အခန်း (၃၁-၃၃)
Vol. 1 Ch. 31-33
အခန်း(၃၁) သူမကဘယ်လိုဒုက္ခပေးရမလဲဆိုတာ တကယ်သိတာဘဲ။
February 9, 2024
ပန်းကန်ပြားပေါ်က လှပတဲ့ ဝါးရွက်မုန့်တွေကို ကြည့်ရင်း လုယွင်ရှန်းဟာ မျက်နှာပျက်သွား တယ်။ သို့သော်လည်း သူမဟာ ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့သူမို့ ထိုမုန့်တွေလွှင့်ပစ်ချင်စိတ်ကို ထိန်းချုပ်နိုင်ခဲ့တယ်။
သူမဟာ ခေါင်းကို မော့ပီး ကျေနပ်စွာ ပြောလိုက်တယ်။
“ ညီမလေး ရဲ့ လက်ရာက ဒီလောက်ကောင်းလိမ့်မယ်လို့ မမတကယ် မမျှော်လင့်ထားမိဘူး…. မတွေ့ရတာ ခဏလေး ရှိသေးတယ်…. မင်းက ဝါးရွက်မုန့်တွေ လုပ်တတ်နေပြီပေါ့….. “
လုယွင်ရှန်း စကားများထဲက ဆိုလိုရင်းကို လူတိုင်းကြားနိုင်တယ်။
အဘယ်ကြောင့်ဆိုသော် ယခင်က လုလျန်ဝေဟာ ဝါးရွက်မုန့်လုပ်တာလို အိမ်မှုကိစ္စ လုပ်တတ်ဖို့နေနေသာသာ ဘယ်အရာကိုမှ အလေးနက်မထားခဲ့ဘူး။
သူမရဲ့ တစ်ခုတည်းသော အလုပ်က လုံချီ ရဲ့နောက်မှာနေပြီးတော့ အမှားတွေအများကြီး လုပ်နေတာဘဲပင်။
လုလျန်ဝေ လိုလူက ဝါးရွက်မုန့်လုပ်နည်းကို ဘယ်လိုသိနိုင်မှာလဲ။
ဒီမုန့်တွေကို အခြားတယောက်က လုပ်ပေးခဲ့တာ ဖြစ်နိုင်ပြီးတော့ သူမဟာ ကိုယ်တိုင်လုပ်တာလို့ လိမ်ညာနေတာ ပဲဖြစ်နိုင်တယ်။
လုလျန်ဝေက လုယွင်ရှန်ရဲ့ ပြောချင်တဲ့အဓိပ္ပာယ်ကို မသိချင်ယောင်ဆောင်ပီး မျက်တောင်ခတ်လိုက်တယ်။ နောက်ပြီးသူမက ခေါင်းညိတ်ကာ လွယ်လွယ်ဘဲသဘောတူ လိုက်တယ်။
“ဟုတ်ပါတယ်….. ကျွန်မအများကြီး လုပ်နိုင်မယ်လို့ မထင်ထားဘဲနဲ့ ကောင်းကောင်းလုပ် နိုင်ခဲ့တာ….”
“အခုစဉ်းစားကြည့်တော့ ကျွန်မ အချိန်တွေ အများကြီးဖြုန်းမိနေခဲ့တာ …. တကယ်ဆို အဲ့လို မနေခဲ့သင့်ဘူး ….. ကံကောင်းလို့ ကျွန်မ စောစောစီးစီး အမြင်မှန်ရခဲ့တာ…..”
