နတ်ဘုရားမတောင်ပေါ် ကိုယ်တိုင်တက်ခြင်း! အရည်အသွေး +၅! ၂
Vol. 65 Ch. 963
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ထွက်သွားပြီးနောက် ချင်လင်လည်းရုံးခန်းအပြင်ထွက်ကာ စံအိမ်အတွင်းဘက်သွားပြီး ဂိမ်းထဲဝင်ရန်ပြင်လိုက်သည်။
ဒီတစ်ခါ သူ့ရုံးခန်းမှာမဝင်။
ဂိမ်းထဲဝင်ပြီး နတ်ဘုရားမတောင်ပေါ်တကယ်တက်နိုင်ရင် စူးစမ်းရင်းအချိန်အတော်ကြာသွားမည်။
တစ်ယောက်ယောက်တံခါးလာခေါက်ပါက တုံ့ပြန်သံမကြားဘဲ အထဲမှာသူတစ်ခုခုဖြစ်နေသည်ဟုထင်သွားလိမ့်မည်။
တံခါးလာခေါက်သူက စိုးရိမ်ပြီးတံခါးဖွင့်လိုက်မှ လော့ချထားတဲ့ရုံးခန်းထဲမှာ သူပျောက်နေပါတယ်လို့ပြောလိုက်ရင်ရော? အလုံပိတ်အခန်းထဲပျောက်ဆုံးမှုဖြစ်တော့မည်။
"ဝု ဝု ဝု!''
"ကျွိ ကျွိ!''
ချင်လင်အတွင်းဘက်ဝင်ဝင်ချင်း ဆိုးဖော်ဆိုးဖက်ဝမ်ချိုင်နှင့်ရှောင်ရွှယ်က သူ့ဆီပြေးလာသည်။
ကောင်လေးနှစ်ကောင်က သူ့ကိုပတ်ပတ်လည်ပြေးကာ ပျော်မြူးနေကြသည်။
ချင်လင်က ကောင်လေးနှစ်ကောင်ခေါင်းကိုပွတ်သပ်ပြီး အတွင်းဘက်အခန်းတစ်ခန်းထဲတွင် ဂိမ်းထဲဝင်လိုက်သည်။
ဂိမ်းထဲတွင် ချင်လင်ကချက်ချင်း စိုက်ပျိုးရေးခြံပေါက်သွားပြီး သတ္တုမြို့တော်ဘက်ခြေဦးလှည့်လိုက်သည်။
ဒီမှာ လေထုကာထားဆဲပင်။ ထွက်လမ်းမရှိ။
သူကချက်ချင်း စိုက်ပျိုးရေးခြံပြန်သွားသည်။ နောက်ဝင်ပေါက်တစ်ပေါက်ရှိသေးသည်။ နတ်ဘုရားမတောင်သွားလမ်းတွင် တံတားလေးတစ်စင်းပေါ်နေသည်။
အရင်က ဒီနေရာမှာလည်းလေထုကာထားပြီး စိုက်ပျိုးရေးခြံကလုံးဝမထွက်နိုင်။
ဒီတစ်ခါ ချင်လင်ရောက်လာပြီး အနောက်ဘက်တံခါးဖွင့်လိုက်ရာ တံတားတစ်ဖက်ခြမ်းမှာလေထုမရှိတော့။ တံတားကိုအလွယ်တကူဖြတ်လာပြီး စိမ်းစိမ်းစိုစိုသစ်တောထဲရောက်လာသည်။
လမ်းလျှောက်ရင်းခဏအကြာ မြေနံ့၊မြက်နံ့၊ပန်းရနံ့နှင့် ကျီကျီကျာကျာငှက်အော်သံများကြားရသည်။ သာယာနာပျော်ဖွယ် အဖိုးတန်သဘာဝရှုခင်းများဖြစ်သည်။
ခပ်လှမ်းလှမ်းမှကြည့်လျှင် တောင်ထိပ်တစ်ခုကိုထင်ထင်ရှားရှားမြင်ရသည်။
နတ်ဘုရားမတောင်ပင်။
ဂိမ်းထဲတွင် နတ်ဘုရားမတောင်က 2D ပုံဖြစ်၍ ဂိမ်းဇာတ်ကောင်သိပ်မသွားလိုက်ရ။ သို့သော် လက်တွေ့တွင် နတ်ဘုရားမတောင်မှာမြင့်လွန်း၍ တိမ်စိုင်များကြားရောက်နေသည်။ တောင်ပေါ်ကိုခြေလျင်တက်ပါက အချိန်အတော်ပေးရမည်။
