← Chapters

အခန်း (၄၀-၄၂)

Vol. 1 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 1 Ch. 40-42

အခန်း(၄၀)ဖုံးကွယ်ဖို့ခက်တဲ့ အံ့ဖွယ်အလှတရား။

February 11, 2024

လုလျန့်ဝေ က ပြောသမျှကိုပြီးတစ်ခု ချရေးလိုက်တယ်။

မြို့စားကတော်ဟောင်းဟာ သူမရဲ့မြေးမက ယခင်ကထက် ပို၍ လိမ္မာပါးနပ်လာပြီး နားလည်သဘောပေါက်လာကြောင်း သတိပြုမိတဲ့အခါ သူမက ကျေနပ်နေတယ်။

“အဘွား…… မြေးတို့သွားကြတော့မလား……” မြို့စားကတော်ဟောင်းက နန်းတော်ထဲ နေရတာကို မကြိုက်ကြောင်း သိပေမဲ့ သူမက ထိုမေးခွန်းကို မေးနေဆဲဖြစ်တယ်။

မျှော်လင့်ထားတဲ့အတိုင်း အဘွားအိုကြီးက သူမလက်ကို ဝှေ့ယမ်းလိုက်တယ်။ “မသွားတော့ဘူး မြေးရယ်….. အဘွားရဲ့ အရိုးတွေက မသန်မာတော့ဘူး…. ဘုရင်မင်းမြတ်ရဲ့ ရှေ့မှောက်မှာလဲ အရိုသေပေးရအုံးမယ်….. နောက်ပြီး ကိုယ်လုပ်တော်တွေကိုရောဘဲ….. ၊ အဲ့လိုတွေ လုပ်ဖို့ အဘွားရဲ့အရိုးဟောင်းတွေက မတတ်နိုင်တော့ဘူး…. နောက်ပြီး နန်းတော်မှာ စည်းကမ်းတွေ အများကြီးရှိတယ်….အိမ်မှာနေရတာ ပိုကောင်းတယ် မြေး…..ဒီမှာက အဘွားအတွက် ပိုအဆင်ပြေတယ်……”

ရိုးရိုးသားသားပြောရရင်သူမဟာလဲ လုလျန့်ဝေကို မသွားစေချင်ဘူး။ ဧကရာဇ်မင်းမြတ်တွင် ကိုယ်လုပ်တော်များစွာမရှိသော်လည်း နန်းတော်ဆိုတာက အငြင်းပွားဖွယ်ရာနေရာ တစ်ခုအဖြစ် လူသိများတယ်။

နောင်တွင်၊ သူမသည် တစ်စုံတစ်ဦးနှင့် လက်ထပ်တဲ့အခါ အခြားလူများနှင့် ဆက်ဆံရဦးမှာဖြစ်တယ်။

သူမကို အိမ်ကြီးထဲတွင် နေ့တိုင်း ချုပ်နှောင်ထားမယ်ဆိုရင် သူမသည် လူတော မတိုးတဲ့သူ ဖြစ်သွားလိမ့်မယ်။

“မြေးလေး သတိထားရမှာက တခုခုဖြစ်တာနဲ့ မင်းအဖေနဲ့ အစ်ကိုကို အချိန်မီ တိုင်ပင်သင့်တယ်…” မြို့စားကတော်ဟောင်းက သတိပေးလိုက်တယ်။

လုလျန့်ဝေ က ပြုံးပြီး ပြောလိုက်တယ်။

“မြေး နားလည်ပါတယ်…… ”

မွေးနေ့ပွဲကို ညနေပိုင်းမှာ ကျင်းပခဲ့တယ်။ နေ့ခင်းဘက်တွင် ကျူးယွီ က အဝတ်အစားနှင့် လက်ဝတ်ရတနာများရွေးချယ်ဖို့ အလုပ် များနေတယ်။

လုလျန့်ဝေက အသံကြောင့် စိတ်ရှုပ်သွားပြီး စာအုပ်ကို ချကာ ပြောလိုက်တယ်။ “နန်းတော်ထဲဝင်ရုံဘဲကို ဒီလိုဒုက္ခခံဖို့လိုလို့လား….”

