Chapters

ပြောစရာမလို! ပြိုင်ချင်စရာကောင်း! ၃

Vol. 65 Ch. 974

ပြောစရာမလို! ပြိုင်ချင်စရာကောင်း! ၃

Vol. 65 Ch. 974

လက်ထောက်ကခေါင်းညိမ့်ပြီး_

"ဟုတ်တယ်... သူတို့နဲ့တကယ်စကားမပြောဘူးလား?''

လိုင်ကျင်းကခေါင်းခါပြီး_

"ငါတို့နဲ့သူတို့က လမ်းမတူတော့ စိုးရိမ်စရာမလိုဘူး... ငါတို့ကိုခြိမ်းခြောက်တာ သူတို့နည်းနည်းဘဝင်မြင့်နေတာပဲ... နောက်ထပ်ကြေညာချက်ထုတ်လိုက်ပါ... ငါတို့ကအမြဲတမ်းမှန်ကန်တယ်... သီးသန့်ညှိနှိုင်းတာတွေလက်မခံဘူးလို့... ဒီလိုခြိမ်းခြောက်တာလည်းမကြောက်ဘူး''

"ကောင်းပါပြီ ဥက္ကဌလိုင်!''

လက်ထောက်ကပြန်ဖြေပြီး သွားညွှန်ကြားသည်။

အင်တာနက်ပေါ်တွင် ရှန်းရွှေလက်ဆောင်ဆန်ကြေညာချက်နှင့်ချင်းလင်ဝိုင်လုပ်ငန်းကလုပ်စားသောသတင်းမှာ နာမည်ပိုကြီးလာသည်။

အင်တာနက်မှာ လူချမ်းသာကိုမုန်းသူတွေက မရှား။

သူဌေးမုန်းသူများက လျှပ်စစ်ကားနှင့်မာစီဒီးတိုက်တာတွေ့လျှင် လျှပ်စစ်ကားကမီးနီဖြတ်၍တာဝန်ယူရမည်ဆိုရင်တောင် မာစီဒီးကိုအပြစ်ရှာပြီး လျှပ်စစ်ကားအတွက်အကြောင်းမျိုးစုံပြကြဦးမည်။

'ဒီလိုကားမောင်းနေပြီးတော့ လျှပ်စစ်ကားပိုင်ရှင်နဲ့တွက်ကပ်နေရသလား? ချမ်းသာပြီး စိတ်ကောင်းမရှိဘူး!'

မနာလိုဝန်တိုပြီး ရှင်းရှင်းလင်းလင်းမမြင်နိုင်ခြင်းက ပုံမှန်မဟုတ်သောစိတ်အခြေအနေဖြစ်သည်။

တကယ်တော့ သင်လစာယွမ် ၁၀၀၀၀ ရရင်တောင် ယွမ် ၅၀၀၀ ရသူကမနာလိုတာ ခံရဦးမည်။ သူတို့ထက်လစာပိုရတာ မှားနေသလိုလိုထင်ကြမည်။

မကြာမီ နောက်ဆက်တွဲအနေနှင့် အင်တာနက်ပေါ်မှာပြောလာကြတော့သည်။ ချင်းလင်လုပ်ငန်းကစီးပွားဖြစ်သော်လည်း ချင်းလင်ဝိုင်လုပ်ငန်းက အမြတ်ကြီးစားသည်။ ဒါချမ်းသာပြီး မစာနာသောလုပ်ရပ်ပင်။

နောက်ကွယ်ကသူဌေးချင်လင်ကို ငွေကြေးမသမာမှုရှိသောသူဌေးကြီးမာနှင့်တောင် ယှဉ်လာကြသည်။

ဖြစ်ချင်တော့ ဝိုင်တစ်ပုလင်းယွမ် ၇၀၀၀၀၀ က လူတိုင်းတတ်နိုင်သောအရာမဟုတ်မှန်း သူတို့သိပုံမရ။

သို့သော် အင်တာနက်မှာ အာဏာပြချင်သူတွေအကြိတ်အနယ်ဖြစ်နေကြသည်။

မြန်မြန်ဆန်ဆန်ပင် ရှန်းရွှေတာဝန်ခံ၏ကြေညာချက်က စကားစစ်ပွဲတစ်ခုလုံးကိုအရှိန်တင်လိုက်သည်။

"ကျွန်တော်တို့ရှန်းရွှေတာဝန်ခံအဖွဲ့က အမြဲမှန်ကန်ပါတယ်... သီးသန့်ဆွေးနွေးတာတွေလက်မခံပါဘူး... ခြိမ်းခြောက်လည်းမရပါ!''

