← Chapters

အခန်း (၂၅-၂၇)

Vol. 1 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 1 Ch. 25-27

Chapter – 25 ; အတွင်းစိတ်ရဲ့ ပြောင်းလဲမှု

February 6, 2024

သခင်မကျန်း တူကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိတယ်။လုလျန့်ဝေ အဲ့ကောင်မလေး တမင်သက်သက်လုပ်တာ။သူမရဲ့ အမျက်စောင်းစောင်းထွက်နေပုံကို လုလျန်ဝေကြည့်ပြီး နှုတ်ခမ်းလေးမဲ့ပြုံးပြုံးပြကာ

“အန်တီကျန်း အဖွားအတွက် ထည့်ပေးမလို့လား ဒီလိုဆိုရင်တော့ ကြက်သားဖက်ထည့်မပေးတာကြည့်ကောင်းမယ်နော်။ဆီတွေများတော့ လူကြီးတွေအတွက်မကောင်းဘူးလေ။ငါးဟင်း ထည့်ပေးချင်ပေးပေါ့။အို့!အရိုးလေးတော့နွှာပြီးမှ ထည့်ပေးနော်”

သူမ စကားပြောနေချိန်မှာ ချိုသာပြီးပျော့ပျောင်းနေသလိုစကားလုံးတိုင်းကလည်း စဥ်းစားဥာဏ်ရှိတယ်။ကျန်းသခင်မ မျက်လုံးတို့ မီးဟုန်းဟုန်းတောက်သွားတယ်။ဒီစကားတွေကြားတော့ ကြီးကြီးလင်းက အပြုံးလေးနဲ့ပြောလိုက်တယ်။

“သခင်မလေးရဲ့ စဥ်းစားပေးမှုကို ကျေးဇူးတင်ပါတယ်။သခင်မကြီးက အသက်ကြီးလာပြီဆိုတော့ ဒီလို ဆီရွှဲနေတာတွေ မစားသင့်တာအမှန်ပဲ”

လုလျန့်ဝေ အားရကာ ပြုံးပြလိုက်တယ်။

“သမီးလည်း အရင်တုန်းကတော့ မသိဘူး အခုမေမေ့ဆေးစာအုပ်တွေဖတ်နေတော့ သိလာတာ”

ဒါကိုကြားတော့ သခင်မကြီးက အံ့အားတကြီးမေးလိုက်တယ်။

“သမီးက ဆေးစာအုပ်တွေ ဖတ်နေတာလား”

“သမီးက ဘယ်လိုဖြစ်လို့ ဆေးစာအုပ်တေ့ လေ့လာဖို့စိတ်ကူးမိတာလဲ”

လုလျန့်ဝေ လေးလေးနက်နက်နဲ့ ဖြေဆိုလိုက်တယ်။

“သမီး အချိန်တွေဖြန်းပြီး ရူးရူးမိုက်မိုက်တွေ လုပ်ခဲ့မိတယ်။မကြာခင်တုန်းက ဖြစ်သွားခဲ့တဲ့ ကိစ္စက သမီးကို အသိရစေခဲ့တာပဲ။သမီးအသက်ရှင်နေတုန်း ဘဝကို ရည်ရွယ်ချက်မရှိ မဖြတ်သန်းချင်ဘူး။ဒီတော့ သမီးအရည်အချင်းတွေကို မြှင့်တင်ဖို့ နည်းလမ်းကောင်းပေါ့။စာအုပ်တွေဖတ်တာက ဘယ်လိုဖြစ်ဖြစ်ကောင်းတယ်‌ေလ။”

သူမ ပြန်ရောက်လာချင်းကိုပဲ ဒီမြေးမလေးက ပြောင်းလဲနေပြီ။ဒီပြောင်းလဲမှုကလည်း သူရင်တွင်းထဲက အတွင်းစိတ်ပါပြောင်းလဲမှု။ပြောနေပုံကလည်း စိတ်ကူးယဥ်နေတဲ့ပုံမပေါ်ဘူး။သူမသေချာလေး ဆုံးဖြတ်ချက် ချထားသလိုပဲ။သခင်မကြီး မျက်နှာမှာ လေးနက်တဲ့အပြုံးလေးပေါ်လာတယ်။

