အခန်း (၄-၆)
Vol. 1 Ch. 4-6
Chapter-4 : ပြောင်းလဲနိုင်ဖို့အတွက် ကြိုစားရတော့မယ်။
January 31, 2024 by 匡子文
လုလျန့်ဝေ အစ်ကိုဖြစ်သူရဲ့ မေးခွန်းစကားကြောင့် စိတ်မဆိုးခဲ့။ အစ်ကိုက ဘာလို့ ဒီနေရာမှာစောင့်နေရသလဲဆိုတဲ့ အကြောင်းအရင်းကို သူက ကြိုတင်ခန့်မှန်းထားမိပြီးသားပင်။
“အစ်ကိုကြီးက ညီမလေးကို လုံချီရဲ့ကိုယ်လုပ်တော်ဖြစ်စေချင်နေတာလား”
‘ငါလည်း မဖြစ်စေချင်ပါဘူး’
‘ ညီမလေးလည်း မဖြစ်ချင်ဘူး”
လုလျန့်ဝေကလည်း ချက်ချင်းပြန်ဖြေလိုက်တယ်။
လုထင်ချန် တင်္ဂလောက် ကြက်သေ သေသွားပြီး သူမ ပြောတဲ့စကားက ဘယ်လောက်ထိ ယုံကြည့်လို့ရမလဲ တွေးတောမိနေတယ်။
လုလျန့်ဝေက သူမအစ်ကို ဘာတွေတွေးနေလဲဆိုတာ ခန့်မှန်းမိတာကြောင့် ငူမအစ်ကိုဆီကို လျှောက်သွားလိုက်ပြီး သူမရဲ့ လည်တိုင်လေးကို ပြရင်း ပြောလိုက်တယ်။
“ ညီမလေး သေလုနီးပါးအထိ ဖြစ်ခဲ့ပြီးမှဘယ်လောက်ထိ ခေါင်းမာခဲ့လဲဆိုတာ သိလိုက်ပြီ”
လုထင်ချန်က ညီမဖြစ်သူရဲ့ ပေါ့ပေါ့ပါးပါးစကားကိုနားထောင်ပြီး သူအကြည့်က သူမလည်ပင်းက နီရဲနေတဲ့ ပွန်းပဲ့ရာကို ကြည့်လိုက်ပြီး လက်သီးနှစ်ဖက်လုံး ဆုပ်ကိုင်မိလိုက်တယ်။
“မိုက်မဲတဲ့ကလေးမ၊ နင်တကယ့်ကို မိုက်ရူးရဲဆန်ခဲ့တာပဲ” လုထင်ချန်လည်း ဒေါသထွက်ပြီး ထပြန်လို့သွားပါတော့တယ်။
အစ်ကိုဖြစ်သူက ဒေါသတကြီး ထထွက်သွားပေမဲ့ လုလျန့်ဝေ ရင်ထဲမှာ နွေးထွေးမှုကို ခံစားမိလိုက်တယ်။ သူမအကိုက ဒေါသထွက်ခက်ထန်နေတဲ့ပုံပေါ်ပေမယ့် သူမကို မုန်းတီးနေပုံမပေါ်ပါဘူး။သူက စိတ်ထဲကနေ နက်နက်ရှိုင်းရှိုင်းကို ဂရုစိုက်ပေးနေတာပါ။
လုထင်ချန်က သူမကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ သတင်းကြားတဲ့အချိန်တုန်းက သေချာပေါက် အဆောင်ကို အပြေးလာခဲ့တယ်ဆိုတာ ခန့်မှန်းမိခဲ့တယ်။