“ကျွန်မတို့ မမလေးက အရမ်းလှတယ်….. တစ်စုံတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို နောင်တရအောင်လို့ မမလေးကပိုလှအောင် ၀တ်ဆင်သင့်တယ်……”

လုလျန့်ဝေ က ပြုံးပြီး ကောင်မလေး စိတ်ကို ရုတ်တရက် နားလည်သွားတယ်။

“ကျူးယွီ….. ပြီးခဲ့တာတွေကို ထားလိုက်တော့….. အဲဒါတွေကို ထပ်မတွေးနဲ့တော့…..”

ကျူးယွီဟာ အနည်းငယ် အံ့ဩသွားတယ်။ “ဒါပေမယ့်………..”

“ဒါပေမဲ့ မလုပ်နဲ့တော့….. ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှေ့စံမင်းသားက လုယွင်ရှမ်း နဲ့လက်ထပ် ပြီးပြီ…. ဘာလို့ငါတို့က သူတို့ကြားကို ဝင်ဖို့ လိုမှာလဲ….. အဲလိုသာလုပ်လိုက်ရင် လူတွေက ငါတို့ကိုအထင်သေးပြီးလှောင်ရယ်နေလိမ့်မယ်….”

လုလျန့်ဝေ အနည်းငယ်မပျော်ရွှင်ဘူး။

ကျူးယွီက အလွန်တွန့်ဆုတ်နေသေးတယ်။ “မမလေး……….”

သူမရဲ့အမြင်အရတော့ မမလေးကအိမ်ရှေ့စံမင်းသားကို အရမ်းသဘောကျ ခဲ့တာ။ ဒီရက်ပိုင်းမှာ အများကြီး ပြောင်းလဲသွား ပေမယ့် သူမရဲ့မျက်နှာပေါ်မှာ ပြုံးနိုင်ဖို့ ကြိုးစားနေရ တာ။ ထို့အပြင် မမလေးက အိမ်တော်အပြင်မထွက်ဘဲ အိမ်တော် တွင်သာ နေခဲ့ရတာမို့ အပြင်က ကောလာဟလများ ဘယ်လောက် ဆိုးရွားနေလဲဆိုတာ သူမ မသိဘူး။

သူမဟာ သူမရဲ့မမလေးအတွက် စိတ်မကောင်း ဖြစ်မိတယ်။

သူမက ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။

ကိုယ့်ဘာသာ သတ်သေတဲ့အဖြစ်အပျက်က မမလေး ကို ပြောင်းလဲသွားစေခဲ့တာ ဖြစ်နိုင်တယ်။

အဆုံးတွင် လုလျန့်ဝေ သည် ရိုးရိုးအရောင်ဝတ်စုံကို ရွေးချယ်ခဲ့တယ်။

ဝတ်စားဆင်ယင်တဲ့ပုံစံနဲ့ အရောင်က အလွန်ထင်ရှားမှု မရှိသော်လည်း လုလျန့်ဝေက ကောင်းမွန်စွာမွေးဖွားလာခဲ့တာမို့ ရိုးရှင်းသော ဝတ်စုံက သူမရဲ့ရင်သပ်ရှုမောဖွယ်အလှကို ဖုံးကွယ်ထားနိုင်ခြင်းမရှိဘူး။

ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ သခင်မကျန်း ဟာ နန်းတော်ထဲဝင်ဖို့ အရည်အချင်းမပြည့်မီဘူး။

သို့သော်ယခု လုယွင်ရှမ်းဟာ ကြင်ယာတော် ဖြစ်လာပြီးလုဟန်ထျန်းကလည်း ယခုနှစ်များအတွင်း အိမ်ထောင်မပြု သေးတာကြောင့် သခင်မကျန်း မြို့စားမင်းအိမ်တော်ရဲ့အိမ်ရှင်မနှင့်တူပါတယ်။

ဆက်ရန်....

