← Chapters

ချင်းလင်ဝိုင်လုပ်ငန်းက ချောက်ချတာ?

Vol. 65 Ch. 970

ချင်းလင်ဝိုင်လုပ်ငန်းက ချောက်ချတာ?

Vol. 65 Ch. 970

လီဖေးရော လင်းဟိုင်လျန်ပါ ဆွံ့အသွားသည်။

ဒါသူတို့ရက်ပိုင်းလောက် ဦးနှောက်ခြောက်မတတ်စဉ်းစားနေရတဲ့ပြဿနာ။ ပြဿနာကိုအဖြေရှာရင်း ပိန်တောင်ပိန်လာသည်။

ဒါပေမဲ့ ရုတ်တရက် ပြဿနာကဖြေရှင်းပြီးသားဖြစ်သွားပြီတဲ့။

ဒီလိုအံ့ဩစရာကို ဘယ်သူကမြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်မလဲ?

တစ်ချိန်တည်းမှာ သူတို့စိတ်ထဲအတွေးတစ်ခုဝင်လာသည်: 'မိုးပေါ်က ရွှေထုပ်ကျ'

ဒီလိုပစ္စည်းကောင်းက ရုတ်တရက်သူ့ခေါင်းပေါ်ကျလာသည်။ အကြောင်းအရင်းမရှိဘဲမဖြစ်နိုင်။ ဒါမျိုးကြုံလာတော့ သူပိုပြီးသတိထားရမည်။

လီဖေးက နှစ်ခါပြန်မတွေးဘဲ_

"လာမှာပေါ့... ရုံချန်းကိုချက်ချင်းလာခဲ့မယ်''

ဘာကိုသတိထားရမှာလဲ!

သူဌေးချင် သူ့ဆီကဘာလိုချင်တာလဲ?

ဘာပဲဖြစ်ဖြစ် သူနဲ့သူဌေးချင်က အကွာကြီး။

သူ့ဆီမှာ သူဌေးချင်ငမ်းငမ်းတက်လိုချင်လောက်စရာမှမရှိတာ။ ရှိရင်လည်း ပစ္စည်းတန်ဖိုးက အလွန်ကြီးမည်။

ဒီလိုဆိုရင် အဲဒီတန်ဖိုးကြီးပစ္စည်းကိုဘယ်ကရလဲ သူသိချင်လိမ့်မည်။

ဖုန်းချပြီးနောက် လီဖေးက လင်းဟိုင်လျန်အား_

"အချစ်... ကိုယ်ချင်းလင်စံအိမ်သွားမယ်''

သည်လိုနှင့် သူကပြင်ဆင်ပြီး ဆိုင်မှထွက်လာသည်။ သူ့ကားထဲဝင်ရုံရှိသေး၊ ဖုန်းမြည်လာပြန်သည်။

နံပါတ်ကိုကြည့်ပြီး သူဇဝေဇဝါဖြစ်သွားသည်။ ရှန်းရွှေလက်ဆောင်ဆန်အဆက်အသွယ်ဖြစ်သည်။

သူတို့အဆက်အသွယ်ရှိခြင်းကြောင့် ဇိမ်ခံပစ္စည်းများဆိုင်မှာ ရှန်းရွှေလက်ဆောင်ဆန်ရောင်းနိုင်ခြင်းပင်။ ဒီနံပါတ်ပိုင်ရှင်ကလည်း သူရှန်းရွှေလက်ဆောင်ဆန်ယူသော အွန်လိုင်းစီးပွားဖက်ဖြစ်သည်။

လီဖေးကဖုန်းကိုင်ပြီး ပြုံးပြုံးနှင့်မေးသည်_

"မစ္စတာလင်း... ရုတ်တရက်ကြီးဖုန်းခေါ်လို့ပါလား... ရှန်းရွှေလက်ဆောင်ဆန်ထပ်ရောက်ဖို့ရှိလို့လား? ကျုပ်ကိုဂရုစိုက်တာပဲ?''

"သူဌေးလီ... ကျုပ်မေးစရာရှိတယ်... ခင်ဗျား ချင်းလင်စံအိမ်ကိုရှန်းရွှေလက်ဆောင်ဆန်ရောင်းသေးလား?''

