← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

Chapter-10 : လုံယန်

February 1, 2024 by 匡子文

လုထင်ချန်နဲ့ ချူရှီ နှစ်ယောက်စလုံးက ဧကရာဇ်တစ်ခုခုဖြစ်သွားမှာကို စိတ်ပူပင်နေကာ သူတို့အမူအရာတွေက ထိတ်လန့်စိတ်ပူလို့နေလေမှန်း သိသာနေတယ်။သူတို့က အနောက်မှာ လိုက်လာတဲ့ သမားတော်ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ အခန်းထဲကိုသာ အပြေးအလွှားဝင်သွားကြတယ်။

တံခါးကို တန်းဖွင့်လိုက်ပြီးမှာတော့ ဧကရာဇ် လုံယန်က သက်တောင့်သက်သာရှိတဲ့ ကုလားထိုင်တစ်ခုပေါ်မှာ ထိုင်နေတယ်။သူ့ရဲ့မျက်နှာက ဖြူဖျော့လိုနေပေမယ့် အခြေအနေက အဆိုးအရွားကြီးဖြစ်နေတဲ့ ပုံပေါ်မပေါ်ဘူး။ဧကရာဇ်က ထိုင်ခုံကြီးပေါ်မှာ တောင့်တောင့်ကြီး ထိုင်နေတယ်။ဒါပေမယ့် သူ့ဆီကနေ ထိတ်လန့်ပြီး ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေ ထုတ်လွှတ်နေတာက မသိရင် နှစ်အဆက်ဆက်ကစုပေါင်းထားတဲ့ အရှိန်အဝါတွေက ပေါက်ကွဲထွက်လာသလိုပဲ။သူ့ဆီက ထုတ်လွှတ်နေတဲ့ အရှိန်အဝါတွေက ပြင်းထန်နေပြီး လူတိုင်းကို သူ့ရှေ့တော်မှောက်မှာ ဒူးထောက်စေတော့မလိုပဲ။

စာဖတ်ခန်းတစ်ခုလုံးက အပ်ကျသံကြားရလောက်အောင်ကို တိတ်ဆိတ်လို့နေတယ်။လေထုဖိအားကလည်း သူတို့ကိုမသက်မသာဖြစ်စေတယ်။လုံယျန်က သူ့အရှေ့မှာ ထိုင်နေတဲ့ မိန်းကလေးကို အေးစက်စူးရှတဲ့ မျက်လုံးနဲ့ ကြည့်လို့နေတယ်။

“ရှင် ကျမကိုဘယ်လိုအကြည့်မျိုးနဲ့ ကြည့်နေတာလဲ၊မဟုတ်မှ ကျမ ရှင့်ကိုအသားယူလိုက်တယ်လို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်”

သူမ အသံအနေအထားမှာတော့ ဒေါသထွက်နေတဲ့ အသံလေးတွေ ပါနေတယ်။ဒါပေမယ့် တံခါးဖွင့်သံကြားလိုက်တဲ့အချိန်မှာတော့ လှည့်ကြည့်ဖို့အတွက် ခေါင်းလှည့်လိုက်လေတယ်။

“ ဝေဝေ စကားကို ဆင်ဆင်ခြင်ခြင်ပြောလေ”

ထိတ်လန့်နေရာကနေ သတိဝင်လာတဲ့ လုထင်ချန်က လုလျန့်ဝေကို သတိပေးတဲ့အကြည့်နဲ့ကြည့်ကာပြောလိုက်တယ်။ ဒါပေမယ့် ဘာတွေဖြစ်နေသလဲဆိုတာကိုတော့ သူအခုထိ နားမလည်သေးဘူး၊သူ့စကားလုံးတွေက ပြင်းထန်ပေမယ့် ကရုဏာဒေါသနဲ့ ပြောတာ ဖြစ်လိမ့်မယ်။

