ပျော်ရွှင်ခြင်းက ကူးစက်တတ်! ၂
Vol. 65 Ch. 969
ဒီအတောအတွင်း ဆင်ပျော်များအကြောင်း သူအကြမ်းဖျင်းသိလိုက်သည်။ သူတို့က ရှုမျှော်ခင်းနေရာအတွက်မွေးလာသလိုပင်။ ချင်းလင်မွေးမြူရေးခြံမှာသာထားရင် ဒေါင်းဖြူနှင့်ကျန်းမာရေးဝက်များထက်ပိုပြီး နာမည်ကြီးလိမ့်မည်။
တကယ်တော့ ရှုမျှော်ခင်းနေရာမှာဆင်ထားခြင်းက အန္တရာယ်များသည်။ ခရီးသွားဆင်များတွင် လူကိုအန္တရာယ်ပေးသောဆင်များရှိကြောင်း ဆပ်ကပ်အတော်များများကပြထားသည်။ ဒါကလည်း ဆင်တွေလူမုန်းအောင်၊ လူမဆန်စွာလေ့ကျင့်ပေးသည့်လူများကြောင့်ဖြစ်သည်။ သူတို့ဒေါသထွက်လျှင် ရှူးရှူးရှဲရှဲဖြစ်တတ်သည်။
ဆင်ပျော်ကိုလေ့ကျင့်ပေးစရာမလို။ လူယဉ်ပါးခြင်း +၁ အရည်အသွေးရှိ၍ ဒီအတွက်စိုးရိမ်မလိုပေ။
ချင်လင်က ရုံးခန်းထဲတန်းသွားပြီး အင်တာနက်ပေါ်တက်ကာ ဆင်ရောင်းသောနေရာများရှာလိုက်သည်။
သို့သော် ပြည်တွင်းမှာ နာမည်ကြီးဆင်စျေးကွက်ရှိပုံမရ။ အဓိကက ဆင်မွေးမြူသည့်ပတ်ဝန်းကျင်ကိုကန့်သတ်ထားခြင်းကြောင့်ဖြစ်သည်။ ဆင်မွေးမြူသည့်နေရာ သိပ်များများစားစားမရှိပေ။
မင်ခွန်မြို့တော်တွင် ဆင်စျေးကွက်ရှိသော်လည်း ဆင်ပေါက်အရည်အသွေးက သိပ်မကောင်း။ နားရွက်ကြီးကြီးနှင့်ဆင်မရှိ။
နားရွက်ကြီးကြီးဆင်က မျိုးစပ်ထားသောဆင်တစ်မျိုးဖြစ်သည်။ သူတို့နားရွက်က အတော်ကြီးပြီး ဂိမ်းထဲကဆင်ပျော်နှင့်ပိုတူသည်။
မြန်မာနှင့်ထိုင်းနိုင်ငံတွင် ဒီလိုနားရွက်ကြီးကြီးဆင်ပေါက်များရှိသည်။
ထို့ကြောင့် ဆင်ပျော်က လဲရခက်နေသည်။
သူ့မှာ နိုင်ငံခြားအဆက်အသွယ်မရှိ။ မြန်မာနှင့်ထိုင်းက နားရွက်ကြီးကြီးဆင်ပေါက် လေးငါးကောင်ဝယ်နိုင်ရင် ဆင်ပျော်ကိုအစားထိုးဖို့ပြဿနာမရှိတော့။
ချင်လင်က ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကိုမေးမည်ဟုဆုံးဖြတ်လိုက်သည်။
သူတို့နှစ်ယောက်ကစီးပွားရေးလုပ်တာကြာပြီဖြစ်၍ အဆက်အသွယ်ကျယ်ပြန့်သည်။ ဒီအပိုင်းမှာအဆက်အစပ်ရှိနိုင်သည်။
အသက်ရှည်ဦးမည်!
