အခန်း (၁၉-၂၁)
Vol. 1 Ch. 19-21
Chapter – 19 : ထက်မြတ်တဲ့ အမျိုးသမီးကြီး
February 4, 2024
သူမငယ်ရွယ်စဥ်တုန်းက မြို့စားကတော်ဟောင်းကြီးက သူမခင်ပွန်းနဲ့ အတူ စစ်ပွဲဖြစ်ပွားရာဒေသတွေဆီ အတူလိုက်လေ့ရှိပြီး အထင်ကရ ကျော်စောတဲ့ အကျိုးရလဒ်တွေကို သယ်ဆောင်လာလေ့ရှိတယ်။ဒါ့ကြောင့် အသက်ကြီးရင့်လာပြီဖြစ်တဲ့ မြို့စားကတော်ဟောင်းကြီးဟာ အမျိုးသမီးခေါင်းဆောင်ကြီးအနေနဲ့ လေးစားခံရဆဲပင်။တိုင်းပြည်အတွင်းမှာ မြင့်မားတဲ့ ဂုဏ်ဒြပ်ကို လက်ကိုင်ထားသူဖြစ်လေတယ်။
သူမရဲ့ တစ်ဦးတည်းသေးမြေးမလေးကတော့ လုလျန့်ဝေပင်။သဘောတရားအရဆိုရင်တော့ သခင်မကြီးက သူမရဲ့မြေးမလေးကိုအရမ်းပဲ ချစ်ခင်မြတ်နိုးလိမ့်မယ်။လက်တွေ့မှာတော့ ပြောင်းပြန်ကြီးပါ။ လုလျန့်ဝေက သခင်မကြီးရဲ့ သဘောကျခြင်းကို မခံရဘူး။တစ်ဖက်မှာတော့ အမျိုးသမီးရဲ့ အနှစ်သက်ဆုံးက လုယွင်ရှမ်းဆိုတဲ့ တရားမဝင်မြေးမလေး။
တစ်ခါက လုလျန့်ဝေက သူမအပြုအမူကို တော်တော်လေးမထိန်းသိမ်းနိုင်ဘူး။အမျိုးသမီးကြီးက လုလျန့်ဝေအပြုအမူတွေကို ဥပေက္ခာပြုဖိုင်ဖို့ ထန်းကျူး ဘုရားကျောင်းမှာ ဥပုသ်စောင့်ကာ ဘုရားတရားသာလုပ်နေခဲ့တယ်။သူမက လုယွင်ရှမ်း လက်ထပ်ပွဲကိုတောင် ပြန်မလာခဲ့ဘူး။ လုလျန့်ဝေ နားမလည်တာက သခင်မကြီး လုယွင်ရှမ်းကို အရမ်းနှစ်သက်တယ်ဆို ဘာကြောင့်များ လုယွင်ရှမ်းနဲ့ အိမ်ရှေ့စံရဲ့ လက်ထပ်ပွဲကို မတက်ခဲ့တာလဲဆိုတာပဲ။ မသေမချာဖြစ်နေတာတွေကို စဥ်းစားရင်း.လုလျန့်ဝေနဲ့ လုထင်ချန်ကအိမ်ပြန်လာတဲ့မြို့စားကတော်ဟောင်း ကြီးကို နှုတ်ဆက်ဖို့ ပင်မခန်းမဆောင် ဂိတ်ပေါက်ဝဆီ သွားလိုက်တယ်။
သူတို့နှစ်ယောက်ရောက်တဲ့အချိန်မှာ ရထားလုံးကလည်း ရောက်ပြီး ရပ်လိုက်တယ်။ လုဟန်ထျန်းနဲ့ သခင်မကျန်းလည်း အမြန်ရောက်လာတယ်။သခင်မကြီးက သူတို့ကို ခပ်တန်းတန်းသာ ဆက်ဆံမယ်ဆိုတာ သိပေမယ့် အငယ်တွေအတွေနဲ့ လောကဝတ်ပြုရမယ်ဆိုတာ သံသယဝင်စရာမလိုဘူး။စိတ်မပါပေမယ့်လည်း လုလျန့်ဝေကော လုထင်ချန်နဲ့အတူ ခေါင်းငုံ့နှုတ်ဆက်ရတယ်။ရထားလုံးရဲ့ တံခါးပွင့်လာပြီး ကြက်သွေးရောင်ဝတ်စုံကို ဝတ်ဆင်ကာ ဆံပင်တစ်ချို့ဖြူနေတဲ့ အမျိုးသမီးတစ်ယောက်ထွက်ပေါ်လာတယ်။မျက်နှာထားက တည်ငြိမ်နေပေမယ့် သူမကလုဟန်ထျန်းနဲ့ တခြားသူတွေကို အပြုံးဖျော့ဖျော့လေးနဲ့ နှုတ်ဆက်လိုက်တယ်။မြို့စားကတော်ဟောင်းကြီးက ဒီနှစ်ဆို အသက်ခုနှစ်ဆယ်ပင်ရှိပြီ။သူမဆံပင်တွေမှာ အဖြူနဲ့မီးခိုးရောင်တို့ ကွက်တိကွက်ကြားဖြစ်နေပေမယ့်လည်း သန်စွမ်းနေတုန်းပင်။သူမ အသက်အရွယ်ရွယ်တူတွေထက်စာရင် ပါးရေတွန့်တာလေးတွေရှိပေမယ့် သူမအသားအရေက အစက်အပြောက်ကင်းကာ သန်တုန်းမြန်တုန်းပင်။သူမျက်လုံးတွေက စူးရှကာ မာန်အပြည့်နဲ့ဖြစ်ပြီး အထက်စီးဆန်တဲ့ ဟိတ်ဟန်ရှိတယ်။ထက်မြက်ကာ ဟိတ်ဟန်ကြီးတဲ့ အမျိုးသမီးကြီးတစ်ယောက်ဆိုတဲ့သက်သေပါ။သူမရဲ့ ထူးကဲထက်မြက်တဲ့ စိတ်အရဆိုရင် အသက်ခုနှစ်ဆယ်လို့ ထင်စရာမရှိပါ။
လုဟန်ထျန်းက အမျိုးသမီးကြီးကို နှုတ်ဆက်ကာ ရထားလုံးပေါ်က ဆင်းဖို့ကူညီပေးလိုက်တယ်။ သခင်မကြီး ဆင်းဖို့ကူညီပြီး သူ့က နောက်မှာတော့ တခြားသော.အသက်ကြီးကြီးအမျိုးသမီးကို ဆင်းလာဖို့ရန် ဆက်လက်ကာ ကူညီပေးတယ်။ ဒီအမျိုးသမီးကြီးကလည်း သခင်မကြီးရဲ့ အသက်လောက်ပဲ။ဒါပေမယ့်လည်း နှိုင်းယှဥ်လိုက်ရင် သူမက သခင်မကြီးထက် အရွယ်ရင့်လို့နေတယ်။ဒီအမျိုးသမီးကြီးကတော့ မြို့စားကတော်ဟောင်းကြီး လက်ထပ်ကတည်းက လိုက်ပါရတဲ့ အစေခံတစ်ယောက်ပင်။ သူမငယ်ရွယ်စဥ် အစေခံဘဝကတည်းက သခင်မကြီးကို ခစားခဲ့သူလည်းဖြစ်တယ်။သူမက သခင်မကြီးနဲ့တူတူ အနိမ့်အမြင့်အခက်အခဲမျိုးစုံကို ဖြတ်သန်းလာခဲ့ပြီး ယနေ့ထက်တိုင် လက်မထပ်ဘဲ သခင်မကြီးကိုသာ ခစားတာကြောင့် လုဟန်ထျန်းက လေးစားရတယ်။
ကြင်နာတတ်တဲ့ အပြုံးလေးက သခင်မကြီး မျက်နှာမှာ ပေါ်လို့လာတယ်။သူမ ဒီမြေးလေးကို တုန်နေရအောင်ကို ချစ်တယ်။လုထင်ချန်ကို ခေါင်းကနေ ခြေဖျားထိ စေ့စေ့စပ်စပ်ကြည့်ရင်း ပေါ်လာတဲ့ကြည်နူးမှုက ဖုံးကွယ်လို့ မရနိုင်လောက်အောင်ပဲ။သူမမြေးလေးနဲ့ နှုတ်ဆက်ပြီးနောက်တော့ သူမ လုဟန်ထျန်းကိုမေးပါတယ်။
သခင်မကြီးက ခေါင်းငြိမ့်ကာ စိတ်သက်သာရသွားပါတယ်။
အဲ့အချိန်မှာ လုလျန့်ဝေက သခင်မကြီးအနားကပ်ကာ “အဖွား” လို့ နှုတ်ဆက်လိုက်ပါတယ်။
သခင်မကြီးက ခေါင်းငြိမ့်ကာ လက်ခံလိုက်တယ်။သူမ သွားခါနီးမှာပဲ သခင်မကျန်းက အပြေးလေးလာကာ သခင်မကြီးတခြားလက်ကို ကူကိုင်လိုက်တယ်။
သခင်မကြီး တန့်လို့သွားတယ်။သူမရဲ့ တည်ငြိမ်အေးဆေးမှုကို မပျက်စေဘဲ လက်ကို ပြန်ဆွဲယူကာ ပြောလိုက်တယ်။
“ လမ်းလျှောက်တာတောင် သူများအကူအညီ တွဲယူရလောက်တဲ့အထိ ငါမအိုသေးဘူး”
ဆက်ရန်....
