အခန်း (၄၆-၄၈)
Vol. 1 Ch. 46-48
အခန်း(၄၆): နတ်ဖက်တဲ့စုံတွဲ
February 13, 2024
လုလျန့်ဝေဟာ သူမရဲ့အရင်ပုံစံနဲ့ လုံးဝ ကွဲပြားနေတယ်။
လင်းချင်းယွမ် ကပြောလိုက်တယ်။
“လုလျန့်ဝေ….. မဖြေရှင်းဘဲ ရှောင်ထွက်သွား နိုင်မယ် မထင်နဲ့…..”
သူမစကားပြောနေစဉ်တွင် သူမက လုလျန့်ဝေနားကို က်ပြီးခြိမ်း ခြောက်လိုက်တယ်။
“နင်သာအိမ်ရှေ့မင်းသားအပေါ် နောက်ထပ် မဖွယ်မရာ ရည်ရွယ်ချက်တွေ ရှိသေးရင် ဂရုတစိုက်နေရင် ပိုကောင်းလိမ့်မယ်…. ဒါမှမဟုတ်ရင်ဘာလို့မှန်းမသိဘဲ တစ်နေ့ သေလိမ့်မယ်….. ”
လုလျန့်ဝေ မျက်တောင်ခတ်လိုက်တယ်။
“သခင်မလေးလင်း…. လုယွင်ရှမ်း အတွက် မင်းက ဘာလို့ အလျင်စလို ရပ်တည်ပေးနေတာလဲ…. သူက မင်းကို အကျိုးအမြတ်အတွက် ကတိပေးထား လို့လား….”
လင်းချင်းယွမ် က ဒေါသတကြီးနဲ့ ပြောလိုက်တယ်။
“ယွင်ရှမ်းကငါ့သူငယ်ချင်းကောင်းပဲ….သူ့ယောက်ျားကို ခိုးဖို့ သတ္တိရှိတဲ့ နင့်ကိုတွေ့ရတာ ငါတကယ် သည်းမခံနိုင်ဘူး…. နင့်လို အရှက်မဲ့ပြီး အကျင့်ပျက်တဲ့ မိန်းမတစ်ယောက်ဟာ ကြောက်စရာ ကောင်းတဲ့သေခြင်းနဲ့ သေသင့်တယ်….”
လုလျန့်ဝေက သူမရဲ့ ရက်စက်ကြမ်းကြုတ်သော စကားလုံးများကို နားထောင်လိုက်ရတဲ့အခါ အေးစက်သော မျက်လုံးများ တောက်ပလာပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်တယ်။
လင်းချင်းယွမ်က ဒီလိုရုတ်တရက် လုပ်ရပ်ကို မမျှော်လင့်ထားတာမို့ သတိမထားမိဘဲ သူမရဲ့မေးစေ့ကို ပြင်းထန်စွာ ထိမှန်ကာ ချက်ချင်းပင် နီရဲသွားတယ်။
“လုလျန့်ဝေ…… နင်…..”
လုလျန့်ဝေ က သူမကို အပြစ်ကင်းစွာ ပြန်ကြည့်လိုက်တယ်။
“သခင်မလေး လင်း….. ငါတို့တစ်ယောက်နဲ့တစ်ယောက်သိပ်မရင်းနှီးတာမို့ နောက်တစ်ခါ ငါ့နားကို သိပ်ကပ်မလာနဲ့ ….”
လုလျန့်ဝေ က သူမအား တုံ့ပြန်ရန် အခွင့်အရေး မပေးဘဲ ငြင်းဆန်ကာ ပြောလိုက်တယ်။
“သူများလူကို လုယူတာနဲ့ ပက်သက်ရင် ဒါက လုယွင်ရှမ်း ရဲ့ အကျွမ်းကျင်ဆုံး အပိုင်းမဟုတ်ဘူးလား…. သူ့အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်အနေနဲ့ နင်ဒါကို သိမှာပေါ့…. အိမ်ရှေ့မင်းသားကို ဘယ်သူက အရင်တွေ့ပြီး နောက်ပိုင်းမှာ ဘယ်သူက ဝင်ပီး ဖျက်ခုတ်ခံလိုက်ရတာလဲ….”