“အစ်ကိုကြီးက အချိန်ကိုက်ပြန်လာတာပဲ၊ ကျန်တာတွေကို အစ်ကိုကြီးနဲ့ ထားခဲ့လိုက်တော့မယ်၊ ညီမလေး ပြန်တော့မယ်နော်” ပြောပြီးနောက်မှာတော့ အပြင်ထွက်ဖို့ တံခါးဆီ ခြေလှမ်းပြင်လိုက်လေတယ်။သို့ပေမယ့်လည်း သူမလှည့်လိုက်တဲ့အချိန်မှာပဲ အနက်ရောက်အရိပ်က သူမလမ်းကို ပိတ်ကာ ခံစားချက်မဲ့လို့နေတဲ့ အကြည့်နဲ့စိုက်လို့ ကြည့်နေတယ်။လုလျန့်ဝေ အရှေ့ကလူကို အကြည့်တစ်ချက် ပစ်ပေးလိုက်တယ်။သူမငယ်ငယ်ရွယ်ရွယ် ကလေးသာသာလေးဖြစ်နေတာကိုမြင်တော့ သူမဟာစကားလုံးတွေနဲ့ အချိန်ကုန် မခံချင်တော့ဘူး။ဒါကြောင့် သူမ လက်တွေကို ဆန့်ထုတ်ကာ တွန်းဖယ်ရင်း ပြောလိုက်တယ်...

”ကျေးဇူးပြုပြီး”

လုထင်ချန်က အော်ပြောလိုက်ပေမယ့်လည်း နောက်ကျသွားပြီ။

သူမလက်မောင်းက ရုတ်တရက် ထုံကျင်သွားပြီး သူမလည်း ထိတ်လန့်သွားကာ မြေပြင်ပေါ်လဲကျသွားတယ်။သူမကတော့ ချူရှီ့ကို အံ့သြတကြီး ကြည့်လိုက်မိတယ်။

မမျှော်လင့်စွာပဲ ဒီကလေးက ငယ်ငယ်လေးနဲ့ ကိုယ်ခံပညာမှာ ထူးချွန်နေတယ်။လုလျန့်ဝေ ကျက်သေသေနေဆဲမှာ လုထင်ချန်ကတော့ သူမကို ကူညီပေးဖို့ မြန်မြန်သွားပါတယ်။သူက ချူရှီ့ကို မသာမယာကြည့်လိုက်ပြီး မေးလိုက်တယ်။

ချူရှီကတော့ သူ့ရဲ့မျက်လုံးကိုကြည့်ကာ အနမ့်အမြင့်မရှိတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။

လုထင်ချန်လည်း ငြိမ်သက်လို့သွားတယ်။သူမရောက်ခင်တုန်းက ဘာတွေဖြစ်သွားလဲ သူအခုထိ မသိရသေးဘူး။သူသိတာက သူရောက်တဲ့အချိန် လုလျန့်ဝေက လုယျန်ကို ပြန်ခံပြောနေတာပဲ။ဒါကြောင့် သူလည်း လုံယျန့်ထံမှာ အသနားခံဖို့ လိုက်လိုက်တော့တယ်။

“ လေးစားရပါသော ဧကရာဇ် ကျွန်တော်မျိုးရဲ့ညီမကဘာမှမသိပါဘူး၊ဧကရာဇ်ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့ရင် ကျွန်တော်ကပဲ ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်။” လုလျန့်ဝေတစ်ယောက် ဒီလူက ဧကရာဇ်ဆိုတာကို သိသွားပေမယ့် အံ့သြလို့မနေပါဘူး။မြို့စားအိမ်တော်ရဲ့ သမီးတစ်ယောက်အနေနဲ့ သူမပွဲတော်ကိုလည်း တက်ရောက်ရတာက သဘာဝပါပဲ။ဒါ့အပြင် အရင် လုလျန့်ဝေ မှတ်ဥာဏ်တွေအရ သူမရှေ့ကသူက လက်ရှိ ဧကရာဇ် လုံယျန်ဆိုတာ သူမှတ်မိပါတယ်။

ခုနက သူ့အတွက် သေရေးရှင်ရေးအခြေအနေမှာ ရှိနေတာကြောင့် သူမမှာ သူဘယ်သူလဲဆိုတာ စဥ်းစားဖို့အတွက် အချိန်မရှိခဲ့ဘူး။သူ့ကို ကယ်နေတဲ့အချိန်မှာတောင် သူ့ကိုကြည့်ဖို့အချိန်ရှိမနေဘူး။

