← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

Chapter-13 : ကျွန်မ အမှန်တကယ်ကို ပြောင်းလဲသွားပြီ

February 2, 2024

“ဝေဝေ ဘာလို့ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ၊အရှင်မင်းကြီးက နဂါးတစ်ကောင်လို ကျန်းမာပြီး သန်မာတယ်လေ။”

ဧကရာဇ်က ဝေဝေ ပြောတာနဲ့ပက်သက်ပြီး ဘာမှမပြောခင်မှာပဲ လုထင်ချန်ကအလျင်အမြန်ပဲ ပြောလိုက်တော့တယ်။

“အစ်ကိုကြီး”

လုလျန့်ဝေက သူပြောနေတာကို ဖြတ်ပြောလိုက်တယ်။

“ညီမလေးက အဓိပ္ပါယ်မရှိတာတွေ ပြောနေတာမဟုတ်ဘူး။ကျွန်မက အမှန်တရားတွေပြောနေတာ။ အရှင်မင်းကြီး သတိလစ်သွားတဲ့ အချိန်မှာ ကျွန်မက အရှင့်ရဲ့ သွေးခုန်နှုန်းကို တိုင်းလိုက်တဲ့အခါမှာ ရောဂါပြင်းထန်နေတဲ့ အခြေအနေမှန်း သိလိုက်တယ်။အချိန်မှီ ကုသမှုမခံယူနိုင်ရင် ပိုဆိုးရွားသွားလိမ့်မယ်။”

ဒီလိုစကားတွေ ထွက်လာတာနဲ့ လုထင်ချန် မျက်နှာ အမူအရာကလည်း အမျိုးမျိုးပြောင်းလဲသွားတော့တယ်။ ဒီကလေးမလေးက တကယ့်ကိုပဲ လည်ပင်းညှစ်သတ်ပစ်ချင်စရာ။ ဒီရူးမိုက်တဲ့ကလေးမလေး နောက်ထပ် အသက်ဆက်မရှင်ချင်တော့တာလား။ဒါမှမဟုတ် ဧကရာဇ်က သူမကို သံသယ မဝင်ဘူးလို့များထင်နေတာလား။

“အရှင်မင်းကြီး ကျွန်တော်မျိုးညီမရဲ့ ကို့ယို့ကားယားစကားတွေကို နားထောင်တော်မမူပါနဲ့။သူမမှာ ဘာဆေးပညာအရည်အချင်းမှ မရှိပါဘူး။သူမ ပြောတာကို အမှန်လို့ မယူဆလိုက်ပါနဲ့”

လုထင်ချန်ကတော့ လုံယျန်ဘက်ကို လှည့်ကာ ဧကရာဇ်ရဲ့ လုလျန်ဝေအပေါ်ထားတဲ့ သံသယတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြံမိကြံရာစကားတွေ ပြောမိနေတော့တယ်။

ဒါပေမယ့် လုံယျန်က လွယ်လွယ်အရူးလုပ်လို့ရနိုင်မယ့်သူမျိုးလား။

သူ့ရဲ့ ခန့်ညားတဲ့ မျက်နှာပေါ်မှာ အအပြုံးဖျော့ဖျော့လေးပေါ်လာသော်လည်း စူးရှတဲ့ မျက်လုံးတွေထဲမှာတော့ သတ်ဖြတ်လိုတဲ့ ဆန္ဒတွေရှိနေဆဲပင်။

သူ့ရဲ့စကားတွေက လုလျန့်ဝေ တစ်ယောက် အိမ်ရှေ့စံအတွက်နဲ့ သေလမ်းကိုသာ ရွေးချယ်မယ်ဆိုတာကို စောင်းပါးရိပ်ခြည်ညွှန်းဆိုနေတယ်။

လုထင်ချန်ရဲ့ ခန့်ညားတဲ့ မျက်နှာက ရေးနွေးဖျောလိုက်သလို ဖြူဖျော့လို့သွားတယ်။သူက တစ်ခုခုကိုပြောဖို့ လုပ်လိုက်ပေမယ့် လုလျန့်ဝေရဲ့ စကားတွေနဲ့ ရပ်တန့်ခံလိုက်ရတယ်။

