← Chapters

ယင်လက်ထပ်ထိန်းမြားခြင်း(3)

Vol. 4 Ch. 38

ယင်လက်ထပ်ထိန်းမြားခြင်း(3)

Vol. 4 Ch. 38

“တချို့လူတွေက တိရိစ္ဆာန်ဖြစ်ဖို့တောင် မထိုက်တန်ဘူး”

“အဘိုးကြီးချန်.. မြန်မြန်လုပ်စမ်းပါ၊ အဲဒီကောင်မလေးကို ထွက်မပြေးစေနဲ့!’

စွန်းကျန်းနှင့် စွန်းမိသားစု၏ မျက်နှာများကို ကြည့်ပြီး အဖိုးကြီးချန် အနည်းငယ်စိတ်ပျက်မိသည်။ ငွေအများကြီး ပေးထားတာကြောင့်သာမဟုတ်ပါက သူ ဤမိသားစုနှင့် လုံးဝအလုပ်တွဲမလုပ်ချင်ပေ။

လူကြီးများက ယုတ်မာပြီး တကိုယ်ကောင်းဆန်သည်။ သားက ပြစ်မှုကျူးလွန်ထားပြီး သမီးကလည်း ငယ်ငယ်ရွယ်ရွယ်နှင့် သွေးကြွေးတင်နေခဲ့ကာ သရဲလိုက်သည်ကို ခံနေရသည်။ တစ်မိသားစုလုံးက အဆိပ်ပြင်းကြသူတွေချည်းသာဖြစ်လေ၏။

စွန်းယွင်က သရဲခြောက်သည်ကို ခံခဲ့ရချိန်တွင် စွန်းမိသားစုက သူတို့၏သမီးမှ အမှားလုပ်ထားသည်ဟု တစ်ချက်မှ မတွေးတောခဲ့ချေ။ သူတို့က သရဲကို မည်သို့နှင်ရမည်လဲဟူသည်ကိုသာ တွေးတောကြသည်။

အမေစွန်းက အဆိပ်ပြင်းသည့် အကြံတစ်ခုကို ပြောလာခဲ့သည်။ ယင်လက်ထပ်ထိမ်းမြားမှု လုပ်ထားသည့် အမျိုးသမီးကြယ်ပွင့်က မဟုတ်လျှင်တောင် သေတော့မှာဖြစ်သောကြောင့် သူမနဲ့ စွန်းယွင်၏ ကံကြမ္မာကို ပြောင်းလိုက်ကာ ‘ဆိုးရွားတဲ့သရဲ’ကို လက်စားချေခိုင်းလိုက်ပြီး သူမ၏ အဖိုးတန်သားနဲ့ အတူနေနိုင်ဖို့ပင် ဖြစ်သည်။

ထိုအမျိုးသမီးကြယ်ပွင့် စွန်းမိသားစုနှင့်တွေ့ရသည်မှာ ကံဆိုးလှသည်ဟုသာ ဆိုနိုင်ပေတော့မည်။

အဖိုးကြီးချန်က လက်ကို ဝှေ့ရမ်းကာ စွန်းကျန်းကို အင်္ကျီလက်ထဲတွင် ပုန်းအောင်းခိုင်းလိုက်ပြီး ယင်စွမ်းအင်ထွက်လာနေသည့် လမ်းအတိုင်းလျှောက်သွားလိုက်သည်။ သူက ကိုယ်ပျောက်အဆောင်ကျမ်းစာရွက်ကို အသုံးပြုပြီး အဆောက်အဦးထဲကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

တိုက်ခန်းထဲသို့ ရောက်သည်နဲ့ အိပ်ခန်းထဲတွင် ဖြူဖျော့ပြီး လှုပ်ရှားမှုမရှိတော့သည့် အမျိုးသမီးတစ်ယောက်က အိပ်ယာပေါ်တွင် ရှိနေသည်ကို မြင်လိုက်ရသည်။

စွန်းကျန်းက အင်္ကျီလက်ထဲကနေ ထွက်လာပြီး ရွံရှာသည့် အမူအရာနှင့် ပြောလာသည်။

“ချီးပဲ.. သူက ဘာလို့ ဒီလိုရုပ်မျိုးကြီး ဖြစ်သွားရတာလဲ?”

