ပြောစရာမလို! ပြိုင်ချင်စရာကောင်း!
Vol. 65 Ch. 972
"CEO လိုင်... ချင်းလင်ဝိုင်လုပ်ငန်းက ရှန်းရွှေလက်ဆောင်ဆန်နဲ့ဝိုင်လုပ်တယ်လို့ထင်တာ ပြည်သူတွေတင်မဟုတ်ဘူး... အရက်ကုမ္ပဏီတွေကလည်း လက်မလျှော့ကြသေးဘူး''
လက်ထောက်က စိတ်ရှုပ်ပုံနှင့်ပြောသည်_
"အဲဒီကုမ္ပဏီတွေကိုပြန်ဖြေခိုင်းရတာလည်း ခဏခဏ... ဒါပေမဲ့ ဆက်မေးနေတုန်းပဲ''
"ကြေညာချက်ထုတ်လိုက်ပါ''
လိုင်ကျင်းက တန်းပြောသည်_
"ငါတို့မှာ ရှန်းရွှေလက်ဆောင်ဆန်ရဲ့နှစ်စဉ်အထွက်နှုန်းစာရင်းရှိတယ်လို့သာပြောလိုက်ပါ... ဘယ်ဝိုင်လုပ်ငန်းကမှ ဝိုင်စိမ်ဖို့ ရှန်းရွှေလက်ဆောင်ဆန်ဝယ်ထားတာမရှိဘူးလို့''
"ကောင်းပါပြီ CEO လိုင်!''
လက်ထောက်က သူနားလည်ကြောင်းပြောသည်။
ဥက္ကဌလိုင်ရဲ့ကြေညာချက်မှာ ချင်းလင်ဝိုင်လုပ်ငန်းဟုမပါသော်လည်း အရူးမဟုတ်သူတိုင်းနားလည်လိမ့်မည်။
နောက်ပြီး အင်တာနက်မှာအပျော်လျှောက်ကြည့်ပြီး ဖွချင်သူတွေက တစ်ပုံကြီး။ သူတို့က သေချာပေါက်မွှေကြမည်။
မူလက ရှန်းရွှေလက်ဆောင်ဆန်မှာ သိပ်နာမည်မကြီးဘဲ လူချမ်းသာအသိုင်းအဝိုင်းမှာသာ လည်ပတ်သည်။
ဘာပဲဖြစ်ဖြစ် နှစ်စဉ်ရှန်းရွှေလက်ဆောင်ဆန်အထွက်နှုန်းက အကန့်အသတ်ရှိသောကြောင့် ကြော်ငြာစရာမလို။
သို့ရာတွင် ချင်းလင်စံအိမ်မှာကြားဖူးနားဝရှိပြီးနောက်ပိုင်း ရှန်းရွှေလက်ဆောင်ဆန်အလွန်နာမည်ကြီးလာသည်။ အခု အတော်များများက တရုတ်ပြည်မှာသူတို့မစားနိုင်သောဆန်မျိုးရှိကြောင်းသိလာကြသည်။
အထူးသဖြင့် ရှန်းရွှေလက်ဆောင်ဆန်နှင့်စိမ်သောချင်းလင်ဝိုင်ကို တစ်ပုလင်းယွမ် ၇၀၀၀၀၀ နှင့်ရောင်းပြီးနောက်ပိုင်း ရှန်းရွှေလက်ဆောင်ဆန်နာမည်က ပိုကျော်ကြားလာ၏။
ချင်းလင်ဝိုင်အသစ်ကို ဒီလောက်စျေးကြီးကြီးနဲ့ရောင်းရတဲ့အကြောင်းအရင်းက ရှန်းရွှေလက်ဆောင်ဆန်ကြောင့်ဟုတောင်ထင်ကြသည်။
ထို့ကြောင့် ရှန်းရွှေလက်ဆောင်ဆန်တရားဝင်ကြေညာချက်ထွက်လာသောအခါ အတော်များများကစိတ်ဝင်စားကြသည်။
"ကျွန်တော်တို့ဆီမှာ ဘယ်ဝိုင်လုပ်ငန်းကိုမှရှန်းရွှေလက်ဆောင်ဆန်ရောင်းထားတဲ့မှတ်တမ်းမရှိပါဘူး... ပြည်သူတွေ အညာမမိပါစေနဲ့!''