လုံယျန် ကြီးမြတ်တဲ့ ရှန်အင်ပါယာရဲ့ လက်ရှိဧကရာဇ် အန္တရာယ်ရှိတဲ့ ဘေးသင့်တဲ့ကာလအတွင်း.အသက်ဆယ့်သုံးနှစ်မှာ ဧကရာဇ်ဖြစ်လာခဲ့တယ်။သူ့အသက် ဆယ့်ခုနှစ်မှာတော့ ရလိုသမျှ ရောက်လာအောက် အမိန့်ပေးစေနိုင်တဲ့ ထူးချွန်တဲ့ စွမ်းရည်နဲ့ အာဏာပါဝါ အရှိန်တွေ ရှိလာပြီဖြစ်တယ်။ကြီးမြတ်တဲ့ ရှန်အင်ပါယာဟာ သူ့ရဲ့လက်အောက်မှာ အိမ်နီးချင်း တိုင်းပြည်တွေဆီကနေ မနာလိုမဖြစ်ရဲလောက်အောင်ကို ခန့်မှန့်လို့မရနိုင်တဲ့ အင်အားတွေရှိနေပြီ။ကောလဟာသတွေတောင် ရှိတယ်လေ။ရှန်အင်ပါယာကို လုံယျန်အုပ်စိုးနေသရွေ့ ရှန်အင်ပါယာကို မျက်စောင်းထိုးနေတဲ့ သူတွေ ဘယ်သူမှ ကျူးကျော်ဝင်ရောက်လာနိုင်မှာ မဟုတ်ဘူးတဲ့လေ။

ကံမကောင်းစွာနဲ့ပဲ...ကံကြမ္မာဆိုတာမျိုးက အရည်အချင်းရှိတဲ့သူဆို မနာလိုဖြစ်တတ်ကြတယ်။လုံယျန်က အရပ်ရှည်ပြီး ခန္တာကိုယ်က ကျန်းမာသန်စွမ်းသလိုရှိတယ်။ဒါပေမယ့် သူ့မှာ ကြီးမားတဲ့ ရောဂါတစ်ခုရှိနေပြီး အသက်ရှင်ရဖို့ အချိန်သိပ်မကျန်တော့ဘူး။ထပ်ဖြည့်ပြောရမယ်ဆို သူ့မှာ မျိုးရိုးစဥ်ဆက်လည်း မရှိပြန်ဘူး။မတတ်နိုင်တဲ့အဆုံး ညီဖြစ်သူရဲ့ သားလုံချီကို အိမ်ရှေ့စံအဖြစ်ထားရတယ်။

လုလျန့်ဝေ သူမအတွေးတွေကို ပြန်လည်စုစည်းလိုက်ကာ စားပွဲနောက်က ခုံမှာ ထိုင်နေတဲ့သူကို ကြည့်လိုက်တယ်။အဲ့ဒီလူက ဒီနှစ်ထဲဆို အသက်သုံးဆယ်လောက်ရှိပြီ။ကောင်းမွန်စွာ ထုစစ်ထားပြီး လေးနက်တဲ့သူ့ရဲ့မျက်နှာသွင်ပြင်က ဓါးနဲ့သေချာကို ထွင်းထားသလိုပဲ။မျက်ခုံးနှစ်ခုကြားက နေရာလပ်က ရင့်ကျက်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ ဆွဲဆောင်မှုနဲ့ ခန့်ညားနေမှုကို ဖော်ပြနေတယ်။သူ့ရဲ့မျက်လုံးတွေထဲက သြဇာအာဏာအရှိန်အဝါတို့ကို ဘေးဖယ်ထားတောင် အေးစက်တဲ့ ဟန်အမူအရာက ဘေးနားကိုဘယ်သူမှ ကပ်လို့မရအောင်လုပ်နိုင်တယ်။ဒီယောကျ်ားကတော့ အမျိုးသမီးတွေရဲ့ အာရုံကို စွဲယူသိမ်း

ပိုက်နိုင်မယ်ဆိုတာ ငြင်းစရာကိုမရှိဘူး။

ဆက်ရန်........

