← Chapters

နတ်ဆိုးသခင်၏ ပုံရိပ်ယောင်

Vol. 4 Ch. 338

နတ်ဆိုးသခင်၏ ပုံရိပ်ယောင်

Vol. 4 Ch. 338

ချန်းဖန်၏ လက်မှာ လေထုအား ဖမ်းဆုပ်မိသည်နှင့် စူးရှသော မြည်သံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုအသံက သာမန် လေထုပေါက်ကွဲသည့် အသံမျိုး မဟုတ်ပဲ လူတစ်ယောက်၏ ဝိညာဉ်ကိုပင် တိုက်ရိုက် ကြားစေနိုင်လောက်သော အသံမျိုး ဖြစ်သည်။ ဥပမာ ပေးရလျှင် ငရဲမှ ရိုင်းစိုင်းသော နတ်ဆိုးများ၏ အော်ဟစ်သံ တစ်ခုကဲ့ပင်။ ထိုအသံက နတ်ဆိုးနှင့် တာအိုကို မညီမျှစွာ ရောနှေထားသည့်အလား ကြားရသူတိုင်း၏ စိတ်အား ညည်းညူစေ၏။

“အ ... ဘယ်လို အသံကြီးလဲ…”

အစောင့်များစွာမှာ ထိုဆူညံသံကြောင့် နားများကိုပင် ပိတ်လိုက်ကြမိ၏။ အချို့ဆိုရင် လက်နက်များအား စွန့်ပစ်ကာ ထွက်ပြေးရန်ပင် ကြိုးစားနေခဲ့ကြသည်။ ယူကီရှီရိုဆာမှာလည်း သူမကိုယ်မှ ထွက်ပေါ်နေသော ထူးဆန်းသော အသံကြောင့် အလွန်ပင် အံ့အားသင့်နေခဲ့မိ၏။

“မင်းရဲ့ လှည့်ကွက်က သေးနုပ်လွန်းတယ်”

ချန်းဖန်က ရွံရှာဟန် နှာခေါင်းရှုံ့လိုက်ရင်း မြေပြင်အား ဆောင့်နင်းလိုက်၏။ ရုတ်တရက် အဇူရာ အလင်းတစ်ခုက သူ၏ မျက်လုံးများမှ ထွက်ပေါ်လာကာ လက်တစ်ခု သဏ္ဌာန် ဖွဲ့စည်းပြီး ယူကီရှီရိုဆာ ထံသို့ ပျံသန်းသွားသည်။

“ထွက်လာစမ်း…”

ချန်းဖန်က အဆုပ်များက တိုက်ရိုက်ထွက်လာသော အသံမျိုးဖြင့် အော်ဟစ်လိုက်သည်။

ထိုစဉ်မှာပင် ယူကီရှီရိုဆာ၏ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်လောက်အောင် စတင်တုန်လှုပ်လာခဲ့သည်။ သူမ၏ စိတ်တွင်လည်း ခန္ဓာကိုယ်ထဲမှ တစ်ခုခုအား အတင်းအကျပ် ဆွဲထုတ်နေရသည့် အလား ခံစားလာရ၏။

“အား…”

ယူကီရှီရိုဆာက နာကျင်စွာ အော်ဟစ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ လျှို့ဝှက် တက်တူးများမှာလည်း အရေပြားပေါ်လို့ ရုန်းကြွကာ တက်လာတော့၏။

တက်တူးများမှာ အစပိုင်း၌ မထင်ရှားသော်လည်း အဇူရာအလင်းဖြင့် ဖန်တီးထားသော လက်၏ ချည်နှောင်မှု အောက်တွင် မရုန်းနိုင်သည့်အလား မှင်ရည်များကဲ့သို့ မိန်းကလေး၏ လည်ပင်း၌ ထင်ရှားစွာ ပေါ်လွင်လာတော့သည်။ တက်တူးက ထင်ရှားစွာ ပေါ်လွင်လာသည်နှင့် သရဲ သို့မဟုတ် နတ်ဆိုးနှင့် အသွင် သဏ္ဌာန်တူသော ပုံရိပ်တစ်ခု ဖြစ်ကြောင်း ချန်းဖန် တွေ့လိုက်ရ၏။

“အား ... အား…”

ယူကီရှီရိုဆာ၏ ညည်းတွားသံ ပိုမို ကျယ်လောင်လာသည်နှင့် အမျှ တက်တူးက အငွေ့အသွင်ဖြင့် လေထဲသို့ ပျံတက်ကာ အွန်နီ ပုံရိပ်ယောင် တစ်ခုအား ဖွဲ့စည်းသည်။ ထိုအရာ၏ နဖူးတည့်တည့်၌ ဦးချိုတစ်ချောင်း ရှိပြီး ရှည်လျားသောလျှာနှင့် အစွယ်နှစ်ချောင်းက ကြီးမားသော ပါးစပ်မှ ထွက်ပေါ်နေခဲ့၏။

