အခန်း (၃၄-၃၆)
Vol. 1 Ch. 34-36
အခန်း(၃၄) သူမ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်
February 9, 2024
သူမဆိုလိုတာက သခင်မကျန်း ပြောတဲ့စကားကြောင့် မဟုတ်ရင် ဒီကူးရေးထားတဲ့ ကျမ်းစာကို မြို့စားကတော်ဟောင်း ကို ပြအုံးမှာ မဟုတ်ဘူး။
မြို့စားကတော်ဟောင်း ဟာ ယခင်က ကျမ်းစာကို မြင်ဖူးတယ်။ အမှန်ဘဲ ပထမစာမျက်နှာ အနည်းငယ်ရှိ လက်ရေးက နောက်ဆုံးစာမျက်နှာ အနည်းငယ် လောက် မကောင်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စည်းစနစ်တကျ ရှိနေဆဲဖြစ်တယ်။
သူမအမူအရာ ပျော့ပြောင်းသွားတယ်။
“မြေးလေးကြိုးစားအားထုတ်ထားလို့ အဘွား ဝမ်းသာပါတယ်…… စာရေးတာက ဖြည်းဖြည်းချင်း လေ့ကျင့်ရမယ်…. လေ့ကျင့်မှု များများလုပ်လေ လက်ရေးက ပိုကောင်းလေလေဘဲ မြေး……”
လုလျန်ဝေ အား ကျမ်းစာများ ကူးယူရန် အပြစ်ပေးရခြင်း အကြောင်းရင်းမှာ သူမရဲ့ တဇွတ်ထိုး အမူကျင့်ကိုယဉ်ပါးစေဖို့နှင့် ဖယ်ရှားပစ်ဖို့ဘဲ ဖြစ်တယ်။
သို့ရာတွင်ပထမနေ့မှာဘဲ ဒီလောက် ထိရောက်မှု ရှိမယ်လို့ သူမ မမျှော်လင့်ခဲ့ဘူး။
လူတစ်ဦးရဲ့ ပင်ကိုယ်စရိုက်ဟာ သူတို့ရဲ့ လက်ရေးဖြင့် ထင်ဟပ်စေတယ်လို့ ဆိုရိုးစကား ရှိတယ်။
သူမရေးထားတဲ့ အရေးသားမှတစ်ဆင့် ဝေဝေရဲ့ အမူအရာဟာ ယခင်နှင့်မတူကြောင်း ထင်ရှားတယ်။ သူမသည် ပို၍ သီးခြားဖြစ်လာတယ်။
အတိတ်က ဖြစ်ခဲ့ရတဲ့ အရာတွေသာမရှိရင် သူ့မြေးမလေးဟာ အမြဲတမ်း တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိတဲ့ အကျင့်စရိုက်ရှိတယ်လို့ သူမ တွေးထင်မိလိမ့်မယ်။
အရင်က သူမကို အထင်လွဲခဲ့ဖူးတာ ဖြစ်နိုင်တယ်။ ဒီမြေးလေးကို ဆုံးမဖို့ ခက်ပုံမပေါ်ဘူး။
ထိုအဖြစ်ပျက်ကို မြင်လိုက်ရတော့ သခင်မကျန်း ဟာမကျေမနပ်ဖြစ်နေခဲ့တယ်။ သူမဟာ မူလက မြို့စားကတော်ဟောင်း ကို လုလျန်ဝေအား ထပ်မံမုန်းတီးစေရန် ရည်ရွယ်ထားသော်လည်း မြို့စားကတော်ဟောင်း သည် သူမအား ပိုမိုနှစ်သက်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့ဘူး။
သူမရဲ့လက်ကိုင်ပုဝါကို ရွံရှာစွာ ဆုပ်ကိုင်ထား လိုက်တယ်။
“ မြို့စားကတော်ဟောင်းရဲ့ ချီးမွမ်းမှုကိုရဖို့ ဝေဝေရဲ့အရေးသားကတော်တော်တိုးတက်လာလို့ဘဲ ဖ့စ်ရမယ် …. ကျွန်မလည်း တစ်ချက်လောက် ကြည့်ပါရစေ……”
ဒါကိုမြင်တော့ မြို့စားကတော်ဟောင်းက ကျမ်းစာကို သူမဆီ တိုက်ရိုက်လွှဲပေးလိုက်တယ်။ “ကြည့်ချင်တယ်ဆိုရင် ရော့……”
“ဝေဝေရဲ့စာတွေက ပိုကောင်းလာတာဘဲ…. ကျွန်မ နောက်ဆုံးတွေ့ခဲ့တဲ့စာက အခုလောက်ကို မကောင်းဘူး…..”