လုယွင်ရှမ်းက အိမ်ရှေ့စံမင်းသားနှင့် မရင်းနှီးခင်တွင် သူက လုလျန့်ဝေ နှင့် အရင် နီးစပ်ခဲ့ပုံရတယ်။ သို့သော်လည်း နောက်ပိုင်းတွင် လုယွင်ရှမ်း မှလွဲပြီး မဘယ်သူနဲ့မှလက်ထပ်မထပ်ရန် ကတိပြုခဲ့တယ်။
လုလျန့်ဝေ မျက်လုံးများတွင် လှောင်ပြောင်သော အကြည့်က ပေါ်လွင်နေတယ်။
လုလျန့်ဝေက အိမ်ရှေ့စံမင်းသားအား မရပ်မနား တွယ်ကပ်နေခဲ့ပြီးသူ့အစ်မနှင့် လက်ထပ်ပြီးနောက်မှာတောင် သူတို့ရဲ့ အိမ်ထောင်ရေးကို အနှောင့်အယှက်ပေးရန် မျှော်လင့်ချက်နဲ့ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း လူတိုင်းက ပြောကြတယ်။
အကယ်၍ သူမကသာနောက်ကွယ်ကနေ မလုပ်ကြံခဲ့ရင် ဇာတ်လမ်းထဲတွင် အိမ်ရှေ့မင်းသားက လုလျန့်ဝေ နှင့် လက်ထပ်ခဲ့ပြီး လုလျန့်ဝေဟာလဲ သေဆုံးလိမ့်မည်မဟုတ်ပေ။
“မင်းရဲ့သူငယ်ချင်းကောင်းအတွက် မင်းကိုယ်မင်း စတေးတာက မင်းဟာ ဖြောင့်မတ်တဲ့သူလို့ တခြားသူတွေလည်း ဒီလိုပဲတွေးနေမှာပဲ…. နင်ကအမှောင်ထဲမှာ ချုပ်နှောင်ထားခံရတဲ့အချိန်မှာ နင်နဲ့ စေ့စပ်ထားတဲ့သူက တခြားတစ်ယောက်ရဲ့ သွေးဆောင်ဖြားယောင်းတာကို ခံလိုက်ရတဲ့ အချိန်မျိုး ရောင်မလာပါစေနဲ့…..”
လင်းချင်ယွမ် က ဒေါသတကြီးပြောနေပေမယ့် လုလျန့်ဝေ ရဲ့ အပြုံးမပျက်တဲ့ မျက်နှာကို သူမမြင်လိုက်တဲ့အခါ အကြောင်းတစ်ခုခုကြောင့် သူမနဲ့စေ့စပ်ထားတဲ့ ချန်ရှုပင်း ကို ရုတ်တရက် တွေးလိုက်မိတယ်။
အမျိုးသားဇာတ်ဆောင် အနေနဲ့သူမအား စေတနာထားပြီး ပံ့ပိုးပေးသည့် အမျိုးသားဇာတ်ပို့ ဇာတ်ကောင်အနည်းငယ်လည်း ရှိပြီး သူတို့ထဲမှ တစ်ယောက်က လင်းချင်ယွမ်နဲ့ စေ့စပ်ထားသူ ချန်ရှုပင်း ဖြစ်တယ်။
မူလက လုလျန့်ဝေ ကို ဆဲဆိုခဲ့ဖူးသည့် လင်းချင်ယွမ် က ရုတ်တရက် မှင်တက်သွားပြီး လုလျန့်ဝေ ပြောတဲ့စကားကြောင့် စိတ်ကသိကအောက် ဖြစ်သွားတာကို ချင်းဝမ်ရူ က မြင်လိုက်တယ်။
လုလျန့်ဝေ က သူ့ဘေးမှာ ရပ်နေပြီး ချင်းဝမ်ရူ ရဲ့ လုပ်ရပ်ကို သတိမထားမိခဲ့ဘူး။
ခန်းမတစ်ဝိုက်တွင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်နှင့်အမျှ လုလျန့်ဝေက သူမမျက်နှာပေါ်သို့ အေးစက်သောအရည်များ စီးကျလာတာကို ခံစားလိုက်ရပြီး သူမ၏ မေးစေ့နှင့် လည်ပင်းဆီသို့ လျင်မြန်စွာ စီးဆင်းသွားခဲ့တယ်။
ဒါကိုမြင်တော့ ချင်းဝမ်ရူ က သူ့ကိုယ်သူ အရမ်းသဘောကျသွားတယ်။
“ လုလျန့်ဝေ….. မင်းလို အရှက်မရှိတဲ့ မိန်းမတစ်ယောက်ကို ဘဲခွေးခြေမှာ ချည်ထားသင့်တယ်.... “
လုလျန့်ဝေ က စားပွဲပေါ်မှ ကြေးဇလုံတစ်ခုကို ကောက်ကိုင်လိုက်ကာ ချင်းဝမ်ရူကို ရေဖြန်းရင်း အေးစက်စွာပြောလိုက်တယ်။ အထဲက ရေကို လက်ဆေးဖို့ သုံးတာဖြစ်တယ်။
“နင်ငါ့ကို တစ်ကြိမ်ပဲ ပေးတာဆိုပေမဲ့ ငါ့ရဲ့ ရိုးသားမှုကို ပြဖို့ နင့်ကို ငါက နှစ်ခါ ပေးမယ်….”