ထိုကြေညာချက်ထွက်သည်နှင့် နာမည်ကြီးသည့်အရှိန်ကြောင့် မပေါက်ဘဲမနေ။

လူတိုင်းနားလည်ကြသည်။

ဒါ ချင်းလင်ကုမ္ပဏီက သီးသန့်ဆွေးနွေးချင်ကြောင်း၊ ရှန်းရွှေတာဝန်ခံကိုခြိမ်းခြောက်ခဲ့ကြောင်း ပြောတာမလား?

ရုတ်ချည်းဆိုသလို ချင်းလင်ကုမ္ပဏီကိုမကောင်းမြင်လာကြသည်။

"ပြောရဦးမယ်... ချင်းလင်ကုမ္ပဏီက ဒီလောက်မြန်မြန်ကျသွားမယ်မထင်မိဘူး''

"ရှန်းရွှေတာဝန်ခံကိုလေးစားပါတယ်... တကယ်စိတ်ခိုင်တဲ့သူပဲ!''

"ဟုတ်ပါ့... တခြားတစ်ယောက်သာဆို ချင်းလင်ကုမ္ပဏီနဲ့စကားပြောပြီးလောက်ပြီ... နောက်ကျရင် ချင်းလင်ကုမ္ပဏီဘယ်လောက်ကြီးလာမယ်ဆိုတာ အားလုံးသိသားပဲ... ဒါပေမဲ့ ရှန်းရွှေတာဝန်ခံက လုံးဝမျက်နှာသာမပေးဘူး''

“……”

တစ်ချိန်တည်းမှာ အင်တာနက်ပေါ်တွင် ရှန်းရွှေလက်ဆောင်ဆန်တာဝန်ခံလိုင်ကျင်းကို ချီးကျူးသူတွေပြည့်လာသည်။

သို့ရာတွင် ဒီလိုချီးကျူးပုံမျိုးက လူကိုတွေဝေစေသည်။ သူဌေးကြီးမာလိုလူလည်း ဒီလိုချီးကျူးမှုကိုသာယာပြီး နောက်ဆုံး ဩဇာအာဏာကျခဲ့သည်။

ရှန်းရွှေလက်ဆောင်ဆန်အကြောင်း လက်ထောက်က လိုင်ကျင်းကိုအစီရင်ခံသည်_

"ဥက္ကဌလိုင်.. ကြေညာပြီးပြီ... အခု အင်တာနက်ပေါ်မှာပိုပြီးနာမည်ကြီးလာတယ်... အားလုံးက ကျွန်တော်တို့ကိုလေးစားနေကြတာ... ကျွန်တော်တို့ကို ချင်းလင်ကခြိမ်းခြောက်လို့မရဘူးတဲ့''

"အင်း!''

လိုင်ကျင်းကခေါင်းညိမ့်ပြီး ညွှန်ကြားသည်_

"ကြားလူကိုပြောလိုက်... ဒီကိစ္စဖြေရှင်းနည်းကလွယ်တယ်လို့... ချင်းလင်ဝိုင်လုပ်ငန်းက တောင်းပန်ဖို့ပဲ!''

အင်တာနက်ပေါ်ကအခြေအနေကို လိုင်ကျင်းအာရုံစိုက်ထားသည်။

အစက သူတို့နာမည်နှင့်လုပ်စားတာ ဒေါသထွက်ရမလို၊မနာလိုရမလို​ဖြစ်ခဲ့သည်။

ဒါပေမဲ့ အခု သူစိတ်ပြောင်းသွားပြီ။ အထူးသဖြင့် အင်တာနက်ပေါ်မှချီးကျူးသံများကြောင့် ချင်းလင်ကုမ္ပဏီနှင့်ပြိုင်လိုစိတ်ဖြစ်လာသည်။

ဘာပဲဖြစ်ဖြစ် တစ်ဖက်ကဘာမှမတတ်နိုင်။ အဲဒီအစား သူတို့ရှန်းရွှေလက်ဆောင်ဆန်နာမည်ကြီးဖို့အထောက်အကူ​ဖြစ်နိုင်သည်။

သူ ထူးထူးခြားခြားသဘောကျမိသည်။ ဒီလိုခံစားချက်မျိုး အရင်ကမဖြစ်ဖူး။ ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်က တိတ်တဆိတ်ကံကြမ္မာဖန်တီးပေးနေသည်။