ခုနလေးက သူမဆည်းဆာနေရောင်အိမ်ဝန်းမှာ ရှိလို့နေတုန်းက သူမအကိုက စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားတုန်းဆိုတာကိုလည်း သတိထားမိတယ်။ ဒါကြောင့်ပဲ သူ အဝတ်တောင်မလဲနိုင်ဘဲ အပြေးအလွှားလာခဲ့တယ်ဆိုတာကို သိခဲ့တာပါ။အစ်ကိုက စကားကောင်းကောင်းမပြောပေမယ့် သူမကို တကယ်ဂရုစိုက်တယ်ဆိုတာ သူမသိပါတယ်။
လုလျန့်ဝေက စိတ်ရွှင်မြူးစွာနဲ့ ခေါင်းတဆတ်ဆတ်ညိမ့်ပြီး ဆည်းဆာနေရောင်အိမ်ဝန်းဆီကို ပြန်လာခဲ့ပါတော့တယ်။
နောက်တစ်နေ့မှာတော့ လုလျန့်ဝေက သူမကိုယ်တိုင်ပြင်ဆင်ထားတဲ့ မနက်စာကို ကောက်သစ်တာရာ အိမ်ဝန်းမှာ ရှိတဲ့ လုထင်ချန်ဆီကို ယူလို့လာပါတယ်။ မဟာဆန်ပြီး ထည်ဝါလှပတဲ့ ဆည်းဆာရောင်ခြံဝန်းလိုမဟုတ်ဘဲနဲ့ ကောက်သစ်တာရာခြံဝန်းက ပိုမိုကျယ်ဝန်းပြီး ရှင်းရှင်းလင်းလင်းပဲ ပြင်ဆင်ထားတာဖြစ်ပါတယ်။ခြံဝန်းရဲ့ အချို့နေရာမှာရှိနေတဲ့ ဝါးပင်အနည်းငယ်ကလွဲပြီး သစ်ပင်ပန်းမံတွေ ရှိမနေဘူးလေ။
နေရာတော်တော်များများကို ကိုယ်ခံပညာလေ့ကျင်ဖို့အတွက် ဟာလာဟင်းလင်းပြင်လိုမျိုးသာ ထားထားပါတယ်။
သူမအိမ်တော်ထဲဝင်လာချိန်မှာ ဓါးရှည်နဲ့ လေ့ကျင်နေတဲ့ အကိုဖြစ်သူ လုထင်ချန်ကို တွေ့လိုက်ပါတယ်။ ဘေးတစ်ချက်တစ်စီမှာတော့ လက်နက်ချိတ်ထားတဲ့ စင်တွေရှိတယ်။ လု့လျန့်ဝေ ရပ်လိုက်ပြီး သူမအစ်ကိုလေ့ကျင်တာကို ကြည့်လို့နေတယ်။ လုထင်ချန်ကို ကြည့်ရတာတော့ လက်နက်တွေနဲ့ အတော်ကိုရင်းနှီးပြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနေတယ်။
လုကျန့်ဝေကတော့ ကိုယ်ခံပညာနဲ့ မရင်းနှီး။ ဒါပေမဲ့လည်း အစ်ကိုဖြစ်သူကိုတော့ လက်ခုပ်သြဘာတီးပြီး အားမပေးဘဲ မနေနိုင်ခဲ့။ သူမအစ်ကို အခုအသက်အရွယ်နဲ့ တပ်မှူးကြီးဖြစ်လာတာက အံ့သြစရာမရှိပါဘူး။