ချင်ဝမ်ရူ ဟာ သတိပေးခြင်းမရှိဘဲ မျက်နှာကို နောက်တစ်ကြိမ် ပက်ခံလိုက်ရတယ်။ ရေဇလုံတခုလုံး သူမပါးပြင်ပေါ်သို့ ကျဆင်းလာကာ ချက်ချင်းပင် သူမအဝတ်အစားများ ရွှဲနစ်သွားတယ်။
အခန်း (၄၇): လုံရန် ၏ မျက်လုံးများကို ဖြတ်သွားသော အံ့ဩခြင်းအရိပ်အယောင်
February 13, 2024
ခန်းမထဲတွင် ရုတ်ရုတ်သဲသဲဖြစ်နေခဲ့တယ်။
အသိပြန်ဝင်လာတဲ့ ချင်ဝမ်ရူက ဒေါသတကြီး အော်ဟစ်လိုက်တယ်။
“လုလျန့်ဝေ….. ငါ နင့်ကို သတ်ပစ်မယ်……”
ထိုစကားကို သူမပြောပြီးတာနဲ့ သူမက လုလျန်ဝေကို ရူးသွပ်စွာ ပစ်ချလိုက်တယ်။
“ဧကရာဇ်မင်းကြီး ကြွရောက်လာပါပြီ...”
ထိုအချိန်တွင် မိန်းမစိုးရဲ့ အသံကို ကြားလိုက်ရတယ်။ ဧကရာဇ်မင်းကြီးက ရောက်ရှိလာခဲ့တယ်။
ချင်းဝမ်ရူ အေးခဲသွားပြီး သူမလှုပ်ရှားမှုများ ရုတ်တရတ် တင်းမာလာတယ်။
ချက်ချင်းပဲ ဧကရာဇ်မင်းက ခန်းမထဲသို့ ဝင်လာတယ်။ သူက အဝါရောင် တောက်ပြောင်နေသော ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ အိမ်ရှေ့မင်းသားနှင့် မင်းသမီးတို့အပြင် မဟာမြို့စားမင်းရဲ့အမွေ ဆက်ခံသူ လုထင်ချန် တို့ဟာ သူ့နောက်က အနီးကပ်လိုက်လာခဲ့ကြတယ်။
“အရှင်မင်းကြီးအားနှုတ်ခွန်းဆက်သပါတယ်….”
