေးတို့ နှလုံးရပ်ပြီး သေဆုံးရပါလိမ့်မယ် …မမလေးရယ်။”

လုလျန့်ဝေက လဲလှောင်းလို့နေရင်းမှ သူ့ရဲ့ချစ်လှသောအပျိုတော် အစေခံမလေးဆီကနေ ငိုသံသဲ့သဲ့ကို ကြားရတဲ့အချိန်မှာ...မနေနိုင်တော့ပဲ လည်ပင်းပေါ်က တင်းတင်းကျပ်ကျပ်ခက်ခက်ခဲခဲ နာကျင်ခံစားနေရတဲ့ နေရာကို ထိကိုင်ဖို့အတွက် လက်လှမ်းလိုက်တယ်။

သူမရဲ့မျက်လုံးအိမ်ထဲမှာ အံ့သြမယုံကြည့်နိုင်မှုက ဖြတ်သန်းလို့ အရောင်လက်သွားတော့တယ်။ သူမ ချက်ချင်းပဲ ပြီးခဲ့တဲ့ရက်တွေမှာတုန်းက ဖတ်ခဲ့ရတဲ့ ဝတ္ထုထဲက သူမနဲ့ နာမည်တူနေတဲ့ ဇာတ်ကောင်နေရာကို ဝိညာဉ်ကူးပြောင်းလာတယ်ဆိုတာကို သတိရသွားပါတယ်။

ဒီဝတ္ထုမှာက ညီအစ်မနှစ်ယောက်ကြားက ပြိုင်ဆိုင်မှုတွေကြားမှာ အမြဲအနိုင်ရအောင်ပွဲခံရတဲ့ အားနည်းတဲ့ပုံပေါ်တဲ့ မိန်းမပျိုလေး တစ်ယောက်အကြောင်းပေါ့။ မိန်းမပျိုလေးဇာတ်လိုက်နာမည်က လုယွင်ရှမ်းလို့ခေါ်တဲ့ သူမရဲ့ အစ်မဖြစ်သူဖြစ်နေတယ်။ လုယွင်ရှမ်း က ကိုယ်လုပ်တော်ဖွား...သမီးပျိုတစ်ယောက်ဖြစ်ပါတယ်။သူမက စိတ်သဘောထားကြင်နာပြီး အဓိက ဇာတ်လိုက်ဖြစ်တဲ့ အိမ်ရှေ့စံလုံချီကို နဂါးပုလ္လင် ရနိုင်ဖို့အတွက်အကူအညီပေးခဲ့တယ်။ နောက်ဆုံးမှာတော့ သူမကဧကရီဖြစ်လာခဲ့တယ်။

တစ်ဖက်မှာကျတော့ သူမရဲ့ဖအေတူမအေကွဲ ညီမဖြစ်သူလုလျန့်ဝေက မြို့စားတရားဝင်သမီးပေမယ့်လည်း စိတ်ဓါတ်ကတော့ ဟိုးအောက်ဆုံးထိကို အလွန်တရာဆိုးရွားလှပါတယ်။ လုလျန့်ဝေက လုံချီကို တရားလွန်စွဲလမ်းရူးသွပ်နေသူဖြစ်ပြီး ဒီအမျိုးသားရဲ့ အချစ်ကို ရဖို့အတွက် ဘာမဆို လုပ်မယ့်သူတစ်ယောက်ဖြစ်တယ်။လုံချီနဲ့လုယွင်ရှမ်းတို့ လက်ထပ်ပြီးတာတောင် လုလျန့်ဝေက အရှုံးပေးလက်မလွှတ်ပဲ သူမရဲ့အဆင့်အတန်းကို နှိမ့်ချပြီး သူမကိုယ်လုပ်တော်လုပ်ဖို့ တောင်းဆိုခဲ့ပြန်တယ်။ ဒါayမဲ့သူမမိသားစုဝင်တွေက ဒီကိစ္စကို လုံးဝလက်မခံပဲ ကန့်ကွက်လိုက်ကြတဲ့ အခါမှာတော့ လုလျန့်ဝေက ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြံစည်ပါတော့တယ်။ အဲ့ဒါကလည်း လုယွင်ရှမ်း လက်ထပ်ပြီးလို့ အိမ်ကိုအလည်လာတဲ့ ရက်မှာမှလေ...။လုလျန့်ဝေ အံ့ကြိတ်ထားမိလိုက်တယ်။ကောင်းကင်ဘုံက သူမကိုလှည့်စားနေတာများလား။ဒီဝတ္ထုကို ဖတ်ခဲ့တုန်းက ဒီဇာတ်ပို့လုလျန့်ဝေက အရမ်းကို မိုက်မဲလွန်းလို့ သူမကိုယ်တိုင် ကြိမ်ဆဲခဲ့တာလေ။အခုကျတော့ သူမက အဲ့ဒီနေရာကို ဝိညာဥ်ကူးပြောင်းလာတယ်တဲ့လား?။

