ယူကီရှီရို မိသားစု ကျဆုံးခြင်း
Vol. 4 Ch. 345
သေခြင်း၊ ရှင်ခြင်း၏ နောက်ဆုံး အခိုက်လေး၌ သူ့အား တစ်ကွက်အတွင်း သတ်နိုင်ခဲ့သည့် ပညာရှင်ကို ကီတ နီဝါကာဝါ သိရှိသွားခဲ့သည်။ ထိုသို့ လုပ်နိုင်စွမ်း ရှိသည်ကား အမှောင်သတ်မှတ်ချက်၏ နံပါတ် သုံး၊ တရုတ်၏ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင် ချန်းပေ့ရွှမ်း သာရှိသည် မဟုတ်ပါလား။
“ဒါ ... ဒါက ... ဘယ်လို ဖြစ်နိုင်တာလဲ…”
ယူကီရှီရို ကိုင်အိုချီမှာ သွေးပျက်ဖွယ် မြင်ကွင်းအား ကြည့်ရင်း အသက်မဲ့စွာ ရေရွတ်လိုက်မိ၏။ သူကား ယူကီရှီရို မိသားစု ခေါင်းဆောင်များထဲတွင် အသက်ရှင် ကျန်ရစ်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သူ၏ ဘေးတွင်မူ မိသားစုဝင်များ၏ ခန္ဓာကိုယ်များက အပိုင်းပိုင်း ပြတ်ကာ ကျဲပြန့်လျက်။ ယူကီရှီရို ကိုင်အိုချီက သူ၏ ညီအစ်ကိုများကဲ့သို့ သေဆုံးသွားရန်သာ ဆုတောင်းနေမိသည်။ ထိုသို့ဆိုလျှင် ယခုအချိန်၌ သူ့အတွက် အရာရာက ပြီးဆုံးနေလောက်ပြီ ဖြစ်လိမ့်မည်။
ယူကီရှီရို ချီအို အစေခံတစ်ယောက်၏ အကူအညီဖြင့် ထိုနေရာသို့ ရောက်လာချိန်၌ တိုက်ပွဲကား ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ အပိုင်းပိုင်း ပြတ်ကာ ကျဲပြန့်နေသော ရုပ်အလောင်းများအား တွေ့မြင်သည်နှင့် သူ၏ ခန္ဓာကိုယ်က အားပြတ်ကာ ခြေထောက်များပင် ခွေကျသွားတော့သည်။ ဘေးနားရှိ အစေခံ၏ အကူအညီ ကြောင့်သာ မဟုတ်လျှင် မြေပြင်ပေါ်သို့ သူလဲကျ နေလောက်ပြီ ဖြစ်သည်။
“အဘိုး ... နောက်တစ်ကြိမ် ပြန်တွေ့ရတာ ဝမ်းသာပါတယ်”
ယူကီရှီရိုဆာက သူ့အား နှုတ်ဆက်လိုက်ရင်း ကီတ နီဝါကာဝါ၏ အလောင်းအနားသို့ လျှောက်သွားလိုက်သည်။ ထို့နောက် အလောင်းဘေးတွင် အပိုင်းပိုင်း အစစ များအဖြစ် ကျဲပြန့်ကျနေသော ယူချီဂါတနာအား ကောက်ယူကာ အနည်းငယ် စစ်ဆေး ကြည့်လိုက်သည်။
ထို့နောက် ဓားအပိုင်းအစ အချို့ကို သယ်ဆောင်ရင်း သူမ၏ အဘိုးထံသို့ တစ်လှမ်းခြင်း လျှောက်လာခဲ့တော့၏။ သူမ၏ မျက်လုံးများကမူ ရက်စက်ခြင်း၊ မုန်းတီးခြင်းများဖြင့် ပြည့်နှက်နေခဲ့လေသည်။
“ယူကီရှီရိုဆာ ... နင် ဘာလုပ် မလို့မလဲ။ ငါက နင့်ရဲ့ အဘိုးနော်…”
ယူကီရှီရိုဆာ ချီအိုက အသံအား တည်ငြိမ်အောင် ထိန်းသိမ်းရင်း ပြောလိုက်၏။ သို့သော်လည်း သူ၏ မျက်လုံးများမှ ထိတ်လန့်မှုများကိုမူ ဖုံးကွယ်မထားနိုင်ခဲ့ချေ။
လွန်ခဲ့သည့် နှစ်အနည်းငယ်က ဆိုလျှင် ယူကီရှီရုဆာမှာ ထိုအဘိုးအား မော့၍ပင် မကြည့်ရဲခဲ့ချေ။ သို့သော်လည်း သွေးပျက်ဖွယ် အဖြစ်အပျက်များအား ကြုံတွေ့ခဲ့ရပြီးနောက် သူမတွင် ကြောက်စိတ် မရှိတော့ချေ။