Chapter – 20 : အမြဲလိုလို ခပ်တန်းတန်းဖြစ်နေတဲ့ ဆက်ဆံရေး
February 5, 2024
ဒီစကားတွေကြားလိုက်ချိန်မှာတော့ သခင်မကျန်းရှက်ရှက်နဲ့ သူမလက်ကို ဆွဲထုတ်လိုက်တယ်။
“ဟုတ်တာပေါ့ အမေက ကျန်မားသန်စွမ်းနေဆဲပဲကို၊ ဒီချွေးမက စိတ်ပူသွားမိတယ်”
ပြောရင်းနဲ့ပဲ နောက်ကို ခြေတစ်လှမ်း နဆုတ်လိုက်တယ်။လုလျန့်ဝေကတော့ သခင်မကျန်းကို စိုက်ကြည့်နေမိတယ်။လုယွင်ရှမ်းက မြို့စားကတော်ဟောင်းကြီး မျက်လုံးထဲမှာ အချစ်ဆုံးဖြစ်နေပေမယ့် သခင်မကျန်းကိုတော့ အသိအမှန်မပြုပေ။ လုလျန့်ဝေလိုမျိုးပေါ့။ သူမကော သခင်မကျန်းကောက သခင်မကြီးရဲ့ အထင်အမြင်သေးခံရသူတွေပေါ့။
သခင်မကျန်းကို ဘာကြောင့် မနှစ်သက်ရတာလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ သူမသိဘူး။သခင်မကြီးကို လာကြိုကြတဲ့ လူတစ်စုဟာလည်း သခင်မကြီးနေထိုင်ရာ သက်တော်ရှည်ခန်းမဆီသို့ ပို့ဆောင်ကြပြီးနောက်မိမိနေထိုင်ရာခြံဝန်းအသီးသီးကို ပြန်သွားကြတယ်။ လုလျန့်ဝေနဲ့ လုထင်ချန်ကတော့ ခြံဝန်းတွေက နီးတာကြောင့် မောင်နှမနှစ်ယောက်အတူတူပြန်ကြတယ်။
“အဖွားစိတ်ကအဲ့လိုပဲ၊ စိတ်ထဲ သိပ်မထားနဲ့ ညီမလေး “
လုထင်ချန်က ဝေဝေ အဖွားဖြစ်သူ စိတ်နေသဘောထားကို အထင်လွဲမှာကို စိုးရိမ်မိကာ ပြောလိုက်တယ်။
လုလျန့်ဝေက ခေါင်းငြိမ့်ပြကာ
‘ ညီမလေး သိပါပြီ ‘
သူမရဲ့ တည်ငြိမ်အေးဆေးနေတဲ့ အမူအရာကိုကြည့်လိုက်ပြီး လုထင်ချန်က သက်ပြင်းချကာ ခေါင်းလေးပုတ်ပေးလိုက်ပြီး ပြောလာတယ်။
“ တကယ်တော့ ညီမလေးငယ်ငယ်တုန်းက အဖွားက ညီမလေးကိုဆို တုန်နေအောင် ချစ်တာ”
လုလျန့်ဝေ အဲ့တာကို ကောင်းကောင်းကြီး သိတယ်ပင်။နောက်ဆုံးမှာ သူမကသာ တရားဝင်မြေးမပါ။ဒါ့ကြောင့် မြို့စားကတော်ဟောင်းကြီးက သူမကိုချစ်တာ သဘာဝပဲ။ အဆိုးဆုံးကတော့ လုလျန့်ဝေ ငယ်ငယ်ကတည်းက လုယန်ထျန်းက အလိုလိုက်အကြိုက်ဆောင်ခဲ့တာပဲ။ ဒီလိုနဲ့ မီးလောင်ရာလေပင့်တတ်တဲ့ လုယွင်ရှန်တို့နဲ့တွေ့တဲ့ အခါမှာတော့ လုလျန့်ဝေက ရူးမိုက်စရာ အဖြစ်အပျက် မျိုးစုံတို့ကို လုပ်လာခဲ့တယ်။ဆက်လက်ပြီးတော့ လုလျန့်ဝေ ဆိုတဲ့ သူမက ဆိုဆုံးမှုကို မသိချင်ယောင်ဆောင်ကာ ကိုယ့်ကိုယ်ကို ပြုပြင်ရာကို ငြင်းဆန်ခဲ့တယ်။
အချိန်တွေကြာလာတော့ အဖွားဖြစ်သူကလည်းသူမကို စိတ်ပျက်လာတယ်။ဒါ့အပြင် လုယွင်ရှန်က မြေးအကြီးမဖြစ်တဲ့အတွက် သခင်မကြီး အာရုံစိုက်မှုတွေကို ခံလာရပြီး လုလျန့်ဝေအပေါ် မနှစ်သက်မှု အမြင်စောင်းမှုတွေ ပိုတိုးလို့လာတာပေါ့။ ဒါ့အပြင် အိမ်ရှေ့စံအပေါ် လုပ်ခဲ့တဲ့ လုလျန့်ဝေ အပြုအမူတွေက မြို့စားအိမ်တော်အတွက် အရှက်ရစေခဲ့တော့ မြို့စားကတော်ဟောင်းက ဘာမှတော့အရမ်းမပြောပေမယ့် လှစ်ဟပြခြင်းမရှိတဲ့ စိတ်ပျက်မှုမျိုးတွေနဲ့ စိတ်ပျက်သထက် ပျက်လာတော့တယ်။ အိမ်ရှေ့စံအတွက် ကိုယ့်ကိုယ်ကို သတ်သေပြခဲ့တဲ့ ဒရမ်မာပြကွက်က သခင်မကြီး အခုထိမသိသေးပင်။ဘာကြောင့်ဆို သူမကိုမျက်ကွယ်ပြုဖို့အတွက် ထျန့်ကျူးဘုရားကျောင်းကို သွားတယ်မဟုတ်လား။
လုလျန့်ဝေ လုထင်ချန်ဘာကို ဆိုလိုလဲဆိုတာကို သိတယ်။ သူမ ခဏလောက်ချင့်ချိန်စဥ်းစားပြီးတဲ့အခါမှာ တော့ ကတိပေးလိုက်တယ်။
“ အစ်ကိုကြီး စိတ်ချမ်းချမ်းသာသာနေ။ ညီမလေးအပေါ်ထားတဲ့ အဖွားစိတ်သဘောထားကို ပြောင်းပစ်မှာပါ။ “
“အမ် ညီမလေး ဒီလိုစဥ်းစားတာ ကောင်းတာပဲ ညီမလေး လုပ်နိုင်မယ်ဆိုတာ အစ်ကိုကြီးယုံတယ် “
သူမပြန်ပြောတာကို နားထောင်ပြီးနောက် လုလျန့်ဝေ ရင်ထဲက အလုံးကြီး ကျလို့သွားတယ်။ဝေဝေသာ အတိတ်ကို မမေ့နိုင်ရင် ဒီလိုပြောထွက်မှာ မဟုတ်ဘူး။ အဖေ့အလိုလိုက်မှုကို အခွင့်ကောင်းယူပြီး လုလျန့်ဝေက ဘာကိုမှ အလေးအနက်မထားခဲ့ဘူး။ကုန်ကုန်ပြောရရင် မြို့စားကတော်ဟောင်းကြီးကိုတောင် မလေးစားခဲ့ဘူး။အဖွားဖြစ်သူက သူမကို မနှစ်သက်တာကို သိတဲ့အတွက်ကြောင့် သူမကလည်းသိသိသာသာကို ဘာမှမလေးစားတော့ဘူး။
