← Chapters

အခန်း (၃၇-၃၉)

Vol. 1 Ch. 37-39

အခန်း (၃၇-၃၉)

Vol. 1 Ch. 37-39

အခန်း(၃၇ အံ့ဩခြင်းအရိပ်အယောင်များ လုလျန်ဝေမျက်လုံးနက်များမှ တစ်ဆင့်ပေါ်လာခြင်း။

February 11, 2024 by Duan Fei Lin (段飞林)

နွေဦးရဲ့ နွေးထွေးသော နေရောင်ခြည်များက သူမ ခန္ဓာကိုယ်ကို ညင်သာစွာ လင်းထိန်စေပြီး တောက်ပသော အလှကို တိုးစေတယ်။

ကဗျာတစ်ပုဒ်ပြီးတာနဲ့ သူမဟာ စုတ်တံကိုချပြီး မြို့စားကတော်ဟောင်းကိုလှည့်ကြည့် လိုက်တယ်။ သူမရဲ့ ကြည်လင်တောက်ပသော မျက်လုံးများပေါ်တွင် အလင်းအပိုင်းအစများ စီးဆင်းနေသလို လှုပ်ရှားမှုအနည်းငယ်တိုင်းဟာ တောက်ပနေတဲ့ အလင်းတန်းများ စီးဆင်းနေပုံရတယ်။

သူမက လျှာကိုထုတ်ပြလိုက်တယ်။

“အဘွား…..ကျွန်မ ကဗျာရေးပြီးပြီ….. ဒါပေမယ့် ရေးတာတော့ ကောင်းမယ် မထင်ဘူး….. အဘွား ကျွန်မကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်…….”

လုံချီဟာ သူမအား ကြောင်အ ပီး စိုက်ကြည့်နေမိတယ်။ ထို့နောက် မျက်လုံးကို အနည်းငယ်မှိတ်လိုက်တယ်။

တုံးအတဲ့ မိန်းကလေးဟာ ထိတ်လန့်ဖွယ်ကောင်းတဲ့ ရုပ်ပုံရှိတယ်ဆိုတာကို သူဘယ်တုန်းကမှ မသိခဲ့ဘူး။

“ဒီကောင်မလေး….. အဘွားက ညည်းကို အပြစ်ပေးမှာကြောက်တယ်လား…..” မြို့စားကတော်ဟောင်းက အော်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုလျန့်ဝေရဲ့ စားပွဲရှေ့ကို ရောက်သွားကာ သူမရဲ့ မျက်နှာပေါ်မှ အကြည့်များဟာ ပျော့ပျောင်းသွားပြီး သူမရှေ့မှ စာရွက်ကို လှမ်းယူလိုက်တယ်။

“ယမန်နှစ် တံခါးဝတွင် ဒီနေ့မှာဘဲ လူများနှင့် ချယ်ရီပန်းများ နီရဲနေပါတယ်…. လူတွေက အခုမသိတဲ့ နေရာတွေမှာ ရောက်နေကြပေမယ့် နွေဦးလေပြေထဲမှာ ချယ်ရီပန်းတွေက အလင်းတန်းတွေ အဖြစ်ရှိနေတုန်းပဲ…..”

ခဏအကြာတွင် မြို့စားကတော်ဟောင်းက လုလျန့်ဝေ ကိုခဏစိုက်ကြည့်နေလိုက်တယ်။ “ကောင်မလေး…… ဒီကဗျာကို မင်းကိုယ်တိုင်ရေးခဲ့တာလား…..”

