← Chapters

တန်ခိုးရှင် အဆင့်မှ ခြေတစ်လှမ်း အကွာ

Vol. 4 Ch. 361

တန်ခိုးရှင် အဆင့်မှ ခြေတစ်လှမ်း အကွာ

Vol. 4 Ch. 361

အသက်လတ်လူက ချန်းဖန် ရှိရာဘက်နှင့် ကျောခိုင်း၍ ခြေထောက်ချိတ်ကာ ထိုင်နေခဲ့၏။ သူ၏ ရင်ဘတ်တွင်မူ ဓားတစ်ချောင်းအား ပိုက်ထားခဲ့သည်။ ဓားမှ ထွက်ပေါ်နေသော အားကောင်းသည့် အရှိန်အဝါများက ထိုဓား မည်မျှ ထက်မြက်ကြောင်း ပေါ်လွင်နေခဲ့၏။ အဘိုးအိုက ချန်းဖန်အား လှည့်၍ပင် မကြည့်ပဲ ည၏ ကောင်းကင် အဆုံးသတ်ကိုသာ ငေးမောနေခဲ့သည်။

"တိုကျို မျှော်စင်က တိုကျိုမှာရော ဂျပန်မှာပါ အမြင့်ဆုံးပဲ ဆိုတာ မင်းသိလား … တစ်မြို့လုံးကို ဒီနေရာကနေ ငါတို့ ကြည့်လို့ရတယ်…"

အဘိုးအို၏ တရုတ်စကားက ကောင်းမွန်သည်။ တာကီမီယာ ဟီရိုတို့ ခေတ်မှ ဂျပန်လူတိုင်း နီးပါးမှာ တရုတ်စကားအား အနည်းနှင့် အများ ပြောတတ်ကြသည်။

ချန်းဖန်က လက်နှစ်ဖက်အား နောက်သို့ပစ်ရင်း မိုးကုပ်စက်ဝိုင်းအား ငေးကြည့်လိုက်၏။

ညက အိုမင်း ရင့်ရော်နေပုံ ပေါ်သော်လည်း မြို့တော်မှာမူ မီးရောင်များ အောက်၌ လတ်ဆတ် နုပျို နေခဲ့သည်။ အလင်းရောင်များ၏ အဆုံးသတ်၌မူ အမည်းရောင် အရိပ်တစ်ခု ရှိနေသည်။ ထိုအရာကား နာမည်ကျော် ဖူဂျီတောင်ပင်။

မျှော်စင်ထိပ်၌ လေပြင်းများကမူ ဟိုမှသည် ဝေ့ဝဲ တိုက်ခိုက်နေပြီး ဆူညံသေး အသံများကို ဖန်တီးနေကြသည်။

"တိုကျိုရဲ့ အမြင့်ဆုံး နေရာ … ဒီနေရာက ငါတို့တိုက်ပွဲရဲ့ သင်္ကတ ဖြစ်လာလိမ့်မယ်…"

တာကမီယာ ဟီရိုက သက်ပြင်းတစ်ချက်ချကာ ထိုင်နေရာမှ ဖြည်းညင်းစွာ ထလိုက်၏။ ထို့နောက် ချန်းဖန်ဘက်သို့ လှည့်ကာ ကြည့်လိုက်သည်။ သူ၏ အသက်သုံးဆယ်မျှသာ ရှိသေးသည့် ရုပ်သွင်ကို ကြည့်ရင်း ချန်းဖန် အနည်းငယ် အံ့အားသင့်မိ သွားသည်။

"ချန်းစန်း … ငါတို့က သေမျိုးလောကက သိုင်းပညာရှင်တွေ လျှောက်လှမ်းကြတဲ့ ခရီးအဆုံးသတ်ကို ရောက်နေကြပြီ။ ငါတို့က ရှေ့ကို တစ်လှမ်း လှမ်းလိုက်တာနဲ့ တန်ခိုးရှင် အဆင့်ကို တက်လှမ်းနိုင်စွမ်း ရှိနေကြပြီ။ ငါ့ဘဝမှာ အရမ်း အစွမ်းထက်တဲ့ လူအများကြီးနဲ့ တိုက်ခိုက်ဖူးပေမဲ့ သူတို့က ငါ့ကို စိတ်ပျက်စေတာ ချည်းပဲ။ မင်း မပေါ်လာခင် အထိပေါ့လေ…"

