← Chapters

တိုက်ပွဲ စတင်ခြင်း

Vol. 4 Ch. 358

တိုက်ပွဲ စတင်ခြင်း

Vol. 4 Ch. 358

"ဆရာ ချန်းပေ့ရွှမ်း… တာကီမီယာ ဟီရိုက ကျွန်မတို့ နိုင်ငံရဲ့ ဓားသူတော်စင်ပါ။ သူက ဂျပန်ရဲ့ စံပြ ပုဂ္ဂိုလဆိုလည်း မမှားပါဘူး… ဒါကြောင့် အပြောအဆို ဆင်ခြင်ပေးပါ…"

အီရီကာ က မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ သူက တရာဝင် စိတ်ခေါ်စာကို ချန်းဖန်ထံ လာပို့ခဲ့သူ ဖြစ်သည်။

"ငါ့ကို ဆုံးမရဲရအောင် မင်းက ဘယ်သူ မလို့လဲ…"

ချန်းဖန်က မျက်လုံးအာ ကျဉ်းမြောင်းလိုက်ရင်း နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ စစ်ဆေးလိုက်၏။ ထိုမိန်းကလေးမှာ အထွတ်အထိပ် အဆင့် တစ်ယောက် ဖြစ်သော်လည်း သူမ၏ ဝိညာဉ်စွမ်းအားက အတွင်းအားနှင့် ယှဉ်ပါက အားနည်းကြောင်း ချန်းဖန် တွေ့လိုက်ရသည်။

"ဆရာ ချန်းပေ့ရွှမ်း… အီရီကာရဲ့ အပြုအမူကို ခွင့်လွှတ်ပေးပါ။ တာကီမီယာ ဟီရိုက သူ့ကို အများကြီး အကူအညီ ပေးဖူးပါတယ်။ ဒါကြောင့် သူ စိတ်မထိန်းနိုင် သွားတာပါ။ နားလည်ပေးပါ…"

အိတို အိမိက ဝင်ရောက် တောင်းပန်လိုက်၏။

"သူက တာကီမီတာ ဟီရို ဖြစ်ဖြစ် ဟီးရိုး ဖြစ်ဖြစ် ဂရုမစိုက်ဘူးကွာ။ သူ့အဆင့်က ငါ့ကို စိန်ခေါ်နိုင်တဲ့ အဆင့် မဟုတ်ဘူး။ အဲဒီကောင်က သူ့ကိုယ်သူ ဘာထင်နေတာလဲ…"

ချန်းဖန်က စိန်ခေါ်ကာ လုံးချေကာ စားပွဲပေါ်သို့ ပစ်ပေါက်လိုက်၏။ သူ၏ အပြုအမူက လူများစွာကို ဆွံ့အစေခဲ့သည်။

ဂျပန်၏ အစွမ်းထက်ဆုံး ဓားသူတော်စင်၏ စိန်ခေါ်စာကိုပင် သူက လေးစားမှု ကင်းမဲ့စွာ လုံးချေ လွှင့်ပစ်ခဲ့သည်။ ထိုကဲ့သို့ အပြုအမူက ဂရုမစိုက်ရာ ကျလွန်းသည်။

"ဆရာ ချန်းပေ့ရွှမ်း… ကျုပ်တို့မှာ ကမ်းလှမ်းမှု အချို့ ရှိပါတယ်" အနောက်တိုင်း ဝတ်စုံကို ကျကျနန ဝတ်ဆင်ထားသော လူကြီးတစ်ယောက်က ရှေ့သို့ အနည်းငယ် တိုးရင်း ပြောလိုက်၏။

ချန်းဖန်က မျက်စိနှစ်ဖက်ကို ကျဉ်းမြောင်းရင်း ထိုလူအား ကြည့်လိုက်၏။ ထိုလူကား သာမန်လူ တစ်ယောက်သာ ဖြစ်သည်။

သို့သော်လည်း အထွတ်အထိပ်များ၏ အလယ်၌ ဝင်ရောက် ပြောဆိုနေသော ထိုလူ၏ အမူအရာက သက်သောင့်သက်သာ ရှိနေသည်။ သူကား အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်သည်။ သူ စတင်၍ စကားပြောချိန်၌ အီရီကာပင်လျှင် နောက်သို့ အနည်းငယ် ဆုတ်သွားခဲ့သည်။

"ဆရာ… သူက မစ်ဆုလုပ်ငန်းစု ခေါင်းဆောင်ကြီး မစ်ဆုယူတိုပါ…"

ယူကီရှီရိုဆာက ချန်းဖန်၏ နား နားသို့ ကပ်ရင်း တီးတိုး ပြောလိုက်၏။ သူမ၏ မျက်နှာကမူ အနည်းငယ် ဖြူရော်နေသည်။

သူမ စကားအား ကြားသည်နှင့် ချန်းဖန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

