← Chapters

ကြီးမားသော သတင်း

Vol. 4 Ch. 355

ကြီးမားသော သတင်း

Vol. 4 Ch. 355

"စုဆမ်နို ဘုရားကျောင်း ပျက်စီးသွားပြီ…"

ထိုသတင်းကား ခူးရှူးကျွန်း မြေအောက် ကမ္ဘာကို ဟာရီကိန်း မုန်တိုင်း တစ်ခုနှယ် ရိုက်ခတ်သွားခဲ့၏။ ထို့နောက် ခူးရှူးကျွန်းမှ တစ်ဆင့် ဂျပန်နှင့် အရှေ့အာရှ တစ်လုလုံးကိုပါ ခဏချင်းပင် ပျံ့နှံ့သွားသည်။

ထိုသတင်းက ဂျပန်၏ ကျင့်ကြံခြင်း လောကကား သက်ဝင်လှုပ်ရှား သွားစေခဲ့၏။

စုဆမ်နို ဘုရားကျောင်းမှာ ဂျပန်၏ ဘုရားကျောင်းကြီး ခြောက်ခုမှ တစ်ခု ဖြစ်သည်။ ထိုဘုရားကျောင်းအား စုဆမ်နို နိဟွန်ဟု ခေါ်သော နတ်ဆိုးသခင် တစ်ယောက် ပိုင်စိုးကြောင်းမှာလည်း လူတိုင်းသိသော အရာပင် ဖြစ်သည်။ စုဆမ်နို ဘုရားကျောင်း၌ နတ်ဆိုးသခင်ကြီးအပြင် ချီဇူရူ မာစာဟီရို၊ ဂျန်ကာဇာ တာကီဒါ၊ ကီတ နီဝါကာဝါ စသည် အလွန် အစွမ်းထက်သော လူများလည်း ရှိနေသေးသည်။

ကီတ နီဝါကာဝါ ဆိုလျှင် ဂျပန်၏ အစွမ်းအထက်ဆုံး ကင်ဒို မာစတာ လေးယောက်တွင်ပင် ပါဝင်သည်။

ဂျန်ကာဇာ တာကီဒါမှာလည်း အထွတ်အထိပ် အဆင့်၏ ထိပ်ဆုံးအဆင့်၌ ရှိသည့် အလွန် အစွမ်းထက်သော သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။

ချီဇူရူ မာစာဟီရို ဆိုလျှင်လည်း ဓမ္မအစီအရင် လမ်းစဉ်တွင် ပြည့်စုံခြင်း အဆင့်ရောက်အောင် ကျင့်ကြံထားနိုင်ခဲ့သူ ဖြစ်သည်။

ခရမ်း၏ နင်ဂျာ ကလန်ပါ ထည့်ပေါင်းလိုက်ပါ စုဆမ်နို ဘုရားကျောင်းမှာ ဘုရားကျောင်း ခြောက်ခုအနက် ဒုတိယ အစွမ်းအထက်ဆုံးဟု ပြောနိုင်သည်။ အိုင်းမဟာ ဘုရားကျောင်းမှ လွဲ၍ စုဆမ်နို ဘုရားကျောင်းကို ယှဉ်နိုင်သော အင်အားစု မရှိပေ။

ထိုကဲ့သို့ အလွန် အင်အားကြီးသော စုဆမ်နို ဘုရားကျောင်း ပျက်စီးသွားပြီ ဆိုသော သတင်းက ယုံကြည်နိုင်စရာ မရှိပေ။

***

ထိုအချိန်  တိုကျို၏ ကင်ဒို ဂျူဒိုတစ်ခု အတွင်းတွင်…

သိုင်းဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးက သူ၏ ဘေးတွင် ရှိသော လူများအား မေးလိုက်သည်။

"စုဆမ်နို ဘုရားကျောင်းကို ဖျက်ဆီးပစ်လိုက်တယ် ဆိုတာက ဘယ်သူလဲ"

အဘိုးအိုက ဒူးထောက်၍ ခါးဆန့်ကာ ထိုင်နေပြီး ရင်ဘတ်တွင် ယူချီဂါတနာအား ထွေးပွေ့ထား၏။ သူ၏ ဘေးတွင်မူ တပည့်များ၊ စီးပွားရေး လုပ်ငန်းစု ဆက်ခံသူများ၊ အစိုးရ အရာရှိ သားသမီးများက ဝန်းရံထား၏။ ထိုလူငယ်များကား အဘိုးအို၏ အကြည့်များကို ရင်မဆိုင်ရဲသည့် အလား ခေါင်းငုံ့နေကြသည်။

