← Chapters

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း (၇-၉)

Vol. 1 Ch. 7-9

Chapter -7 ; သည်းသည်းလှုပ် ချစ်တဲ့ အဖေ

January 31, 2024

Duan Fei Lin (段飞林)

စာအုပ်တွေထဲမှာ နစ်မျောနေတဲ့ ပုံစံက လုထင်ချန်ကိုအလွန်ကို အံ့သြစေတယ်။သူမရဲ့တောင်းဆိုချက်ကို ဒီအတိုင်းကြုံရာပဲတောင်းဆိုလိုက်တာလို့ ထင်နေခဲ့တာ။ဒါပေမယ့် အခုလိုအခြေအနေအရဆို သူမ ဘာလို တကယ်လုပ်ချင်နေတာလဲ သိသွားပုံပဲ။လုထင်ချန်က ဆေးပညာနဲ့ပက်သက်ပြီး သိပ်မသိဘူး အမေက ဆေးပညာစာအုပ်တွေအများကြီး ချန်ထားခဲ့လည်း သူ စိတ်မဝင်စားတာကြောင့် ဒီနေရာကို စာဖတ်ဖို့ လာလေ့မရှိဘူး။

မျက်စိတစ်မှိတ်အတွင်းမှာ အချိန်တွေ တော်တော်ကုန်သွားတာပဲ။လုဝေလျန်လည်း ဆေးကျမ်းကြီးတစ်ခုကိုလေ့လာခဲ့ပြီးပြီ။သူမ စာအုပ်ဖတ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်မိတယ်။လုထင်ချန်က အစောကတည်းက ထွက်သွားခဲ့ပုံပေါ်တယ်။သူမလည်း စာအုပ်စင်ပေါ်မှာ ဖတ်မယ့် စာအုပ်တစ်ချို့ယူပြီး အပြင်ဘက်ကို ထွက်ဖို့ပြင်လိုက်တယ်။ဒါပေမယ့် အတွင်းဘက်ကျကျလေးမှာ ရှိနေတဲ့ စာအုပ်စင်လေးကို အမှတ်တမဲ့ကြည့်မိသွားတယ်။အဲ့ဒီနေရာလေးက လွတ်နေပြီး စာအုပ်တစ်အုပ်တလေမှ ရှိမနေဘူး။တခြားစာအုပ်စင်တွေ အားလုံးမှာ စာအုပ်တွေအပြည့်နဲ့ သေချာစီထားပေမယ့် ဒီနေရာလေးကတော့ လွတ်နေတာတော့ နည်းနည်းထူးဆန်းနေတယ်။အရင်တုန်းက အဲ့ဒီနေရာမှာ စာအုပ်တွေထားထားတဲ့ ပုံစံပဲ။ဒါပေမယ့် အခုကျတော့ အဲ့နေရာလေးက လွတ်နေတယ်။စာအုပ်တွေကို တစ်ယောက်ယောက်က ယူသွားတာများလား။လုဟန်ထျန်းကော လုထင်ချန်ကောက စစ်တပ်ဘက်က ခေါင်းဆောင်တွေဖြစ်တာကြောင့် ဆေးစာအုပ်တွေကို စိတ်ဝင်စားမှာ မဟုတ်ဘူး။အတွင်းဆောင်ဘက်မှာ နေတဲ့ ကျန်းသခင်မကကော ဆေးပညာကို စိတ်ဝင်စားပါ့မလား။

လုလျန့်ဝေလည်း ပန်းသင်းမြိုင် ခြံဝန်းရဲ့ ဘဏ္ဍာစိုး ကို ခေါ်ကာ မေးမြန်းလိုက်တဲ့အခါမှာတော့ လုယွင်ရှမ်း ယူသွားမှန်း သိလိုက်တယ်။လုယွင်ရှမ်းက ဘာအတွက်ကြောင့်များ ဆေးစာအုပ်တွေကို ယူသွားရတာလဲ။ဒီကိစ္စကို စဥ်းစားပြီးနောက်တော့ သူမ နားလည်သလိုရှိသွားတယ်။