ယာကီမီယာ ဟီရိုက ချန်းဖန်အား လေးစား၊ တန်ဖိုးထားသည့် အကြည့်များဖြင့် ကြည့်ရင်း အလေးအနက် ပြောလိုက်၏။

ချန်းဖန်ကား သူ့အတွက် ဘုရားသခင်မှ စေလွှတ်ပေးလိုက်သော ပြိုင်ဘက်ဖြစ်သည်။ အတွေးဖြင့် သူ၏ မျက်လုံးများက လင်းလက်လာခဲ့၏။

ချန်းဖန်ကမူ တာကီမီယာ ဟီရို အားကြည့်ရင်း လဲ့ချန်းကျွယ်ကို ပြန်လည် သတိရလာမိသည်။ အကယ်၍ ချန်းဖန်သာ သူ့ကို မသတ်ခဲ့ပါက တာကီမီယာ ဟီရို၏ အဆင့်မျိုးကို နောက်ဆယ်နှစ်အတွင်း သူ ရောက်လာနိုင်ချေ ရှိသည်။

"တန်ခိုးရှင် အဆင့်ကို ခင်ဗျား မရောက်သေးတာကတော့ နှမြောစရာပဲ…"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း သင်းပြင်းချလိုက်၏။ အထွတ်အထိပ် အဆင့်နှင့် တန်ခိုးရှင် အဆင့်ဆိုသော အရာကား စာရွက်ပေါ်တွင်ထက် ကွာခြားမှု ကြီးမားသည်။

အကယ်၍ ကျင့်ကြံသူ တစ်ယောက်သာ ဝိညာဉ် ပင်လယ် (တန်ခိုးရှင်) အဆင့်သို့ တက်လှမ်းနိုင်ပါက သူ၏ အပြင်အား၊ အတွင်းအား၊ ဝိညာဉ်စွမ်းအင် အရာအားလုံး ပြောင်းလဲကာ မူလ ဝိညာဉ်အဆင့်ကို တက်ရောက်ရန် အုတ်မြစ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့်ပင် တန်ခိုးရှင် အဆင့်များမှာ နှစ်ရာချီ၍ ရှင်သန်နိုင်ခြင်း ဖြစ်သည်။

"ခင်ဗျား တန်ခိုးရှင် အဆင့်ကို ရောက်နေရင်တောင် ကျုပ်သတ်နိုင်တယ်…"

ချန်းဖန်က ထီမထင်ဟန် ပြုံးရင်း ပျင်းရိစွာ ပြောလိုက်၏။

"စပြီး တိုက်ခိုက်လို့ ရပြီ… ကျုပ်မှာ အချိန်မရှိဘူး…"

"ချန်းပေ့ရွှမ်း… မင်းက တန်ခိုးရှင် အဆင့်ရဲ့ အဓိပ္ပာယ်ကို နားမလည်တဲ့ အရူးပဲ…"

တာကီမီယာ ဟီရိုက မျက်လုံးများအား အနည်းငယ် ကျဉ်းမြောင်းရင်း ချန်းဖန်အား ကြည့်လိုက်၏။

"တန်ခိုးရှင် အဆင့်ကို မျက်မြင် မတွေ့ဖူးပဲ အထင်မသေးသင့်ဘူး … တန်ခိုးရှင် အဆင့် ဆိုတာ မင်းတွေ့ဖူးတဲ့ သခင်ကြီး စုဆမ်နိုထက် အများကြီး အစွမ်းထက်တယ်။ သခင်ကြီး စုဆမ်နို ဆိုတာက ခန္ဓာမရှိတော့တဲ့ ဝိညာဉ်တစ်ကောင် သာသာပဲ ရှိတာ။ သူ့ရဲ့ အစွမ်းက အစစ်အမှန် တန်ခိုးရှင်တွေနဲ့ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ဘူး…"

သူ၏ စကားက ချန်းဖန်ကို စိတ်ဝင်စား သွားစေသည်။ သူက မျက်ခုံးများအား အနည်းငယ် ပင့်တင်ရင်း စိတ်ဝင်စားစွာဖြင့် မေးလိုက်၏။

"ခင်ဗျားက တန်ခိုးရှင် အဆင့်ကို မြင်ဖူးတာလား…"