သူမက ၂၁ ရာစု အမျိုးသမီးတစ်ဦးဖြစ်သလို မိသားစုကလည်း မျိုးရိုးစဉ်ဆက် တရုတ်တိုင်းရင်းဆေးပညာကို လက်ဆင့်ကမ်းလာတဲ့ သူတွေဖြစ်တယ်။ သူမက လုမိသားစုရဲ့ အမွေဆက်ခံသူဖြစ်တဲ့အတွက် ငယ်ငယ်လေးကတည်းက ဆေးပညာကို သင်ကြားခဲ့ရပါတယ်။ဆေးပညာမှာ သူမက အရည်ချင်းရှိသလိုပဲ ဆေးဝါးဖော်စပ်တဲ့နေရာမှာလည်း အလွန်ပါရမီ ပါသူတစ်ဦးဖြစ်တယ်။ဆေးဖက်ဝင်အပင်တွေသုံးပြီး အဆိပ်ဖော်စပ်တဲ့နေရာမှာလည်း အလွန်ပါရမီပါသူတစ်ယောက်ဖြစ်တယ်။

လုလျန့်ဝေက လုမိသားစုအတွက် ဆယ်စုနှစ်တစ်စုမှာသာ တစ်ခါမြင်တွေ့ရတဲ့ ထူးခြားတဲ့ပါရမီရှင်တစ်ဦးပါပဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကလည်း သူမ သုသေသနတစ်ခုအောင်မြင်သွားပြီးနောက်မှာ အနားယူဖို့အတွက် အချိန်တစ်ခုဖြစ်လာခဲ့တယ်။အဲ့မှာ ဝတ္ထုတစ်ပုဒ်ကိုဖတ် ဖြစ်ခဲ့ပါတော့တယ်။ဖတ်ပြီး သူမနဲ့နာမည်ချင်းတူနေတဲ့ ဇာတ်ပို့ကို သူမအရမ်းကို မျက်မုန်းကြိုးမုန်းတီးနေခဲ့ပါတယ်။

သူမ ပြန်ပေးခဲ့ရတဲ့ အဖိုးအခကဘာလဲ။ သူမဘာလို့အဲ့ဇာတ်ပို့နေရာကိုမှ ဝိညာဉ်ကူးပြောင်းလာရတာလဲ။ သူမအတွေးတွေထဲ နစ်မျောနေတုန်းမှာ တံခါးအပြင်ဘက်ကနေ အသံတစ်သံကြားလိုက်ရတယ်။

“ နင့်ကို ကိုယ်လုပ်တော်အနေနဲ့ လက်ထပ်နိုင်ဖို့ အဖေကအိမ်ရှေ့စံနဲ့ အခုဆွေးနွေးနေတယ်။ နင် ကျေနပ်ပြီမဟုတ်လား။”

လုလျန့်ဝေက သရော်သံလှောင်သံပါတဲ့ စကားကိုကြားလိုက်တဲ့အခါမှာတော့ လှည့်ကြည့်မိလိုက်တယ်။ခန္ဓာကိုယ်အချိုးအစားကြပြီး ကြည့်လို့ကောင်းတဲ့ အမျိုးသားတစ်ဦးက သူမရဲ့ တံခါးနားလေးမှာ ရပ်လို့နေပါတယ်။သူ့မျက်လုံးတွေကတော့ သူမကိုရင်းနှီးဟန်မရှိပဲ လုံးဝကို အေးတိအေးစက်နိုင်လှပါတယ်။