“အိုး….. ဒါဆို သခင်မကျန်း က ကျွန်မရေးတဲ့ စာတွေကို အရင်က မြင်ဖူးတယ်ပေါ့….”
သခင်မကျန်း က သူ့လက်ထဲမှာ ကျမ်းစာကို ချလိုက်ပီး ညင်သာစွာပြောလိုက်တယ်။
“ဒါပေါ့ ဒါပေါ့ ….. ဒေါ်လေး မြင်ဖူးတယ်လေ…. မင်းရဲ့လက်ရေးက အဲ့တုန်းက အခုလောက် မကောင်းဘူး…… ဝေဝေ…..တစ်ချိန်တုန်းက မင်းတို့ညီအစ်မ အတူတူစာရေးခဲ့တာကို မှတ်မိသေးလား... “
သူမက သူတို့ညီအစ်မကြားမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ မပြောနိုင်ပေမဲ့ အငြင်းပွါးမှုနဲ့ဘဲ အဆုံးသတ် သွားတယ်ဆိုတာတော့ သူမ ပြောနိုင်တယ်။
လုလျန်ဝေစာက လုယွင်ရှန်းရဲ့ လက်ရေးလောက် မကောင်းတာကြောင့် မပျော်မရွှင်ဖြစ်ပြီး မနာလိုဖြစ်မိသလား။
“သခင်မကျန်း…… ဒါတွေအားလုံးက အရင်တုန်းကပါ….. ဘာလို့ပြန်ပြောနေတာလဲ……” သူမထပြီး ကျမ်းစာကို ကောက်ယူဖို့ လှမ်းကြည့်လိုက်တယ်။
“ဝေဝေရဲ့ လက်ရေးက အရင်ကထက် တကယ်ကို ပိုကောင်းလာတာဘဲ……”
သူမပြောပြီးတာနဲ့ လုလျန်ဝေရဲ့လက်ကို ကျေနပ်စွာဆုပ်ကိုင်လိုက်တယ်။ “ကျွန်မရဲ့ညီမငယ်လေးက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး တိုးတက်လာတာကို တွေ့ရတော့ အစ်မတစ်ယောက်အနေနဲ့ မင်းအတွက် တကယ်ကို ဝမ်းသာမိတယ်……. ”
သူမရဲ့ ဟန်ဆောင်မှုကို သည်းမခံနိုင်တော့တာမို့ လုလျန်ဝေက ငြိမ်သက်ပြီး သူမလက်ကို ရုတ်သိမ်းလိုက်တယ်။
“အစ်မ……စကားတွေက တကယ်ဘဲ ကျွန်မကိုအရှက်ရစေတယ်…..ကျွန်မလုပ်ခဲ့တာက ကျမ်းစာတစ်ခုကို ကူးယူခဲ့ရုံပါ…… ချီးမွမ်းခံရဖို့ တကယ်မထိုက်တန်သေးပါဘူး…….”
