Chapters

နတ်ဘုရားမတောင်ပေါ် ကိုယ်တိုင်တက်ခြင်း! အရည်အသွေး +၅! ၃

Vol. 65 Ch. 964

နတ်ဘုရားမတောင်ပေါ် ကိုယ်တိုင်တက်ခြင်း! အရည်အသွေး +၅! ၃

Vol. 65 Ch. 964

ချင်လင်က အနာပြန်ကျက်လာသောငါးကိုကြည့်ရင်း 'ဒီရေပူစမ်းအာနိသင်က ဂိမ်းထဲလာစိမ်မှရတာ နှမြောစရာ'ဟုတွေးမိသည်။ သောက်ရုံနှင့်မရ။

သောက်ပြီးပြန်ကောင်းရင် သူပုံးကြီးနှင့်အပြင်သယ်သွားမည်။ ဖြစ်ချင်တော့ ဒီရေပူစမ်းကို အပြင်လောကထဲသယ်မရပေ။

ချင်လင်ကအတွေးနှင့်ဂိမ်းအပြင်ပြန်ထွက်ပြီး ငါးကိုမီးဖိုချောင်ထဲယူလာသည်။ ဒီကောင် ဒီနေ့ကံပါမှတော့ ညစာစားပစ်ရမည်။

ထို့နောက် သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ကာ သူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမတောင်ထိပ်ပေါ်တက်စေသည်။

တောင်ထိပ်အမြင့်ဆုံးတွင် ကျောက်တုံးများအကြား စင်္ကြံတစ်ခုရှိသည်။ ထိုစင်္ကြံတွင် ရွက်ဖျင်တဲချပြီး နေထွက်တာကြည့်နိုင်သည်။

ထိုစင်္ကြံက ဂိမ်း၏ထူးခြားချက်တစ်ခုလည်းဖြစ်သည်။ ကြယ်ကြွေရာမှဖြစ်လာသည်ဟုဆိုကြပြီး သတ္တုမြို့တော်မြို့သားများ ပွဲတော်ကျင်းပရန်အကောင်းဆုံးနေရာလည်းဖြစ်သည်။

ထို့ကြောင့် ဂိမ်းထဲတွင် NPC အားလုံးက ဒီမှာနေထွက်တာလာကြည့်ကြသည်။

အခု နတ်ဘုရားမတောင်ပွင့်ပြီဖြစ်၍ ဂိမ်းထဲမှဂန္တဝင်ရှုခင်းများအားလုံးကို သူဖြတ်သွားရသည်။

ဂိမ်းဇာတ်ကောင် တောင်ထိပ်ရောက်သောအခါ ချင်လင်ကအတွေးနှင့်ဂိမ်းထဲဝင်ပြီး ဂိမ်းဇာတ်ကောင်နေရာကိုအစားထိုးလိုက်ပြန်သည်။

အေးမြသောလေညှင်းက သူ့မျက်နှာကိုရိုက်ခတ်လာပြီး နေလို့ကောင်းသည်။

အောက်ငုံ့ကြည့်လိုက်သောအခါ နတ်ဘုရားမတောင်၏ခမ်းနားသောသစ်တောကြီးကိုတွေ့ရသည်။

ခပ်လှမ်းလှမ်းမှ စိုက်ပျိုးမွေးမြူရေးခြံကိုတောင်တွေ့နိုင်သည်။ သို့ရာတွင် ခြံကသူ့မျက်စိထဲ အတော်သေးနေသည်။ တစ်ဖက်တွင် သတ္တုမြို့တော်ကမြူဆိုင်းပြီး ဖောက်ထွင်းမမြင်နိုင်။

အလွန်ထူးခြားသောခံစားချက်ပင်။

ခပ်ဝေးဝေးကိုလှမ်းကြည့်သောအခါ ကောင်းကင်တွင်တိမ်စိုင်များအထပ်ထပ်ရွေ့လျားနေသည်မှာ အလွန်လှပြီး နတ်ဘုရားမတောင်အလွန်မြင့်ကြောင်းကိုလည်းသိနိုင်သည်။

