← Chapters

အခန်း (၂၈-၃၀)

Vol. 1 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 1 Ch. 28-30

Chapter 28 :ငါနင်နဲ့ နပန်းသာ လုံးပစ်လိုက်ချင်တော့တယ်။

February 7, 2024

အိမ်ရှေ့စံနဲ့ကြင်ယာတော်တို့က မကြာခင်ရောက်လာတော့မယ်။ဒီတော့သခင်မကြီးကလည်း စံအိမ်အဝင်ဝကို သွားကြိုဖို့ကလွဲ မရှိတော့ဘူးလေ။လုလျန့်ဝေ ဆည်းဆာရောင်ခြံဝန်းကနေ ဖြည်းဖြည်းချင်းလျှောက်လာရင်း သခင်မကြီးနဲ့ဆုံတော့ လုလျန့်ဝေ မျက်လုံးထဲအေးစက်စက်အကြည့်တို့ကို တွေ့ရတယ်။လုယွင်ရှန်းက ဟန်နဲ့ပန်နဲ့ပါလား၊သခင်မကြီးကိုယ်တိုင်သူ့ကိုထွက်ကြိုရအောင်ကို သတ္တိတွေလိုအပ်နေတယ်ပေါ့။လုလျန့်ဝေ တိတ်တဆိတိ ဆဲရေရေးထွာလိုက်တယ်။ဒါပေမယ့် ပေါ့ပေါ့ဆဆပုံစံတော့ ဘယ်ပြရမလဲ။ သူမ ခပ်သွက်သွက်လေးလျှောက်လိုက်တယ်။

“အဖွား သမီးကူပါရစေ”

သခင်မကြီးက သူ့ကိုမြင်တော့ ပြုံးပြကာ ခေါင်းညိမ့်ပြလိုက်တယ်။

“ကောင်းတာပေါ့”

သခင်မကြီး တခြားတစ်ဖက်ကို ကြီးကြီးလင်းက တွဲပေးတယ်။သူမ လုလျန့်ဝေကို မြင်တော့ ပြုံးပြနှုတ်ဆက်လိုက်တယ်။

“ဒုတိယသခင်မလေး လု”

ကြီးကြီးလင်းက သခင်မကြီးနဲ့ အသက်ရွယ်တူလောက်ပင်။ဒါမယ့် ကြီးကြီးလင်းက အသက်ပိုကြီးသယောက်ထင်ရတယ်။ကြီးကြီးလင်းကို လူတစ်ယောက်က သခင်မကြီးကို တွဲကိုင်ထားရတာကို သူမမကြည့်ရက်နိုင်ဘူး။ဒါ့ကြောင့် သူမကပြောလိုက်တယ်။

“ကြီးကြီးလင်း.သမီးကို ကူညီလိုက်ပါ့မယ်”

လုလျန့်ဝေ တစ်ခုခုကိုပြန်ပြောတော့မလို့ပါပဲဒါမယ့် သခင်မကြီးက ကြီးကြီးလင်းကို တစ်ချက်ကြည့်ကာကြိမ်းမောင်းသလိုနဲ့ကျီစယ်လိုက်တယ်။

“နင့်ကိုယ်နင် အသက်ကြီးနေမှန်းတော့သိနေပြီ၊ ဒါမဲ့ အဖွားကြီးက ကူတွဲပေးချင်သေးတယ်ပေါ့လေ။နင်ကော ငါကော နှစ်ယောက်လုံး နင်လဲကျသွားရင်အရိုးတွေကျိုးကုန်မှာနော်”

ကြီးကြီးလင်းက ညည်းညူပြလိုက်တယ်။

“ကျမက သခင်မကြီးထက် အသက်ကြီးနေပုံပဲ ဒါမယ့် ကျမက သခင်မကြီးထက် သန်စွမ်းပါတယ်နော်”