လုယွင်ရှမ်းက သူမ၏လက်ထဲတွင် လက်ကိုင်ပုဝါကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူမ၏မျက်လုံးများတွင် တောက်ပနေသော ဆန်းပြားသောအကြည့်တစ်ခုပေါ်လွင်နေတယ်။

ကဗျာတစ်ပုဒ်ကိုတောင် အလွတ်မကျက်နိုင်တဲ့ ဒီဉာဏ်နည်းတဲ့မိန်းကလေးက ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ။

သခင်မကျန်း လည်း အလားတူ အတွေးမျိုး ရှိခဲ့တယ် ။ ထိုသနားစရာကောင်းတဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းက စိတ်ရူးပေါက်တဲ့အမူအရာဖြင့် ပြုမူခဲ့တာပင်။ စာအုပ်ပေါင်းများစွာတောင် မဖတ်ဖူးဘဲ ကဗျာရေးနည်းကို ဘယ်လိုသိတာလဲ။

အထင်သေးနေတဲ့ သားအမိနှစ်ယောက်ရဲ့ ဆန့်ကျင်ဘက်တွင် လုံချီဟာ လုလျန့်ဝေ ကို အနည်းငယ် စဉ်း စားကြည့်လိုက်တယ်။

လူတွေက အခုမသိတဲ့ နေရာတွေမှာ ရောက်နေပေမယ့် နွေဦးလေပြေထဲမှာ ချယ်ရီပန်းတွေကတော့ အလင်းတန်းတွေအဖြစ် ရှိနေတုန်းပဲလား။

လုလျန့်ဝေရဲ့ ကဗျာ အဓိပ္ပါယ်ကို ကောင်းစွာ နားလည်တာမို့ အထင်သေးတဲ့ မျက်လုံးများထဲတွင် အနည်းငယ် တောက်ပလာတယ်။

ဒီအမျိုးသမီးက သူ့ကိုယ်လုပ်တော်မဖြစ်ချင်ဘူးလို့ အရင်က ထုတ်ဖော်ခဲ့ဖူးတယ်။ သို့သော်လည်း သူမဟာ သူ့ကို မေ့မထားခဲ့တာက ထင်ရှားတယ်။ မဟုတ်ရင် သူဘာလို့ ဒီလိုကဗျာရေးရမှာလဲ။

မြို့စားကတော်ဟောင်းရဲ့မျက်လုံးများက ချီးမွမ်းခြင်းများဖြင့် ပြည့်နှက်လာတာကို မြင်လိုက်ရတယ်။

“အဘွား…… ကျွန်မကို တကယ်ဘဲ လျော့တွက်ထားတာကိုး…… ကဗျာတစ်ပုဒ်ကို ဘယ်လိုရေးရမလဲဆိုတာ ကျွန်မက ဘယ်လိုသိမှာလဲ…. အရင်တုန်းက ဖတ်ဖူးတဲ့ စာအုပ်ထဲက ဒီကဗျာကို မြင်ပြီး အလွတ်ရနေတာ…. ဒီကဗျာက တော်တော်လေး ကောင်းတယ်…..”

သူမပြောတာကိုကြားတော့ လုယွင်ရှမ်း ရဲ့နှုတ်ခမ်းထောင့်တွေက အပေါ်ကို ကွေးညွတ်သွားတယ်။ အနည်းဆုံးတော့ ဉာဏ်နည်းတဲ့ မိန်းကလေးက သူ့အဆင့်တော့ သူနားလည်သားဘဲ။

ထိုစကားကိုကြားတဲ့အခါ မြို့စားကတော်ဟောင်း က အနည်းငယ်စိတ်ပျက်သွားသော်လည်း အခြားရှုထောင့်မှ တွေးကြည့်တဲ့အခါ သူမရဲ့ မြေးမလေးက စာကျက်ခြင်းကို နှစ်သက်ခြင်း မရှိခဲ့ဘူး။ သူမက တစ်နေ့တာအတွင်း ထို ကျွမ်းကျင်မှုမျိုး မည်သို့ဖြစ်လာနိုင်မည်နည်း။

ထိုသို့တွေးရင်း သူမ စိတ်သက်သာရာရသွားကာ လုလျန့်ဝေ ဆံပင်ကို ပွတ်သပ်လိုက်တယ်။ “ကဗျာရေးနည်းမသိတာလဲ ကောင်းပါတယ်….. အဘွားက မင်းကို ဆရာလုပ်ခိုင်းချင်တာ မဟုတ်ဘူး… ဒါပေမယ့် မင်းကို အများကြီး အကျိုးရှိစေမယ့် စာအုပ်တွေကိုတော့နေ့တိုင်း များများဖတ်ရမယ်…….”