သူမအတွက်က သူ့မျိုးဆက်တွေအကုန်အောင်မြင်နေဖို့ မလိုဘူး။သူတို့ စဥ်းစားချင့်ချိန်ဥာဏ်ရှိပြီး အသိတရားရှိဖို့သာ လိုတာ။အဲ့ဒါနဲ့တင် လုံလောက်နေပြီ။အရင်တုန်းကဆို လုလျန့်ဝေက ဒါတွေနဲ့ လုံးဝဆန့်ကျင်ဘက်ပင်။ခေါင်းမာတယ်၊မဆင်ခြင်တတ်ဘူး။ထင်တိုင်းကြဲတတ်တယ်။သူမစိတ်ထဲရှိသမျှ လျှောက်လုပ်ရင်း အားလုံးရဲ့ ရယ်စရာလူဖြစ်လာတယ်။ မြို့စားအိမ်တော်ကို လည်း အရှက်ရစေခဲ့တယ်။နောက်ဆုံး သူမကိုယ်သူမ သတ်သေဖို့အထိလုပ်ခဲ့တယ်။သို့သော်လည်း အခုတော့ သခင်မကြီး နားလည်သွားပြီ။သူ့မြေးမလေးက အရင်ကနဲ့မတူတော့ဘူး ကောင်းကောင်းပြုမူတတ်လာပြီး အသိတရားရှိလာပြီ။တကယ်လို့ ဆေးပညာကို ကောက်ရိုးမီးလိုပဲ ခဏလေးတောက်လောင်ပြီး ဆက်မလေ့လာတော့ဘူးဆိုရင်တောင် သူမကျေနပ်တယ်။

“ဟုတ်ကဲ့ပါ အဖွား သမီးကြိုးစားမှာပါ။အဖွားကို စိတ်မပျက်စေရပါဘူး”

လုလျန့်ဝေ သူမအဖွားကိုကတိပေးလိုက်တယ်။ ဒီနေ့ လူတိုင်းရှေ့မှာ သူဆေးပညာလေ့လာနေတယ်ဆိုတာပြောလိုက်တာအနာဂတ်အတွက် ကြိုတင် လမ်းခင်းထားတာ။အခု သူမအရည်အချင်းကို ပြသထားတာကြောင့် နောက်ဆို သံသယဝင်စရာမလိုတော့ဘူး။သခင်မကြီးက အလွန်ကျေနပ်ပြီး သူမကို အကြံမပေးပဲ မနေနိုင်ဘူး။

“ သမီး အမေရဲ့ ဆေးပညာအစွမ်းက အံ့မခန်းပဲ နတ်ဆေးဆရာမဆိုတဲ့ ဆေးဘွဲ့နာမည်ကိုတောင်ရခဲ့တာ၊ဒီတော့ သမီးလည်းကြိုးစားရမယ်နော် အမေ့သိက္ခာကိုမချရဘူးနော်”

“ဟုတ် သမီး နားလည်ပါပြီ၊အဖွား”

လုလျန့်ဝေ ရိုရိုသေသေလည်း ခေါင်းငြိမ့်ပြလိုက်တယ်။အဖွားနဲ့ မြေးမကြားက အမေး အဖြေ တွေ နားထောင်ပြီးနောက်မှာ သခင်မကျန်းမျက်လုံးတွေ အေးစက်လို့သွားတယ်။သခင်မကြီးက သူမကို ဘယ်တုန်းကမှ မနှစ်သက်သဘောမကျခဲဲ့ဘူး။လုလျန့်ဝေ စကားကို နားထောင်ပြီးနောက် ပိုလို့တောင် မုန်းသွားပြီ။

ဆက်ရန်.....

Chapter- 26 :ကျန်းသခင်မက ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ!!!