အဘိုးအိုကား ဂျပန်၏ အစွမ်း အထက်ဆုံး ကင်ဒို မာစတာ တစ်ယောက်ဖြစ်သည့် ကူရိုကာဝါရှိုပင်...။

ထိုအဘိုးအိုအား ဂျပန် ကင်ဒိုလောက၌ ဒုတိယ အစွမ်းအထက်ဆုံးဟု သတ်မှတ်ထားကြသည်။ ပထမ နေရာတွင် ရှိနေသူမှာ အီရီကာ ဖြစ်၏။

အဘိုးအို ကူရိုကာဝါရှိုသည် ကင်ဒို ကျောင်းတော် တစ်ခု ဖြစ်သော ငြိမ်းချမ်းရေး ကျောင်းတော်၏ တည်ထောင်သူ ဖြစ်သည်။ ထို့အပြင် သူ၏ စတီးကဲ့သို့ ခိုင်မာ မြဲမြံသော ဆုံးဖြတ်ချက်နှင့် စိတ်ဓာတ်ကြောင့် လူသိများသည်။ တစ်ခါက ဆိုလျှင် တိုက်ပွဲတစ်ခု၌ ရန်သူက သူ့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ သို့သော်လည်း သူက တည်ငြိမ်စွာပင် ကျည်ဆန်အား ထက်ပိုင်းဖြတ်ခဲ့သည်။

"အာ…"

လူငယ်များစွာက တစ်ယောက်ကို တစ်ယောက် အခက်တွေ့စွာ ကြည့်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်ပင် ထိုအဖြစ်အပျက် အကြောင်း အသေးစိတ်ကို မသိကြချေ။

စုဆမ်နို ဘုရားကျောင်း၏ ကျဆင်းမှုက အလွန်ပင် မြန်ဆန်လွန်းသည်။ ထိုအဖြစ်အပျက်အား မျက်မြင်၊ ကိုယ်တွေ့ တွေ့ခဲ့ရသူတိုင်းကား သေသူသေ၊ ရူးသူရူး ဖြစ်သွားကြသည်။ ထို့ကြောင့်ပင် စုဆမ်နို ဘုရားကျောင်း၌ မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း မည်သူမျှ သေသေချာချာ မသိကြချေ။

"ဟောင်ဂိုဏ်းက လူတွေ ဖြစ်မလား မသိဘူး…"

တစ်ယောက်က ခန့်မှန်း ပြောဆိုသည်။

"ဟောင်ဂိုဏ်း မဖြစ်နိုင်ဘူး … ချန်းပေ့ရွှမ်းရဲ့ လက်အောက်မှာ ခေါင်းဆောင်သုံးယောက် ကျဆုံးသွားတာက ဟောင်ဂိုဏ်းကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တယ်"

အခြားတစ်ယောက်က ငြင်းခုံလိုက်၏။

"ဒါဆို တရုတ် အထူးတပ်ဖွဲ့က ဖြစ်နေမလား။ အဇူရာ နဂါးနဲ့ သူ့လူတွေက အလုပ်လုပ်တာ အရမ်း စည်းလုံးတယ်။ သူတို့ ဖြစ်နိုင်တယ်"

"လုံးဝ မဖြစ်နိုင်ဘူး ... အိုင်းမဟာ ဘုရားကျောင်းက အဇူရာ နဂါးတို့ အဖွဲ့ ဂျပန် ရောက်လာတာကို ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး" ကူရိုကာဝါရှိုက ခေါင်းခါလိုက်၏။

"အရှေ့တောင် အာရှရဲ့ နဂါးခန်းမကလား … ဒါမှ မဟုတ် မျှော်စင် ညီနောင်ကလား…"

လူငယ်များစွာက ဖြစ်နိုင်ချေ ရှိသော နာမည်များကို ပြောသော်လည်း ကာရိုကာဝါရှိုက မဖြစ်နိုင်ကြောင်း ပယ်ချနေခဲ့၏။

"ဒါဆို ဘယ်သူ ဖြစ်နိုင်မလဲ…"

လူငယ်များက ခန့်မှန်းချက်များကို ရပ်တန့်လိုက်ပြီး အဘိုးအိုအား မေးလိုက်၏။

ကာရိုကာဝါရှိုက ပြန်မဖြေသေးပဲ အတွေးနက် နေစဉ်မှာပင် ကြည်လင်ပြီး ငြိမ့်ညောင်းသော အသံတစ်ခု တံခါးဝမှ ထွက်ပေါ်လာ၏။