“အဘိုးက ကျွန်မရဲ့ ခန္ဓာကိုယ်ကို နတ်ဆိုးဆီ ကမ်းလှမ်းပြီး သူ့ကို ပိုင်ဆိုင်စေခဲ့တယ် ... ဟုတ်တယ်မလား…”
ယူကီရှီရိုဆာက လျှောက်လာရင်း မေးလိုက်၏။
ယူကီရှီရိုဆာ၏ မည်းမှောင်နေသော မျက်နှာအား ကြည့်ရင်း ယူကီရှီရို ချီအိုက အသနားခံလိုက်သည်။
“ယူကီရှီရိုဆာ ... အဘိုးရဲ့ မြေးလေး ... အဘိုးတို့မှာ ရွေးချယ်စရာ မရှိလို့ပါကွယ်။ သခင်ကြီး အွန်မိုင်ယိုချီ ချီဇူရူက အဘိုးတို့ကို တိုက်ရိုက် ညွှန်ကြားခဲ့တာပါ။ အဘိုးတို့ အနေနဲ့ သခင်ကြီး စုဆမ်နိုရဲ့ အမိန့်ကို ငြင်းဆန်လို့ မရခဲ့ဘူး…”
ယူကီရှီရိုဆာ၏ မျက်နှာကမူ ပျော့ပျောင်းမလာပဲ ပိုမို အေးစက်ကာ ခက်ထန်လာခဲ့သည်။ ထိုအဘိုးအို၏ အသနား ခံမှုက သူမအား သက်ရောက်မှု မရှိပေ။ သူမက ယူချီဂါတနာအား ဖြည်းညင်းစွာဖြင့် ဦးခေါင်းထက်သို့ မြှောက်လိုက်ကာ အဘိုးအိုအား ချိန်ရွယ်လိုက်တော့သည်။
“ယူကီရှီရိုဆာ ... သူ့ကို မသတ်နဲ့ဦး။ ငါ သူ့ကို မေးစရာ ရှိသေးတယ်”
ချန်းဖန်၏ စကားသံကြောင့် မိန်းကလေးက ဓားအား ပြန်ချလိုက်၏။
“ဟိုက်…”
သူမက ခေါင်းညိတ်လိုက်၏။
ယူကီရှီရို ချီအိုက ချန်းဖန်အား မုန်းတီးစွာ ကြည့်လိုက်သည်။ ထိုမိစ္ဆာမှာ သခင်ကြီး စုဆမ်နို၏ ပုံရိပ်ယောင်အား ချိုးဖျက်ခဲ့သူ ဖြစ်ရမည်။ ထို့အပြင် သူ၏ လက်အောက်၌ ကီတ နီဝါကာဝါ အပါအဝင် ယူကီရှီရို မိသားစုဝင် အားလုံးနီးပါး အသတ်ခံခဲ့ရသည်။ သူနှင့် ပတ်သက်မိခြင်းက ယူကီရှီရိုမိသားစု၏ အကြီးမားဆုံးနှင့် နောက်ဆုံးသော အမှားပင် ဖြစ်တော့၏။
“သခင်ကြီး အလိုရှိတာ မေးပါ ခင်ဗျာ ... ကျွန်တော် သိသမျှ အရာအားလုံး ဖြေပါ့မယ်…”
ယူကီရှီရို ချီအိုက ချန်းဖန် ရှေ့၌ ဒူးထောက်ရင်း ဆက် ပြောလိုက်၏။
“သခင်ကြီး ... ကျုပ်တို့ မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက ယန်းငွေ ထရီလီယံနဲ့ ချီပြီး ရှိပါတယ်။ နောက်ပြီး ခူးရှူးကျွန်း မြေအောက်လောက ကလည်း ကျုပ်တို့ရဲ့ လွှမ်းမိုးမှု အောက်မှာ ရှိပါတယ်။ အဲဒီ ပိုင်ဆိုင်မှုအားလုံးကို သခင်ကြီးကို လက်လွှဲပေးဖို့ ကမ်းလှမ်းပါတယ်။ တကယ်လို့ သခင်ကြီးသာ အလိုရှိရင် ငယ်ရွယ်ပြီး နုပျိုတဲ့ အပျိုစင်လေးတွေနဲ့ သခင်ကြီးရဲ့ အိပ်ယာကို စိုဆွတ်စေဖို့ ကျုပ် တာဝန်ယူပါတယ်…”