“အွန်နီ”

ပုံသဏ္ဌာန်က ပြည့်စုံစွာ ဖွဲ့စည်းပြီးသည်နှင့် ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားတော့သည်။

“ပုံရိပ်ယောင် တစ်ခုက ငါ့လက်က လွတ်မှာလား”

ချန်းဖန်၏ မျက်လုံးမှ ပိုမိုစူးရှသော အလင်းရောင်များ ထွက်ပေါ်လာကာ ပတ်ပတ်လည် ခုနစ်မီတာခန့်အား ဖုံးလွှမ်းသွားသည်။ အဇူရာအလင်းများ၏ အောက်၌ အွန်နီ ပုံရိပ်ယောင်မှာ မပုန်းကွယ်နိုင်ပဲ ချုပ်နှောင်ခြင်းသာ ခံလိုက်ရ၏။

“ဒီကိုလာစမ်း…”

ချန်းဖန်က အဝါရောင် ကျောက်မျက်ကို ထုတ်ယူလိုက်သည်နှင့် အနက်ရောင် ပုံရိပ်ယောင်မှာ တစ်ခုခု၏ စုပ်ယူခြင်း ခံရသည့်အလား ကျောက်မျက်အတွင်း ဝင်သွားတော့၏။ ဟင်းလင်းပြင် နွယ်ပင်၏ အသီးမှာ ဓမ္မရတနာ တစ်ခုဖြစ်ရာ စိတ်ဝိညာဉ် အပိုင်းအစ တစ်ခု သိုလှောင်ရန်အတွက် ပြဿနာ မရှိချေ။

ချန်းဖန် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ရင်း ပုံရိပ်ယောင်အား စစ်ဆေးကြည့်လိုက်၏။ ထိုပုံရိပ်ယောက်၏ ပိုင်ရှင်က ဝိညာဉ်ပင်လယ် အဆင့်တွင်သာ ရှိနေသေးပုံ ပေါ်သည်။ ပုံရိပ်ယောင်ထဲရှိ စွမ်းအားက ရွှေရုပ်တု အတွင်းရှိ စွမ်းအားထက်ပင် အားနည်းနေသေးသည်။

“ဘာတွေ ဖြစ်နေတာလဲ…”

ယူကီရှီရိုဆာက နားမလည်ဟန်ဖြင့် ချန်းဖန်အား မေးလိုက်၏။ သူမ၏ မျက်နှာက အရောင်အဆင်း ကင်းမဲ့နေကာ နှုတ်ခမ်းများကလည်း အပြာရောင် သန်းနေခဲ့သည်။

ချန်းဖန်က သူမအား အဖြေမပေးပဲ လေထဲတွင် စက်ဝိုင်းသဏ္ဌာန် တစ်ခု ရေးဆွဲလိုက်၏။ ချီစွမ်းအားက သူ၏ လက်ညှိုးမှ ထွက်ပေါ်လာကာ ယူကီရှီရိုဆာ၏ ရှပ်အင်္ကျီအား ဆုတ်ပြဲစေသည်။ မိန်းကလေး၏ မျက်နှာက ရှက်ရွံ့မှုဖြင့် အနည်းငယ်ပင် နီမြန်လာကာ ရင်အစုံမှာလည်း တဒုတ်ဒုတ် ခုန်နေတော့၏။

“သူ ငါ့ကို ဘာလုပ်မလို့လဲ ... ငါက အခု အရမ်းပင်ပန်းနေတာလေ ... အဲဒီလိုမျိုးကြီး မလုပ်ချင်ဘူး…”

ယူကီရှီရိုဆာက ရိုင်းစိုင်းသော အတွေးများအား တွေးမိနေစဉ်မှာပင် ရုတ်တရက် တစ်စုံတစ်ခုအား သတိပြုမိလိုက်၏။ သူမ၏ ပခုံးတစ်ဖက် တစ်ချက်မှ အစပြုကာ အရောင်အသွေး စုံလင်သော မျဉ်းကြောင်းများက သူမ၏ ခန္ဓာကိုယ် အနှံ့အား ဖုံးလွှမ်းနေခဲ့၏။

