← Chapters

အခန်း (၄၃-၄၅)

Vol. 1 Ch. 43-45

အခန်း (၄၃-၄၅)

Vol. 1 Ch. 43-45

အခန်း (၄၃): ဟန်ဆောင်မှု

February 12, 2024

လုဟန်ထျန်းက သခင်မကျန်း ကို လျစ်လျူရှုပြီး လုလျန်းဝေ ကို နန်းတော်တံခါးဆီသို့ ခေါ်သွားခဲ့တယ်။

“အစ်ကို လု……..”

ထိုအချိန်တွင် မနီးမဝေးမှ ရင်းနှီးတဲ့အသံတစ်ခု ထွက်ပေါ်လာတယ်။

လုဟန်ထျန်း က မျက်မှောင်ကြုတ်ပြီး သူ့လမ်းကြောင်းကို ရပ်လိုက်တယ်။

အဲဒီနောက် အသံလာရာဘက်ကို လှမ်းကြည့်လိုက်တယ်။

“အစ်ကို ကျီ……..”

လုလျန်းဝေ လည်း ရပ်လိုက်ပြီး သူမအဖေကြည့်တဲ့ဘက်ကို လှည့်လိုက်ရာ သူ့အဖေနဲ့အသက်ရွယ်တူတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်တယ်။

ထိုလူဟာ အလွန်တည်ငြိမ်တဲ့ ရုပ်ရည်ရှိသော်လည်း လုဟန်ထျန်း ထက်စာရင် အနည်းငယ် နူးညံ့သိမ်မွေ့ပုံရတယ်။ မိန်းကလေးတစ်ယောက် သူ့နောက်မှာ လိုက်ပါလာတယ်။

လုလျန်းဝေ ကိုမြင်တော့ ကောင်မလေးက တုန်လှုပ်သွားပြီး အထင်အမြင်သေးစွာဖြင့် ခေါင်းကို လှည့်လိုက်တယ်။

သူမအာမေဋိတ်သံက အလွန်ကျယ်လောင်ပြီး လုလျန်းဝေသာမက လုဟန်ထျန်း နှင့် မြို့စားမင်း ကျီ တို့လည်း ကြားလိုက်ရတယ်။

မြို့စားမင်း ကျီ အနည်းငယ်ရှက်သွားပုံရပြီး ကောင်မလေးကို ပြစ်တင်ဆုံးမကာ လုလျန်းဝေ ကိုသာ ခေါင်းညိတ်ပြလိုက်တယ်။

“ဒုတိယသခင်မလေး လုလည်း ဒီကိုလိုက် လာတယ်ပေါ့….. “

အရင်လူရဲ့မှတ်ဥာဏ်အရ လုလျန်းဝေက သူမရှေကလူ ကို မှတ်မိလိုက်တာမို့ သူ့အား ဦးညွှတ်နှုတ်ဆက်လိုက်တယ်။

သူအရင်ကတွေ့ဖူးတဲ့ လုလျန်းဝေ ကို ပြန်သတိရပြီး ကောင်မလေးကို တိတ်တိတ်လေး ကြည့်လိုက်တယ်။

“မတွေ့တာကြာပြီနော်… ဒုတိယသခင်မလေး လုက ပိုတောင်လှလာတယ်…. သခင်မလေးရဲ့ပုံစံက မြင့်မြတ်မျိုးရိုးက ပေါက်ဖွားလာတဲ့ ပုံစံနဲ့ပိုတူတယ်….. ဦးလေးရဲ့ သမီး လင်းအာ နဲ့ မတူဘူး…….”

ဒါကိုကြားတော့ ကျီလင်ရှို့ က ဒေါသတကြီးနဲ့ ပြောလိုက်တယ်။

“အဖေ….ဘယ်သူကများ ကိုယ့်သမီးကို ဒီလိုပြောလို့လဲ……”

လုလျန်းဝေ က မျက်ခုံးပင့်လိုက်တယ်။ သူမရဲ့ အရင်လူမှတ်ဉာဏ်အရ မူလ လုလျန်းဝေ တွင် ထိုမိန်းကလေးနှင့် ပြဿန အချို့ရှိကြောင်း သူမသိလိုက်ရတယ်။ သူမအပေါ် ရန်ငြိုးဖွဲ့နေတာက အံ့သဩစရာမဟုတ်ဘူး။

