အခန်း (၁၆-၁၈)
Vol. 1 Ch. 16-18
Chpater – 16 ; ဘာတွေများစားလို့ ဒီလိုကြီးထွားလာရတာလဲ
February 3, 2024
လုံယျန်က လုလျန့်ဝေကို သတ်ပစ်ဖို့ ရည်ရွယ်ချက်က အစကတည်းကမရှိဘူး။ဒါမယ့် အခု ကျောက်ချန်ကော ချုးရှီကောပါဒီကလေးမလေးအတွက် ပြောပေးနေတာကြောင် သူ့ရဲ့သတ်ဖြတ်လိုတဲ့ စိတ်ကလေးလည်း မှေးမှိန်လို့သွားပြီပေါ့။
“သခင်မလေးလုက ငါကိုယ်တော်ကို ကယ်တင်ခဲ့တဲ့သူ။ငါကိုယ်တော်သာ ဒီကလေးမကို အပြစ်ပေးလိုက်ရင်တော့ စဥ်းစားဆင်ခြင်ဥာဏ်မရှိတဲ့ အုပ်ချုပ်သူ ဖြစ်တော့မှာပေါ့”
ဒါကိုကြားလိုက်ရမှ လုထင်ချန်ရဲ့ စိုးရိမ်နေတဲ့ နှလုံးသားလေး တည်ငြိမ်သွားတော့တယ်။ဒီတော့ ချက်ချင်းပဲပြောလိုက်တယ်။
“ကျွန်တော်မျိုး ညီမလေးအပေါ် ညှာတာမှုပေးတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”
သူပြောပြီးပေမယ့် လုလျန့်ဝေကတော့ ဒူးထောက်လျက် ကြမ်းပြင်ပေါ်မှာ မလှုပ်မယှက်သာနေနေတယ်။
“ဝေဝေ ဧကရာဇ်ကို အခုချက်ချင်း ကျေးဇူးမတင်သေးဘူးလား”
လျန့်ဝေလည်း အခုမှ သတိဝင်လာတော့တယ်။ လုံယျန်က ထိုင်ရာနေရာကနေ ထပြီး စားပွဲနောက်ကနေ ထွက်လာတယ်။သူမရဲ့ မြင်ကွင်းထဲမှာပေါ်လာတာက ယောကျ်ားတစ်ယောက်ရဲ့ ပြောင်လက်လို့နေတဲ့ ဘွတ်ဖိနပ်၊အဲ့အထက်မှာတော့ စိမ်းပြာရောင်ဝတ်ရုံရဲ့ အနားကွပ်စ။အဲ့ကနေတစ်ဆင့်အပေါ်ကိုတစ်ဆင့်ကြည့်ဖို့လုပ်နေတုန်းမှာပဲ အသံသြသြနဲ့ အေးစက်တဲ့အသံက သူမခေါင်းပေါ်ကနေ ထွက်လာတယ်။
“ကြမ်းပြင်က သိပ်မာလို့လား”
လုလျန့်ဝေ ခေါင်းမော့လိုက်တယ်။သူမရဲ့ ရှည်လျားထူထပ်တဲ့ မျက်တောင်လေးကို ခက်လိုက်တာက လိပ်ပြာတောင်ပံလေးခတ်လိုက်သလိုပဲ။သူမ အနက်ရောင်မျက်စံလေးထဲမှာတော့ စိတ်လှုပ်ရှား ရှုပ်ထွေးနေဟန်လေး ဖြတ်ပြေးသွားတယ်။ကလေးမရဲ့ ချစ်စရာ ရှုပ်ထွေးနေတဲ့ မျက်နှာကိုကြည့်ပြီး လုံယျန်လည်း ရယ်ချင်သလိုလို ကြည်နူးချင်သလိုလို ဖြစ်လာတယ်။