ယူကီရှီရို ချီအိုကား တကယ့် မြေခွေးအိုကြီးပင်။ သူက အလောတကြီးပင် ချန်းဖန်အား ဆွဲဆောင်ရန် ကြိုးပမ်းနေတော့၏။ ချန်းဖန်၏ ကာကွယ်မှုအောက်တွင် ရှိပါ ယူကီရှီရိုဆာမှာ သူ့အား တစ်ခုခု လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် ယူကီရှီရိုဆာအား ချန်းဖန် ကူညီရသည့် အကြောင်းရင်းမှာလည်း သူမ၏ အလှအပ ကြောင့်သာ ဖြစ်နိုင်သည်။ ယူကီရှီရို မိသားစု အနေဖြင့် သူမထက် ပိုမို ဆွဲဆောင်မှု ရှိသော မိန်းကလေးကို ချက်ချင်းပင် ရှာဖွေနိုင်သည်။ အကယ်၍ ချန်းဖန်သာ အလိုရှိပါက ဂျပန် နိုင်ငံ၏ အလှဆုံး မင်းသမီးကိုပင် သူတို့ ခေါ်ဆောင်ပေးနိုင်သည်။
“မလိုတော့ဘူး…”
ချန်းဖန်က ပြုံးလိုက်ရင်း သူ၏ လက်ကို အဘိုးအို၏ ပြောင်နေသော ထိပ်နားသို့ ဆန့်ထုတ်လိုက်သည်။ အဇူရာ အလင်းတစ်ခုက ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံနှင့် ပေါင်းစပ်ကာ အဘိုးအို၏ စိတ်အတွင်း တိုးဝင်သည်။ အဘိုးအိုမှာ ဦးနှောက်အား တစ်ခုခုက ဖျစ်ညှစ်လိုက် သကဲ့သို့ ခံစား လိုက်ရ၏။
ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်အား အသုံးပြု၍ အဘိုးကြီးထံမှ စုဆမ်နိုနှင့် ပတ်သက်သော မှတ်ဉာဏ်များအား ချန်းဖန် ရှာဖွေ စုစည်းလိုက်သည်။ ထို့နောက် အဘိုးအိုအား ယူကီရှီရိုဆာ အတွက် ထားခဲ့လိုက်ကာ ထိုနေရာသို့ ကျောခိုင်းလိုက်၏။
“ဒါက ... စုဆမ်နို ဘုရားကျောင်းရဲ့ လျှို့ဝှက်ချက်ကိုး ... ဒီမကောင်းဆိုးဝါးက တန်ခိုးရှင် အဆင့် အရှင်သခင် တစ်ယောက်ရဲ့ ဝိညာဉ်ပဲ…”
ချန်းဖန် မေးစေ့အား ပွတ်ရင်း ယူကီရှီရို ချီအိုထံမှ မှတ်ဉာဏ်များအား သုံးသပ်နေခဲ့၏။
***
နောက်ရက်များ အတွင်း ချန်းဖန် ယူကီရှီရို မိသားစု အခြေစိုက်ရာ ရွာတွပင် ရှိနေခဲ့၏။ ယခုတွင်လည်း ချန်းဖန်သည်။ ရေပူစမ်း တစ်ခုအတွင်း၌ သက်တောင့်သက်သာ လှဲကာ ဇိမ်ခံရင်း စိတ်အား ရွက်လွှင့်နေခဲ့၏။
“ဝိညာဉ်ပင်လယ် အဆင့်တစ်ယောက်က မူလ ဝိညာဉ် အဆင့်ကိုသာ မရောက်ခဲ့ရင် နှစ်တစ်ရာ့ ငါးဆယ်လောက်ပဲ အသက်ရှင်လိမ့်မယ်။ ဝိညာဉ်ဆေးတွေရဲ့ အကူအညီနဲ့ ဆွဲဆန့်ထားမယ် ဆိုရင်တောင် နှစ်ဆစ်ရာ့ ရှစ်ဆယ်လောက်ပဲ ရှင်နိုင်လိမ့်မယ်။ ဒါပေမဲ့ သူသေသွားပြီးရင်တောင် ဝိညာဉ်က တစ်ရာချီလောက် ဆက်ပြီး တည်မြဲနိုင်တယ်။ ဒါပေမဲ့ နောက်လိုက်တွေရဲ့ ယုံကြည်ကိုးကွယ်မှု စွမ်းအားနဲ့ ဆိုရင်တော့ ပိုပြီး အသက်ရှည်ရှည် နေနိုင်လိမ့်မယ်”
ချန်းဖန်က ပြုံးရင်း ဆက်လက် တွေးလိုက်၏။
“အတွင်းအား ကျင့်ကြံတာက လူတစ်ယောက်ရဲ့ ခွန်အားကို ပိုပြီး တိုးလာစေတယ်။ အထွတ်အထိပ် အဆင့်တွေကတော့ ချီကို ကျင့်ကြံကြတယ်။ တန်ခိုးရှင် အဆင့်တွေကတော့ စိတ်ဝိညာဉ်ကို လေ့ကျင့်တယ်။ ဝိညာဉ်ပင်လယ် အဆင့်ကို ရောက်တာနဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကိုတောင် ခွာလို့ ရလိမ့်မယ်။ ဒါကြောင့် သူတို့ ခေါ်ကြတဲ့ သခင်ကြီး စုဆမ်နို ဆိုတဲ့ မကောင်းဆိုးဝါးက သူ့ရဲ့ ရုပ်ခန္ဓာ ပျက်စီးသွားတာတောင် စိတ်ဝိညာဉ် အနေနဲ့ ဆက်ပြီး ရှင်သန် နိုင်တာပဲ”