သို့ရာတွင် နေ့အချိန်ဖြစ်၍ နေထွက်တာကြည့်မရ။ ချင်လင်က ဂိမ်းထဲမှပြန်ထွက်ပြီးစောင့်ရသည်။

ခဏအကြာ ဂိမ်းထဲတွင်မှောင်မည်းလာပြီး ညဉ့်နက်သန်းခေါင်ရောက်သွားသည်။

ထိုအချိန်တွင် ချင်လင်လည်းအတွေးနှင့်ဂိမ်းထဲဝင်ပြီး ဂိမ်းဇာတ်ကောင်နေရာအစားထိုးယူလိုက်သည်။ အချိန်ကိုက်ပင်။ တောင်တန်းနှင့်ခပ်လှမ်းလှမ်းကိုကြည့်လျှင် အနီရောင်တိမ်တိုက်များပေါ်လာပြီး ဆက်စပ်ရာတိမ်များကိုရောင်ပြန်ဟပ်နေသည်။

နေကသူ့အလင်းရောင်တဖြည်းဖြည်းပြလာပြီး ဆက်စပ်ရာတိမ်များမှာ ရွှေရောင်အနားသတ်များပြောင်းသွားသည်။ အတော်ခမ်းနားသောမြင်ကွင်းပင်။

ချင်လင် အရင်က နေထွက်တာမြင်ဖူးသည်။ ရုံချန်း၏ကျိုဟွိုက်တောင်ထိပ်တွင် နေထွက်တာကြည့်နိုင်သည်။ သို့သော် နတ်ဘုရားမတောင်ထိပ်ပေါ်မှကြည့်ရသည်နှင့် အဆပေါင်းများစွာကွာခြားသည်။

ဒီလောက်လှတဲ့နေထွက်တာမျိုးမြင်ဖူးတာ ဒါပထမဆုံးပင်။ သူနည်းနည်းနစ်မြောသွားသည်။ ထိုစဉ် ရုတ်တရက် ဝေါခနဲမိုးရွာချလာသောကြောင့် သူကြွက်စုတ်ဖြစ်သွား၏။

သို့ရာတွင် နေထွက်သည့်မြင်ကွင်းက ခမ်းနားဆဲ၊လှပဆဲ။ နတ်ဘုရားမတောင်ပေါ်မှာသာ ကွက်ရွာသည်တဲ့။

သော*က်!

ချင်လင်ကဆဲပြီး အတွေးနှင့်ဂိမ်းထဲမှပြန်ထွက်လာသည်။ သူ့တကိုယ်လုံး စိုရွှဲနေဆဲပင်။

သူ့အခန်းထဲအမြန်ပြန်လာပြီး ရေချိုး၊အဝတ်အစားလဲရန်ပြင်နေစဉ် လင်းဖန်နှင့်ကျောက်မိုချင်းက လမ်းလျှောက်ပြီးပြန်ရောက်လာသည်။

သူ့ပုံစံက စုတ်ပြတ်နေသောကြောင့် ကျောက်မိုချင်းကဇဝေဇဝါနှင့်မေးသည်_

"ချင်လင်... ဘာတွေများလုပ်လို့ ဒီလိုပုံဖြစ်နေတာလဲ?''

"မိုချင်း''

ချင်လင်က အောင့်သက်သက်နှင့်ရှင်းပြသည်_

"ကိုယ်နေထွက်တာသွားကြည့်ရင်း မိုးမိတာလို့ပြောရင် မင်းယုံပါ့မလား?''

"ဖွီး... ကျွန်မရယ်အောင်လုပ်နေတာလား?''

ကျောက်မိုချင်းကထေ့ပြီး ချင်လင်စကားကိုလျစ်လျူရှုလိုက်သည်။ သူမကစိုးရိမ်သံနှင့်_

"မြန်မြန်... ကိုယ်လက်သန့်စင်ပြီးအဝတ်အစားလဲလိုက်... အဖေပဲဖြစ်တော့မယ်... ကလေးကလားနဲ့''

ချင်လင်က အောင့်သီးအောင့်သက်နှင့်ရယ်လိုက်သည်။

တစ်ခါတလေ အမှန်ပြောရင် ဘယ်သူမှမယုံကြဘူး!