အစေခံလေးကျူးယွီက ချက်ချင်းကိုနှုတ်ဆက်လိုက်ပါတော့တယ်။ လုထင်ချန်ရဲ့ မျက်လုံးအကြည့်တွေက မခံမရပ်နိုင်အောင် စိတ်ပျက်မှုတွေနဲ့ ပြည့်နှက်လို့နေတယ်။လုလျန့်ဝေက ယောကျ်ားတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားခဲ့တယ်။ကောင်းသားပဲ။ရှက်စရာသိပ်ကောင်းတာပဲ။လုထင်ချန်က လုလျန့်ဝေကို အထင်သေးစိတ်ပျက်တဲ့ အကြည့်နဲ့ကြည့်ပြီး လှည့်ထွက်သွားပါတယ်။

“ငါက အဓိကဇာတ်လိုက်ရဲ့ ကိုယ်လုပ်တော်အနေနဲ့ လက်ထပ်နိုင်ဖို့ကို ကိုယ့်ကိုယ်ကို သတ်သေပြီး အဖေဖြစ်တဲ့သူကို တွန်းအားတွေပေးလိုက်တာလို့ လုထင်ချန်က ယူဆနေတာများလား?”

နောက်ထပ်တစ်ခေါက် လည်ပင်းမှာရှိနေတဲ့ကြိုးကို ထိလိုက်မိတယ်။လုလျန့်ဝေအစစ်ဖြစ်သူက ဆွဲကြိုးချလိုက်ပြီးကတည်းက သေဆုံးသွားပြီဖြစ်နိုင်တယ်။

သူမနံဘေးက အစေခံကျူးယွီကို ကြည့်လိုက်ပေမယ့် သူမက သူမရဲ့အကြည့်ကို ရှောင်လွဲလို့သွားတယ်။သူမက အိမ်ရှေ့စံအတွက် သတ်သေတယ်လို့ ထင်နေတာက လုထင်ချန်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုသိရှိ နားလည်သွားပါတော့တယ်။လုလျန့်ဝေအစစ်ဖြစ်သူက တကယ်ပဲ မိုက်မဲပြီး စဥ်းစာဉာဏ်လုံးဝမရှိဘူးဆိုတာကို သူမသိလိုက်ပါပြီ။ဘာလို့များ ယောကျ်ားတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုယ်ကို သတ်သေလိုက်ရတာလဲ။ သူမရုတ်တရက်အတွေးတစ်ခုဝင်လာပြီး ကျူးယွီကို မေးလိုက်ပါတယ်။

“ဒီနေ့က အိမ်ရှေ့စံနဲ့ကြင်ယာတော် အိမ်တော်ကို လာလည်တဲ့နေ့မလား?”

“မှန်ပါတယ်မမလေး...အခု မမလေးနဲ့ သခင်လေးကို လက်ထပ်ပေးဖို့အတွက် သခင်ကြီးက အခုပဲဆွေးနွေးနေ.....”

ကျူးယွီပြောလို့ စကားမဆုံးခင်မှာပဲ သူမရဲ့မမလေးက အိပ်ရာပေါ်ကနေ အမြန်ထပြီး ပြေး

ထွက်လို့သွားပါတော့တယ်။

ဆက်ရန်......

Chapter -2 : ဘာလို့များ ဒီလောက်ကြီးအထိ အသည်းအသန်ဖြစ်နေရတာများလဲ?