လုထင်ချန်ဟာ မျိုးဆက်တွေထဲမှာ မရေမတွက်နိုင်အောင် ငယ်ရွယ်တဲ့လူတွေထဲက အရည်အချင်းရှိပြီး ပါရမီပါတဲ့ သူလို့ မှတ်ယူလို့ရပါတယ်။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ ဝတ္ထုထဲမှာတော့ လုလျန်ဝေ သေကြောင်းကြံစည်ပြီးနောက်မှာ လုထင်ချန်က လုံချီနဲ့လုယွင်ရှမ်းတို့ကို မကျေပွဲနွှဲဖို့အတွက် သွားပါလိမ့်မယ်။ အကြောင်းက လုံချီကအရင် လုလျန့်ဝေကို ချဉ်းကပ်ဖြားယောင်းသွေးဆောင်ခဲ့တာမလို့ဖြစ်ပြီး သူပျော်ရဖို့အတွက် လုလျန့်ဝေကို ကျီစယ်ဖြားယောင်းရုံသာဖြစ်ခဲ့လေတယ်။
လုလျန့်ဝေဘက်က စတင်စိတ်ဝင်စားလာတဲ့ အချိန်ကျတော့ သူမကို အမှိုက်သရိုက်လိုပစ်ချခဲ့ပြီး လုယွင်ရှမ်းကိုသာ လက်ထပ်ခဲ့တယ်။
လုလျန့်ဝေက ခေါင်းမာစွာပဲ အချစ်မှာ နစ်မျောကျရှုံးနေပြီး လုံချီ့ရဲ့ ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့တောင်ဖြစ်ချင်နေတယ်။ဒါမဲ့ လုံချီက တစ်ချက်ကလေးတောင် လှည့်မကြည့်ပဲ ငြင်းပယ်ပစ်ခဲ့ပါတယ်။မျှော်လင့်ချက်တွေ ရိုက်ချိုးပစ်ခံလိုက်ရတဲ့ အချိန်တွေပြီးတဲ့နောက်မှာ လုလျန့်ဝေက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်။ညီမဖြစ်သူအတွက် ကလဲ့စားချေဖို့ လုထင်ချန်က လုံချီ ထီးနန်းမတက်ခင်ညမှာပဲ ဝင်ရောက်တိုက်ခိုက်ပေမယ့် ကံဆိုးစွာနဲ့ပဲ သေဆုံးခြင်းနဲ့သာ ကြုံတွေ့ခဲ့ရတယ်။
အနာဂတ်မှာ လုထင်ချန် ကြုံတွေ့လာရမယ့် အဖြစ်အပျက်တွေကို စဥ်းစာမိတော့ လုလျန့်ဝေမျက်လုံးတွေက ဝမ်းနည်းမှုအရောင်တွေ ထင်ဟပ်လို့သွားပါတယ်။
လုထင်ချန်က ထုတ်မပြောပြပေမယ့် ညီမဖြစ်သူကို တော်တော်လေးကို ချစ်တဲ့သူဖြစ်ပါတယ်။ လုဟန်ထျန်းရဲ့အချစ်နဲ့ယှဥ်ရင်တောင်မှ လုထင်ချန်ညီမအပေါ်ချစ်တဲ့အချစ်က တစ်စက်ကလေးမှကို လျော့မသွားပါဘူး။
ပြသနာတစ်ခုကတော့ မူလ လုလျန့်ဝေက ရင့်ကျက်တဲ့သူတစ်ယောက်မဟုတ်တာပဲလေ။ညီမဖြစ်သူအပေါ် မျှော်လင့်ချက်တွေထားလေလေ သူပဲစိတ်ပျက်ရလေလေ။
ဒါမဲ့ သူက လုလျန့်ဝေနေရာမှာ ဝိညာဥ်ကူးပြောင်းလာခဲ့ပြီလေ။ဒီဝတ္ထုရဲ့လမ်းစဥ်ကို သူပြောင်းပေးရမှာပေါ့။လုထင်ချန်ရဲ့ အနာဂတ်ကိုကော သူပြောင်းလဲနိုင်မလားဆိုတာကိုတော့ သူသိပ်သိချင်ပါတယ်။
ဆက်ရန်….