ကျီလင်ရှို့ က သူ့ကို လုံးဝကြောက်ပုံမပေါ်ဘဲ မျက်နှာကို ဆွဲလှည့်လိုက်တယ်။

“ဟမ်…… ကျွန်မ အဖေ့စကားနားမထောင်ဘူး… ကျွန်မကိုယ်တိုင် နန်းတော်ထဲဝင်ပြီး အစ်မကြီးကို တွေ့မယ်……”

လုဟန်ထျန်းကဒီ ကိစ္စအတွက် ဘာမှ မဖြစ်သလို ခေါင်းငြိမ့်လိုက်တယ်။

ယနေ့က ဧကရာဇ်မင်းမြတ်ရဲ့ သုံးဆယ်နှစ်ပြည့်မွေးနေ့ပွဲဖြစ်ပြီး နန်းတွင်းအရာရှိများစွာက သူတို့မိသားစုများနှင့်အတူ လာခဲ့ကြတယ်။

လုလျန်းဝေက လုဟန်ထျန်းနဲ့အတူ ခန်းမထဲသို့ လိုက်သွားတဲ့အခါတွင် လူအများက ထိုနေရာတွင် ရှိနေကြတယ်။ ဧကရာဇ်မင်းနှင့် သူ့ကြင်ယာတော်များ မရောက်သေးသဖြင့် ထိုလူများကစကားစမြည်ပြောဆိုရန် လူနှစ်စု၊ သုံးစုစီ စုရုံးနေကြတယ်။

လုလျန်းဝေ က ကျောက်စိမ်းနှင်းစက်ခန်းမထဲသို့ ဝင်ရောက်လာချိန်တွင် လူများ ရုတ်တရက် စကားရပ်သွားကာ မျက်လုံးများအားလုံးက သူမကို စိုက်ကြည့်နေကြတယ်။

သူတို့အကြည့်များက အံ့သြမှုအနည်းငယ်ကို ပြသခဲ့သော်လည်း အများစုမှာ မထီမဲ့မြင်ပြုခြင်းပင်ဖြစ်တယ်။

လုလျန်းဝေ က ဒီအကြောင်းပြချက်ကို သိပြီးဖစ်တာမို့ စိတ်ထဲမထားဘူး။

သို့သော် လုဟန်ထျန်းက ဒေါသထွက်သွားတယ်။ သူရဲ့စူးစူးရဲရဲ အကြည့်ဟာ လူအုပ်ကို လွှမ်းခြုံသွားပြီး ထိုမှသာ လူများက အနည်းငယ် ထိန်းထားနိုင်ခဲ့ကြတယ်။

မဟာ မြို့စားမင်း ဆိုတဲ့အမည်ဟာ အမည်ခံမဟုတ်တာမို့ သူ့ကိုတွေ့တဲ့အခါ မည်သူမဆို အနည်းငယ် ကိုယ်ရှိန်သတ်သွားကြတယ်။

ထို့အပြင် သူဟာ ကုန်းမြေအသီးသီးမှာ ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့ပြီး စစ်မြေပြင်တွင် သူရဲ့ တိုက်ပွဲအတွေ့အကြုံများမှ ပေါင်းစပ်ထားတဲ့ လူသတ်အသွင်ကို ဖော်ပြခဲ့တယ်။ သူ ဒီရောင်ဝါကို လွှတ်လိုက်တိုင်း ဒါဟာ ကြောက်စရာကောင်းလောက်အောင် လွှမ်းခြုံသွားတယ်။

လုလျန်းဝေ ကို လူတိုင်းက ဘယ်လောက်ပဲ မထီမဲ့မြင်ပြုနေပါစေ လုဟန်ထျန်း ရှေ့မှာ ဒါကို ဘယ်သူမှ မပြရဲကြဘူး။

မြို့စားမင်း ကျီ ဒီလူတွေကို သည်းမခံနိုင်တော့ဘူး။ သူတို့ဟာ အခြားသူများရဲ့အသေးအဖွဲကိစ္စများကို အတင်းအဖျင်းပြောခြင်းကလွဲရင် ဘာမှ လုပ်မတတ်ဘူး။

သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ လုလျန်းဝေ ဟာ လူတွေရဲ့ ထူးဆန်းတဲ့အကြည့်တွေကြောင့် သူမကို မထိခိုက်သလို တိတ်တိတ်ဆိတ်ဆိတ် ရပ်နေတာကို သူတွေ့လိုက်ရပြီး အံ့သြမဆုံးဖြစ်ခဲ့ရတယ်။