လူတိုင်းက ကြမ်းပြင်ပေါ် ချက်ချင်း ဒူးထောက်ချလိုက်တယ်။
ချင်းဝမ်ရူ တစ်ယောက်ဘဲ တုန်လှုပ် ချောက်ချားစွာဖြင့် ထိုနေရာတွင် ရပ်နေခဲ့တယ်။
သူမသည် ကြက်ပေါက်အုပ်ကြားထဲတွင် ရပ်နေသော ကြိုးကြာငှက်နှင့်တူနေတယ်။
ဒါကိုမြင်တော့ ကျောက်ချန် က ပြတ်ပြတ်သားသားပြောလိုက်တယ်။
ထိုမှသာ ချင်းဝမ်ရူက အသိစိတ်ပြန်ဝင်လာပြီး လျင်မြန်စွာဒူးထောက်လိုက်ပီးအသံ တုန်တုန်ယင်ယင်နဲ့ ပြောလိုက်တယ်။
လုံယန်ရဲ့အကြည့်များက ခန်းမဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး တည်ငြိမ်စွာ အမိန့်ပေးပြီးနောက် သူ့ပလ္လင်ဆီသို့ လျှောက်သွားလိုက်တယ်။
ချင်းဝမ်ရူ က သက်ပြင်းတစ်ချက်ချကာ အခြားသူများနှင့်အတူ မတ်တပ်ရပ် လိုက်ပေမဲ့ အဲ့ဒီနောက်မှာ။
ခန်းမတစ်ခုလုံး ထူးဆန်းသောအသံတစ်ခု ထွက်ပေါ်လာတယ်။
ချင်းဝမ်ရူဟာ ရှက်ရွံ့ပီး သူမကိုသတိထားမိမှာ စိုးရိမ်တာကြောင့် ခေါင်းငုံ့ထားလိုက်တယ်။
ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေပြီဖြစ်တာကြောင့် ရုတ်တရက်အသံကို လူတိုင်းကကြားလိုက်တယ်။
လူအုပ်ကြားတွင် ကမောက်ကမ အခြေနေ ဖြစ်နေတာမို့ ဧကရာဇ်မင်းရဲ့ လက်ရှိအမူအရာကို မည်သူမျှ မကြည့်ဝံ့ကြပေ။
ဟုတ်ပါတယ် လုံယန်က သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး အသံလာရာကို လှမ်းကြည့်လိုက်တယ်။
ကျောက်ချန်က အေးစက်သော ချွေးများဖြင့် စိုရွှဲနေတယ်။
ဧကရာဇ်မင်းရှေ့တွင် ဒီလို အတင့်ရဲတဲ့ အမူရာမျိုး ဘယ်သူကလုပ်ရဲတာလဲ။
လုလျန့်ဝေ ကထလိုက်ပီး ဧကရာဇ်မင်းရဲ့အကြည့်ကို သတိပြုမိတာမို့ ဖြေရှင်းဖို့ ချက်ချင်းပင် ခေါင်းငြိမ့်လိုက်တယ်။
ထိုအချိန်တွင် ထူးခြား ကျယ်လောင်တဲ့ အသံများစွာကို ကြားလိုက်ရတယ်။
ချင်းဝမ်ရူရဲ့ အသားအရေက အစိမ်းရောင် နှင့် အနီရောင် ရောနှောထားတဲ့ ပုံစံဖြစ်ပြီး သူမခြေထောက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်။ သူမဟာ ဖြေရှင်း ချင်ရင်တောင် လုလျန့်ဝေ ကဲ့သို့ သူမ ခေါင်းကို ငြိမ့်ပီး မလုပ်နိုင်ဘူး။ အကြောင်းမှာ သူမက လေလည်တာကို ထိန်းမနိုင်သိမ်းမရဖြစ်နေကာ တခါပီးတခါ ပေါက်နေမိလို့ပါဘဲ။
လူတွေရဲ့ ထူးဆန်းတဲ့အကြည့်တွေက သူမကို တစ်ယောက်ပြီးတစ်ယောက် စိုက်ကြည့်နေတဲ့အတွက် ချင်ဝမ်ရူဟာ မြေတွင်းပေါက်တစ်ခုထဲကို ဝင်ပုန်းချင်နေတယ်။
လုလျန့်ဝေဟာ အရှက်မရှိတဲ့ အမျိုးသမီးတစ်ဦး ဖြစ်တာမို့ သူမကို လှောင်ပြောင်ခွင့် မရှိဘူး။
သို့သော် လုလျန့်ဝေက နောက်ကွယ်မှ တစ်ဦးဖြစ်ကြောင်း သူမ သေချာပေါက် သိထားပြီး သူမကို လူတိုင်းရှေ့တွင် အရှက်ကွဲအောင် လုပ်တာအတွက် တာဝန်ရှိတယ်။
ချင်းဝမ်ရူက ဒီအကြောင်းကို များများတွေးလေ၊ သူမ ဒေါသထွက်လေလေဘဲ ။ ဧကရာဇ်မင်းကြီးက အနီးအနားတွင် ရှိနေကြောင်းကိုပင် သူမက လျစ်လျူရှုကာ လုလျန့်ဝေ လှပသောမျက်နှာကို ကုတ်ခြစ်ရန် အော်ဟစ်ကာ ပြေးလာတယ်။