ထိုကြေညာချက်ကို မြန်မြန်ဆန်ဆန်တွေ့သွားကြသည်။ တစ်ခုခုကိုရည်ရွယ်ပြောခြင်းဖြစ်ပြီး အားလုံးက ချင်းလင်ဝိုင်လုပ်ငန်းကိုတွေးမိကြသည်။
ချင်းလင်ဝိုင်လုပ်ငန်းကသာ ရှန်းရွှေလက်ဆောင်ဆန်နှင့်စိမ်ထားသောချင်းလင်ဝိုင်ကို လေလံဆွဲခဲ့သည်။
ဒီကိစ္စတွင် ချင်းလင်ကုမ္ပဏီပါနေသည်။ ချင်းလင်ကုမ္ပဏီနာမည်ပါသောကြောင့် ချက်ချင်းပေါက်သွားပြီး ရေပန်းစားလာသည်။
အင်တာနက်ပေါ်မှာနာမည်ကြီးအောင် နည်းမျိုးစုံနှင့်ပေါ်ပင်လိုက်ချင်သူတွေက မရှား။ ထို့ကြောင့် ပေါ်ပင်လိုက်သောဗီဒီယိုများတန်းထွက်လာသည်။
"ရှန်းရွှေလက်ဆောင်ဆန်က ချင်းလင်ဝိုင်လုပ်ငန်းကိုစွပ်စွဲလိုက်ပြီ!''
"ရှန်းရွှေလက်ဆောင်ဆန်က ကောလာဟလတွေကိုငြင်းလိုက်ပြီ... ချင်းလင်ဝိုင်ကို ရှန်းရွှေလက်ဆောင်ဆန်နဲ့ဖောက်ထားတာမဟုတ်ပါ''
"ချင်းလင်ဝိုင်လုပ်ငန်းက ခေါင်းပုံဖြတ်တာ... ရှန်းရွှေလက်ဆောင်ဆန်ကိုယ်တိုင်က ငြင်းထားပြီ!''
ချက်ချင်းလက်ငင်း အင်တာနက်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြန်သည်။ ထိုသတင်းအားလုံးရေပန်းစားပြီး အင်တာနက်ဆယ်လီများအလုပ်ရှုပ်သွား၏။
ဂျိုကာမှာ လက်ရှိဗီဒီယိုအသစ်တစ်ပုဒ်ကိုကြော်ငြာနေသည်။ သူ့ကိုခွေးသူခိုးလိုလူဟုအလှောင်ခံရသော်လည်း အနည်းဆုံးတော့ သူကနာမည်ကြီးသည်။
အစ်ကိုရီကလည်း ပစ္စည်းများထုတ်ရန်ပြင်နေပြန်သည်။ ဗီဒီယိုထဲတွင်ဧည့်သည်အဖြစ်ပါရန် ခပ်ဟော့ဟော့အမျိုးသမီးသရုပ်ဆောင်အစ်မကျယ်ကိုတောင် ဖိတ်ထားသည်။
ဒါပေမဲ့ အခု လူတွေပျောက်သွားပြန်သည်။
ချင်းလင်ကုမ္ပဏီက မပြီးတော့ဘူးလား? အနည်းဆုံးတော့ ရေပန်းစားတော့မယ်ဆိုရင် ကြိုပြီးအသိပေးသင့်တာပေါ့။
……
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်က သစ်မွှေးခုံတွင်နောက်မှီပြီး ဇိမ်ရှိရှိထိုင်နေသည်။
သူ့မျက်လုံးများက သူ့စိတ်ထဲမှဖန်သားပြင်ကိုအာရုံစိုက်ကာ ဂိမ်းဇာတ်ကောင်အား နွေဦးသတ္တုတွင်းသွားစေသည်။
ဂိမ်းဇာတ်ကောင်အဆင့်တက်၍ နွေဦးသတ္တုတွင်းလည်းထပ်ပွင့်သည်။ ဒီတစ်ခါ အဆင့်အများကြီးပွင့်လိမ့်မည်။ သူ ၄၇ လွှာအထိ တူးပြီးသွားသော်လည်း နောက်တစ်လွှာထဲဝင်ဖို့ကန့်သတ်ချက်မရှိသေး။
အထူးမြေကြီး ၁၀ အိတ်ကျော်နှင့်ကမ္ဘာ့စမ်းရေ ၈ ပုံးမှလွဲပြီး ဘာမှထူးထူးခြားခြားမရပေ။
(ဂုဏ်ယူပါတယ်... ကမ္ဘာ့စမ်းရေတစ်ပုံးရပါတယ်!)