February 7, 2024

သခင်မကျန်းက အရင်ဇနီးနဲ့ နှိုင်းယှဥ်ခံလိုက်ရသလို ခံစားလိုက်ရတာကြောင့် စိတ်မသက်မသာဖြစ်သွားတယ်။သူမ ဘယ်လောက်ပဲ လုလျန့်ဝေကို မုန်းနေပါစေ၊သူမ တူနဲ့ကိုင်ထားတဲ့ကြက်သားဖက်ကို ချလိုက်ပြီး ငါးဟင်းဘက်ကိုလှည့်လိုက်တယ်။သူမ ဒေါသကြောင့် သွေးတွေဆူပွက်နေပေမယ့် ငါရိုးနွှင်နေတဲ့အချိန်မှာတော့ အပြုံးတစ်ခုကို ဆင်မြန်းထားတယ်။သခင်မကြီးကို ငါးဟင်းဆက်သတော့မယ့်အချိန်မှာပဲ သခင်မကြီးက သူရဲ့ပန်းကန်နဲ့တူကို ချလိုက်သည်။

“စိတ်မရှိနဲ့ကွယ် ကိုယ့်ဘာသာကိုယ်ပဲ စားလိုက်တော့”

သခင်မကြီးက ပေါ့ပေါ့ပါးပါးသာပြောလိုက်တယ်။ကျန်းသခင်မ မျက်နှာပေါ်က အပြုံးကို မနည်းကိုလုပ်ယူထားရတယ်။သခင်မကြီးအနေနဲ့ စားသောက်ပြီးပြီဆိုမှတော့ ချွေးမဖြစ်တဲ့သူ့အနေနဲ့ ဘယ်လို ဆက်စားရမလဲ။တကယ့်ကို ဒီဝရုန်းသုန်းကားအခြေအနေကြောင့် သူမ သိပ်တောင်မစားရသေးဘူး၊စားပွဲပေါ်မှာ အပြည့်အလျှံကျန်သေးတဲ့ အစားအသောက်ပမာဏကိုကြည့်ပြီး ကျန်းသခင်မ စိတ်မသက်မသာဖြစ်သွာတယ်။

တောက်! လုလျန့်ဝေ!!!

လုလျန့်ဝေ ကျန်းသခင်မ စိတ်အခြေအနေကိုသိပြီး နှုတ်ခမ်းလေးကွေးကာပြုံးသွားတယ်။ညစာသုံးဆောင်ကာ အဖွားဖြစ်သူနဲ့ စကားစမြည်ပြောပြီးနောက် အကုန် ထွက်ခွာသွားကြတယ်။သက်တော်ရှည်ခန်းမကအပြန်မှာတော့ ထုံးစံလိုပဲ လုလျန့်ဝေက လုထင်ချန်နဲ့အတူပြန်တယ်။

မမျှော်လင့်စွာပဲ လုဟန်ထျန်းက မျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။

“ မင်းက မနက်ဖြန် စောစောထပြီး နန်းတော်မှာ တာဝန်ထမ်းဆောင်ရအုန်းမယ်မလား ငါပဲ လုလျန့်ဝေကို ပြန်လိုက်ပို့လိုက်မယ် “

“ဝေဝေ့ ခြံဝန်းက ကျွန်တော်နဲ့ ပိုနီးတယ် လမ်းကလည်း အတူတူဆိုတော့....”

လုထင်ချန် လုလျန့်ဝေ ခေါင်းလေးကို ပွတ်ကာပြောလိုက်တယ်။အဲ့နောက် စိတ်မပါတပါနဲ့ ထွက်သွားတယ်။လုဟန်ထျန်းက သမီးဖြစ်သူရဲ့ ပွလို့သွားတဲ့ ဆံပင်ကို သပ်သပ်ရပ်ရပ်လေးဖြစ်အောင် လုပ်ပေးလိုက်တယ်။

လုလျန့်ဝေ အဖေဖြစ်သူကိုကြည့်ရင်း အပြုံးလှလှလေးတစ်ခု ပေါ်ထွက်လာတယ်။

အမှန်က သက်တော်ရှည်ခန်းမနဲ့ ဆည်းဆာရောင်ခြံဝန်းက သိပ်မဝေးလှပေ။ကျူးယွီကလည်း သူမ နံဘေးမှာ ရှိနေတာ ဒီတော့ ပြန်ပို့ဖို့မလိုပါဘူး။ဒါကို ဘာလို့ဒုက္ခရှာနေရတာလဲ။ဒါမယ့် အဖေဖြစ်သူက ပြန်ပို့ပေးမယ်ပြောနေမှတော့ သူမ သူ့ရဲ့ကောင်းမွန်တဲ့ စေတနာလေးကိုတော့ မပျက်စီးစေဘူးပေါ့။