တခြားတစ်ဖက်မှာတော့ လုယွင်ရှန်က ဒီအခွင့်အရေးအပေါ်မှာ အကျိုးအမြတ်ကို မရရအောင် ယူတော့တယ်၊ သူမအဖွားဖြစ်သူရဲ့ အာရုံစိုက်ခံရအောင် အရည်အချင်းမျိုးစုံကို ထုတ်ပြကာ ဆွဲဆောင်ဖားယားတော့တယ်။ နောက်ဆုံးမှာတော့ သူမ ဖြစ်ချင်သလိုအဖွားဖြစ်သူရဲ့ အာရုံစိုက်ခံလေးဖြစ်နေပြီ။လုထင်ချန် မျက်လုံးတွေကို မှေးကြည့်ကာ အဓိပ္ပါယ်အပြည့်နဲ့ပြောလိုက်တယ်။
“အဖွားကပြန်လာပြီဆိုတော့ မနက်ဖြန်ကို လုယွင်ရှန်က သေချာပေါက်လာနှုတ်ဆက်မှာပဲ ။ “
ဝေဝေကပြန်ပြောတယ်။လုယွင်ရှန်က သခင်မကြီး အထင်ကြီးစေဖို့အတွက် ရသမျှ အခွင့်အရေးကို သုံးမှာပဲ။ လုယွင်ရှန်က အခုအချိန်မှာ အိမ်ရှေ့စံကြင်ယာတော်ဖြစ်နေပေမယ့် မြို့စားကတော်ဟောင်းကြီး ဆိုတာက အင်ပါယာနန်းတော်တစ်ခုလုံးမှာ လွှမ်းမိုးမှုရှိတဲ့သူပင်။လုယွင်ရှမ်းကဒီထောက်ပံ့မှုဟာ သူမအတွက်ဖြစ်နေစေဖို့ ကြိုးစားမှာ သဘာဝပဲ။
ညဘက်မှာတော့ အစေခံတစ်ယောက်က ညစာအတွက် သက်တော်ရှည်ခန်းမကို လာဖို့ရန် လုလျန့်ဝေ ကိုအကြောင်းကြားလိုက်တယ်။ လုလျန့်ဝေက သူမရဲ့ ဆေးပညာလေ့လာမှုကနေ ခဏအနားယူလိုက်ကာ သက်တော်ရှည် ခန်းမဆီကို ကျူးယွီကို ခေါ်ဆောင်ကာ သွားလိုက်တယ်။လုဟန်ထျန်းနဲ့ သခင်မကျန်းကတော့ ရောက်နှင့်ပြီ ။ဝေဝေကတော့ ခန်းမဆောင်အဝင်ဝမှာ အကိုဖြစ်သူနဲ့ ဆုံတာကြောင့် သူနဲ့အတူတူဝင်လာလိုက်တယ်။ သခင်မကြီးက မောင်နှမနှစ်ယောက် လက်တွဲဝင်လာတာကို ကြည့်ကာ အံ့အားသင့်နေမိတယ်။လုလျန့်ဝေဆိုတာက ခပ်ဆိုးဆိုး မိန်းကလေး။သူမအဖေအလိုလိုက်မှုကို အခွင့်ကောင်းယူပြီး အစ်ကိုဖြစ်သူကို ဘယ်တုန်းကမှ မလေးစားတဲ့သူ။မောင်နှမနှစ်ယောက်ကြားက ဆက်ဆံရေးက အမြဲတမ်း ခပ်တန်းတန်းနဲ့ သာဖြစ်နေခဲ့တာ။
အခုတော့ ဒီမောင်နှမနှစ်ယောက်က အတူဝင်လာပြီး ရယ်လိုက်မောလိုက်နဲ့ ပြောလိုက်နဲ့။ဒါက သခင်မကြီးကို တအံ့တသြဖြစ်စေသလို စဥ်းစားရလည်းခက်စေတယ်။
ဆက်ရန်.......
