← Chapters

တစ်ကွက်တည်းနှင့် သတ်ဖြတ်ခြင်း

Vol. 4 Ch. 344

တစ်ကွက်တည်းနှင့် သတ်ဖြတ်ခြင်း

Vol. 4 Ch. 344

“မင်းက တရုတ်မှာ ထင်တိုင်းကြဲ လို့ရတဲ့ လူတစ်ယောက် ဖြစ်ရင်တောင် ဘာကြောင့် အပြစ်မဲ့တဲ့ လူတွေကို သတ်ရတာလဲ။ မင်းမှာ အသိတရား နည်းနည်းလေးမှ မရှိဘူးလား…”

သွေးလွှမ်းသော မြင်ကွင်းအား မြင်သည်နှင့် ကီတ နီဝါကာဝါမှာ သူ၏ ဒေါသအား ထိန်းချုပ် မထားနိုင်တော့ပေ။

ယူကီရှီရို မိသားစု ခေါင်းဆောင်များ၏ မျက်နှာများမှာလည်း ဒေါသကြောင့် နီရဲ နေခဲ့ကြသည်။ သူတို့ရှေ့တွင် အပိုင်းပိုင်း ပြတ်ကာ လဲကျနေသော လူများကား ယူကီရှီရို မိသားစု၏ လူသား ရင်းမြစ်များ ဖြစ်၏။ ထိုသူများအား ဆုံးရှုံးရခြင်းက မိသားစုအတွက် အလွန်ပင် နစ်နာမှု ရှိသည်။

“အထွတ်အထိပ် ဆရာကြီး ကီတ နီဝါကာဝါ ... ဒီကိစ္စကို တရားမျှတအောင် ကျုပ်တို့ကို ကူညီပါ…”

ယူကီရှီရိုဆာ၏ ဦးလေး တစ်ယောက်ဖြစ်သော ယူကီရှီရို ကိုင်ချီအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဟုတ်တယ် ... ယူကီရှီရိုဆာကိုလည်း သတ်ပေးပါ။ အဲ့ကောင်မက သူစိမ်းကို ကျုပ်တို့ဆီ လမ်းပြခဲ့တဲ့ သစ္စာဖောက်ပဲ။ သူသေမှကို ဖြစ်မယ်”

ယူကီရှီရိုဆာ၏ အခြား ဦးလေး တစ်ယောက်ဖြစ်သော ယူကီရှီရို တာကီရှီကလည်း ယူကီရှီရိုဆာအား ကြည့်ရင်း နှာခေါင်ရှုံ့လိုက်သည်။

ချန်းဖန်က ကီတနီဝါကာဝါ၏ မေးခွန်းအား မဖြေပဲ လက်တစ်ချက်အား ဝှေ့ယမ်းကာ ချီဓားလှိုင်းတစ်ခုအား ဆက်လက်ဖော်ထုတ်သည်။

သူကား ကောင်းကင်၏ မြောက်ပိုင်းဧကရာဇ် ဖြစ်သည်။ သူ၏ လုပ်ရပ်ကို မည်သူကမျှ ဝေဖန်ပိုင်ခွင့် မရှိပေ။

ကီတ နီဝါကာဝါက ချန်းဖန် ထံမှ ထွက်ပေါ်လာသည့် နှစ်မီတာခန့် ရှည်လျားသော အဇူရာ ဓားချီအား ကြည့်ရင်း သူ၏ ဓားအား ဖြည်းညင်းစွာ ဆွဲခုတ်လိုက်၏။ သူ့အနေဖြင့် လူများစွာ၏ အသက်ကို ကယ်တင်ရန် အချိန်မှီ မရောက်ခဲ့သော်လည်း နောက်ထပ်လူများ သေမည့်အရေးကိုမူ ခွင့်မပြုနိုင်ချေ။

ကီတ နီဝါကာဝါ၏ ဓားကား တဖြည်းဖြည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ဓား၏ အရိုးမှာ ဆေးရောင်များ လွင့်ပြယ်ကာ အရောင်အဆင်း မှေးမှိန်နေသည့်တိုင် အထင်သေးရဲ သူ တစ်ယောက်မျှ မရှိချေ။ ထိုဓားကား ယနေ့ခေတ် ဂျပန်၏ အကောင်းဆုံး ဓားများမှ တစ်ခု ဖြစ်သည်။