ဒုတိယသခင်မလေး လုဟာ ယခင်ကနှင့် အနည်းငယ် ကွာခြားနေပုံရတယ်။

လုလျန်းဝေ ပုံစံက မာနကြီးပြီး စိတ်မြန်သော ကိုယ်ရည်ကိုယ်သွေးရှိတယ်။ လုဟန်ထျန်း ရဲ့မျက်နှာသာပေးမှုကြောင့် သူမက သူမလုပ်ရပ်များတွင် အမြဲမဆင်မခြင်ဖြစ်ပြီး အခြားသူများလှောင်ပြောင်သောအကြည့်များကို ဘယ်သောအခါမှ မခံမရပ်နိုင်ဖြစ်ခဲ့တယ်။

“ဒုတိယသခင်မလေး လု…..သူတို့ အဆင့်အထိ ငုံ့ခံဖို့ မလိုပါဘူး……”

ဒါကိုကြားတော့ မြို့စားမင်း ကျီ အနည်းငယ် အံ့သဩသွားတယ်။

ဆက်ရန်…..

အခန်း (၄၄): သူ့ပုံသဏ္ဍာန်ကိုတိတ်တဆိတ်ပြသခြင်း။

February 12, 2024

ထိုအချိန်တွင် လုဟန်ထျန်းဟာ လှည့်ပြီး လုလျန့်ဝေကို အနီးရှိ ထိုင်ခုံဆီသို့ ဆွဲခေါ်သွား တယ်။

ဒါကိုမြင်တော့ သခင်မကျန်း က စိတ်ဆိုးသွားပြီး လုလျန့်ဝေအပေါ် မနာလိုစိတ်တွေ ပြည့်နှက်နေခဲ့တယ်။

မကျေမနပ် အရိပ်အယောင်များ သူမ မျက်လုံးများတွင် ပေါ်လာသော်လည်း သူတို့နောက်ကို လိုက်မည့်အစား သူမကောင်းစွာသိတဲ့ အမျိုးသမီးအချို့နှင့် စကားပြောရန် ထွက်သွားခဲ့တယ်။

သူမနှင့်ရင်းနှီးသော သခင်မလီဟာ သူမလက်ကိုဆွဲကာပြောလိုက်တယ်။ “ဒီလိုကိစ္စတွေဖြစ်ပြီးတာတောင် အဲ့ကောင်မက နန်းတော်ထဲကို ဘာလို့လာရဲသေးတာလဲ….. “

လူတိုင်းက သူမကို ရည်ညွှန်းတယ်ဆိုတာ သူမကနားလည်တယ်။ တစ်စုံတစ်ယောက်က လှောင်ပြောင်ပြီး ပြောလိုက်တယ်။

“သူမက အရည်ထူတာ ဖြစ်နိုင်တယ်…. မဟုတ်ရင် ဒီလို အရှက်မဲ့တဲ့ လုပ်ရပ်မျိုးကို လုပ်ဖို့ ဘယ်လိုသတ္တိရှိမှာလဲ…..”

“သူမ နောက်ဆုံးအကြိမ် ကြိုးဆွဲချသေဖို့ လုပ်တယ်လို့ ငါကြားခဲ့တယ်…. ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ…..”

တခြားလူက သခင်မကျန်း ကိုမေးလိုက်တယ်။

သခင်မကျန်း က ချက်ချင်းဆိုသလို ပြောလိုက်တယ်။

“ဝေဝေက ငယ်ပါသေးတယ်… သူမကို ခက်ခဲအောင်မလုပ်ကြပါနဲ့….. အိမ်ရှေ့မင်းသားကို မျှော်လင့်ချက်မပါဘဲ ချစ်ခဲ့တာပါ…”

“အတိအကျပြောရရင် လူတိုင်းက သူမလိုသာ လုပ်နေမယ်ဆိုရင် လူ့ကျင်ဝတ်ဆိုတာ ရှိပါအုံးမလား…..”

“ရှင်က တအားသဘောကောင်းတာပဲ မြို့စားမင်းကတော်… ကျွန်မသမီးရဲ့ယောက်ျားကိုသာ နောက်တစ်ယောက်ယောက်က လိုက်မယ်ဆိုရင်…. ကျွန်မ သူ့ကို အရှင်လတ်လတ် အရေခွံခွါ ပစ်မှာ….. သူမကို လွတ်လွပ်လပ်လပ် နေခွင့်ပေးမှာ မဟုတ်ဘူး….