တစ်ဖက်မှအသံထွက်လာသည်။

လီဖေးမျက်မှောင်ကြုတ်လိုက်သည်။

ချင်းလင်စံအိမ်က ရှန်းရွှေလက်ဆောင်ဆန်ထက်ပိုကောင်းလို့ ချင်းလင်ဆန်လို့နာမည်ပြောင်းထားတာ။ ပြီးတော့ အရသာလည်းပိုရှိတယ်။ ဘာလို့ သူ့ဆီကရှန်းရွှေလက်ဆောင်ဆန်ဝယ်မှာလဲ?

ဒါပေမဲ့ ချင်းလင်စံအိမ်က ဒီအကြောင်းသတင်းမထွက်သေးတော့ သူလည်းဘယ်သူ့ကိုမှမပြော။ မဟုတ်လို့ သူဌေးချင်အစီအစဉ်ပျက်သွားရင် သူအနှောင့်အယှက်ပေးရာကျမှာပေါ့။

"မစ္စတာလင်း... ကျုပ် ချင်းလင်စံအိမ်ကို ဘာရှန်းရွှေလက်ဆောင်ဆန်မှမရောင်းပါဘူး... ဘာဖြစ်လို့လဲ?''

သူကမေးလိုက်သည်။

"မရောင်းဘူးဆိုပြီးတာပါပဲ''

ဥက္ကဌလင်းက ဆက်ပြောသည်_

"မနှစ်က ရှန်းရွှေလက်ဆောင်ဆန်အရောင်းစာရင်းပို့ပေးပါ... ပြီးတော့ ချင်းလင်စံအိမ်ကိုရှန်းရွှေလက်​ဆောင်ဆန်ဘယ်သူရောင်းလဲ ခင်ဗျားသိလား? အတော်များတယ်''

လီဖေး ပိုစိတ်ရှုပ်သွားသည်။

ဘာလို့ ရှန်းရွှေလက်ဆောင်ဆန်အကြောင်းတွေပဲမေးနေတာလဲ?

ပြီးတော့ ချင်းလင်စံအိမ်က ရှန်းရွှေလက်ဆောင်ဆန်လိုက်ဝယ်စရာမှမလိုတာ။

သူကဆက်ဖြေလိုက်သည်_

"မစ္စတာလင်း... ချင်းလင်စံအိမ်ကိုရှန်းရွှေလက်​ဆောင်ဆန်ရောင်းတဲ့သူရှိမယ်မထင်ပါဘူး... ဆန်အများကြီးဆို ကျွန်တော်မသိဘဲမနေဘူး''

"ဟုတ်ပြီ!''

ဥက္ကဌလင်းက သက်ပြင်းမှုတ်ထုတ်ပြီး ဖုန်းချလိုက်သည်။

လီဖေး ပိုသိချင်လာသည်။

ဒါပေမဲ့ သူမစုံစမ်းချင်။

ချင်းလင်စံအိမ်ကိုသွားပြီး သူဌေးချင်ကိုဒီအကြောင်းပြောပြလိုက်မည်။

ထို့နောက် သူ့ဇနီးကို မနှစ်ကရှန်းရွှေလက်ဆောင်ဆန်အရောင်းစာရင်းပို့ခိုင်းပြီး သူကဥက္ကဌလင်းဆီပြန်ပို့လိုက်သည်။

ပြီးလျှင် ရုံချန်းဘက်အမြန်မောင်းတော့သည်။

…

အုံ့ဆိုင်းနေသောတောနက်ထဲတွင် အင်းဆက်ပိုးမွှားသံများတကျည်ကျည်ကြားရသည်။

သစ်ရွက်များမှာ နေအလင်းပြန်နေ၏။

ချင်လင်က သူ့ရှေ့မှချုံပုတ်ကို တံစဉ်နှင့်ရှင်းလိုက်သည်။ ဒီနေရာက ကမ္ဘာဦးသစ်တောဖြစ်မည်။ ဒီနေရာရောက်ဖို့ နေ့ဝက်လောက်အချိန်ယူလိုက်ရသည်။

နတ်ဘုရားမတောင်က အလွန်ထူးဆန်းသည်။ တောနက်ကြီးဖြစ်သော်လည်း ကမ္ဘာဦးသစ်တောအလျောက် အန္တရာယ်ရှိသော၊ရက်စက်ကြမ်းကြုတ်သောသတ္တဝါများမရှိ။

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင် နတ်ဘုရားမတောင်အကြောင်း ဒဏ္ဍာရီများစွာရှိသည်။ ထူးထူးဆန်းဆန်း၊အရောင်အသွေးစုံပစ္စည်းအားလုံးက နတ်ဘုရားမတောင်နှင့်ဆက်စပ်နေသည်။

ထို့ကြောင့် သူအားတုန်း ဂိမ်းထဲဝင်လာပြီး နတ်ဘုရားမတစ်တောင်လုံးကိုစူးစမ်းရှာဖွေခြင်းဖြစ်သည်။

“အာ!”