ခုဏလေးတင်ပဲ ဒီကလေးမက သူ့ကိုကယ်တင်ခဲ့တဲ့ ကိစ္စကို အလေးမထားသလို မလေးမစားပြောတယ်။ဒါပေမယ့် အခု သူက ခွင့်လွှတ်ပေးလိုက်တဲ့ အချိန်ကျတော့ ကလေးမက အံ့သြသွားတယ်။ကြည့်ရတာ ဒီဧကရာဇ်က ခွင့်လွှတ်လိမ့်မယ်လို့ မထင်ထားဘူးထင်တယ်။သူ့ရဲ့ နှုတ်ခမ်းစွန်းကနေ ခန့်မှန့်လို့မရနိုင်တဲ့ အပြုံးတစ်ခုပေါ်လာတယ်။လုလျန့်ဝေ လုံယျန်ကိုကြည့်ဖို့အတွက် ခေါင်းကိုမော့လိုက်တယ်။အဲဒီ့မတိုင်ခင် သူ့အသက်ကို ကယ်ဖို့အတွက် သူမ အလုပ်ရှုပ်နေခဲ့ရတော့ သူ့ကို သေသေချာချာကြည့်ဖိူ့အချိန်မရှိလိုက်ဘူး။သတိရပြီးနောက်လည်း သူကတစ်ချိန်လုံး ခုံပေါ်မှာပဲ ထိုင်နေခဲ့တာမဟုတ်လား။ဒီတော့ သူ့အရပ်ကိုတောင် မခန့်မှန်းနိုင်ဘူး။အခုတော့ သူမအကွာအဝေးအနည်းငယ်မှာ မတ်တပ်ရပ်နေတယ်။လုလျန့်ဝေလည်း လုံယျန်က အရပ်တော်တော်ရှည်မှန်း အခု သိသွားပြီ။ ၆ပေဝန်းကျင်လောက် ရှိမယ်ထင်တယ်။
သူ့မှာ ရှိနေတဲ့ တော်ဝင်ပြီး ခန့်ညားတဲ့ အငွေ့အသက်နဲ့ဆိုတော့ သူ့ကိုကြည့်ရတာက ကြီးမြတ်တဲ့ တောင်တစ်တောင်လိုပဲ။ခန့်ညားထည်ဝါစွာ ရပ်လို့နေတယ်။
ညီမဖြစ်သူက တွေဝေစွာနဲ့ ဒူးထောက်နေတာကိုမြင်တော့ လုထင်ချန်လည်း သူမ ထဖို့အတွက် ကူညီပေးလိုက်တယ်။ လုလျန့်ဝေ လုထင်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး လုံယျန့်ကို ကြည့်လိုက်တဲ့ နောက်မှာ သိချင်စိတ်တွေပြင်းပြစွာနဲ့ မေးလိုက်တယ်။
“ အရှင်မင်းကြီး အရှင်ဘာတွေများ စားပြီးကြီးထွားလာတာလဲဟင်။အရပ်ကြီးက အရှည်ကြီးပဲ”
ဒီစကားတွေ ပါးစပ်ထဲက ထွက်သွားပြီးပြီးချင်း နောင်တတန်းရသွားတယ်။အဓိကအချက်က သူမအရှေ့မှာ ရှိနေတဲ့ လုံယျန်ကကြီးမြတ်လှသော အင်ပါယာကြီးရဲ့ အရှင်သခင်၊ လူတစ်ယောက်ကို သတ်မလား မသတ်ဘူးလားဆိုတာဆုံးဖြတ်နိုင်တဲ့ အာဏာရှိတဲ့ ရေမြေ့အရှင်။သူ့ဆီက စကားလုံးတစ်လုံးနဲ့တင် မရေမတွက်နိုင်တဲ့ ခေါင်းပေါင်းများစွာကို ပြတ်သွားနိုင်တယ်။
ဒီလို ရဲတင်းတဲ့ စကားမျိုးပြောလိုက်လို့ သူ့ကို ဒေါသထွက်သွားစေရင် ဘယ်လိုလုပ်မလဲ။သူမ သိထားသလောက်သမိုင်းထဲမှာတော့ အရပ်ရှည်တဲ့ ဘုရင်ဆိုပြီး မှတ်တမ်းထဲ တင်ထားတာ မတွေ့ဖူးဘူး။ အစ်ကိုဖြစ်သူ ထင်ချန့်ထက် အရပ်ရှည်နေတဲ့သူကို မြင်တွေ့လိုက်ရတော့ ရင်ထဲက စကားလုံးတွေက မသိပဲ ထွက်လို့သွားတယ်။ ပြောခဲ့သမျှကို နောင်တရရင်းအခြေအနေကနေ လွတ်မြောက်ဖို့ စဥ်းစားကာ ဗလုံးဗထွေးပြောနေရင်းမှာပဲ ထိုလူကြီးရဲ့ နက်နဲလွန်းတဲ့မျက်လုံးတွေထဲက အပြုံးတစ်ပွင့်ကို ဖမ်းမိလိုက်တယ်။ လုလျန့်ဝေ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။ သူမ အမြင်မှားလိုက်တာလား။ လုလျန့်ဝေ စကားအပြီးမှာ တစ်ခန်းလုံးကတိတ်ဆိတ်နေတယ်။
လုထင်ချန် မျက်ခုံးတို့ကတော့ တွန့်ကွေးလို့သွားပြီ။ဧကရာဇ်သာ ဒီနေရာမှာမရှိနေရင် သူ သူ့ညီမကို ကောင်းကောင်းလေးနဲ့ နာနာလေးချချလိုက်ပြီ။
မစဥ်းမစားနဲ့ပြောတဲ့ ကလေးမ၊ဧကရာဇ်ကို ဟာသလုပ်စရာများမှတ်နေတာလား။ ဒါ့ကြောင့် အရှင်မင်းမြတ်ဒေါသထွက်မလာခင် အမြန်ပြောရတော့တယ်။
“အရှင်မင်းမြတ် အရှင့်ကို ဒေါသထွက်စေခဲ့ရင် တောင်းပန်ပါတယ်။ ကျွန်တော့် ညီမလေး “
လုံယျန်က သူ့ကို ရပ်လိုက်ဆိုတဲ့လက်ကာပြကာ အရှင့်မျက်နှာမှာ သူထင်ထားသလို ဒေါသအရိပ်အယောင်မတွေ့ရလေဘူး။ဒါနဲ့တစ်ခြားစီ သူ့မျက်နှာက အမူအရာမဲ့ကာဖတ်ရခက်နေတယ်။
လုံယျန့် နက်ရှိုင်းတဲ့ မျက်လုံးတို့က လုလျန့်ဝေဆီ ကျရောက်လာပါတော့တယ်။
ဒီစကားကိုကြားလိုက်တော့ လုလျန့်ဝေအတွက် ပြောပေးခဲ့တဲ့နှစ်ယောက်အပါအဝင် တစ်ခန်းလုံးတိတ်ဆိတ်ငြိမ်သက်သွားတယ်။ အချိန်တခဏလောက်ကြာပြီးနောက် ကျောက်ချန်လည်း ထွက်လာတဲ့ ချွေးတွေကို သုတ်လိုက်တယ်။သူများ နားကြားမှားသလား။အရှင်က သခင်မလေးလုကို ခွင့်လွှတ်လိုက်တဲ့အပြင် စနောက်တဲ့စကားတွေပါ ပြန်ပြောနေတာလား။လုံယျန်ဒေါသနဲ့ ရင်းနှီးတဲ့ ကျောက်ချန်မှာတော့ အံ့အားသင့်သွားတယ်။လုလျန့်ဝေကတော့ ခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်နေမိတယ်။သူမအရပ်က ၅ပေ၄လက်မနီးနီးတော့ရှိတယ်။အဲ့တာက သာမာန်အမျိုးသမီးတွေထဲမှာ ပုတဲ့ထဲမပါဘူးလေ။
“အရှင်မင်းကြီးရှင့် အရှင်ကသာအလွန်အမင်း အရပ်ရှည်နေတာပါရှင့်။ကျမက သေသေချာချာလေး ပုတဲ့ထဲ မပါပါဘူးနော့်”
သူမကတော့ မခံမရပ်နိုင်စွာနဲ့ ပြန်ပြောလိုက်ပါတယ်။
ဆက်ရန်....
