← Chapters

အခန်း (၄၉-၅၀)

Vol. 1 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 1 Ch. 49-50

အခန်း(၄၉) ကြီးမားတဲ့နောက်ခံအသိုင်းအဝိုင်း။

February 13, 2024

အားလုံးက အမိန့်အတိုင်း ထိုင်လိုက်ကြတယ်။

ကျောက်ချန် က ချင်းဝမ်ရူနဲ့ သူ့မိသားစုကို အဲဒီကနေ ဆွဲထုတ်ဖို့ နန်းတော်စောင့်တွေကို အမိန့်ပေးလိုက်တယ်။ ဧကရာဇ်မင်းကြီးကတောင် နောက်ထပ် အမိန့်ပေးစရာ မလိုဘူး။

ထိုအရာကို မြင်သူတိုင်းဟာ အလိုက်တသိနေထိုင် ကြပြီး သူတို့ကိုယ်စား ခွင့်လွှတ်ပေးဖို့ ဘယ်သူမှ မတောင်းပန်ဝံ့ကြဘူး။

စိတ်အနှောက်အယှက်ဖြစ်စေတဲ့ သူအတွက် တောင်းပန်ပေးဖို့ဆိုတာ မိုက်မဲသောလူများသာ ဧကရာဇ်မင်းထံ ချဉ်းကပ်ကြလိမ့်မယ်။

လုယွင်ရှမ်းက ထုံးစံအတိုင်း ပြုမူခဲ့ပြီး သူ့ကို လျစ်လျူရှုခဲ့တယ်။

အရင်တုန်းက သူတို့နှစ်ယောက်ရဲ့ရင်းနှီးတဲ့ ဆက်ဆံရေးက ဟာသသက်သက်ဘဲ။

လင်းချင်းယွမ်က လုယွင်ရှမ်းကိုကြည့်လိုက်ပြီး ရုတ်တရက် သူမစိတ်ထဲ မသက်မသာ ခံစားလိုက်ရတယ်။

ချင်းဝမ်ရူဟာ ဘယ်လို ပြုမူနေထိုင်လဲ ဆိုတာကို သူမကောင်းကောင်းသိတယ်။ ချင်ဝမ်ရုဟာ လုယွင်ရှမ်းနောက်ကို အမြဲလိုက်နေပြီး သူမက လုယွင်ရှမ်း လက်ပါးစေလို့ ပြောမယ်ဆိုရင် မှန်လိမ့်မယ်။

သို့သော်လည်း ယခုအချိန်တွင် ချင်းဝမ်ရူတွင် တစ်ခုခုဖြစ်သွားခဲ့ပေမဲ့ လုယွင်ရှမ်း သည် သူမနှင့်လုံးဝမသက်ဆိုင်သလို နေဖို့ ရွေးချယ်ခဲ့တယ်။

လင်းချင်းယွမ်သည် မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရတယ်။

သခင်မကျန်းက လုလျန့်ဝေ အနားမှာထိုင်ပြီး မေးလိုက်တယ်။

လုလျန့်ဝေ က လုထင်ချန် ကို ခေါင်းညိတ်ပြပြီး သူမ အဆင်ပြေကြောင်း ညွှန်ပြလိုက်တယ်။ သူမအတွက် စိတ်ပူစရာမလိုဘူး။

“သခင်မလေးချင်း အရှက်ကွဲရတာက တကယ်မင်းနဲ့ ဘာမှ မဆိုင်ဘူးလား…..”

လုလျန့်ဝေက သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်တယ်။

“ချင်းက အရှက်မရှိ ပြုမူနေတာ ကျွန်မနဲ့ ဘာဆိုင်လို့လဲ…. အဲ့လိုဖြစ်အောင် ဘာလုပ်ရမလဲ….. သခင်မကျန်း…. ရှင် ကျွန်မကိုဘယ်လိုလုပ်ရမလဲ မသင်ပေးဘူးလား…… “

လုလျန့်ဝေ အေးအေးဆေးဆေးဟန်ဆောင် နေတာကို သူမမြင်တော့ သူမ သံသယတွေ ဝင်လာတယ်။ဧကရာဇ်မင်းရှေ့မှာ ချင်းဝမ်ရူ ဖြစ်တဲ့ကိစ္စက လုလျန့်ဝေ နဲ့ ဘာမှ မသက်ဆိုင်တာ အမှန်ပဲလား။