လုဟန်ထျန်းသွားခါနီးမှာပဲ နောက်ကနေ ကျန်းသခင်မ အသံကထွက်ပေါ်လာတယ်။

“မင်းကို ငါပြန်ပို့ပေးဖို့လိုလို့လား ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ဘယ်လိုပြန်ရမလဲ မသိတာလား။အသက်ကပဲ ဘယ်လောက်ရှိနေပြီလဲ “

ကျန်းသခင်မ သွေးတစ်ဝက်လောက် အန်ချင်သွားတယ်။လုလျန့်ဝေကို ဒေါသမျက်လုံးတို့နှင့် ကြည့်ပြီး သူမရဲ့ခြံဝန်းဆီကို လျှောက်သွားတယ်။ သူမရယ်ချင်စိတ်ကို ထိန်းမရတော့တာကြောင့် ခိုးခိုးခစ်ခစ် အသံလေးထွက်ပေါ်လာတယ်။ သူမရယ်သံကြားပြီးလုဟန်ထျန်း မျက်နှာမှာ နူးညံ့မှုလေးပေါ်လာတယ်။

“အဖေ သူနဲ့ပက်သက်ပြီး အဲ့လောက်ထိ စိတ်ရှုပ်ခံစရာမလိုဘူး”

လုလျန့်ဝေ တစ်ချက်ကြည့်လိုက်ပြီး လုဟန်ထျန်း နှလုံးသားထဲမှာ ကျန်းသခင်မက ဘယ်နေရာထိရှိနေမလဲ စဥ်းစားကြည့်မိတယ်။သူမသာ သူ့အတွက် သေဆုံးသွားတဲ့ လင်းသခင်မကလွဲပြီး သူက ဘာလို့ တစ်ဦးတည်းသောကိုယ်လုပ်တော်ဖြစ်နေရတာလဲ။ဒါပေမယ့်လည်း သူမသာ သူ့အတွက်အရေးပါတယ်ဆိုရင် ဘာလို့ အခုထိ တရားဝင်ဇနီးမယားနေရာကို မတင်မြှောက်ရတာလဲ။

ဆက်ရန်.......

Chapter- 27 ; မမေ့နိုင်စရာ

February 7, 2024

လုဟန်ထျန်းက အသက်အရမ်းကြီးပ။ဒါ့အပြင် ခန့်ညားတောင့်တင်းသန်မာတဲ့ ကိုယ်ဟန်ရှိတယ်။ဆံဖျားကနေ ခြေအဆုံးအထိကို ရင့်ကျက်တဲ့ အမျိုးသားတစ်ယောက်ရဲ့ ဟန်ပန်အမူအရာရှိတယ်။သူဟာအရွယ်ကောင်း အဆင့်အတန်းကောင်းမွန်ပြီး သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့သူပင်။ငယ်ရွယ်တဲ့အမျိုးသမီးလေးတွေကိုတောင် ဆွဲဆောင်နိုင်မယ်ဆိုတာ ပြောစရာတောင်မလိုဘူး။သို့သော်လည်း ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျန်းသခင်မသာလျှင် လုဟန်ထျန်းဘေးတစ်လျှောက်လုံးရှိနေတဲ့သူပင်။တခြားဘယ်မိန်းကလေးမှပင် ရှိမနေခဲ့ဘူး။ ဆိုတာမမေ့နိုင်စရာပင်။ကောင်းကောင်းမသိတဲ့သူတောင် လုဟန်ထျန်းက ကျန်းသခင်မအပေါ် သစ္စာစောင့်သိမှုကို နှစ်မြှုပ်ထားတယ်လို့ ခန့်မှန်းမိကြမှာပင်။ကျန်းသခင်မက ကိုယ်လုပ်တော်သာဆိုပေမယ့် ဘာကြောင့် တခြားသူတွေဆီကနေ လေးစားမှုခံနေရလဲဆိုတဲ့ အကြောင်းအရင်းပင်ဖြစ်တယ်။ စဥ်းစားစရာတစ်ခုက ကျန်းသခင်မသာ အာဏာမက်တဲ့သူဆို လုယွင်ရှန်းကို မွေးပြီး ဘာလို့နောက်ထပ်သားသမီးမယူရတာလဲ။အရင်ခေတ်တုန်းကဆို သားယောကျာ်းလေးမွေးပေးရင် အမေတွေရဲ့ ဂုဏ်သိက္ခာ တိုးတက်သလားပဲ။ကျန်းသခင်မက သားတစ်ယောက် မမွေးဖွားပေးခဲ့ဘူး။လုယွင်ရှန်း အိမ်ရှေ့စံ ကြင်ယာတော် ဖြစ်လာတယ်ဆိုပေမယ့် ဒါက ကျန်းသခင်မအတွက် အရမ်းကြီးကို အကျိုးရှိသွားတယ်လို့မဆိုလိုဘူး။လုထင်ချန်သာလျှင် အနာဂတ်မှာမြို့စားအိမ်တော် အမွေဆက်ခံချိန်ကျရောက်ရင် သားမရှိတဲ့ ကျန်းသခင်မက အရေးမပါတဲ့နေရာကိုရောက်မှာပင်။ဒါမှမဟုတ် ကျန်းသခင်မက နေမကောင်းလို့ သားသမီးထပ်မမွေးနိုင်တော့တာလား။