ဦးစွာပြောတဲ့ သခင်မလီက ဒေါသတကြီး အော်ဟစ်လိုက်တယ်။သခင်မကျန်းက မြို့စားမင်းကတော်လို့ အခေါ်ခံလိုက်ရတဲ့အတွက် တိတ်တဆိတ် ဝမ်းမြောက်မိပေမဲ့ ဆက်လက် ဟန်ဆောင်ပြီး ပြောလိုက်တယ်။

“သခင်မလီ…. ရှင် ကျွန်မကိုအဲ့လို မခေါ်သင့်ဘူးလေ…….တခြားသူကြားရင်မကောင်းဘူး...”

သခင်မလီ က သူ့လက်ကို ပွတ်သပ်ပြီး ပြောလိုက်တယ်။

“စိတ်လျှော့ပါ…. ရှင်က အိမ်ရှေ့စံကြင်ယာတော်ရဲ့ မွေးမိခင်ပဲ…. ရှင့်အကြောင်းကို ဘယ်သူက အတင်းပြောရဲမှာလဲ…. နောက်ပြီး ရှင်က မဟာမြို့စားမင်းရဲ့ တစ်ဦးတည်းကျန်တဲ့ ဇနီးဘဲလေ….. ရှင်က သူရဲ့ တရားဝင်ဇနီး ဖြစ်လာဖို့က အချိန်တစ်ခုဘဲ လိုတာ…. အဲ့ဒါမို့ ကျွန်မက မြို့စားမင်းကတော်လို့ ကြိုပြီး ခေါ်နေတာ……”

သခင်မလီက ပြောပြီးတာနဲ့ သခင်မကျန်း အနီးမှာ စုဝေးနေတဲ့ အခြားအမျိုးသမီးများကလည်း သူတို့၏သဘောတူချက်ကို အမြန်ထုတ်ဖော်ခဲ့တယ်။

“မှန်တယ်….. သိပ်သတိထားနေဖို့ မလိုပါဘူး မြို့စားမင်းကတော်….”

ကြင်ယာတော်များစွာက သူမအား မြှောက်ပင့်ပေးတဲ့ မှတ်ချက်များဖြင့် ဝိုင်းရံထားတာကြောင့် သခင်မကျန်း သည် မာနနှင့် ပြည့်နေပြီး သူမ မျောပါသွားသလို ခံစားလိုက်ရတယ်။

သူမသမီးက ဘလောက် ပြီးမြောက် အောင်မြင်ခဲ့တယ် ဆိုတာကိုကြည့်ပါ။ အင်ပါယာကြင်ယာတော်များဟာ များသောအားဖြင့် အခြားသူများထက် သာလွန်တယ်လို့ မာနကြီးကြပေမဲ့ အခုတော့ သူမကို ဝိုင်းပီး မြှောက်ပင့်နေကြတယ်။

သူမ စိတ်ထဲတွင် ထိုအဖြစ်အပျက်ကို ပုံဖော်လိုက်တဲ့အခါ သခင်မ ကျန်းက ပျော်ရွှင်ဝမ်းမြောက်မှုကို မတားဆီးနိုင်ခဲ့ပေ။

ဒါဆိုမြို့စားမင်းကတော်ဟောင်း က သူမကို မကြိုက်ရင်ရော ဘယ်လိုလုပ်မလဲ။ သူ့ဘဝက ပိုပိုကောင်းလာတာပါ။ သူမသမက်တော်ဟာ အနာဂတ်ဧကရာဇ်မင်းတစ်ပါးဆိုတာဟာ သခင်မ ကျန်းရဲ့ ပီတိဖြစ်ခြင်းတစ်မျိုးကို ခံစားရစေတယ်။

တစ်ဖက်တွင် မြို့စားမင်းကျီက အဝေးသို့ လျှောက်သွားနေတဲ့ ဖခင်နှင့် သမီးကို ကြည့်ကာ မေးစေ့ကို ကိုင်ကာ သူတို့နောက်ကို လိုက်ရန် ဆုံးဖြတ်လိုက်တယ်။

“ကျောက်စိမ်းနှင်းစက်ခန်းမ က ဒီလောက်ကျယ်တာကို မြို့စားမင်းကျီ ငါတို့ဘယ်သွားသွား ငါတို့နောက်ကို ဘာလို့ လိုက်နေရတာလဲ…..”

