← Chapters

အထူးမြေကြီးအရည်အသွေး!

Vol. 65 Ch. 965

အထူးမြေကြီးအရည်အသွေး!

Vol. 65 Ch. 965

ချင်လင်က ပြုံးရုံသာပြုံးနေလိုက်သည်။

ရူးသွားရင်တောင် သူ့စကားကိုဘယ်သူမှယုံမှာမဟုတ်။

ဘာပဲဖြစ်ဖြစ် သူတခြားကမ္ဘာသွားပြီး အမြင့်ဆုံးတောင်ပေါ်မှာ နေထွက်တာကြည့်ရင်းမိုးမိခဲ့လို့ သူ့အခန်းထဲအပြေးပြန်လာတာပြောရင် ဘယ်သူယုံမလဲ?

ကျောက်မိုချင်းသရော်သံကြောင့် သူ့အခန်းထဲသာပြန်လာပြီး ရေမိုးချိုးအဝတ်အစားလဲရသည်။

အခု ဂိမ်းထဲဝင်ရင် နတ်ဘုရားမတောင်ပေါ်သွားနိုင်ပြီဆိုတော့ ရေပူစမ်း ဒါမှမဟုတ် နတ်ဘုရားမတောင်ထိပ်မှာနေထွက်တာကြည့်ဖို့ ကန့်သတ်မထားလောက်ဘူးမလား?

ဘာပဲဖြစ်ဖြစ် နတ်ဘုရားမတောင်ကအကြီးကြီး။ အပြင်မှာ ဂိမ်းလမ်းကြောင်းအတိုင်း သူမသွားနိုင်။

ဂိမ်းထဲမှာ ဂိမ်းဇာတ်ကောင်တွေက လမ်းလေးများသာသွားနိုင်ပြီး နတ်ဘုရားမတောင်၏တခြားနေရာများကိုမသွားနိုင်ကြ။ သို့သော် သူဂိမ်းထဲဝင်လိုက်သောအခါ အကျယ်ကြီးဖြစ်၍ ဒီလောက်ကန့်သတ်ချက်မရှိနိုင်။

ချင်လင်က ရေမိုးချိုးအဝတ်အစားလဲကာ သူ့စိတ်ထဲမှဂိမ်းဇာတ်ကောင်ကိုကြည့်လိုက်သည်။

သူရေချိုးနေစဉ် ဂိမ်းထဲတွင်နေမြင့်သွားပြီး နေ့လယ်ရောက်နေသော်လည်း သူ့ဂိမ်းဇာတ်ကောင်မှာ နတ်ဘုရားမတောင်ထိပ်ပေါ်တွင်တစ်ယောက်တည်းရပ်ပြီး လေညှင်းခံဆဲရှိသေးသည်။

ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်အား တောင်ထိပ်ပေါ်မှဆင်းစေပြီး တောလမ်းတဝက်တွင်ရပ်ထားသည်။

သူ့အတွေးမှန်မမှန် တောင်ဘက်မှဂိမ်းထဲဝင်ပြီး ပတ်ပတ်လည်လျှောက်သွားကြည့်မည်။

ချင်လင်က အတွေးနှင့်ဂိမ်းထဲဝင်လိုက်ရာ တောလမ်းလေးတစ်ခုတွင်ပေါ်လာသည်။

မိုးရွာထားသောကြောင့် တောလမ်းကနည်းနည်းဗွက်ထနေသည်။ သို့ရာတွင် မိုးရွာပြီး တောတောင်ထဲမှလေက အလွန်လတ်ဆတ်သည်။

သူက လမ်းတဖက်တချက်စီမှ တောထဲဝင်ကြည့်သည်။

ဂိမ်းထဲတွင် ဂိမ်းဇာတ်ကောင်က တောထဲမဝင်နိုင်။

ဒါပေမဲ့ အခုသူက ဘာအတားအဆီးမှမရှိဘဲ တောထဲဝင်နိုင်သည်။

သူဝင်လာသောအခါ ဂိမ်းနှင့်မတူတော့။ ကြည့်ရတာ ဖြစ်နိုင်ခြေအသစ်များရှိနေသည်။

ဘာပဲဖြစ်ဖြစ် သစ်တောက ရတနာသိုက်ပင်။

အထူးသဖြင့် နတ်ဘုရားမတောင်လို ဆန်းကြယ်သောအဆင်များ၊ဒဏ္ဍာရီများပြည့်နေသောသစ်တောမျိုးအတွက်ပိုမှန်သည်။

