← Chapters

ဓားသူတော်စင်

Vol. 4 Ch. 356

ဓားသူတော်စင်

Vol. 4 Ch. 356

ဂျပန် သိုင်းပညာရှင် များအတွက် တာကီမီယာ ဟီရိုမှာ တကယ့် ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူက ဂျပန်၏ နောက်ဆုံးသော ဓားသူတော်စင်လည်း ဖြစ်၏။

ဓားသူတော်စင် ဆိုသော ဘွဲ့ထူးကို သူ အသက် ငါးဆယ်ခန့်တွင် ဂျပန် ဧကရာဇ် ကိုယ်တိုင်က ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ဘဝတစ်လျှောက်လုံး တစ်ပွဲပင် မရှုံးနိမ့်ခဲ့ဖူးသလို နတ်ဆိုးသခင်များနှင့်ပင် သူတင်ကိုယ်တင် တိုက်ခိုက်နိုင်ခဲ့သည်။

သို့သော်လည်း ၁၉၆၀ ပြည့်နှစ်လွန်များမှ စ၍ သိုင်းလောကမှ သူ အနားယူခဲ့သည်။ တိုကျို အပြင်ဘက်ရှိ တောင်ငယ်လေး တစ်ခုတွင်သာ နေထိုင်ခဲ့သည်။ သိုင်းလောက အရေးအခင်းများ၌ သူဝင်မပါခဲ့သည်မှာ ဆယ်စုနှစ် များစွာ ရှိခဲ့ပြီ ဖြစ်၏။

ဂျပန်နိုင်ငံ၌ အလွန်အစွမ်းထက်သော ကင်ဒိုမာစတာ များစွာရှိသော်လည်း ဓားသူတော်စင်၏ ဂုဏ်သတင်းကို တုပနိုင်သူ တစ်ယောက်မျှ မရှိချေ။ တာကီမီယိုမှာ အမှောင် သတ်မှတ်ချက်၌ ပါဝင်ခြင်း မရှိသော်လည်း ဂျပန်နိုင်ငံ၏ ကင်ဒိုမာစတာများကမူ သူမည်မျှ သူမည်မျှ အစွမ်းထက်ကြောင်း သိကြသည်။ ထိုပညာရှင်ကြီးမှာ တန်ခိုးရှင် အဆင့် မရောက်သေးလျှင်ပင် ဝေးကွာတော့မည် မဟုတ်ပေ။

ကာရိုကာဝါရှိုသည် တာကီမီယာ ဟီရို၏တပည့် တစ်ယောက် ဖြစ်၏။

အခြားလူများကို ကာရိုကာဝါရှိုက ဦးဆောင်၍ တိုကျို အပြင်ဘက်ရှိ ဥယျာဉ်ငယ်လေးသို့ ခေါ်လာခဲ့သည်။ ထို ဥယျာဉ်ငယ်လေးမှာ အီဒိုခေတ်နှောင်းပိုင်း သဏ္ဌာန် ဆောက်လုပ်ထားခြင်း ဖြစ်၏။ ဝါးတောငယ်လေး၏ အလယ်တွင်မူ သစ်သားအိမ်ငယ်လေး ရှိ၏။ သေးငယ်သော စမ်းချောင်းလေး တစ်ခုက အိမ်ငယ်ဘေးမှ ဖြတ်သန်း စီးဆင်းနေပုံမှာ အလွန်ပင် လှပ၏။ ထိုနေရာလေးက နေချင်စဖွယ်ပင်။

"ဆရာကြီးက အထဲမှာ တရားကျင့်ကြံ နေပါတယ်…" ကာရိုကာဝါရှိုက အိမ်ငယ်လေးကို ညွှန်ပြရင်း အီရီကာအား ပြောလိုက်၏။