Chapter – 21 : ဘယ်လိုတွေ ဒုက္ခရောက်ခဲ့တာလဲ
February 5, 2024
“အဖွား”
မောင်နှမ နှစ်ယောက် အထဲဝင်လာပြီး အဖွားကို နှုတ်ဆက်ကြတယ်။
“ထိုင်ကြတော့ “
သခင်မကြီးက မျက်စိလည်နေပေမယ့် သူမရဲ့မျက်နှာမှာတော့ ဘယ်လိုအရိပ်အယောင်မှ ပေါ်မနေဘူး။မောင်နှမနှစ်ယောက်က လုဟန်ထျန်းကို နှုတ်ဆက်ပြီး ထိုင်ခုံမှာ အသီးသီးထိုင်ကြတယ်။မြို့စားဟောင်းကြီးက သူ့ဘဝတစ်လျှောက်လုံးမှာ မြို့စားကတော်ဟောင်းကြီး တစ်ယောက်တည်းကိုသာ လက်ထပ်ခဲ့ပြီး သားတော်မှာ လုဟန်ထျန်း တစ်ယောက်သာရှိတယ်။လုဟန်ထျန်းက သခင်မလင်း ဆုံးပါးပြီးနောက် သခင်မကျန်းကို လက်ထပ်လိုက်ပေမယ့် သူ့မှာလည်း သားသမီးများများစားစားမရှိလေ။သားဖြစ်သူ လုထင်ချန်နဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ လုယွင်ရှန်နဲ့ လုလျန့်ဝေ တို့သာရှိတာကြောင့် အခြေခံအားဖြင့် လုမျိုးရိုးမှာ ရိုးရှင်းလေသည်။ဒီညမှာ တစ်မိသားစုလုံးက ညစာအတွက် ခန်းမကျယ်ကြီးမှာ စုဝေးနေကြပေမယ့် လေထုကတော့ မြူးမြူကြွကြွမရှိဘဲ ခြောက်သွေ့နေလေတယ်။ သခင်မကြီးကတော့ တွေးဆဆဖြစ်နေတယ်။ လူတွေက အသက်ကြီးရင့်ကျက်လာရင် သူတို့နားမှာ သားသမီးမြေးမြစ််တွေရှိမှ နေထိုင်ပျော်တယ်။သခင်မကြီးလည်း အဲ့လိုပေါ့။ ဒီတော့ ဒီညစာစားနေစဥ်မှာ လုထင်ချန်အတွက် လက်ထပ်ဖို့ကိစ္စကို စကားစရပြီ။
လုဟန်ထျန်းဘာမှမပြောခင် လုထင်ချန်က မျက်နှာရှစ်ခေါက်ချိုးနဲ့ပြောရပြီ။
“အဖွား ကျွန်တော် လက်ထပ်ဖို့ကိစ္စိမတွေးသေးဘူး။ဒီကိစ္စကို နောက်နှစ်အနည်းငယ်လောက်မှ ဆွေးနွေးရအောင်လား”
ဒါကိုကြားတော့ သခင်မကြီး စိုးရိမ်ပြီး။
“မင်းအသက်က ဒီနှစ်ပဲ ၁၉နှစ်ရှိနေပြီ။နောက်နှစ်ဆို အသက်၂၀ သူများတွေ ဒီအရွယ်မှာအဖေတွေတောင် ဖြစ်နေပြီ။နင်ကအခုထိ လက်ထပ်ဖို့ငြင်းနေတုန်းလား”
လုထင်ချန် ဒီကိစ္စနဲ့ ပက်သက်ပြီဆိုရင် အမြဲ မကျေမချမ်းဖြစ်ရတယ်။မျက်ခုံးတို့ကျုံ့သွားကာ ဘာမှပြန်မပြောဘဲ ထမင်းကိုသာ ငုံ့လို့ စားနေလိုက်တော့တယ်။မြေးဖြစ်သူ အသံတိတ်နေပုံက သခင်မကြီးကို စိတ်မချမ်းမြေ့ဖြစ်စေတယ်။သူမအကြည့်တို့က လုလျန့်ဝေဆီ ရွေလျားသွားတယ်။ဒီမြေးမလေးက နေရာမှာသာထိုင်ပြီး သူမလုပ်လေ့လုပ်ထရှိတဲ့ အပြုအမူတွေနဲ့ လုံးဝကွဲပြားစွာ စည်းစနစ်တကျ နဲ့ ကျက်သရေရှိနေပုံက သခင်မကြီးကို ခေါင်းခြောက်စေတယ်။