တစ်ချိန်က ကီတ နီဝါကာဝါမှာ ထိုဓားအား အဖော်ပြုရင်း ဂျပန်နိုင်ငံ အနှံ့သို့ ခြေဆန့်ခဲ့သည်။ ထိုဓားဖြင့် ခူးရှူးနှင့် ရှီကိုးကူး ကျွန်းများပေါ်တွင် သူ့နာမည်ကို ဟုန်းဟုန်းတောက် စေခဲ့သည်။ သူ၏ ကင်ဒိုဓားအား တရုတ် အထွတ်အထိပ် သိုင်းပညာရှင်များနှင့် မွေထိုင်း ပညာရှင်များကပင် ကြောက်ခဲ့ရသည်။

“ကရမ့်…”

ဓားကား အပြည့်အဝ ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။ ရုတ်တရက် ငွေရောင်အလင်း တစ်ခုက ထွက်ပေါ်လာပြီး ထက်ရှခြင်းနှင့် ရက်စက်ခြင်း အရောင်အဝါ တစ်ခုအား ထုတ်လွှတ်သည်။

“ဒီလို စွမ်အားမျိုး ... သူက ဂျပန်ရဲ့ အစွမ်းအထက်ဆုံး ကင်ဒိုမာစတာ ဖြစ်နေတာ မထူးဆန်းဘူးပဲ”

ယူကီရှီရို မိသားစု ခေါင်းဆောင်များက သူ့အား လေးစားသမှုဖြင့် ကြည့်နေခဲ့ကြ၏။

“ဟမ့် ... ယူကီရှီရိုဆာ ... သေဖို့သာ ပြင်ထား”

ယူကီရှီရို တာကီရှီက ယူကီရှီရိုဆာအား စူးရဲစွာ ကြည့်ရင်း စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ သူ့အနေဖြင့် ထိုကောင်မလေးအား ကြည့်မရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မိသားစု ခေါင်းဆောင် ဟူသော အဟန့်အတားကြောင့် သူ ခေါင်းငုံ့နေရန်သာ တတ်နိုင်ခဲ့သည်။

ကင်ဒိုမာစတာ၏ လှုပ်ရှားမှုများအား ကြည့်ရင်း ယူကီရှီရိုဆာ၏ မျက်နှာက တဖြည်းဖြည်း ဖြူရော်လာခဲ့သည်။ ထိုအဘိုးအို မည်မျှအထိ အစွမ်းထက်သည်ကို သူမ သိသည်။ ချန်းဖန်မှာ ထိုအဘိုးအိုအား အနိုင်ယူနိုင်လိမ့်မည်ဟု သူမ မခန့်မှန်းရဲပေ။ အကယ်၍ ချန်းဖန်သာ အသတ်ခံရလျှင် သူမ၏ ဘဝလည်း အဆုံးသတ်သွား လိမ့်မည်မှာ သေချာသည်။

ယူကီရှီရို မိသားစုဝင် တစ်ဦး အနေဖြင့် မိသားစု အကြီးအကဲများ၏ စရိုက်ကို သူမ ကောင်းစွာသိသည်။ ထိုလူများကား ရက်စက်ခြင်း၌ ပျော်မွေ့သော အရိုင်းအစိုင်းများ ဖြစ်ကြသည်။

“ခရမ်…”

စူးရှသော ဓားအလင်းရောင်နှင့် အတူ ကီတ နီဝါကာဝါ၏ ခုတ်ချက်ကား ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ထိုခုတ်ချက်အား ကာဝါကာမီ ဂျန်းစိုင်းက ချန်းဖန်နှင့် တိုက်ခိုက်ရာ၌ အသုံးပြုခဲ့ ဖူးသည်။ သို့သော်လည်း ကီတ နီဝါကာဝါ ကိုယ်တိုင် ထုတ်ဖော်သော ဓားချက်နှင့် မည်သို့မျှ မနှိုင်းယှဉ် နိုင်ပေ။