Chapter – 17 ; နင်ဒီနေရာမှာ သေဖို့များကြိုးစားနေသလား?
February 4, 2024
လုံယျန်ကတော့ လုလျန့်ဝေကို သေချာကြည့်ကာအကဲဖြတ်သလိုနဲ့ ပြောလိုက်တယ်။
“ ဟုတ်တာပေါ့၊ အမျိုးသမီးတွေထဲမှာ ဒုတိယလုသခင်မလေးက အရပ်ပုတဲ့ထဲ လုံးဝကို မပါဘူး”
တစ်မိနစ်လောက်ကြာပြီးတဲ့ အခါမှာတော့ သူက ရုတ်တရက် ခေါင်းစဥ်ပြောင်းကာ ပြောလိုက်တယ်။
“ ငါကိုယ်တော်ရဲ့မွေးနေ့ပွဲကို ဒီရက်အနည်းငယ်အတွင်းမှာ ကျင်းပမှာ။တကယ်လို့များ ဒုတိယလုသခင်မလေး စိတ်ဝင်စားရင် နန်းတော်ထဲကို လာရောက်နိုင်တယ်”
အလျဥ်းသင့်သလို ပြေပြောပြီးတဲ့နောက်မှာတော့ လုံယျန်နဲ့အတူ ချူရှီနဲ့ကျောက်ချန်တို့ ထွက်ခွာသွားကြပြီ။ လုမောင်နှမနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ငေးသာကြည့်နေမိတယ်။
သူ့အရင်အခြေအနေကိုပြန်ရောက်ဖို့ လုထင်ချန်အနေနဲ့ တစ်ခဏလောက် အချိန်ယူလိုက်ရတယ်။အဲ့နောက်မှာတော့ လုလျန့်ဝေရဲ့ ခပ်အိအိပါးလေးကို အပြစ်ပေးသလိုလေး ဆွဲဆိတ်ကာပြောလိုက်တယ်။
“လုလျန့်ဝေ နင်ဒီနေရာမှာ သေဒဏ်ကျခံဖို့ ကြိုးစားနေတာလား”
လုလျန့်ဝေကတော့ သူ့အစ်ကိုဆီကနေ ဒီလိုမျိုး လုံးဝမမျှော်လင့်ထားဘူး။သူမပါးက ဆွဲဆိတ်ခံလိုက်ရတာကြောင့် မျက်ရည်လေးဝိုင်းလို့လာတယ်။ဒီတော့ သူမပုံစံလေးက သနားစရာလေးဖြစ်သွားတာပေါ့။
“အစ်ကိုကြီး ဘယ်လိုများလုပ်ရက်လိုက်တာလဲ၊နာသွားပြီ”
ညီမဖြစ်သူ ပါးလေးမှာ အနီအရာလေးကျန်နေခဲ့တာမြင်တော့ ထင်ချန်လည်း ဝမ်းနည်းသွားကာ စိုးရိမ်မိသွားတယ်။ခုနက မဆင်မခြင်လုပ်ရပ်ကိုပြန်တွေးမိတော့ စိတ်တိုကာ ဒေါသတစ်ဖန် ပြန်ထွက်လာရပြီ။ဒီတော့ သူ့ရဲ့အဝတ်လက်စကို ခါပြီး ကျောပေးကာလှည့ထွက်သွားတယ်။လုလျန့်ဝေကတော့ နာကျင်သွားတဲ့ ပါးလေးကို ခပ်ဖွဖွလေးပွတ်ကာ သူ့အစ်ကိုဒေါသဖြစ်သွားတဲ့ ပုံကိုကြည့်ခြင်းအားဖြင့် ခုဏကဖြစ်သွားတာတွေကို စိတ်အနှောက်အယှက်ဖြစ်နေတုန်းဆိုတာကို သိလိုက်ရတယ်။တကယ်တော့ အစ်ကိုက သူ့အတွက် စိတ်ပူနေတာပဲ။