မစ်ဆု လုပ်ငန်းစုမှာ ဂျပန်၏ အကြီးဆုံး လုပ်ငန်းစုကြီး ဖြစ်သည်။ ထိုလုပ်ငန်းစု၏ တန်ကြေးက အမေရိကန် ဒေါ်လာ ထရီလျံနှင့် ချီကာ တန်သည်။ မစ်ဆုလုပ်ငန်းစု ခေါင်းဆောင်များ ပင်လျှင် ဝန်ကြီး တစ်ယောက်နှင့် တန်းညီသော အာဏာရှိသည်။

မစ်ဆု လုပ်ငန်းစု၏ အောက်၌ အလွန် ကျော်ကြားသော ဘရန်းများစွာ ရှိသည်။ တိုရှီဘာ၊ ဆိုနီ၊ တိုယိုတာ၊ အန်အီးစီ(NEC)၊ ဆာခူရာဘဏ်၊ အိုဂျေ စက္ကူ ကုမ္ပဏီ စသည့် နာမည်ကျော် ထုတ်ကုန်များစွာကို မစ်ဆုလုပ်ငန်းစု ပိုင်ဆိုင်သည်။

ကိုရီးယား၏ ဆမ်ဆောင်းပင်လျှင် မစ်ဆု လုပ်ငန်းစု၏ အင်အားကို မယှဉ်နိုင်ချေ။

"ဆရာ ချန်းပေ့ရွှမ်း… မစ်ဆု လုပ်ငန်းစု၊ ဆုမိတိုမို၊ မစ်ဆုပိုင်ရှီနဲ့ ဖူးဂျီတို့က ဖောင်ဒေးရှင်း တစ်ခု အဖြစ် ပူးပေါင်းပြီး အနိုင်ရသူကို အမေရိကန် ဒေါ်လာ တစ်ဆယ် ဘီလျံ ချီးမြှင့်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါကြောင့် ဆရာ့ အနေနဲ့ စိန်ခေါ်မှုကို လက်ခံဖို့ မျှော်လင့်ပါတယ်"

မစ်ဆု ယူတိုက လေးစားစွာ ပြောလိုက်၏။

"တစ်ဆယ် ဘီလျံ…"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

အမေရိကန်ဒေါ်လာ တစ်ဆယ်ဘီလျံမှာ တရုတ်ယွမ်ငွေ ခုနစ်ဆယ် ဘီလျံကျော်ထိ တန်ကြေး ရှိသည်။ ထိုငွေက ကျန်းလုပ်ငန်းစု၏ ပိုင်ဆိုင်မှုထက်ပက် ပိုမို များပြားနေသည်။

"ကောင်းပြီလေ… ငါ သဘောတူရမှာပေါ့…"

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် နောက်သုံးရက်မြောက်နေ့… တိုကျိုရဲ့ အမြင့်ဆုံး နေရာမှာ ကျုပ်တို့ စောင့်နေပါ့မယ်"

မစ်ဆု ယူတိုတို့က ပြောပြီးသည်နှင့် နေရာမှ ပြန်လည် ထွက်ခွာ သွားတော့သည်။

အားလုံး ထွက်ခွာသွားပြီးနောက် ယူကီရှီရိုဆာက ချန်းဖန်အား လေးပင်စွာ ကြည့်ရင်း ပြောလိုက်၏။

"ဆရာ… တကယ်ပဲ အဲဒီကို သွားမှာလား"

"ဒါက ဒေါ်လာ တစ်ဆယ် ဘီလျံ အလကားရမယ့် အခွင့်အရေးပဲ … ဘာလို့ မသွားရမှာလဲ…"

ချန်းဖန်က ပြောလိုက်၏။ သူ၏ အဆင့်က ပိုမို မြင့်မားလာသည်နှင့် အမျှ အရင်းအမြစ်များမှာ ပိုမို လိုအပ်လာပြီ ဖြစ်သည်။ အစိမ်းရောင် နဂါး အစီအရင်မှ ဆေးပင်များမှာလည်း ဝိညာဉ် ပင်လယ် (တန်ခိုးရှင်) အဆင့်ထိသာ ထောက်ပံ့ပေး နိုင်သည်။ အကယ်၍ ထိုအဆင့်သို့ ရောက်ပြီးလျှင် အခြား အထောက်အပံ့ တစ်ခုခုကို သူရှာရချေဦးမည်။

ထို့ကြောင့်ပင် ပိုက်ဆံများများ စုထားခြင်းက မကောင်းသော အရာတစ်ခု မဟုတ်ချေ။

"ဒါပေမဲ့ တာကီမီယာ ဟီရိုက ဓားသူတော်စင် တစ်ယောက်မလား"

ယူကီရှီရိုဆာက ကြောက်ရွံ့စွာ ပြောလိုက်၏။ သူမ၏ အတွေးတွင် ဓားသူတော်စင် ဆိုသော ဖြစ်တည်မှုက အလွန်ပင် ကြီးမားသည်။ သူမ ငယ်ရွယ်စဉ်မှ စတင်၍ တာကီမီယာ ဟီရို အကြောင်းကို ပုံပြင် သဖွယ် အမြဲတမ်း ကြားခဲ့ရသည်။ ထို့ကြောင့်ပင် ထိုပုဂ္ဂိုလ်ကြီးအား သူမ၏ အရိုးများ ထဲမှပင် ကြောက်ရွံ့ နေခဲ့သည်။