အခုလက်ရှိစိုးစံနေတဲ့ ဧကရာဇ် ရဲ့ ကျန်းမာရေးကို လူအနည်းငယ်လောက်ပဲသိတယ်။ဘယ်သူရှိမလဲ။ဇာတ်လိုက်နဲ့ ဇာတ်လိုက်မဖြစ်တဲ့ လုံချီနဲ့လုယွင်ရှမ်းပဲပေါ့။သူတို့က ဧကရာဇ်ရဲ့ ရောဂါကို ဘယ်လိုကုသရမလဲသိနေခဲ့တယ်။ ဒါပေမယ့် လက်ရှိဧကရာဇ် မြန်မြန် နတ်ရွာစံဖို့အတွက်သော စောင့်နေရင်း နှုတ်ဆိတ်လျက်သာနေခဲ့ကြတယ်။ဒါက လုံချီ ပုလ္လင် ကို မြန်မြန် ရရှိလာတဲ့ အကြောင်းအရင်းတစ်ခုပဲ။ လုယွင်ရှမ်းက ဆေးပညာနဲ့ပက်သက်ပြီး ဗဟုသုတ မရှိတဲ့သူတစ်ယောက်တယ်။အဲ့တော့ ဒီဆေးစာအုပ်တွေကို ဖယ်ရှားလိုက်တဲ့ အကြောင်းအရင်းတစ်ခုက ဧကရာဇ်နဲ့ကျန်းမာရေးနဲ့ပက်သက်နေတာလွဲက တခြားမရှိဘူး။

အဲ့ဒီ စာအုပ်တွေထဲမှာ ဖော်ပြလို့ထားမယ့် ဧကရာဇ်ရဲ့ ရောဂါကုသနိုင်မဲ့ နည်းလမ်းကို မှန်းဆမိနေတယ်။လုယွင်ရှမ်းက အဲ့ဒီ စာအုပ်တွေ ဧကရာဇ်လက်ထဲရောက်သွားမှာကို စိုးရိမ်တာကြောင့် စာအုပ်တွေဖျောက်ဖျက်ပစ်ပြီး လက်ဦးမှုရယူခဲ့တယ်။လုလျန့်ဝေက ဒီကိစ္စကို ချိန်ဆတွေးတောနေရင်း လမ်းလျှောက်လာတာကြောင့် အရှေ့မှာ ရှိနေတဲ့ သူကို သတိမပြုမိလိုက်ဘူး။တစ်စုံတစ်ယောက်ကို ဝင်တိုက်လိုက်ပြီးမှ သူမလည်း သတိပြန်ကပ်မိတော့တယ်။နာကျင်သွားတဲ့ နဖူးလေးကို ပွက်လိုက်ရင်း အရှေ့ကလူကို ကြည့်လိုက်မိကာမှ အံ့အားသင့်ပြီးခေါ်လိုက်မိတယ်။

“အဖေ”

လုဟန်ထျန်းလည်း သမီးဖြစ်သူ နာသွားတဲ့ နဖူးလေးရောင်နေတဲ့နေရာကို ပွတ်ပေးလိုက်တယ်။သူမလက်ထဲက ဆေးစာအုပ်တွေကိုလည်း သတိထားမိလိုက်ပြီး တင်းမာတဲ့လေသံနဲ့ ပြောလိုက်တယ်။

“လမ်းကို ကောင်းကောင်းမွန်မွန် သေချာကြည့်မလျှောက်ဘူးလား”

လျန့်ဝေလည်း နည်းနည်းတော့မခံမရပ်နိုင်ဖြစ်သွားတယ်။

“သမီးကို မြင်ရင်လည်း အဖေ ဘာလို့ မရှောင်လိုက်လဲ”

“ပြီး တော့အဖေ့ခန္ဓာကိုယ်က ကျောက်တုံးနဲ့များ လုပ်ထားတာလားမသိဘူး သမီးနာသွားတာပဲ”

အဲ့တော့မှ လုဟန်ထျန်းလည်း ဆက်ပြီး တင်းမာမနေနိုင်တော့ဘဲ လက်မြှောက်ကာ သမီးဖြစ်သူ နဖူးလေးကို ပွတ်ပေးလိုက်တယ်။