သူမလည်း လက်ကလေးချကာ အစ်ကိုဖြစ်သူရဲ့ အဝတ်လက်စလေးကို ဆွဲပြီး အနည်းငယ်လှုပ်ယမ်းကာ
“အစ်ကိုကြီး ညီမလေး အမှားလုပ်မိမှန်း သိပါပြီ၊ဒါ့ကြောင့် ဒေါသမထွက်နဲ့တော့။”
လုထင်ချန်တစ်ယောက် ညီမဖြစ်သူရဲ့သနားစရာကောင်းအောင်ပြောနေပုံကို ခုခံနိုင်စွမ်းမရှိတော့ပေမယ့် သူက ကျောပေးကာ ရပ်နေရတုန်းပဲ။အစောပိုင်းကရုတ်တရက်ဖြစ်ရပ်ကိုသတိရရအုန်းမယ်လေ။ဒီတော့ သူ့ရဲ့ခွင့်လွှတ်ချင်နေတဲ့ စိတ်ကို ဖုံးကွယ်ရအုန်းမှာပေါ့။ သူ့အသံ ခပ်မာမာလေးပြောလိုက်တယ်။
လုလျန့်ဝေ ဒီစကားကိုကြားတော့ လက်ကိုလွှတ်ချလိုက်မိပြီး ဘာစကားမှပြန်မပြောခဲ့ဘူး။ လုထင်ချန် သူမဆီက ဘာစကားမှပြန်မကြားတဲ့အခါ သူ့ရဲ့တည်ငြိမ်အေးဆေးမှုလေးပျောက်သွားကာပြန်လှည့်ပြီး မေးရတော့တာပေါ့။
လုလျန့်ဝေ သူမပုခုံးကိုတွန့်ပြကာ သူမဘေးနားက ခုံပေါ်မှာ ထိုင်လိုက်တယ်။
လုထင်ချန် ဒီစကားကိုကြားတဲ့အခါ ညီမဖြစ်သူကို လက်ညှိုးထိုးကာ သူ ဒေါသပေါက်ကွဲလုနီးပါးပဲ။
“ နင် ဘယ်လိုလုပ်ပြီး ဘာအမှားမှ မလုပ်ထားဘူးပြောရတာလဲ”
“တကယ်လို့ ညီမလေး အမှားလုပ်မိတယ်ဆိုရင်လည်း ဧကရာဇ်ကို ကယ်တင်ချင်လို့ လုပ်မိတဲ့အမှားပဲနေလိမ့်မယ်”
လုံယျန်ကို ကယ်တင်မိတာကို တကယ်ပဲ နောင်တရတယ်။သူက ဒီလိုမျိုးကြောက်ဖို့ကောင်းမှန်းသိရင် ဒိအတိုင်းပဲ ထားလိုက်ရမှာ။သူမကတော့ သူ့အသက်ကိုကယ်တင်ဖို့ စေတနာကောင်းနှလုံးသားလေးရှိတယ်။အဲ့အစားသူကတော့ သူမအသက်ကို နှုတ်လုနီးပါးပဲ။ဒါကို စဥ်းစာမိလိုက်တော့ ဒေါသထွက်ရပြန်ပြီ။သူက ဧကရာဇ်ဖြစ်နေတော့လဲ ဘာဖြစ်လဲ။ဧကရာဇ်ဖြစ်နေတာနဲ့ကျေးဇူးကန်းလို့ရတယ်လို့က မဖြစ်သေးဘူးလေ။နောက်ဆုံး လုံယျန်က သူမကို မကွပ်မျက်လိုက်ပေမယ့် သူမကတော့ အလွန်အမင်းထိတ်လန့်ခဲ့ရတာကို။လုထင်ချန် ညီမဖြစ်သူ တနုံ့နုံ့စဥ်းစားနေမှန်းသိတယ်။သူ့အတွေးကတော့ ညီမဖြစ်သူ ဒီဖြစ်ရပ်ကြောင့် ကြောက်လန့်သွားတာဖြစ်ရမယ်လို့ပေါ့။ဒီတော့ သူ့လေသံလေးလျော့ပြီး စိတ်သက်သာရအောင် ပြောရပြီပေါ့။