သူမစကားကြားတော့ လုယွင်ရှန်းက သူမကို စူးစူးဝါးဝါး စူးစူးဝါးဝါးကြည့်လိုက်ပြီး စိတ်ထဲ အလွန်အမင်း မသက်မသာ ခံစားလိုက်ရတယ်။
ယနေ့ မြို့စားကတော်ဟောင်းဆီကို အပြေးအလွှား ပြန်လာပြီးနောက် သူမရဲ့အာရုံစိုက်မှုဟာ လုလျန်ဝေ အပေါ် အပြည့်အဝရှိနေမယ်လို့ သူမ မထင်မှတ်ခဲ့ဘူး။
မြို့စားကတော်ဟောင်း လုလျန်ဝေကို အလေးပေးနေတာက သူမအတွက် အရိပ်အမြွက်မပြပေမဲ့ အနည်းငယ် စိုးရိမ်ပူပန်နေမိတယ်။
မြို့စားကတော်ဟောင်းဟာ သူမဘေးတွင်သာ ရပ်တည်ခဲ့တာမို့ လုလျန်ဝေက သူမနေရာကို ဝင်ယူသွားမှာကို ဘယ်သောအခါမှ ခွင့်မပြုနိုင်ဘူး။
ဆက်ရန်....
အခန်း(၃၅) တစ်ခါလောက်ပျော်တော်ဆက် ဖြစ်ပါရစေ။
February 11, 2024 by Duan Fei Lin (段飞林)
သူမရဲ့ အတွေးတွေက သခင်မကျန်း နဲ့ အတူတူပင်။သူတို့နှစ်ယောက်လုံးဟာ ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့ကြတာပါ။ လုလျန့်ဝေကို သူမက သူများထက် ပို၍ လေးနက်စွာ နားလည်တယ်လို့ ပြောရင်ပိုမှန်တယ်။
လုလျန့်ဝေဟာ မြို့စားအိမ်တော်က မယားကြီးဖြစ်သူရဲ့ သမီးအဖြစ် လူသိများသော်လည်း သူမဟာ အမှန်တကယ် ပညာနိမ့်ပါးပြီး အရည်ချင်း မရှိတဲ့ သူတစ်ဦး ဖြစ်တယ်။
သူမဟာ သေချာပေါက်ထိုကျမ်းစာကို ကူးယူခြင်းမဟုတ်ဘူး။
“ဒီလက်ရေးက အံ့သဩစရာလို့အစ်မ ထင်တယ်….. ညီမလေး…. မင်း ကိုယ့်ကိုယ်ကို နှိမ့်ချနေစရာ မလိုပါဘူး….. အစ်မတို့နှစ်ယောက်လုံး အတူတူ မရေးဖြစ်တာ ကြာနေ ပြီ…. ဒီနေ့ အဖွားရှေ့မှာ ကျမ်းစာတစ်စောင်ကူးရေးပြီး သူမကို သုံးသပ်ကြည့်ခိုင်းရအောင်လေ…. ဘယ်လိုလဲ….”
လုလျန့်ဝေက လုယွင်ရှမ်း ကို မျက်လုံးပင့်ပြီး ကြည့်လိုက်တယ်။
လုယွင်ရှမ်းကအလွန်လှပပြီး သူမရဲ့အလှဟာ လွန်ကဲတာမဟုတ်ကြောင်း ငြင်းမရဘူး။ သူမရဲ့ ရိုးရှင်းတဲ့ ၀တ်စားဆင်ယင်မှု နဲ့ ပေါ့ပါးတဲ့ မိတ်ကပ်လိမ်းခြယ်မှုတွေက သူမကို ပြောင်မြောက်ပြီး ဖြူစင်တဲ့ ဆွဲဆောင်မှု ဖြစ်စေခဲ့တယ်။
သို့သော် သူမရဲ့မျက်လုံးထောင့်များက အထက်မျဉ်းကွေးဟာ သူမကို တော်ရုံလူနဲ့ မတန်ကြောင်း သက်သေပြနေသလို ထင်ရှားစေတယ်။
သူမက သူတပါးကို ငေးကြည့်ရင်း အဆက်မပြတ် ရှုတ်ချသော ခံစားချက်ကို ထုတ်ဖော်နေတယ်။
“တကယ်တော့ကျွန်မ ကောင်းကောင်း မရေးနိုင်သေးပါဘူး…. ကျွန်မကိုယ်ကျွန်မ အရူးမလုပ်ချင်ဘူး….. ဒါပေမဲ့ အစ်မ ရှားရှားပါးပါး ပြန်လာတဲ့အချိန်လေးမှာ ညီမလေးက စိတ်အနှောင့်ယှက်ပေးဖို့ မကြိုးစားချင်ဘူး…. ညီမလေးကို နောက်ကျ ကောင်းကောင်း သင်ပြ ပေးပါ…..”