နောက်ပြီး ချင်လင်သိပ်မလျှောက်လိုက်ရဘဲ တစ်ခုခုတွေ့သည်။

ထင်းရှူးတောထဲတွင် မှိုမည်းမည်းလိုအရာများ မြေပေါ်အနှံ့တွေ့ရသည်။

သူအနားလျှောက်သွားသောအခါ မြေအောင်းမှိုများဖြစ်နေသည်။

ချင်လင်က အမြန်အနားကပ်လိုက်သည်။

မြေအောင်းမှိုများက ပစ္စည်းကောင်းများဖြစ်ပြီး အလွန်စျေးကြီးသည်။

မြေအောင်းမှိုများမှာ ပတ်ဝန်းကျင်အလွန်ရွေးပြီး ခူးရခက်၊ထိန်းသိမ်းရသည်။ စျေးကြီးသောအဆင့်မြင့်ပါဝင်ပစ္စည်းတစ်မျိုးလည်းဖြစ်သည်။

နောက်ပြီး ရာသီဥတုနှင့်ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် သဘာဝမြေအောင်းမှိုအထွက်နှုန်းကကျဆင်းလာသည်။ စိုက်ပျိုးရေးမြေအောင်းမှိုမှာမူ နှစ်အတော်ကြာထွက်နိုင်ပြီး အထွက်နှုန်းကအာမမခံနိုင်။

ထို့ကြောင့် စျေးကွက်ထဲတွင်ဝယ်ရခက်သည်။ စိုက်ပျိုးရေးမြေအောင်းမှိုက အရည်အသွေးကောင်း၊အဆင့်မြင့်လျှင် တစ်ကတ်တီ ယွမ် ၆၀၀ မှ ၈၀၀ ရှိသည်။ စျေးအကြီးဆုံး ယွမ် ၂၀၀၀၊ ၃၀၀၀ အထိတောင်ရှိသည်။

သဘာဝဖြစ်လျှင် ပိုအရနည်းပြီးစျေးပိုကြီးသေးသည်။

တချို့သဘာဝမြေအောင်းမှိုများကို တစ်ကတ်တီယွမ်သောင်းချီအထိရောင်းနိုင်သည်။

တချို့က မြေအောင်းမှိုတစ်ကတ်တီကိုယွမ်ဆယ်ဂဏန်းနှင့်ဝယ်နိုင်သည်ဆိုသော်လည်း ဘယ်လိုမြေအောင်းမှိုအမျိုးအစားဖြစ်သည်ကို စားကြည့်မှသိနိုင်မည်။

သူမြင်နေရသောထင်းရှူးတောမှာ မြေအောင်းမှိုများပြည့်နေသည်။ မှိုပွင့်ကြီးသောကြောင့် သန့်စင်သောသဘာဝမြေအောင်းမှိုများဖြစ်မည်။ တချို့က သုံးလေးကတ်တီလောက်အချိန်စီးနိုင်သည်။

လူစိုက်ရင် ဒီအရွယ်အစားလောက်မရနိုင်။ အရင်ကတည်းက ဒီမှာပေါက်နေကျဖြစ်မည်။

ချင်လင်ကငုတ်တုတ်ထိုင်ချပြီး တစ်ကတ်တီခန့်ရှိသောမှိုတစ်ပွင့်ကိုခူးရန်ပြင်လိုက်သည်။

သူ့လက်ထဲရောက်လျှင် မြေအောင်းမှို၏မှတ်ချက်ကိုတွေ့ရသည်:

(နှစ်ရှည်သဘာဝမြေအောင်းမှို: သာမန်!)

(နှစ်ရှည်သဘာဝမြေအောင်းမှိုဖြစ်သည်။ အဆင့်မြင့်ပါဝင်ပစ္စည်းဖြစ်ပြီး ကိုယ်ခံအားတက်စေခြင်း၊ အမျိုးသားအားတိုးခြင်း၊ မောပန်းပြေစေခြင်း၊ သွေးအားပြည့်ခြင်း၊ အိပ်ပျော်စေခြင်း၊ နုပျိုစေခြင်း၊ ကင်ဆာကာကွယ်ခြင်း၊ နှလုံးရောဂါကာကွယ်ခြင်း အာနိသင်များရှိသည်!)