မြို့စားကတော်ဟောင်းက ဒါကိုမြင်ရသည့်အတွက် ပိုပီး ဝမ်းသာသွားတယ်။

“အဖွား အရင်ကလည်း စာအုပ်နည်းနည်းဖတ်ဖူး တယ်…… ဒါပေမယ့် မင်းရေးထားတဲ့ ဒီကဗျာကို အဘွား တခါမှ မတွေ့ဖူးဘူး…. ဘယ်စာအုပ်ထဲကလဲ…..”

“တွေ့ဖူးတဲ့စာအုပ်ကို မမှတ်မိတော့ပေမယ့် နောက်တစ်ခါတွေ့ရင် အဖွားဆီ သေချာပြန်ပို့ ပေးမယ်နော်…….”

သူမရေးသောကဗျာက လုလျန့်ဝေ အမည်မသိအရင်းမြစ်မှ ကူးယူထားတဲ့ ကဗျာထက် သာလွန်ကြောင်း ထင်ရှား။တယ်။ ဒါပေမဲ့လဲ မြို့စားကတော်ဟောင်းရဲ့အမြင်တွင် လုလျန့်ဝေ သာရှိတယ်။

သူမ နှလုံးသားထဲတွင်ထိုအရာက သူမကို အလွန်စိတ်မသက်မသာဖြစ်စေတယ်။

လှည့်ကြည့်လိုက်တော့ လုံချီက လုလျန့်ဝေ ကို စူးစူးစိုက်စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ ထိတ်လန့်တုန်လှုပ်ခြင်းအပြင် သူမက ချက်ချင်းပဲ မနာလိုစိတ်နှင့် ပြည့်နှက်နေခဲ့တယ်။

မြို့စားကတော်ဟောင်းက ထိုသို့ ဖြစ်နေသော်လည်း အိမ်ရှေ့မင်းသားက လုလျန့်ဝေ ကို အာရုံစိုက်နေတယ်။

လုယွင်ရှမ်း သည် လုလျန့်ဝေ အားရက်စက် ပြင်းထန်တဲ့ အကြည့်နဲ့ ကြည့်နေတယ်။

မွန်းတည့်ပြီး သိပ်မကြာခင်မှာဘဲ။ မီးဖိုချောင်က ဟင်းပွဲများနှင့် အချိုရည်များကို ပြင်ဆင်ထားပြီးတာမို့ လူတိုင်းကထမင်းစားရန် သက်ရှည်ခန်းမထဲမှာ ကျန်ခဲ့ပါတယ်။

ဆက်ရန်…

အခန်း(၃၈)လုံချီဟာဒေါသစိတ်ကြောင့် ညိုမဲလာတယ်။

February 11, 2024

မြို့စားကတော်ဟောင်းကထမင်းစားပြီးတဲ့နောက် နေ့ခင်း တစ်ရေးတစ်မော အိပ်လေ့ရှိတာမို့ လူတိုင်းက သူမနှင့် ခဏ စကားစမြည်ပြောပြီး တာနဲ့ အသီးသီး ထွက်ခွါသွားကြတယ်။

လုလျန်းဝေက ညနေဆည်းဆာ စံအိမ် သို့ ပြန်သွားရန် ဥယျာဉ်ကို ဖြတ်လျှောက်သွားတယ်။ မထင်မှတ်ပဲ သူမရှေ့က နန်းဆောင်ထဲမှာ လုံချီ ကိုတွေ့လိုက်တယ်။

လုံချီဟာ ဆင်စွယ်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူရဲ့ ကိုယ်လုံးကိုယ်ပေါက်ဟာ သွယ်လျတယ်။ အိမ်ရှေ့မင်းသား ဂုဏ်သိက္ခာနှင့် ဘုန်းအာနုဘော်ကိုထုတ်ဖော်ရင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ ထိုနေရာတွင် ရပ်နေတယ်။