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ရုံခန်းတံခါးခေါက်ပြီး ဝင်လာကြ၏။
ချန်ရှန်းဖေကထိုင်ပြီး သက်ပြင်းချကာ_
"ချင်လင်... မင်းရဲ့အပန်းဖြေစံအိမ်က နေလို့အကောင်းဆုံးပဲ... ငါကောင်းကောင်းစားတယ်.. သောက်တယ်.. အိပ်တယ်... မနေ့ညက ငါးကုထုံးခံပြီး ဒီနေ့နိုးလာတော့ သက်သောင့်သက်သာရှိလိုက်တာ''
"အမှန်ပဲ''
မာလဲ့ဝမ်က စိတ်ပါလက်ပါထောက်ခံသည်။
ဒီထက်ပိုမပျော်နိုင်တော့။ မနေ့ညက မြေအောင်းမှို၊ ရုံးပတီသီး၊ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့် ချင်းလင်အားဖြည့်လက်ဖက်ရည်ကြောင့် သူနှင့်ချူရှင်းပျော်ခဲ့သည်။
ချင်လင်ဆီမှာသာ ဒီလောက်ပျော်နိုင်၊ ရဲရင့်နိုင်သည်။
တခြားနေရာတွေမှာ သူ့အတွက်အထောက်အကူဖြစ်စေတာမရှိ။
ချင်လင်လည်း အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်နှပ်ပြီး သူတို့နှစ်ဦးကိုငှဲ့ပေးလိုက်သည်။ ဒါမျိုးတွေနဲ့ပတ်သက်လာရင် သူ့မိတ်ဆွေတွေအတွက် နှမြောမနေ။
"မင်းရဲ့လက်ဖက်ရည်ကိုလည်း ထည့်တွက်ရဦးမယ် ချင်လင်''
မာလဲ့ဝမ်က တစ်ငုံသောက်ပြီးဆိုသည်။
ချင်လင်က သူလုပ်စရာရှိသည်ကိုမမေ့ဘဲ မေးလိုက်သည်_
"လောင်ချန် လောင်မာ... မြန်မာနဲ့ထိုင်းမှာ အသိတွေဘာတွေရှိလား? ကျွန်တော် ချင်းလင်မွေးမြူရေးခြံအတွက်ဆင်ပေါက်လေးတွေဝယ်ချင်လို့... မွေးမြူရေးခြံထဲမှာ တိရစ္ဆာန်တွေနည်းနေသေးတယ်''
ချန်ရှန်းဖေက တန်းပြောသည်_
"ချင်လင်... ငါ့စီးပွားရေးနဲ့တော့ အဆက်အစပ်မရှိဘူး... ငါကူညီနိုင်မယ်မထင်ဘူး''
"ငါလည်း အတူတူပဲ''
ရုတ်တရက် မာလဲ့ဝမ်ကတစ်ခုခုတွေးမိပြီး_
"ချင်လင်... လီဖေးက နန်ယွင်စီရင်စုမှာအဆက်အသွယ်ရှိတယ်... သူ့ဇိမ်ခံပစ္စည်းအတော်များများ.. ဟင်းသီးဟင်းရွက် သီးနှံတွေ အသားတွေက အဲဒီကရတာ''
"နန်ယွင်စီရင်စုက မြန်မာနယ်စပ်နဲ့အကူးအသန်းရှိတယ်... လီဖေးက မင်မြို့တော်တိရစ္ဆာန်ရုံထဲဆင်နှစ်ကောင်ပို့ဖို့ကူညီဖူးတယ်ထင်တယ်''
"လီဖေးရဲ့ဇိမ်ခံပစ္စည်းများက လတိုင်း မင်းဆီကဟင်းသီးဟင်းရွက်အသစ်တွေယူတယ်မလား? သူ့ဆီကအကူအညီတောင်းကြည့်''
“အင်း!”
လီဖေးကိုတွေးမိပြီး ချင်လင်ကပြုံးလိုက်သည်။
ဒီလူ အရင်က ခဏခဏအရှိုက်ထိဖူးသည်။
ခဏခဏခံရသောကြောင့် စံအိမ်လာပြီးစားသောက်ကုန်တောင်းသည့်အချိန်တွင် သူကကိုယ်ချင်းစာပြီး အရည်အသွေး ၂ အမဲသားတစ်သုတ်ထုတ်ပေးခဲ့ဖူးသည်။ နောက်ပိုင်းတွင် လတိုင်း အရည်အသွေး ၁ ဟင်းသီးဟင်းရွက်များခွဲပေးမည်ဟုကတိပေးခဲ့သည်။
လောင်မာစကားကြောင့် သူကဖုန်းထုတ်ပြီး ဖုန်းနံပါတ်ရှာလိုက်သည်။ အရင်က သူ့ဆီဖုန်းနံပါတ်ထားခဲ့ဖူးသည်။
လီဖေးမှာ ဒီလိုအဆက်အသွယ်ရှိမှတော့ သူအသုံးချရမှာပေါ့။
……
မင်မြို့တော်တွင် အဆင့်အမြင့်ဆုံးစားသောက်ကုန်ဆိုင်က 'ရွှေနှင့်မြဇိမ်ခံပစ္စည်းများ'ဖြစ်မည်။
မင်မြို့တော်သာမန်လူတန်းစားကြားတွင် ဇိမ်ခံပစ္စည်းများက ဒဏ္ဍာရီသဖွယ်ဖြစ်နေသည်။ ဇိမ်ခံပစ္စည်းဆိုင်က ဟင်းသီးဟင်းရွက်များဝယ်ပြီး တစ်နပ်စာချက်လျှင် အနည်းဆုံးတစ်လစာပြုတ်မည်ဟုသိထားကြသည်။
ဇိမ်ခံပစ္စည်းပိုင်ရှင်ဖြစ်သောလီဖေးမှာ အဆက်အသွယ်အများကြီးရှိသည်။ မဟုတ်ရင် အဆင့်မြင့်အစားအသောက်များစွာရနိုင်မည်မဟုတ်။
ပြီးတော့ သူ့မှာအဆင့်မြင့်ပစ္စည်းတွေရှိရင်တောင် အဆက်မသွယ်မရှိပါက ဖြန့်ဝေရာတွင်အခက်အခဲရှိလိမ့်မည်။
ချမ်းသာပြီးအာဏာရှိသူတွေက ပိုလိုချင်ရင် သူတို့ဂုဏ်နဲ့ဖိနှိပ်တဲ့အခါ ဘာတတ်နိုင်မလဲ?