"၁၉၆၀ လောက်တည်းက စလို့ ဆရာက ဓားကို စွန့်ပယ်ခဲ့တယ်။ သူက ဗုဒ္ဓဒေသနာ အပေါ်မှာ နှစ်မြှုပ် ကျင့်ကြံပြီး ဉာဏ်အလင်းကို ရှာဖွေနေခဲ့တာ။ သူ့ရဲ့ တည်ရှိမှုက လေငြိမ်ညရဲ့ ရေပြင်လို တည်ငြိမ်ပြီး သမုဒ္ဒရာလို လေးနက်တယ်။ ငြိမ်းချမ်းရေး ကျောင်းတော်ကို တည်ထောင်ဖို့လည်း သူပဲ ညွှန်ကြားခဲ့တာ…"

အီရီကာက ခေါင်းညိတ်လိုက်သည်။ ထိုအဘိုးအိုကား လွန်ခဲ့သည့် နှစ်ငါးဆယ်ခန့်က လျှမ်းလျှမ်းတောက် ကျော်ကြားသူ ဖြစ်သည်။ အမှောင် သတ်မှတ်ချက်တွင်ပင် နံပတ် ၁၁ အထိ ရယူနိုင်ခဲ့သည်။

သို့သော်လည်း လွန်ခဲ့သည့် နှစ်ငါးဆယ်ခန့်မှ စ၍ တာကီယာမီ ဟီရို ပျောက်ကွယ် သွားခဲ့သည်။ ထို့ကြောင့် လူများစွာမှာ သူ့အား မေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေကြပြီ ဖြစ်၏။ ချန်းပေ့ရွှမ်းကြောင့်သာ မဟုတ်လျှင် အဘိုးအို၏ ငြိမ်းချမ်းသော ကျင့်ကြံမှုကို မည်သူကမျှ နှောင့်ယှက်ရန် စိတ်ကူးမိမည် မဟုတ်ချေ။

"ငါ့ကို ဆရာကြီး တာကီမီယာဆီကို ခေါ်သွားပေးပါ…" အီရီကာက အေးစက်စွာ ပြောလိုက်၏။

"ကောင်းပါပြီ…"

ကာရိုကာဝါရှိုက တိတ်တခိုး သက်ပြင်းချရင်း သူမအား သစ်အိမ်ငယ်လေးသို့ ခေါ်လာခဲ့သည်။ အိမ်ငယ်ထဲတွင်မူ စားပွဲတစ်လုံးနှင့် ကုလားထိုင် အနည်းငယ်ကလွဲ၍ မည်သည့်အရာမျှ ရှိမနေခဲ့ချေ။ အခန်း၏ နံရံတွင်မူ "ဇန်" ဆိုသော စကားလုံးကို တရုတ်ဘာသာဖြင့် ရေးထိုးထားသည်။

ထိုနံရံ၏ အောက်တွင်မူ အရိုးပေါ် အရေတင် အိုမင်းလျက် ရှိသော အဘိုးအို တစ်ဦးက ခြေချိတ်ကာ ထိုင်လျက် ရှိ၏။

"ဆရာကြီး… အီရီကာက ဆရာကြီးဆီ လာရောက် လည်ပတ်ပါတယ်"

ကာရိုကာဝါရှိုက ခေါင်းညွှတ်ရင်း ပြောလိုက်သည်။

အဘိုးအိုက မျက်လုံးများအား အားယူကာ ဖွင့်ရင်း တုန်ရီစွာဖြင့်…

"အင်း… ကလေးမလေး… မင်း အသက်နှစ်ဆယ်တုန်းက ငါ့ဆီကို ရောက်လာသေးတယ် မလား…"

"ဆရာကြီး တာကီမီယာ… အဲဒါက လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကပါ"

အီရီကာက ရှေ့သို့ အနည်းငယ် တိုးရင်း ပြန်ဖြေလိုက်၏။

"အာ… ဟုတ်ပါတော့။ အဲဒီတုန်းက ၁၉၇၅ လောက်ထင်တယ်။ အင်း… အချိန်ကုန်တွေက မြန်လိုက်တာ။ နှစ်သုံးဆယ် ဆိုတဲ့ အချိန်က ခဏလေးပဲ…"