“အစ်ကိုကြီး ညီမလေးအတွက်နဲ့ အသနားခံစရာမလိုဘူး။ကျွန်မက ဧကရာဇ်ရဲ့ဖျားနာမှုကို မသိခဲ့ရင်တောင်အရှင်က ဒီနေ့ ကျွန်မကို အလွတ်ပေးမှာမဟုတ်ဘူး။နောက်ပြီး ကျွန်မပြောတာက အမှန်တရားတွေ။”

သူမပြောပြီးတဲ့ နောက်မှာတော့ လုထင်ချန်ဆီကနေ အကြည့်လွှဲလိုက်တယ်။ပြီးတော့ သူမရဲ့ခေါင်းကိုမော့ကာ လုံယျန့်ကိုဘဲ တည့်တည့်ကြည့်နေလိုက်တယ်။

“အရှင်မင်းကြီး အမုန်းတရားက အချစ်ကနေပေါက်ဖွားလာပါတယ်ဆိုတဲ့ ဆိုရိုးကို သိတော်မူပါသလား”

လုံယျန့်ရဲ့ စူးရှတဲ့ မျက်လုံးတွေက ကျဥ်းမြောင်းသွားတယ်။ငယ်ရွယ်ပြီး မရင့်ကျက်သေးသော ဒူးထောက်နေတဲ့ ကလေးမကို စိုက်ကြည့်နေမိတယ်။မြို့စားအိမ်တော်မှာ အလွန်လှတဲ့ သမီးနှစ်ယောက်ရှိမှန်းသိပြီးသားပင်။သမီးအကြီးဖြစ်သူက လုယွင်ရှမ်း၊အိမ်ရှေ့စံကို လက်ထပ်ထားတဲ့သူ။နောက်တစ်ယောက်က လုလျန့်ဝေ အိမ်ရှေ့စံအတွက်နဲ့ အသေခံဖို့ကြိုးစားခဲ့သူဖြစ်ပြီး လူတကာရဲ့ ဟားဘက်၊လှောင်စရာ ဖြစ်ခဲ့တယ်။ အတိတ်တွေမှာတုန်းက နန်းတော်သဘင်ပွဲတွေမှာ လုလျန့်ဝေကို မြင်ဖူးပြီးသားဖြစ်တယ်။သို့သော်ငြားလည်း ထိုအချိန်တုန်းက သူမကို တစ်ခါမှ အသေအချာကိုပင် မကြည့်ခဲ့ဖူးဘူးပေ။ဒီကနေ့ လုလျန့်ဝေ ပုံပန်းသွင်ပြင်ကို မြင်ပြီးနောက်မှာတော့ ရိုးရိုးသားသားပြောရရင် မှင်သက်မိတယ်။ဒါမယ့် အဲ့ထက်လည်း ပိုမနေခဲ့ဘူး။

သူ့ကိုထိတ်လန့်စေခဲ့တာက အိမ်ရှေ့စံအတွက် လူအများအမြင်မှာ အရူးလုံးလုံးဖြစ်ခံရတဲ့ ဒုတိယလုသခင်မလေးက လူအများပြောနေသလို မဟုတ်ဘူးဆိုတာကိုပဲ။သူမရဲ့မျက်လုံးတွေက တည်ငြိမ်မှုတို့ကို ဖော်ပြနေပြီး အသက်အရွယ်ထက်ကျော်လွန်တဲ့ ဥာဏ်စွမ်းတွေလည်း ရှိလို့နေတယ်။အနည်းဆုံးတော့ ဒီလိုမျက်လုံးမျိုးနဲ့ မိန်းကလေးက ရူးမိုက်တဲ့အလုပ်တွေ လုပ်မှာမဟုတ်ဘူး။သူ့မျက်လုံးထဲ ကျီစယ်ချင်တဲ့စိတ်ကလေးတွေ ပေါ်လာတယ်။

“ဒုတိယ လုသခင်မလေး မင်းပြောချင်တာက အိမ်ရှေ့စံအပေါ်ထားတဲ့ ချစ်ခြင်းတရားတွေက အမုန်းတရားဘက် ပြောင်းသွားပြီပေါ့လေ”

လုလျန့်ဝေ ခေါင်းငြိမ့်ပြကာ သူ့အကြည့်တွေက တည်ငြိမ်နေတယ်။

“ကျွန်မက အိမ်ရှေ့စံကို ရွံရှာစက်ဆုပ်တဲ့သူတစ်ယောက်ပါ။ဘာကြောင့်များ အိမ်ရှေ့စံကို အရှင်မင်းကြီးအတွင်းရေးကိစ္စတွေကို ပြောပြရမှာလဲရှင့်”