လုလျန်းဝေက စိတ်ထဲကနေ အေးစက်စွာ ရယ်မောလိုက်ပြီး သူမ မျက်နှာပေါ်မှာတော့ လုံးဝ မကျေနပ်သည့် အကြည့်က ပေါ်လွင်နေတယ်။

သူမဟာ အဝေးကို ထွက်သွားဖို့ တခြားလမ်းကို လျှောက်ခါနီးမှာ လုံချီ က သူမကို တွေ့ပြီး။

“သခင်မလေး….. မင်းငါ့ကိုတွေ့ပြီးတာတောင် တခြားလမ်းကို ရှောင်သွားမှာလား……” သူမေးလိုက်တယ်။

လုလျန်းဝေဟာ သူမခြေလှမ်းများကို ရပ်တန့်လိုက်ပြီး စိတ်ထဲတွင် ကျိန်ဆဲလိုက်တယ်။ ဒါပေမဲ့ သူမဟာ ပြုံးပြလိုက်ပြီး အိမ်ရှေ့စံမင်းသားထံ ဦးညွှတ်ရန် ခြေလှမ်းပြင်လိုက်တယ်။

“လျန့်ဝေ က အိမ်ရှေ့စံမင်းသားကို နှုတ်ဆက်ပါတယ်…..”

သူမ ပြောလိုက်ပါတယ်။

နန်းဆောင်ပလက်ဖောင်းပေါ်တွင် ရပ်နေသော လုံချီက သူမအား အမြင့်မှ ငုံ့ကြည့်နေပါတယ်။ ထို့နောက် စင်မြင့်ပေါ်မှဆင်းကာ သူမနှင့် နှစ်လှမ်းအကွာအဝေးတွင် ရပ်လိုက်ပါတယ်။ သူ အတော်လေး စိတ်မရှည်ဖစ်နေပုံရပါတယ်။

“လုလျန်းဝေ၊ မင်းရဲ့ သေးသိမ်တဲ့ရည်ရွယ်ချက်လေး တွေကို ကို့ဘာသာဆင်ခြင်ပါ….. ငါကိုယ်တော်က မင်းကို လက်ထပ်မှာ မဟုတ်ဘူး…..”

လုလျန်းဝေကနားကြားမှားတာလားဆိုပြီး သူ့ကို စိုက်ကြည့်နေတယ်။

“လုလျန်းဝေ….. မင်းအရင်က ငါ့နှလုံးသားကို ဖမ်းဆုပ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူး….. အဲ့ဒါကြောင့် အနာဂတ်မှာလည်း မင်းကို ငါသေချာပေါက် သဘောကျမှာ မဟုတ်ဘူး…..”

လုလျန်းဝေက ယခုအချိန်တွင်သူမ နားကြားလွဲတာ မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ။ အိမ်ရှေ့မင်းသားရဲ့ညစ်ညမ်းတဲ့ အကျင့်ဆိုးက ပေါ်လာတယ်။

နားရွက်နောက်မှာ လေတိုက်နေတဲ့ ဆံပင်တွေကို ဆုပ်ကိုင်ဖို့ လက်ကို မြှောက်လိုက်ပြီး သူ့ကို ဂရုမစိုက်ဘဲ စိုက်ကြည့်နေတယ်။

“အိမ်ရှေ့စံမင်းသား…… ကျွန်မပြောချင်တာ တစ်ခုရှိတယ်…… ဒါပေမယ့် သင့်တော်ပါ့မလားတော့ မသိဘူး…….”