“ဘယ်လိုမိုက်မဲတဲ့ ကလေးမလေးလဲ,လမ်းလျှောက်နေတုန်းတောင် ကိုယ့်ကိုယ်ကို နာကျင်စေရတယ်လို့”

လုလျန့်ဝေ နဖူး အရမ်းကြီး နာသွားတာစေရတမဟုတ်ဘူး။ဒါမဲ့ အဖေဖြစ်သူ ပွတ်ပေးကာမှ ပိုလို့ နီလာသလိုပါပဲ။သူမရဲ့ဖြူစွတ်နေတဲ့ နဖူးက နီရဲလာပြီး မျက်ရည်လေးတွေလည်းဝဲနေတာတွေ့တော့မှ သူလည်း လက်ကို အလျင်အမြန်ချလိုက်တော့တယ်။သူ့သမီးရဲ့ အသားအရည်က တို့ဖူးလေးလိုပဲ ဆတ်ဆတ်မထိခံပါ့လား။မြို့စားတစ်ယောက်ဖြစ်တဲ့ လုဟန်ထျန်း က စစ်တပ်အာဏာရှိသူတစ်ယောက်ဖြစ်ပြီး စည်းကမ်းကြီးပြီး အခရာကျတဲ့လူတစ်ယောက်ဖြစ်တယ်။သူ့သမီးကိုတော့ အဲ့လိုမျိူး သည်းသည်းလှုပ်တယ်ဆိုတာတော့ ဘယ်သူထင်မလဲ။

Chapter – 8: တကယ်ကို အသည်းကွဲသွားပါပြီ

January 31, 2024

“တကယ်လို့ကိစ္စမရှိတော့ဘူးဆိုရင် သမီးအရင်ပြန်နှင့်တော့မယ်”

သူမက အပြုံးတစ်ခုကို မဖြစ်မသာလေးပြုံးပြကာ အသံကိုလည်း တည်ငြိမ်နေစေဖို့ ကြိုးစားလိုက်တယ်။သမီးဖြစ်သူ ပြန်တော့မှာကို တွေ့တော့ လုဟန်ထျန်းလည်း ခပ်ငေးငေးပုံစံလေးနှင့် ပြောလိုက်တယ်။

“ဒီမနက် သမီးအစ်ကိုအတွက် ဖက်ထုပ်တွေ လုပ်ပေးခဲ့တယ်လို့ကြားတယ်”

သူမအဖသိနေတာကို လုလျန့်ဝေ မအံ့သြပါဘူး။သူရဲ့ သဘာဝမကျဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် ဘာကြောင့်လဲဆိုတာ သူမသိတယ်။ဒါကြောင့်ပဲ သူမက မျက်တောက်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ အပြစ်ကင်းစင်တဲ့ အသံနဲ့ပြောလိုက်တယ်။

“ ဟုတ်ကဲ့၊ ဘာလို့များလဲ အဖေ”

လုဟန်ထျန်း တကယ့်တကယ် မေးချင်တာက သူ့အတွက်ကျ ဘာလို့ ဖက်ထုပ်လေး ယူမလာပေးတာလဲ ဆိုတာကိုပါ။ဒါပေမယ့် သူ့သားကို မနာလိုဖြစ်နေတဲ့ ကိစ္စကို ဘယ်လိုများ ဝန်ခံရမလဲ။

သူလေတစ်ချက်သာ မှုတ်လိုက်ပြီး

”ဘာမှမဖြစ်ဘူး”

ဒါပေမယ့် သူ့မျက်နှာက ရှစ်ခေါက်ချိုးပုံစံနဲ့ပင်။လုလျန့်ဝေရဲ့ လှပတဲ့ မျက်လုံးအိမ်တွေထဲမှာတော့ ရွှင်မြူးမြူးအရိပ်လေးတွေကို ဖြတ်ပြေးသွားသလိုတွေ့လိုက်တယ်။သူမက အမူအရာပိုပိုလေးနဲ့ သက်ပြင်းလေးတစ်ချက်ချပြီး မချင့်မရဲဖြစ်နေတဲ့ လေသံလေးနဲ့ ပြောလိုက်တယ်။