လုလျန့်ဝေကတော့ အတွေးတွေထဲမှာ နစ်မျောနေတယ်။လုဟန်ထျန်း သမီးဖြစ်သူ မျက်မှောင်ကြုတ်နေတာကို ခန့်မှန်းသတိထားမိတယ်။သူမက ဆယ့်ငါးနှစ်သာရှိသေးပေမယ့် လူကြီးပုံစံလေးဖမ်းလို့ သူ့အတွက်တော့ အခုသူ့သမီးပုံစံလေးက ရယ်စရာလေးဖြစ်နေတယ်။သမီးရဲ့ ပန်းနုရောင် ပါးလေးကို ကိုင်ညှစ်ကာပြောလိုက်သည်။

လုဟန်ထျန်းမေးလိုက်တယ်။

လုလျန့်ဝေ သတိဝင်လာကာ အဖေဖြစ်သူရဲ့ လက်မောင်းကို ဆွဲဖက်လိုက်ပြီး

“ဘာမှမဟုတ်ပါဘူး အမေ့အကြောင်းစဥ်းစားမိလိုက်လို့ပါ”

လုဟန်းထျန်းက သူမရုတ်တရက်ကြီး သူ့အမေအကြောင်းပြောမယ်လို့ မထင်ထားဘူး။သူရဲ့ခန့်ညားတဲ့ မျက်လုံးတို့ မှေးမှိန်သွားတယ်။ ခဏလောက်နေမှ မေးလိုက်တယ်။

“ သမီးအမေအကြောင်းကို ဘယ်လိုဖြစ်ပြီး ရုတ်တရက်စဥ်းစားမိသွားတာလဲ “

“သမီးက မေမေ့အကြောင်းကို နေ့တိုင်းတွေးတယ်၊အဖေကော မစဥ်းစားဘူးလား”

လုလျန့်ဝေက အဖေကို မျက်လုံးပေကလပ်ပေကလပ်လုပ်ကာ အပြစ်ကင်းတဲ့ပုံစံလေးနဲ့ကြည့်လိုက်တယ်။လုဟန်ထျန်းဆီမှာ နားလည်ရခက်တဲ့ ပုံစံတို့ဝင်လာပြီး စကားပြောတာက ရပ်တန့်သွားတယ်။လုလျန့်ဝေ သူ့ကိုကြည့်ဖို့ခေါင်းမော့လိုက်တယ်။ နှစ်ယောက်လုံး ဥယျာဥ်ထဲက မြက်ခင်စိမ်းပေါ်မှာပင်။ခပ်မှိန်မှိန်အလင်းအောက်မှာ သူ့အကြည့်တို့က မှိန်ဖျော့ပြီး မရှင်းမလင်းဖြစ်နေပါတယ်။သူမရဲ့မေးခွန်း အဖြေပြန်ရမှာတော့ မဟုတ်ဘူးလို့ တွေးနေချိန်မှာ သက်ပြင်းချသံလေးကြားလိုက်ရတယ်။

