ပျော်ရွှင်ခြင်းက ကူးစက်တတ်!
Vol. 65 Ch. 968
(သင်ဝယ်ထားသောဆင် ၆ ကောင်ကို သင့်မွေးမြူရေးခြံပို့လိုက်ပါပြီ... ခြံထဲပြန်ရောက်ရင် တွေ့ပါလိမ့်မယ်!)
ချင်လင်က မွေးမြူရေးခြံ NPC ၏စကားပြောကိုဖတ်ပြီး သူ့ဂိမ်းဇာတ်ကောင်အား မွေးမြူရေးခြံပြန်စေလိုက်သည်။
ဆင်က ဆင်ပဲ။ ဆင်တောင် ဆင်ပျော်တဲ့။ အထူးသဖြင့် ကြယ်ပုံပါနေတော့ သာမန်မဟုတ်နိုင်ဘူးမလား?
ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးရေးခြံပြန်စေပြီး ချင်လင်ကအတွေးနှင့်ဂိမ်းထဲဝင်ကာ ဆင်ဝင်းတန်းသွားလိုက်သည်။
ဆင်များက အတော်ကြီးထွားနိုင်၍ ဆင်ဝင်းကကြီးသော်လည်း ဆင် ၆ ကောင်သာမွေးနိုင်သည်။
ချင်လင်ကဆင်ဝင်းထဲဝင်လိုက်ရာ အထဲတွင် ချစ်စရာဆင်ပေါက်လေး ၆ ကောင်ရှိနေသည်။
သူဝယ်လိုက်သောဆင်ပျော်က ဆင်ပေါက်သာရှိသေးသည်။ အကောင်မကြီးသော်လည်း မွေးခါစမဟုတ်၍ ကောင်းကောင်းသွားနိုင်သည်။
ဆင်ပျော်ပုံစံက သာမန်ဆင်နှင့်သိပ်မကွာ။ နားရွက်နှစ်ဖက်က သာမန်ဆင်များထက်ပိုကြီးနေခြင်းသာရှိသည်။
သို့ရာတွင် ချင်လင်ဝင်လာပြီး ဆင်ပျော် ၆ ကောင်ကိုကြည့်လိုက်သောအခါ ဆင်ပျော် ၆ ကောင်ကလည်း သူ့ကိုပြန်ကြည့်နေသောကြောင့် သူမှင်တက်သွားသည်။
အထူးသဖြင့် တလက်လက်တောက်နေသောမျက်လုံးများကအလွန်အသက်ဝင်ပြီး တစ်ချက်ကြည့်ရုံနှင့် ချစ်စရာကောင်းနေသည်။
ထို့နောက် သူ့ရှေ့ကဆင်ပျော်သုံးကောင်မှာ လက်ဆွဲနှုတ်ဆက်ချင်သလို သူ့ဆီတပြိုင်တည်းနှာမောင်းများဆန့်တန်းလာသည်။
ရုတ်တရက် ဘာကြောင့်ဒီလိုအတွေးပေါ်မှန်းမသိသော်လည်း ချင်လင်ကမှန်သည်ဟုထင်ပြီး အမှတ်တမဲ့သူ့လက်ကိုဆန့်ထုတ်လိုက်သည်။
ဆင်ပျော်သုံးကောင်က သူ့လက်ထဲနှာမောင်းရှည်ကြီးများထည့်ပြီး သူ့ကိုလက်ဆွဲနှုတ်ဆက်နေသလိုပင်။
ထို့နောက် သူတို့နားရွက်ရှည်ကြီးများတဖျတ်ဖျတ်ခတ်ပြီး မြူးတူးသံနှင့်အော်သည်။ သူတို့ခြေထောက်များကိုတောင်မြှောက်ပြီး အားရပါးရအော်ကြသည်။
ရိုးရိုးအပြုအမူသာဖြစ်သော်လည်း ချင်လင်ကကြည့်ပြီးမပြုံးဘဲမနေနိုင်။ သူပါလိုက်ပျော်လာသလို သဘောကျလာသည်။