တစ်ခဏမျှ အကြာ၌ ထိုမျဉ်းကြောင်းများမှာ ချိုတစ်ချောင်း အွန်နီ ဧကရာဇ်၏ ပုံသဏ္ဌာန် တက်တူးများ ဖြစ်ကြောင်း သူမ သတိပြုမိလိုက်သည်။

“ဒါက ဘာလဲ…”

ယူကီရှီရိုဆာမှာ အံ့ဩမှုကြောင့် သူမ၏ အဝတ် လစ်ဟာနေသော ခန္ဓာကိုယ်အား ဖုံးကွယ်ရန်ပင် မေ့လျော့နေခဲ့သည်။

“အဲဒါက နတ်ဆိုးသခင်လို နတ်ဘုရားဝိညာဉ်ရဲ့ လှည့်ကွက်လေး တစ်ခုပါပဲ။ နတ်ဆိုးက လူသား ခန္ဓကိုယ် တစ်ခုကို ပိုင်ဆိုင်ဖို့ ဆိုရင် သင့်တော်တဲ့ သွေးကြောနဲ့ သန်စင်သောယင် ခန္ဓာကိုယ်ရှိတဲ့ အပျိုစင်တစ်ယောက်ကို ရွေးချယ်ဖို့ လိုတယ်။ နောက်ပြီးတော့ မှင်နဲ့ ခိုသွေး ရောနှောထားတဲ့ ဆေးနဲ့ ရွေးချယ်ခံလူရဲ့ ခန္ဓာကိုယ်ပေါ်မှာ တက်တူး အစီအရင်(အင်း) ရေးဆွဲရတယ်။ တက်တူးက သာမန်အချိန်တွေမှာ မမြင်သာပေမဲ့ အရမ်း စိတ်လှုပ်ရှားတဲ့ အခါမျိုး၊ ဂယောင်ချောက်ချားဖြစ်တဲ့ အခါမျိုးတွေမှာ ပေါ်လာတတ်တယ်။ ရှင်းရှင်း ပြောရရင် တက်တူးက နတ်ဆိုး ကြားခံဆက်သွယ်မှု တစ်မျိုးပဲ”

ချန်းဖန်က ရှင်းပြရင်း သူ၏ အပေါ် အင်္ကျီကို ချွတ်က ယူကီရှီရိုဆာ၏ ခန္ဓာကိုယ်အား လွှမ်းခြုံပေးလိုက်၏။

“နတ်ဘုရား ဝိညာဉ် ... ယင်ခန္ဓာကိုယ် ... သွေးကြော…”

ယူကီရှီရိုဆာက ထိုအသုံး အနှုန်းများအား နားမလည်စွာ ရေရွတ်လိုက်မိသည်။ သူမ နားလည်သည့် တစ်ခုတည်းသော အရာမှာ တစ်စုံတစ်ယောက်က သူမ သတိမထားမိခင်မှာပင် ခန္ဓာကိုယ်ပေါ်၌ တက်တူးရုပ်တု တစ်ခု ရေးဆွဲထားခဲ့ခြင်းပင်။

ထိုအတွေးက သူမကို ကြက်သီးမွေးညင်းပင် ထစေသည်။ ထိုကဲ့သို့ လုပ်ရပ်မျိုးကို ယူကီရှီရို မိသားစု၏ အကူအညီမပါပဲ မည်သူမျှ လုပ်နိုင်လိမ့် မဟုတ်ပေ။ ထိုကိစ္စ၌ သူမ၏ မိဘများ ပါဝင်ပတ်သက်နေသည်လား မပြောနိုင်ပေ။

“အင်း ... အဲဒါက နင်တွေးနေတဲ့ အတိုင်းပဲ”

ချန်းဖန်က ဆက်လက် ရှင်းပြလိုက်၏။

“သန့်စင်သောယင် ခန္ဓာကိုယ် ရှိတဲ့ လူတွေကိုပဲ နတ်ဘုရားဝိညာဉ်က အပိုင်စီးလို့ ရတယ်။ နတ်ဆိုးက သာမန်လူတစ်ယောက်ကိုသာ အပိုင်စီးလိုက်မယ် ဆိုရင် အဲဒီလူက ခဏအတွင်း ခန္ဓာကိုယ် အပူချိန် ကျသွားမယ်။ ပြီးရင် သွေးဖိအားကလည်း သုညအထိ ကျဆင်းသွားလိမ့်မယ်။ နောက်ပြီး အဲဒီလူ သေဆုံးသွားလိမ့်မယ်။ ဒါပေမဲ့ သန့်စင်သော ယင်ခန္ဓာကိုယ် ပိုင်ရှင် တစ်ယောက်ကိုသာ တွယ်ကပ်နေမယ် အနှစ်နှစ်ဆယ်လောက် နေနိုင်လိမ့်မယ်”