ချင်းဝမ်ရူရုတ်တရတ် အရှက်ကွဲတဲ့ ဖြစ်ရပ်က သူမလုပ်တယ်ဆိုတာ သေချာတယ်။ လုလျန့်ဝေက အဆိပ်ခတ်ရာတွင် ကျွမ်းကျင်သူဖြစ်တယ်။သူမဟာ ချင်ဝမ်ရု ကို ရေနဲ့ပက်လိုက်တဲ့အချိန်မှာ လေလည်စေတဲ့ ဆေးမှုန်းအချို့ကို ရောထည့်လိုက်တာပါ။

ချင်းဝမ်ရူဟာ နှစ်ကြိမ်ဆက်တိုက် ပက်ခံခဲ့ရတာမို့ အချို့သော အရာများကသူမပါးစပ်ထဲသို့ မလွှဲမရှောင်သာ ရောက်သွားမှာ။ လုလျန့်ဝေက ဆေးဖက်ဝင်အမှုန့်ကို ပြုလုပ်ခဲ့ပြီး အများအပြားသုံးစွဲရန် မလိုအပ်ဘူး။ အကောင်းဆုံးအကျိုးသက်ရောက်မှုရှိစေရန် လူတစ်ဦးရဲ့ပါးစပ်အတွင်းသို့ အနည်းငယ်သာ ရောက်ရန်သာ လိုအပ်တယ်။

သူသည် ဧကရာဇ်မင်းအား အရိုအသေပေးကာ လုလျန့်ဝေ အား စစ်ဆေးလိုက်ပီး ထိုင်ခုံသို့ အမြန်ပြန်သွားခဲ့တယ်။

“ဝေဝေ….ခုနက ဘာဖြစ်သွားတာလဲ…. မင်းထိခိုက်သွားသေးလား……”

“ဘာမှ မဖြစ်ပါဘူး…. စိတ်မပူပါနဲ့ ဖေဖေ…”

လုဟန်ထျန်း စိတ်အေး သွားပေမဲ့ သူမရဲ့ နားထင်များ စိုစွတ်နေတာကို မြင်တဲ့အခါ မျက်မှောင်ကြုတ်လိုက်တယ်။

“သမီး ဆံပင်နားက ဘာဖြစ်သွားတာလဲ…..”

လုလျန့်ဝေ က ဒီကိစ္စကို ဆက်ပြီးမပြောချင် တာမို့ လိမ်လိုက်တယ်။

လုဟန်ထျန်း က သံသယဝင်နေပေမယ့် ပွဲစတင်တော့မှာမို့ သူထပ်မေးတာကို ရပ်လိုက်တယ်။

အသေးအမွှားအဖြစ်အပျက်ကို လူတိုင်းက မြန်မြန်မေ့သွားကြတယ်။

ယနေ့သည် ဧကရာဇ်မင်းမြတ်ရဲ့ သုံးဆယ်မြောက်မွေးနေ့ဖြစ်တယ်။ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ဖြင့် ပွဲစတင်ခဲ့တယ်။

အိမ်ရှေ့မင်းသားလုံချီက သူလက်ဆောင်ကို ပထမဆုံး ပေးအပ်သူဖြစ်တယ်။

လုံချီက ရည်မှန်းချက်ကြီးသူဖြစ်တယ်။ ဧကရာဇ်မင်းက ပြင်းထန်သော ရောဂါဝေဒနာများ ခံစားနေရသည်ကို သူသိတယ်။သူ့စကားထဲက မရိုးသားမှုတွေကို ခံစားရုံကလွဲပြီး မကူညီနိုင်ခဲ့ဘူး။

ဧကရာဇ်မင်း စောစီးစွာ နတ်ရွာစံဖို့ သူမျှော်လင့်ထားပြီး နောက်ဆုံးတွင် သူသည် ထီးနန်းကို သိမ်းပိုက်နိုင်ခဲ့မှာပါ။