အခန်း(၄၁)သူမဟာတခြားသူတွေရဲ့မျက်လုံးထဲမှာ သဘာဝရှု့ခင်း ဖြစ်လာတယ်

February 11, 2024

ထို့ကြောင့် သခင်မကျန်းဟာ ဒီနေ့ ဧကရာဇ်မွေးနေ့ပွဲအတွက် နန်းတော်အတွင်းသို့ ဝင်ရောက်ခွင့်ရခဲ့တယ်။

လုလျန့်ဝေက အိမ်ကြီးမှ ထွက်လာသောအခါတွင် သူမက သခင်မကျန်း ကို မြင်လိုက်ရတော့ အံ့ဩခြင်းမရှိခဲ့ဘူး။

လုဟန်ထျန်း ကို နှုတ်ဆက်ပြီးနောက် လုလျန့်ဝေ သည် သခင်မကျန်း ကို လုံးဝ လျစ်လျူရှုပြီး ရထားပေါ်ကို မနှောင့်နှေးဘဲ တက်ခဲ့တယ်။သခင်မ ကျန်း အနည်းငယ်စိတ်ပျက်သွားတယ်။

ခဏအကြာတွင် သူမရဲ့ မျက်လုံးများ နီရဲလာပြီး လုဟန်ထျန်း ဘက်သို့ လှည့်ကာ သနားစရာ ကောင်းအောင် ပြောလိုက်တယ်။

“မြို့စားမင်း……...”

လုဟန်ထျန်း က မကြားချင်ယောင်ဆောင် ပြီး ရထားပြတင်းပေါက်ကို လျှောက်သွားကာ အခြေအနေကို လုလျန့်ဝေ အား အကျဉ်းချုံးပြောပြပြီး မြင်းပေါ်ကို တက်လာခဲ့တယ်။

သခင်မ ကျန်း ဒေါသထွက်သွားရတယ်။

လုဟန်ထျန်း သည် လုလျန့်ဝေရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသော်လည်း သူမအပြုအမူကို မျက်ကွယ်ပြုထားတယ်။

ရထားပေါ်ထိုင်ရင်း လုလျန့်ဝေက သခင်မကျန်းရဲ့ ဆူပုတ်နေတာကို ကြည့်ရင်း တိတ်တိတ်လေး ပြုံးလိုက်တယ်။

“အန်တီကျန်း ကျွန်မတို့ကနောက်ကျနေပြီလေ……

အချိန်ဆွဲနေရင် နန်းတော်ကို အချိန်မီ မရောက်နိုင်မှာကို ကျွန်မ စိုးရိမ်မိတယ်…..”

သူမဟာစိတ်ထဲကတိတ်တဆိတ် ကျိန်ဆဲနေတယ်။

အမှန်တော့ လုဟန်ထျန်းရဲ့ သမီးအပေါ် ချစ်ခင်တွယ်တာမှုဟာ သူမစိန်ခေါ်နိုင်သော အရာမဟုတ်ဘူး။

သူမသည် မရိုးသားသောအပြုံးဖြင့် ပြန်ပြောလိုက် တယ်။

တစ်ချိန်တည်းမှာပဲ သူမရဲ့ စိတ်ထဲတွင် လုလျန့်ဝေ ကို ကျိန်စာတိုက်နေခဲ့တယ်။

လုလျန့်ဝေဟာ အခြားသူများမျက်လုံးထဲတွင် သဘာဝရှုခင်းဖြစ်နေတာကို မသိလိုက်ဘဲ အပြင်ဘက်လမ်းရှုခင်းကိုသာ ကြည့်နေတယ်။