တာကီမီယာ ဟီရိုက ခေါင်းညိတ်လိုက်၏။

"ကြာခဲ့ပါပြီ … ဒီနေ့တော့ မင်းရဲ့ အကူအညီနဲ့ တန်ခိုးရှင် အဆင့်ကို ငါတက်လှမ်းနိုင်ဖို့ မျှော်လင့်ရတာပဲ…"

တာကီမီယာ ဟီရိုက အေးဆေးစွာ ပြောရင်း ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။

"မင်းက ငါ့ကို သတ်ချင်နေတာလား … ဟား… ဟား… မင်းရဲ့ အခုအဆင့် မပြောနဲ့။ တန်ခိုးရှင် အဆင့်ကို တက်လှမ်းပြီးရင်တောင် ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး…"

ချန်းဖန်က ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ဟမ့်…  ဘဝင်ရူးကောင်"

တာကီမီယာ ဟီရိုက နှာခေါင်းရှုံ့ရင်း သူ၏ လက်ကို အနည်းငယ် မြှောက်လိုက်၏။ ထိုအရူးကား ရှင်းပြလျှင်ပင် နားလည်မည့်ပုံ မရှိပေ။

ရုတ်တရက် ချီဓားလှိုင်းတစ်ခု ပေါ်ထွက်လာကာ ချန်းဖန်ထံ ပျံသန်းသွား၏။ ဓားလှိုင်းဖြတ်သန်းရာ တစ်လျှောက်၌ ပေါက်ကွဲသံများပင် ပေါ်ထွက်လာကာ ဓား၏ အလျင်ကလည်း လျှပ်စီးအလား လျင်မြန်နေခဲ့၏။

"ပျက်စီးစမ်း…"

ချန်းဖန်၏ ရှေ့၌ အဇူရာ အလင်းရောင် လက်သီးတစ်ခု ထွက်ပေါ်လာကာ ငွေရောင် ဓားလှိုင်းအား ခုခံလိုက်၏။ ချန်းဖန်ကား ဉာဏ်အလင်း စုဆောင်းခြင်း အလယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ အစစ်အမှန်ချီမှာလည်း အခြေခံ တည်ဆောက်ခြင်း အဆင့်ခက် ဆယ်ဆခန့် ပိုမိုများပြားနေပြီ ဖြစ်၏။ ချန်းဖန် ယခု ထုတ်လွှတ်လိုက်သော အဇူရာ လက်သီးဆိုလျှင် လုထျန်းဖန်ကဲ့သို့ အထွတ်အထိပ် အဆင့်ကိုပင် လွယ်လွယ်ကူကူ သတ်ပစ်နိုင်စွမ်း ရှိသည်။

"ဘုန်း…"

ငွေရောင် ဓားလှိုင်းနှင့် အဇူရာ လက်သီး ထိပ်တိုက်တွေ့လား ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ တိုကျိုမျှော်စင်မှာလည်း ငလျင်လှုပ်သည့် အလား တသိမ့်သိမ့် တုန်နေတော့၏။

"ဟမ်…"

တာကီမီယာ ဟီရို၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ ချန်းဖန်ကမူ မတုန်မလှုပ်ပင်။

ထိုတိုက်ခိုက်မှုက ပထမဆုံး လက်ရည်စမ်းခြင်းသာ ဖြစ်၏။ တာကီမီယာ ဟီရို၏ အတွင်းအားနှင့် ဓားချီက အလွန် အစွမ်းထက်သော်လည်း ချန်းဖန်ကိုမူ ယှဉ်နိုင်စွမ်း မရှိပေ။ ချန်းဖန်မှာ ဉာဏ်အလင်း စုဆောင်းခြင်း အလယ်အဆင့်သာ ရောက်သေးသော်လည်း သူ၏ အဇူရာ သက်ရှည် ခန္ဓာက စကြဝဠာတွင်ပင် အလွန်ရှားပါးကာ အစွမ်းထက်သော ခန္ဓာကိုယ် ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ ချီစွမ်းအင်က အဆင့်တူများထက် အဆများစွာ သန်မာသည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ…"

တာကီမီယာ ဟီရိုက အနည်းငယ် အံ့အားသင့်မိသွား၏။ သူ၏ ဓားလှိုင်း တိုက်ခိုက်မှုက ချန်းဖန်အား အန္တရာယ် ပြုနိုင်ပုံ မရချေ။ မိုးကြိုးသခင် ဇူးရပ်ပင်လျှင် ထိုဓားလှိုင်းကို ယခုကဲ့သို့ ပေါ့ပေါ့တန်တန် ခုခံရဲမည် မဟုတ်ချေ။