ဒါကိုမြင်တော့ လုဟန်ထျန်း က သူ့ကို အနည်းငယ်သတိထားပြီး စိုက်ကြည့်နေတယ်။

“ကျီချင်းယွမ်….. မင်းမှာလဲ သမီးတစ်ယောက် ရှိတယ်…. ဒါကြောင့် မင်း ငါ့အပေါ် ဘာရည်ရွယ်ချက်မှ မထားရဲဘူး…..”

ကျီချင်းယွမ် က သူ့ကို စိတ်မဝင်စားတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

“မင်း ဘာကိုပြောနေတာလဲ… မင်းသမီးအတွက် ဘယ်တုန်းက ရည်ရွယ်ချက်တွေ ရှိခဲ့လို့လဲ…. ဒါကို တခြားသူကြားရင် ကျုပ်ကို အထင်လွဲသွား လိမ့်မယ်…..”

“အဲ့လိုမရှိရင် ကောင်းတာပေါ့…. ဒါဆိုအခု အမြန်ထွက်သွားလိုက်တော့….”

လုဟန်ထျန်း က သူ့သမီးနဲ့ ရင်းနှီးဖို့ ကြိုးစားသူတိုင်းကို ရန်သူအဖြစ် မှတ်ယူခဲ့တယ်။ ထို့အပြင် ထို ကျီချင်းယွမ်က လီဟွား နှင့် လက်မထပ်မီကပင် မသန့်ရှင်တဲ့ ရည်ရွယ်ချက်များကို ဖုံးကွယ်ထားနိုင်သော အမျိုးအစားဖြစ်ကြောင်း လူသိများတယ်။

“ဒါ မင်းအိမ်မဟုတ်ဘူး…. ငါထိုင်နေတဲ့နေရာကို မင်းဘာလို့ ဂရုစိုက်နေတာလဲ…..”

လုဟန်ထျန်းက ထိုစကားကိုကြားသောအခါတွင် သူ့နဖူးမှ သွေးကြောများက ဒေါသတကြီး ထောင်လာတယ်။ ကျီချင်းယွမ် ကို ထိုးချင်တဲ့ စိတ်ကို မြိုသိပ်ကာ လုလျန့်ဝေ ကို ဆွဲမပီး မတ်တပ်ရပ်လိုက်တယ်။

“ဖေဖေ တော်ပါပြီ…. ဒီမှာဘဲ ထိုင်ကြရအောင်… မြို့စားမင်းကျီ က သမီးအကြောင်း နည်းနည်း သိချင်နေတာ ဖြစ်နိုင်တယ်…”

အခု ထွက်သွားရင်တောင် ပွဲစတာနဲ့ ထိုထိုင်ခုံများသို့ ပြန်သွားရမှာဖြစ်တယ်။

လုလျန့်ဝေ က ထိုဒုက္ခအားလုံးကို ကျော်ဖြတ်ရန် ပျင်းလွန်းတာကြောင့် ပြောလိုက်တာပါ။

လုဟန်ထျန်း ခေတ္တရပ်ပြီး ကျီချင်းယွမ် ကို တောက်ပစွာ ကြည့်လိုက်တယ်။ “ကြောက်စရာကောင်းတဲ့ အဘိုးကြီး…. မင်းစိတ်ထဲမှာ ဘယ်လို ဆိုးဆိုးရွားရွား အတွေးတွေ ဖုံးကွယ်ထားတာလဲ….”

ကျီချင်းယွမ်က လုလျန့်ဝေဟာ သူ တွေးနေတဲ့အရာ ကို ပြောပြနိုင်တာမို့အနည်းငယ် အံ့ဩသွားတယ် ။ လုဟန်ထျန်းစကားကို ကြားတဲ့အခါ ရယ်မောလိုက်တယ်။

လုဟန်ထျန်းက အများအားဖြင့် အလွန်စိတ်မတိုတတ်ဘူး။ ဆန့်ကျင်ဘက်အနေနှင့် သူဟာ အေးဆေးတည်ငြိမ်ပြီး ဉာဏ်ပညာရှိသောသူဖြစ်တယ်။ မဟုတ်ပါက သူက အမြဲတမ်းအောင်ပွဲခံတဲ့ ဗိုလ်ချုပ်ဘွဲ့ကို ရရှိမည်မဟုတ်ပေ။