"သူက ချန်းပေ့ရွှမ်းပါ…"

အသံက လူတိုင်း၏ အာရုံအား ဆွဲဆောင်သွားသည်။ သူတို့က သိချင်စိတ် ပြင်းစွာဖြင့် တံခါးဝသို့ လှည့်ကြည့်လိုက်ကြ၏။ တံခါးဝတွင်မူ အဖြူရောင် သိုင်းဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက် ရှိသည်။ သူမ၏ လက်တစ်ဖက်တွင်မူ ဓားတစ်ချောင်းအား ဆွဲကိုင်ထားရင်း အခန်းအတွင်း ဖြည်းညင်းစွာ ဝင်လာခဲ့၏။

သူမ၏ မျက်နှာက အေးစက်သော်လည်း ချောမောသည်။ သူမ၏ အထက်တန်းကျသော ရုပ်သွင်က အလယ်ခေတ်မှ ဘုရင်မ တစ်ပါးအလား ထင်ရ၏။

မိန်းကလေး အခန်းအတွင်း ဝင်လာသည်နှင့် ကာရိုကာဝါရှိုက လျင်မြန်စွာ မတ်တတ်ရပ်ကာ ကြိုဆိုလိုက်၏။

"သခင်မ အီရီကာ… ဘာကြောင့် ကျွန်တော့်ဆီ လာရတာလဲ ခင်ဗျ…"

စိတ်ကူးယဉ် ရုပ်ရှင်များထဲမှ သူရဲကောင်းမ တစ်ဦးအလား ထင်ရသည့် မိန်းကလေးကား အခြားလူ မဟုတ်ချေ။ ဂျပန်၏ အစွမ်းအထက်ဆုံး ကင်ဒို မာစတာ "အီရီကာ" ပင်။

အီရီကာ အခန်းအတွင်း လျှောက်လာသည်နှင့် လူအချို့ သူမနောက်၌ ပါလာကြောင်း တွေ့လိုက်ရ၏။ ထို လူတစ်ယောက်ချင်းဆီကို ကြည့်ရင်း ကူရိုကာဝါရှို အံ့အားသင့် မိသွား၏။

"အိတိုအိမိ၊ သခင် ကူရိုမီ၊ ချီဘယိုစီကို…"

အိတို အိမိမှာ ကင်ဒို မာစတာ တစ်ယောက် ဖြစ်ကာ သခင် ကူရိုမီမှာ ကူရိုမီ ဘုရားကျောင်း၏ ခေါင်းဆောင် ဖြစ်သည်။ ချီဘယိုစီကိုမှာမူ ချီဘမိသားစု၏ အိုမိုင်ယိုချီ ဖြစ်၏။

သူတို့၏ နောက်တွင် အခြား လူငါးယောက်လည်း လိုက်ပါလာသည်။ သူတို့အားလုံးသည် ခဏအတွင်းမှာပင် အခန်း အတွင်းသို့ ရောက်ရှိလာခဲ့၏။

ဂျပန်၏ ထိပ်တန်း တိုက်ခိုက်ရေးသမား တစ်ဝက်ခန့်ကား ဤနေရာတွင် စုစည်းမိနေပြီ ဖြစ်၏။ ကူရိုမီ ဘုရားကျောင်း ဆိုလျှင် သူတို့၏ ထိပ်သီး ပညာရှင် သုံးယောက်ထိ ရောက်ရှိနေခဲ့သည်။

ထိုလူများကား တူညီသော နေရာများမှ ရောက်ရှိလာခြင်း မဟုတ်ပေ။ ဟော့ကိုင်းဒိုး၊ အိုဆာကာ၊ ခူးရှူး၊ ရှီကိုးကူး စသည်ဖြင့် ကွဲပြားသော ကျွန်းစုများမှ ရောက်ရှိလာခြင်း ဖြစ်၏။

"သခင်မ အီရိုကာ … စုဆမ်နို ဘုရားကျောင်း အကြောင်းကို ဆွေးနွေးဖို့ ရောက်လာတာများလား ခင်ဗျ" ကာရိုကာဝါရှိုက မေးလိုက်၏။

"ဟုတ်တယ် … ချန်းပေ့ရွှမ်းက စုဆမ်နို ဘုရားကျောင်းကို သွေးလွှမ်းအောင် လုပ်ပြီး ငါတို့ကို စော်ကားခဲ့တယ်။ သူ အလားတူ လုပ်ရပ်တွေ ထပ်မလုပ်နိုင်အောင် ငါတို့ တားဆီးရမယ်" သခင်မ အီရီကာက အေးစက်စွာ ပြောလိုက်၏။