အတော်ထူးခြားသောခံစားချက်ပင်။
သူအခု ပိုသိချင်လာသည်။ ဒီဆင်ပျော်သုံးကေင်မှာ သေချာပေါက်အထူးအရည်အသွေးရှိမည်။
ထိုအခိုက်_
နောက်ဆင်ပေါက်တစ်ကောင်က ဆင်ဝင်းတံခါးပေါက်ကို သူ့နှာမောင်းနှင့်ညွှန်ပြနေသည်။ သူအပြင်ထွက်ချင်သောကြောင့် တံခါးဖွင့်ပေးဖို့ပြောနေသလိုပင်။
ထိုဆင်ပျော်၏စိတ်ကို ချင်လင်ကထူးထူးခြားခြားနားလည်နေသည်။
သူကတံခါးဖွင့်ရန်ပြင်လိုက်ရာ ဆင်ပျော်ကဝမ်းသာအားရအော်သည်။ ထို့နောက် အလွန်ထူးဆန်းသောခြေလှမ်းများနှင့် ခြံစည်းရိုးအပြင်ပြေးထွက်သွားသည်။
ထွက်သွားပုံကို ချင်လင်မပြောပြတတ်။ နာမ်စားသုံးပြရရင် 'ဆွေမေ့မျိုးမေ့'များ ဖြစ်မလား?
အထူးသဖြင့် သူ့ခြေလှမ်းများကို ချင်လင်သဘောကျသည်။ ထူးထူးခြားခြားသဘောကျသည်။ သူကလွယ်လွယ်နှင့်သဘောမကျတတ်။
ဒုတိယဆင်ပျော်တစ်ကောင်ကလည်း နားရွက်များတဖျတ်ဖျတ်ခတ်ပြီး မသိမသာအဟုန်နှင့်ပြေးထွက်သွားသည်။
နောက်ဆင်ပေါက်တစ်ကောင်လည်း လိုက်သွား၏။
သို့ရာတွင် နောက်ဆုံးဆင်ပျော်က သူ့ကိုကြည့်ပြီးသူ့ရှေ့ဒူးထောက်ထိုင်ချလိုက်သည်။ သူ့ကျောသူ ဆင်နှာမောင်းနှင့်တောင်သပ်ပြသည်။
ကြည့်ရတာ သူ့ကိုတင်ချင်တဲ့ပုံ။
"မင်းကိုယ်လုံးလေးနဲ့ ရလို့လား?''
ချင်လင်က မပြောဘဲမနေနိုင်တော့။
"ရွှစ်!''
ဆင်ပျော်က နားလည်ပုံနှင့်အသံပြန်ပေးသည်။
ချင်လင်အံ့ဩသွားသည်။
ဉာဏ်မကောင်းလွန်းလား?
သူက ဆင်ပျော်ကျောပေါ်တက်လိုက်ရာ အမှန်ပင်မတ်တပ်ထရပ်ပြီး ဆင်ဝင်းအပြင်ထွက်လာသည်။
ဒီတစ်ခါ ဆင်ပျော်၏အရည်အသွေးမှတ်ချက်ကိုလည်း ချင်လင်တွေ့ရသည်:
(ဆင်ပျော်: အရည်အသွေး ၁)
(သတ္တုမြို့တော်က နတ်ဘုရားမတောင်ပေါ်ရှာတွေ့သောအထူးဆင်ပေါက်မျိုးဖြစ်သည်:
သိမ်မွေ့ခြင်း +၁၊ လူယဉ်ပါးခြင်း +၁၊ ပျော်တတ်ခြင်း +၁၊ ဉာဏ်ကောင်းခြင်း +၁၊ လူမှုရေး +၁၊ ပျော်စရာကြုံခြင်း +၁)
အရည်အသွေးများကြည့်ပြီး ချင်လင်နည်းနည်းအံ့ဩသွားသည်။
ဟာသဉာဏ်မပြောနှင့်၊ ဉာဏ်ကောင်းတာပါ ဒီခဏလေးအတွင်း သိလိုက်ရပြီ။