January 30, 2024 by 匡子文

လု့လျန့်ဝေ ရောက်လာတော့ ခန်းမထဲမှာရှိနေတဲ့သူတွေ အကုန် အံ့ဩထိတ်လန့်သွားကြသည်။

သို့သော် ချက်ချင်းပဲ ထို အံ့သြမှုက မကျေမနပ်ဖြစ်ခြင်းနဲ့ နှိမ့်ချချင်တဲ့စိတ်သဘောထားကို ပြောင်းလဲသွားကြတယ်။ လု့လျန့်ဝေဆိုတာက အိမ်ရှေ့စံကို လက်ထပ်ရဖို့ အရူးအမူးဖြစ်နေတဲ့ မိန်းမမဟုတ်လား။ မကြာသေးခင်ကပဲ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေဖို့လုပ်ခဲ့ပြီး အခုကျတော့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတဲ့ သိချင်စိတ်ကိုမစောင့်နိုင်လောက်အောင်ထိ ချက်ချင်း ရှေ့ကို ရောက်ချလာတာပါလား။

ဘာလို့များ ဒီလောက်ထိတောင် အသည်းအသန်ဖြစ်နေရတာလဲလို့။

သူမကို အမြဲတုန်နေအောင် ချစ်ခင်အလိုလိုက်တတ်တဲ့ လုဟန်ထျန်းက တကယ်ကို အရှက်ရနေခဲ့တယ်။ ဒါပေမဲ့ သူ့သမီးအပေါ် စိတ်ပျက်မှုနဲ့ အထင်သေးတွေကို ဖုံးကွယ်လို့ မရအောင် ဖြစ်နေတဲ့ အိမ်ရှေ့စံရဲ့ မျက်နှာထားကို တွေ့လိုက်ရတဲ့အခါမှာတော့ သူ ရုတ်တရက်ကြီး ဒေါသထွက်လာသလိုပင်။

လုဟန်ထျန်းက လုလျန့်ဝေကို တော်ဝင်မင်းသမီးတွေနဲ့မမှီရင်တောင် သူမရဲ့ဘဝကို လိုလေသေးမရှိ ပြီးပြည့်စုံအောင် ထားခဲ့တာဖြစ်ပြီး လုဝေလျန့်က သူ့ရဲ့ အချစ်ဆုံးအသည်းဆုံး သမီးလေးတစ်ယောက်လေ။ သူမက ရည်မွန်တဲ့ယောကျ်ားတစ်ယောက် ရှာမယ်ဆိုရင်တောင် သူမနဲ့လက်တွဲဖို့အတွက် စောင့်နေတဲ့သူတွေအများကြီးရှိတယ်။

ဒါပေမဲ့သူ့ရဲ့ ဒီမိုက်မဲလှတဲ့ သမီးဖြစ်သူက အိမ်ရှေ့စံတစ်ယောက်ထဲကိုပဲ မျက်စိကျလို့နေပြီး မောင်းမတော်ဆောင်မှာ ကိုယ်လုပ်တော်အနေနဲ့ လက်ထပ်ရမယ်ဆိုရင်တောင် လက်ထပ်ချင်နေသေးတယ်။

သူအရင်က ကန့်ကွက်ခဲ့ပေမယ့်လည်း သူ့သမီးက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားခဲ့တဲ့အခါမှာတော့ သမီးကိုဆုံးရှုံးရမယ့် အကြောက်တရားက စိုးမိုးလို့လာတော့တယ်။ သူ့သမီး နောက်တစ်ကြိမ်သတ်သေဖို့အတွက် ကြိုးစားရင် သူဒီသမီးလေးကို လက်လွှတ်ဆုံးရှုံးရမှာကို တကယ်ပဲကြောက်လန့်နေမိတယ်။ ဒီလိုဖြစ်နေပြီဆိုမှတော့ သူကိုယ်တိုင်ပဲ အိမ်ရှေ့စံကို အနူးညွတ်တောင်းဆိုရတော့တယ်။

“ဝေဝေ ဘာလို့ အခန်းထဲမှာ အနားယူမနေပဲ ဒီကိုရောက်ချလာရတာလဲကွယ်”

သခင်မကျန့်က သူမရဲ့အထင်သေးမှုတွေကို ဖုံးကွယ်ပြီး လုလျန့်ဝေကို တွဲခေါ်လာပေးတယ်။ လုလျန့်ဝေက တစ်ချက်ကြည့်လိုက်ပြီး ဒီမိန်းမကြီးက လုယွင်ရှမ်းရဲ့အမေဖြစ်သူ သခင်မကျန့် ဖြစ်မယ်ဆိုတာ သိလိုက်တယ်။