"သခင်မပြောသလိုဆို စုဆမ်နို ဘုရားကျောင်းကို တိုက်ခိုက်ခဲ့တဲ့သူက ချန်းပေ့ရွှမ်းပေါ့…" ကူရိုကာဝါရှိုက မေးလိုက်၏။

ချန်းပေ့ရွှမ်းဆိုသော နာမည်က သူ့ကို အနည်းငယ် အံ့အားသင့်စေသည်။ ဂျပန်တွင်ပင်လျှင် ချန်းပေ့ရွှမ်း၏ နာမည်က အလွန်ကျော်ကြားသည်။ ချန်းပေ့ရွှမ်း အကြောင်း နောက်ဆုံး ကြားခဲ့ရသော သတင်းကား အထွတ်အထိပ် အဆင့် လေးယောက်ကို တစ်ပြိုင်နက် သတ်ဖြတ်ခဲ့ကာ စီအိုင်အေ၏ အမှောင် သတ်မှတ်ချက်၌ နံပါတ်သုံး နေရာကို ယူနိုင်ခဲ့ခြင်းပင်။

"သူက ဘာဖြစ်လို့ ဂျပန်ကိုလာပြီး သခင်ကြီး စုဆမ်နိုကို သတ်ရတာလဲ…"

ကူရိုကာဝါရှိုက စဉ်းစားရင်း နားမလည်ဟန် မေးလိုက်၏။

"ချန်းပေ့ရွှမ်းက တန်ခိုးရှင် အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ သူက သခင်ကြီး စုဆမ်နိုကို သတ်ပြီး သူ့အစွမ်းအစကို စမ်းသပ်ချင်လို့ နေမှာပေါ့…"

သခင် ကူရိုမီက အခက်တွေ့နေသော မျက်နှာဖြင့် ပြောလိုက်၏။ ရောက်ရှိနေသော လူများထဲတွင် ကူရိုမီကား အထိတ်လန့်ဆုံး ဖြစ်သည်။ ချန်းပေ့ရွှမ်း ကူရိုမီ ဘုရားကျောင်းသို့ ရောက်လာမည်ကို သူအလွန် စိုးရိမ်နေသည်။ ထို့ကြောင့်ပင် ဂျပန် အနှံ့အပြားရှိ တိုက်ခိုက်ရေး သမား အားလုံးကို ဆက်သွယ်ကာ ဤနေရာ၌ စုစည်းခဲ့ခြင်း ဖြစ်သည်။

"အင်း… ဟုတ်မယ်ထင်တယ်"

အိတို အိုမိနှင့် အခြားလူများက ခေါင်းညိတ် လိုက်ကြ၏။ သခင်ကြီး စုဆမ်နိုကဲ့သို့ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်သာ ချန်းပေ့ရွှမ်းအား ဆွဲဆောင်နိုင်စွမ်း ရှိပေလိမ့်မည်။ အခြား အကြောင်းရင်းကြောင့် မဖြစ်လောက်ပေ။

"သခင်ကြီး စုဆမ်နိုက တန်ခိုးရှင် အဆင့် တစ်ယောက်မလား။ နောက်ပြီး ချီဇူရူ၊ တာကီဒါ တို့လို အစွမ်းထက်တဲ့ နောက်လိုက်တွေလည်း ရှိသေးတယ်။ ဒါတောင် ချန်းပေ့ရွှမ်းကို မရင်ဆိုင် နိုင်ဘူးလား…"

ကူရိုကာဝါရှိုက မယုံကြည်နိုင်စွာ မေးသည်။

"ချန်းပေ့ရွှမ်းက တန်ခိုးရှင် အဆင့်လောက် အစွမ်းထက်တဲ့ အပြင် အသံထက် မြန်အောင်တောင် လှုပ်ရှားနိုင်တယ်တဲ့။ အဲဒီလို အမြန်နှုန်းနဲ့ ကိုးခါ တိုက်ခိုက် အပြီးမှာ သခင်ကြီး စုဆမ်နိုကို သူက သတ်နိုင်ခဲ့တယ် တဲ့…"