နောက်ပြီး တောင်ထိပ်ပေါ်သွားသည့်တောလမ်းက သူ့ကိုဂိမ်းနှင့်မတူသောခံစားချက်မျိုးပေးနေသည်။ စိတ်တည်ငြိမ်အေးချမ်းစေသည်။
ချင်လင်ကအတွေးနှင့်ဂိမ်းထဲမှထွက်ကာ အပန်းဖြေစံအိမ်အတွင်းဘက်ပြန်ရောက်လာပြီး သူ့စိတ်ထဲမှဂိမ်းကိုပြန်ကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်က အမှန်ပင်နတ်ဘုရားတောင်၏တောလမ်းထဲရှိနေသည်။
သူ့ဂိမ်းဇာတ်ကောင်ကို ထိုနေရာသွားခိုင်းပြီးမှ ဂိမ်းထဲဝင်ကာ ဂိမ်းဇာတ်ကောင်နေရာတွင် သူအစားထိုးဝင်နိုင်သည်။
သူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမတောင်ပေါ်သွားစေပြီး မကြာမီ ရေပူစမ်းရောက်လာသည်။
ချင်လင်က နတ်ဘုရားမတောင်ပေါ်မှရေပူစမ်းကို အတော်စူးစမ်းချင်နေသည်။
ဂိမ်းထဲတွင် ရေပူစမ်းက အထူးလုပ်ဆောင်ချက်ရှိသည်။ ဘယ်လောက်ပင်ပန်းပင်ပန်း၊ ရေဝင်ချိုးလိုက်သည်နှင့် ချက်ချင်းအားပြည့်လန်းဆန်းနိုင်သည်။
ရေပူစမ်းကို နတ်ဘုရားမကောင်းချီးပေးထားသည်ဟုဆိုရိုးရှိပြီး ဂိမ်း၏ထူးခြားချက်တစ်ခုဖြစ်သည်။
ဂိမ်းဇာတ်ကောင်ရေပူစမ်းမရောက်ခင် ချင်လင်ကအတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။
သူက ရေပူစမ်းရှေ့ပြန်ပေါ်လာသည်။
သို့ရာတွင် သူ့ရှေ့ကရေပူစမ်းမှာ ဂိမ်းထဲကလိုအကွက်သေးသေးလေးမဟုတ်တော့။ သူဝင်လာသည်နှင့် ရေဖွေးဖွေးကျနေသောရေပူစမ်းဖြစ်သွားသည်။
ချင်လင်က သူ့အင်္ကျီများချွတ်ပြီး ရေပူစမ်းထဲခုန်ချလိုက်သည်။ တခဏချင်း သူ့တကိုယ်လုံးသက်သောင့်သက်သာပြေလျော့သွားသည်။
ရေပူစမ်းထဲစိမ်ပြီး တကိုယ်လုံးအင်အားပြည့်လာသလိုပင်။
ထိုခံစားချက်က ကျောက်မိုချင်းနှင့်အတူနေရသောခံစားချက်ထက်မလျော့။
(နတ်ဘုရားမတောင်ရေပူစမ်း: ဆန်းကြယ်)
(နတ်ဘုရားမတောင်ပေါ်မှ ဆန်းကြယ်သောရေပူစမ်းဖြစ်သည်။ ရေအရင်းအမြစ်မသိရသော်လည်း နတ်ဘုရားမကောင်းချီးပေးထားသည်ဟုဆိုကြသည်။ ဂိမ်းထဲတွင်ဝင်စိမ်လိုက်သည်နှင့် ဆန်းကြယ်သောအာနိသင်များရမည်:
အားအင်ပြည့်ခြင်း +၅၊ ထိခိုက်ဒဏ်ရာပြန်ကောင်းခြင်း +၅၊ အသားနုတက်ခြင်း +၅!)
ချင်လင်ကသူဝင်လိုက်လျှင် ရေပူစမ်းအာနိသင်များတွေ့ရမည်ဟုမထင်မိ။
ထိုအာနိသင်များကြောင့် သူလုံးဝအံ့ဩမိသည်။
အရည်အသွေး ၅ သုံးခုတောင်!