“တကယ်တော့ အဖေ့အတွက်လည်း သမီးတစ်ပန်းကန် လုပ်လာခဲ့သေးတယ်။ပြန်စဥ်စားကြည့်လိုက်သတော့ ကျန်းသခင်မက အဖေ့မနက်စာကို ဂရုစိုက်ပေး‌တာကြောင့် သမီးဖက်ထုပ်တွေ မပို့သင့်ဘူးလို့ ထင်တယ်လေ၊ သမီးက အချက်အပြုတ်တော်တဲ့သူလည်းမဟုတ်တော့ ကျန်းသခင်မရဲ့ လက်ရာကိုတော့ ဘယ်မှီပါ့မလဲ၊နောက်ပြီး အဖေက သူချက်ကျွေးတဲ့ လက်ရာတွေကိုပဲ စားနေကျဆိုတော့ သမီးလက်ရာကို အဖေခံတွင်းဘယ်တွေ့ပါ့မလဲ၊ သမီးစိုးရိမ်လို့ပါ”

လုဟန်ထျန်း နည်းနည်းမသက်မသာဖြစ်သွားပါတယ်။အမှန်အတိုင်းပြောရရင် ကျန်းသခင်မရဲ့ အချက်အပြုတ်လက်ရာက ထိပ်တန်းကပဲ။သူ့အတွက် မနက်စာပြင်ဆင်ပေးဖို့ ကျန်းသခင်မက မနက်စောစောထလာခဲ့တာ နှစ်တွေဆယ်စုနှစ်ကြာနေပြီ။ဒါကလည်း လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးလေ။သူ့နှလုံးသားထဲမှာ ကျန်းသခင်မဖို့ နေရာမရှိပေမယ့် သူမရဲ့ အာရုံစိုက်မှု အားထုတ်မှုတို့ကို ထောက်ထားသောအားဖြင့် သူမကို လက်လွတ်စပယ်တော့ ပစ်ခါလိုက်လို့ မရဘူးလေ။

လုလျန်ဝေ့ မျက်လုံးတွေမသက်မသာဖြစ်သွားတာကို တွေ့လိုက်ရတယ်။သူမကတော့ စိတ်ထဲကနေ သရော်လိုက်တယ်။လုဟန်ထျန်းရဲ့ နှလုံးသားက သူမအမေ၊ ကျန်းသခင်မရဲ့ နေရာကို ဖယ်ထုတ်ခဲ့လိုက်ရရင် ဘယ်လိုလုပ်မလဲ၊သူမသေဆုံးသွားတာ နှစ်တွေကြာပြီ။အဖေ့အနားမှာ အလှပကေးတွေအများကြီး ရှိမှာပဲ။ဘယ်အချိန်ထိများ အဖေက သူ့အမေကို လွမ်းဆွတ်မြတ်နိုးနိုင်မလဲ။

နောက်ပြီး ကျန်းသခင်မက အဖေ့ကို ဂရုစိုက်ဖို့ အမြဲတမ်း မနက်စောစောထတယ်။မနက်စာပြင်ပေးတယ်။ကျန်းသခင်မလက်ရာက သာမညောင်ညဖြစ်ပေမယ့်လိုပေါ့၊ဟုတ်တယ်။ အဲ့တာတွေအားလုံးက ဇာတ်တိုက်ထားတာတွေချည်းပဲ။ တကယ်တမ်း လုဟန်ထျန်းရဲ့ မနက်စာကို ချက်ပြုတ်ပေးသူက ငွေတွေပုံပေးပြီး ငှားရမ်းထားရတဲ့ သူမရဲ့ စာဖိုမှူး။ယောကျ်ားတစ်ယောက်ရဲ့ နှလုံးသားကိုရဖို့အတွက် သူ့ရဲ့အစားအသောက်ကို အကောင်းဆုံးပြင်ဆင်ပေးထားတယ်ဆိုတာကလည်း အချက်တစ်ချက်ပဲဆိုတာကို ကျန့်သခင်မက ကောင်းကောင်းကြီး သိတယ်လေ။ကံမကောင်းစွာနဲ့ ကျန့်သခင်က သက်တောင့်သက်သာနေရတဲ့ ဘဝကို အသားကျနေပြီလေ၊ထုတ်မပြောရင်တောင်မှ သူ့မှာ ဘာဟင်းချက်စွမ်းရည်မှမရှိဘူး။အကြိမ်နည်းနည်း ကြိုးစားချက်ကြည့်ပြီး သူမအရှုံးပေးလိုက်တာပဲ။