လုံချီက သူမရဲ့

ပျော့ညံ့တဲ့ တုံ့ပြန်မှုကြောင့် အတော်လေး ယိမ်းယိုင်သွားတယ်။ တကယ်လို့ ထိုအရာသာ အတိတ်ဖြစ်ခဲ့ရင် ထိုမိန်းမက သူ့အပေါ် လှဲချကာ ငိုကြွေးနေချိန်တွင် သူဘယ်လောက် နှစ်သက်ကြောင်း ဝန်ခံခဲ့မည်မှာ သေချာတယ်။

သူ့စကားကြားတော့ သူ့ရင်ထဲမှာ ထူးဆန်းတဲ့ခံစားချက်တစ်ခု တိုးဝင်လာဍတယ်။ ဒါပေမယ့် ဒီအမျိုးသမီး ဘာထပ်ပြောနိုင်မလဲဆိုတာ သူသိချင်တယ်။

လုလျန်းဝေ သက်ပြင်းတစ်ချက်ချလိုက်တယ်။ “မကြာသေးမီက ကျွန်မဟာ ဆေးစာအုပ်တချို့ကို ဖတ်ခဲ့ပြီး စိတ်ကစဉ့်ကလျား ဖစ်တဲ့ ရောဂါအမျိုးအစားအချို့ကို အဲဒီစာအုပ်တွေမှာ ဖော်ပြထားပါတယ်…….”

လုလျန်းဝေ က သူ့ကို အနှောက်အယှက်မပေးဘဲ စကားဆက်ပြောလိုက်တယ်။ “အဲဒီရောဂါဝေဒနာရှင်တွေက သာမန်လူတွေနဲ့ သိပ်မကွာခြားပေမယ့် တစ်ခါတစ်လေကျရင် စိတ်ရှုပ်ထွေးမှုတွေ ဒါမှမဟုတ် မူမမှန်တာတွေတောင် ကြုံတွေ့ရပါတယ်…. တခါတလေဆို စိုးရိမ်ပူပန်တာတွေနဲ့ လွဲမှားတာတွေတောင် ရှိလာနိုင်တယ်….. အဲလိုရောဂါမျိုးကပေါ်လိုက်ပျောက်လိုက်တတ်တယ်…….. အကျိုးသက်ရောက်မှုကလဲ အကောင်း ကနေ အဆိုးကို ပြောင်းလဲတတ်တယ်….. တစ်ခါတလေဆို သူတို့တွေက တယောက်ထဲတောင် စကားပြောနေတတ်တယ်……”

သူမဟာ ပြောပြီးသွားတော့ သူ့ရဲ့တုံ့ပြန်မှုကို မစောင့်ဘဲ နှုတ်ဆက်ဖို့ ဦးညွှတ်လိုက်တယ်။ “အိမ်ရှေ့မင်းသားမှာ တခြားဘာမှ မှာကြားစရာမရှိဘူးဆိုရင် လျန့်ဝေကို သွားခွင့်ပြုပါ……”

လုံချီ က သူမကို မော့ကြည့်လိုက်တယ်။ သူမပြောသည့်စကား၏ အဓိပ္ပါယ်ကို သူနားမလည်ပါ။

အိမ်ရှေ့မင်းသားရဲ့ လက်ရှိအခြေအနေက စိတ်ရောဂါဝေဒနာရှင်တစ်ယောက်နဲ့ တကယ်တူတယ်။

လုလျန်းဝေ အဝေးရောက်သွားတော့မှ သူမ ပြောနေသည့် စကားကို လုံချီ ရုတ်တရက် သဘောပေါက်သွားတယ်။

သူမက သူ့ကို စိတ်ကစဉ့်ကလျားရောဂါ တစ်ခုခုရှိနေကြောင်း အခိုင်အမာပြောဆိုခဲ့ တာပါ။

လုလျန်းဝေက တော်တော် ရဲတင်းတယ်။ သူ့ကို ဒီလို လှောင်ပြောင်ဖို့ သတ္တိရှိနေတယ်။

လုလျန်းဝေက ညနေဆည်းဆာစံအိမ်သို့ ရောက်တဲ့အခါတွင် အသံကျယ်ကျယ်ဖြင့် ရယ်နေပါတော့တယ်။

လုလျန်းဝေဟာ သူအံ့အားသင့်နေသော မျက်နှာကို သတိရကာ အူတက်သည်အထိ ရယ်မောလိုက်တယ်။ ခဏကြာမှာ သူမရပ်လိုက်တယ်။