တိရစ္ဆာန်မှာဉာဏ်ကောင်းတဲ့အရည်အသွေးပါတာ ဒါပထမဆုံးပင်။
လူမှုရေး +၁ လည်း ပါသေးသည်။ ဒါကြောင့် သူတို့စိတ်ကိုထူးထူးခြားခြားနားလည်နိုင်တာဖြစ်မည်။
နောက်ပြီး ကြောင်တောင်တောင်ငေးကြည့်တဲ့ရိုးရိုးအပြုအမူဆိုရင်တောင် ပျော်စရာကောင်းမှန်း၊စိတ်ဝင်စားစရာကောင်းမှန်း ချင်လင်သဘောပေါက်သည်။ ဒါ ပျော်စရာကြုံခြင်း +၁ အရည်အသွေးကြောင့်ဖြစ်မည်။
ဒီလိုအရည်အသွေးမျိုးရှိခြင်းက စိတ်မချမ်းသာခြင်းကင်းစေသည်။
ပြီးတော့ မွေးမြူရေးခြံတိရစ္ဆာန်မှာ ဒီလိုထူးဆန်းတဲ့အရည်အသွေးမျိုးရှိတာ ဒါပထမဆုံးပင်။ ဒါကြောင့် ဆင်ပျော်ဟုခေါ်ခြင်းဖြစ်မည်။
မွေးမြူရေးခြံအပြင်ဘက်တွင် အရည်အသွေး ၂ ခွေးသွားစိတ်မြက်များစိုက်ထားသည်။ ဆင်ပျော်က အရမ်းကြိုက်ပုံရသည်။ သူတို့နှာမောင်းရှည်ကြီးများနှင့် မြက်ကိုနုတ်ပြီးစားနေကြသည်။
မြက်ပေါ်တွင် မြူးတူးလူးလိမ့်နေသောနှစ်ကောင်၊သုံးကောင်လည်းရှိသည်။
ချင်လင်စီးလာသောဆင်ပျော်က သူ့နှာမောင်းရှည်ကြီးနှင့်ခွေးသွားစိတ်မြက်ကိုနုတ်ပြီး ပါးစပ်ထဲထည့်ဝါးနေသည်။ သူ့ဘာသာစားပြီး ချင်လင်ကိုလည်းမမေ့။ နောက်မြက်တစ်ထွေးနုတ်ပြီး ချင်လင်ဆီကမ်းပေးလိုက်သည်။
"ကျွတ် ကျွတ်''
သူ့လုပ်ပုံကြောင့် ချင်လင်ကြောင်သွားသည်။
သူမြက်မစားသော်လည်း သူ့ကိုကြည့်နေသောမျက်လုံးများထဲတွင် မျှဝေချင်စိတ်ကိုတွေ့ရသည်။ သူသာမြက်မယူရင် စိတ်ပျက်လက်ပျက်ဖြစ်သွားမည်ထင်သည်။
ချင်လင်က ဘာပြောရမှန်းမသိ။ မတတ်သာဘဲ မြက်သာယူလိုက်ရသည်။
ဆင်ပျော်ကလည်း နှာမောင်းမြှောက်ပြီး ဝမ်းသာအားရအော်သည်။
တစ်ဖက်တွင် ချင်လင်က ဆင်ခေါင်းငုံ့မြက်စားနေသည်ကိုအခွင့်ကောင်းယူပြီး သူ့လက်ထဲမှမြက်ကိုအနောက်လွှင့်ပစ်သည်။
သို့ရာတွင် နောက်ဆင်ပျော်တစ်ကောင်ကလည်း သူ့ဆီခွေးသွားစိတ်မြက်တစ်ထွေးကြီးပေးလာ၍ သူလန့်သွားသည်။
"ဟင်း ဟင်း''
ချင်လင်က တံတွေးမြိုချလိုက်သည်။
…
နာရီဝက်ကြာပြီးနောက် ချင်လင်ကအတွေးနှင့်ဂိမ်းထဲမှပြန်ထွက်လာခဲ့သည်။