သခင် ကူရိုမီက ဖြူရော်စွာ ပြုံးရင်း ဆိုသည်။

သူ၏ စကားက လူတိုင်း၏ မျက်နှာများအား အတွေးနက်ကာ လေးနက်သွားစေသည်။ သူတို့ကြားဖူးသော သတင်းများ အရ အသံထက် မြန်သော တိုက်ခိုက်မှုကို ချန်းပေ့ရွှမ်း တစ်ကြိမ်သာ ထုတ်သုံးနိုင်သည် ဟုသာ ဖြစ်၏။ သို့သော်လည်း ယခုကြားရသော သတင်းက အနည်းငယ် ခြားနားနေသည်။

အခန်းအတွင်းရှိ လူအားလုံးထဲတွင် ချန်းပေ့ရွှမ်း၏ အသံထက် မြန်သော တိုက်ခိုက်မှုကို အီရီကာ တစ်ယောက်သာ ခုခံနိုင်လောက်သည်။

"ဒါဆို ကျုပ်တို့ ဘာလုပ်ကြမှာလဲ။ ချန်းပေ့ရွှမ်းသာ အဲဒီလောက် အစွမ်းထက်ရင် ငါတို့ ပူးပေါင်းလည်း နိုင်မှာ မဟုတ်ဘူး…"

ကူရိုကာဝါရှိုက မျက်မှောင်ကြုတ်ရင်း ဆက်မေးလိုက်၏။

"အိုင်းမဟာ ဘုရားကျောင်းကရော ဘာပြောလဲ။ သူတို့သာ ဝင်မပါရင် ငါတို့အနေနဲ့ ဂျပန်ကာကွယ်ရေး အဖွဲ့ကို ဆက်သွယ်ရမယ်"

ဂျပန်ကာကွယ်ရေးအဖွဲ့ ဆိုသော အနည်က လူတိုင်းအား အားတက်သွားစေသည်။ ထိုအဖွဲ့မှာ ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော စစ်အင်အားစု ဖြစ်သည်။ အဖွဲ့ဝင်  အင်အားက သေးငယ်သည့်တိုင် သူတို့တွင် ခေတ်အမီဆုံးသော လက်နက်များ တပ်ဆင်ထားသည်။

ထိုအဖွဲ့အား အသုံးမပြုလျှင် ဂျပန်၌ ချန်းပေ့ရွှမ်းကို ရင်ဆိုင်နိုင်သူ ရှိလိမ့်မည် မဟုတ်ပေ။ အီရီကာမှာ အလွန် အစွမ်းထက်သော်လည်း အမှောင် သတ်မှတ်ချက်တွင်မူ အောက်ဆုံး၌သာ ရှိသည်။ တစ်ဖက်၌ ချန်းပေ့ရွှမ်းမှာ အဆင့်သုံး ဖြစ်သည်။

"ကူရိုကာဝါရှို … သခင်ကြီး တာကီမီယာကို တွေ့ဖို့ ဒီကိုလာတာပါ။ ဂျပန် သိုင်းလောကရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ဖို့ အတွက် ချန်းပေ့ရွှမ်းကို ငါတို့ သတ်မှ ဖြစ်မယ်။ သခင်ကြီး တာကီမီယာသာ ကူညီရင် ငါတို့ လုပ်နိုင်မယ် ဆိုတာ သေချာတယ်"

အီရီကာက ရှေ့သို့ အနည်းငယ် တိုးရင်း ပြောလိုက်၏။

"ဘာ… သခင်မက ဆိုလိုတာက… သူက အသက်တစ်ရာ ကျော်နေပြီလေ"

ကာဝါကာမီရှိုက ငြင်းဆန်ဟန် ဟန်ပြင်လိုက်၏။

သို့သော်လည်း ကူရိုမီနှင့် အိတို အိချီတို့က သူ့ထံ အနည်းငယ် တိုးကပ်လာသည်ကို တစ်စွန်းတစ်စ တွေ့လိုက်ရ၏။ သူ၌ ငြင်းဆန်ခွင့် ရှိပုံ မရချေ။

"ကောင်းပြီလေ…"

ကူရိုကာဝါက ဖြည်းညင်းစွာ ထိုင်ချရင်း ခေါင်းညိတ်လိုက်၏။ သူ၏ အမူအရာအား တွေ့သည်နှင့် လူတိုင်း၏ မျက်လုံးများက ပျော်ရွှင်မှုဖြင့် လင်းလက်လာသည်။

တာကီမီယာ ဟီရို… ထို ဓားသူတော်စင်ကား ဂျပန်၏ ဂန္ထဝင် ပုဂ္ဂိုလ်ကြီးပင်။

***

All Chapters