သူပြောတဲ့အသံမှာ မျှော်လင့်ချက်မဲ့နေတယ်။သူအသံထဲမှာ နာကျင်မှုတွေရှိနေတယ်ဆိုတာ သူမခန့်မှန်းမိတယ်။စမ်းသပ်မိတာတောင် နောင်တရသွားပြီ။

“ကောင်းပြီ ရောဂါကုသတာနဲ့ ပက်သက်ပြီး သမီးဘာကြောင့် ရုတ်တရက် စိတ်ဝင်စားလာတာလဲ”

“သမီး အမေ့ရာထူးကို ဆက်ခံချင်လို့၊အမေ့လိုပဲ လူတွေကို အကူအညီလိုနေတဲ့သူတွေကို ကူညီပေးမယ့် လက်တစ်စုံလိုမျိုး ရောဂါကုသပေးသူတစ်ယောက်ဖြစ်ချင်တယ်”

လုလျန့်ဝေ ပြောလိုက်တယ်။သူမစကားရဲ့ ယုတ္ထိရှိမှုက အနည်းငယ်မေးခွန်းထုတ်စရာဖြစ်နေပေမယ့်လည်းပေါ့။သို့သော်လည်း လုဟန်ထျန်းကတော့ သူမကို သံသယမဝင်ပါဘူး။သူမကို တစ်ချက် ခေါင်းညိမ့်ပြလိုက်တယ်။

“ သမီးအမေ အသက်ရှင်နေတုန်းကဆို နတ်ဆေးဆရာမ ဆိုတဲ့ဘွဲ့ကိုတောင် အပေးခံရတာ၊သမီးသာ တကယ်သင်ယူချင်တယ်ဆို အရမ်းစိတ်ဖိစီးမခံရဘူး။ကောင်းကောင်းလေးသင်ယူ လမ်းတစ်ဝက်မှာတင် အရှုံးမပေးလိုက်နဲ့ “

လုလျန့်ဝေ က ခေါင်းငြိမ့်ကာပြောလိုက်တယ်။တစ်ချိန်ထဲမှာတင် သူမနှလုံးသားထဲမှာ သခင်မလင်းကို စပ်စုချင်စိတ်ဖြစ်ပေါ်လာတယ်။သခင်မကြီးလည်း သခင်မလင်းကို အလားတူ ဆိုလိုရင်းပြောလိုက်တယ်။ပြောသမျှစကားလည်း အပြုသဘောဆောင်ကြတယ်။သူမလည်း မတတ်နိုင်ပေမယ့် စပ်စုချင်တယ်။သခင်မလင်းက ဘယ်လိုပုံစံမျိုးလဲ။လုဟန်ထျန်း ရဲ့ ရင်ထဲမှာ မပြောင်းမလဲပဲရှိနေသလို သခင်မကြီးလိုလူတောင်မှ သူမအပေါ်ချီးမွှမ်းစကားပြောအောင်လုပ်နိုင်ခဲ့တယ်။

ဝတ္ထုထဲမှာက သခင်မလင်းအကြောင်းသိပ်မပါဘူး။သူမက ဆေးပညာရပ်မှာ ထူးချွန်တယ်ဆိုတာလောက်ပဲ သိရတယ်။ဒါပေမယ့်လည်း သခင်မလင်းက ပန်းသင်းမြိုင်ခြံဝန်းမှာ သူမရဲ့ဆေးစာအုပ်တွေ ကို ချန်ထားခဲ့တယ်။လုဟန်ထျန်းနဲ့ မြို့စားကတော်ဟောင်းကြီးပြောပုံအရဆို သူမက တော်တော် ထူးချွန်တဲ့ ပညာရှင်တစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ သက်သေပြနေတယ်။

သူမနဲ့အတူ လုံချီလည်း ပါလာခဲ့တယ်။သူတို့ရောက်လာတာကြောင့် စံအိမ်ထဲမှာရှိနေတဲ့ သူအားလုံးအလုပ်ရှုပ်နေကြတယ်။အိမ်တော်မှာရှိနေတဲ့သူအားလုံးကိုကြိုဆိုဖို့ အိမ်တော်အဝင်ဝကို သွားရောက်ကြရတယ်။

All Chapters