ရုတ်တရက် ချင်လင်က ကျောက်တုံးတစ်တုံးကိုတအံ့တဩကြည့်လိုက်သည်။

ကျောက်တုံးက မူမမှန်။ ရုပ်ထုနှင့်တူနေသည်။

သို့ရာတွင် ရုပ်ထုတဝက်ကျော်ကျော်က အက်ကွဲနေသည်။ ကျန်အပိုင်းများမှာ ရေညှိတက်ပြီး နွယ်ပင်များဖုံးနေ၏။

နောက်ပြီး ရုပ်ထုထိပ်ပိုင်းမှာ ထီးလိုမည်းမည်းအရာများအုပ်နေသည်။

လင်ဇီးလား?

ပြီးတော့ သေးသေးမဟုတ်။

ရုပ်ထုကြည့်ရင်း ချင်လင်မျက်နှာတစ်မျိုးဖြစ်သွားသည်။ အက်ကွဲနေသောအပိုင်းက ကြောင်ခေါင်းနှင့်တူပြီး သာမန်ကြောင်ခေါင်းမဟုတ်ပေ။

ဒိုရေမွန်နှင့်နည်းနည်းတူနေသည်။

ထူးဆန်းလိုက်တာ!

ဒိုရေမွန်နှင့်နိုဇိုမီက စိုက်ပျိုးမွေးမြူရေးခြံပုံပြင်သတ္တုမြို့တော်ထဲကူးပြောင်းဝင်လာပြီး အဓိကဇာတ်ကောင်၏စိုက်ပျိုးရေးအလုပ်များကိုကူပေးသောပုံစံရှိမှန်း သူသိသော်လည်း အဓိကဇာတ်ကောင်ကလုပ်ရမည်ဟုသူထင်သည်။

နောက်ပြီး ဒီပုံစံက တကယ်အတွန့်တက်ချင်စရာ။ အဖွင့်ကရှည်လျားပြီး အန့်မုန်တစ်ပိုင်းမကကြည့်နေရသလိုပင်။

ပြီးတော့ ဒီစိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံက စိတ်ကူးယဉ်သိပ္ပံအဆန်ဆုံးပုံစံတစ်ခုဖြစ်သည်။

ဒါပေမဲ့ နတ်ဘုရားမတောင်ပေါ်မှာဘာလို့ ဒိုရေမွန်နဲ့တူတဲ့ရုပ်ထုရှိနေတာလဲ?

နတ်ဘုရားမတောင်ရဲ့အံ့ဖွယ်တွေ၊စိတ်ကူးယဉ်ဆန်ဆန်ဒဏ္ဍာရီတွေက ဒိုရေမွန်နဲ့ဆက်စပ်နေတာများလား?

ဒီလိုမဖြစ်နိုင်။ ဂိမ်းပုံစံချင်းက မကိုက်။ တိုက်ဆိုင်မှုသာဖြစ်မည်။

ချင်လင်က ဆက်တွေးမနေတော့ဘဲ လင်ဇီးကိုခူးလိုက်သည်။

လင်ဇီးက ပစ္စည်းကောင်းပင်။ ဆေးဖက်ဝင်အာနိသင်ရှိပြီး အကောင်းဆုံးတရုတ်တိုင်းရင်းဆေးတစ်မျိုးလည်းဖြစ်သည်။

သဘာဝလင်ဇီးတစ်ကတ်တီကို ယွမ်သောင်းချီပေးရသည်။ သက်တမ်းရင့်သဘာဝလင်ဇီးအသန့်ဆိုပါက တစ်ကတ်တီယွမ် ၁၀၀၀၀၀ ထက်မလျော့။

သို့ရာတွင် သဘာဝလင်ဇီးမှိုစစ်စစ်များက အလွန်ရှားပြီး စျေးကွက်ထဲမှအများစုမှာ စိုက်ပျိုးရေးမှိုများဖြစ်သည်။

သူတို့ရောင်းတာ သဘာဝလင်ဇီးပါလို့ပြောရင် လိမ်နေတာဖြစ်ဖို့များသည်။

All Chapters