လုယွင်ရှမ်းရဲ့ အပြုံးက ပျော့ပြောင်းသွာပျော့ပြောင်းသွားတယ်။
မြို့စားကတော်ဟောင်းနဲ့ အိမ်ရှေ့မင်းသားရှေ့မှာ သူမရဲ့အရည်အချင်းကို ထုတ်ပြဖို့ ထိုအခွင့်အရေးကို အသုံးချလိုတာဟာ ထင်ရှားတယ်။ တစ်ချိန်တည်းမှာဘဲ သူမက လူတိုင်းအား သူ့ရဲ့လက်ရေးအစစ်အမှန်ကိုပြသပြီး ကူးရေးထားတဲ့ကျမ်းစာနဲ့ တူမတူ စစ်ဆေး စေချင်တာဘဲ ဖြစ်တယ်။
ခြုံပြောရရင် သူမဟာ စာကောင်းကောင်း ရေးတတ်တာကို မယုံကြည်ဘဲ မြို့စားကတော်ဟောင်းက သူမအား စိတ်ပျက်စေဖို့ မျှော်လင့်ချက်နဲ့လုပ်နေတာဖြစ်တယ်။
မကောင်းတဲ့ ရည်ရွယ်ချက်ကို ညီအစ်မကြားက ရင်းနှီးမှုစတင်ခြင်းဆိုတဲ့ အကြောင်းပြချက် အောက်မှာ ၄င်းကို ဖုံးကွယ်ထားကြတယ်။
ညီအစ်မနှစ်ယောက်က သူ့အလိုလို အရေးအသားကို လုပ်ဆောင်ချင်နေတာမို့ မြို့စားကတော်ဟောင်း ရဲ့ စိတ်ဝင်စားမှုက သေချာပေါက် အထွတ်အထိပ်ပဲ ဖြစ်နေတယ်။
ထို့အပြင် ယနေ့ အပြင်ဘက်ရာသီဥတုကလဲ သာယာနေတယ်။ မြို့စားကတော်ဟောင်းက ညီအစ်မနှစ်ယောက်ကို စာရေးဖို့ ခြံဝင်းတွင်းသို့ သွားခဲ့တယ်။
အစေခံများက စာရွက်နဲ့ မှင်ကျောက်များနဲ့အတူ စားပွဲနှစ်လုံးကို ခပ်မြန်မြန် ပြင်ပေးလိုက်တယ်။
လုလျန့်ဝေ ခဏလောက်စဉ်းစားပြီးနောက် လုယွင်ရှမ်း နှင့် ဆွေးနွေးမှုစတင်ခဲ့တယ်။ “အဖွားက ကျွန်မတို့နဲ့ အတူရှိနေတဲ့ ဒီလိုရှားပါး အခြေနေမှာ အဖွားကို ကျွန်မတို့အတွက် ခေါင်းစဉ်တစ်ခုပေးခိုင်းလိုက်မယ်လေ… အစ်မ ဘယ်လိုသဘောရလဲ…..”