ထိုအချိန်တွင် ကျီချင်းယွမ် ၏ ယုတ်ညံ့သော စကားကိုကြားတော့ သူ နောက်တစ်ကြိမ် ပြန်ထိုင်လိုက်တယ်။ သူ့ရဲ့ပညာရှိအမူအရာက ပြန်လည်ကောင်းမွန်လာကာ သူ့ကို ဘေးတိုက်အကြည့်တစ်ချက်ပေးလိုက်တယ်။

“မြို့စားကျီ ကိုယ့်အခြေနေကို နားမလည်ဘူး ထင်တယ်…. မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လောက် တောင် ပျော့ညံ့နေလဲဆိုတာ…. မင်းငါ့ကိုယှဉ်လို့ မရတာ သဘာဝပဲ……. မင်းမျက်နှာပေါ်က အရေးအကြောင်းများကိုဘဲ ကြည့်လိုက်….. လူတွေက မသိရင် မင်းအသက် ငါးဆယ် ဒါမှမဟုတ် ခြောက်ဆယ်လို့ ထင်ကြလိမ့်မယ်…….”

အဲဒါနဲ့ သူက ရင်ကိုကော့ပီး သူ့ရုပ်ပုံသဏ္ဍာန်ကို ပြသလိုက်တယ်။

ကျီချင်းယွမ် အကြည့်ဟာ သူ့အပေါ် ကျရောက်သွားပြီး အနည်းငယ် မနာလိုစိတ် တောင်မခံစားရဘူး။

အမှန်မှာ စစ်သူကြီးတစ်ဦးအနေဖြင့် လုဟန်ထျန်း သည် သူ့စစ်တပ်ကို မကြာခဏလေ့ကျင့်ပေးခဲ့ပြီး သူတို့ရဲ့ကိုယ်ပိုင်လေ့ကျင့်မှုကိုလည်း ဘယ်သောအခါမှ မလျော့ခဲ့ဘူး။

သူ့ခန္ဓာကိုယ်က ပိုသန်မာပြီး သူ့ကိုယ်လုံးကိုယ်ပေါက်က လူငယ်အများစုထက် ကြွက်သားတွေ ပိုသန်မာတယ်။

ထို့ကြောင့် လုဟန်ထျန်းဟာ ယခုနှစ်တွင် သုံးဆယ့်ရှစ်နှစ်ရှိနေပြီဖြစ်သော်လည်း မသိသူများက အသက်သုံးဆယ်စွန်းစွန်းသာ ရှိတယ်လို့ ထင်ကြမှာ ဖြစ်တယ်။

ကျီချင်းယွမ်က လုဟန်ထျန်း ကို စိုက်ကြည့်ကာ အံကြိတ်ပြီး အော်ပြောလိုက်တယ်။

လူနှစ်ယောက်ကြားက ကလေးဆန်တဲ့စကားများကို သူမနားထောင်ရင်း လုလျန့်ဝေ ကပြုံးလိုက်တယ်။

“ဟမ်…. မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းသိမ်းထားတော့ရော ဘာအသုံးဝင်လဲ…. လီဟွာ ဆုံးပါးသွားတဲ့အခါ သူမက မင်းကို လုံးဝစိတ်ပျက်နေတယ်ဆိုတာ ငါ လောင်းရဲတယ်…”

ဆပ်ရန်….

အခန်း(၄၅): သူတို့တွေက ခွေးလိုဘဲ။

February 13, 2024

လုဟန်ထျန်းရဲ့ နဂိုနှစ်သက်ဖွယ် အမူအရာက ရုတ်တရက် မှေးမိန်သွားတာကို မြင်တဲ့အခါ လုလျန့်ဝေကခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက် တယ်။ သူ့မျက်လုံးများတွင် စူးရှသော နာကျင်မှုကို မြင်နေရတယ် ။

ထိုမှသာ ကျီချင်းယွမ်က သူ့ မပြောသင့်တဲ့ စကားကို ပြောလိုက်ကြောင်း သဘောပေါက်သွားကာ စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းကို လှည့်လိုက်တယ်။

လုလျန့်ဝေက ကျီချင်းယွမ် ကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။

လီဟွားက သခင်မလင်းပျိုတုန်းနာမည် ဖြစ်တယ်။

ကျီချင်းယွမ်က သခင်မလင်း နှင့် အတော်လေးရင်းနှီးနေပုံရတယ်။

လုဟန်ထျန်း နှင့် ပတ်သက်ပြီး သူ့မှတ်ချက်များက ကွယ်လွန်သူ သခင်မလင်းရဲ့ မတရားခံရမှုကို ဖော်ပြနေပုံရတယ်။