သခင်မကျန့်က လုလျန့်ဝေကို အံ့သြတကြီး ကြည့်လိုက်တယ်။ ‘ဒီနေ့ကျမှ ဘာလို့ ဒီကောင်မလေး ငါ့ကို ယဉ်ယဉ် ကျေးကျေးပြောနေရတာလဲ? အရင်ကဆို ငါ့ကိုအမြဲ တွန်းလွှတ်နေကြမဟုတ်လား။ ‘လုဟန်ထျန်းရှေ့မို့ ငါကဒီကောင်မလေးကို ကူညီသနားထောက်ထားတယ်ဆိုတာ ပြချင်လို့ရယ်’

“ဒီကလေးကတော့လေ။ သမီးဘာလို့ ဒီလောက်ယဉ်ကျေးနေရတာလဲ။ သမီးလေး နေကောင်းတယ်ဆိုရင်လည်း အဆင်ပြေပါတယ်ကွယ်”

လုလျန့်ဝေ ဘာမှ ဆက်မပြောတော့ပဲ လု့ဟန်ထျန်းဘက်ကိုသာ လှည့်ကြည့်လိုက်ပါတယ်။

လုဟန်ထျန်းက မပြောခင်မှာ တစ်ဖက်မှာထိုင်နေတဲ့ လုယွင်ရှမ်းက ထရပ်လိုက်ပြီး လုလျန့်ဝေလက်ကလေးကို လှမ်းကိုင်လိုက်သည်။

“ညီမလေး,၊ အဖေက ညီမလေး အိမ်ရှေ့စံအပေါ်ထားတဲ့ ခံစားချက်တွေကို သိရှိနားလည်လို့ အရှေ့မောင်းမဆောင်မှာ နေနိုင်ဖို့အတွက် အခု အိမ်ရှေ့စံနဲ့ ဆွေးနွေးတိုင်ပင်နေတာပါ။”

လုလျန့်ဝေကို လုယွင်ရှမ်းကို ကြည့်လိုက်တယ်။ ဒီဝတ္ထုရဲ့ အဓိက ဇာတ်လိုက်မတစ်ယောက်အနေနဲ့ လုယွင်ရှမ်းက ကြီးကျယ်မြင့်မြင်လှတဲ့ အိန္ဒြေ၊ ဖြူစင်တဲ့ ဟန်မူအရာနဲ့ တကယ့်အလှပဂေးလေး တစ်ယောက်ဖြစ်တယ်။

‘အဖေက ငါ့ကိုအိမ်ရှေ့စံရဲ့ ကိုယ်လုပ်တော်အဖြစ် တောင်းဆိုပေးနေတာကို လုယွင်ရှမ်းက စိတ်အနှောက်အယှက်မဖြစ်ဘူးပေါ့လေ’ သူမက စိတ်ထဲကနေပဲ လှောင်ရယ်လိုက်ပြီး လုဟန်ထျန်းကို ကြည့်၍ တည်ငြိမ်တဲ့အသံအနေအထားနဲ့ မေးလိုက်သည်။

“အင်း....အဖေ အဲ့လိုလုပ်ဖို့ စီစဉ်ထား.....”

“ အဖေ သမီး လက်မခံနိုင်ပါဘူး၊ ကျေးဇူးပြုပြီးတော့ ဒီသမီးရဲ့ မိုက်မဲမှု အပြုအမူတွေကိုလုပ်ခဲ့မိတာဖြစ်ပြီး အဲ့တာတွေကို မေ့ပစ်ပေးပါ အဖေ။”

လုဟန်ထျန်းက သူနားကြားမှားနေတယ်ထင်လိုက်တာကြောင့် တအံ့တဩ ထမေးလိုက်တယ်။

လုဟန်ထျန်းက အားလျော့စွာ ခုံပေါ်ပစ်ထိုင်ချလိုက်ပြီး ပြောလိုက်ပါတယ်။

သူ့သမီး အိမ်ရှေ့စံကို ဘယ်လောက်ထိကြိုက်လဲဆိုတာ သူအသိဆုံးဖြစ်ပါတယ်။အဲ့လိုသာမဟုတ်ရင် ဒီလို ရှက်စရာကောင်းတဲ့ ကိစ္စတွေကို လုပ်မှာမဟုတ်ဘူးလေ။