တအားသိသာသွားမှာ စိုးရိမ်လို့သာ သူမက ကျမ်းစာတွေကို ကူးရေးဖို့ဘဲ အကြံပြုခဲ့ပေမယ့် လုလျန့်ဝေ က အခုအချိန်မှာ သူတို့အတွက် ခေါင်းစဉ်တစ်ခုပေးဖို့ အဖွားကို တောင်းဆို နေတာမို့ အရာအားလုံးက သူ့ဆန္ဒ အတိုင်း ဖြစ်သွားတယ်။
သူမက အဖွားရှေ့မှာ သူ့အရည်အချင်းတွေကို ထုတ်ဖော်ပြသဖို့ အခွင့်အရေး မရှိမှာကို စိုးရိမ်နေတာ။ မိုက်မဲတဲ့ လုလျန့်ဝေက သူမရဲ့ ပြဿနာများကို ဖြေရှင်းပေးခဲ့တယ်။
“အစ်မက ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေတယ်…. အဓိက က ညီမလေး အဆင်ပြေရင် ရပြီ….”
လုလျန့်ဝေ က သူမကို မော့ကြည့်လိုက်တယ်။ ‘မင်းအပေါ်မှာပဲ အဓိက မူတည်တယ်’ ဆိုတာ သူက ဘာကိုဆိုလိုတာလဲ။
လုယွင်ရှမ်း က သူမဟာပညာနိမ့်ပါးပြီး ကျွမ်းကျင်မှုမရှိတာမို့ ကဗျာတစ်ပုဒ်ရေးရန် မတတ်နိုင်ဘူးလို့ သွယ်ဝိုက်ပြောသွားတာ ဖစ်ပါတယ်။
“ကိစ္စမရှိပါဘူး….. ညီမလေးက အစ်မရဲ့ ထက်မြက်တဲ့ အရည်အချင်းကို နှိုင်းယှဉ်လို့ မရဘူးဆိုတာ သိပါတယ်….ဒါပေမယ့် အစ်မက အခု အိမ်ရှေ့စံ ကြင်ယာတော် ဘွဲ့ကို ရနေပြီ
ဆိုမှတော့ အမရဲ့ ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ပေးနိုင်ဖို့ တစ်ခါလောက် ပျော်တော်ဆက် လုပ်ပေးရတာ ဝမ်းသာပါတယ်…. ဒါက ကြီးကြီးမားမား တော့ မဟုတ်ပါဘူး……”
သူမရဲ့စကားများကို နားထောင်ပီး လုယွင်ရှမ်း အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားတယ်။ သူမက မြို့စားကတော်ဟောင်း ကို အလိုလို ကြည့်လိုက်မိတယ်။
ဟုတ်ပါတယ် မြို့စားကတော်ဟောင်း ရဲ့ မျက်နှာက အနည်းငယ် ဖြူဖျော့သွားတယ်။
လုယွင်ရှမ်း သည် လုလျန့်ဝေ ကို စိတ်ထဲက ကျိန်ဆဲလိုက်တယ်။
“ညီမလေး ဒီလိုစကားတွေကို ထပ်မပြောပါနဲ့…. အစ်မက အိမ်ရှေ့မင်းသားနဲ့လက်ထပ်ခဲ့ပေမယ့်
လု မိသားစုရဲ့သမီးတစ်ယောက်ပဲလေ….. မင်းကအမြဲတမ်း ငါ့ညီမပါပဲ……”
“ဒီလိုတွေးရင်တော့ အကောင်းဆုံးဖြစ်မှာပါ အစ်မ… ဒါပေမယ့် နောက်တစ်ခါ အစ်မ ပြန်လာရင် အခမ်းအနားမကျင်းပမိအောင် အစွမ်းကုန်ကြိုးစားပါလို့ ညီမလေး သတိပေး ပါရစေ.. … ကျွန်မတို့လူငယ်တွေက အဆင်ပြေပါတယ်……ဒါပေမယ့် အဖွားက အသက်ကြီးနေပီမို့ အစ်မကိုကြိုဆိုဖို့ အိမ်တော်တံခါးကို အပြေးအလွှားသွားကတာ သူမအတွက် ပင်ပန်းလွန်းတယ်…. တကယ်တော့ အစ်မက အိမ်ရှေ့မင်းသမီးဖြစ်နေတာမို့ ကြိုဆိုဖို့ အိမ်တော်တံခါးဝကို သွားရတယ်ဆိုတာလဲ ဖြစ်သင့်ပါတယ်……”
ဆက်ရန်….