အဖိုးကြီးချန် စိတ်ထဲမှာ တွေးလိုက်မိသည်။

‘အဲ့တာ မင်းညီမရဲ့ မျက်နှာပဲမဟုတ်ဘူးလား?’

“စိတ်မပူပါနဲ့ သူဌေး၊ သူရဲ့ အပြင်ပုံစံကပဲ ကြမ္မာပြောင်းလဲခြင်းကြောင့် ပြောင်းသွားတာပါ၊ သူ့ရဲ့ဝိဉာဉ်ကတော့ ခန္ဓာကိုယ်ထဲမှာပဲ နဂိုအတိုင်း ပိတ်ဆို့ခံထားရပါတယ်”

“ဒါဆိုလည်း မြန်မြန်ထုတ်လိုက်တော့လေ”

အဖိုးကြီးချန်ကတုံ့ပြန်လိုက်ပြီး လက်နှစ်ဖက်မှ လက်ချောင်းထိပ်များကို ဆိတ်ပြီးစတင်လိုက်သည်။

သို့သော်လည်း သူ ယွီထုန်လျို့၏ ဝိဉာဉ်ကို ဆွဲမထုတ်နိုင်ခဲ့ပေ။ ယင်လက်ထပ်ခြင်းစာချုပ်၏ အခြားတစ်ဖက်က တုံ့ပြန်မှုမရှိနေခဲ့။

တစ်စုံတစ်ခုက မှားယွင်းနေသည်ကို သိလိုက်သည်နဲ့ သူချက်ချင်းဆိုသလို သတိအနေထားဖြစ်သွားခဲ့သည်။

သို့သော်လည်း သူ မတုံ့ပြန်နိုင်ခင်မှာပင် ယွီထုန်လျို့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သည့် စွမ်းအားတစ်ခုက တိုးဝင်လာကာ သူ့၏ အစီအရင်များကို ပြိုယွင်းသွားစေခဲ့ပြီး သူ့ကို ပြန်လည်သက်ရောက်မှု ဖြစ်သွားစေခဲ့သည်။

အဖိုးကြီးချန် ပါးစပ်ထဲမှ သွေးတစ်ပွတ် အန်ထုတ်လိုက်ရပြီး ကြောက်လန့်တကြားဖြင့် မော့ကြည့်လိုက်သည်။

အခန်းထဲမှာ ဘယ်အချိန်တည်းက အခြားမိန်းမတစ်ယောက်ရှိနေတာလဲ!

သူမရှိနေတာကို သူ အစကနေ အဆုံးထိ လုံးဝသတိမထားမိခဲ့ပေ။

“ဒီတောက်ဓမ္မဆရာက ဘယ်သူပါလဲ? ငါက ဖန်းယွမ် တောက်ဓမ္မကျောင်းကနေ ကိစ္စလေးတွေ စီရင်ဖို့ လာခဲ့တာပဲ! တောက်ဓမ္မပညာရှင် အချင်းချင်း စည်းမဖောက်ဖို့ မျှော်လင့်ပါတယ်!!”

“စည်း??”

ကုကျစ်စုန့် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“တောက်ဓမ္မပညာရဲ့ စည်းမျဉ်းတွေမှာ မကောင်းတာကို ကူညီရမယ်၊ စွမ်းအားကို မတရားမှုမှာ အသုံးချလို့ရတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး! ပြီးတော့ တောက်ဓမ္မဂိုဏ်းသားတစ်ယောက်ဆိုပဲ!

တောက်ဂိုဏ်းတွေက ခွေးတွေ၊ကြောင်တွေကိုပါ လက်ခံနေကြတာပဲလား!!?”

အခြေအနေမဟန်ကြောင်းကို သတိထားမိသည့် စွန်းကျန်းက နံရံကို ဖောက်ထွင်းပြီး ထွက်ပြေးရန်လုပ်နေခဲ့သည်။

ကုကျစ်စုန့်က အေးစက်စွာဖြင့် :

“အဲဒီကောင်ကို တားထားလိုက်ဦး မှင်စာလေး”

သူမ၏ပုခုံးပေါ်မ’ စက္ကူရုပ်လေးက လှုပ်ခါသွားခဲ့ပြီး သွေးရောင်လွှမ်းနေသည့် အရိပ်တစ်ခု ခုန်ထွက်လာကာ စွန်းကျန်းကို တိုက်ရိုက်ခုန်အုပ်ပြီး ဆွဲကိုက်လိုက်ချေသည်။ အခန်းထဲတွင်တော့ ခေတ္တခဏလောက်ကြာသည်အထိ အသံနက်ကြီးဖြင့် အော်သံများ ဆူညံသွားသည်။