သို့သော် လုဟန်ထျန်းကို သခင်မလင်းက ဘာကြောင့် စိတ်ပျက်သွားတာလဲ။ သူမအပေါ် ဘာအမှားတွေ ကျူးလွန်ခဲ့လို့လဲ။

သူမစိတ်ထဲတွင် သိချင်သောမေးခွန်းများကို မြှုပ်နှံထားရင်း လုလျန့်ဝေက လုဟန်ထျန်း စိတ်ဓာတ်ကျနေသည့် အခြေအနေကို မြင်နိုင်တာမို့ သူလက်ကိုဆွဲကာ ပြောလိုက်တယ်။

“ဖေဖေ…..”

သူ့သမီးရဲ့ နူးညံ့သိမ်မွေ့တဲ့အမူရာကို မြင်တော့ လုဟန်ထျန်း က သူမကို တုံ့ဆိုင်းစွာ ပြုံးပြလိုက်တယ်။

သူ့လက်ကို မြှောက်လိုက်ပြီး ခေါင်းကို ပွတ်လိုက်သော်လည်း သူ့နှလုံးသားထဲတွင် နာကျင်နေသလို ခံစားရတယ်။

“ဒီမှာ ခဏထိုင်နော် သမီးလေး…. ဖေဖေ အပြင်ခဏသွားအုံးမယ်…..”

လုလျန့်ဝေက သူမအဖေဟာ သခင်မလင်း အကြောင်းကို တွေးနေပုံရသော်လည်း သူ့စိတ်ခံစားချက်များကို ငယ်သူအရှေ့တွင် မပြချင်တာကို သိတာမို့ ခေါင်းညိတ်ပြလိုက်တယ်။

“ဟုတ်ကဲ့ ဖေဖေ……”

လုဟန်ထျန်း ထွက်သွားပြီးနောက် ကျီချင်းယွမ်က လုလျန့်ဝေ နှင့် စကားအနည်းငယ်ပြောပြီးတဲ့နောက် အနည်းငယ်စိတ်ပျက်သွားပြီးထွက်ခွါသွားခဲ့။

လုလျန့်ဝေက လုဟန်ထျန်း နှင့် သခင်မလင်း တို့ကြားက ကိစ္စအကြောင်းကို တစ်ယောက်တည်း ထိုင်ခုံတွင် ထိုင်ကာ တွေးနေမိတယ်။

ထိုအချိန်တွင် ပန်းရောင်ဝတ်စုံဝတ်ထားသော ကောင်မလေးတစ်ယောက် ရောက်လာတယ်။

သူမ ပါးစပ်ကို ဖွင့်ပီးပြောလိုက်တဲ့အခါ စကားလုံးတိုင်းက ရိုကျိုးဖို့ ရည်ရွယ်ချက် မရှိပုံပေါ်ပါ။

“လုလျန့်ဝေ၊ မင်းရဲ့ အရှက်မဲ့တဲ့ လုပ်ရပ်ကို လုပ်ပြီးတာတောင် ဒီကိုလာရဲသေးတာလား….”

လုလျန့်ဝေ သည် သူမခေါင်းကို မော့ပီး တစ်ချက်ကြည့်လိုက်ရာ သူမက လုယွင်ရှမ်း ရဲ့အရင်းနှီးဆုံးသူငယ်ချင်း အခွန်ဝန်ကြီးရဲ့သမီးဖြစ်သူ လင်းချင်းယွမ်ပင် ။

လုလျန့်ဝေ ပြန်မဖြေခင်မှာ အစိမ်းရောင်ဝတ်စုံ ဝတ်ထားတဲ့ အခြားမိန်းကလေးက သူတို့ဆီ လှမ်းလာပြီး ကဲ့ရဲ့တဲ့ပုံစံနဲ့ ပြောလိုက်တယ်။ “သူမက ဘာလို့မလာရဲရမှာလဲ…. သူမမှာ အရှက်အကြောက်အနည်းငယ်ရှိရင် အဲ့အရာများကို လုပ်မှာမဟုတ်ဘူး…. ကိုယ့်ရဲ့ ခဲအိုကို ဖြားယောင်းဖို့ကြိုးစားတဲ့ ဒုတိယသခင်မလေး လုက ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလဲ…”