မွေးနေ့ နှုတ်ခွန်းဆက်စကား ပြီးတော့ လုံချီ က သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ဗန်းတစ်လုံးကို ကိုင်ဆောင်ထားသော နန်းတော် အစေခံတစ်ဦး ချက်ချင်း ထွက်လာတယ်။

ဧကရာဇ်မင်းမြတ်အတွက် အိမ်ရှေ့မင်းသား ပြင်ဆင်ပေးထားသည့် မွေးနေ့လက်ဆောင်ကို လူတိုင်းက စောင့်မျှော်ရင်း အသက်ရှုကြပ်သွား တယ်။

လုံချီက နန်းတော်အစေခံကိုင်ဆောင်ထားသော ဗန်းထဲမှ ခေါက်ယပ်တောင်အား ထုတ်ယူလိုက်တာ ကို ကြည့်ရှု့နေတယ် ။

ဒါကိုမြင်တဲ့အခါ လူတိုင်းက မကျေမနပ်ဖြစ်နေကြရတယ်။ဒါက ဧကရာဇ်မင်းမြတ်ရဲ့ အသက်သုံးဆယ်ပြည့်မွေးနေ့ဖြစ်တာမို့ အိမ်ရှေ့မင်းသားအနေဖြင့် ခေါက်ယပ်တောင်လက်ဆောင်ကို ပေးအပ်ခြင်းမှာ အလွန်နည်းပါးလှတယ်။

လုဟန်ထျန်း လည်း မကျေမနပ်ဖြစ်ဟန် ရှိနေတယ်။သခင်မကျန်းက သတိပြုမိတဲ့အခါ စိုးရွံ့စပြုလာတယ်။

ဒီခေါက်ယပ်တောင် က တော်တော် ဇာတ်ကြောင်း ရှိတယ်။

ဆက်ရန်….

အခန်း(၅၀): ဒါဟာစစ်မှန်တဲ့ရတာ

February 14, 2024

မျှော်လင့်ထားတဲ့အတိုင်း လုံချီဟာ ကျယ်လောင်စွာ ပြောလိုက်တယ်။

“ ဦးရီးတော်ဧကရာဇ်….. ဒီနေ့က ဦးရီးတော်ရဲ့ အသက်သုံးဆယ်ပြည့် မွေးနေ့ ဖြစ်ပါတယ်…. ကျနော်မျိုးက တန်ဖိုးကြီး လက်ဆောင်တစ်ခုကို မပြင်ဆင်ပေးနိုင်ခဲ့ဘူး…. ဒီခေါက်ယပ်တောင် ပေါ်က စာလုံးတွေက မဟာပညာရှင် မော့ချန်း ကိုယ်တိုင်ရေးထားတာပါ…. ဦးရီးတော် သဘောကျမယ်လို့ ကျနော်မျိုး မျှော်လင့်ပါတယ်…..”

စက်ဆုပ်ဖို့ကောင်းတဲ့ အိမ့်ရှေ့စံမင်းသား ရဲ့ စကားကြောင့် ခန်းမတစ်ခုလုံး အုတ်အော် သောင်းနင်း ဖြစ်သွားတယ်။

အမြဲတမ်းတည်ငြိမ်နေတဲ့ ဧကရာဇ်မင်းတောင် အနဲငယ် စိတ်လှုပ်ရှားသွားတယ်။

မဟာပညာရှင် မော့ချန်းဟာ ယနေ့ခေတ်မျိုးဆက်ရဲ့ အထူးချွန်ဆုံးပါရမီရှင်ပါဘဲ။ သူ့ရဲ့ ဥာဏ်ပညာရှိမှုနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကို တော်ရုံလူ မယှဉ်နိုင်ဘူး။

ကောလဟာလတွေအရ သူ့ရဲ့အသက်က နှစ်ခုနှစ်ဆယ်ရှိပြီဖြစ်ပြီး သူ့ကို တိုင်းပြည်များစွာက လိုချင်နေကြတယ်။

ဒဏ္ဍာရီအရ လူတစ်ယောက်ဟာ မော့ချန်ရဲ့ အကူအညီနဲ့သာဆို ကမ္ဘာတစ်ခုလုံးကို သိမ်းယူနိုင်ပြီး မျိုးဆက်တခုလုံးရဲ့ အရှင်သခင် ဖြစ်လာနိုင်တယ်။