“ ညီမလေးက ဘာများလုပ်ခဲ့မိလို့ ဧကရာဇ်က ဒေါသထွက်နေရတာလဲ”
“ဧကရာဇ်က အဲ့ဒီအချိန်တုန်းက မေ့မြောနေတာ သူ့နှလုံးခုန်သံကလည်း ရပ်သွားပြီ။အဲ့တာနဲ့ ညီမလေးလည်း ဆေးစာအုပ်ထဲက နည်းလမ်းတစ်ခုသိတရသွားတာနဲ့ လူနာရဲ့ မာကျောနေတဲ့ ရင်ဘတ်ကို ခပ်ပြင်းပြင်းလေး တစ်ချက်ကန်လိုက်တာနဲ့သတိပြန်လည်လာတယ်တဲ့လေ။အဲ့ဒိအတိုင်း ညီမလေး အဲ့အတိုင်း အရှင်မင်းကြီး ရင်ဘတ်ကိုဖိပြီး ထုချလိုက်တာ......”
“ နင်တကယ်ကို ထိန့်လန့်စရာကို လုပ်ခဲ့တာပဲ ညီမလေး အရှင်မင်းကြီးကို ဘာလို့ အဲ့လိုလုပ်ရတာလဲ”
ဝေဝေက မင်းကြီးကို ကယ်တင်ဖို့ကြိုးစားခဲ့တာလား။ဒါမယ့် မင်းကြီးကိုသတ်ချင်နေတယ်လို့ ငါဘာလို့ ခံစားနေမိတာလဲ။ သူမလုပ်ရပ်က သေဒဏ်ကျခံဖို့ လုံလောက်နေပြီ။လုထင်ချန်လည်း မတတ်နိုင်ဘူး။ဒါမယ့် ကြောက်လန့်နေမှုက စွဲကျန်ရစ်ဖို့ နေသလိုခံစားနေရတယ်။ဒီကလေးမလေး တကယ်ကို ရိုင်းပြလွန်းတယ်။
ဆက်ရန်...
Chapter – 18 : သူမမှာ အဖွားရှိနေမှန်းကို မေ့တော့မလို့
February 4, 2024
လုလျန့်ဝေကတော့ တကယ်စိတ်မချမ်းမြေ့စိတ်မချမ်းသာဖြစ်သွားတယ်။
“အဲ့အချိန်တုန်းက ညီမလည်း သေချာမစဥ်းနိုင်ခဲ့ဘူး”
ဒါက ဆရာဝန်တွေရဲ့ ဗီဇပေါ့။ကုသမှုအရေးပေါ်ဖြစ်နေတဲ့ လူနာကို တွေ့လိုက်ရတာနဲ့ သူတို့ဦးစားပေးက ဒီလူနာကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ။လုထင်ချန် ညီမဖြစ်သူရဲ့ တည်ငြိမ်နေတဲ့မျက်နှာလေးကိုကြည့်ရင်း မင်သက်လို့သွားမိတယ်။အပြစ်တင်ချင်စိတ်ကို လျော့ချပြီး သူမ သတိသာပေးလိုက်တော့တယ်။
“ဒီနေ့ဖြစ်ပျက်ခဲ့တာတွေ စိတ်ထဲထားမနေနဲ့တော့ နောက်ဆို မဆင်မခြင်မလုပ်နဲ့ “
“ ဟုတ်ကဲ့ပါ”
လုလျန့်ဝေလည်း ကတိပေးလိုက်တယ်။
“ဒါနဲ့ ညီမလေးက အရှင်မင်းကြီးမှာ ရောဂါရှိကို သိနေတာလား”
သူဒါကို မှတ်မိလာတာနဲ့ လုထင်ချန်လည်း အကြံအိုက်သွားရတယ်လေ။