သူမက လုံယျန်ရှေ့မှာပဲ လုံချီအပေါ်ထားတဲ့ အမုန်းတရားတွေကို တည့်ပြောပြလိုက်တယ်။လုံယျန်က လုံချီကို နှစ်သက်သဘောကျမှုမရှိဘူးဆိုတာ သူသိတယ်။လုံချီ့ကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ထားခြင်းဟာ သူ့မှာ အချိန်သိပ်မရှိတော့တာကြောင့် ကြီးမြတ်လှတဲ့ ရှန်အင်ပါယာကြီးကို ဆက်လက်သယ်ပိုးဖို့အတွက် အရိုက်အရာခံသူကို ရွေးချယ်ဖို့လိုအပ်တယ်လေ။သူ့အနေနဲ့ လုံချီ့ကို ဘယ်လောက်ပဲသဘောကျမနေပါစေအုန်း အနည်းဆုံးတော့ လုံချီ့ရဲ့ မျိုးရိုးက “လုံ” ဖြစ်နေတယ်လေ။

လုလျန့်ဝေအနေနဲ့ ဒီကောက်ချက်ကို ယုံကြည်ချက်ရှိရှိ မှန်းဆလို့နေတယ်။လုံယျန်ရဲ့ လေးနက်ပြီးဒေါသထွက်နေတဲ့အသံဟာ သူမ နားထဲ ဝင်ရောက်လာတော့တယ်။

“ဘယ်လိုတောင် စိတ်ကြီးဝင်နေရတာလဲ”

လုလျန့်ဝေ ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားတယ်။သူမရဲ့ မျက်လုံးတွေကို ပင့်ကာ ကြည့်လိုက်တဲ့အခါမှာတော့ လုံယျန့်ရဲ့ ဒေါသထွက်နေတဲ့ အကြည့်နဲ့ ဆုံတော့ သူရဲ့ ခန့်မှန်းလို့မရတဲ့မျက်လုံးတွေက ပိုလို့တောင်ခန့်မှန်းရခက်လို့နေတယ်။လုလျန့်ဝေ မျက်ဝန်းတို့က ကျဥ်းမြောင်းလို့သာလာတော့တယ်။ဧကရာဇ်ရဲ့ စိတ်ကတကယ့်ကိုခန်မှန်းရခက်ပါလား။

လုလျန့်ဝေရဲ့ လှပတဲ့မျက်လုံးတွေဆီမှာ ထိတ်လန့်မှုတွေပေါ်လာတယ်။လုံယျန်က သိသာထင်ရှားလှတဲ့ အမျက်ဒေါသနဲ့ စကားမပြောခဲ့ဘူး။သူ့ရဲ့အသွင်အပြင်က အမြဲတမ်း တည်ငြိမ်ကြော့ရှင်းနေသည်။ဒါပေမယ့် သူ့မှာ နဂိုပင်ကို ဘုန်းတန်ခိုးနဲ့ ခန့်ညားထည်ဝါမှု ရှိနေပြီးသားပင်။သူ့ရဲ့ ပုလ္လင်ပေါ်မှု အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ အရှင့်ကို ဆန့်ကျင်ခဲ့တဲ့သူမှန်သမျှက ဖော်ပြလို့မရနိုင်တဲ့ထိတ်လန့်ကြောက်ရွံ့မှုကြောင့်ပဲ ခေါင်းငုံ့ဦးညွတ်ခဲ့ရတယ်။

လုလျန့်ဝေ မျက်လုံးအိမ်ထဲမှာ ကြောက်လန့်ထိတ်လန့်မှုတွေကို မြင်လိုက်ရတာကြောင့် လုံယျန့် မျက်ခုံးတို့က အနည်းငယ် ပြေလျော့သွားတယ်။

“မင်းလို ငယ်ရွယ်တဲ့ကလေးမတစ်ယောက်က အကုန်သိနေပြီ ထင်မနေနဲ့”

ဆက်ရန်.....