“အဖေ တစ်ယောက်ယောက်က မြင်းကိုရေရှိရာနေရာကို ခေါ်ဆောင်သွားပေးလို့ရပါတယ်။ ဒါပေမဲ့ ရေသောက်ဖို့ကိုတော့ တွန်းအားပေးလို့မရဘူးလေ။”

(စကားပုံလေးတစ်ပုဒ်ပါ၊ လူတစ်ယောက်ကို အခွင့်အရေးပေးလို့ရတယ်၊ဒါပေမဲ့ အဲ့အခွင့်အရေးက ကောင်းလားဆိုးလားဆိုတာက ကာယကံရှင်ဖြစ်သူကသာ ဆုံးဖြတ်ရမှာဖြစ်ပြီး ဘယ်သူမှ တွန်းအားပေးလို့မရဘူးလို့ ဆိုလိုတာပါ။)

လူတိုင်းကတော့ ဒါကို ဟာသလို့သာ မြင်ကြပါတော့တယ်။ လုယွင်ရှမ်းက လှောင်ပြုံးလေး ပြုံးလိုက်ပေမယ့် အလျင်အမြန်ပဲ ဖုံးကွယ်လိုက်ပြီး လုလျန့်ဝေရဲ့လက်ကလေးကို

ဆက်ရန်...

Chapter- 3: လှည်စားဖို့များ ကြိုးစားနေသလား

January 31, 2024 by 匡子文

လုလျန့်ဝေ လုယွင်ရှမ်းကို ကြည့်ပြီး ပြောလိုက်တယ်။

“ အစ်မညီမလေးပြောတဲ့ စကားကို နားမလည်ဘူးလား?”

လုယွင်ရှမ်း ကိုယ့်ကိုယ်ကိုပြန်ပြီး ထိန်းလိုက်ရတယ်။ သူမရှေ့က မိန်းမပျိုလေးက အားနည်းတဲ့ ပုံပေါ်နေပေမဲ့ အမြင်တွေ အကြည့်တွေကတော့ စူးရှနေတယ်။ သူမလှည့်ကြည့်လိုက်တဲ့အချိန်မှာ အဲ့မျက်လုံးအိမ်တွေက အရင်ကနဲ့မတူအောင်ကို စူးရှလို့နေတယ်။

လုယွင်ရှမ်း စိတ်မသက်မသာခံစားလိုက်ရတယ်။အရင်တုန်းကဆို လုလျန့်ဝေက ကြွေရုပ်လေးအလား လှပတင့်တယ်တဲ့ အဆင်းရှိပေမယ့် အချင်းမရှိတဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်လေ။

တွေ့ တွေ့ချင်းဆို သူမရုပ်ရည်နဲ့ လူတွေရဲ့အာရုံကို ဆွဲဆောင်နိုင်ပေမဲ့ သူမရဲ့ အသိဉာဏ်မဲ့မှုက လူတိုင်းကို စိတ်ပျက်စေတယ်။ အခုမြင်နေရတဲ့ လုလျန့်ဝေကတော့ လုံးဝကို တစ်ခြာစီဖြစ်နေပြီး အရှိန်အဝါတစ်ခုလည်း ရှိလို့နေတယ်။ လူတစ်ယောက်ထဲပေမယ့် ကမ္ဘာကြီးတစ်ခုလုံးကို ကိုင်လှုပ်ပစ်နိုင်လောက်တဲ့အထိကို ခွန်အားတွေအပြည့်နဲ့ဖြစ်နေတယ်။

လုလျန့်ဝေက အမြဲမိန်းမလှလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် ဒီနေ့မှာကျတော့ ညှို့ယူဖမ်းစားနိုင်လောက်တဲ့ ဆွဲဆောင်မှုတို့ ရှိလို့နေတယ်။ လုယွင်ရှမ်း မျက်မှောင်ကျုံ့လိုက်ပြီး သူမရင်ထဲက မကျေနပ်ချက်တွေကို မြိုသိပ်လိုက်ကာ ချိုချိုသာသာလေးပဲ ပြန်ပြောလိုက်ပါတယ်။