ပြီးတော့ ဒီလူကိုပိုရောင်းရင် ဟိုလူကသူ့ကိုမပေးလို့ပြောမည်။ ဟိုလူကိုပိုရောင်းရင်လည်း ဒီလူကမျက်နှာသာမပေးလို့ပြောလိမ့်မည်။
တစ်ဖက်တွင် လီဖေးကသူ့ဇိမ်ခံပစ္စည်းလုပ်ငန်းကို အခက်အခဲမရှိလုပ်နိုင်သည်မှာ သူ့လုပ်နိုင်စွမ်းကိုသက်သေပြနေသည်။ စီးပွားရေးအဆင့်မြင့်လေလေ၊ လုပ်ရခက်လေလေပင်။
လီဖေးက သူ့ရုံးခန်းထဲတွင်စာဖိုင်တချို့ကြည့်နေစဉ် သူ့ဇနီးလင်းဟိုင်လျန်ဝင်လာပြီး_
"ယောက်ျား... ချင်းလင်စံအိမ်ကဟင်းသီးဟင်းရွက်အသစ်တွေရောင်းကုန်သွားပြီ... လတိုင်း ကုန်နည်းနည်းပိုပေးဖို့ ချင်းလင်စံအိမ်ကိုပြောကြည့်ပါလား?''
သူမစကားကြောင့် လီဖေးကသက်ပြင်းချလိုက်သည်။ ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်အသစ်တွေက သူ့ဇိမ်ခံပစ္စည်းတွေထဲမှာအဓိကဖြစ်လာသည်။
ဒီဟင်းသီးဟင်းရွက်တွေက နာမည်ကြီးရုံသာမက ကျန်းမာရေးအာနိသင်လည်းရှိသည်။ ချင်းလင်စံအိမ်မှာနေ့တိုင်းရောင်းရင်တောင် လူချမ်းသာတွေက ချင်းလင်စံအိမ်ကိုသွားပြီး ဟင်းသီးဟင်းရွက်တိုးမဝယ်နိုင်။
ထို့ကြောင့် ချင်းလင်စံအိမ်မှကုန်ရသောအခါ ပိုက်ဆံရှိ၊အာဏာရှိများက ဦးထားကြသည်။
သူလည်းပိုရချင်ပေမဲ့ သူဘယ်လိုပြောရမလဲ?