ချင်လင်က သူတူးရသောကမ္ဘာ့စမ်းရေပုံးကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ အလွှာ ၄၀ ကျော်ပြီးနောက်ပိုင်း အထူးမြေကြီးနှင့်ကမ္ဘာ့စမ်းရေပိုထွက်လာသည်။
ဒီအဆင့်မှာ အထူးမြေကြီးနှင့်ကမ္ဘာ့စမ်းရေက ပစ္စည်းကောင်းမဟုတ်တော့။ ရှေ့လျှောက် ဒီထက်ကောင်းတာရှိနိုင်သည့်သဘောလည်းဖြစ်သည်။
ချင်လင်တွေးတောနေစဉ် တံခါးခေါက်သံကြားရသည်။
သူက တံခါးဖွင့်လိုက်၏။
လင်းလန်ဇီဝင်လာပြီး အစီရင်ခံသည်_
"သူဌေး... လိုင်းပေါ်မှာ ချင်းလင်ဝိုင်လုပ်ငန်းအကြောင်းသတင်းတွေတက်နေတယ်"
သူမကပြောရင်းဖုန်းထုတ်ပြီး ချင်လင်ကိုပြသည်။
ချင်လင်ကဖုန်းယူကြည့်လိုက်ရာ ရှန်းရွှေလက်ဆောင်ဆန်နှင့်ချင်းလင်ဝိုင်လုပ်ငန်းသတင်းကိုတွေ့ရသည်။ သူမျက်မှောင်နည်းနည်းကြုတ်လိုက်သည်။
ရှန်းရွှေလက်ဆောင်ဆန်က ရုတ်တရက် ဒီလိုကြေညာချက်ထုတ်မည်ဟု သူမထင်မိ။
ပြီးတော့ သူ့ချင်းလင်ဝိုင်လုပ်ငန်းကိုဦးတည်နေသည်။
ဒီရုတ်တရက်အဖြစ်အပျက်ကြောင့် သူနည်းနည်းစိတ်ပျက်သွားသည်။
အမှန်အတိုင်းပြောရရင် သူကဂိမ်းထုတ်ကုန်ရှန်းရွှေလက်ဆောင်ဆန်ကိုသုံးခဲ့သော်လည်း ရှန်းရွှေဟူသောနာမည်ကိုအသုံးချခဲ့သည်။
ပြီးတော့ သူတို့ဆီကရှန်းရွှေလက်ဆောင်ဆန် လုံးဝမဝယ်ခဲ့။
အထူးသဖြင့် သူတို့ရည်ရွယ်ချက်မည်သို့ရှိစေ၊ အပြင်လူတွေက သူတို့ကြေညာချက်ကိုမှားနိုင်သည်ဟုထင်မည်မဟုတ်ပေ။
အခု အင်တာနက်မှာချဲ့ကားပြောလာကြတော့ ချင်းလင်ဝိုင်လုပ်ငန်းက လူလိမ်ဖြစ်ပြီး တစ်ဖက်လူက ပြည်သူတွေအလိမ်မခံရအောင်သတိပေးသောတာဝန်ခံဖြစ်လာသည်။
အပြင်လူတွေအမြင်မှာ တစ်ဖက်လူကမမှား။ သူ့ကိုပစ်မှတ်ထားသင့်သည်ဟုထင်ကြမည်။
ဘာပဲဖြစ်ဖြစ် သူလိမ်တာ ဘယ်သူမှမသိ။ သူရှန်းရွှေလက်ဆောင်ဆန်စိုက်ထားကြောင်းလည်းမသိကြပေ။
သို့ရာတွင် ဒီကိစ္စက ဖြေရှင်းရလွယ်သည်။
သူတို့က ရှန်းရွှေလက်ဆောင်ဆန်စိုက်ပျိုးနိုင်ပြီး စီရင်စုအတော်များများမှာတောင်စိုက်ထားသည်။ ရိတ်သိမ်းချိန်မတန်သေးခြင်းသာ။
ဒီသတင်းထွက်သည်နှင့် ပြဿနာဖြေရှင်းပြီးဖြစ်သွားမည်။ ဒီလိုဆိုရင် ရှန်းရွှေအပေါ်အကြီးအကျယ်သက်ရောက်မှုရှိနိုင်သည်။
ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်နှင့်ချင်းလင်ဝိုင်လုပ်ငန်းက သူတို့နာမည်နှင့်သူတို့ဂုဏ်သတင်းကိုအမြတ်ထုတ်ခြင်းဖြစ်သည်။ ထို့ကြောင့် ဒီကိစ္စကိုပါးပါးနပ်နပ်နည်းလမ်းသုံးပြီးဖြေရှင်းရမည်ဟု သူထင်သည်။
ထိုနည်းက ရှန်းရွှေနှင့်အရင်စကားပြောခြင်းပင်။