Chapter – 11: အရမ်းကို မွန်းကျပ်ဖို့ကောင်းတဲ့ တည်ရှိမှု

February 1, 2024

၂၁ရာစုဆိုရင်တော့ အမျိုးသမီးတွေက သူ့ကိုတွေ့တာနဲ့ အော်ဟစ်စေပြီး ဒူးတွေပါထောက်ချင်းလောက်တဲ့အထိဖြစ်စေမယ့်ယောကျာ်းတစ်ယောက်ပေါ့။ အဲ့လိုအမျိုးသားတွေက လုံယျန်လို ခန့်ညားတော်ဝင်ဆန်ပြီး ရင့်ကျက်မှုအငွေ့အသက်တွေက ယိုဖိတ်နေတယ်လေ။အဲ့လိုယောကျာ်းတွေက လုလျန့်ဝေကို အကြိုက်တွေ့စေတယ်။သို့ပေမယ့်လည်း သူကဘယ်လိုလူလဲဆိုတာနဲ့ သူ့ရဲ့ရက်စက်တတ်တဲ့ စိတ်သဘောထားကို စဥ်းစားလိုက်တော့ ဒီယောကျ်ားအပေါ်ရှိနေတဲ့ လုလျန့်ဝေ စိတ်ဝင်စားမှုတွေကို ပျောက်ကွယ်သွားတော့တယ်။

လုံယျန်ကတော့ လုထင်ချန်ရဲ့ အသနားခံမှုကို လျစ်လျှုရှုထားတယ်။လုလျန့်ဝေကိုသာ မထုံတတ်ထေး ပုံစံ အကြည့်နဲ့ ကြည့်မေးလိုက်တယ်။

“ ဒုတိယသခင်မလေးလုကကော ဘာများပြောစရာရှိသေးလဲ”

လုံယျန်အနားမှာ ရပ်နေတဲ့ ကျောက်ချန်ကတော့ သူ့ရဲ့ နှဖူးကနေ ချွေးတွေထွက်လောက်ရတဲ့အထိကို ကျောချမ်းနေတယ်။သူ့မှာ ချွေးတွေသုတ်ဖို့တောင် လက်မမြှောက်နိုင်ဘူး။ခုနတုန်းက သခင်ကြီး ရုတ်တရက် အသက်ရှူရပ်သွားတာ။ကျောက်ချန်က ဒုတိယလုသခင်မလေး ရဲ့ ညွှန်ကြားချက်ကို လိုက်နာလိုက်ဖို့ တွန့်ဆုတ်နေမိခဲ့တာ။ပြီးတော့ သခင်ကြီးကို ကြမ်းပြင်ပေါ် လှဲဖို့ ကူညီခဲ့တာ။ဒါပေမဲ့ သူမထင်ထားဘူးလေ ဒုတိယ လုသခင်မလေးက သခင်ကြီးနဲ့ ရင်ဘတ်ကို ဖိပြီးတော့...နှုတ်ခမ်းနဲ့...နမ်း...နမ်း..ဂဟေဆက်သွားလိမ့်မယ်လို့ မထင်ဘူးလေ။သခင်ကြီးကို နမ်းလိုက်သလားလို့ပဲ ...ဟုတ်တယ်နော့။

ကျောက်ချန် ကတော့ သူ့အသည်းကော ကျောက်ကပ်ကော ပွင့်ထွက်လို့သွားသလိုပဲ။သန့်ရှင်းမှုနဲ့ ပတ်သက်ပြီး ဇီဇာကြောင်တဲ့ သခင်ကြီးက ကိုယ်လုပ်တော်တွေကိုတောင် သူ့ဆီ ခြေတစ်လှမ်းထပ်နီးလာအောင် ခွင့်မပြုပေးဘူး။တစ်စုံတစ်ယောက်ကို နမ်းဖို့ဆိုတာက...အတိတ်မှာတုန်းက အင်ပါယာနန်းတော်မှာ နှစ်ပေါင်းများစွာခစားခဲ့တဲ့ အစေခံရှိတယ်။သူမ လက်ဖက်ရည်ခစားတဲ့အချိန်မှာ မတော်တဆ သခင်ကြီးလက်ကို ထိမိခဲ့တယ်။သူမ အပြင်ကို ဆွဲထုတ်ခံရပြီး ကွပ်မျက်ခံလိုက်ရတယ်လေ။