တာကီမီယာ ဟီရိုက မျက်မှောင် ကြုတ်ရင်း ဓားအလင်းများကို ထပ်မံ ဖော်ထုတ် လိုက်ပြန်သည်။ ခဏအတွင်းပင် သူ၏ ဘေးပတ်လည် မီတာငါးဆယ်ခန့်ကား ဓားအလင်းရောင်များဖြင့် တဖြည်းဖြည်း ပြည့်နှက်လာ၏။

သူ၏ လက်ထဲမှ ဓားက ချန်းဖန်ဘက်သို့ ဦးတည်ရင်း သေဆုံးခြင်း အငွေ့အသက်များ ပြည့်နှက်နေသော အအေးဓာတ်ကို ထုတ်လွှတ်သည်။

ချန်းဖန်ကမူ တည်ငြိမ်စွာပင် ရှိသေး၏။ သူက လက်နှစ်ချောင်းကို အနည်းငယ် လှုပ်ရှားရင်း ဓားချီကို ဆင့်ခေါ်လိုက်သည်။

"ဒြပ်စင်ငါးပါး တန်ခိုးရှင်ဂိုဏ်းရဲ့ လျှို့ဝှက် ပညာရပ်… အဇူရာ သစ်သားချီဓား…"

ဓားချီအလင်းရောင်က အမှောင်ထုကို ဖြတ်၍ ထွက်ပေါ်လာ၏။ ခဏအတွင်းမှာပင် ဓားချီက သုံးမီတာခန့် ရှည်လျားလာကာ သေဆုံးခြင်း အငွေ့အသက်များအား ထုတ်လွှတ်၏။ သူ၏ ဓားက တာကီမီယာ ဟီရို၏ ဓားနှင့် ယှဉ်ပါက သေးငယ်သော ထုတ်လွှတ်နေသော အငွေ့အသက်များကမူ လုံးဝ အားမနည်းချေ။

"ရွှပ်…" တာကီမီယာ ဟီရို၏ အမူအရာ လေးနက်သွားသည်နှင့် သူ၏ ဓားအလင်းရောင်က ကြီးမားသော ပမာဏဖြင့် ချန်းဖန်ထံ တိုးဝင်သွားတော့၏။

ချန်းဖန်၏ ဓားချီကိုလည်း ပျံသန်းကာ ဓားအလင်းကို တိုက်ရိုက် ရင်ဆိုင်သည်။ ဓားချီက ကြီးမားသော ထက်ရှခြင်းကို သယ်ဆောင်ကာ ဓားအလင်းအား ထက်ဝင် ပိုင်းဖြတ်လိုက်၏။

"အရွယ်အစားက ဘာမှ မရေးမပါဘူး…"

ချန်းဖန်က တစ်ချက် ပြုံးလိုက်၏။

သူ၏ အမြင်တွင် တာကီမီယာ ဟီရိုမှာ အရှုံးသေချာနေသော တိုက်ပွဲအား မိုက်ရူးရဲစွာ တိုက်ခိုက်နေသူပင်။ တန်ခိုးရှင်အဆင့် တစ်ယောက်ပင်လျှင် သူ၏ အဇူရာ သစ်သားချီ၏ အစွမ်းကို ခုခံနိုင်မည် မဟုတ်ချေ။

ချန်းဖန်က အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်က နေရာမှ ပျောက်ကွယ်ကာ တာကီမီယာ ဟီရို၏ ရှေ့၌ ပြန်လည် ပေါ်လာခဲ့၏။ သူ၏ လက်မှာ ချီဓားမှာလည်း လျှပ်စီးကဲ့သို့ အရှိန်ဖြင့် တာကီမီယာ ဟီရိုဟ လည်မြိုသို့ ရောက်ရှိလာ၏။

တာကီမီယာ ဟီရိုက အနည်ငယ် နောက်သို့ ဆုတ်ကာ သူ၏ လက်ထဲမှ ဓားဖြင့် အဇူရာ ချီဓားကို တားဆီးလိုက်သည်။

"ရွှမ်း…"

လျှပ်စီးကဲ့သို့ ဓားအလင်းရောင်က ညအမှောင်ထုကို ဖြတ်သန်းပြီး နောက်တစ်ကြိမ် ပေါ်ထွက်လာခဲ့တော့၏။

***

All Chapters