တာကီမီယာ ဟီရိုက ရယ်မောလိုက်၏။ သူ၏ သွားများက ကျိုးနေပြိ ဖြစ်ကာ သွားဖုံးများက အထင်းသား ပေါ်လွင်နေခဲ့သည်။

အီရီကာက ဇရာ၏ တိုက်စားခြင်း ခံနေရရှာသော လျှမ်းလျှမ်းတောက် ဓားသူတော်စင်ကို ကြည့်ရင်း ဝမ်းနည်လာမိသည်။

"ကာရိုကာဝါ… မင်း မလာတာတောင် ကြာပြီ။ ဘာကိစ္စ ရောက်လာတာလဲ…"

တာကီမီယာ ဟီရိုက လက်ကမ်းလိုက်သည်နှင့် ကာရိုဝါက ကပျာကယာ တွဲထူလိုက်၏။ ထို့နောက် အဘိုးအိုကို ဖေးမရင်း ဝါးကုလားထိုင်ပေါ်သို့ တင်လိုက်သည်။

ကုလားထိုင်ပေါ် ရောက်သည်နှင့် ကာရိုကာဝါရှိုက လေးစားစွာဖြင့် အဘိုးအိုအား ရှင်းပြလိုက်၏။

"ဆရာကြီး… ချန်းပေ့ရွှမ်းလို့ခေါ်တဲ့ တရုတ်လူမျိုး တစ်ယောက်က အရမ်းပဲ အစွမ်းထက် ပါတယ်။ သူက အသက် နှစ်ဆယ် မပြည့်သေးတာတောင် တရုတ်ရဲ့ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင် ဖြစ်နေပါပြီ…"

"အိုး… အသက်တောင် နှစ်ဆယ် မပြည့်သေးဘူးလား။ တကယ့် ပါရမီရှင်ပဲ"

တာကီမီယာ ဟီရိုက ချီးကျူးရင်း ထပ်မံမေးလိုက်၏။

"တရုတ်ရဲ့ အခြား အထွတ်အထိပ် ပညာရှင်တွေက ဘယ်ရောက်နေတာလဲ။ လင်းမိသားစုက တစ်ယောက်ရော… သူ ဘာဖြစ်သွားပြီလဲ။ ဘာလို့ ဒီလောက်ငယ်ရွယ်တဲ့ ကောင်လေးက အစွမ်းအထက်ဆုံး အထွတ်အထိပ် ဖြစ်နေတာလဲ…"

"နောက်ပြီး ရဲ့နန်ထင်းဆိုတဲ့ တစ်ယောက် ရှိသေးတယ် မလား။ သူက အမှောင်သတ်မှတ်ချက်မှာ နံပါတ် တစ်ဆယ် မလား။ သူလည်း ချန်းပေ့ရွှမ်းကို ရှုံးသွားတာလား…"

အဘိုးအို၏ အမေးကို ကာရိုကာဝါရှိုက ဖြူရော်စွာ ပြုံးရင်း ဖြေလိုက်၏။

"ရဲ့နန်ထင်းတင် မဟုတ်ဘူး… အဇူရာ နဂါးတောင် သူ့ကို နိုင်မှာ မဟုတ်ပါဘူး။ စီအိုင်အေကတောင် အဲဒီလူငယ်လေးကို အမှောင်သတ်မှတ်ချက်မှာ နံပါတ်သုံးလို့ သတ်မှတ်ထားတယ်"

ထို၏ စကားက အဘိုးအို၏ မျက်လုံးများကို အနည်းငယ် အသက်ဝင် သွားစေသည်။

"အမှောင် သတ်မှတ်ချက်မှာ နံပါတ်သုံး… အဲဒီနေရာက ဇူးရပ်ရဲ့ နေရာ မဟုတ်ဘူးလား… အမေရိကန် စစ်တပ်ရဲ့ လက်ကတောင် လွတ်အောင် ထွက်ပြေးနိုင်တဲ့ တစ်ယောက်လေ။ ချန်းပေ့ရွှမ်းက ဇူးရပ်ကိုတောင် ကျော်နိုင်တယ် ဆိုတော့  တကယ် အစွမ်းထက်တာပဲ"