_ဘယ်လောက်တောင် ရွံစရာကောင်းလဲ။ ကျိန်ဆဲနေတဲ့ကောင်က ကိုယ့်ရဲ့ ကျင်ကြီးကျင်ငယ် ထဲက ရောင်ပြန်ဟပ်တာကိုဘဲ ကြည့်ရှုသင့်တယ်။ သူ့ကို ဘယ်လို သဘောကျနိုင်မှာလဲ ။

ထိုခွေးမ လုယွင်ရှန် ကသာ သူ့ကို ရတနာသိုက်လို ဆက်ဆံနေတာ။_

လုလျန်းဝေဟာ ဆေးစာအုပ်ဖတ်နေစဉ် လုထင်ချန် ဝင်လာတာကို မြင်လိုက်ရတော့ သူမ အနည်းငယ် အံ့ဩသွားတယ်။

“အစ်ကို…… ဒီကိုဘာလို့လာတာလဲ……..”

သူမက မေးလိုက်ပါတယ်။

ဆက်ရန်…..

အခန်း(၃၉) ဆိုးတယ်လို့ မခံစားရဘူး။

February 11, 2024

လုထင်ချန်က သူမအား လျင်မြန်စွာ စစ်ဆေးလိုက်ပြီး သူမ အဆင်ပြေကြောင်းကို မြင်တဲ့အခါမှ တိတ်တဆိတ် စိတ်သက်သာရာ ရသွားတယ်။

သူ့ဓားကို ဖယ်လိုက်ပြီး ကြမ်းပြင်ပေါ် ပစ်ချကာ ကုလားထိုင်ပေါ် ထိုင်လိုက်တယ်။

“အကို ဗိုက်ဆာနေတယ်……..”

မှုန်ကုပ်နေတဲ့မျက်နှာနဲ့ပြောလိုက်တယ်။

လုလျန့်ဝေက သူ့မျက်နှာပေါ်က ဖုံးကွယ်မရတဲ့ ပင်ပန်းနွမ်းနယ်မှုကို သတိထားမိလိုက်တယ်။ ဖြစ်ပျက်နေတာကို ချက်ခြင်းနားလည်လိုက်တာ ကြောင့် သူမရဲ့ နှလုံးသားက အနည်းငယ် တုန်လှုပ်သွားတယ်။

လုယွင်ရှမ်း နှင့် လုံချီတို့ဟာ ယနေ့မှာ မြို့စားမင်းအိမ်တော်ကို လာရောက်ခဲ့တာမို့ သူမကို စိတ်ပူပြီးအဆင်ပြေရဲ့လားဆိုတာ သိဖို့ ပြေးလာခဲ့တာ ဖြစ်နိုင်တယ်။

နွေးထွေးမှုက သူမနှလုံးသားထဲကို စိမ့်ဝင်လာပေမယ့် ဒါကို မထုတ်ဖော်ဖို့ သူမရွေးချယ်ခဲ့တယ်။

သူမ စာအုပ်ကို ချလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ပြောလိုက်တယ်။

“ဒါဆို ခဏစောင့်ပါ အစ်ကို…..ညီမလေး ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးပါ့မယ်……”

လုထင်ချန် က သူမကို အစေခံတွေကိုဘဲ လုပ်ခိုင်းလိုက်ဖို့ ပြောချင်ပေမယ့် သူမထပြီး အခန်းထဲက ထွက်သွားတာကို မတားခဲ့ဘူး။