ဒါကြောင့်ဘဲ တိုင်းပြည်တွေက မဟာပညာရှင် မော့ချန်ကို အသည်းအသန် လိုက်ရှာနေတာဘဲ ဖြစ်တယ်။ ကံဆိုးစွာနဲ့ဘဲ သူဟာ တောတောင်တွေ ထဲမှာ ပုန်းအောင်းကာအနားယူသွားတာမို့ ဘယ်သူကမှ သူရဲ့လမ်းစကို ရှာမရတော့ဘူး။

အခုချိန်မှာတော့ ပဥ္စလက်ဆန်ဆန်ပျောက်ကွယ် သွားတဲ့ သူတယောက်ရဲ့ လက်ရေးနဲ့ ရေးထားတဲ့ ခေါက်ယပ်တောင်တစ်ချောင်းကို လုံချီက ရှာဖွေနိုင်ခဲ့တယ်။

မအံ့ဩဘဲ ဘယ်နေနိုင်ပ့ါမလဲ။

ထိုအရာတွေသာအစစ်ဖြစ်ရင် အိမ်ရှေ့စံပေးတဲ့ လက်ဆောင်ဟာ အခြားသူများထက် အများကြီး သာလွန်နေမှာပါ။ ဘာလို့လဲဆိုရင် လက်ရှိ ကမ္ဘာပေါ်မှာ မော့ချန် ရေးဆွဲထားတဲ့အရာတွေက များများစားစား မရှိတော့လို့ပဲ။

သူရေးဆွဲခဲ့တဲ့ လက်ရေးနဲ့ပန်းချီတွေဟာ ငွေနဲ့ ဝယ်လို့မရဘူး။

ဒီလိုအရာမျိုးကို ပိုင်ဆိုင်ထားတဲ့သူဟာ တော်တော်လေးကို ဂုဏ်ယူစရာ ကောင်းတယ်။

မဟာရှန်းတိုင်းပြည်က မော့ချန်ကို ရှာဖို့ အားမထုတ်ခဲ့ပေမဲ့ ဧကရာဇ်မင်းကတော့ ပညာရှိကို လိုချင်ခဲ့တယ်။ ဒါကြောင့် အိမ်ရှေ့စံရဲ့လက်ဆောင် ကိုသူဘယ်လောက်တောင် သဘောကျမလဲဆိုတာ မှန်းကြည့်လို့ ရတယ်။

လုံချီဟာ လက်ဆောင်ကို ကိုယ်တိုင်ကိုယ်ကျ လုံယန်အား ပေးလိုက်တယ်။

“ဦးရီးတော်ဧကရာဇ်…. ကျေးဇူးပြုပီး ဒါလေးကို လက်ခံပေးပါ……”

လုံယန်က ယပ်တောင်ကို ယူလိုက်ကာ ဖွင့်ကြည့်လိုက်တယ်။ စာကြောင်းအနဲငယ်ကို ယပ်တောင်ပေါ်မှာ ရေးထိုးထားတာကို တွေ့လိုက်ရတယ်။လက်မှတ်ပုံစံအမှတ်တံဆိပ်က တကယ်ဘဲ မဟာပညာရှိ မော့ချန်ပိုင်ဆိုင်တဲ့ အရာပါဘဲ။

လုံရန်ဟာ မော့ချန်ကို လူချင်းမတွေ့ဖူးဘူး။ နောက်ပြီး သူရေးထားတဲ့ စာတွေဟာလဲ အများကြီး မရှိဘူး။ ဒါပေမဲ့ ထိုအထဲကမှ သူက အနဲငယ်ကိုတော့ မြင်ဖူးတယ်။ တကယ်တော့ သူ့ဆီမှာ မော့ချန်ရဲ့ မပြီးပြတ်သေးတဲ့ လက်ရေးမူ အပိုင်းအစ တစ်ခုရှိပါးတယ်။ ဒါကြောင် ဒီယပ်တောင် ပေါ်ကစာကို အတုအစစ်ခွဲခြားနိုင်တယ်။

“ အိမ်ရှေ့စံက တော်တော်လေး အမြော်အမြင် ရှိတာဘဲ…. ကိုယ်တော် ဒီလက်ဆောင်ကို မြတ်နိုးတော်မူတယ်…..”