ငွေရောင်ဓား အလင်းရောင်က မခန့်မှန်း နိုင်သော စွမ်းအားများကို သယ်ဆောင်ပြီး ချန်းဖန် ဖော်ထုတ်ထားသော ဓားလှိုင်းအား ဖျက်ဆီးသည်။

“ဟုတ်ပြီ…”

ယူကီရှီရို မိသားစုဝင်များက ထိုမြင်ကွင်းအား ကြည့်ရင်း အံကြိတ်လိုက်ကြ၏။ သူတို့၏ မျက်လုံးရှေ့တွင်ပင် ကီတ နီဝါကာဝါ၏ ဓားက လူငယ်၏ ဓားလှိုင်းများအား ပျောက်ကွယ် သွားစေခဲ့သည်။ ကီတ နီဝါကာဝါ အရေးသာသည်ကား သေချာ၍ နေသည်။ ကင်ဒိုမားတာ၏ ထိုအရူးကား မည်သို့မျှ တတ်နိုင်မည် မဟုတ်ချေ။ သူ့အား နုပ်နုပ်စဉ်း၍ ခွေးစာ ကျွေးပစ်ရမည်။

ယူကီရှီရို တာကာရှီ၏ မျက်နှာတွင်လည်း ပိုင်နိုင်သော အပြုံးက တဖြည်းဖြည်း ပီပြင်လာခဲ့၏။ သူ၏ အတွေးတွင်မူ လှပသော တူမလေးမှာ သူ၏ ပေါင်နှစ်ခုကြား၌ ပြုသမျှကို ငြိမ်ခံနေရသည့် မြင်ကွင်းက စိုးမိုးနေခဲ့၏။ ထိုအတွေးကြောင့် သူ၏ စိတ်များပင် နိုးထ လာခဲ့တော့သည်။

သို့သော်လည်း ကီတ နီဝါကာဝါ၏ မဲမှောင်နေသော မျက်နှာကိုမူ မည်သူမျှ သတိမထား မိကြချေ။ ချီဓားများအား ဖျက်ဆီးပြီးနောက် သူ၏ လက်နှစ်ဖက်က တဆတ်ဆတ် တုန်ရီနေခဲ့ပြီ ဖြစ်သည်။ ထိုကောင်လေး သာမန်ကာ လျှံကာ ထုတ်လွှတ်လိုက်သော ချီဓားလှိုင်းက ဤမျှအထိ ပြင်းထန် နေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

“တရုတ်မှာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အထိ အစွမ်းထက်တဲ့ ပညာရှင် တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ သူက အထူးဌာနက လူတစ်ယောက်လား။ အထူးဌာနက ပျံလွှားနီလေးနဲ့ ကျားဖြူကိုတော့ ငါတွေ့ဖူးပါတယ်။ သူက အဇူရာနဂါးနဲ့ လိပ်နက် တစ်ယောက်ယောက်လား။ ဒါမှမဟုတ် အခြားလူ တစ်ယောက်လား”

ကီတ နီဝါကာဝါက မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိ၏။

“မင်းက ကီတ နီဝါကာဝါလား…”

ချန်းဖန်၏ စကားသံက ကီတနီဝါကာဝါ၏ အတွေးများအား လှုပ်နှိုးလိုက်၏။

“ဟုတ်ပါတယ် ... ခင်ဗျားရဲ့ နာမည်က ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား”

ကီတ နီဝါကာဝါက ယဉ်ကျေးစွာပင် ပြန်မေးလိုက်၏။ ဂျပန်ရိုးရာ ယုံကြည်မှုအရ အင်အားကြီးသူအား ရိုသေလေးစား ခံရရန် ထိုက်တန်သည်။ ထို့ကြောင့်ပင် ကီတ နီဝါကာဝါက သူ၏ လေးစားမှုကို ပြသလိုက်ခြင်း ဖြစ်၏။ သူ၏ အမြင်အရ ဆိုလျှင် ဂျပန်တွင် လူငယ်အား ယှဉ်နိုင်မည့်သူ ဆို၍ တစ်ယောက်သာ ရှိသည်။ ထိုတစ်ယောက်ကား ဂျပန်၏ အစွမ်းအထက်ဆုံး ကင်ဒို အထွတ်အထိပ် ပညာရှင် အီရီကာပင်။