ဒါကိုသူက ခဏလောက် စဉ်းစားရင်း ထပြီး သူမနောက်ကို လိုက်သွားခဲ့တယ်။

ညနေဆည်းဆာ စံအိမ် တွင် မီးဖိုချောင် အသေးလေး တစ်ခုရှိတယ်။ အဘယ်ကြောင့်ဆိုသော် လုလျန့်ဝေဟာ ယခင်က အလိုလိုက်ခံခဲ့ရတယ်။ နောက်ပြီး သူမဟာ အဓိကမီးဖိုချောင်မှ ဟင်းလျာများကို စားရတာ မကြိုက်ဘူး။ ထို့ကြောင့် သူမသည် လုဟန်ထျန်း အား သူမကိုယ်ပိုင်ခြံဝင်းထဲမှာဘဲ သူမအတွက် တစ်ဦးတည်းမီးဖိုချောင်တစ်ခုဆောက်ပေးဖို့ တောင်းဆိုခဲ့တယ်။

သို့ရာတွင် မီးဖိုချောင်ငယ်တွင် အလုပ်လုပ်သော စားတော်ကဲ များက သူမဇီဇာကြောင်မှုကြောင့် သူမကို ကောင်းကောင်း မတည်ခင်းနိုင်ဘူး။ စားတော်ကဲတွေကို အကြိမ်ပေါင်းများစွာ ပြောင်းလဲပြီးနောက် သူမအတွက် သင့်တော်တဲ့ တစ်ယောက်ကို အခုအချိန်အထိ ရှာမတွေ့သေးဘူး။ ထို့ကြောင့် မီးဖိုခန်းငယ်ဟာ နေရာလွတ်ဖြစ်လာတယ်။

လုလျန့်ဝေ ရောက်လာပြီးနောက်မှာ သူမက မီးဖိုချောင်အသေးစားကို သန့်ရှင်းရေးလုပ် ပြီး ထပ်မံအသုံးပြုရန် ပြင်ဆင်လိုက်တယ်။

သူမက တစ်ခုခုလုပ်တယ်လို့ ခံစားရတိုင်း သူမကိုယ်တိုင် ချက်ပြုတ်တတ်တာကြောင့် အစားအသောက်များကို မီးဖိုချောင်ငယ်လေးတွင် နေ့စဉ်အမြဲပြင်ဆင်ပေးထားတယ်။

မီးဖိုချောင်အပြင်ဘက်တွင်ရပ်နေသော လုထင်ချန် ဟာ မီးဖိုချောင်ထဲမှာ အလုပ်များနေတဲ့ သူ့ရဲ့ညီမကို ကြည့်နေတယ်။ သူ့စိတ်နှလုံးထဲမှာ နူးညံ့ညင်သာမှု ကိုခံစားလိုက်ရပီး ပင်ပန်းတာတွေဟာ လေထဲမှာဘဲ ပျောက်ကွယ်သွားတယ်။

မကြာခင်မှာဘဲ လုလျန့်ဝေ က လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ ပုဇွန်ခေါက်ဆွဲပန်းကန်ကို အိမ်ထဲကို သယ်သွားတယ်။

လုထင်ချန် က သူမရဲ့ စားပွဲပေါ်ရှိ ဆေးစာအုပ်ကို လှန်လှောရင်း မျက်မှောင်ကျုံ့ လိုက်တယ်။

ဆေးစာအုပ် အကြောင်းအရာများက ခက်ခဲနက်နဲတယ်။ သူ တကယ်ကို ဘာမှ နားမလည်နိုင်ခဲ့ဘူး။

သူ့ညီမဒီစာအုပ်ကို ဘယ်လိုဖတ်နေမှန်း

သူ တကယ်နားမလည်ဘူး။

လုလျန့်ဝေအကြောင်း တွေးနေရင်းနဲ့ အိမ်ထဲကိုဝင်လာတဲ့အသံကို သူကြားလိုက်ရတယ်။

“အစ်ကို….. ဒီနေ့က အရမ်းနောက်ကျနေပြီမို့ စားစရာတွေ ကိုပြင်မထားဘူး….. ညီမလေး အကို့အတွက် ပုဇွန်ခေါက်ဆွဲ တစ်ပန်းကန်ပဲ ချက်ပေးနိုင်တယ်……. ဒါကိုဘဲ သည်းခံပြီး စားလိုက်နော်……”