ချင်လင်ကမှတ်ချက်ကြည့်ပြီး သဘာဝ​မြေအောင်းမှိုဘာလို့အရမ်းစျေးကြီးကြောင်း သဘောပေါက်လိုက်သည်။ တစ်ကတ်တီယွမ်သောင်းဂဏန်းနှင့်တောင်ရောင်းနိုင်သည်။

အမျိုးအားတိုးစေရင် ဘယ်လောက်​ဖြစ်ဖြစ်စားလိမ့်မည်။ လူချမ်းသာတွေဆိုမပြောနှင့်တော့။

နောက်ပြီး နုပျိုစေခြင်း၊ ကင်ဆာကာကွယ်ခြင်း အာနိသင်နှစ်ခုကြောင့် လူချမ်းသာတွေသေချာပေါက်စားကြလိမ့်မည်။ ငွေမရှားသူတွေက အများကြီး။

သူတို့စိုးရိမ်တာက စားစရာမရှိမှာမဟုတ်၊ ဝယ်လို့မရမှာကိုပင်။

သဘာဝငါးပုတ်သင်အဝါကြီးလို၊ ကင်ဆာဆန့်ကျင်သောအာနိသင်ရှိသောကြောင့် ဖမ်းဆီးကြ၍တိမ်ကောလာသည်။

သဘာဝမြေအောင်းမှိုလည်း ဒီအတိုင်း။

အထူးသဖြင့် နှစ်ရှည်သဘာဝမြေအောင်းမှိုက အလွန်ရှားသည်။

ဘာပဲဖြစ်ဖြစ် သဘာဝမြေအောင်းမှိုကိုတွေ့သည်နှင့် လုံးဝချန်ခဲ့မည်မဟုတ်၊ တစ်ခါတည်းနုတ်သွားကြလိမ့်မည်။ နောက်ပြီး ဒီနေရာမှာသဘာဝမြေအောင်းမှိုပေါက်မှန်းသိရင် သေချာပေါက်လာလာကြည့်ကြမည်။

အခုတော့ ဒီလောက်စျေးကြီးတဲ့ပါဝင်ပစ္စည်းက ချင်လင်မျက်စိရှေ့မှာအုံခဲနေသည်။ မြေပြင်အနှံ့လိုလိုပင်။

ချင်လင်ကဂိမ်းထဲမှထွက်ပြီး စံအိမ်တွင်အိတ်ကြီးကြီးတစ်လုံးသွားရှာချင်သော်လည်း အသိပေးစာတက်လာသည်:

(ပုံမှန်မဟုတ်သောနေရာရောက်နေပါတယ်... ဂိမ်းထဲမှမထွက်နိုင်ပါ!)

ချင်လင်ကမျက်မှောင်ကြုတ်ပြီး ခဏတွေးကြည့်လိုက်သည်။ အကြောင်းရင်းကိုအကြမ်းဖျင်းသဘောပေါက်ပြီး ထင်းရှူးတောထဲမှထွက်ကာ စောစောကလမ်းလေးဆီပြန်သွားလိုက်သည်။

ဒီတစ်ခါ ဂိမ်းအပြင်တန်းရောက်လာပြီး စံအိမ်ထဲပြန်ပေါ်လာသည်။

ဖန်သားပြင်ပေါ်တွင် သူ့ဂိမ်းဇာတ်ကောင်က နတ်ဘုရားမတောင်လမ်းပေါ်ရပ်နေ၏။

ဒါ ကန့်သတ်ချက်ပဲ။

မြေအောင်းမှိုနေရာက ဂိမ်းထဲမှာ Bug ဖြစ်သည်။ ထိုနေရာကိုမသွားနိုင်သောကြောင့် ပြန်ထွက်လိုလျှင် ဂိမ်းဇာတ်ကောင်သွားနိုင်သောနေရာကိုသာပြန်လာရသည်။

ချင်လင်ကချက်ချင်း စံအိမ်ထဲအိတ်ကြီးကြီးရှာပြီး ဂိမ်းထဲပြန်ဝင်လိုက်သည်။ သူကထင်းရှူးတောထဲသွားပြီး မြေအောင်းမှိုများစနှုတ်တော့သည်။

(နှစ်ရှည်သဘာဝမြေအောင်းမှို: ပုံမှန်)

All Chapters