ချန်းဖန်၏ စကားအား ကြားပြီးနောက် ယူကီရှီရိုဆာမှာ အလွန်ပင် ကြောက်ရွံ့လာခဲ့တော့၏။ နောက် လအနည်းငယ် အတွင်း သူမ အသက်နှစ်ဆယ် ပြည့်တော့မည် ဖြစ်သည်။

“ဘာလို့ ကျွန်မမှ လဲ…”

ယူကီရှီရိုဆာက တုန်ခါနေသော အသံဖြင့် မေးလိုက်သည်။

“တရုတ်မှာဆိုရင် အဲဒါကို နတ်ဘုရားဝိညာဉ်၊ ဆိုးယုတ်တဲ့ တစ္ဆေလို့ အမျိုးမျိုး ခေါ်ကြတယ်။ ဂျပန်မှာ ဆိုရင်တော့ ရှီကီဂမ်မီ၊ ဒါမဟုတ် အွန်နီ နတ်ဆိုးဧကရာဇ် လို့ ခေါ်တယ်။ နိုင်ငံခြားမှာတော့ နတ်ဆိုးဝိညာဉ်လို့ ခေါ်တယ်။ နာမည်တွေ ကွဲပြားပေမဲ့ အတူတူပဲ။ အဲဒီ စိတ်ဝိညာဉ်က မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးလိုက်တာနဲ့ မင်းလုပ်တာ၊ မင်းတွေးနေတာ အားလုံးကို သိနေလိမ့်မယ်”

ချန်းဖန်က ခဏရပ်ကာ ဆက်ပြောလိုက်၏။

“ဒါပေမဲ့ မင်းအတွက်လည်း အကျိုးရှိတာတွေ အနည်းအကျဉ်း ရှိပါတယ်။ ဥပမာ အခြားလူတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့ မင်းရဲ့ စွမ်းအားမျိုးပေါ့”

ချန်းဖန်၏ စကားအား နားထောင်ရောင်း ယူကီရှီရိုဆာ၏ မျက်နှာက အသက်မဲ့လာခဲ့သည်။ သူမမှာ ဂျပန် မိန်းကလေး တစ်ယောက်ဖြစ်ရာ အွန်းနစ်၊ ရှီကီဂမ်မီ၊ အွန်မိုင်ယိုချီ စသည့် တစ္ဆေ ပုံပြင်များဖြင့် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူမမှာ သန်မာကာ စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်သော်လည်း ငယ်စဉ်မှ အခြေတည်လာခဲ့သည့် ကြောက်ရွံ့ခြင်းအား မတွန်းလှန်နိုင်သေးချေ။

ရုတ်တရက် ထူးဆန်းသည်ဟု သူမ ထင်နေခဲ့သော အရာများက တဖြည်းဖြည်း ရှင်းလင်းစ ပြုလာ၏။ ဂျပန်ရှေးဟောင်း အငွေ့အသက်များ ဖုံးလွှမ်းနေသည့် မိသားစုတွင် သူမကား အဘိုး၏ ထောက်ခံပေးမှုဖြင့် အသက် ဆယ့်ခြောက်နှစ် ဖြင့်ပင် မိသားစု ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထို့အပြင် သူမ၌ မူလက စိတ်ဖတ်နိုင်သော စွမ်းရည် မရှိခဲ့ပေ။

သူမ အသက် ၁၅ နှစ်လောက်ခန့်က အပြင်းအထန် ဖျားခဲ့ပြီး သုံးရက်ခန့် သတိလစ်နေခဲ့သေးသည်။ ပြန်လည် သတိရလာသည့် အချိန်မှစ၍ သူမ၌ စိတ်ဖတ်နိုင်သော စွမ်းအားများ ပေါ်လာခဲ့သည်။ ထိုအချိန်မှ စ၍ အထွတ်အထိပ် ပညာရှင် ကီတ နီဝါကာဝါပင်လျှင် သူမအား လေးစားသည့် ပုံစံမျိုးဖြင့် ဆက်ဆံလာခဲ့၏။ ဤသို့ဖြင့် မိသားစု ခေါင်းဆောင် ဖြစ်လာပြီး နှစ်အနည်းငယ် အတွင်း သူမ၏ စိတ်က ပိုမို ပြတ်သား ထက်မြက်လာခဲ့သည်။

ယူကီရှီရိုဆာက အတွေးများအား စုစည်းလိုက်ရင်း ချန်းဖန် ရှေ့၌ ဒူးထောက် ထိုင်ချလိုက်၏။