ဒေါသအလွန်ထွက်နေခဲ့သည့် ကုကျစ်စုန့်က လုံးဝအလျှော့မပေးခဲ့ချေ။ သူမက အဖိုးကြီး အသက်မရှူနိုင်ပင်ဖြစ်လာသည်အထိ တိုက်ခိုက်နေခဲ့သည်။ အဖိုးကြီးချန်မှာ အလွန်အမင်းကြောက်ရွံ့လာခဲ့ရသည်။

သူက ရင်ဘတ်ကို ဖိထားကာ နာကျင်မှုကို အောင့်အီးထားရင်း ဆိုသည်။

“တောက်ကျန်း၊ ရွမ်းမင်ဂိုဏ်းက တောက်ဆရာအချင်းချင်း သတ်ဖြတ်တာကို… တားမြစ်ထားတယ်၊ ငါက မကောင်းမှုလုပ်ထားတဲ့တောက်ဆရာအိုကြီး ဖြစ်နေရင်တောင်မှ ငါ့ကို ရွှမ်းမင်ကို အပ်ပြီးမှ တရားစီရင်လို့ရမယ်… မင်း ရွှမ်းမင်ဂိုဏ်းတစ်ခုလုံးကိုတော့ စိန်မခေါ်ရဲဘူးမလား!!”

စကားဆုံးတာနဲ့ သူ၏ နာကျင်မှုများက ပို၍ပြင်းထန်လာသည်ကို ခံစားလိုက်ရပြီး မျက်လုံးများပြုးကျယ်လာရသည်။

“မလုပ်နဲ့!! ငါ့ရဲ့ ပညာရပ်တွေ!!!”

အဖိုးကြီးချန်က နီရဲနေသော မျက်လုံးများဖြင့် လဲကျသွားခဲ့သည်။

ကုကျစ်စုန့်က အဖိုးကြီးချန်၏ ပညာရပ်များကို ဖျက်ဆီးလိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့၏ ငါးဆယ်ကျော်ဟု ထင်ရသည့် မျက်နှာကလည်း တဖြည်းဖြည်းအိုစာလာခဲ့သည်။ သို့သော်လည်း ထိုအရာက အစပျိုးရုံသာ ရှိသေးသည်။

သူက သူ့၏စွမ်းအားများနဲ့ ဆိုးရွားသည့်ကျင့်စဥ်များအား လျို့ဝှက်စွာ ပူဇော်မှုများကို ပြုလုပ်ခဲ့သည့်အတွက် မကောင်းမှုပြုသူများ၏ လားရာအတိုင်း ပြန်လည်တိုက်ခိုက်ခံရစမြဲပင် ဖြစ်လေသည်။

“ငါ သူတို့ကို စိန်ခေါ်တော့ရော ဘာဖြစ်လဲ?”

ကုကျစ်စုန့်က အောက်နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်တယ်။

“ရွှမ်းမင်ဂိုဏ်းဆိုတာလည်း ပြင်ဆင်ချိန်တန်နေပြီပဲလေ”

ထိုအချိန်တွင် အိပ်ရာပေါ်တွင်လှဲနေသည့် ယွီထုန်လျို့က ထ,ထိုင်နေခဲ့ပြီ။

အဖိုးကြီးချန်၏ ပညာရပ် လုံးဝ ဖျက်ဆီးခံလိုက်ရပြီးသည့်နောက်တွင် သူအသုံးပြုထားသည့် ဘဝပြောင်းလဲခြင်း အစီအရင်ကလည်း သဘာဝအတိုင်း ပြိုကွဲသွားခဲ့သည်။

သူမ၏ ပျောက်ဆုံးသွားသည့် ကံကောင်းခြင်းနှင့် ကြမ္မာကောင်းတို့က သူမ၏ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်လာခဲ့သည်။ ယွီထုန်လျို့၏ ရင်ဘတ်က နွေးထွေးနေခဲ့ပြီး ရက်အတော်ကြာအောင် နာကျင်လေးလံနေခဲ့သည့် သူမ၏ ခြေလက်များက ပြန်လည် သန်မာလာခဲ့သည်။

သူမ အံ့ဩနေစဉ်မှာပဲ အခန်းတွင်းက ရုတ်တရက်တိတ်ဆိတ်သွားမှုကြောင့် အခန်းထဲသို့ ဝင်လာသည့် ရှင်းလန်က သူမ၏မျက်နှာကို မြင်ပြီးနောက် အံ့အားသင့်စွာ ပြောလိုက်သည်။

“ထုန်လျို့၊ မင်းရဲ့မျက်နှာ ပြန်ရောက်လာပြီ!”

