← Chapters

ချင်းလင်ဝိုင်လုပ်ငန်းက ချောက်ချတာ? ၂

Vol. 65 Ch. 971

ချင်းလင်ဝိုင်လုပ်ငန်းက ချောက်ချတာ? ၂

Vol. 65 Ch. 971

ဒါပေမဲ့ အခု သူ့ရှေ့ကရုပ်ထုမှာ လင်ဇီးတွေနဲ့။

တစ်ပွင့်ခူးပြီး ချင်လင်က လင်ဇီးမှတ်ချက်ကိုကြည့်လိုက်သည်:

(နှစ်ရှည်သဘာဝလင်ဇီး: သာမန်)

နှစ်ရှည်သဘာဝလင်ဇီးအသန့်တဲ့။

ဒီလင်ဇီးက အတော်ကြီးသည်။ ဒါမျိုး ဘယ်မှာမှဝယ်မရနိုင်။

ချင်လင်လည်း နောက်လင်ဇီးထပ်ခူးပြီး သူ့အိတ်ထဲထည့်လိုက်သည်။

(နှစ်ရှည်သဘာဝလင်ဇီး: သာမန်)

(နှစ်ရှည်သဘာဝလင်ဇီး: သာမန်)

…

(နှစ်ရှည်သဘာဝလင်ဇီး: အရည်အသွေး ၁)

(နှစ်ရှည်သဘာဝလင်ဇီးအသန့်ဖြစ်သည်။ ရှာရခက်ပြီး အလွန်ရှားသည်။ အထူးအာနိသင်များရှိသည်:

ကိုယ်ခံအား +၁၊ အဆီ၊သွေးချိုကျစေခြင်း +၁၊ နုပျိုစေခြင်း +၁၊ ကင်ဆာကာကွယ်ခြင်း +၁၊ အသည်းကာကွယ်ခြင်း +၁၊ သွေးခဲဆန့်ကျင်ခြင်း +၁၊ သွေးဥမွှားစုပြုံခြင်းကိုဟန့်တားပေးခြင်း +၁!)

လင်ဇီးအားလုံးခူးပြီး စုစုပေါင်း ၃၀ ကျော်တွင် အရည်အသွေး ၁ တစ်ပွင့်သာပါသည်။

ချင်လင်ကမှတ်ချက်ဖတ်ပြီး နှစ်ရှည်သဘာဝလင်ဇီးဘာကြောင့်စျေးကြီးမှန်း သဘောပေါက်သွားသည်။

အရည်အသွေးဒီလောက်အများကြီးရှိနေသည်။

တချို့အရည်အသွေးများက အရေးကြုံရင်အသက်ကယ်နိုင်သည်။

နုပျိုစေခြင်း၊ကင်ဆာကာကွယ်ခြင်း အာနိသင်များကလည်း ပြောစရာမလို။

အထူးသဖြင့် နုပျိုစေခြင်းပင်။ ဒီအရည်အသွေးနှင့်ပစ္စည်းများစွာရှိကြောင်း ချင်လင်သိသည်။

ဥပမာ ရှန်းရွှေလက်ဆောင်ဆန်၊ မြေအောင်းမှိုနှင့်လင်ဇီးတို့မှာပါသည်။

ဒါတွေနေ့တိုင်းစားရင် ဖြည့်စွက်စာထုတ်ကုန်တွေ၊ အလှအပထိုးဆေးတွေ၊ နုပျိုစေတဲ့ထိုးဆေးတွေထက်ပိုပြီး အာနိသင်ရှိမယ်မလား?