သူမ စိတ်ထဲတွင် အရှက်ကွဲပြီးကတည်းက လုလျန့်ဝေ ကို တခါထဲ အပါခေါ်သွားဖို့ စိတ်ကူးထားတာပါ။
အခန်း (၄၈) ခေါင်းကို မော့လိုက်ပါ။
February 13, 2024
လုလျန့်ဝေက အရှက်မရှိတာတော့မဖြစ်နိုင် ဘူး။ ချင်းဝမ်ရူရဲ့ မျက်လုံးထဲတွင် ရူးသွပ်သောအကြည့်များ တောက်ပလာတယ်။
သူမလက်ကို မြှောက်လိုက်ပြီး လုလျန့်ဝေ မျက်နှာကို ကုတ်ခြစ်မိတော့မယ့်အခါမှာ အဝါရောင်ပုံရိပ်တစ်ခုဟာ သူမရှေ့တွင် ရုတ်တရက်ပေါ်လာတယ်။
ချင်းဝမ်ရူမတုံ့ပြန်မီတွင် သူမဗိုက်ဟာ ပြင်းထန်စွာ ကန်ခံလိုက်ရတယ်။ ထို့နောက် သူမ အကန်ခံလိုက်ရသဖြင့် လွှင့်ထွက်သွားခဲ့တယ်။ကျယ်လောင်တဲ့ ဘုန်းးး ဆိုတဲ့အသံကို ကြားလိုက်ရပြီး အားလုံး တိတ်ဆိတ်သွားကြတယ်။
ထိုအခါ ဧကရာဇ်မင်းကြီးရဲ့ အေးစက်စက် အသံကိုပါကြားလိုက်ရတယ်။
“မင်းကငါ့ရှေ့မှာ ဒီလောက်ရက်စက်တဲ့လုပ်ရပ်ကို လုပ်ဖို့ ဘယ်လိုတောင် သတ္တိရှိတာလဲ……”
လူတိုင်း ထိတ်လန့်သွားပြီး ဒူးထောက်လိုက် ကြတယ်။
လုထင်ချန်က သူ့နောက်မှ ဓားသွားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတယ်။
လုလျန့်ဝေကို နာကျင်စေပါက ချင်းဝမ်ရူကို အရေးယူရန် ဆန္ဒရှိခဲ့သော်လည်း သူမလုပ်ခင်မှာဘဲ ဧကရာဇ်မင်းကြီးက တုံ့ပြန်ခဲ့ပြီး ဝေဝေရှေ့တွင် အကာအကွယ်အနေနဲ့ ရပ်နေခဲ့တယ်။
လုထင်ချန်က ချင်းဝမ်ရူအား ဧကရာဇ်မင်းမှ ကိုယ်တိုင်ကိုယ်ကျ သင်ခန်းစာပေးတာကို မြင်တဲ့အခါတွင်သူမဟာ ကိုယ်လုပ်ခဲ့တာ အတွက် တန်ရာတန်ကြေးပေးဆောင်ခဲ့ရကြောင်း ခံစားခဲ့ရတယ်။
သို့သော် အနီးနားရှိ ချင်းဝမ်ရူကိုကြည့်လိုက်တဲ့အခါ အေးစက်သောအကြည့်က သူ့မျက်လုံးထဲတွင် ပေါ်လာတယ်။
ဒါကအဆိပ်ပြင်းတဲ့ အမျိုးသမီးဖြစ်တယ်။ ဝေဝေကို ဒုက္ခပေးချင်တာမို့ သူမက လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး။
လုံချီ နှင့် လုယွင်ရှမ်း လည်း ဒူးထောက်လိုက် တယ်။ ဧကရာဇ်မင်းက လုလျန့်ဝေကို သူ့နောက်ကွယ်မှာကာကွယ်ထားတာကို ကြည့်ရင်း သူတို့ အလွန်တုန်လှုပ်သွားကြတယ်။
ဧကရာဇ်မင်းက ဒီအမျိုးသမီးကို ဘာကြောင့် ကာကွယ်ရတယ်ဆိုတာ သူတို့ နားမလည်ခဲ့ကြဘူး။
လုယွင်ရှမ်းဟာ ယခု မြေပြင်ပေါ်သို့ လဲကျသွားတဲ့ ချင်းဝမ်ရူကို ချောင်းကြည့်လိုက်တယ်။ လုယွင်ရှမ်း မျက်လုံးများထဲတွင် အေးစက်မှုသာ ရှိနေခဲ့တယ်။
ဧကရာဇ်မင်းရှေ့မှာတစ်စုံတစ်ယောက်ကို ဒီလိုမျိုး တိုက်ခိုက်ဝံ့တာလဲ။ သူ့မှာ အသက် အပိုပါတယ်များ ထင်နေလို့လား။
ချင်းဝမ်ရူ မိဘများသည် သမီးဖြစ်သူရဲ့ ကျေးဇူးမသိတတ်မှုကြောင့် ရှက်ရွံ့နေကြရတယ်။ ဧကရာဇ်မင်းက သူတို့ သမီးတော်ကို ကန်လိုက်တာကြောင့် မြေပြင်ပေါ်သို့ လဲကျသွားတာကို မြင်တာတောင်သူမအား ကူညီရန် မချဉ်းကပ်ရဲကြဘူး။
သူတို့ဇနီးမောင်နှံဟာ ဧကရာဇ်မင်းရှေ့မှာ ဒူးထောက်လျက် ကြောက်ရွံ့တုန်လှုပ်နေ ကြ တယ်။
“ အရှင်မင်းကြီးခွင့်လွှတ်ပေးတော်မူပါ…. သူမက ငယ်ရွယ်ပီး မသိနားမလည်တာကြောင့် ဒေါသထွက်တော် မမူပါနဲ့ဘုရား…..”