“မင်း ငါ့ရဲ့ တိုက်ခိုက်မှု တစ်ခုကို ခုခံနိုင်ရင် ငါ့နာမည်ကို ပြောပြမယ်”

ချန်းဖန်က အဖြေပေးပြီးသည်နှင့် ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသော လက်မောင်းအား ဝှေ့ရမ်းရင်း အဇူရာ အလင်းရောင်အား ဖန်တီးသည်။

“ဖွဲ့စည်းစမ်း…”

လေထုက မရေမတွက်နိုင်သော ဓားသွားများ အဖြစ် သိပ်သည်းကာ ချန်းဖန်၏ ခန္ဓာကိုယ်အား လှည့်ပတ်ကြ၏။ ခဏအတွင်းမှာပင် ဓားသွားများက ပေါင်းစပ်ကာ မီတာအနည်းငယ် ရှည်လျားသော နဂါးတစ်ကောင် အသွင် ဖန်တီးသည်။ နဂါးက ပြီးပြည့်စုံစွာ ပုံပေါ်လာသည်နှင့် ကီတ နီဝါကာဝါနှင့် သူ၏ နံဘေးမှ လူများထံ ဟိန်းဟောက်ကာ တိုးဝင်လာတော့၏။

“သေစမ်း…”

ကီတ နီဝါကာဝါ၏ မျက်နှာက သွေးမရှိသည့် အလား ဖြူရော်လာနေခဲ့သည်။ ချန်းဖန်ထံမှ ထိုသို့သော စွမ်းအား ပေါ်ထွက်လာမည်ဟု သူ မျှော်လင့် မထားခဲ့ချေ။ ယူကီရှီရို မိသားစု၏ ခေါင်းဆောင် များစွာမှာလည်း ထိုမြင်ကွင်းအား ကြည့်ရင်း ကြက်သေသေနေ ကြတော့၏။

လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ဓားသွားများ ပေါင်းစပ်ထားသော နဂါးအား ဖော်ထုတ်နိုင်ခြင်း ... ထိုမိစ္ဆာက မည်သည့် ငရဲဘုံမှ လာခဲ့သနည်း။

“သူ့ကို ချီဇူရူ မာစာဟီရို မပြောနဲ့ ... သခင်ကြီး အိုမိုင်ယိုချီတောင် အနိုင်ယူဖို့ မဖြစ်နိုင်တော့ဘူး…”

ကီတ နီဝါကာဝါက တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်နှာ တစ်ခုလုံးမှာမူ အသက်မရှိသူ ကဲ့သို့ ဖြူရော်နေခဲ့တော့သည်။ သူ့အနေဖြင့် ထိုနဂါးအား မည်သို့မျှ ရှောင်ရန် မဖြစ်နိုင်တော့ပေ။ မည်သို့ပင် ဆိုစေ ထိုတိုက်ခိုက်မှုအား သူတတ်နိုင်သမျှ ခုခံရပေမည်။

ကီတ နီဝါကာဝါက ခြေထောက်များအား မြေပြင်အမာတွင် နစ်ကျွံသည် အထိ အားယူကာ သူ၏ ယူချီဂါတနာဓားအား  ဦးခေါင်းထက်သို့ မြှောက်လိုက်၏။ နဂါးကား ရွာတစ်ရွာလုံးအား ဖျက်ဆီးနိုင်သော အားအင်များကို သယ်ဆောင်၍ သူ့ထံသို့ တိုးဝင်လာခဲ့ပြီ ဖြစ်သည်။

“ကီတ နီဝါကာဝါရဲ့ ခုတ်ချက်…”

ကီတ နီဝါကာဝါက လေများအား အဆုပ်အထိ ရောက်အောင် ရှူသွင်းလိုက်ရင်း ယူချီဂါတနာအား အားကုန် လွှဲခုတ်လိုက်တော့သည်။ ယူချီဂါတနာက ငွေရောင်လျှပ်စီးများအား သယ်ဆောင်ကာ လေဟာနယ်အား ပေါက်ကွဲစေလျက် နဂါးအား ထိပ်တိုက် ရင်ဆိုင်သည်။

“ဘုန်း...”