Chapter-5 : အစ်ကိုရဲ့ ခန့်ညား နေမှုကို တကယ်သည်းမခံနိုင် တော့ဘူး။
January 31, 2024 by 匡子文
လုလျန့် ဝေက လက်သီးဆုပ်လိုက်မိတယ်။ အနာဂတ်နဲ့ပက်သက်ပြီး သူမ တစ်ခုခုကို လုပ်သင့်တယ်။ လုထင်ချန်က လုလျန့် ဝေ ရောက် နေတာကို သတိထားမိတာကြောင့် သူ ခဏ လောက် လေ့ကျင့်ပြီးသွားတဲ့အခါမှာ တော့ ရပ်လိုက်တော့တယ်။
သူ့ရဲ့မျက်နှာမှာ ချွေး တွေနဲ့ ပြည့်လို့ နေပြီး လက်နက် တွေကို နေရာတကျထားလိုက်တဲ့အခါ လုလျန့် ဝေဆီ လျှောက်သွားလိုက်တယ်။ သူရဲ့ ခြေလှမ်းတိုင်းက ညီမျှပြီး ကိုယ်ခံပညာ လေ့ကျင်ထားလို့ ချွေး တွေထွက် နေ ပေမယ့်လည်း သူဟာ အင်မတန်ခန့်ညားတဲ့ ယောကျ်ားတစ်ယောက်ပဲ။ လုလျန် ဝေက တော့ ဟိုးအရင်ဘဝတုန်းက အလွန်တရာကို ချော မောလှပတဲ့သူ တွေကိုမြင်ဖူးခဲ့တာမို့ မဖြုံ ပေမဲ့ သူမအ နောက်မှာရပ် နေတဲ့ ကျုံးယွီက တော့ လုထင်ချန်ရဲ့ခန့်ညားမှု အောက်မှာ နစ် မျောလို့ နေလေရဲ့။ လုထင်ချန် လုလျန့် ဝေဆီက နေ ဆေးအနံ့ပြင်းပြင်းရလိုက်တာ ကြောင့် မနေ့ကကိစ္စကို သတိရလို့သွားပြီး သက်ပြင်းချလိုက်မိတယ်။
“ညီမ လေး နေ ရော ကောင်းပြီလား၊ သမား တော်နဲ့ ကော သေချာ စစ် ဆေး ထားရဲ့လား။”
လုလျန့် ဝေတစ် ယောက်လည်း သူမရဲ့ လည်ပင်း တွေကို ထိကြည့်မိလိုက်တယ်။ သူမကိုယ်တိုင် ရော နှော ဖော်စပ်ထားတဲ့ ဆေးတို့ကို ဒဏ်ရာ တွေ ပေါ်မှာ လိမ်းထားခဲ့မိခြင်းဖြစ်သည်။
“မနက်ဖြန်ကျ ငါနန်း တော်ကို သွားရင်း နင့်ကိုကြည့်ဖို့အတွက် သမားတော်ခေါ်လာခဲ့ ပေးမယ် လေ။”
လုလျန့် ဝေလည်း အကိုဖြစ်သူရဲ့ နွေး ထွေးမှု ကြောင့် စိတ် နွေး ထွေးခံစားမိသွားတယ်။သူမအရင်ဘဝတုန်းက တစ်ဦးတည်း သောသမီးဖြစ်ပြီး အစ်ကိုကြီးဖြစ်သူရဲ့ ဂရုစိုက်ခံရတာမျိုးက အစိမ်းသက်သက်ဖြစ် နေပါတယ်။
‘ ကောင်းပါပြီ’
ပြုံးကာ ခေါင်းညိတ်သ ဘောတူလိုက်တော့တယ်။အမာရွတ် ပျောက်ဖို့ကို သူမဘာသာသူမရဲ့ ဆေး တွေနဲ့ ကုလို့ရ ပေမယ့်လည်း အကိုဖြစ်သူ စေတနာကို တော့ မငြင်းရက်ပါ။
လုထင်ချန်တစ် ယောက် ညီမဖြစ်သူလက်ထဲက မနက်စာကိုကြည့်လိုက်ပြီး ဖီးဖို ချောင်မှာ လုပ်ခိုင်းထားတာ တွေကို ပြင်ဆင်လာတာပဲဖြစ်ရမယ်လို့ တွေးမိလိုက်တယ်။ ဒီလိုဆိုရင်တောင် သူ့ညီမလေးရဲ့ သိတတ်မှုက သူ့ရင်ထဲ ကို တော့ နွေး ထွေးစေတုန်းအင်။ ဒါက ညီမ လေးကိုယ်တိုင်ယူလာပေးတဲ့ မနက်စာလေ။