နောက်ပြီး ဒီလိုအာနိသင်ရှိတာတွေနေ့တိုင်းစားနိုင်ရင် သူ့မြေးနဲ့ဒစ်စကိုယှဉ်ကလည်း ညီအစ်ကိုလို့အထင်ခံရလိမ့်မည်။

ဖြစ်ချင်တော့ ချင်လင်ကလွဲပြီး ဒါတွေဘယ်သူမှနေ့တိုင်းမစားနိုင်။

ချင်လင်က လင်ဇီးခူးပြီးနောက် လာလမ်းအတိုင်းပြန်လာသည်။ လမ်းလေးကိုပြန်ဖို့ နေ့ဝက်လောက်ကြာသွားသည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲမှထွက်ပြီး ဂိုဒေါင်ထဲပြန်ပေါ်လာသည်။

ချင်လင် ဒီဂိုဒေါင်ကိုသိပ်မရောက်ဖြစ်သော်လည်း ဝယ်ထားသည်။

ဒီနေ့လို အသုံးတည့်ချင်တည့်နိုင်သည်။

သူကလင်ဇီးအိတ်ကိုကြမ်းပေါ်ချပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုပြန်ကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေပြီး အတွေးနှင့်ဂိမ်းဇာတ်ကောင်နေရာအစားထိုးဝင်လိုက်သည်။

ပြီးလျှင် ဆီးနှင်းအမဲသားထားသောသိုလှောင်ခန်းထဲတန်းသွားလိုက်သည်။

သူက ကတ်တီ ၁၀၀ ကျော်စီးသော အရည်အသွေး ၂ ဆီးနှင်းအမဲသားနှစ်တုံးကိုရွေးယူပြီး အတွေးနှင့်ဂိမ်းထဲမှထွက်လာသည်။

ဒီလိုဆီးနှင်းအမဲသားမျိုးကို ကမ္ဘာမှာရှာမရသော်လည်း သူကဂိမ်းရွှေပြားနည်းနည်းနှင့်နွားပေါက်လေးများဝယ်မွေးပြီး သားသတ်သမားကိုသတ်ခိုင်းလိုက်ရုံပင်။ ဂိမ်းကနေ သူလိုချင်သလောက်ရနိုင်သည်။

အရည်အသွေး ၂ ဆီးနှင်းအမဲသားနှစ်တုံးကို ထရပ်ကားပေါ်တင်ပြီးနောက် ချင်လင်ကဂိမ်းထဲပြန်ဝင်ပြီး အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်နှစ်အိတ်နှင့်ထွက်လာသည်။

ဒါတွေက လီဖေးအတွက်။

လီဖေးမှာဆင်ဝယ်နိုင်တဲ့နည်းရှိမှတော့ သူ့ကိုတစ်ခုခုပေးရမည်။

လီဖေးလုပ်ငန်းအတွက် ဒီအရည်အသွေး ၂ ဆီးနှင်းအမဲသားနှင့်ရှန်းရွှေလက်ဆောင်ဆန်ကိုလက်ကားရောင်းပေးတာ အကောင်းဆုံးဖြစ်မည်။

ချင်လင်က ဆီးနှင်းအမဲသားနှင့်ရှန်းရွှေလက်ဆောင်ဆန်အားလုံး ထရပ်ကားပေါ်တင်ပြီးနောက် လင်ဇီးအိတ်ကောက်ယူပြီး ချင်းလင်စံအိမ်ပြန်မောင်းလာသည်။

သူ့ထရပ်ကားလေးရောက်ရောက်ချင်း စံအိမ်လုံခြုံရေးအစောင့်များရောက်လာကြသည်။

အမြင်ရှိကြသား။

"အမဲသားနဲ့ဆန်အိတ်တွေ သယ်ခဲ့ကြ!''