အခန်း(၃၆) ပညာအရည်ချင်းမရှိတဲ့ ငတုံး။
February 11, 2024
သူမပြောတာကိုကြားလိုက်တော့ လုယွင်ရှမ်းရဲ့ ရင်ဘတ်တခုလုံး ကဆုန်ပေါက်သွားတယ်။
ဒီတစ်ခေါက်ပြန်ရောက်လာတုန်းက အဖွားရဲ့ သူ့အပေါ်ထားတဲ့ သဘောထားက သိသိသာသာ မှုန်ဝါးသွားတာ အံ့သဩစရာမရှိတော့ဘူး။ ထိုအရာက ပြဿနာဖြစ် ကြောင်း ထွက်ပေါ် လာခဲ့တယ်။
“အဖွား……. ကျွန်မ…….”
“ဝေဝေရဲ့ ပေါက်ကရစကားတွေကို နားမထောင် ပါနဲ့…. အဘွားက အသက်ကြီးနေပေမဲ့ စံအိမ်တံခါးကို လျှောက်ဖို့လောက်တော့ ခွန်အား ကျန်နေသေးတယ်…..”
မြို့စားဟောင်းကတော် က ဖြတ်ပြောလိုက်တယ်။
လုယွင်ရှမ်း ၏ မျက်နှာဟာ နီရဲလာတယ်။
မြို့စားဟောင်းကတော် ငယ်စဉ်က မြို့စားမင်းနဲ့အတူ စစ်မြေပြင်ကို ဖြတ်သန်းခဲ့ရပြီး ဂုဏ်သိက္ခာ မနိမ့်ကျခဲ့ဘူး။ သို့သော်လည်း ယခု အသက်ကြီး လာတဲ့အခါ မြေးမလေးကို နှုတ်ဆက်ကာ ဂါရဝ ပြုရတဲ့အခါ သူမ စိတ်ထဲမှာ အဆင်မပြေဖြစ်မှာ သေချာတယ်။
ယခု အဘွား ပြောတဲ့စကားကို သူမကြားလိုက်ရတော့ လုယွင်ရှမ်းဟာ အလွန်စိုးရိမ်ပူပန်ပြီး နောင်တရသွားတယ်။
ဒီနေ့ သူမ မလာခင်မှာ သခင်မကျန်း ကို စာတစ်စောင် ပို့ပေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တာပင်။ ဒါပေမဲ့ အဖွားကို မထိတ်လန့်စေဖို့ ရိုးရိုးရှင်းရှင်းဘဲ ပြင်ထားရန် သူမက သတိပေးဖို့ မေ့သွားခဲ့တယ်။
မြို့စားမင်းအိမ်တော် တံခါးရှေ့ရောက်မှပဲ သူမတွေးမိတယ် ။ သို့သော် နောက်ကျနေပြီဖြစ်တယ်။
မြို့စားဟောင်းကတော်ဟာ ထိုအချိန်က သူမရဲ့ ဒေါသကို ထုတ်ဖော်ပြောဆိုခြင်း မရှိတာ မို့ သူမက ထိုအဖြစ်အပျက်ကို ဘယ်တော့မှ စိတ်ထဲမထား မိခဲ့ဘူး။
အခုတော့ လုလျန့်ဝေ က သူမရဲ့ နားလည်မှုကင်းမဲ့မှုကို မီးမောင်းထိုးပြနေတယ်။ မြို့စားဟောင်းကတော် ကို ဂရုမစိုက်ဘဲ သူမကိုယ်သူမ အရိုသေမဲ့တဲ့ပုံ ဖြစ်စေတယ်။
သူမသည် တစ်ခုခုပြောခြင်းဖြင့် အခြေအနေကို ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း မြို့စားဟောင်းကတော် သည် စတင်ပြောဆိုနေပြီဖြစ်တယ်။