“ကိုယ်လုပ်တော်ရာထူးနေရာက ညီမလေးရဲ့အဆင့်အတန်းနဲ့ မကိုက်ညီပေမဲ့လည်း အစ်မတို့ ညီမနှစ်ယောက်လုံးက အိမ်ရှေ့စံကို အတူတူခစားနိုင်တာက ကောင်းတဲ့အချက်ပဲလေ”

‘ညီအစ်မနှစ်ယောက်လုံးက ဒီအရူးအိမ်ရှေ့စံကို ခစားကြမယ်....ဟာသတွေပဲ’လုလျန့်ဝေက စက်စုပ်ရွံ့ရှာမှုတွေကို ဖုံးကွယ်ပြီး ပြောလိုက်ပါတော့တယ်။

“အစ်မက အိမ်ရှေ့စံကို တစ်ခြားမိန်းမတစ်ယောက်နဲ့ ဝေမျှလိုက်ရအောင်အထိကို သိပ်ကိုရက်ရောတာပဲနော်, အစ်မကတော့ တကယ့်ကို တော်ဝင်စံပြ မိန်းမကောင်းတစ်ယောက်ပဲ၊ ညီမ သိပ်ကို လေးစားမိပါတယ်”

လုယွင်ရှမ်းရဲ့ လှပတဲ့မျက်နှာထားလေးက ဟန်မဆောင်နိုင်အောင် ပျက်သွားတော့တယ်။ လုလျန့်ဝေရဲ့စကားလုံးတွေထဲက ထေ့ငေါ့ပြောတာတွေကို လုံးဝရှာလို့မတွေ့တော့ဘူး။

တကယ်တော့လုယွင်ရှမ်းက အိမ်ရှေ့စံကို ဘယ်သူနဲ့မှ မျှမသုံးချင်ပါဘူး။ အမှန်က လုလျန့်ဝေကို အစပျိုးပေးလိုက်ရုံပါပဲ။ လုလျန့်ဝေ ပြောင်းလဲသွားပြီ ထင်ပါရဲ့။ အရင်လို လုယွင်ရှမ်းပြောတာနဲ့ ရန်စွယ်ငေါငေါ ဒေါသထွက်ပြီး မထီသလို လုပ်တာမျိုးတွေ မဟုတ်တော့တာက လုယွင်ရှမ်းကို စိတ်ပျက်စေတယ်၊

လု့လျန့်ဝေက လုဟန်ထျန်းကိုသာ ကြည့်ပြီး အဖေကို နှုတ်ဆက်လိုက်ပါတော့တယ်။

“အဖေ သမီးမသက်မသာခံစားနေရတဲ့အတွက် တစ်ခြားကိစ္စမရှိရင် ပြန်အနားယူချင်ပါတယ်။”

လုဟန်ထျန်းက လုလျန့်ဝေရဲ့ ဖြူဖျော့နေတဲ့ ပုံစံကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ ခွင့်ပြုလိုက်ပါတယ်။

“ကောင်းပြီ...သမီးအဆောင်ကို ပြန်ပြီး အနားယူနေလိုက် အဖေခဏနေရင် လာကြည့်လှည့်ပါ့မယ်”

သူမ အတိတ်တုန်းက ဘယ်လောက်ပဲ အမှားတွေလုပ်လုပ် ဘယ်လောက်ထိပဲ အိမ်တော်ကို အရှက်ရအောင် လုပ်ခဲ့လည်း လုဟန်ထျန်းကတော့ သမီးဖြစ်သူကို နည်းနည်းလေးမှကို ညိုညင်မှုမရှိ အချစ်မပျက်ခဲ့ပါဘူး။

လုလျန့်ဝေလည်း ပြောစရာရှိတာတွေပြောပြီး ပြန်လာခဲ့ပါတယ်။

လုံချီကိုတော့ အစကနေအဆုံးထိ အကြည့်လေးတစ်ချက်တောင်မှ စွေမကြည့်ခဲ့ပါဘူး။ ဒီပုဂ္ဂိုလ်ကို ဘယ်တုန်းကမှ မရှိဖူးတဲ့သူတစ်ယောက်လိုမျိုး လှည့်တောင်မကြည့်ခဲ့ပါဘူး။ လုံချီက ထွက်သွားတဲ့သူမရဲ့နောက်ျကျာပြင်ကို ကြည့်နေရင်း မျက်မှောင်ကျုံ့လိုက်ပါတယ်။