“လူတစ်ယောက်က တစ်ခုခုကို အမှန်တကယ် အာရုံစိုက်ပီး ကြိုးစားလုပ်ကိုင်နေရင် အချိန်တစ်ခု ကြာတာနဲ့ ကျွမ်းကျင်သွားတယ်ဆိုတာ ကျွန်မယုံကြည်သွားပြီ……”
လုလျန်ဝေရဲ့ စကားကိုကြားတဲ့အခါ မှာ မြို့စားကတော်ဟောင်းဟာ အလွန်စိတ်လှုပ်ရှား သွားတယ်။သူမရဲ့ မြေးမလေးဟာ အမှန်တကယ်ပဲ အသိတရား ရသွားခဲ့ပြီ။
သူမကလုလျန်ဝေရဲ့လက်ကို ညင်သာစွာ ပွတ်သပ်လိုက်တယ်။
“ဝေဝေပြောတာ မှန်တယ်….. တစ်ခုခုလုပ်ဖို့အတွက် အလေးအနက်ထားကြိုးစားရင် အမြဲတမ်း ကောင်းကောင်းလုပ်နိုင်တယ်……”
လုယွင်ရှန်ရဲ့အမူအရာသည် အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေခဲ့တယ်။
လုလျန်ဝေဟာ မြို့စားကတော်ဟောင်းရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားတာမြင်တော့ သူမကို ဆွဲထုတ်ပစ်ချင်စိတ် ဖြစ်နေတယ်။ လုလျန်ဝေက တကယ်ဘဲ ပိုပိုပြီး ရွံစရာ ကောင်းလာတာပဲ။
သူမဟာ အမွေဆက်ခံသူမဖြစ်ဖို့ အတင်း ငြင်းဆိုခဲ့ပေမဲ့ ယခုတော့ သူမဟာ မြို့စားကတော်ဟောင်းနားမှာ လိုက်လံ တွယ်ကပ်နေတယ်။
ထိုသို့ ရွံစရာကောင်းတဲ့လူဟာ ဘယ်မှာများ ရှိနိုင်မှာလဲ။
ထိုစကားများ ကိုပြောပြီးတာနဲ့ ခန်းမကြီးဟာ တိတ်ဆိတ်သွားခဲ့တယ်။
မြို့စားကတော်ဟောင်းက မျက်မှောင်ကြုတ်လိုက်တယ်။ အငယ်ဆုံး မြေးမလေးအား ငုံ့ကြည့်ရင်း နှလုံးသားထဲက သံသယ အရိပ်အယောင်ကို ဖုံးကွယ်ထားရုံမှတစ်ပါး သူမ မတတ်နိုင်ခဲ့ဘူး။
သူမဟာ အမွေဆက်ခံသူမဖြစ်သေးတာမို့ သူ့ကို အထင်ကြီးစေရန် အသုံးမဝင်တဲ့ ကြိုးစားမှု အသစ်တစ်ခု လုပ်နေတာ ဖြစ်နိုင်ပ့ါလား။
ထိုဖြစ်နိုင်ချေကို တွေးတောရင်းသူမရဲ့ အမူအရာမှာ အနည်းငယ် ညှိုးနွမ်းသွားခဲ့တယ်။
‘ဒီ လုယွင်ရှန်က ဘယ်လိုဒုက္ခပေးရမလဲ ဆိုတာ တကယ်သိတာဘဲ…..
“အစ်မ….. ပြောတာမှားတယ်…. အမွေဆက်ခံသူက ကျွန်မရဲ့ ခဲအိုဘဲ…. အမသာ ကိုယ့်နေရာကိုသိပြီး အမှားမလုပ်ခဲ့ဘူးဆိုရင် မင်းသားလေးက ကွာရှင်းစရာအကြောင်းမရှိဘူး… ဒါကြောင့်သူက ကျွန်မရဲ့ ခဲအို အမြဲတမ်းဖြစ်နေ မှာပဲ….”