သခင်မကြီး ဒါကိုကြားတော့ မပျော်ရွှင်နိုင်ဖြစ်သွားတယ်။

“နင် ဒါကိုငါကြားရတော့ ဘယ်သူပိုအားသန်လဲသိရအောင် နပန်းလုံးပြလိုက်ချင်သေးတယ်”

အဲ့နောက် သခင်မကြီးက လက်စကိုခေါက်တင်ပြီး ကြီးကြီးလင်းကို စိန်ခေါ်သလိုကြည့်လိုက်တယ်။ဒါကိုမြင်တော့ ကြီးကြီးလင်းက သခင်မကြီးလက်စကို ပြန်ချပေးကာ ကြည်နူးမှုနဲ့ပြောလိုက်တယ်။

“ကောင်းပါပြီကောင်းပါပြီ၊သခင်မကြီးက ကျမထက် ပိုသန်ပါတယ်၊ကဲ ကျေနပ်ပြီလား “

အဲ့တော့မှ သခင်မကြီးက ခေါင်းငြိမ့်ပြကာ

“ နင်အဲ့တာကို သိပြီဆိုမှတော့ ငါ့ကို ကူတွဲမပေးနဲ့”

အဖွားကြီးနှစ်ယောက်လုံးကိုကြည့်ပြီး လုလျန့်ဝေ ရယ်ရမလား ငိုရမလားတောင် မသိတော့ဘူး။

“အဖွား အဲ့အစား.သမီးကူညီပါရစေ”

သခင်မကြီးကတကယ်တော့ အားအင်တွေအများကြီး ရှိသေးတယ်။ပုံမှန်လည်း လမ်းလျှောက်နိုင်သေးတယ်။ဒါပေမယ့်သူမမြေးမလေးက ကူညီပေးချင်ပါတယ်ဆိုမှတော့ သူမငြင်းနိုင်တော့ဘူးလေ။အိမ်တော်အဝင်ဝရောက်ချိန်မှာ သမီးဖြစ်သူအလာကို စောင့်မျှော်နေတဲ့မအေဖြစ်သူ သခင်မကျန်းကို တွေ့လိုက်ရတယ်။သခင်မကြီးနဲ့ လုလျန့်ဝေတို့ရောက်ချိန်မှာ သခင်မကျန်းရဲ့ ဘဝင်ခိုက်နေပုံက ဖုံးကွယ်လို့တောင် မရဘူး။မြို့စားကတော်ဟောင်းကြီး ဘယ်လောက်ပဲ အာဏာရှိရှိ နောက်ဆုံး သူ့သမီးအလာကို အိမ်ပေါက်ဝမှာ ထွက်စောင့်နေရတာပဲမလား။ သခင်မကျန်းစိတ်က မာန်တက်လို့နေတယ်၊ဒါမယ့် အပြင်မှာတော့ ရိုသေလေးစားပုံတော့ ပြသေးတယ်။

“အယ် သခင်မကြီး ဘာလို့များလာရတာလဲ၊ ကျမတို့ ရှိနေတာနဲ့တင် လုံလောက်ပါတယ်။ အမေ အရင်ပြန်ပြီး အနားယူလိုက်ပါ။”

ဒါကိုပြောပြီးနောက်မှာတော့ သူမ အရှေ့ကိုတက်ကာ သခင်မကြီးကို ပြန်ပို့ဖို့ ကူတွဲသယောင်ပြုလိုက်တယ်။ သခင်မကျန်း စိတ်ထဲဘာတွေးနေတယ်ဆိုတာ သခင်မကြီးက မသိပဲဘယ်နေပါ့မလဲ။ သခင်မကြီးက သခင်မကျန်းကို လိမ္မာပါးနပ်စွာကြည့်ပြီး