ချင်လင်က ကားပေါ်မှဆင်းပြီး မှာလိုက်သည်။

"ကောင်းပါပြီ သူဌေး''

အဖွဲ့ငယ်ခေါင်းဆောင်က ချက်ချင်းအလုပ်စသည်။

ချင်လင်က လင်ဇီးကိုအပန်းဖြေစံအိမ်အတွင်းဘက်ယူသွားပြီး ဧည့်ခန်းလသာဆောင်သွားလိုက်သည်။

ဧည့်ခန်းလသာဆောင်က အလွန်ကျယ်သောကြောင့် ဖျာတစ်ချပ်ခင်းပြီး လင်ဇီးများဖြန့်လှန်းနိုင်သည်။

လင်ဇီးကိုဆေးအတွက်သုံးနိုင်ပြီး ပုံမှန်အားဖြင့် အခြောက်ခံထားတာကောင်းသည်။

သူလင်ဇီးအခြောက်လှန်းနေစဉ် လင်းဖန်ကလာစပ်စုသည်_

"ရှောင်လင်... ဒါလင်ဇီးတွေလား?''

"ဟုတ်တယ်... အခုပဲရခဲ့တာ... အခြောက်လှန်းမလို့!''

ချင်လင်ကခေါင်းညိမ့်ပြသည်။

လင်းဖန်က ကြမ်းပေါ်မှလင်ဇီးမှိုများကိုတအံ့တဩကြည့်ရင်း_

"ရှောင်လင်... ဒီလင်ဇီးတွေကကြီးလှချည်လား... သက်တမ်းရင့်တွေပေါ့? သဘာဝလား?''

"အမေ ဒီလောက်အမြင်ရှိမှန်းမသိဘူး''

ချင်လင်ကပြုံးပြုံးနှင့်ပြောသည်_

"ဟုတ်တယ်... ဒီလင်ဇီးတွေက သဘာဝတွေ... သက်တမ်းလည်းရင့်တယ်''

"ဒီလောက်ကြီးတာကို ဘယ်လိုလုပ်စိုက်ပြီးရမလဲ?''

သူ့သားချီးကျူးစကားကြောင့် လင်းဖန်ကကျေကျေနပ်နပ်ပြုံးလိုက်ပြီး_

"ဒါနဲ့... မိုချင်းအဖေက အသည်းမကောင်းဘူးလို့ လင်းရန်ဆီကကြားတယ်... ဒီလင်ဇီးကတည့်တယ်... ဘယ်မှာဝယ်ရမလဲ သူမေးနေတာ... နှစ်ရက်အတွင်းပို့ပေးလိုက်ပါဦး''

"ကောင်းပါပြီ အမေ!''

ချင်လင်ကပြုံးပြီး ပြန်ဖြေသည်။

လင်ဇီးများအခြောက်ခံထားပြီး သူလည်းအတွင်းဘက်မှထွက်ကာ အပန်းဖြေစံအိမ်ရုံးခန်းထဲပြန်လာသည်။

သူထိုင်ရုံရှိသေး ဖုန်းမြည်လာသည်။

လီဖေးပင်။

သူဖုန်းကိုင်လိုက်သည်။ ဒီရောက်နေပြီဆိုသောကြောင့် လုံခြုံရေးအစောင့်များကိုခေါ်လာခိုင်းလိုက်သည်။

လီဖေး အပန်းဖြေစံအိမ်ရောက်တာ ပထမဆုံးမဟုတ်သော်လည်း စံအိမ်ရှုခင်းကိုအံ့ဩရသေးသည်။ ဒီလိုမှင်သက်စရာရှုခင်းမျိုးကို သူဌေးချင်ဘယ်လိုဖန်တီးလဲ သူသိချင်မိသည်။

လုံခြုံရေးအစောင့်နှင့် ချင်လင်ရုံးခန်းထဲရောက်လာပြီးနောက် ချက်ချင်းပင် ဝမ်းသာအားရ၊ရိုရိုကျိုးကျိုးနှင့်သွားပြီး_

"သူဌေးချင်... ခင်ဗျားဆီကဖုန်းရရချင်း အပြေးလာတာ... တကယ်ကျေးဇူးတင်ပါတယ်... ဆီးနှင်းအမဲသားနဲ့ရှန်းရွှေလက်ဆောင်ဆန်က 'ကျင်းယွီလုံ'ဇိမ်ခံပစ္စည်းတွေပဲ''