“အခုက မတ်လကို ရောက်နေပြီ….. နွေဦးရာသီ ရောက်နေတာမို့ မြက်ပင်တွေဟာလဲ ရှည်နေပီ…..နိုက်တင်ဂေးလ်ငှက်တွေလဲ လေထဲတွင် မြင့်မားစွာ ပျံနေကြတယ်…. အနီရောင် တောက်တောက် ပန်းများပွင့်နေချိန်မှာ မိုးမခပင်များကလဲ စိမ်းစိုနေတယ်….. နှစ်ယောက်စလုံးက ဒီအကြောင်းအရာကို သုံးပြီး ကဗျာတစ်ပုဒ်ရေးလိုက်ပါ……”
ခဏရပ်ပြီးနောက် သူမဟာ လုလျန့်ဝေ ကို တစ်ချက်ကြည့်လိုက်တယ်။
“ကိုယ်တိုင်ရေးဖွဲ့ဖို့ မလိုဘူး….. မင်းဖတ်ဖူးတဲ့ စာအုပ်တွေထဲက ကောင်းတာတွေရှိရင်လည်း ချရေးလို့ရတယ်…….”
ညွှန်ကြားချက်များက လုလျန့်ဝေ အတွက် သိသိသာသာ အကျိုးရှိခဲ့တယ်။
လုလျန့်ဝေရဲ့ထုံးစံအတိုင်း ရူးသွပ်တဲ့ အကျင့်ကြောင့် သူမဟာ လေ့လာမှုတွင် ကောင်းစွာ မအောင်မြင်ခဲ့ဘူး။
အလွန် အထင်သေးတဲ့ ခံစားချက်ဖြင့် လုယွင်ရှမ်းက လုလျန့်ဝေ အား ရှုံ့ချသော အကြည့်ဖြင့် ကြည့်လိုက်တယ်။
မြို့စားဟောင်းကတော်ရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်များဟာ အားလုံး ပျက်စီးသွားခဲ့တယ်။
သူ့မျက်နှာမှလွဲပီး ဘာမှအသုံးမဝင်တဲ့ လုလျန့်ဝေ ဟာ ပညာနိမ့်ပါးပြီး ကျွမ်းကျင်မှုမရှိတဲ့ သူတယောက်ပါ။
ကူးယူဖို့ ခွင့်ပြုခံရပေမဲ့ ဘယ်လိုလုပ်ရမလဲသူမ မသိဘူး။
လုယွင်ရှမ်းက သိမ်မွေ့စွာ ပြုံးပြရင်း တိတ်ဆိတ်နေခဲ့တယ်။ လက်တစ်ဖက်ဖြင့် အင်္ကျီလက်ကို ကိုင်ထားပြီး အခြားတစ်ဖက်ကို အသုံးပြု၍ စုတ်တံကို မြှင့်ကာ မှင်ထဲတွင် နှစ်ပြီး တခဏချင်း တွေးတောနေတယ်။ ထို့နောက် ခေါင်းကို မော့ကာ စာရွက်ပေါ်တွင် ရေးချလိုက်တယ်။
“ကျွန်မရဲ့ ကဗျာဆန်တဲ့နှလုံးသားကို နှိုးဆွပေးနိုင်တဲ့ အလှဆုံးရှုခင်းက နွေဦးအစမှာဖြစ်ပြီး….. မိုးမခအရွက်တွေက မညီမညာနဲ့ အဝါဖျော့ဖျော့ ဖူးပွင့်တွေ ထွက်လာတယ်…… ရှန်းလင်း ပန်းတွေ ပွင့်လာချိန်အထိ စောင့်လိုက်ရင် ကျွန်မတို့ အခန်းထဲက ထွက်ပြီးတာနဲ့ နေရာတိုင်းက ပန်းတွေကို လူတွေ သဘောကျနေတာကို တွေ့ရမှာပါ……”