သူမနဲ့ ဒီမြေးမလေး သဘောမကျချက်တွေရှိပေမယ့်လည်း ဒါမြေးအရင်းအချာလေးမဟုတ်လား။သူမ ပြောင်းလဲသွားပုံကို ဂရုပြုရင်း မေးလိုက်တယ်။
သခင်မကြီးက သူမကို ပြောလာချိန်မှာတော့ လုလျန့်ဝေကတော့ သူမရဲ့ပန်းကန်နဲ့တူကိုချကာ ရိုရိုသေသေဖြေလိုက်တယ်။
“ဒီနေ့ဟင်းတွေက အရသာရှိနေတော့ သမီးကိုဖမ်းစားလိုက်တာ။ ရှက်ဖို့ကောင်းလိုက်တာ။ အဖွားကတောင်ပြောနေပြီ”
သူမပါးစပ်လေးဖွင့်ပြီး လျှာဖျားလေးနဲ့ လှလှပပလေးပြောလိုက်တယ်။ သူမ ရှက်ကိုးရှက်ကန်းလေးဖြစ်နေတာက သခင်မကြီးကို မျက်နှာမှာ အပြုံးပန်းလေးတစ်ပွင့်ဖြစ်သွားစေတယ်။
“ဟင်းတွေက အရသာရှိတယ်ဆိုမှတော့ စားစား များများစား “
လုလျန့်ဝေ ပြောလိုက်ပြီး သူမတူလေးကို ကိုင်လိုက်တုန်းအချိန်မှာပင် တခြားသော တူတစ်စုံက ကြက်သားဖက်လေးယူကာ သူမပန်းကန်လုံးထဲကို ထည့်ပေးတယ်။
“ဝေဝေက ဒီရက်ပိုင်း ဒုက္ခရောက်ခဲ့ရတာ၊ဒါ့ကြောင့်သမီးရဲ့ ခန္ဓာကိုယ်အားရှိဖို့အတွက် များများစားသင့်တာပေါ့”
သူမပန်းကန်ထဲကကြက်သားဖက်ကိုကြည့်ပြီး လုလျန့်ဝေကတော့ စားချင်စိတ်ပျောက်သွားပြီ။သူမဘာမှမပြောခင်မှာပဲ သခင်မကြီးရဲ့ ပျော့ပျောင်းနေတဲ့ ပုံစံလေးက ရုတ်တရက်လျော့သွားတယ်။
“ဒုက္ခရောက်တယ်ဟုတ်လား ဝေဝေ ဘာများဖြစ်ခဲ့တာလဲ”
အိမ်ရှေ့စံအတွက်သတ်သေတဲ့သတင်းက တစ်မြို့တော်လုံးပြန့်ပြီးသားဖြစ်ပေမယ့် လုဟန်ထျန်းက မြို့စားကတော်ဟောင်းကြီး မသိစေဖို့ပြုလုပ်ကာ သူမဆီ သတင်းအရောက်မခံခဲ့ဘူး။အခုတော့ သခင်မကျန်းရဲ့ စကားတွေက သခင်မကြီးသိချင်စိတ်ကို တိုးဆွပေးနေတယ်။လုဟန်ထျန်း မကျေနပ်မှု တစ်စွန်းတစ်စပါတဲ့ အကြည့်နဲ့ သခင်မကျန်းကို ကြည့်လိုက်တယ်။မြို့စားကတော်ဟောင်းကြီးက ဝေဝေ့ကိုဆို အမြဲတမ်းအကဲခတ်နေတာ၊ဝေဝေသာ အိမ်ရှေ့စံအတွက်သတ်သေခဲ့တယ်ဆိုတာကုသိကြည့် သခင်မကြီးက ဝေဝေ့ကို တော်တော်စိတ်ပျက်သွားမှာ။
သူလည်းသက်ပြင်းလေး တစ်ချက်ချလိုက်ကာ ရှင်းပြဖို့ ပြင်ဆင်ချိန်မှာပဲ ဝေဝေက ခုံပေါ်ကဆင်းကာ မြို့စားကတော်ဟောင်းကြီး ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်။