လုလျန့်ဝေ သူ့အစ်ကို ဒီမေးခွန်းကို မေးမယ်ဆိုတာ ကြိုခန့်မှန်းပြီးသားဖြစ်တဲ့အတွက် ဆင်ခြေအဖြေကို စဥ်းစားထားတယ်။
“ဒီရက်ပိုင်းတွေ အတွင်းမှာ ညီမ ဆေးစာအုပ်တွေကို နေ့တိုင်းဖတ်နေခဲ့တာ မေမေချန်ခဲ့တဲ့ဆေးစာအုပ်တွေက ဘယ်လောက်ထိအသုံးဝင်လဲဆိုတာ အစ်ကိုကြီး ယုံမှာမဟုတ်ဘူး ညီမလေးကတော့ စာအုပ်တွေကနေ အများကြီး သင်ယူလိုက်ရပြီ”
“ဒါတွေက သဘောတရားပိုင်းဆိုင်ရာ စာအုပ်တွေပဲ ညီမလေး သူ့နှလုံးခုန်နှုန်းကို စမ်းသပ်ဖို့ကိုကော ဘယ်လိုသိလဲ”
ဧကရာဇ်ရှိနေတဲ့ အချိန်တုန်းက လုထင်ချန်ဒါကို လေးလေးနက်နက်တွေးနေခဲ့တာ၊ညီမလေးက ဧကရာဇ်ရဲ့ နှလုံးခုန်နှုန်းကို တိုင်းပြီး ရောဂါကိုသိတယ်လို့ပြောခဲ့တယ်။ဒါ့အပြင် ဧကရာဇ်က ငယ်စဥ်ကတည်းက အဆိပ်မိနေတာ။ ဧကရာဇ်ရှိနေတုန်းက ဒီမေးခွန်းသူ့စိတ်ထဲမှာရှိနေပေမယ့် သူဒါကို ဖျစ်ညစ်ပြီး ဖိနှိပ်ထားဖို့ပဲ တတ်နိုင်တယ်။ အခုအချိန်မှာတော့ အပြင်လူတွေမရှိတော့မှသာ သူ့နှလုံးသားထဲက သံသယတွေကို မေးရတော့တယ်။
“ညီမလေးက လူနာတွေနဲ့ မထိတွေ့ရသေးပေမယ့် ဆည်းဆာရောင် ခြံဝန်းမှာ စာဖတ်ရင်း နှနှလုံးခုန်နှုန်းစမ်းသပ်တတ်အောင်သင်ယူနေတာ အဲ့ဒါက သိပ်တော့မခက်ဘူး။ညီမက အမေချန်ခဲ့တဲ့ ဆေးစာအုပ်တွေကို သင်ယူနေတာ ပြီးတော့ ညီမလေးကလည်း ထပ်ခါထပ်ခါလေ့ကျင့်ခဲ့တော့ ဒီလို မြန်မြန်တတ်လွယ်သွားတာပေါ့။”
ဒါကိုပြောပြီးမှာ လုလျန့်ဝေက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လေးလုပ်ကာ ကျီစယ်တဲ့အသံလေးနဲ့ ပြောလိုက်တယ်။
“တကယ်တော့ ညီမလေးမှာ အနာတရရောဂါတွေကိုပျောက်ကင်းအောင် လုပ်နိုင်တဲ့ပါရမီရှိတယ်လေ။ဒါ့ကြောင့်ပဲ ဆေးပညာကို မြန်မြန် သင်ယူနိုင်တော့”