လုံချီက စာကြောင်းတစ်ခုစီကို စကားလုံးတစ်လုံးချင်း ရွတ်ဆိုလိုက်တယ်။ ကြည်လင်သော ငြိမ့်ညောင်းတဲ့ အသံကြောင့် ကဗျာဟာ လူအများရဲ့ နှလုံးသားကို ထိမိစေနိုင်တယ်။
လုံချီက ကဗျာရွတ်ဆိုပြီးနောက်တွင် ဖော်ပြထားတဲ့ ပုံရိပ်များကို မှတ်သားခဲ့တယ်။ သူ့မျက်လုံးများတွင် မြတ်နိုးမှုအရိပ်အယောင်ကို ဖုံးကွယ်ထားလို့မရဘူး။
မြို့စားဟောင်းကတော် ကလည်း ခေါင်းညိတ်လိုက်တယ်။
“ရှမ်းအာ ရဲ့ကဗျာက စွဲဆောင်မှုရှိတယ်… သူသုံးတဲ့ စကားလုံးတွေက မြင့်မြတ်သူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာရှိတဲ့ ပုံစံကို ထွက်ပေါ်စေတယ်….”
အိမ်ရှေ့မင်းသားနှင့် မြို့စားကတော်ဟောင်းတို့ရဲ့ ချီးကျူးမှာကို သူမ သမီးရတဲ့အခါမှာ သခင်မကျန်းက ဝမ်းသာပီတိဖြစ်နေခဲ့တယ်။
လုလျန့်ဝေအတွက် နဲနဲမှ ထိခိုက်မှု မရှိခဲ့ပါ။ အစကတော့ ကဗျာရေးနည်းကို မသိပေမယ့် အခုလက်ရှိမှာ ဂန္ထဝင်ကဗျာစာအုပ်တချို့ကို ဖတ်ဖူးထားသည်။
ထို့ကြောင့် ကဗျာကောင်းအချို့ကို ကူးယူရန် သူမအတွက် ခက်ခဲမည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ်၊ မြို့စားဟောင်းကတော် က ကဗျာရေးနည်းကို မသိရင် တခြားကဗျာတွေကနေ စာကြောင်းတွေကို ကူးယူနိုင်တယ်လို့ ပြောခဲ့တယ်။
ခြံဝင်းထဲမှာ ချယ်ရီပန်းတွေ ပွင့်နေတာကို သတိထားမိပြီး စာရွက်ပေါ်မှာ ကဗျာမရေးခင် ခဏလောက် စဉ်းစားကြည့်နေတယ်။
“ဒီနေ့မှာပဲ မနှစ်က ဒီတံခါးမှာလူတွေ နဲ့ ချယ်ရီပန်း အနီရောင်တွေ ပွင့်နေခဲ့တယ်…. လူတွေကတော့ အခုမသိတဲ့ နေရာတွေမှာ ရောက်နေပေမယ့် ချယ်ရီပန်းတွေကတော့ နွေဦးလေထဲမှာ အလင်းတန်းတွေအဖြစ် ရှိနေသေးတယ်….”
သူမ အသံက နူးညံ့တယ်။ ကဗျာရွတ်တဲ့အခါ သူမ ဟာကျန်းနန် မှ လာသူများသုံးတဲ့ အသံထွက်အတိုင်း နူးညံ့သိမ်မွေ့နေတယ်။
ထို့အပြင် ကဗျာရေးတဲ့အခါမှာလည်း သူမအသုံးအနှုန်းဟာ အလွန်လေးနက်တယ်။ သူမ ခေါင်းကို မြှောက်လိုက်တာနှင့် နေရောင်အောက်တွင် လှပတင့်တယ်တဲ့ လည်ပင်းကို ပေါ်လွင်စေရန် သူမ ဆံပင်များက ပခုံးပေါ်မှ ချော်ကျသွားစေတယ်။