ရထားက အမြန်မရွေ့တာမို့ ပြတင်းပေါက်မှာ ထိုင်နေတဲ့ သူမဟာ လမ်းဘေးက လမ်းသွားလမ်းလာတွေကို ဖမ်းစားနိုင်ခဲ့တယ်။

လူတချို့က သူတို့မြင်တာကို အံ့ဩနေကြပါတယ်။

လူတွေရဲ့ တွန်းတွန်းတိုက်တိုက်အော်သံတွေ သူမနားထဲရောက်လာတဲ့အခါ လုလျန့်ဝေ က အသိနောက်ကျခဲ့ပီ။ လူအုပ်ကြီးတစ်စုဟာ ပေါ်ပေါက်လာပြီး ရထားကိုတွယ်တက်နေတာကို တွေ့လိုက်ရတယ်။

လုလျန့်ဝေ အံ့ဩသွားတယ်။ သူတို့ဘာတွေလုပ်နေတာလဲ။

ထိုအချိန်တွင် သူမမျက်လုံးများရှေ့တွင် အမှောင်ထုတစ်ခု ကျရောက်လာတယ်။ လုဟန်ထျန်းက ရထားကန့်လန့်ကာများကို ဆွဲချလိုက်ပြီး အပြင်ဘက်က စူးစူးဝါးဝါး မျက်လုံးများကို ကာထားလိုက်တယ်။

“ ဂူအာ….. ရထားကို မြန်မြန်မောင်းစမ်း” လုဟန်ထျန်းရဲ့ တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိတဲ့ အသံက ဒေါသအရိပ်အမြွက်နှင့်အတူ အပြင်မှထွက်လာတယ်။

ဂူအာက လုဟန်ထျန်း လက်အောက်က စစ်သားတစ်ဦးဖြစ်ပြီး ယခင်က စစ်ပွဲတွေမှာ သူ့ရဲ့နောက်ကို လိုက်ပါခဲ့တယ်။ ကံကြမ္မာတိုက်ပွဲတစ်ခုတွင် ရန်သူကြောင့် ခြေထောက်ဒဏ်ရာရရှိခဲ့ပီးနောက် စစ်မြေပြင်မှ စွန့်ခွာကာ မြို့စားမင်းအိမ်တော် တွင် ရထားမောင်းသူ အဖြစ် နေခဲ့တယ်။

လုဟန်ထျန်း က အမိန့်ပေးလိုက်တာနဲ့ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့အတူ ခွန်အားတွေအားလုံးကိုသုံးပြီး ရထားကို ရူးသွပ်စွာ လိုက်နေတဲ့ သာမန်ပြည်သူတွေကို နောက်ကောက်ချ ထားခဲ့လိုက်တယ်။

ရထားက နန်းတော်တံခါးကို ရောက်တာနဲ့ ရပ်တန့်သွားတယ်။ လုလျန့်ဝေက ခဏတာ အံ့အားသင့်သွားသော်လည်း သခင်မကျန်း ရဲ့ မနာလိုစိတ်နဲ့အကြည့်ကို သူမတွေ့လိုက်ရတဲ့အခါမှ သူမ အာရုံပြန်ရောက်လာတယ်။

သူမမျက်နှာကို မကိုင်ကြည့်ဘဲ မနေနိုင်ခဲ့ဘူး။ ဒီမျက်နှာက ဆွဲဆောင်မှုရှိမှန်း သူမအမြဲသိပေမယ့် ဒီလိုခံစားမှုမျိုးဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။

အခန်း (၄၂)အစားထိုးမရနိုင်သူ။

February 12, 2024

ထိုအခြေအနေသည် ယနေ့ခေတ်တွင် နမည်ကြီးတဲ့သူတွေနောက်ကို လိုက်နေတဲ့ ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုနှင့် သိသိသာသာကိုတူတယ်။