Chapter – 14 ; ဧကရာဇ်ကို ဘယ်လိုတွေတောင် ကျိန်ဆဲနေရတာလဲ

February 3, 2024

လုလျန့်ဝေ သူမခေါင်းလေးကို ငုံ့ကာ ရိုရိုကျိုးကျိုးလေးနေနေတယ်။ဧကရာဇ်ပြောတာတွေအပေါ် သိပ်ပြီးခံစားမနေဘူး။ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လေးစားနဲ့ ပုံသဏ္ဍာန်နဲ့တော့ ပြန်ဖြေလိုက်တယ်။

“အရှင်မင်းကြီးရဲ့ ဆုံးမသွင်ကြားမှုကို လိုက်နာပြီး ကျတော်မျိုးမ ဆင်ခြင်ပါ့မယ်”

“ငါကိုယ်တော်ကို စော်ကားသည်ဖြစ်စေ၊ အိမ်ရှေ့စံကို နောက်ကွယ်မှာ စော်ကားသည်ဖြစ်စေ၊ဒီအပြစ်နှစ်ခုလုံးဟာ သေဒဏ်ကျခံနိုင်တယ်ဆိုတာကို မှတ်ထားပါ။”

လုံယျန့်ရဲ့ အသံက တည်တည်ငြိမ်ငြိမ်ပဲ။ ဒါပေမယ့် အကြောင်းပြချက်တစ်ချို့ကြောင့် သူ့ရဲ့ အသံမှာ ဖိနှိပ်ချုပ်ချယ်ပြီး အသက်ရှူကျပ်စေတဲ့ အားတစ်ချို့ရှိတယ်။

လုထင်ချန်နှလုံးသားကတော့ ထပ်ပြန်နစ်မြှုပ်သွားရတယ်၊ပြီးတော့ ဗျာများစွာ အသနားခံလိုက်တယ်။

“ကျေးဇူးပြုပြီး ရွှေစိတ်တော် မညှိုးလိုက်ပါနဲ့ အရှင်..ကျွန်တော်မျိုး ညီမငယ်က....”

လုလျန့်ဝေက သူ့ရဲ့အဝတ်လက်စကို ဆွဲကာ ဆက်လက်အသနားမခံဖို့ အရိပ်အယောင်ပြလိုက်တယ်။လုထင်ချန်လည်း ခေါင်းကို ညိမ့်ကာ ညီမဖြစ်သူကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်တယ်။သူ့မျက်ခုံးနှစ်ဖက်ဟာလည်း မကျေမနပ်ဖြစ်နေကြောင်းကို ထင်ရှားစွာ ပြသလို့နေတယ်။ဒီအမိုက်အမဲညီမ သူ့ကိုယ်သူ ဘာလုပ်နေမှန်းရော သိရဲ့လား။တကယ်လို့ ဧကရာဇ်သာ သူမအသက်ကို လိုချင်တယ်ဆိုရင် စကားတစ်ခွန်းတည်းနဲ့ အကုန်အပြီးသတ်သွားမှာ။

လုလျန့်ဝေ အစ်ကိုဖြစ်သူရဲ့လက်စကို လွှတ်လိုက်ပြီး တည်ငြိမ်တဲ့လေသံလေးနဲ့ လုံယျန်ကို ညွှန်းဆိုလိုက်တယ်။

‘ အရှင်မင်းကြီး ကျွန်မရဲ့ အမှားအတွက် အပြစ်ပေးချင်ပါက...ဒါက စကားနည်းနည်းလေးနဲ့ပဲ ပြီးဆုံးသွားမယ့် ကိစ္စလေလေးပါ။ဒါပေမဲ့ကျွန်မရဲ့အပြစ်ဟာ ဒီစာဖတ်ခန်းလေးထဲကို ဝင်မလာခဲ့သင့်တာလေး တစ်ခုတည်းပါပဲ ဒါဆိုရင် အရှင့်ရဲ့ ဝေဒနာ ခံစားနေရတာကိုလည်း မြင်ရမှာမဟုတ်ပဲ ကျွန်မနေရာကို မသိပဲ အရှင့်ကို ကယ်တင်ဖို့ပြုလုပ်ပေးမိမှာလဲ မဟုတ်ဘူး။’

“အကယ်၍ ကျမသာ ဝင်မစွက်ဖက်ခဲ့ရင် ဒီနေ့လို အခြေအနေမျိုးလည်း ဖြစ်လာမှာမဟုတ်ဘူး။ဒါတွေအားလုံးက ကျွန်မရဲ့ အနေအထိုင်မတတ်မှုတွေ မဆင်ခြင်မှုတွေကြောင့်ပါ။ဒါ့ကြောင့် အရှင်ကျွန်မကို အပြစ်ဒဏ် ချမှတ်မယ်ဆိုရင်လည်း အပြစ်ဒဏ်ကိုခံယူပါ့မယ်”