သူမခေါ်ထားတဲ့ အစေခံက အစားအသောက်တွေ နေ့တိုင်းပြင်ပေးတယ်။ပြီးရင် သူမဘာသာလုပ်ထားတဲ့ ဟင်းလျာတွေဆိုပြီး လုဟန်ထျန်းဆီကိုပို့တယ်။အဲတော့ လုဟန်ထျန်းက သူမရဲ့အားစိုက်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ သူမကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ ကျန့်သခင်မကို သူ့တရားဝင်ဇနီးတစ်ယောက်အနေနဲ့ မသတ်မှတ်ပေမယ့် အိမ်တော်မှာ သူမရဲ့အဆင့်က မနိမ့်ဘူး။နောက်ပြီး လုဟန်ထျန်းကလည်း အိမ်တော်က ကိစ္စတွေကို စီမံဖို့ ခွင့်ပြုထားပေးတယ်။

လုလျန့်ဝေ မျက်နှာပေါ်က အပြုံးလေးက နူးညံ့သွားတယ်။ ဟန်ထျန်းရဲ့ မျက်နှာကြီး မဲသွားတာကို သတိထားမိတော့ သူမဆက်မပြောပဲ ရပ်လိုက်တယ်။

“အဲ့တာတွေကို လွှင့်ပစ်လိုက်ရင် ဖြုန်းတီးရာကျသွားမှာပေါ့၊ကျူးယွီကလည်း သမီးလုပ်ထားတာတွေက အရသာရှိတယ်ပြောလို့ သူ့ကို ပေးလိုက်တာလေ”

လုဟန်ထျန်း သူ့သမီးအနောက်က ကျူးယွီကို ပြင်းထန်တဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။ကျူးယွီကတော့ အအေးဓါတ်ကို ခံစားလိုက်ရတယ်။ ဒါမဲ့လည်း သူမ အခြေအနေကို နားမလည်သေးဘူး။သူမ မမလေး ပြောတာကြားကို ထောက်ခံတဲ့အနေနဲ့

ကျူးယွီကတော့ ရုတ်တရက်ကြီး တစ်ကိုယ်လုံးအေးစိမ့်သွားတော့တယ်။မြို့စားရဲ့အကြည့်ကိုလည်း ကြောင်ကြည့်နေမိတယ်။လုလျန့်ဝေက အရိပ်အကဲမသိတဲ့ ကောင်မလေးကို တစ်ချက်ကြည့်ပြီး ရယ်ချင်မိသွားတယ်။

ပြောပြီးတာနဲ့ အဖေဖြစ်သူက လမ်းရမ်းပြကာ ထွက်သွားတော့တယ်။

လုဟန်ထျန်းက မခံမရပ်နိုင်ဖြစ်နေသလို တစ်ခုခုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရပါတယ်။သူ့သမီးက လုဟန်ထျန်းဆီကို အတွေးတွေ သွယ်ဝိုက်တဲ့နည်နဲ့ရိုက်ထည့်ပေးလိုက်ပြီး ကျောက်ရုပ်တစ်ရုပ်လို ချန်ထားခဲ့တယ်။မောင်နှမ နှစ်ယောက်ကတော့ ချစ်ချစ်ခင်ခင်နွေးနွေးထွေးထွေးရှိနေပြီး သူ့ကျတော့....အင်း...တကယ်အသည်းကွဲသွားသလို ခံစားရတယ်။

ဆက်ရန်..........