ချင်လင်ကပြုံးပြီး လီဖေးကိုထိုင်ဖို့ဖိတ်လိုက်သည်_

"သူဌေးလီ ထိုင်ပါဦး... လက်ဖက်ရည်သောက်ရအောင်... ကျွန်တော်အားလုံးပြင်ဆင်ထားပါတယ်... မလောပါနဲ့''

လီဖေးကမလောသော်လည်း ထိုင်ပြီးနည်းနည်းစိတ်လှုပ်ရှားနေသည်။

ကောင်းတာတွေဖြစ်လာပြီ။ သူဌေးချင်မှာမမြင်နိုင်တဲ့ခြေလှမ်းရှိရင်တောင် တစ်ခုခုတော့ဖြစ်နေပြီ။ သူ့မှာပြောစရာရှိရမည်။

သူဌေးချင်အတွက်တတ်နိုင်တာရှိရင် အကောင်းဆုံးလုပ်ပေးမည်။ ဒါဆိုရင် သူဌေးချင်နဲ့ဆက်ဆံရေးပိုကောင်းလာမည်။

သူဌေးချင်ရဲ့ကိစ္စကို မကူညီနိုင်မှာစိုးမိသည်။

ချင်လင်လည်း အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်ထုတ်ကာ လီဖေးအတွက်တစ်အိုးနှပ်ပြီး_

"သူဌေးလီ... သောက်ပါဦး''

လီဖေးက လက်ဖက်ရည်ခွက်မပြီး အနံ့ခံကြည့်သည်။ လက်ဖက်ကောင်းမှန်း သူသိသည်။ တစ်ငုံသောက်ပြီး သူက_

"သူဌေးချင်ဆီမှာပဲ ဒီလိုလက်ဖက်ရည်မျိုးရှိတာ... တကယ်ကောင်းတယ်''

"သူဌေးလီ... ကျွန်တော်မေးချင်တာရှိတယ်''

ချင်လင်ကပြုံးပြီး သူ့ရည်ရွယ်ချက်အကြောင်းပြောသည်။

"သူဌေးချင် ပြောပါ''

လီဖေးက အဓိကအကြောင်းအရာကိုချက်ချင်းမေးလိုက်သည်။ တစ်ချိန်တည်းမှာ ပိုပြီးစိတ်လှုပ်ရှားလာသည်။ သူမလုပ်နိုင်တာ သူဌေးချင်မပြောပါစေနဲ့ဟု ဆုတောင်းနေရသည်။

"သူဌေးလီ... ခင်ဗျားမှာ မြန်မာကဆင်တွေရဖို့လမ်းကြောင်းရှိတယ်ဆို?''

ချင်လင်က တဲ့မေးသည်_

"ကျွန်တော် ချင်းလင်မွေးမြူရေးခြံအတွက်ဆင်ပေါက်လိုချင်လို့... ခင်ဗျားအကူအညီလိုတယ်''

"ဆင်?''

လီဖေး တွန့်သွားသည်။ မေးခွန်းခက်သောကြောင့်မဟုတ်၊ လွယ်လွန်းသောကြောင့်ပင်။ လမ်းကြောင်းရှိတာပေါ့။ မြို့တော်တိရစ္ဆာန်ရုံအတွက်တောင် တစ်ခါကူညီဖူးသေးသည်။

သူဌေးချင်ရဲ့အမေးက ခက်မယ်ထင်နေတာ။ ဒါကိုး။ အလကား သူစိုးရိမ်ကြီးမိပြီ။

ထို့ကြောင့် သူကချက်ချင်းပင်_

"သူဌေးချင်... အဲဒါ ကျုပ်တာဝန်ထား... သေချာလုပ်ပေးမယ်''

"ကျွန်တော်က နားရွက်ကြီးကြီးနဲ့ဆင်တွေလိုချင်တာ''