သခင်မလေးလု သခင်ကြီးကို စော်ကားနေတဲ့ပုံအရဆို သူမကံကြမ္မာက ဒီထက်ပိုပြီးဆိုးရွားလာဖို့ပဲရှိတော့တယ်။သခင်လေးလုက ဧကရာဇ်အတွက် ဘယ်လောက်ပဲ ယုံကြည်အားထားရတဲ့သူဖြစ်နေပါစေ၊ အဲ့ဒါကလည်း အနည်းငယ်ပဲ သက်ရောက်နိုင်တယ်။သခင်ကြီးက ဒီကိစ္စကို ကျော်လွှားခွင့်ပြုမှာ မဟုတ်ဘူး။ကျောက်ချန်က လုထင်ချန်ဘေးမှာရပ်နေတဲ့ မိန်းမလေးကို ကြည့်လိုက်ပြီး သူမအတွက် အနည်းငယ်သနားသွားတယ်။သူမက အတော်ကို ငယ်ရွယ်နေသေးတယ်။ပြီးတော့ သူမပုံစံလေးက ဆွဲဆောင်မှုလည်းရှိပြန်တယ်။ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးရမှာက တကယ်နှမြောစရာပဲ။

ဧကရာဇ်ရဲ့စကားတွေကြားပြီးနောက်မှာတော့ လုထင်ချန်က ထိတ်လန့်လို့သွားတယ်။သူ ဧကရာဇ်ဘေးမှာခစားလာတာ ကြာနေပြီ။သူ့အနေနဲ့ ဧကရာဇ်ရဲ့ စကားသံထဲမှာ ကြောက်မက်ဖွယ်ကောင်းပြီး မကျေမနပ်မှု အရိပ်အယောင်ရှိနေတာကို သိနိုင်တယ်။အဲ့နောက် ညီမဖြစ်သူကို ကြည့်လိုက်မိတယ်။ဒီမိုက်မဲတဲ့ကလေးမလေး၊ ဝေဝေက ဘာများလုပ်ခဲ့တာလဲ။ဧကရာဇ်ကို ဒေါသထွက်အောင်ဘာများလုပ်ခဲ့မိရတာလဲ။

လုလျန့်ဝေကတော့ ဧကရာဇ်ဘာကို ဆိုလိုနေတာလဲဆိုတာနားလည်တယ်။သူမသာ သူ့ကိုကျေနပ်ဖွယ်လောက်တဲ့ ရှင်းပြချက်မပေးနိုင်ခဲ့ရင် လုထင်ချန်ရှိနေရင်တောင်မှ သူမနေနဲ့ ဒီအခန်းထဲကနေ အသက်လျှင်လျက်ထွက် လာနိုင်မှာမဟုတ်ဘူး။ဒီလူမှာ ရောဂါပြင်းပြင်းထန်ထန်ရှိနေပြီး ဘယ်လောက်မှ အသက်ရှင်ဖို့အချိန်မရှိတော့ဘူးဆိုပေမယ့် သူ့ရဲ့တည်ရှိမှုက လူသားတွေရဲ့ရင်ထဲကို အကြောက်တရားထည့်သွင်းနိုင်တုန်းပဲ။

သေချာစဥ်းစားပြီးနောက်မှာတော့ လုလျန့်ဝေက ပါးစပ်ဖွင့်ဟကာ ပြောလိုက်ပါတယ်

လုံယျန်က ပြန်လည်ဖြေကြားခြင်းမရှိဘူး။သူရဲ့အေးစက်ပြင်းထန်လှတဲ့ အကြည့်က သူမကို အစိတ်စိတ်ကွဲကြေအောင် လုပ်တော့မလိုပဲ။သူက ထိုင်ပြီး အသက်ရှူကြပ်စေတဲ့ အရှိန်အဝါတစ်ခုကတော့ ထုတ်လွှင့်နေတုန်းပဲ။ လုလျန့်ဝေရဲ့ နှလုံးသားက အဆက်မပြတ်ခုန်လို့နေတယ်။ကျောမှာလည်းပဲ ချွေးအေးတွေ ထွက်လို့နေတယ်။သူမ လက်သီးကို ကျစ်ကျစ်စုပ်ကာ ပြောလိုက်တယ်။

“အဲ့ဒီအချိန်တုန်းက ဧကရာဇ်က ရုတ်တရက် နှလုံးခုန်ရပ်သွားတာပါ။သေရေးရှင်ရေးအခြေအနေမှာ ကျွန်တော်မျိုးမလည်း အခြေအနေတွေကို စဥ်းစားလို့မရခဲ့ဘူး....ခွင့်လွှတ်ပေးဖို့အသနားခံပါတယ်။”