လုံယျန်က ဒေါသထွက်စွာနဲ့ ခပ်ဟဟလေးရယ်လိုက်ပြီး သူ့ရဲ့ပုံစံက ရေခဲတမျှ အေးစက်လို့နေတယ်။

“မင်းရဲ့ စွက်ဖက်မှုက ငါကိုယ်တော်ရဲ့အသက်ကို.ကယ်တင်ခဲ့ပေမယ့် မင်းက အဲ့သလိုမလုပ်သင့်ဘူးလို့ပြောတယ်၊ဒါက မင်း ငါကိုယ်တော်ကို သဘောထားကြီးစွာနဲ့ ကယ်တင်ပေးခဲ့တယ်ဆိုတာကို သတိပေးနေတယ်။ဒါ့အပြင် မင်းပြောခဲ့သမျှ နိဂုံးက ရှင်းပါတယ်။ငါကိုယ်တော်က မင်းရဲ့သဘောထားကြီးမှုအပေါ်မှာ အညှိုးအတေးနဲ့အပြစ်ပေးဖို့ လုပ်နေတယ်လို့ ဆိုလိုချင်တာပေါ့လေ...ဟုတ်သလား”

ဧကရာဇ်ရဲ့ နက်ရှိုင်းပြီး ခန့်မှန်းရခက်တဲ့ မျက်ဝန်းတွေကို ကြည့်မိလိုက်ပြီး လုလျန့်ဝေ ကျောကို ဖြောင့်နေအောင် ထားမိလိုက်တယ်။ပြီးတဲ့နောက် အပြစ်တင်ခြင်းမရှိ ကန့်ကွက်ခြင်းတို့ရှိမနေတဲ့ အသံနဲ့သာ ပြန်လည်ဖြေကြားလိုက်တယ်။

“အရှင် ကျမကို သေစေချင်တယ်ဆိုရင်လည်း သေရုံကလွဲလို့ ရွေးချယ်စရာမရှိပါဘူး။အရှင်သာ တစ်စုံတစ်ယောက်ကို ပြစ်ဒဏ်ချမှတ်ချင်တယ်ဆိုရင် အကြောင်းပြချက်က ဘာလို့များ လိုအပ်နေပါအုန်းမလဲ”

အခန်းထဲက လေထုဖိအားကလည်း ပြင်းထန်လို့လာတယ်။ကျောက်ချန်ကတော့ ချွေးအေးတွေသာထွက်လို့နေတယ်။အရှင်မင်းကြီးရဲ့မျက်နှာကိုလည်း သူ မကြည့်ရဲတော့ဘူး။ဒီ ဒုတိယလုသခင်မလေးမှာ အောချရအောင်ကို ရဲတင်းမှုတွေရှိနေတာပဲ၊အရှင့်ကို ဒီလိုတောင်ပြန်ပြောရဲတယ်ဆိုတော့ ဒုက္ခလှလှကြီးရောက်တော့မှာပဲ။

လုံယျန့်ရဲ့ နှုတ်ခမ်းတွေက ကွေးတက်လို့သွားတယ်၊စိတ်ကျေနပ်တဲ့အပြုံးလား၊ဒေါသထွက်နေတဲ့ အပြုံးလား မသိနိုင်သေးပါဘူး။

“ဒုတိယလုသခင်မလေးမှာ ဒီလို ဟာသဥာဏ်ရွှင်တာမျိုးရှိလိမ့်မယ်လို့ ငါကိုယ်တော်ထင်မထားဘူး။ငါကိုယ်တော်သာ ပြစ်ဒဏ်ချမှတ်လိုက်ရင် ငါ့ကို ပေါကြောင်ကြောင်ကောင်၊ ဥာဏ်မရှိတဲ့ကောင်လို့များ စွပ်စွဲအုန်းမလား”