“ ငါက ဒိကိုပဲရောက်နေပြီ၊အခုပြန်သွားရင် အဓိပ္ပါယ်မရှိရာ ရောက်သွားမှာပေါ့။အိမ်ရှေ့စံကြင်ယာတော်အိမ်လည်လာတာ မြို့စားဟောင်းကြီး အသက်ရှိသေးရင်လည်း သူကိုယ်တိုင်တောင် လာကြိုဆိုလိမ့်အုန်းမယ်”

ဒီလိုတင်စီးတဲ့အကြည့်အောက်မှာ သခင်မကျန်း ကြောက်လန့်ပြီး မလွယ်ကူသလိုခံစားလိုက်ရတယ်။သခင်မကြီး မြို့စားဟောင်းကြီး အကြောင်းပြောတာ သူမနှလုံးသာ နစ်မြှုပ်သွားသလိုပဲ။အမှန်တော့ သခင်မကြီးက ရှန်းအာကို လူကိုယ်တိုင် ထွက်ကြိုဖို့ စိတ်မပါမှန်း သခင်မကျန်း သိပါတယ်။

“အမေက အရမ်း အရေးထားလွန်းနေပါပြီ၊ရှန်းအာက ကြင်ယာတော်ဖြစ်လာပေမယ့် သူက လုမိသားစုဝင်တစ်ယောက်ပဲ။သူမက အမေ့ကိုလေးစားပါတယ်။သူမရောက်လို့ အမေဒီမှာရပ်နေတာမြင်ရင် သူမသည်းခံနိုင်စွမ်းရှိမှာ မဟုတ်ဘူး။ဒါ့ကြောင့် အမေပြန်နားလိုက်တာ အကောင်းဆုံးပါ”

“ ရှင်ကသာ အခုထိတ်ထိတ်ပြာပြာဖြစ်နေတာပါ ခုနတုန်းကဘယ်လိုလုပ်ခဲ့တာလဲ”

လုယွင်ရှန်းအိမ်တော်ကို လာမယ့်အကြောင်းကို တစ်အိမ်လုံးမသိသူမရှိအောင် သိနိုင်လုပ်ဖို့ မစောင့်နိုင်အောင်ပဲလေ။လုယွင်ရှန်းကို ကြိုဆိုဖို့ တစ်အိမ်လုံးက လူမှန်သမျှ အဝင်ဝမှာ ထွက်ကြိုဆိုစေချင်လို့ လုပ်တာက အသိသာကြီးပါ။

ဆက်ရန်.....

Chapter – 29 : ဂယက်ထစေဖို့အတွက် သိပ်များများစားစားမလိုအပ်ပါဘူး။

February 9, 2024

သခင်မကြီးက သခင်မကျန်းအပေါ်မှာ အာရုံစိုက်မနေဘူး။ဒါကို သခင်မကျန်းမြင်တော့ လုလျန့်ဝေကို အမြန်ပြောလိုက်တယ်။”

ဝေဝေ သမီးအဖွားကို အခန်းပြန်ဖို့ မြန်မြန်ကူပေးလိုက်အုန်းလေ”

လုလျန့်ဝေကတော့ ရပ်လက်စနေရာမှာပဲရပ်လို့နေတယ်။

“အဲ့လိုလုပ်လို့မဖြစ်ဘူး၊သမီးအဖွားကိုပြန်ပို့နေတဲ့အချိန် မမရောက်လာလို့ ကျမကိုမတွေ့ရင် အိမ်ရှေ့စံကြင်ယာတော်ကို မထီမဲ့မြင်ပြုတယ်ဆိုပြီး စွဲချင်ပြုမှာ ကြောက်တယ်ရှင် ကျမမှာ အဲ့ဝန်ကိုထမ်းဖို့ အင်အားမရှိဘူးရှင့်”

သခင်မကျန်းအဖက်မတင်သလို ခံစားလိုက်ရတာကြောင့် စိတ်တိုသွားတယ်။

“အိမ်ရှေ့စံနဲ့ကြင်ယာတော် တို့ရောက်ရှိလာပါပြီ”