သို့သော် ထိုလူများက သူမဟာ ဒုတိယသခင်မလေးလု ဖြစ်တာကို သိပါက မျက်စိစုံမှိတ်လိုက်နေမည်မဟုတ်ဘဲ ဟင်းသီးဟင်းရွက်အပုပ်များလို သူမအား လွှင့်ပစ်မှာ သေချာတယ်။

သာမန်လူများက ဒုတိယသခင်မလေးလု ကို ယခင်က မမြင်ဖူးသော်လည်း သူအမည်မှာ တော်ဝင်မြို့တော်တစ်ခွင်တွင် လူသိများတယ်။

နာမည်ဆိုး ကြောင့် လူသိများခဲ့တာပင်။

ဒုတိယသခင်မလေး လုက သူမရဲ့ အစ်မချစ်သူကို လုယူရန်ကြိုးစားတဲ့ အရှက်မရှိ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေတာမို့ အများသူငှါက ပေါ်ပေါ်ထင်ထင် စော်ကားရဲခြင်းဖြစ်တယ်။ ကောလဟာလဆိုတာ သိပ်တော့မလှပေမယ့် ဒီမကောင်းတဲ့စကားတွေကို မှောင်ရိပ်ထဲကလူဟာ ပိုပြီးဆိုးရွားစေခဲ့တာတော့ သေချာတယ်။

“ဒုတိယသခင်မလေး လု ရဲ့မျက်နှာက တကယ်ကို စွဲမက်ဖွယ်ကောင်းနေတယ်…..အဲဒါက မသိနားမလည်တဲ့ သာမန်လူတွေဟာ မင်းရဲ့အလေးပေးမှုကိုရဖို့ တိုက်ခိုက်နေတာ ထင်တယ်…… မြို့စားမင်းက ဥာဏ်ကောင်းတာကို ကျေးဇူးတင်ရမယ်…သူက မြင်းလှည်းသမားကို အမြန်မောင်းခိုင်းလိုက်လို့သာဘဲ…. မဟုတ်ရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ…..”

သခင်မ ကျန်းဟာ တုန်လှုပ်ချောက်ချားမှုမှ မသက်သာသေးတဲ့ ပုံပေါက်သော်လည်း သူမလေသံမှာ ထူးဆန်းနေတယ်။

လုလျန့်ဝေ က သူမကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်တယ်။

“အန်တီ ပြောတာ မှန်တယ် ကျွန်မအဖေက ဥာဏ်ပညာထက်မြက်တယ်…. ဒါပေမယ့် အန်တီ ကျန်း က ဆယ်နှစ်လောက်ငယ်ရင်တောင် နားမလည်နိုင်သေးဘူး….. ဒါက သဘာဝအလှလို့ ခေါ်တဲ့ အရာ….. ကျွန်မ အမွေဆက်ခံထားတဲ့ မေမေရဲ့ ကောင်းမွန်တဲ့ ရုပ်ရည်ကြောင့်ပဲ…..”

“အန်တီ ကျန်း ကတစ်သက်လုံး ရှင့်အတွက်ရန်ဖြစ်နေကြတယ်ဆိုတဲ့ခံစားချက်ကို ဘယ်တော့မှ မခံစားနိုင်တော့မှာကို ကျွန်မကြောက်မိတယ်… နောက်ဘဝကျမှဘဲ ပိုကောင်းမွန်တဲ့ လူဝင်စားခြင်းကို မျှော်လင့်ထားလိုက်ပေါ့…… “

သခင်မကျန်း မျက်လုံးများတွင် ဒေါသများ တောက်လောင်နေတယ်။

ထိုအချိန်က သခင်မလင်းဟာ လုဟန်ထျန်း ကို သူမရဲ့ဆွဲဆောင်မှုရှိသောအသွင်အပြင်ဖြင့် လုံးဝစွဲဆောင်သွားနိုင်ခဲ့တယ်။ သူမအနားမှာမရှိတော့ပေမယ့် လုဟန်ထျန်း ရဲ့နှလုံးသားထဲမှာ သူမတစ်ယောက်ထဲရှိနေဆဲဖြစ်ပြီး အစားမထိုးနိုင်လောက်အောင်ပါပဲ။