ပွင့်ပွင့်လင်းလင်းပြောရရင် သူကဥက္ကဌချင်နှင့်သိပ်မရင်းနှီး။ တစ်ခါသာဆုံဖူးသည်။ ချင်းလင်စံအိမ်က ကုန်ပိုယူနိုင်ရင် အံ့ဩစရာဖြစ်နေမည်။
လင်းဟိုင်လျန်ကဆက်ပြီး_
"ပြီးတော့ ဆီးနှင်းအမဲသားနဲ့ချင်းလင်ဆန်ရော... ချင်းလင်စံအိမ်ကထပ်ရဦးမလား? အရင်တစ်သုတ်ကုန်ကတည်းက လူကြီးသုံးယောက်ကမေးနေတာ''
"ပြောကြည့်ဦးမယ်''
လီဖေးက မတတ်သာပုံနှင့်ပြောလိုက်သည်။ ဒါတွေ သူ့ဇနီးနေ့တိုင်းပြောနေကျ။
ဘာပဲဖြစ်ဖြစ် သူကကုန်ပစ္စည်းတာဝန်ခံ၊ သူ့ဇနီးက အရောင်းတာဝန်ခံဖြစ်နေသည်။
သူဌေးချင်ဆီမှဆီးနှင်းအမဲသားနှင့်ချင်းလင်ဆန်က တကယ်အရသာရှိသည်။ သူတောင့်တနေသော်လည်း တောင်းရမှာချီတုံချတုံဖြစ်နေသည်။
ဒီလောက်အဆင့်ရှိတဲ့ဆီးနှင်းအမဲသားမျိုး၊ ဖူစန်းဆိုရင်တောင် ဒီလိုအရည်အသွေးမျိုးရှာတွေ့ဖို့မဖြစ်နိုင်။
ချင်းလင်ဆန်က ပိုကောင်းသေးသည်။ ရှန်းရွှေလက်ဆောင်ဆန်မျိုးမှန်းသိသော်လည်း အဲဒီထက်ပိုအရသာရှိသည်။
ထို့ကြောင့် အင်တာနက်ပေါ်တွင် ရှန်းရွှေလက်ဆောင်ဆန်သုံးပြီး ချင်းလင်ဝိုင်စိမ်မစိမ်ကို သံသယဖြစ်နေကြသည်။ ရှန်းရွှေလက်ဆောင်ဆန်ကိုဝိုင်စိမ်ရလောက်အောင် ဘယ်သူမှလက်မဖွာကြ။ သို့သော် သူဌေးချင်ဆိုတတ်နိုင်သည်ဟု သူယုံကြည်ထားသည်။
လီဖေးအတွေးများနေစဉ် ဖုန်းမြည်လာသည်။ သူကနံပါတ်ကြည့်ပြီး သူ့ဇနီးကိုအမြန်ပြလိုက်သည်။ 'သူဌေးချင်'တဲ့!
သူဌေးချင်ဘယ်သူမှန်း လင်းဟိုင်လျန်သိသောကြောင့် စိတ်လှုပ်ရှားလာသည်။
လီဖေးလည်း အတူတူပင်။ သူဌေးချင်က သူ့ကိုဖုန်းဆက်မည်ဟုမထင်မိ။
ချင်လင်ဖုန်းဆက်လာတာ ဂုဏ်ယူစရာလိုလိုဖြစ်နေသည်။ ဒါပေမဲ့ စဉ်းစားကြည့်မှ သူဌေးကြီးမာဆီကဖုန်းလာရင် ဂုဏ်မယူတဲ့သူရှိမလား?
သူဌေးကြီးမာသာဖုန်းဆက်ပြီး ယွမ် ၅၀၀၀ လွှဲပေးဖို့ပြောရင် ယွမ်သန်း ၅၀၀ လောက်ပြန်ရမှာပြောစရာမလို။
ချင်လင်ဖုန်းဆက်သောကြောင့် လီဖေးတကယ်စိတ်လှုပ်ရှားနေသည်။
သူဌေးချင်ကိုဘာပြောရမှန်း သူမသိ။
အခုသူဌေးချင်ဖုန်းဆက်လာပြီဆိုတော့ အခွင့်အရေးရှာပြီး ဟင်းသီးဟင်းရွက်အသစ်အကြောင်းပြောရမလား? သူဌေးချင်ဆီက ဆီးနှင်းအမဲသားနဲ့ချင်းလင်ဆန်တောင်းရင်ကောင်းမလား?
လီဖေးကအသက်ပြင်းပြင်းရှူပြီး ဘယ်လိုစကားစရမလဲစဉ်းစားလိုက်သည်။ ပြီးမှ ဖုန်းကိုင်ပြီး လေးစားသမှုနှင့်_
"သူဌေးချင်... ဖုန်းဆက်လာတာ ဝမ်းသာစရာပဲ... ဘာလုပ်ပေးရမလဲ?''
ဖုန်းထဲမှချင်လင်အသံတန်းထွက်လာသည်_
"သူဌေးလီ... ကျွန်တော့်မှာ ဆီးနှင်းအမဲသားနဲ့ချင်းလင်ဆန်တွေရှိတယ်... ချင်းလင်စံအိမ်ကိုလာမလား?''
"ဘယ်လို?''
ချင်လင်စကားကို လီဖေးမတုံ့ပြန်နိုင်။
သူဌေးချင်ကိုဘယ်လိုပြောရမလဲကြံတုန်းရှိသေး၊ သူဌေးချင်က စပြောလာသတဲ့။
ဟန်မကျဘူးလား?