ကုကျစ်စုန့်က ခေါင်းထောင်ပြီး ပြောလာသည်။

“အချိန်ကိုက်ပဲ၊ ရဲခေါ်လိုက်တော့”

“ဟင်?”

ရှင်းလန် ကြောင်အသွားသည်။

“ဝိဉာဉ်ပိုင်းဆိုင်ရာ အဖြစ်အပျက်တွေကို ရဲနဲ့ ဖြေရှင်းလို့ရလို့လား?”

“ဘယ်ရလိမ့်မလဲ? အိမ်ကို ဖောက်ထွင်းဝင်မှုနဲ့ ရဲကို ခေါ်ရမှာလေ၊ အိမ်ထဲကို ခိုးဝင်လာတဲ့ အဘိုးကြီးရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိနိုင်ဘူး၊ ဟုတ်တယ်မလား?”

နာရီဝက်ခန့်ကြာပြီးနောက် ဖုန်းလက်ခံရရှိခဲ့သည့် ရဲများရောက်ရှိလာခဲ့ပြီး ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ အိပ်ခန်းက ရှုပ်ပွနေခဲ့ပြီး အခန်းထဲတွင်တော့ နာမည်ကြီး မင်းသမီးနှစ်ယောက်လည်းရှိနေသည်။

တစ်ယောက်က နာမည်ကောင်းနဲ့ ကျော်ကြားသည့် မင်းသမီးဖြစ်ပြီး သူတို့ရောက်ရှိချိန်တွင် မှန်ကို ကြည့်ရင်းနဲ့ သူမ၏မျက်နှာကို ဂရုတစိုက်ဖြင့် ကိုင်ကြည့်နေခဲ့သည်။

နောက်ထပ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မင်းသမီးကတော့ ဝါးခုံပေါ်တွင် ထိုင်နေရင်း ရေနွေးကြမ်းကို မှုတ်သောက်နေခဲ့သည်။

အခန်းထဲမှာတော့ သိသိသာသာ အေးစိမ့်နေခဲ့ပြီး ရဲများမှာ ဝင်လာပြီးသည်နှင့် ကြက်သီးထသွားကြရသည်။ ကျန်ရှိနေသည့် ဝတ်စုံပြည့်နှင့် အမျိုးသမီးတစ်ယောက်ကတော့ သူတို့ဝင်လာသည်ကိုမြင်သည်နှင့် လှမ်းပြောလာသည်။

“ရဲအရာရှိတို့၊ ဒီလူက ဒီသီးသန့်အိမ်ရာထဲကို ဝင်ပြီး ကျွန်မရဲ့ အနုပညာရှင်ကို တစ်ခုခုလုပ်ဖို့ ကြိုးစားနေတာ”

“ဟုတ်ပါတယ်၊ ရဲအရာရှိကြီး၊ ကျွန်မတို့ အရမ်းကြောက်နေခဲ့တာ”

ကုကျစ်စုန့်က မျက်နှာတည်တည်ဖြင့် ခေါင်းငြိမ့်ရင်း ထောက်ခံလာသည်။

မြေပြင်ပေါ်မှာ လဲနေသည့် အဖိုးကြီးနဲ့ မသင်္ကာစရာကောင်းသည့် သွေးကွက်ကို ကြည့်ပြီးနောက် ရဲအရာရှိများ :

“……”

ဒီအဖိုးကြီးက မည်သည့်နေရာက ပေါ်လာသည်၊ မည်သို့ ဝင်လာသည်၊ မည်သည့်အတွက်ကြောင့် သွေးများအန်ထားသည် .. စသည်တို့ကို အမျိုးသမီး သုံးယောက်က မဖြေဆိုနိုင်ခဲ့ချေ။ ထို့ကြောင့် သူတို့မှာ အဖိုးကြီးချန်ကို စစ်ဆေးမေးမြန်းရန် ခေါ်သွားရုံမှအပ မတတ်နိုင်ခဲ့ပေ။