ထို့အပြင် ဒီနိမ့်ကျတဲ့ ကောင်မလေးကလဲ သခင်မလင်းအလှကို အမှန်ပင် အမွေဆက်ခံရကြောင်း ငြင်းဆိုစရာမရှိသလို၊ သူမတွင် ဖြာထွက်နေတဲ့ ကျက်သရေရှိမှုဟာ သွားလေသူ သခင်မလင်း နှင့် တူတယ်ဆိုတာ ငြင်းဆိုစရာမရှိပါ။

လုဟန်ထျန်း က လုလျန့်ဝေ ကို အရမ်းသဘောကျခဲ့တာ သေချာပါတယ်။

သခင်မ ကျန်းရဲ့အမူအရာမှာ အနည်းငယ်ကွဲလွဲနေပြီး သူမဟာလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ် ။

ရထားတစ်ဖက်မှာရပ်နေတဲ့လူကိုမြင်တော့ လုလျန့်ဝေ က ခေါင်းညိတ်ပြလိုက်ပြီး ထရပ်ပြီး ရထားထဲကထွက်လာပတယ်။

သို့သော်လည်း သူဟာ သူ့ကိုယ်သူ လျင်မြန်စွာ အာရုံစိုက်လိုက်ပြီး လုလျန့်ဝေ ဆင်းဖို့ လကရုတ်သိမ်းလိုက်တယ်တယ်။

လုဟန်ထျန်းက သူမ၏အသံကိုကြားသောအခါတွင် အန်တီ ကျန်းရှိနေခြင်းကို သူမှတ်မိလိုက်ပါတယ်။ သူက ခေါင်းကို လှည့်ကာ စိတ်မရှည်စွာ ပြောလိုက်တယ်။

“မင်းက ဘာလို့ အချိန်ဖြုန်းနေတာလဲ……” သူကဟောက်လိုက်ပါတယ်။

ထိုအချိန်တွင် လူများစွာက နန်းတော်တံခါးဝသို့ ရောက်နေပြီဖြစ်ပါတယ်။ မြို့စားကြီး၏ ကျယ်လောင်သော ပြစ်တင်ရှုတ်ချသံကို ကြားတဲ့အခါ လူအများအပြားက အန်တီကျန်းအား စိုက်ကြည့်နေကြပါတယ်။

ထူးထူးခြားခြား အကြည့်တွေက အန်တီ ကျန်း ကို ရှက်ရွံ့စေပေမယ့် တစ်ချိန်တည်းမှာပဲ သူမ ပိုလို့တောင် ဒေါသဖြစ်သွားတယ်။

လုဟန်ထျန်း က ဒီလိုပါပဲ။ သူတို့နှစ်ဦး အိမ်ထောင်သက် ဆယ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း အပြင်လူများ ရှိနေသည့်တိုင် သူမကို မျက်နှာသာ မပေးခဲ့ပါဘူး။

အဒေါ် ကျန်းဟာ ဒေါသတကြီး မျက်နှာထားဖြင့် ရထားပေါ်မှ ဆင်းလာပါတယ်။ သူမ ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ လုဟန်ထျန်း အပေါ်မှာ သူမရဲ့ ဒေါသကို မထုတ်ဝံ့ဘဲ ပွက်ပွက်ဆူနေတဲ့ ဒေါသကို ထိန်းချုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။

လုလျန့်ဝေက သခင်မကျန်း ကို မသနားဘဲ စိုက်ကြည့် နေမိတယ်။

သခင်မကျန်း နဲ့ ပတ်သတ်ပြီး သူမစိတ်ထဲမှာ ဘာမှ ကောင်းတာ မရှိဘူး။

All Chapters