ဒီအချိန်မှာပဲ အစေခံတစ်ယောက်ဆီက ကြေငြာသံကြားလိုက်ရတယ်။သခင်မကျန်း ဒေါသထွက်နေတဲ့ကိစ္စကို စိတ်အနှောက်အယှက်ဖြစ်နေဖို့ အချိန်မရှိဘူး။လုအိမ်တော်က အစေခံတွေက ရောက်ရှိလာတဲ့စုံတွဲကို နှုတ်ဆက်ဖို့ သွားကြတော့တယ်။လုလျန့်ဝေက သခင်မကြီးလက်ကိုတွဲကာ အခြွေအရံတွေနောက်က လိုက်သွားတယ်။သူမက အသံခပ်တိုးတိုးလေးနဲ့ မကျေနပ်သလိုတိုင်တန်းတယ်။

“တကယ်ကြီး အစ်မကအလည်လာရုံပါ။ဒါကို ဘာလို့ အစ်မက လူတွေအများကြီး ပါဝင်စေချင်ပြီး ဒီလိုကြီးကြီးကျယ်ကျယ်ဝင်လာရတာလဲ မသိဘူး။သိုသိုသိပ်သိပ်လေး လာလို့ရရဲ့သားနဲ့”

သခင်မကြီးလည်း စိတ်ဆိုးသလိုခံစားနေရတယ်။လုယွင်ရှန်းပြန်လာပြီး သူမကို တွေ့ချင်တယ်ဆို တကယ်တိုးတိုးသာသာလေးလာသင့်တာပေါ့။အခု ကြီးကြီးကျယ်ကျယ်တွေလုပ်တော့ ဒီအဘွားကြီးက အိုနေတဲ့အရိုးတွေကိုတောင် ဂရုမစိုက်အားပဲ နှုတ်ဆက်ဖို့အတွက် အိမ်တော်အဝင်ဝကို အပြေးလာရတာပေါ့။သံသယကင်းစွာနဲ့ပဲ လုလျန့်ဝေ ညည်းညူသလို အသံလေးက သခင်မကြီးရဲ့ တည်ငြိမ်နေတဲ့ရင်ထဲကို ကျောက်ခဲတစ်လုံးပစ်ချလိုက်နိုင်တယ်။ဂယက်ထစရာ ကိစ္စတွေအများကြီး မရှိပေမယ့် စကားတစ်ခွန်းက လုယွင်ရှမ်းနဲ့ ပက်သက်ပြီး သခင်မကြီး မကျေမနပ်လေးဖြစ်သွားအောင်တော့ လုပ်နိုင်တာပေါ့။ အိမ်ရှေ့စံရဲ့ရထားလုံးက အိမ်တော်ဝင်အဝမှာ ရပ်သွားတယ်။သိပ်မကြာခင်မှာပဲ လုံချီက ရထားလုံးထဲက ထွက်လာကာ လုယွင်ရှန်းကို ဆင်းဖို့အတွက်ကူညီပေးတယ်။ဆင်းပြီးတဲ့နောက်မှာတော့ သခင်မကျန်းနဲ့လုအိမ်တော်က အစေခံတို့က သူတို့ကိုဦးညွတ်ပြီး ဂါရဝပြုလိုက်ကြတယ်။

“အိမ်ရှေ့စံနဲ့အိမ်ရှေ့စံကြင်ယာတော်တို့ကို ဂါရဝပြုပါတယ်”

ထိုအဖွဲ့ခေါင်းဆောင်က သခင်မကျန်းနဲ့ အိမ်တော်အစေခံတွေအားလုံးက လုံချီနဲ့ ယွင်ရှမ်းကို ဂါရဝပြုလိုက်တာကို အလွန်မြင့်မြတ်တဲ့အရာကို လုပ်နေသလို ဂုဏ်ယူနေကြတယ်။