"အဲဒါက ဘယ်လောက် ကြီးကျယ်လို့လဲ…"

ချန်းဖန်၏ အမူအရာကမူ ထူးမခြားနားပုံပင်။

"ကျွန်မ ကလေး ဘဝတုန်းက စုဆမ်နို ဘုရားကျောင်းကို ဓားသူတော်စင် ရောက်လာခဲ့တယ်။ သူနဲ့ သခင်ကြီး စုဆမ်နို တို့ရဲ့ တိုက်ပွဲက သရေနဲ့ အဆုံးသတ်ခဲ့တယ်…"

ခရမ်းကလည်း ဝင်ရောက် ပြောဆို လိုက်၏။

"ဟုတ်လား…"

ချန်းဖန်က ရေရွတ်ရင်း တွေးလိုက်သည်။ သခင်ကြီး စုဆမ်နိုကား ဘုရားကျောင်း အတွင်းတွင်ဆိုလျက် ပြိုင်ဘက်ကင်းလု နီးပါးပင် ဖြစ်၏။ ချန်းဖန့်ပင်လျှင် အသံထက်မြန်သော လှုပ်ရှားမှု ကြောင့်သာ သခင်ကြီး စုဆမ်နိုကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

စုဆမ်နိုကဲ့သို့သော ပုဂ္ဂိုလ်ကို သရေ ယှဉ်ပြိုင်နိုင်ခဲ့သော ထိုတာကီမီယာ ဟီရိုသည်လည်း အလွန် အစွမ်းထက်မည်မှာ သေချာသည်။

သို့သော်လည်း ထိုအတွေးက ချန်းဖန်အား ပိုမို ပျော်ရွှင်စေသည်။ သူက ယူကီရှီရိုဆာ၏ တင်ပါးကို စနောက်သလို ဖျစ်ညှစ်လိုက်ရင်း…

"အများကြီး မတွေးနဲ့… ဓားသူတော်စင်ကို ဘယ်လို အနိုင်ယူမလဲ ဆိုတာ မင်းကြည့်နေ…"

"အင်း…"

ယူကီရှီရိုဆာက  ရှက်ရွံ့စွာ အဖြေ ပေးလိုက်တော့သည်။

***

သုံးရက်ကြာပြီးနောက်…

ချန်းဖန် ခရမ်းကို ခေါ်ဆောင်၍ တိုကျိုသို့ ထွက်လာခဲ့သည်။ ယူကီရှီရိုဆာမှာမူ မိသားစု လုပ်ငန်းများဖြင့် အလုပ်ရှုပ်နေရာ သူ အနှောင့်အယှက် မပေးချင်တော့ပေ။

ထို့အပြင် သူမပါပါက တိုက်ပွဲ၌ သူမ၏ လုံခြုံရေးကိုလည်း ဂရုစိုက်ပေး နေရဦးမည် ဖြစ်သည်။ ခရမ်းမှာမူ ထိပ်သီး နင်ဂျာ တစ်ယောက်ဖြစ်ရာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ချန်းဖန်က ယူကီရှီရိုဆာကို ထားခဲ့ခြင်း ဖြစ်၏။

များစွာသော လူများသည်လည်း တိုကျို၌ ရောက်ရှိ နေကြပြီ ဖြစ်၏။ ထိုအထဲတွင် တရုတ် ပြည်မကြီးမှ ပုဂ္ဂိုလ်များ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်မှ ပညာရှင်များ၊ ကိုရီးယား၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ် စသည်ဖြင့် စုံလင်လှသည်။

ထိုတိုက်ပွဲအား မည်သို့မျှ အလွတ်မပေးနိုင်ကြပေ။ တိုက်ပွဲမှာ ပညာရှင် နှစ်ဦးကြားမှ သာမန်တိုက်ပွဲ တစ်ခု မဟုတ်ချေ။ တရုတ်နှင့် ဂျပန် သိုင်းလောက၏ အားပြိုင်မှုလည်း ဖြစ်သည်။

လူတိုင်းက မျှော်လင့်တကြီးနှင့် စိတ်ရှည်စွာ စောင့်နေကြသည့် အချိန်မှာပင် ချန်းဖန်နှင့် ခရမ်းတို့ တိုကျိုသို့ ရောက်ရှိလာခဲ့၏။

"ဆရာ… တိုက်ပွဲက ဘယ်နေရာမှာလဲ…"

ခရမ်းက သံသယ ဖြစ်စွာဖြင့် ချန်းဖန်အား မေးလိုက်သည်။

"ဘယ်နေရာလို့ မင်းထင်လဲ…"

ချန်းဖန်က တစ်ချက်ပြုံရင်း နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက် စစ်ဆေးလိုက်၏။ ထို့နောက် သူ၏ စိတ်အာရုံက ကြီးမားသော သံများဖြင့် ပြလုပ်ထားသည့် မျှော်စင်ကြီး တစ်ခုထံ ရပ်တန့်သွား၏။

"တိုကျိုရဲ့ အမြင့်ဆုံးက ဒီနေရာပဲ…"

***

All Chapters