လုံယန် က သူတို့ကို မကြည့်ဘဲ သူ့နောက်မှာ ရပ်နေတဲ့ မိန်းကလေးကို လှည့်ကြည့်လိုက်တယ်။
သို့သော် ဧကရာဇ်မင်းက သူမရှေ့မှာရပ်ပြီး ချင်ဝမ်ရူကို ကိုယ်တိုင်ကိုယ်ကျ သင်ခန်းစာပေးမယ်လို့ သူမမျှော်လင့်ခဲ့ဘူး။
ဒါကြောင့် ဧကရာဇ်မင်းက သူ့ကို နောက်ဆုံး အကြိမ်တုန်းက ကယ်တင်ခဲ့တဲ့အတွက် သူမကို ပြန်ဆပ်ဖို့ လုပ်နေတာဖြစ်တယ်။
သူမ တိတ်တဆိတ် သက်ပြင်းချလိုက်ကာ သူ့ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်တယ်။
သူ့မျက်လုံးတွေက သူမမျက်နှာကို လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာမှာ ရေတွေ စွန်းထင်းနေတာကို မြင်လိုက်ရတယ်။ လုလျန်းဝေက သူမကို ဧကရာဇ်မင်းမြတ်က ကြည့်နေတာကို သိလိုက်တဲ့အခါသူမဟာ ရုတ်တရက် စိတ်မသက်မသာ ခံစားရပြီး ခေါင်းကို အနည်းငယ် အမြန်ငုံ့လိုက်တယ်။
ဧကရာဇ်မင်းအား ညစ်ညမ်းသောအသွင်အပြင်ဖြင့် ရင်ဆိုင်ရခြင်းက ကြီးမားသောအရိုအသေမဲ့ခြ င်းကို ဆိုလိုပြီး ပြစ်ဒဏ်ပေးခြင်းခံရမည်ဟု သူမကြားဖူးတယ်။
အခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်း ရမလဲဆိုတာကို တွေးနေရင်းနဲ့ သူမရဲ့ ဦးနှောက်ထဲ ချာချာလည်နေတယ်။
မီးရောင်အောက်တွင် မိန်းကလေးငယ်ရဲ့ သေးသွယ်သောမျက်နှာက လက်ဖဝါး အရွယ်အစားထက် မပိုလှဘူး။ သူမက ပန်းရောင်တောက်တောက်နှင့် နူးညံ့သိမ်မွေ့သော မျက်နှာဖြင့် ချစ်စရာကောင်းနေပုံရတယ်။
မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်ပုံစံကို ပေါ့ပေါ့ပါးပါး ပြုမူခဲ့တဲ့ မြို့စားမင်းအိမ်တော်က ထိုနေ့ကို သတိရမိသွားတယ်။ ထိုအတွေးက သူ့နှုတ်ခမ်းပေါ် မှာ အပြုံးတစ်ခု ဖြစ်ပေါ်လာသော်လည်း သူဘာမှမပြောခဲ့ဘူး။
ထို့နောက် ပလ္လင်တော်ပေါ်မှာ ထိုင်ပြီး အမိန့်ပေးလိုက်တယ်။
“မင်းတို့အားလုံးထိုင်နိုင်ပြီ…..”