အဘိုးအိုက ချီးကျူးလိုက်၏။

"ဆရာကြီး တာကီမီယာ… ဇူးရပ်ကို ဆရာကြီး တွေ့ဖူးလား…" အီရီကာက စိတ်ဝင်တစား မေးလိုက်သည်။

"အင်း… လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဇူးရပ် ငါ့ဆီကို အလည်လာခဲ့တယ်။ နောက်ပြီး ငါတို့ လက်ရည်စမ်း ကြတာပေါ့…"

တာကီမီယာ ဟီရိုက ပြန်စဉ်းစားရင်း ပြောလိုက်၏။ တာကီမီယာ ဟီရို၏ စကားက အခြား လူနှစ်ယောက်အား အလွန် စိတ်ဝင်စားစေသည်။

"တိုက်ပွဲက ဘယ်လို ပြီးသွားတာလဲ ဆရာကြီး"

အီရီကာက စိတ်ဝင်တစား မေးလိုက်၏။

"အဲဒီတုန်းက ငါတို့ တစ်ယောက်ကို တစ်ယောက် မနိုင်ခဲ့ပါဘူး … ဒါပေမဲ့ အခုတော့…"

အဘိုးအိုက စကားအား ရပ်လိုက်သော်လည်း သူမျက်လုံးထဲ၌ ဖြစ်ပေါ်လာသော အလေးမထားသည့် အရိပ်အယောင်ကို ကြည့်ကာ စကား နောက်ဆက်တွဲအား ခန့်မှန်းနိုင်သည်။

ကာရိုကာဝါရှိုနှင့် အီရီကာတို့ကား ဆွံ့အနေခဲ့ကြ၏။ အကယ်၍ ထိုသတင်းသာ ပျံ့နှံ့သွားပါက အဘိုးအို၏ နာမည် လျင်မြန်စွာ ပြန်လည် ကျော်ကြား လာလိမ့်မည် ဖြစ်သည်။

"မင်းတို့ ဒီကိုလာတာ ချန်းပေ့ရွှမ်းအကြောင်း ပြောပြမလို့လား…"

အဘိုးအို အခြာလူများ၏ အတွေးကို ဂရုမစိုက်ပဲ မေးလိုက်၏။

"ဟုတ်ပါတယ် ဆရာကြီး … ချန်းပေ့ရွှမ်းက စုဆမ်နို ဘုရားကျောင်းကို အနိုင်ယူပြီး ဂျပန် သိုင်းလောကရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ အခုဆို သူက အခြား ဘုရားကျောင်းတွေကိုပါ မျက်စိကျနေပုံ ရပါတယ်။ ဒါကြောင့် ကျွန်မတို့က စုပေါင်းပြီး သူ့ကို တားဆီးဖို့ ပြင်နေပါတယ်။ ဆရာကြီး ကူညီပေးပါ…"

အီရီကာက ရိုသေစွာ ပြောလိုက်၏။

"ဘယ်လို…"

ထိုစကားက အဘိုးအို တာကီမီယာ ဟီရိုကိုပင် အံ့အားသင့် သွားစေ၏။

"စုဆမ်နို ဘုရားကျောင်းက အိုင်းမဟာ ဘုရားကျောင်းပြီးရင် အစွမ်းအထက်ဆုံးပဲ ဟာ။ ချန်းပေ့ရွှမ်းက ဘယ်လို ဖျက်ဆီးခဲ့တာလဲ။ သူက တန်ခိုးရှင်အဆင့်ကို ရောက်နေပြီလား…"

"မရောက်လောက်သေးပါဘူး… ဆရာကြီး။ သူသာ တန်ခိုးရှင်အဆင့် ဆိုရင် စုဆမ်နိုကို အဖက်လုပ်မှာ မဟုတ်ဘူး။ သူ့မှာ အရမ်း အစွမ်းထက်တဲ့ ဓမ္မအစီအရင် တစ်ခု ရှိတာနေမယ်။ ဒါကြောင့် သခင်ကြီး စုဆမ်နိုကို အနိုင်ယူနိုင်တာ ဖြစ်မယ်"