“ဒီလိုမျိုးတွေ ထပ်ပြီး မပြောပါနဲ့ အစ်မ….. လူတွေက အမပြောတာကိုကြားရင် လှောင်နေကြ လိမ့်မယ်….. မြို့စား အိမ်တော် က ဒီလိုမျက်နှာပျက်ခံလို့ မရဘူး……”
သူမလေသံက ရန်လိုခြင်းမရှိသလို နူးညံ့ချိုသာသော်လည်း လုယွင်ရှန်း ရဲ့ နားထဲမှာတော့ သူမမျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွားတယ်။
သူမ ချက်ချင်းပင် ဒေါသစိတ်ဖြင့် ပူလောင်သွားတယ်။
သူမက လုံချီ ကို အမှတ်တမဲ့ စိုက်ကြည့်လိုက်တယ်။ သို့သော် သူ့မျက်လုံးများထဲမှာ မနှစ်သက်မှု အရိပ်အယောင်ကို မြင်လိုက်ရတယ်။
သူမ နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမဟာ အထိတ်တလန့် ဖြစ်နေတာမို့ အမွေဆက်ခံသူကို ခေါ်လာတာ။ လုလျန်ဝေကို ရှက်ရွံ့စိတ်ဆိုးသွားဖို့ သူမက အမှန်တကယ်မျှော်လင့်ခဲ့ပြီး မြို့စားကတော်ဟောင်းဟာလည်း လျန်ဝေအပေါ် စိတ်ပျက်မှုကို လိုချင်ခဲ့တာ။
လုလျန်ဝေဟာ စကားအနည်းငယ်မျှဖြင့် သူမကို ထိုသို့ တုံ့ပြန်မယ်လို့ သူမ မတွေးခဲ့မိဘူး။
ဆက်ရန်......
အခန်း(၃၂) ကျောထောက်နောက်ခံအဖြစ် နေထိုင်ခြင်း။
February 9, 2024
မြို့စားကတော်ဟောင်း ဟာ အသိစိတ်ပြန်လည် လာပြီးတဲ့နောက်မှာ လုလျန်ဝေ မျက်လုံးတွေဟာ လင်းလက်တောက်ပ နေတာကို တွေ့လိုက်ရတယ်။ ထိုမျက်လုံးတွေရဲ့အနက်ရှိုင်းဆုံးတွင် တည်ငြိမ်အေးချမ်းမှုကိုခံစားရပီး လုံချီ အတွက် ပုဂ္ဂိုလ်ရေးခံစားချက်လုံးဝမရှိကြောင်း တွေ့ရှိခဲ့တယ်။
သူမ စိတ်သက်သာရာရ သွားပေမဲ့ အနည်းငယ် အပြစ်ရှိသလိုခံစားနေရတယ်။
လုယွင်ရှန်းက ထိုကဲ့သို့ စကားမျိုး ပြောလာတဲ့အခါ မြို့စားကတော်ဟောင်းဟာ လုလျန်ဝေ နှင့် ပတ်သက်ပြီးသူမစိတ်ထဲက သံသယအရိပ်အယောင် တွေကို ဖုံးကွယ် ထားခဲ့တယ်။
လုလျန်ဝေရဲ့ ယနေ့ပြောင်းလဲမှုများအားလုံးဟာ လုံချီ့ နှလုံးသားကို ဖမ်းစားနိုင်စေရန် အတွက်သာ ဖြစ်ကြောင်း သူမ သံသယဖြစ်မိတယ်။
အဲ့လိုသာဆိုရင် လုလျန်ဝေဟာ သူ့မြေးမ ဖြစ်ဖို့မထိုက်တန်ဘူး။