ဒုတိယလုသခင်မလေးကို အခွင့်အရေးပေးလိုက်မိတယ်လေ။သူ့မှာလည်း တာဝန်ရှိတာကြောင့် ပြောလိုက်တယ်။

လုံယျန်က စကားတွေကို ချင့်ချိန်လိုက်တယ်။ လုလျန့်ဝေ လိမ်ပြောနေတဲ့ ပုံတော့ မပေါ်ဘူး။

“မင်းလုပ်ခဲ့တဲ့ လုပ်ရပ်က ငါကိုယ်တော် အသက်ရှုရပ်သွားတာနဲ့ ဘာပက်သက်လဲ”

လုံယျန်က လုလျန့်ဝေကို ခန့်မှန်းရချက်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်လို့နေတယ်။သူနိုးနိုးချင်းတွေ့ကြုံလိုက်ရတဲ့ အရာက သူ့စိတ်ထဲပြန်ပေါ်လာတယ်။ သူပထမဆုံး ခံစားလိုက်ရတာက ကောင်မလေးရဲ့ နူးညံ့တဲ့ နှုတ်ခမ်းတွေက တင်းတင်းကျပ်ကျပ်နဲ့ ကပ်ပြီး သူ့ရဲ့....

ပြင်းပြမှုနဲ့ အေးစက်စွာရန်လိုမှုတို့က သူ့မျက်ဝန်းထဲမှာ လူးခက်နေတယ်။လုလျန့်ဝေက တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်။

“ကျွန်တော်မျိုးက ဧကရာဇ်ရဲ့ အဆုတ်နဲ့ နှလုံးတို့ကို ပြန်လည် လည်ပတ်နိုင်အောင်လို့ ရင်ဘတ်ပေါ်ကနေ ဖိပေးရတာပါ။အရှင်က အသက်ရှူရပ်သွားတာပါ။ဒါ့ကြောင့် သဘာဝမဟုတ်ပဲ အသက်ရှင်နိုင်ဖို့ကို ပြုလုပ်ပေးရတာပါ။ကျမ ဒီလိုလုပ်ရတာကလည်း အရှင့်ကိုယ်ထဲကို သန့်စင်တဲ့လေတွေကို သွင်းပေးဖို့နဲ့ မသန့်စင်တဲ့လေတွေကို ပြန်လည်ဖယ်ထုတ်ပစ်ဖို့ပါ။”

ဆက်ရန်.....

Chapter -12 ; လေထုက ရှုပ်ထွေးလို့နေတယ်

February 1, 2024

မိန်းကလေးပြောတဲ့ စကားတွေကို ကြားပြီးနောက်မှာတော့ အခန်းထဲက ရှိနေတဲ့သူတွေအားလုံးက အံ့အားသင့်သွားကြတယ်။ သူမ ပြောသွားတဲ့ စကားတွေကို သူတို့တွေ နားမလည်နိုင်ဘူးဖြစ်နေကြတယ်။

လုံယျန်လည်းပဲ မင်သက်လို့သွားတယ်။သူ့ရဲ့ ခန့်မှန်းရခက်တဲ့ မျက်လုံးတွေက တစ်စုံတစ်ခုကို အသေအချာတွေးတော နေတဲ့ပုံပေါ်တယ်။ နောက်ဆုံးမှာ မထုံတတ်ထေးပုံနဲ့သာပြန်ပြောတယ်

“ မင်းက တော်တော်များများ သိတာပဲ။”

“ အများကြီး မသိပါဘူး။ကျမက အရေးပေါ်အခြေအနေမှာ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သိရုံပါ “

လုလျန့်ဝေကတော့ နှိမ့်ချစွာ ပြောလိုက်တယ်။အမှန်တကယ်တော့ သူမရဲ့ နှလုံးခုန်နှုန်းတွေမငြိမ်မသက်ဖြစ်ကာ စိတ်လှုပ်ရှားလို့နေတယ်။