ပြီးတဲ့နောက်မှာတော့ သူမရဲ့ ဒူးလေးကို မသိမသာနှိပ်နယ်နေလိုက်တယ်၊သူမ ဝိဥာဏ်ကူးပြောင်းလာပြီးကတည်းက တစ်စုံတစ်ယောက်အရှေ့မှာ အကြာကြီး ဒူးထောက်နေရတာက ဒါပထမဆုံးပဲ။ငရဲကျနေသလားသတ်မှတ်ရအောင်ကိုမသက်မသာနဲ့ပါ။မြို့စားအိမ်တော်မှာတုန်းကတောင် ဒီလိုမျိုး မလုပ်ခဲ့ရဘူး။ ဒါပေမယ့် သြဇာအာဏာနဲ့ လူတွေရဲ့ သေခြင်းရှင်ခြင်းတို့ကို ထိန်းချုပ်နေတဲ့ သူရှေ့ကျတော့မှပဲ ဧကရာဇ်ရဲ့ လွှမ်းမိုးမှု ဆိုတာကြီးက ခံစားမိတော့တယ်။ ဧကရာဇ်ရှေ့မှာ ခေါင်းမငုံ့ပဲနေဖို့ တကယ်ကို မနေရဲဘူး။အဲ့တစ်ယောက်က ရက်စက်ကြမ်းကြုတ်တဲ့ ဧကရာဇ်ဖြစ်နေတယ်လေ။

လုံယျန်ရဲ့ အသံအနေအထားကို ကြည့်ခြင်းအားဖြင့် သူဒေါသထွက်နေသလား။ စိတ်ကြည်နေသလာဆိုတာ အတိအကျမပြောပြနိုင်ပေမယ့် သူတို့ရဲ့ နှလုံးသားတွေ တစ်ခဏတော့ ရပ်တန့်သွားပါတယ်။

ဆက်ရန်

Chapter – 15 ; အဲ့လောက်ထိသတ္တိတွေ သူမ ဘယ်ကနေများရလာတာလဲ။

February 3, 2024

လုလျန့်ဝေကတော့ တစ်စက်မှ ခြိမ်ခြောက်မခံလိုက်ရသလို၊တစ်စက်ကလေးမှကို မတုန်လှုပ်သလိုပင်။သူမ ပြောစရာရှိတာကိုပြောပြီးနောက်မှာတော့ ကျောပြင်ကို ဆန့်ကာ လုံယျန့်ဆီကိုသာ သူမရဲ့ မှင်ရည်ရောင်မျက်လုံးတွေနဲ့ ငြိမ်ငြိမ်သက်သက်သာကြည့်လို့နေတယ်။အဲ့ဒီ မျက်လုံးတွေက မကြည်နိုင်လောက်အောင်ကို လှပလွန်းတယ်။အခြားလူတွေကို ကြည့်လိုက်တဲ့အချိန်ဆိုရင် သူမမျက်လုံးတွေက တလက်လက်နဲ့ တောက်ပနေသလိုပဲ။

လုံယျန်ကတော့ တိတ်ဆိတ်လို့နေတယ်။ဒုတိယ လုသခင်မလေးတစ်ယောက်တည်းကသာ သူ့ကိုဒီလိုမျိုး စိုက်ကြည့်ရဲ့တဲ့သူပင်။သူမက ၁၅နှစ်အရွယ် မလောက်လေးမလောက်စား လက်သည်းခွံသာသာ ကလေးမလေးပဲ။ဒီလိုရဲတင်းမှုမျိုးကို ဘယ်ကနေများ ရလာတာပါလိမ့်။

သူမရဲ့ အိမ်ရှေ့စံအတွက် ကိုယ့်ကိုယ်ကို သတ်သေမှုကို ပြန်စဥ်းစားကြည့်လိုက်တယ်။ကိုယ့်အသက်ကိုတောင် တန်ဖိုးမထားတာကြောင့် တခြားဘာကိုမှလည်း မကြောက်တော့တာလား။

လုံယျန်အတွေးတွေထဲမှူ နစ်မျောနေစဥ်မှာပဲ ကလေးမလေးက ကြည်လင်တဲ့အသံနဲ့ပြောလိုက်တဲ့ အသံကိုကြားလိုက်ရတယ်။