အားအင်ပြည့်ခြင်း +၅ အရည်အသွေးရှိသည်။ ဒါကြောင့်လည်း ဂိမ်းဇာတ်ကောင်ကဝင်ပြီးပြီးချင်း အားပြန်ပြည့်လာတာဖြစ်မည်။
ထို့ကြောင့် သူကအလားတူအာနိသင်ရှိသော ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုတွေးမိသည်။
သို့ရာတွင် အရည်အသွေး ၁ နှင့် ၅ ကြား ကွာခြားချက်ကကြီးမားသည်။
နောက်ပြီး တချို့ LQS တွေသာ ဒီအားအင်ပြည့်ခြင်း +၅ အရည်အသွေးအကြောင်းသိရင် သွားရည်ကျကုန်လိမ့်မည်။
အားအင်ပြည့်ခြင်း +၅!
သူတွေးကြည့်သည်။ သူချစ်တင်းနှောပြီး ရေချိုးလိုက်ရင် ချက်ချင်းအားပြန်ပြည့်လာမည်။ အဲဒီနောက် အလွန်ရဲရင့်သောစစ်သူကြီးပြန်ဖြစ်လာမည်။
ပြီးရင် ရေပြန်ချိုး။ ခြေကုန်လက်ပမ်းကျပဲမလား ဒါမှမဟုတ် ဖရိုဖရဲဖြစ်လာမလား?
သို့ရာတွင် ထိခိုက်ဒဏ်ရာပြန်ကောင်းခြင်းနှင့်အသားနုတက်ခြင်းက ဂိမ်းထဲမှာမပေါ်။
ထိုအရည်အသွေးကိုသူစိတ်ဝင်စား၍ စမ်းကြည့်ချင်သည်။
ဒါပေမဲ့ သူ့ကိုယ်သူဓားနဲ့ထိုးပြီး ထိခိုက်ဒဏ်ရာပြန်ကောင်းခြင်း +၅ အာနိသင်ကိုစမ်းကြည့်ရမှာလား?
အဖြေအတွက် အခက်အခဲကရှိစမြဲ။ သူကချက်ချင်း ရေပူစမ်းအပြင်ထွက်ပြီး အဝတ်အစားဝတ်ကာ အတွေးနှင့်ဂိမ်းထဲမှပြန်ထွက်လာသည်။
မကြာမီ အတွေးနှင့်ဂိမ်းထဲပြန်ဝင်ပြန်သည်။ သူ့လက်ထဲတွင် ဓားနှင့်ငါးတစ်ကောင်ပါလာ၏။
ရေပူစမ်းမရောက်ခင် သူကငါးဗိုက်ကိုဓားနှင့်ခွဲလိုက်သည်။ နာကျင်မှုကြောင့် ငါးကထွန့်ထွန့်လူးနေသော်လည်း သူ့လက်ထဲမှလွတ်ဖို့မဖြစ်နိုင်။
ထို့နောက် ငါးကိုရေပူစမ်းထဲပစ်ချလိုက်သည်။ မကြာမီ အံ့ဩစရာတစ်ခုတွေ့ရသည်။ သူခွဲလိုက်သောငါးဗိုက်က ဖြည်းဖြည်းချင်းပြန်ပြည့်လာ၏။
သော*က်ရမ်းစိတ်ကူးယဉ်ဆန်လွန်း။ သို့သော် နတ်ဘုရားမကောင်းချီးပေးထားသည်ဆိုသောဒဏ္ဍာရီကြောင့် ထူးဆန်းသည်မထင်တော့။
ဒါကြောင့်လည်း အင်တာနက်ပေါ်မှာ စိုက်ပျိုးမွေးမြူရေးခြံပုံပြင်က စိတ်ကူးယဉ်ဂိမ်းလို့ပြောကြတာကိုး။
ပြီးတော့ ဒီရေပူစမ်းကိုသူလာနိုင်သည်။ နောက်နောင် သူဒဏ်ရာရမှာကြောက်စရာမလိုတော့။ ဂိမ်းဇာတ်ကောင်ကိုရေပူစမ်းထဲသွားခိုင်းလိုက်ရင် သူ့ဒဏ်ရာဘယ်လောက်ကြီးကြီး၊ ဂိမ်းဇာတ်ကောင်နှင့်နေရာချင်းလဲလိုက်ပါက မြန်မြန်ပြန်ကောင်းလာနိုင်သည်။