သူမ လုယျန်ကို ဘယ်လိုမရိုးသားမှု၊ မလေးစားမှုမှမပါဘဲ သွယ်ဝိုက်တဲ့နည်းနဲ့ အသက်ရှုနိုင်ဖို့ ပြုလုပ်ပေးရုံပါ။ဒါပေမယ့်လည်း သူကတော့ အဲ့လိုထင်ချင်မှ ထင်မှာ။တကယ်တမ်း ဒီခေတ်မှာ အဲ့လို ရှေးဦးပြုစုနည်းက နားလည်မပေးနိုင်တဲ့ ကိစ္စရပ်တစ်ခုဖြစ်နေတယ်။ ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက် အတူတူစကားပြောနေရင်တောင်မှ အတင်းအဖျင်းနဲ့ သံသယတွေ ပေါက်ဖွားလာဖို့အတွက်လုံလောက်တဲ့ ကိစ္စရပ်ဖြစ်တယ်။နှုတ်ခမ်းချင်းထိပြီးနမ်းရင်တော့ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ကုန်တာပေါ့။

စကားအသွားအလာတွေကို ခဏလေးနားထောင်လိုက်တာတောင်၊ လုထင်ချန်တစ်ယောက် သူ့ညီမက ဧကရာဇ်ကို ဘာလုပ်လိုက်သလဲဆိုတာကို အခုထိ သေချာနားမလည်နိုင်သေးဘူး။ဒါပေမယ့်လည်း သူမလုပ်ခဲ့တဲ့ကိစ္စက ဧကရာဇ်ရဲ့ အသက်ကို ကယ်တင်ဖို့ဆိုတာကိုတော့ သူခန့်မှန်းမိနိုင်တယ်။လုလျန့်ဝေတစ်ယောက် သူမလုပ်ခဲ့တဲ့ အပြုအမူရဲ့ အတိမ်နက်ကို နားမလည်နိုင်မှာကို လုထင်ချန် စိုးရိမ်မိတာကြောင့် ဒူးတစ်ဖက်ကို ထောက်ကာ

“ မြင့်မြတ်လှတဲ့ ဧကရာဇ် ငယ်ရွယ်တဲ့ညီမလေးရဲ့ မသိတတ်မှုအတွက် ကျတော်မျိုး တောင်းပန်ပါတယ်။သူမအနေနဲ့ မသင့်လျော်တဲ့ ကိစ္စတစ်ခုခုကိုများ လုပ်ခဲ့မိရင် သူမအတွက် အပြစ်ဒဏ်ကို ညှာတာထောက်ထားပေးဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ် “

“ လုထင်ချန် ဒီကိစ္စက မောင်မင်းအနေနဲ့ အပြစ်ပေးသင့် မသေးသင့်ဆိုတာကို ဝင်စွက်ဖက်လို့ ရတာမဟုတ်ဘူး”

လုထင်ချန်ရဲ့ နှလုံးသား အေးခဲလို့ သွားပါတော့တယ်။ ဧကရာဇ်ရဲ့ ဖျားနာမှုနဲ့ ပက်သက်ပြီး သိတဲ့သူသိပ်မရှိဘူး။ လုထင်ချန်ရဲ့ ညီမက ဒီကိစ္စကို မတော်တဆ သိရှိသွားတယ်။ ဧကရာဇ် စဥ်းစားနေတာက....

လုံယျန်ကတော့ မလှုပ်မယှက်သာရှိနေတယ်။အဲ့ဒီ အစားသူက သူနဲ့မသက်ဆိုင်တဲ့ ကိစ္စတစ်ခုကို ထုတ်ပြောလို့လာပါတယ်။

ဝေဝေ့ရဲ့ အိမ်ရှေ့စံအပေါ် စွဲလမ်းရူးသွပ်မှုကို ကြည့်ခြင်းအားဖြင့် သူမက ဒီနေ့ ဧကရာဇ်ရဲ့ နှလုံးရပ်တန့်သွားမှုနဲ့ပက်သက်ပြီး လုံ့ချီကို ပြောပြမထားဘူးဆိုတဲ့ ကိစ္စက အာမခံဖို့ရာ ခက်ခဲသွားပြီ။တကယ်လို့ လုံချီသာ ဧကရာဇ်ရဲ့ကျန်းမာရေး အခြေအနေကို သိသွားရင် အိမ်ရှေ့စံက လက်သီးပုန်းထိုးလာနိုင်မလားဆိုတာ ဘယ်သူမှမပြောပြနိုင်ဘူး။