ဓားအလင်းနှင့် နဂါးတို့ ထိတွေ့သည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုက ထွက်ပေါ်လာတော့သည်။ ပေါက်ကွဲသံ နှင့်အတူ လှိုင်းများက တရစပ် ထွက်ပေါ်လာကာ ဘေးဘက်သို့ ပျံ့နှံ့သည်။

ကီတ နီဝါကာဝါ၏ ဘေးတွင် ရှိသော လူများကား ထိုလှိုင်းအား၏ ဖြတ်သန်းမှုတွင် ထောပတ်များ အလား အပိုင်းပိုင်း ပြတ်၏။ အရိုင်းဆန်သော ဓားလှိုင်းတစ်ခုက ယူကီရှီရို တာကာရှီ၏ ဝမ်းဘိုက်အား ဖောက်ထွင်းသည်။

“ဘာကြောင့်လဲ ... ဘာကြောင့်လဲ…”

ယူကီရှီရို တာကာရှီ၏ ကိုယ်လုံးကား မြေပြင်ပေါ်သို့ တအိအိ လဲကျသွားခဲ့တော့သည်။ သူ၏ ပွင့်နေဆဲ ဖြစ်သော မျက်လုံးများတွင်မူ မယုံကြည်နိုင်မှုများက ပြည့်နှက်လျက်။

ထိုလှိုင်းများကြားတွင် လွတ်မြောက်သည့်သူများကား အနည်းငယ်သာ ရှိသည်။ များစွာသော အလောင်းပုံများကား မြေပြင်၌ ကျဲပြန့်နေကာ မြင်တွေကသူအား ရူးသွပ်ဖွယ် စိတ်နှလုံး ချောက်ချားမှုအား ဖြစ်ပေါ်စေသည်။

“သူသေသွားပြီလား…”

ယူကီရှီရိုဆာက ကီတ နီဝါကာဝါ ရှိရာ နေရာသို့ အလောတကြီး ကြည့်လိုက်မိသည်။ သူမ ငယ်စဉ်ကလည်းက ထိုလူကြီး၏ စွမ်းအားများကို သူမ အမြဲ ကြောက်ရွံ့ခဲ့ရသည်။ သူမ အနေဖြင့် အဘိုး အပါအဝင် လူတိုင်း၏ စိတ်ကို ဖတ်နိုင်ခဲ့သော်လည်း ထိုလူကြီးကိုမူ မည်သို့မျှ ခန့်မှန်း၍ မရခဲ့ပေ။ အကယ်၍ ချန်းဖန်သာ ပါမလာခဲ့လျှင် ထိုလူကြီး၏ ရှေ့၌ ဒူးထောက်ကာ သူမ၏ အသက်ကို ချမ်းသာပေးရန် တောင်းပန် နေရလောက်ပြီ ဖြစ်သည်။

ဖုန်များ တဖြည်းဖြည်း လွင့်စဉ်သွားသည်နှင့် သွေးများ ရွှဲရွှဲစိုနေကာ ကတုန်ကယင် ဖြစ်နေသည့် ကီတ နီဝါကာဝါ၏ ပုံရိပ်က တဖြည်းဖြည်း ပေါ်လာခဲ့တော့သည်။

“မင်း ဘယ်သူလဲ ဆိုတာ ... သိသွားပြီ ဆိုပေမဲ့ ... ဒါက ... အရမ်း နောက်ကျသွားပြီ…”

စကားဆုံးသည်နှင့် ကီတ နီဝါကာဝါ၏ ကိုယ်လုံးကား မြေပြင်ပေါ်သို့ အတားအဆီး မရှိ လဲကျသွားတော့သည်။

ဂျပန်၏ အစွမ်းအထက်ဆုံး ကင်ဒို မာစတာ လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော ကီတ နီဝါကာဝါကား အသတ်ခံခဲ့ရပြီ ဖြစ်တော့၏။

***

All Chapters