Chapter -9 : စာကြည့်ခန်းထဲက လူတစ်ယောက်

January 31, 2024 by 匡子文

ဒီရက်ပိုင်းတွေမှာ ဝေဝေ လုံချီနောက်ကို လိုက်တာမျိုးတွေ မတွေ့ရဘူး။သူမက အစ်ကိုဖြစ်သူနဲ့သာ အချိန်ပိုဖြုန်းလေ့ရှိတာ‌ေကြာင့် ဒီလူအိုကြီးခေါင်းစားရသက်သာစေတယ်။ဒါပေမယ့်လည်း ဘယ်လိုပဲစဥ်းစားစဥ်းစား လုဟန်ထျန်းအတွက်တော့ သူ့သမီးက အနည်းငယ်ပြောင်းလဲသွားသလိုပဲ။

ကုန်ဆုံးသွားတဲ့ရက်တွေမှာ လုလျန့်ဝေကတော့ ကောက်သစ်တာရာခြံဝန်းဆီကို သွားမယ်။ပြီးရင် လုထင်ချန်ကို သွားရှာလိမ့်မယ်။တခါတလေကျရင် မောင်နှမနှစ်ယောက် အစားအသောက်ကို အတူတူစားမယ် ဒါမှမဟုတ် စစ်တုရင် အတူတူကစားရင် ကစားလိမ့်မယ်။အခုဆိုရင် မောင်နှမ နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရင်ကထက်ပိုပြီး ကောင်းလာတယ်။

ဒီနေ့မှာတော့ လုလျန့်ဝေက လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားတဲ့ မုန့်အချို့ကိုယူပြီး ကောက်သစ်တာရာ ခြံဝန်းဆီကို ထွက်လာခဲ့တယ်။ဒါပေမယ့် လုထင်ချန်က ခြံဝန်းထဲမှာ ရှိမနေဘူး။ဒါပေမယ့် ဒါက သူမအကြောင်းမဟုတ်ဘူး။လုထင်ချန်က စစ်တပ်ရဲ့တပ်မှူးဖြစ်တာကြောင့် သူ့မှာ အင်ပါယာမြို့တော်တစ်ခုလုံးရဲ့ လုံခြုံရေးအတွက် တာဝန်ရှိတယ်။ဒါ့ကြောင့် အလုပ်ရှုပ်နေတာက သူ့အတွက်တော့ ပုံမှန်ပဲ။

ဒါကြောင့်သူမက အဲ့ဒီမှာ ရှိနေတုန်းစာအုပ်တစ်အုပ်လောက်ဖတ်ဖို့ စိတ်ကူးတာကြောင့် အစ်ကိုဖြစ်သူရဲ့ စာဖတ်ခန်းဆီသာ သွားလိုက်တယ်။သူမရဲ့ တစ်နေ့တာတွေကို ဒီလိုသာ ဖြတ်ကျော်တယ်။လုထင်ချန် ရှိမနေခဲ့ရင် သူမက သူ့ရဲ့ စာဖတ်ခန်းထဲမှာ စောင့်မယ်။သူမမှာလည်း ဆေးစာအုပ်တစ်အုပ်ပါလာတာကြောင့် အစ်ကိုဖြစ်သူကို စောင့်ရင်း ဒီတစ်နေ့ခင်းလုံး အချိန်ဖြုန်းနေလို့ရတယ်။

စာဖတ်ခန်းတံခါးက သေချာပိတ်မထားခဲ့ဘူး။တံခါးဆွဲဖွင့်ဖို့လုပ်လိုက်တဲ့ အချိန်မှာတော့ အခန်းထဲကနေ ချောင်းဆိုးသံခပ်အုပ်အုပ်ကို ကြားလိုက်ရတယ်။သူမလည်း တန့်သွားမိတယ်။

“အစ်ကိုကြီး ဖျားများနေသလား”

သူမ တံခါးဖွင့်တော့မယ့်အချိန်မှာပဲ အခန်းထဲမှာ အသံတစ်သံ ထွက်လာပါတော့တယ်။

“အပြင်က ဘယ်သူလဲ”