အချိန်အတော်လေးကြာသွားပြီးတဲ့နောက် လုထင်ချန်က ခါးသက်စွာပဲ ပြောလိုက်တယ်။

“ကျွန်တော်မျိုး ညီမနဲ့ ဆက်ခံသူနဲ့ ဆက်ဆံရေးက ပြတ်တောက်သွားပါပြီ၊သေချာ စဥ်းစားပေးတော်မူပါ အရှင်မင်းကြီး”

လုံယျန်ကတော့ ဘာမှပြန်လည်ပြောကြားခြင်းမရှိဘူး။သူ့ရဲ့ လက်ဆစ်တွေနဲ့သာ စားပွဲခုံကို တစ်တောက်တောက်ခေါက်နေလေတယ်။

စာကြည့်ခန်းထဲက လေထုကလည်း တဖြည်းဖြည်း အေးစက်လို့လာတယ်။

လုလျန့်ဝေက အရူးမဟုတ်ဘူး။အမျိုးသားနှစ်ယောက်ကြားက စကားပြောဆိုမှုကိုကြားပြီး သူမက ဧကရာဇ်ရဲ့ ဒွိဟဖြစ်နေမှုကို နားလည်တယ်။ လုထင်ချန် နဘေးမှာ ဒူးထောက်ချလိုက်တယ်။

လုထင်ချန်ကတော့ စိတ်တိုစွာ ဟန့်တားလိုက်ပါတယ်။

“ဝေဝေ....”

သူမသာ ဘာတွေဆက်ဖြစ်မလဲဆိုတာ မသိသလိုနဲ့ နေလိုက်ရင် ဧကရာဇ်က တအားကြီး အရမ်းတွေးနေမှာ မဟုတ်ဘူး။ဒါမယ့် ဝေဝေက ဧကရာဇ်ရဲ့ အတွေးစိတ်ကူးတွေကို သူမရဲ့ စကားလုံးတွေနဲ့ ပြတ်တောက်ပစ်လိုက်တယ်။ဧကရာဇ်သာ ဒီတစ်ခေါက်တော့ သူမကို ချမ်းသာပေးဖို့ အလိုရှိခဲ့ရင်တောင်မှ အခုတော့ သူ့စိတ်ကိုပြောင်းရင်တောင် ပြောင်းပစ်မှာ။

ကျောက်ချန်လည်း လုထင်ချန် ကိုယ်စား ချွေးတွေထွက်လို့လာသလိုပဲ။

ဒီဒုတိယ လုသခင်မလေးက စောစောကပဲ သခင်ကြီးကို စိတ်မကျေမနပ်ဖြစ်အောင် လုပ်ခဲ့တယ်။အခုလည်း ဧကရာဇ်တွေးနေတာတွေကို ထပ်ပြီး နှောက်ယှက်လိုက်ပြန်ပြီ၊ ဘယ်လိုလုပ် အရှင်က သူ့ကို ခွင့်လွှတ်နိုင်ပါတော့မလဲ။

လုံယျန်က လုလျန့်ဝေကို တစ်ချက်ကြည့်လိုက်တယ်။ကြည့်လိုက်တာနဲ့ တစ်ပါးသူကို ပျာယာခတ်လို့သွားစေတဲ့ သူ့ရဲ့ နက်ရှိုင်းတဲ့အကြည့် မျက်လုံးတွေကတော့ ခန့်မှန်းရ ခက်နေဆဲပဲ။

လုလျန့်ဝေ သူမ လည်ချောင်းခြောက်လာသလို ခံစားလိုက်ရတယ်။သူမရဲ့လည်ပင်းကို ဓါးနဲ့ ရွယ်ထားသလို ခံစားချက်မျိုးကြီး။သူမ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်တယ်။အဲ့နောက်မှာတော့ ပါးစပ်ကို ဖွင့်ကာပြောလိုက်တယ်။

“အရှင်မင်းကြီး အကယ်၍များ ကျွန်မသာ အရှင်ရဲ့ ဖျားနာနေမှုကို ကုသပေးနိုင်ရင်...ဒီနေ့ဖြစ်သွားတဲ့ ကိစ္စကိုချန်ထားပေးလို့ရမလား”

လုထင်ချန်နဖူးပေါ်က ချွေးအေးတွေလည်း ကြမ်းပြင်ကို ကျလို့သွားတယ်။

All Chapters