ချန်းဖန်က တွေးရင်း ခေါင်းအား ခါယမ်းလိုက်သည်။ ဤဒေသ၌ သခင်ကြီး စုဆမ်နို မဆိုထားနှင့် မည်သူကမျှ သူ့အား မဆန့်ကျင်နိုင်ပေ။ သူ ဤနေရာ၌ ဆက်၍ ရှိနေရသည့် အကြောင်းရင်းမှာ ယူကီရှီရိုဆာအား မိသားစုကို ပြန်လည်သိမ်းပိုက်ရာ၌ ကူညီပေးလိုခြင်းကြောင့် ဖြစ်သည်။
ထိုအချိန်မှာပင် ရေပူစမ်း၏ ရေငွေ့များ တစ်ဖက်မှ အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။
“ဆရာ ... ကျွန်မ ကူညီပေးရမလား…”
ယူကီရှီရိုဆာ၏ ပုံရိပ်က ရေငွေ့များကြားမှ ပေါ်လာကာ ချန်းဖန်၏ နောက်ကြော၌ နေရာယူသည်။
“ဒါမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး…”
သူက ခေါင်းငုံ့ကာ ပြောရင်း ချန်းဖန်၏ နောက်ကြောအား ပွတ်တိုက်ပေးလိုက်၏။
“မိသားစု လုပ်ငန်းတွေ ဘယ်လိုလဲ…”
ချန်းဖန်က တည်ငြိမ်စွာပင် မေးလိုက်၏။ ချန်းဖန်၏ တုံ့ပြန်မှုက မိန်းကလေးအား စိတ် အနည်းငယ် ပျက်သွားစေသည်။
“ကျွန်မကို ဆန့်ကျင်တဲ့သူ မရှိပါဘူး ... ဦးလေး ယူကီရှီရို ကိုင်အိုချီကလည်း ကျွန်မကို ထောက်ခံခဲ့ပါတယ်။ သိပ်မကြာခင်မှာ ယူကီရှီရို မိသားစု တစ်ခုလုံးကို ထိန်းချုပ်သွားနိုင်မှာပါ”
ယူကီရှီရိုဆာက အစီရင် ခံလိုက်၏။
“ကောင်းတယ် ... ယူကီရှီရို မိသားစုရဲ့ အကူအညီနဲ့ ဆိုရင် မကောင်းဆိုးဝါး လွတ်သွားမှာ ပူစရာ မလိုတော့ဘူး”
ချန်းဖန်က ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့် ဂျပန်တွင် ရှိနေစဉ် ကာလအတွင်း ဆင်ကန်း တောတိုး မလှုပ်ရှားချင်ပေ။ ထို့ကြောင့်လည်း ယူကီရှီရိုဆာအား ကူညီခဲ့ခြင်း ဖြစ်၏။ သူမ၏ ယူကီရှီရို မိသားစု အကူအညီဖြင့် ဆိုပါက လှုပ်ရှားရန်မှာ အစစ အရာရာ ပိုမို လွယ်ကူလိမ့်မည် ဖြစ်သည်။
“ဆရာ ... သခင်ကြီး စုဆမ်နိုက ဆရာ့ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး…”
ယူကီရီရိုဆာက လေးစားစွာ ပြောလိုက်၏။
ချန်းဖန်က သူမအား စကား ပြန်မပြောတော့ကဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လိုက်တော့သည်။
ကျင့်ကြံခြင်း ခရီးလမ်းကား အလွန်ပင် ရှည်ကြာလွန်းသည်။ အတိတ်ဘဝ၌ မြောက်ပိုင်း ကောင်းကင်ဧကရာဇ် ဖြစ်ရန် အတွက် နှစ် ငါးရာ အချိန်ယူခဲ့ရသည်။ သို့သော်လည်း ထိုအမြန်နှုန်းမှာ အခြား ကျင့်ကြံသူများထက် အဆတစ်ရာခန့် ပိုမို မြန်ဆန်နေသေးသည်။ စိတ်ကြည်လင် သန့်ရှင်းမှု၊ ဆုံးဖြတ်ချက် ပြတ်သားမှု မရှိပဲ ကျင့်ကြံခြင်းအား အဆုံးထိ လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။
***