“ဆရာ ... ဆရာ့အတွက် အယုံကြည်ရဆုံး အစေခံတစ်ယောက် ဖြစ်ခွင့်ပေးပါ”

ယူကီရှီရိုဆာ နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အဘိုး၊ အဖေ နှင့် ကီတနီဝါကာဝါတို့က မိသားစု အကျိုးအမြတ်အတွက် သူမအား နယ်ရုပ် တစ်ရုပ် ကဲ့သို့ သုံးခဲ့ခြင်း ဖြစ်ရမည်။ ချန်းဖန်မှာ သူမအား ကယ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

ချန်းဖန်မှာ တရုတ်၏ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင် တစ်ယောက်ဖြစ်သည့် အပြင် အမှောင်သတ်မှတ်ချက်၏ တတိယမြောက် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ချန်းဖန်ကသာ ထောက်ခံမှုသာ ရပါက သူမအား ထိခိုက်အောင် လုပ်ရဲမည့်သူ ရှိတော့မည် မဟုတ်ပေ။

“အရမ်းကောင်းတယ် ... မင်းက ငါတွေးထားတာထက် ပိုတော်တာပဲ”

ချန်းဖန်က သူမ၏ စိတ်ကို မြင်နိုင်သည့် အလား ပြောရင်း ခေါင်းညိတ်ပြလိုက်၏။

ဂျင်ဇာကလပ်သို့ ဝင်လာစဉ်တည်းက ယူကီရှီရိုဆာ ထံမှ ထူးဆန်းသည့် စွမ်းအင် တစ်မျိုးကို သူ ခံစားခဲ့မိခြင်း ဖြစ်သည်။ သူ နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်သည်နှင့် ထိုစွမ်းအားမှာ နတ်ဆိုး၏ ပုံရိပ်ယောင် တစ်ခုဖြစ်ကြောင်း တွေ့ခဲ့ရ၏။ ပုံရိပ်ယောင်၏ စွမ်းအားမှာ အားနည်းနေပုံရရာ ထိုအရာ၏ ပိုင်ရှင်မှာလည်း အပြင်းအထန် ဒဏ်ရာရထားကြောင်း ချန်းဖန် ခန့်မှန်းလိုက်မိသည်။

ချန်းဖန် အနေဖြင့် ဝိညာဉ်ပင်လယ် အဆင့် နတ်ဆိုးသခင် အွန်နီတစ်ကောင်ကို ဖမ်းဆီးနိုင်မည့် အခွင့်အရေးအား လက်မလွှတ်နိုင်ချေ။

“ဆရာ ... ကျွန်မ ခန္ဓာကိုယ်ပေါ်က တက်တူးတွေနဲ့ တူတဲ့ ပုံတစ်ပုံကို ကျွန်မ တွေ့ဖူးပါတယ်။ အဲဒါက ယူကီရှီရို မိသားစု အထွတ်အမြတ် ထားတဲ့ နေရာတစ်ခုမှာ ရေးဆွဲထားတာပါ”

ယူကီရှိရိုဆာ၏ ဖြူရော်နေသော မျက်လုံးများက အသက်ဝင်လာခဲ့သည့်ဟန် တလက်လက် တောက်ပလာခဲ့၏။

“အင်း ... ငါ ဂျပန်ကို မင်းနဲ့ အတူလိုက်ခဲ့မယ်။ ဒါပေမဲ့ မသွားခင်မှာ မင်း ငါနဲ့ လိုတယ်”

ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ရင်း ပြောလိုက်၏။ သူ့အနေဖြင့် ဝိညာဉ်ပင်လယ် အဆင့် နတ်ဆိုးအား မကြောက်သည့်တိုင် ပြင်ဆင်စရာ ရှိသည်များကိုတော့ ပြင်ဆင်သွားဖို့ လိုအပ်သည်။ ထိုနတ်ဆိုးမှ ဒဏ်ရာရနေသည့်ပုံ ပေါက်သော်လည်း သူ့အနေဖြင့် လျှော့မတွက်သင့်ပေ။

“အစိမ်းရောင် နဂါး အစီအရင်ထဲက ဝိညာဉ်ဆေးပင်တွေ ရိတ်သိမ်းလို့ ရနေပြီ။ ငါလည်း ဉာဏ်အလင်း စုဆောင်းခြင်း အလယ်အဆင့် ရောက်အောင် တက်ဦးမှပဲ…”

ချန်းဖန်၏ မျက်လုံးများက မျှော်လင့်ချက်ဖြင့် တလက်လက် တောက်ပနေခဲ့တော့၏။

***

All Chapters