“ကျွန်တော်မျိုးမရဲ့ စမ်းသပ်မှုသာ မမှားဘူးဆိုရင် အရှင့်ရောဂါက အဆိပ်တစ်မျိုးမျိုးကြောင့်ဖြစ်လာရတာပါ။ငယ်ငယ်တုန်းက စားသောက်လိုက်မိတဲ့ အဆိပ်တစ်မျိုးဖြစ်လိမ့်မယ် အဲ့အချိန်တုန်းက ဒီအဆိပ်တွေကို သေသေချာချာကန့်သတ်ထားတာမျိုးတွေမရှိဘူး။သူတို့က တဖြည်းဖြည်းနဲ့များလို့လာပြီး သန္ဓေပြောင်းလဲသလိုပြောင်းလာလို့ပါ။အခုဆိုရင်အဆိပ်က အရှင့်ရဲ့ သွေးပြန်ကြောနားကိုရောက်နေပါပြီ၊ဒါကိုသာ မထိန်းချုပ်နိုင်ဘူးဆိုရင် အရှင့်ရဲ အူလမ်းကြောင်းကိုပါ ထိခိုက်လာလိမ့်မယ်။အဲ့အချိန်ကျ သိကြားမင်း ဆင်းကယ်တောင်မရတော့ဘူး။”

ဒီစကားတွေကို သူမရဲ့ နှုတ်ခမ်းဆီကနေ ထွက်ကျလာတာနဲ့ ကျောက်ချန်ရဲ့ မျက်လုံးတွေလည်းပြူးလာကာ အလန့်တကြားနဲ့ ကြည့်လာတော့တယ်။တစ်ခြားသူတွေကတော့ နားလည်မှာမဟုတ်ဘူး။သူကသာ အရှင့်နံဘေးမှာ အချိန်အကြာကြီး နေလာတဲ့သူမလို့ပါ။ဒါ့ကြောင့် သူ့အနေနဲ့ ဒါတွေအားလုံးကို ရှင်းရှင်းလင်းလင်းသိတယ်။

ဧကရာဇ် ငယ်စဥ်တုန်းက အမှန်တကယ်ကို အဆိပ်မိခဲ့တယ်၊ဒါပေမယ့် တော်တော်နဲ့ပြင်းပြင်းထန်ထန် ထိခိုက်တဲ့ အာနိသင်ပြတာမျိုးမရှိတဲ့ အလွန်ကိုပြင်းထန်တဲ့ အဆိပ်တစ်မျိုးဖြစ်နေတယ်။အရှင့်ရဲ့အသက်ကို လွယ်လွယ်တော့ နှုတ်မသွားခဲ့ဘူး။ဒါပေမယ့် အဲ့ဒီအဆိပ်ကို ဖယ်ရှားပစ်ဖို့က ရှုပ်ထွေးလွန်းလှတယ်။တော်ဝင်သမားတော်တွေအားလုံးကြိုးစားခဲ့ကြပေမယ့် အရှင့်ကိုယ်ထဲက အဆိပ်ကို အရှင်းမကုသနိုင်ခဲ့ဘူး။အချိန်တွေကြာလာတာနဲ့အမျှ အဆိပ်က အရှင့်ခန္ဓာကိုယ်ကို တစ်မြေ့မြေ့ နဲ့ တိုက်စားလာတော့တယ်။အရှင့်အပြင်ပုံစံကို ကြည့်ပြီး ပြောဖို့ခက်ပေမယ့် ရောဂါပေါ်လာတိုင်း အဲ့အချိန်တွေမှာ အရှင့်အတွက် အဆိုးဝါးဆုံးအချိန်တွေပဲ။ အဲ့ နာကျင်မှုကနေ သေတော့မလားလို့တောင် ခံစားရပါတယ်။

ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်တဲ့ အသံက စာဖတ်ခန်းထဲက လူတွေကို ထိတ်လန့်သွားစေတယ်။

လုံယျန်က ပထမဆုံးတုံ့ပြန်လိုက်တယ်။သူ့ရဲ့မျက်နှာကတော့ ကျောက်ချန်ကို ကြည့်ရင်း အေးသထက်အေးလို့လာတယ်။သို့သော်လည်း ဒီအချိန်မှာတော့ ကျောက်ချန်က ဝက်ဝံရဲ့ အသည်းကို စားပြီး ကျားသစ်ရဲ့ကလီစာတွေကို စားသုံးလို့နေတယ်။(ဒါက တရုတ်အီဒီယမ်လေးပါ။ဘာပဲလုပ်ရပါစေ။သူ့မှာ သတ္တိတွေအပြည့်ရှိနေပါပြီလို့ဆိုလိုတာပါ)

သူ့သခင်ကြီးရဲ့ အသံကိုတော့ နားမကြားသယောင်သာနေနေတယ်။သူကလုလျန့်ဝေဆီကို ခေါင်းလေးအသာညိမ့်ကာ ပြောလိုက်တယ်။