အိမ်ပြင်သို့ ပြန်ထွက်သွားသည့် ရဲသားများ မသိသည်ကတော့ သူတို့ တွေ အိမ်ထဲတွင် အေးစိမ့်နေရသည့် အကြောင်းရင်းမှာ အိမ်ထဲတွင် မမြင်ရသည့် သရဲနှစ်ကောင် ရှိနေခြင်းကြောင့်ပင် ဖြစ်ပေသည်။

ဝတ်ရုံနီသရဲ ဖန်းချောင်ယွမ်က ကုကျစ်စုန့်ကို သိပ်ပြီးသဘောမကျခဲ့သော်လည်း စွန်းကျန်းထက်တော့ သူမက အများကြီး သာသေးသည်။

သို့နှင့် ဖန်းချောင်ယွမ်က စွန်းကျန်းကို မသေရုံတမယ် ဝိဉာဉ်စွမ်းအင်လောက်သာ ချန်ထားခဲ့ပြီး စွန်းကျန်း၏ ဝိဉာဉ်တစ်ဝက်လောက်ကို ဝါးမြိုထားခဲ့သည်။

ဖန်းချောင်ယွမ် : “စုန့်ကျဲကျဲ၊ ဒီကောင်ကို ဘယ်လို လုပ်လိုက်ရမလဲ?”

ကုကျစ်စုန့်ကလည်း ယွီထုန်လျို့ဘက်ကို ကြည့်လိုက်တယ်။

“ထုန်လျို့ကျဲ၊ ဘယ်လိုထင်လဲ?”

“မသိဘူး၊ ငါသူ့ကို သေစေချင်ပေမယ့် သူက သေပြီးသားသရဲဖြစ်နေတယ်လေ”

“သရဲတွေ ထပ်မသေနိုင်ဘူးလို့ ဘယ်သူပြောလဲ?”

ကုကျစ်စုန့်က လေသံအေးအေးဖြင့်သာ ပြောလိုက်သော်လည်း သူမ၏စကားလုံးတွေက စွန်းကျန်းကို တုန်လှုပ်သွားစေသည်။ သရဲတွေ သေသွားသည်ဆိုပါက သူ့၏ ဝိဉာဉ်က လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်!!

စွန်းကျန်း လဲပြိုကျသွားရပြီး တောင်းပန်တော့သည်။

“မလုပ်ပါနဲ့၊ မလုပ်လိုက်ပါနဲ့ မစ္စယွီ၊ ငါမှားပါတယ်၊ ငါ့ခွင့်လွှတ်ပေးပါ !!မင်းရဲ့ ဘဝကို ပြောင်းလဲဖို့က ငါပြောခဲ့တာ မဟုတ်ရပါဘူး! ဟုတ်တယ်! အဲဒါက ငါ့ရဲ့မိသားစုတွေ အတင်းအကြပ်စီစဥ်ကြတာကြတာ!!”

စွန်းကျန်းက တောင်းပန်ရင်း၊ ကိုယ့်ကိုကိုယ် ရိုက်နှက်ပြကာ အင်မတန် နာကျင်နေပုံပေါ်သည်။ သို့သော် ကုကျစ်စုန့်ကတော့ လှုပ်ရှားခြင်းမရှိခဲ့ပေ။ သူမ၏ရင်ထဲမှ ရှင်းပြလို့ မရနိုင်သေ ဒေါသထွက်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းက ပိုပိုပြီး ဆိုးရွားလာခဲ့သည်။

အဘယ်ကြောင့်လဲဆိုသော် စွန်းကျန်းမှာ အတွင်းထဲအထိ ပုပ်သိုးနေပြီး လုံးဝနောင်တမရသည်ကို သူမ မြင်တွေ့နေရသည်လေ။

အတိတ်တွင်လည်း သူ့၏လက်ထဲတွင် အပြစ်မဲ့သည့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး အမျိုးသမီးပေါင်းများစွာသည်လည်း ဘဝပျက်ခဲ့ရသည်။