ချင်လင်ကထပ်ပြောသည်။

"သူဌေးချင် မပူပါနဲ့... ကျုပ်သေချာပေါက်လုပ်ပေးမယ်''

လီဖေးက ထပ်ပြီးကတိပေးလိုက်သည်။

သူ့ကြောင့် ချင်လင်စိတ်သက်သာရာရသွားသည်။ လီဖေးနှင့်ခဏစကားပြောပြီးနောက် သူလည်း အရည်အသွေး ၂ ဆီးနှင်းအမဲသားနှင့် အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်ကိုယူခိုင်းလိုက်သည်။

ဒါတွေမြင်ပြီး လီဖေးကဆက်မနေချင်တော့၊ ချက်ချင်းပြန်ပြေးချင်သည်။ သို့သော် သူမပြန်ခင် တစ်ခုခုသတိရပြီး ချင်လင်အား_

"သူဌေးချင်... ပြောစရာရှိသေးတယ်... ကြည့်ရတာ ရှန်းရွှေလက်ဆောင်ဆန်ကို ချင်းလင်စံအိမ်ကဝယ်မဝယ် စုံစမ်းနေတယ်ထင်တယ်''

ရုတ်တရက် ထိုသတင်းကြားပြီး ချင်လင်ကမျက်မှောင်နည်းနည်းကြုတ်လိုက်သည်။ သူငတုံးမဟုတ်။ လေလံဆွဲထားသော ရှန်းရွှေလက်ဆောင်ဆန်ချင်းလင်ဝိုင်ကို သူတွေးမိသည်။

ဒါကြောင့် ရှန်းရွှေလက်ဆောင်ဆန်ကိုစုံစမ်းတာဖြစ်မည်။

တစ်ချိန်တည်းမှာ ရှန်းရွှေလက်ဆောင်ဆန်တာဝန်ခံလိုင်ကျင်းကလည်း သူ့လက်အောက်ငယ်သားမှတဆင့် သတင်းရသည်။ ဒီအတောအတွင်း မနှစ်ကရှန်းရွှေလက်ဆောင်ဆန်တွေဘယ်ရောက်လဲ သူအကြမ်းဖျင်းစုံစမ်းထားသည်။

"CEO လိုင်''

သူ့လက်ထောက်က တင်ပြသည်_

"အခုစုံစမ်းရသလောက်တော့ ချင်းလင်စံအိမ်ကိုရောက်တာမရှိပါဘူး''

"လွန်ခဲ့တဲ့သုံးနှစ်ကများလား?''

လိုင်ကျင်းကမေးပြန်သည်။

လက်ထောက်ကခေါင်းခါပြီး_

"မဖြစ်နိုင်ဘူး... ကျွန်တော်တို့ရှန်းရွှေလက်ဆောင်ဆန်က ပေါက်နေပြီ... ဘယ်သူမှ ဒီလောက်အကြာကြီးမသိမ်းထားနိုင်ဘူး''

"တစ်နည်းပြောရရင် အရင်တစ်ခါ ချင်းလင်ဝိုင်လုပ်ငန်းရဲ့လေလံက လုပ်ကြံတာပေါ့?''

လိုင်ကျင်းမျက်နှာမဲသွားပြီး_

"ငါတို့ရှန်းရွှေလက်ဆောင်ဆန်နာမည်သုံးပြီး ပိုက်ဆံရှာတာ... ခွင့်မပြုနိုင်ဘူး''

သူတို့နာမည်သုံးပြီး ဝိုင်သစ်တစ်ပုလင်းကို ၇၀၀၀၀၀ နဲ့ရောင်းတာ။ နည်းနည်းများတာပေါ့။

အထူးသဖြင့် ရှန်းရွှေလက်ဆောင်ဆန်နဲ့ထိန်းထားတဲ့သူ့အဆက်အသွယ်တွေကြောင့် နာမည်ကြီးနေတဲ့ချင်းလင်ကုမ္ပဏီနဲ့ညှိမှာ သူမကြောက်!

All Chapters