“ဒေါ်ဒေါ် ကျေးဇူးပါ၊ ထပါ”

သူမဒါနဲ့ပက်သက်ပြီး သိပ်ကို အာရုံစိုက်တယ်။ဒီလိုကြီးမြတ်တဲ့သမီးလေးကြောင့် သူမစိတ်ချမ်းသာရပြီး လေးစားမှုတို့ခံနေရတာ။ဒါက ဦးညွတ်ရုံလေးရယ် ဘာမှမဟုတ်ဘူး ဖြစ်နိုင်ရင် ဒူးတောင်ထောက်ချင်သေးတယ်။လုံချီက လုယွင်ရှန်းမျက်လုံးလေးတွေ နီသွားတာမြင်သွားတော့ သူ့နှလုံးသားကလည်း နာကျင်သွားရတယ်။ဒါ့ကြောင့် သခင်မကျန်းကို မျက်နှာချင်းဆိုင် သိမ်မွေ့စွာပြောလိုက်တယ်။

“ကျေးဇူးကြီးမားလှပါတယ် ကျတော်မျိုးမမှတ်ထားပါ့မယ်”

အဲ့အချိန်မှာပဲ သခင်မကြီးနဲ့ လုလျန့်ဝေတို့ လမ်းလျှောက်လာကြတယ်။သူတို့က လုံချီနဲ့လုယွင်ရှန်း ကို ဦးညွတ်ဖို့လုပ်ချိန်မှာပဲ လုံချီက အရှေ့ကိုထွက်လာပြီး သခင်မကြီး ရဲ့ လက်မောင်းကိုကိုင်ကာ အလျင်အမြန်ထစေဖို့ကူညီလိုက်တယ်။

သခင်မကြီးလည်း ဦးညွတ်ဖို့ရည်ရွယ်ချက်မရှိဘူး။သူမ လုပ်ဖို့ကြိုးစားတယ်ဆိုတာကို သိသာစေဖို့ဟန်ပြတာပါ။လုံချီ အဲ့လိုပြောလိုက်တာနဲ့ သူမလည်း တန်းပြီးခပ်မတ်မတ်ရပ်လိုက်တယ်။

“ကျေးဇူးကြီးလှပါတယ် အရှင့်သား”

“ကျေးဇူးကြီးလှပါတယ် အရှင့်သား”

ဒါကိုမြင်တော့ လုံချီက မကျေနပ်စွာ မျက်ခုံးတွန့်သွားတယ်။သူပြောတာက သခင်မကြီး ဦးညွတ်နေလို့လေ လုလျန့်ဝေကို ထဖို့ မပြောခဲ့ဘူး။လုလျန့်ဝေ သူမသဘောနဲ့သူမ ထလိုက်တော့ လုံချီ စိတ်ဘဝင်မကျဖြစ်သွားတယ်။သို့သော်လည်း သခင်မကြီးကြောင့် သူ့ရဲ့ မကျေနပ်တဲ့ ပုံစံကိုချပြလိုက်လို့လဲမဖြစ်ဘူး။