ဒါကိုကြားအပြီးမှာ လုထင်ချန်က တိတ်ဆိတ်လို့သွားတယ်။ဒီရက်ပိုင်းတွေမှာ သူ့အနေနဲ့ ညီမဖြစ်သူရဲ့ ပြောင်းလဲလာမှုတွေကို သတိထားမိတယ်။သူမ လုံချီ့နောက်ကို ဆက်မလိုက်တော့ဘူး။အဲ့အစား လုံ့လဝီရိယရှိပြီး တက်ကြွလာတယ်။သူမကိုကြည့်လိုက်တိုင်းမှာ လက်ထဲ အမြဲစာအုပ်ရှိတယ်။သူမဒါတွေကို ဟန်ပြသက်သက်လုပ်နေတာမဟုတ်ပဲ တကယ်စိတ်နှစ်ပြီးလုပ်နေတယ်လို့ သူပြောနိုင်တယ်။သူမပြောသလိုပဲ သူမမှာ ပါရမီများရှိနေတာလား။ဒီအကြောင်း စဥ်းစားလိုက်တိုင်း သူ့နှလုံးသားလေး အေးချမ်းသွားရတယ်။ဝေဝေ့ခေါင်းလေးကို ခပ်ဖွဖွလေးပုတ်ကာပြောလိုက်တယ်။
“ ညီမလေးက ပါရမီတင်မဟုတ်ဘူး အမေ့ရဲ့စွမ်းရည်တွေကိုအမွေရထားတာ”
လုလျန့်ဝေ ဒါကိုကြားလိုက်ရတော့ စိတ်သက်သာရာရကာ ခေါင်းလေးငြိမ့်ပြီး
“အစ်ကိုကြီးပြောတာမှန်တယ်။အမေက အရမ်း အံ့သြဖို့ကောင်းတယ်။ညီမက အမေ့အမွေကို ရထားတာပဲဖြစ်မယ်”
ဧကရာဇ်ပြောသွားတာကို သတိရတော့ သူ ထွက်မသွားခင်ပြောလိုက်တယ်။
“ဘုရင်မင်းမြတ်ရဲ့မွေးနေ့ပွဲကို ရက်အနည်းငယ်အတွင်း ကျင်းပမှာ ဧကရာဇ်က ညီမလေးကို ကိုယ်နိုင်ကိုယ်ကျဖိတ်တာဆိုတော့ ညီမလေး အရှင့်မွေးနေ့ပွဲကို သွားမှဖြစ်မယ်”
လုလျန့်ဝေလည်းသူ့အစ်ကိုပြောမှ အဲ့ကိစ္စကို သတိရသွားတော့တယ်။ လုံယျန်ပြောတာက သူ့မွေးနေ့ကျရင် နန်းတော်ထဲကိုလာပြီး လည်ပတ်ကြည့်ရှုလို့ရတယ်လို့ ပြောတယ်။သူမ ဘာကို သွားကြည့်ရမှာလဲ။ဘာလဲ ဘယ်လို အစားအစာတွေစားပြီး သူ အရပ်ရှည်လာလဲဆိုတာ ကြည့်ရမှာလား။သူမ နှုတ်ခမ်းလေးအနည်းငယ် တွန့်ကွေးသွားတယ်။အနည်းငယ်လည်း ပူပန်ရတယ်။လုံယျန်လို့လူမျိုးက ဒီလိုရယ်စရာမျိူးပြောမယ်လို့ ဘယ်သူထင်မလဲ။
မောင်နှမနှစ်ယောက်စကားပြောနေတုန်း အခန်းအပြင်ဘက်က အစေခံဆီကနေ တင်ပြသံကြားလိုက်ရတယ်။လုလျန့်ဝေ အနည်းငယ် လန့်သွားရတယ်။ ဒီမြို့စားအိမ်တော်မှာ သူမအဖွားရှိနေတုန်းဆိုတာ မေ့သွားခဲ့တာ။
လုထင်ချန်ကတော့ သူ့ညီမ သခင်မကြီးကို ကြောက်နေတာလို့ ထင်မိတာကြောင့် စိတ်သက်သာရအောင်ပြောလိုက်တယ်။
လုလျန့်ဝေကတော့ တိတ်တဆိတ်သက်ပြင်းချလိုက်တယ်။
မြို့စားကတော်ဟောင်းသခင်မကြီးအကြောင်းပြောရမယ်ဆိုရင် သူမက တကယ့်ကို အလွန်တရာအရေးကြီးတဲ့ အမျိုးသမီးပါပဲ။