သူမ ၏မျက်လုံးများက အေးစက်သွားပြီး သူမက လူတိုင်းအတွက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် အနက်ရောင် သရဲတံခါးတစ်ခုက အခန်းထဲတွင် ပေါ်လာခဲ့ပြီး အဖြုရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် ရှဲ့ပြန့်က နတ်ဆိုးလေများနှင့်အတူ ထွက်လာခဲ့သည်။

ကုကျစ်စုန့်၏ လက်အစီအရင်ကိုမြင်တွေ့ပြီးနောက် သူက ခဏရပ်သွားပြီး မေးလိုက်သည်။

“မင်း အဲဒါကို ဖျက်ဆီးပစ်မလို့လား?”

“ဟုတ်တယ်ဆိုရင်ရော?”

“မလိုအပ်ပါဘူး”

ရှဲ့ပြန့်က မျက်မှောင်ကြုတ်ရင်း အေးတိအေးစက်ဆိုလာသည်။

“ငါ အခုလာတာ အဲဒါကို ဖမ်းပြီး ငရဲဆယ့်ရှစ်ထပ်ကို ခေါ်သွားမလို့၊ သူက ငရဲမှာ အနည်းဆုံး နှစ်တစ်ထောင် အပြစ်ခံရမယ်၊ နှစ်တစ်ထောင်ပြီးရင် တိရိစ္ဆာန် ဆယ်ဘဝဖြစ်လိမ့်မယ်”

ရှဲ့ပြန့်က ကုကျစ်စုန့်အနေနဲ့ ထိုကောင်မျိုးအတွက်နှင့် အပြစ်ကြွေးတင်ရန် မလိုအပ်ဟု ထင်သည်။

သို့သော်လည်း ကုကျစ်စုန့်က ခေါင်းကိုရမ်းလိုက်ပြီး :

“တစ်ချိုု့လူတွေက တိရိစ္ဆာန်ဖြစ်ဖို့တောင် မထိုက်တန်ဘူး၊ ငရဲမှာနှစ်တစ်ထောင်ကျပြီး၊ တိရိစ္ဆာန်ဆယ်ဘဝဖြစ်ပြီးရင် ဒီကောင်က လူ့ကမ္ဘာကို ပြန်ဝင်လာဦးမှာပဲ”

သူမက လက်ထဲမှ အစီအရင်ကို ပိုမို တင်းကြပ်လိုက်သောကြောင့် စွန်းကျန်း၏ ဝိဉာဉ်ကိုယ်မှာ တွန့်လိမ်သွားခဲ့ရပြီး‌ အော်ဟစ်ချိန်တောင် မရလိုက်ပါဘဲ ပိုင်ဝူချန်၏ ရှေ့မှောက်တွင်တင် ပေါက်ကွဲကာ လေထဲသို့ လွင့်သွားခဲ့သည်။

“အရာရှိအတွက် ဒီခရီးကို အလကားဖြစ်စေမိပါပြီ၊ ဒီသရဲလေးကလည်း မပြီးပြတ်သေးတဲ့ ကိစ္စလေးတွေ ရှိနေပါသေးတယ်၊ သုံးရက်အတွင်း သူ့ကို ကျွန်မကိုယ်တိုင် မြေအောက်ကမ္ဘာကို ပို့ဆောင်ပေးပါမယ်”

ယင်အရာရှိ၏ အဓိပ္ပါယ်ပြည့်ဝနေသည့် အကြည့်အောက်တွင် ကုကျစ်စုန့်က သူမ၏ လက်များကို အလွန်မနှိမ့်ချသလို အလွန်လည်းအပိုမဖြစ်စေသည့် ပုံစံဖြင့် အရိုအသေပြုလိုက်သည်။

ဝိဉာဉ်ဂိတ်ပျောက်ကွယ်သွားချိန်တွင် သူမ၏ မျက်လုံးများကြောင်အနေဆဲဖြစ်သည့် ဖန်းချောင်ယွမ်ထံသို့ ရောက်သွားသည်။

“ဘာလုပ်နေတာလဲ? သွားမယ်၊ ငါမင်းရဲ့ဆန္ဒကို ဖြည့်စည်းပေးမယ်”

ထိုသို့ပြောပြီးနောက် သူမက ဖန်းချောင်ယွမ်၏ စက္ကူလူသားရုပ်လေးကို ယူကာ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

All Chapters