Chapter- 30: အဓိပ္ပါယ်အပြည့်ပါတဲ့ အကြည့်တစ်ချက်

February 9, 2024

သက်တော်ရှည်းခန်းမဆောင်ထဲမှာ

အသီးသီး ထိုင်ခုံမှာထိုင်ကြပြီးတဲ့နောက်မှာအစေခံတွေက လက်ဖက်ရည်နဲ့မုန့် ဆက်သကြတယ်။လုယွင်ရှန်း လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ခွက်လေးကိုချလိုက်တယ်။သခင်မကြီဘေးမှာထိုင်နေတဲ့ လုလျန့်ဝေကိုကြည့်ပြီး စိတ်အလိုမကျမှုတို့က မျက်လုံးထဲဖြတ်ပြေးသွားတယ်။သခင်မကြီးက လုလျန့်ဝေကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ဘူးမဟုတ်လား ပြီးတော့ လုလျန့်ဝေကလည်း.သခင်မကြီးကိုဆို ရှောင်နေကျလေ။ဒါမယ့် ဒီနေ့ကျ နှစ်ယောက်သားက ဘာလို့ ရင်းနှီးနေကြတာလဲ။ အဖွားနဲ့မြေးကြားမှ ဘာပြဿနာမှ မဖြစ်ခဲ့သလိုပဲ။လုယွင်ရှန်း မျက်စိလည်နေကာ တစ်ချိန်တည်းမှာလည်း စိတ်တိုဒေါသထွက်လို့နေတယ်။သူမအမေကို မေးမြန်းချင်တဲ့အကြည့်နဲ့ကြည့်လိုက်တယ်။သခင်မက ခေါင်းယမ်းပြသလို လုလျန့်ဝေအပေါ်ထားတဲ့ သူမအမုန်းတရားတွေကလည်း မျက်နှာမှာပေါ်နေတယ်။ဒါကိုကြည့်လိုက်တာနဲ့လုယွင်ရှန်းအခြေအနေကို သဘောပေါက်လိုက်တယ်။တကယ့်တော့ လုလျန့်ဝေ သူ့ကိုယ်သူသတ်သေပြီး သတိရတော့ အရှေ့ခန်းမဆောင်ဆီ မှာအဖေ့ဆီကို လာပြီး အိမ်ရှေ့စံရဲ့ကိုယ်လုပ်တော်မဖြစ်ချင်ဘူးလို့ ငြင်းဆိုပြောကတည်းက အဲ့ကောင်မလေးပြောင်းလဲနေတယ်ဆိုတာ သိတယ်။အတွေးတွေနဲ့အတူ အကြည့်တွေက အေးစက်လို့သွားတယ်။

_လုလျန့်ဝေ နင်ကြိုးစားနိုင်သလောက် ကြိုးစားကြည့်လိုက်စမ်း ဘာမှ အသုံးဝင်မှာမဟုတ်ဘူး။သခင်မကြီးနင့်အပေါ်ထင်မြင်ချက်က လွယ်လင့်တကူပြောင်းသွားမှာပဲ_

ဒါမယ့်လည်း သခင်မကြီး လုလျန့်ဝေအပေါ်ထားတဲ့သဘောထားက အရင်ကနဲ့မတူတော့တာကိုတွေ့တော့ ဂနာမငြိမ်ဖြစ်ရပြန်တယ်။

လုယွင်ရှန်း အဖွားနဲ့မြေးစကားပြောနေကြတာကိုကြည့်ပြီး လုလျန့်ဝေက သခင်မကြီး ဟက်ဟက်ပက်ပက်ရယ်အောင်တစ်ခုခုကိုပြောလိုက်တယ်။လုယွင်ရှန်း ဒါကိုသတိပြုမိတော့ သူမမလွယ်ကူသလိုခံစားလာရတော့တယ်။သူမခံစားချက်တွေ မျက်နှာပေါ်မပေါ်စေပဲ အမိန့်လေးတစ်ချက်ပေးလိုက်တယ်။

ဒီအမိန့်ကိုကြားတာနဲ့ ဟုန့်ရှို့က သေတ္တာတစ်လုံးစားပွဲပေါ်တင်လိုက်တယ်။ အထဲက ကိတ်တွေကို လုယွင်ရှန်းကိုယ်တိုင်ကိုယ်ကျထုတ်ပြီး သခင်မကြီးဆီကို ယူလာတယ်။

မြို့စားကတော်ဟောင်းကြီးက လုယွင်ရှန်းလက်ထဲက ကိတ်တွေကိုကြည့်ပြီး ခေါင်းငြိမ့်မပြခင်မှာပဲ လုံချီ့ကိုပြောလိုက်တယ်။