လုလျန်ဝေ အပေါ် အရင်က သဘောထားကို တွေးကြည့်လိုက်ပြီး လုံချီက လုယွင်ရှန်း ကို လက်ထပ်ထားပြီး ဖြစ်တဲ့အတွက် သူမကို ဖိနပ်ဟောင်းတစ်လက်လို ဆက်ဆံရင်တောင် လုလျန်ဝေက သူ့ကို လိုက်တွယ်ကပ်တာ ရပ်သင့်နေပြီ။ ဒါမှမဟုတ် တခြားသူတွေက တောင် သူမကို ရှုတ်ချနေမှာပင်။
အမျိုးသမီးများဟာ ပွင့်ပွင့်လင်းလင်း နေတယ်ဆိုရင်တောင် သူတို့ဟာဂုဏ်သိက္ခာရှိရန် လိုအပ်တယ်။
ယခုအချိန်တွင် လုလျန်ဝေဟာ သူမစိတ်ကူးထားတဲ့အတိုင်း လုံချီ ကို မချစ်တော့ကြောင်း သဘောပေါက်လာကာ မြို့စားကတော်ဟောင်းက အပြစ်ရှိသလိုခံစားခဲ့ရတယ်။
သူမဟာ လုလျန်ဝေရဲ့ နက်မှောင်နေသော ဆံနွယ်များကို ထိလိုက်ကာ ပြုံးလိုက်တယ်။
“ငါတို့ရဲ့ ဝေဝေလေးက အရမ်းလှပြီး အကျင့်စာရိတ္တလဲကောင်းတယ်…… ခင်ပွန်းကောင်း တစ်ယောက်ကိုရဖို့ ဘာလို့စိုးရိမ်နေရမှာလဲ……. အနာဂတ်မှာ အဖွားက မင်းအတွက် ကောင်းမွန်တဲ့ မိသားစုကိုရှာပေး မယ်…..”
ထိုစကားများဟာ မြို့စားကတော်ဟောင်းရဲ့ နှလုံးသားမှ တိုက်ရိုက်ထွက်လာသော်လည်း တစ်ချိန်တည်းမှာ သူမက လုလျန်ဝေ ကို ထောက်ခံပြီး လုံချီ ကြားစေရန် တမင်တကာပြောနေခြင်းဖြစ်တယ်။
လုံချီဟာနောက်ဆုံးတွင် လုယွင်ရှန် ကိုလက်ထပ်ခဲ့သော်လည်း သူမမြေးနှစ်ယောက် ကြားတွင်ရွေးချယ်သည့်ပုံစံကိုပြသနေခြင်းက မြို့စားကတော်ဟောင်း ကိုစိတ်ပျက်စေခဲ့တယ်။
သူ့မြေးတွေ အိမ်ထောင်ပြုရဖို့အတွက်စိတ်ပူစရာ မလိုဘူး။ လုံချီဟာ အမွေဆက်ခံသူ ဖြစ်ခဲ့ပေမဲ့ သူ့မြေးများကိုထိုသို့ နှိမ့်ချဆက်ဆံခြင်းမျိုးက မဖြစ်သင့်ဘူး။
မြို့စားကတော်ဟောင်းရဲ့ စကားများကို လုလျန်ဝေ ကသာမက ခန်းမရှိထဲနေသူတိုင်းက ရှင်းရှင်းလင်းလင်း နားလည်ကြတယ်။
လုယွင်ရှန်းက မြို့စားကတော်ဟောင်းရဲ့ လျိုလျန်းဝေ အပေါ် မျက်နှာသာပေးမှုကို လွန်စွာ နာကြည်းေနသည်။ တစ်ချိန်တည်းမှာ သူမရဲ့ နှလုံးသားထဲတွင် မနာလိုမှုများက ပေါင်းပင်များ ကဲ့သို့ အလျင်မြန် ကြီးထွားလာတယ်။
လုံချီ သည် သူ့ထိုင်ခုံတွင် တည့်တည့် မတ်မတ် ထိုင်ပြီး လေးလေးနက်နက် စဉ်းစားလာတယ်။
မြို့စားကတော်ဟောင်းရဲ့ မှတ်ချက်များ နောက်ကွယ်တွင် သွယ်ဝိုက်တဲ့ အဓိပ္ပါယ်ကို ကြားလိုက်ရတော့ သူ့ခံစားချက်များ ရှုပ်ထွေးသွားတယ်။