အဲ့ဒီ အသံက သူမ မရင်းနှီးတဲ့ အသံဖြစ်ပြီး ခပ်ကျယ်ကျယ်နဲ့ ထိတ်လန့်ဖွယ်ကောင်းတယ်။လုလျန့်ဝေလည်း ဦးနှောက်ခြောက်သွားတယ်။သူမအနေနဲ့ ဒီခြံဝန်းထဲက လူတော်တော်များများနဲ့တွေ့ဖူးပြီး ဒီလိုအသံမျိုးနဲ့ တစ်ခါမှ မကြားဖူးဘူးခဲ့ဘူး။အစ်ကိုကြီးရဲ့ သက်တော်စောင့်များလား။သူမက တန့်နေပြီး ပြန်မဖြေခဲ့ဘူး။သူမအစ်ကိုရဲ့ သက်တော်စောင့်က အခန်းထဲမှာရှိနေတဲ့အတွက် သူမဝင်သွားရင် မသင့်လျော်ပဲနေလိမ့်မယ်။ဒါကြောင့်မို့ ဆည်းဆာရောင်ခြံဝန်းကို ပြန်ဖို့ ပြင်လိုက်တယ်။ဒါမယ့် သူမခြေလှမ်းနှစ်လှမ်းလောက်လှမ်းပြီးချိန်မှာပဲ အခန်းထဲကနေ

“ သခင်ကြီး”

ငိုသံပါ အလန့်တကြားခေါ်လိုက်တဲ့ အသံကြီးကို ကြားလိုက်ရတယ်။

လုလျန့်ဝေလည်း လန့်သွားတယ်။အခန်းထဲမှာ လူတစ်ယောက်ထက်ပိုရှိနေတာလား။အခန်းထဲက စိတ်လှုပ်ရှားကာ တုန်လှုပ်နေတဲ့ အသံကြောင့် သူမလည်း အခန်းထဲမှာ ဘာဖြစ်နေတာလဲဆိုတာ မခန့်မှန်းနိုင်တော့ဘူး။

ဒီအချိန်မှာတော့ ဒီအသံက စိတ်ပျက်အားငယ်နေတဲ့ပုံဖြစ်နေပါတယ်။ဒီအသံက လူတိုင်းရဲ့နှလုံးသားကို နာကျင်စေပါတယ်။

လုလျန့်ဝေရဲ့ နှလုံးသားက အေးခဲသွားတယ်။သူမသတိပြန်ဝင်ကာ ပြန်လှည့်ပြီး တံခါးကို ဆွဲဖွင့်ကာ ပြေးဝင်လိုက်တော့တယ်။ခုံတစ်လုံးပေါ်မှာ လူတစ်ယောက်က တံခါးဝကိုကျောပေးကာ ထထိုင်နေတယ်။ဒါပေမယ့် သူ့ဆံပင်တွေက ပြန့်ကျဲလို့နေကာ စားပွဲခုံပေါ်မှာ လဲကျလို့နေတယ်။နောက်ထပ် ကိုယ်ရံတော်ပုံစံဝတ်ဆင်ထားတဲ့ ဒုတိယလူကတော့ ဘေးမှာရပ်နေပြီး ကပျာကယာ ပထမလူရဲ့ အသက်ရှူနှုန်းကို စမ်းသပ်နေပါတယ်။

သူမ အခန်းထဲကို ဝင်လာတဲ့အချိန်မှာတော့ ကိုယ်ရံတော်ရဲ့မျက်နှာမှာ မျှော်လင့်ချက်ရောင်ခြည်လေးသန်းလို့သွားတယ်။သူ့စိတ်ထဲ သမားတော်ကို သွားရောက်ခေါ်ဆောင်ပြီး ပြန်လာတဲ့ ချူရှီလို့ထင်လိုက်တာကြောင့်ပါ။ဒါပေမယ့် လုလျန့်ဝေရဲ့ ငယ်ရွယ်ပြီး ကလေးဆန်တဲ့ ပုံစံလေးကိုမြင်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့မျှော်လင့်ချက်တွေ ပျက်သုဥ်းလို့သွားတယ်။ထိုလူရဲ့ အမူအရာကို မြင်လိုက်တဲ့အချိန်မှာတော့ ဘာဖြစ်နေတာလဲဆိုတာ လုလျန့်ဝေ အကြမ်းဖျင်း ခန့်မှန်းနိုင်သွားတယ်။ခပ်သွက်သွက်လေးလှမ်းလာလိုက်ကာ လဲကျနေတဲ့သူရဲ့ နှလုံးခုန်နှုန်းကို အမြန်စမ်းလိုက်တယ်။