လုလျန့် ဝေက ဖြေလိုက်ပြီး ကျူးယွီနဲ့အတူ ထမင်းစားခန်းထဲ ထွက်သွားတယ်။
လုထင်ချန်တစ် ယောက် ညီမဖြစ်သူကို အကြာကြီး မ စောင့်ခိုင်းခဲ့ဘူး။ငါးမိနစ် လောက် ပြင်ဆင်အဝတ်လဲပြီး ထွက်လာခဲ့တယ်။
“ဒါက ဘယ်လို ရေချိုးနည်းပါလိမ့်၊ငါးမိနစ် တောင်မကြာဘူး တော် တော်မြန်တယ်။”
“ညီမ လေးက ဘာ တွေများ ပြင်ဆင်လာတာလဲ”
လုထင်ချန်က လုလျန့် ဝေ ရှေ့မျက်နှာချင်းဆိုင်ခုံမှာ ထိုင်ပြီး မေးလိုက်တယ်။
လုလျန့် ဝေလည်း ယူလာတဲ့ခြင်းကို စာပွဲ ပေါ်တင်ပြီး အစား အ သောက်တွေကို မြန်မြန်ပဲ ထုတ်လိုက်တယ်။
“ညီမ လေးရဲ့ ဟင်းချက်စွမ်းရည်က အ ကောင်းကြီး တော့ မဟုတ်ဘူး၊ အဲ့ဒါ ကြောင့် ဖက်ထုပ် တစ်ပန်းကန်ပဲ လုပ်လာနိုင်ခဲ့တယ်။”
သူမရဲ့လက်ရာကို မကြိုက်မှာ စိုးလို့ ထပ်ဖြည့် ပြောလိုက်ပါ သေးတယ်။
‘အစာသွပ်လို့ထားတဲ့ အသားစဥ်း ကော တွေက လတ်ဆတ်ပါတယ် နော်’
တကယ် တော့ အရင်ဘဝမှာက သူ့လက်ရာက ထူးချွန်တဲ့အထဲမှာပါပါတယ်။ ဆေး ဖော်စပ်တဲ့ နေရာမှာတင်မကပဲ အစားကြီးတဲ့သူ လေးဖြစ်တာ ကြောင့် အားတဲ့အချိန်တိုင်းမှာ အစားအ သောက်မျိုးစုံကို လုပ်စား လေ့ရှိပါတယ်။
ဒါပေမဲ့လည်း ဝတ္ထုထဲမှာက လုလျန့် ဝေ ဟင်းချက်စွမ်းရည်က အင်မတန်ကို ဆိုးပါတယ်။ တကယ့်လို့များ သူမရဲ့ စွမ်းရည် တွေကို ထုတ်ပြလိုက်မယ်ဆိုရင် သံသယ တွေဖြစ် ပေါ်လာနိုင်ပါတယ်။ လုထင်ချန်အကြည့်တို့က သူ ရှေ့မှာ ရှိ နနေတဲ့ အငွေ့တ ထောင်း ထောင်းနဲ့ ဖက်ထုပ်ပန်းကန်ဆီ ရောက်သွားတယ်။ သူတံ တွေးတစ်ချက် မြိုချပြီး မေးလိုက်ပါတယ်။
“ ညီမ လေး လုပ်ထားတာလား”
လုလျန့် ဝေလည်း ခေါင်းညိတ်ပြလိုက်ပါတယ်
”ဒါ ပေါ့ ညီမ လေးလုပ်ထားတာ၊ အရသာမရှိရင်လည်း စိတ်မပျက်ပါနဲ့”
လုထင်ချန် ခေါင်းညိတ်ပြလိုက် ပေမယ့် စိတ်ထဲမှာ တော့ အ တွေး တွေများလို့ နေပါတယ်။
“ညီမ လေး ဟင်းချက်တတ်မှန်း အစ်ကိုကြီး တစ်ခါမှ မသိခဲ့ပါ့လား”
လုထင်ချန်က မေးခွန်းကို ကြိုတင်သိထားတာ ကြောင့် စိတ် ကောက်ဟန်ဖြင့် ဖြေလိုက်ပါ တော့တယ်။
”အစ်ကိုက ညီမဆို အမြဲအထင်သေးနေတာပဲ၊ ညီမကျွမ်းကျင်တဲ့အရာ တွေ မကျွမ်းကျင်တဲ့ အရာ တွေ အားလုံးအကုန်လုံးကို အစ်ကိုကဘယ်လိုလုပ် သိ နေနိုင်မှာလဲ”