လုံချီက သူ့လက်ထဲမှာ ခေါက်ယပ်တောင်ကို အမြတ်တနိုး ကိုင်ထားတာကို ကြည့်ရင်း ဝမ်းမြောက်နေတယ်။ သူ့ရဲ့ ဦးရီးတော်ဧကရာဇ်ဟာ ‌ မော့ချန်ကို အတော်လေး နှစ်ခြိုက်တယ်။ သူရဲ့ ပျော်ရွှင်မှုကို ဖိနှိပ်ကာ သူက ယဉ်ကျေးစွာ ပြောလိုက်တယ်။

သူ့အတွက်ရွှမ်းအာဟာ အဖိုးတန်တယ်။ သူမက လှရုံမကဘူး သူမရဲ့ အလိုက်သိမှုနဲ့ နည်းမျိုးစုံနဲ့ ကူညီပေးနိုင်တာက တခြားမိန်းမတွေနဲ့ မတူဘူး။ သူမရဲ့အကြံပေးမှုကြောင့်သာမဟုတ်ရင် သူဟာ သူ့ရဲ့ ဦးရီးတော်ဆီက ဒီလိုမျိုး ချီးမြောက်မှုကို ရနိုင်မာ မဟုတ်ဘူး။ သူ့ဦးလေးက အမြဲတမ်း စိတ်ရင်းမှန်ကို ဖုံးကွယ်နိုင်တဲ့သူပါ။ သူဟာ အိမ်ရှေ့စံ မင်းသားဖြစ်ပေမဲ့ သူ့အပေါ် ဘယ်လိုတွေးနေတယ် ဆိုတာ သူမသိဘူး။ ဒီလို တစုံတစ်ရာကို နှစ်သက်တယ်လို့ ထုတ်ပြောတာက အရမ်းကို ရှားပါးတယ်။ သူက အလွန်ကျေနပ်နေမိတယ်။

နောက်ပြီး သူဟာ လုယွင်ရှမ်းကို ထပ်မံကြည့်လိုက် ပြနောက် သူ့ရဲ့အမူရာက ပိုမိုနူးညံ့သွားတယ်။ သူဟာ လုလျန့်ဝေကို ငြင်းပယ်ပြီး သူမကို ရွေးချယ်လိုက်တာက ပိုမှန်တယ်လို့ ခံစားလာ ရတယ်။

လုလျန့်ဝေရဲ့ ရုပ်ရည်က ပိုလှတယ်ဆိုပေမဲ့ သူမဟာ စိတ်နေသဘောထား၊ အရည်အသွေး နဲ့ ဥာဏ်ရည်တို့မှာတော့ လုယွင်ရှမ်းနဲ့ မယှဉ်နိုင်ဘူး။

လုယွင်ရှမ်းဟာလည်း ဧကရာဇ်မင်းကြီးက အိမ်ရှေ့စံရဲ့ လက်ဆောင်ကို နှစ်သက်တာမို့ စိတ်သက်သာရာ ရသွားတယ်။ သူမဟာ ဝေ့ပြီးကြည့်လိုက်တဲ့အခါ ထောင်တစ်ထောင့်မှာ လုဟန်ထျန်းနဲ့အတူ ထိုင်နေတဲ့ လုလျန်းဝေကို တွေ့လိုက်တယ်။

တွေးကြည့်လိုက်ရင် သခင်မလင်းရဲ့ ကွယ်လွန်ခြင်းကို ကျေးဇူးတင်ရမှာပါ။ ဒါ့ကြောင့်ဘဲ အိမ်ရှေ့စံက မင်းကြီးရဲ့ ချီးမြှောက်မှုကို ခံခဲ့ရတယ်။

သူမသာ သခင်မလင်းရဲ့ ပန်းရနံ့ တရားရုံးကို လမ်းလျှောက် မထွက်ခဲ့ဘူးဆိုရင် သူမဟာ ဒီခေါက်ယပ်တောင်ကို ရမလာနိုင်ဘူး။

All Chapters