“မြန်မြန်လေး ဒီလူကို မြေပြင်ညီမှာ မြန်မြန်လှဲပေးပါ”

ကိုယ်ရံတော် ကျောက်ချန်လည်းအခုမှ သတိပြန်ကပ်လာပြီး သူ့အမူအရာက တုံ့သွားကာ သတိအပြည့်နဲ့ဖြစ်သွားတယ်။ဒီအမိန့်ကို သူချက်ချင်း မလိုက်နာနိုင်ခဲ့ဘူး။လုလျန့်ဝေကတော့ သတိမေ့နေတဲ့ လူရဲ့လည်ပင်းကို လက်တစ်ဖက်နဲ့ထောက်ပေးကာ နောက်လက်တစ်ဖက်ကတော့ ပုခုံးကို ထိန်းကိုင်ထားရတယ်။မလှုပ်မရှက်ဖြစ်နေတဲ့ ကိုယ်ရံတော်ကို မြင်လိုက်တဲ့အခါမှာတော့ သူမ နည်းနည်းဒေါသထွက်သွားရတယ်။

“ရှင် ဒီလူကို မသေစေချင်ရင် မြန်မြန်လာပြီး ကျွန်မကို လာကူညီ”

သူ့ရှေ့မှာ ရှိနေတဲ့ မိန်းကလေးက ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်ထက်မကျော်နိုင်ဘူး။ဒါပေမယ့် သူမမှာ အသက်အရွယ်နဲ့ မလိုက်တဲ့ တည်ငြိမ်မှုရှိလို့နေတယ်။ကျောက်ချမ်းလည်းသတိပြန်ဝင်လာပြီး မိန်းကလေးနဲ့ပူးပေါင်းကာ မြေပြင်ချဖို့ ကူညီပေးလိုက်တယ်။

သမားတော် သွားပင့်တဲ့ လုထင်ချန်နဲ့ ချူရှီကတော့ အလျင်အမြန်ပြေးလာရတယ်။နောက်ဆုံး ကောက်သစ်တာရာခြံဝန်းကို ရောက်လာတဲ့အချိန်မှာတော့ အခန်းဆီကို နှလုံးရပ်မတတ်ပြေးလာရတော့တယ်။ဒါပေမယ့် အခန်းထဲက ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်နေမှူကြောင့်သူတို့နှလုံးသားတွေ အေးခဲလို့သွားတယ်။

ဧကရာဇ်က ဒီကနေ့မှာ ထသွားထလာအဝတ်အစားနဲ့ နန်းတော်ထဲကနေ ထွက်လာခဲ့တယ်။ဒါပေမယ့် မြို့စားအိမ်တော်ကို ဖြတ်သွားချိန်မှာ သူ့ရဲ့ ရောဂါဟောင်းကထဖောက်လာခဲ့တယ်။သူ့အနေနဲ့ နန်းတွင်းသမားတော်နဲ့ပြဖို့ နန်းတော်ဆီပြန်နိုင်တဲ့ အင်အားမရှိတော့ဘူး။ဒါ့ကြောင့် အနောက်ဘက်တံခါးဆီကနေ မြို့စားအိမ်တော်ထဲကိုဝင် နားရတော့တယ်။

လုထင်ချန်က ဧကရာဇ်ကိုတွေ့လိုက်တဲ့အချိန်မှာတော့ သူက အလွန်စိတ်ပူကာ နီးစပ်ရာသမားတော်ကို သွားပင့်ခဲ့တယ်။သူသမားတော်ကို လိုက်ရှာနေချိန်မှာတော့ သမားတော်ကို ပင့်လာခဲ့ပြီးဖြစ်တဲ့ချုရှီနဲ့တွေ့ကာ အိမ်တော်ကို အတူတူအမြန်ပြန်လာခဲ့တယ်။ပြန်ရာက်တဲ့အချိန်မှာတော့ စာကြည့်ခန်းတစ်ခုလုံးက ခြောက်ခြားဖွယ်ရာကောင်းလောက်အောင်ကို တိ

တ်ဆိတ်လို့နေတယ်။ဧကရာဇ်များ တစ်ခုခုဖြစ်သွားတာလား?။

All Chapters