“ ဒါတွေက ရှန်းအာစီစဥ်တာပါ။သူက သခင်မကြီးအတွက်ပဲ အမြဲတွေးနေတာ။ကြာစေ့ကိတ်ကြိုက်မှန်းသိတော့ သူမပဲ စားတော်ကဲကို ကိုယ်တိုင်တောင်းဆိုခဲ့တာ။ကိတ်တွေက မနက်ကမှလုပ်ထားတာဆိုတော့ လတ်ဆတ်နေတုန်းပါ။စိတ်မပူပဲစားလို့ရပါတယ်။”

“မြေးဝတ္တရားကျေပွန်ရမှာပေါ့ အဖွားကလည်း။ဒီကိတ်တွေကို နန်းတော်ထဲက ဂျုံမှုန့်အကောင်းဆုံးတစ်ခုနဲ့ စားတော်ကဲက လုပ်ပေးထားတာ။ မြန်မြန်လေးစားလိုက်ပါ”

သို့သော်လည်း လုလျန့်ဝေကတော့ သူမကို စိတ်ကူးထဲထည့်ပုံမပေါ်ဘူး။အဲ့အစား သူမခေါင်းကိုငုံ့ကာ ခြင်းထဲက သစ်သီးတွေ စားလို့နေတယ်။

လုယွင်ရှန်းပြောချင်တာက သူမသာလျှင် သခင်မကြီးကို စောင့်ကြည့်တဲ့တစ်ဦးတည်းသောသူပါ။ပြီးတော့ လုလျန့်ဝေဆိုတာက အမြဲပြဿနာတွေပဲရှာနေတာလေ။

အတိတ်မှာတုန်းက ဆိုရင်သခင်မကြီးက လုလျန့်ဝေကိုဆို ပိုလို့တောင် စိတ်ပျက်သွားတာ။ဒါမယ့်အခုကျ လုလျန့်ဝေပြောတဲ့စကားနားထောင်ပြီး သခင်မကြီးက ခပ်ဖွဖွလေးပြုံးလိုက်တယ်။

“ဒီကိတ်တွေကို ခဏထားလိုက်အုန်းမယ်၊အဖွားက ဝေဝေကိုယ်တိုင်လုပ်ပေးထားတဲ့ ဝါးရွက်ကိတ်တွစားထားသေးတော့ ဗိုက်ပြည့်နေတယ်လေ။ ထပ်မစားနိုင်သေးဘူး”

လုယွင်ရှန်းအမူအရာ နည်းနည်းပြောင်းသွားပြီး လုလျန့်ဝေကို တစ်ချက်ကြည့်လိုက်တယ်။

“ဟုတ်တယ်၊ ဒုတိယသခင်မလေးလုရဲ့ လက်ရာက တကယ်ချီးကျူးထိုက်တယ်။မမလေးရဲ့ ဝါးရွက်ကိတ်က အရမ်းမချိုတော့ သခင်မကြီးအရသာနဲ့ကိုက်တယ်။သခင်မကြီးဆို ကိတ်နှစ်ခုတောင် စားတာ”

လုလျန့်ဝေ အစ်မဖြစ်သူရဲ့မျက်နှာလေးတင်းနေတဲ့အမူအရာကို သတိမပြုမိသလိုနဲ့ အစ်မကြီးဖြစ်သူရဲ့ ရှေ့ပန်းကန်တစ်ချပ်ချပေးလိုက်တယ်။

“ အစ်မကြီး ဘာကြောင့်များ မစားကြည့်ရတာလဲ၊အစ်မရဲ့အရသာနဲ့ကိုက်မကိုက်တော့သေချာမသိဘူး။နောက်ပြီး နန်းတော်ထဲကစားတော်ကဲရဲ့လက်ရာနဲ့ ယှဥ်ရင်တော့ ညီမလေးလက်ရာက ဆိုးပါတယ်”

All Chapters