“အိမ်ရှေ့မင်းသားရဲ့မျက်လုံးထဲမှာ အိမ်ရှေ့ မင်းသမီးပဲ ရှိတာဆိုတော့ ရှက်စရာကောင်းလိုက်တာ…. တောသားတွေက ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘာမှဖြစ်မလာဘူး……”

လင်းချင်းယွမ် က လုလျန့်ဝေ အပေါ် ရှုတ်ချတဲ့ စကားလုံးများကို ပြောပြီး လှောင်ပြောင်ခဲ့တယ်။

သူတို့နှစ်ဦးစလုံး အသံကျယ်လောင်စွာပြောကြပြီး သူတို့အသံများဟာ ခန်းမအတွင်းရှိ အခြားသူများ၏အာရုံကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့တယ်။

ထိုလူများက လုလျန့်ဝေ ကို အလွန်ကဲ့ရဲ့နေကြပြီး တစ်စုံတစ်ဦးမှ သူမအား ဝေဖန်လိုက်တာကို ကြားတော့ သူတို့လဲ လိုက်ပြောကြတယ်။

လုလျန့်ဝေ က စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်ငြိမ်လေးထိုင်နေတာကိုမြင်တော့ အစိမ်းရောင်ဝတ်စုံဝတ်ထားတဲ့ ကောင်မလေးက ပြောလိုက်တယ်။

လုလျန့်ဝေ သည် သူမအား စိုက်ကြည့်လိုက်တယ်။ သူမက လုယွင်ရှမ်း အနီးမှာ အမြဲလိုက်နေပြီး အစေခံတစ်ဦးကဲ့သို့ နေတယ်။

သို့သော်လည်း လုယွင်ရှမ်း မျက်လုံးများတွင် သူတို့က ခွေတွေလိုဘဲဆိုတာတော့မသိခဲ့ကြဘူး။

“နင်တို့နှစ်ယောက်လုံး ငါနဲ့စကားပြောနေတာလား… ငါက ငါးစိမ်းသည်တချို့ကို ကြည့်နေရတယ် ထင်နေတာ…. ဒါပေမယ့် သခင်မလေး လင်း နဲ့ သခင်မလေး ချင် ဖြစ်နေတာဘဲ…. အရိုအသေတန်လိုက်တာ…..”

လင်းချင်းယွမ် နှင့် ချင်ဝမ်ရု ကြားတဲ့အခါတွင် သူတို့အမူအရာများ သိသိသာသာ ပြောင်းလဲသွားကာ လုလျန့်ဝေ ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေကြတယ်။

“လုလျန့်ဝေ….. နင်ဘယ်သူကို ငါးစိမ်းသည်တွေလို့ ခေါ်တာလဲ……”

ထိုကဲ့သို့ တုံ့ပြန်ခြင်းကို ခံရတဲဘအခါ ဒေါသကြောင့် နှစ်ယောက်လုံး မျက်နှာများ နီမြန်းလာပြီး အံကြိတ်လိုက်တယ်။

လုလျန့်ဝေ က သူတို့ကို နည်းနည်းလေးမှ ဂရုမစိုက်ဘူး။ လုဟန်ထျန်းက အချိန်အတော်ကြာပြီးနောက် ပြန်မလာသေးတာကို မြင်လိုက်ရသဖြင့် အပြင်ထွက်ကြည့်ရန် ဆုံးဖြတ်ခဲ့ပေမဲ့ ခြေတလှမ်းလှမ်းလိုက်တဲ့အခါ တစုံတယောက်က သူမကို လှမ်းဆွဲလိုက်တယ်။

“လုလျန့်ဝေ၊ မင်းကိုယ်မင်း ရှင်းရှင်းလင်းလင်း မဖြေရှင်းဘဲ ထွက်သွားရဲလား….”

သူမလက်ကို ဖမ်းဆုပ်ထားသူမှာ လင်းချင်းယွမ် ပင်။

လုလျန့်ဝေက သူမကို လှည့်ကြည့်လိုက်တယ်။

“ဒါဆို သခင်မလေး လင်းက ဘာမှတ်ချက်ပေးချင်လို့ လဲ……”

ထိုစကားကိုပြောပြီးနောက် သူမက ထွက်မသွားတော့ဘဲ သူမလက်မောင်းကို တစ်ချက်လှုပ်လိုက်ပီး နောက်တစ်ကြိမ် ပြန်ထိုင်လိုက်တယ်။

All Chapters