ဒါကိုကြားလိုက်တာနဲ့ ကျောက်ချန်လည်း လုံယျန်ဘက်ကို လှည့်လိုက်တော့တယ်။

“အရှင် ဒုတိယလု သခင်မလေးက ငယ်ရွယ်ပါတယ်။အစောတုန်းက အရှင့်ကို ကယ်တင်ဖို့အတွက် လုပ်ခဲ့တာက အမှတ်တမဲ့ အရှင့်ကို ဒေါသထွက်စေသွားတာပါ။ကျေးဇူးပြုပြီး သူမကို အခွင့်အရေးလေးပေးဖို့ တောင်းဆိုပါတယ်။”

သူ့ညီမဖြစ်သူအတွက် ပြောပေးနေတာကို တွေ့တော့မှာ ထင်ချန်လည်း သက်ပြင်းသာသာချလိုက်တော့တယ်။ဧကရာဇ်က ငယ်စဥ်ကတည်းကနေ အခု အသက်၃၀ထိ ကျောက်ချမ်က ဘေးမှာ ရှိနေခဲ့တာပါ။သူ့ရဲ့သစ္စာရှိမှုက ဘယ်တော့မှ မမှေးမိန်ဘူး။ကျောက်ချန်က မိန်းမဆိုးပေမယ့် သူ့ရဲ့တောင်းဆိုမှုက လုထင်ချန်အသနားခံတာထက်ပိုပြီးထိရောက်နိုင်တယ်။

လုံလောက်နေပြီ လုံယျန်က ကျောက်ချန်ကို ကြည့်ကာ မျက်ခုံးတို့အနည်းငယ်တွန့်သွားပါတယ်။သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားကာ သူ့မျက်လုံးတွေထဲမှာ ဒေါသအရိပ်အယောင်လေး ရှိနေတယ်။ချူးရှီလည်း ဒူးထောက်လိုက်တယ်။စကားမပြောပဲ လုံယျန်ကိုသာ တိတ်တဆိတ်စိုက်ကြည့်နေတော့တယ်။

“မင်းတောင် ဒုတိယ လုသခင်မလေးကို ယုံတယ်ပေါ့လေ။”

ချူးရှီက ဒူးထောက်ရင်း အရှေ့ကို အနည်းငယ်လှမ်းလိုက်ပြီး လုံယျန် ရဲ့ ဝတ်စုံကို သာသာလေးထိလိုက်တယ်။သူ့ရဲ့ခေါင်းကိုမော့ပြလိုက်တော့ မျက်လုံးအိမ်တွေမှာ မျှော်လင့်ချက်တို့နဲ့ တောက်ပလို့နေတယ်။

“ဒီအတိုင်း ဖြစ်သွားမှတော့ သူမကို ဘာလို့များ တစ်ခေါက်လောက် ယုံကြည်ပေးလို့ မရတာလဲဗျာ”

ချူးရှီ ဒူးထောက်တာကိုမြင်တော့ လုထင်ချန် ရဲ့ နောက်ဆုံးစိုးရိမ်မှု ပျောက်လို့သွားတော့တယ်။ ချူရှီက ၁၄နှစ်သာရှိသေးပေမယ့် သူ့ကိုယ်ခံပညာကျွမ်းကျင်တယ်။သူက ငယ်သေးပေမယ့် အရှင့်ရဲ့ သက်တော်စောင့်တောင်ဖြစ်ပြီးနေပြီ။

လွန်ခဲ့တဲ့ နှစ်တွေတုန်းက ချူရှီကို ဧကရာဇ်က စစ်မြေပြင်ကနေ ခေါ်လာတာလို့ကြားဖူးခဲ့တယ်။ဒီနှစ်တွေအတွင်းသူက ဧကရာဇ်အနားမှာ အနီးကပ်နေပြီး ဧကရာဇ်က ကိုယ်ခံပညာသင်ပေးခဲ့တယ်။အမည်အားဖြင့်တော့ အစေခံနဲ့သခင်ပေါ့။အမှန်တော့ အဖေနဲ့ သား လိုပဲ ရင်းနှီးလှတယ်။ ချူရှီရဲ့ မျိုးရိုးနာမည်သာ “လုံ”ဆိုရင် အရှင်က သူ့ကို ဆက်ခံသူအဖြစ် ရွေးချယ်လောက်ပြီးပြီ။ ဘာကြောင့်များ လုံချီကို ရွေးချယ်နေပါအုန်းမလဲ။

All Chapters