အီရီကာက တွေးတောရင်း ဖြေလိုက်၏။ ထို့နောက် အဘိုးအိုအား ဦးညွှတ်ရင်း…

"ဒါကြောင့် ဆရာကြီးရဲ့ အကူအညီကို တောင်းဖို့ လာခဲ့တာပါ။ ဒါပေမဲ့… ဆရာကြီးရဲ့ အခြေအနေက…"

အီရီကာ၏ အသံက တဖြည်းဖြည်း တိုးသွားသည်။

"ဟား… ဟား… ဟား…"

အဘိုးအိုက သူမ၏ စကားကို အလေးမထားပဲ ရယ်မောလိုက်သည်။

ရုတ်တရက် အဘိုးအို ကုန်းနေသော ခါးက ဆန့်ရှည်လာသလို ခြောက်ကပ်နေသော ကြွက်သားများမှာလည်း ပြန်လည် ပြည့်ဖြိုးလာ၏။ ကကျိုးကကျဲ ဆံပင်ဖြူများ နေရာတွက်လည်း နက်မှောင်သော ဆံပင်များ ပြန်လည် အစားထိုးလာသည်။

သူ၏ သွားဖုံးများမှလည်း ဖြူဖွေးနေသော သွားများ ပေါ်ထွက်လာကာ ချိုင့်နေသော ပါးပြင်ကို ပြန်လည် ပြည့်ဖြိုးလာစေသည်။ ထို့ပြင် ရီဝေဝေ မျက်လုံးများမှာလည်း ငယ်ရွယ်၊ လတ်ဆတ်သော အရိပ်အယောင်များ ပြန်လည် ပေါ်ထွက်လာသည်။

ခဏအတွင်းမှာပင် သေခါနီး အဘိုးအို တစ်ယောက်အဖြစ်မှ အရပ်ရှည်ကာ ခန့်ချောသော သက်လတ်ပိုင်းလူ တစ်ယောက် အဖြစ် ပြောင်းလဲ သွားတော့သည်။

အီရီကာနှင့် ကာရိုကာရှိုတို့ကား ထိုမြင်ကွင်းကို ကြည့်၍ ဆွံ့အနေကြတော့၏။ သူတို့ကား မယုံကြည်နိုင်မှုဖြင့် အသက်ရှူရန်ပင် မေ့နေကြတော့သည်။

"ဒါက အထွတ်အထိပ် တစ်ယောက်၏ စွမ်းအားလား… ဒါမှမဟုတ် တန်ခိုးရှင် အဆင့် တစ်ယောက်ရဲ့ စွမ်းအားလား…"

အီရီကာက တိတ်တခိုး တွေးလိုက်၏။ ထိုအဘိုးအို၏ အဆင့်ကို သူမ မခန့်မှန်းနိုင်ချေ။

"ငါ့ဆရာ… သူ မအိုသေးဘူး…"

ကာရိုကာဝါရှို၏ မျက်လုံး၌ ပျော်ရွှင်ခြင်းများက ပြည့်ဖုံးလာ၏။

အီရီကာ၏ မျက်နှာကလည်း ပျော်ရွှင်မှုဖြင့် လင်းလက်လာသည်။ နောက်ဆုံး၌ ချန်းပေ့ရွှမ်းအား ရင်ဆိုင်နိုင်မည့်သူ ဂျပန်တွင် ပေါ်လာခဲ့ပြီ မဟုတ်ပါလား။

သုံးရက်အကြာ၌ ဂျပန်၏ ဓားသူတော်စင်က တရုတ်၏ ချန်းပေ့ရွှမ်းအား စိန်ခေါ်ခြင်း သတင်းက လျှင်မြန်စွာ ပျံ့နှံ့သွားတော့၏။

ထိုသတင်းက အရှေ့အာရှ တစ်ခုလုံးအား အံ့အားသင့် သွားစေသည်။

***

All Chapters