သူက လုလျန်ဝေကို အမှတ်တမဲ့ စိုက်ကြည့်လိုက်တယ်။
ယခင်က သူ အဖက်မလုပ်ခဲ့တဲ့ ဒုတိယသခင်မလေးလုဟာ အခုချိန်တွင် ပြောင်းလဲသွားခဲ့ပြီး အရင်နဲ့မတူတော့တာကို သူသတိပြုမိလိုက်တယ်။
ထိုလှပသောမျက်နှာက ပို၍ပင် ချစ်စဖွယ်ဖြစ်နေပုံရပြီး တောက်ပနေတဲ့ မျက်လုံးတွေဟာ ပို၍ တောက်ပလာခဲ့တယ်။
လုံချီရဲ့လက်ချောင်းများဟာ သူကိုင်ထားသော လက်ဖက်ရည်ခွက်ပေါ်တွင် ဖြည်းဖြည်းချင်း တင်းကျပ်လာတယ်။
ငန်းတစ်ကောင်လို ကျက်သရေရှိတဲ့ လုယွင်ရှန်း ဆီသို့ လှည့်ကြည့်လိုက်သောအခါတွင် သူ့နှလုံးသားထဲက ထူးဆန်းသောခံစားချက်များ ပျောက်ကွယ်သွားခဲ့တယ်။
လုလျန်ဝေက ပြောင်းလဲသွားတယ်ဆိုရင်တောင် သူမ မည်သို့ပင်ပြောင်းလဲသွားပါစေ လုယွင်ရှန်းကို မယှဉ်နိုင်ဘူး။
လုလျန်ဝေဟာ လုယွင်ရှန် ထက် ရုပ်ရည်ပိုင်းသာမက စိတ်နေစိတ်ထားလည်း အဆပေါင်းများစွာ နိမ့်ကျတယ်။ နောက်ပြီး လှပပေမဲ့ ဦးနှောက်မရှိတဲ့ လုလျန်ဝေဟာ အရည်အချင်းရှိတဲ့ ပြိုင်ဘက် လုယွင်ရှန်းကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။
လုယွင်ရှန်းက သူ့အမူအရာကို ကြည့်ပြီး အနည်းငယ် စိတ်သက်သာရာ ရသွားကာ သူမရဲ့ ထိုင်ခုံတွင် ပြန်ထိုင်နေလိုက်တယ်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးချိန်တွင် ရောက်ရှိလာသူတိုင်းက သူတို့အတွက် နောက်ခံသက်သက် ဖြစ်သွားပုံရတယ်။
ဒါကိုမြင်တော့ သခင်မကျန်း ဟာ ဝမ်းသာပီတိဖြစ်နေခဲ့တယ်။ မြို့စားကတော်ဟောင်း အနားရှိ လုလျန်ဝေ အား ကြည့်လိုက်တဲ့အခါ သူမ မျက်လုံးများဟာ ဒေါသတကြီး တောက်ပ နေတယ်။
“ဝေဝေ….. မနေ့က သခင်မ ကူးရေးဖို့ ပြောထားတဲ့ ကျမ်းစာတွေကို မင်း ရေးပြီးပြီလား….. အဲ့ဒါကိုလုပ်ဖို့ မမေ့နဲ့နော်…….. “
“ကံကောင်းလို့….. သခင်မကျန်း သတိပေးလို့သာဘဲ….. မဟုတ်ရင် ဒီကိစ္စကို ကျွန်မ မေ့လုနီးပါး ဖြစ်နေပြီ….. “
“ငါ့ကလေးမလေးရယ်…. မင်း ဘယ်လောက်တောင် မေ့တတ်နေတာလဲ…. ကျမ်းစာတွေကိုကူးရေးဖို့ မင်းကို အပြစ်ပေးတာ သခင်မ ဖြစ်ပေမယ့်….. အဲဒါကို ဘာမှမဖြစ်သလို မမှတ်ယူရဘူးနော်….”