“ လုလျန့်ဝေ အခုကျ ဘယ်လိုဖြစ်သွားရတာလဲ၊ဘာလဲ တစ်ခြား နည်းလမ်းတစ်မျိုးနဲ့ လှည့်စားဖို့ ကြံနေတာများလား။”

လုလျန့်ဝေ ခန်းမဆောင်ကနေ ထွက်လာပြီး အနောက်ဘက်ခြံဝန်းဘက်ကို ပြန်သွားလိုက်တယ်။

သူမခြေလှမ်းအနည်းငယ် လျှောက်ပြီးတဲ့အခါမှာ လုထင်ချန်ကို တွေ့လိုက်ရပါတော့တယ်။သူက သစ်ပင်အောက်ကလေးမှာ ထိုင်နေပြီး အစိမ်းရောင် ချန်ဖူကို ဝတ်လို့ထားပါတယ်။ သူ့ရဲ့ ချပ်ဝတ်တန်ဆာတွေကို ဝတ်မထားတဲ့အတွက် သူ့ပုံက ခြိမ်းခြောက်ပြီး ခက်ထန်နေပုံမပေါ်ဘဲ ထူးချွန်တဲ့ လူရည်မွန် တစ်ယောက နဲ့သာ တူပါတော့တယ်။

လု့လျန်ဝေကရပ်ပြီး သူမအစ်ကိုဖြစ်သူကို ကြည့်ကာစဥ်းစားမိလိုက်တယ်။ သူမအစ်ကိုက မျက်စိအစာကျွေးစရာ ကောင်းသားပဲ။

“ မိုက်ရူးရဲတဲ့ကောင်မလေး, ငါ့ကိုဘာလာကြည့်နေတာလဲ။”

လုလျန့်ဝေက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကျီစယ်လိုက်တယ်။

“အစ်ကိုကြီးက ဒီလောက်ထိချောနေတာကို ညီမဖြစ်သူ က ကြည့်လို့မရဘူးတဲ့လား။”

လုထင်ချန့်ရဲ့ မျက်နှာဟာ နီရဲလို့သွားပြီ အပြစ်တင်သံနဲ့ ပြောလိုက်ပါတယ်။

“နင့်ရဲ့ အပြုအမူတွေကို ထိန်းသိမ်းစမ်းပါ။ ဘယ့်နှယ့်အပျိုပေါက်စလေးက ယောကျာ်းလေးတစ်ယောက်ကို အဲ့လိုစိုက်ကြည့်နေရသလား။”

“ဟုတ်ပြီလေ, အစ်ကိုကြီးက ယောကျ်ားလေးတစ်ယောက် အမျိုးသားတစ်ယောက်မဟုတ်ဘူး၊ ညီမရဲ့ အစ်ကိုလေ၊ ညီမက ဘာလို့မကြည့်ရမှာလဲ။”

လုထင်ချန်တစ်ယောက် ဘာပြောရမှန်းမသိ ဖြစ်သွားပါတော့တယ်။

သူလည်း ကြောက်စရာကောင်းတဲ့ အစ်ကိုတစ်ယောက်လို ခက်ထန်တဲ့ မျက်နှာထား နဲ့ ပြန်ပြောလိုက်ပါတော့တယ်။

“နင့်ကိုနင် သတ်သေဖို့လုပ်ခဲ့တာက လုံချီ့ရဲ့ကိုယ်လုပ်တော်ဖြစ်ချင်လို့ လုပ်ခဲ့တာမလား။အဖေကလည်း လက်ခံလိုက်ပြီးတော့မှ နင်ကဘယ်လိုဖြစ်ရတာလဲ။နင် စိတ်ပြောင်းသွားတာလား....နင့်မှာ လှည့်ကွက်များထပ်ရှိနေသလား။”

All Chapters