လုထင်ချန် လှည့်ကြည့်လိုက်တော့ သူမ လက်ထဲမှ ပုဇွန်ခေါက်ဆွဲပန်းကန်ကို တွေ့လိုက်တယ်။ ပန်းကန်လုံးက ပူနေတာတောင်။မစားရသေးဘဲနဲ့ သွားရည်ယို နေပါပြီ။

လုလျန့်ဝေ က လုထင်ချန် ခေါက်ဆွဲစားနေစဉ် ဘေးနားတွင် ထိုင်လိုက်တယ်။ သူနဲ့ စကားပြောရင်း ပေါ့ပေါ့ပါးပါးဘဲ ဆေးစာအုပ်ကို ဖတ်နေတယ်။

ခေါက်ဆွဲပန်းကန်စားပြီးတာနဲ့ လုထင်ချန် ဟာ ကုလားထိုင်ပေါ် မှီရင်း အိပ်ပျော်နေတဲ့ လုလျန့်ဝေ ကို တွေ့လိုက်ရတယ်။

သူက ဒီနေ့ နောက်ကျမှပြန်ရောက်လာတာ။ လုလျန့်ဝေ လည်း သူ့အတွက် ခေါက်ဆွဲပြုတ်ကို အချိန်အတော်ကြာအောင် ချက်ထားတာမို့ ညနက်နေပြီ။

လုထင်ချန်ဟာ မနက်ဖြန်တွင် ဧကရာဇ်မင်းမြတ် မွေးနေ့ပွဲ ရှိတာကိုသတိပေးပြီး နန်းတော်သို့မဝင်မီ ကောင်းစွာပြင်ဆင်ထားဖို့ မှာချင်ပေမဲ့ သူမအိပ်မောကျနေတာကိုမြင်ပြီးနောက် မနှိုးရက်တော့ဘူး။

အဘယ်ကြောင့်ဆိုသော် အကိုကြီးတစ်ယောက်၏ ချစ်ခင်မြတ်နိုးမှုကို ခံရသည့်ခံစားချက်အပေါ် ပျော်ရွှင်မှုအချို့ကို သူမတွေ့ရှိခဲ့ရခြင်းကြောင့် ဖြစ်တယ်။

နောက်တစ်နေ့တွင် ဧကရာဇ်မင်းမြတ်ရဲ့ မွေးနေ့ဖြစ်တယ်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ဧကရာဇ်မင်းမြတ်ဟာလုလျန့်ဝေရဲ့အမည်ကို အထူးဖော်ပြခဲ့ပြီး နန်းတော်ထဲသို့ဝင်ကာ ပွဲတက်ရန် အမိန့်ပေးခဲ့တာမို့ သူမဟာ ငြင်းဆိုတဲ့လက္ခဏာကို မပြဝံ့ခဲ့ဘူး ။

ဧကရာဇ်မင်းကြီးက ပြီးခဲ့တဲ့ အကြိမ်စာဖတ်ခန်းတွင် ဖြစ်ပွါးခဲ့တဲ့ အဖြစ်အပျက်အတွက် သူမကို အပြစ်ရှိတယ်လို့ မယူဆခဲ့ဘူး။ ဒါပေမဲ့ ဧကရာဇ်က သူမအား စိတ်ဒဏ်ရာပေးခဲ့တာကိုတော့ ဘယ်သိမှာလဲ။ တစ်နေ့မှာ ထို အဖြစ်အပျက်ကို ပြန်သတိရပြီး သူမခေါင်းကို လိုချင်ရင် ဘာဖြစ်သွားမလဲ။

လုလျန့်ဝေ နန်းတော်ထဲသို့ ဝင်တော့မည်ကို သိတာမို့ မြို့စားကတော်ဟောင်းဟာ သူမအား ဂရုတစိုက် အကြံပေးနိုင်ရန် သက်ရှည်ခန်းမသို့ လာဖို့ ခေါ်ခဲ့တယ်။

All Chapters