← Chapters

သတင်းကောင်း?

Vol. 65 Ch. 975

သတင်းကောင်း?

Vol. 65 Ch. 975

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား သတ္တုတွင်းတူးပြီး ကမ္ဘာ့စမ်းရေပုံးယူခိုင်းနေစဉ် ဖုန်းမြည်လာသည်။ လီဖေးပင်။

သူကဖုန်းကိုင်လိုက်ရာ တစ်ဖက်မှလီဖေးသက်ပြင်းချသံကြားရသည်_

"သူဌေးချင်... စိတ်မကောင်းပါဘူး... ကျွန်တော့်အဆက်အသွယ်ကနေ ရှန်းရွှေတာဝန်ခံကိုဆက်သွယ်ပြီးပြီ... ဒါပေမဲ့ သူတို့ကမပြောချင်ဘူးတဲ့... ချင်းလင်ဝိုင်လုပ်ငန်းက တောင်းပန်ဖို့တောင်ပြောသေးတယ်''

"ကျွတ် ကျွတ်''

ထိုသတင်းကြောင့် ချင်လင်နည်းနည်းစိတ်ရှုပ်သွားသည်။

သူဖုန်းချလိုက်သောအခါ လင်းလန်ဇီရောက်လာသည်။ သူမက သူ့ဆီဖုန်းပေးပြီး_

"သူဌေး... ကြည့်ပါဦး... ရှန်းရွှေတာဝန်ခံရဲ့ကြေညာချက်အသစ်ကို!''

ချင်လင်က ဖုန်းယူလိုက်သည်။ ရှန်းရွှေတာဝန်ခံ၏ကြေညာချက်အသစ်ကိုဖတ်ပြီးနောက် သက်ပြင်းသာချလိုက်သည်။

တစ်ခါတလေ ဒီလိုဖြစ်တတ်သည်။ အကောင်းပြောလို့ပြောမှန်းမသိ။

အစက ရှန်းရွှေစပါးမှည့်ရန်တစ်လလိုဦးမည်ဟု သူထင်သည်။

ဒီအတောအတွင်း ရှန်းရွှေတာဝန်ခံဘက်က ပြင်ဆင်စရာရှိတာပြင်ဆင်ထားနိုင်သည်။ ရုတ်တရက် ကြေညာချက်ထုတ်ပြီး တစ်ဖက်ကိုဖြေရှင်းစရာမလို။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ မှားသည်မှန်သည်မရှိ။ သူတို့နာမည်ကို သူတကယ်သုံးခဲ့သည်။

ဒါပေမဲ့ ဒီလိုဖြစ်လာမှတော့ တခြားရွေးစရာမရှိတော့။

မျက်မှောက်ခေတ်တွင် လူမှုရေးတိုးတက်သလို အဘက်ဘက်ကတိုးတက်နေသည်။

ရှန်းရွှေလက်​ဆောင်ဆန်နာမည်ကိုယူသုံးဖူးရုံနှင့် ဒီအတိုင်းလက်မလွှတ်လိုက်နိုင်။

နောက်ပြီး ဒီလူ့အသိုင်းအဝိုင်းမှာ ကျော်သွားရမည့်၊ စွန့်ပစ်ရမည့်၊ မေ့ပျောက်ရမည့် အရာများစွာရှိသည်။

ဒါပေမဲ့ ဒီတစ်ခါကျော်ရမှာ ရှန်းရွှေလက်ဆောင်ဆန်ပင်။

သူ့ရှန်းရွှေလက်ဆောင်ဆန်က ဂိမ်းထုတ်ကုန်ဖြစ်သည်။ အရည်အသွေးကျဆင်းရင်တောင် အများစုက အရည်အသွေး ၁ ရှိဦးမည်။ ထို့ကြောင့် ချင်းလင်ဆန်က ရှန်းရွှေလက်ဆောင်ဆန်ထက်ပိုကောင်းတာပြောစရာမလို။

အခု ချင်လင်အကြပ်ရိုက်နေတာက ရှန်းရွှေလက်ဆောင်ဆန်ကိုရိတ်သိမ်းဖို့ တစ်လကျော်လိုသေးသည်။ ရှန်းရွှေလက်ဆောင်ဆန်အဆင်သင့်မရှိဘဲ သူသတင်းလွှင့်ရင် လူတွေယုံဖို့ပိုခက်မည်။

ကိုယ့်အကြောင်းပေါ်သွားလို့ ထပ်လိမ်တာဟုထင်ကြမည်။

ရုံချန်းကိုအကူအညီတောင်းနိုင်သော်လည်း ပြဿနာကရှိနေဆဲ။

ဂိမ်းထဲကရှန်းရွှေလက်ဆောင်ဆန်တစ်သုတ်ထုတ်ရင်ရော?

ဒါပေမဲ့ ရှန်းရွှေလက်ဆောင်ဆန်ကို စီရင်စုအသီးသီးကစမ်းသပ်စိုက်ခင်းတွေအတွက်လှောင်ထားတာ၊ ဘာမှမကျန်တော့!

အခုမှ ရုတ်တရက်ကြီးထုတ်ပြရင် လူတွေသံသယဝင်ကြမည်။

ထို့ကြောင့် ချင်လင်က သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ ဒီတစ်ခါ ဂိမ်းဇာတ်ကောင်က ကမ္ဘာ့စမ်းရေအများကြီးရထားသောကြောင့် ဒါတွေကိုအားကိုးရမည်။

ဒီလိုဆိုရင် ချင်းလင်စံအိမ်စိုက်ခင်းမှရှန်းရွှေလက်ဆောင်စပါးက စောစောမှည့်လိမ့်မည်။

အဲဒီအချိန်ကျရင် ရုံချန်းစီရင်စုကလူတွေကိုဖိတ်ပြီး ရှန်းရွှေလက်ဆောင်ဆန်အောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ကြောင်း ကောက်ရိတ်သိမ်းပွဲလုပ်မည်။ ဘာပဲဖြစ်ဖြစ် စံအိမ်က မင်မြို့တော်တခြားစီရင်စုများမှာ ရှန်းရွှေလက်ဆောင်ဆန်ကိုစမ်းသပ်စိုက်ပျိုးနေပြီဖြစ်သည်။ သူရုံချန်းကိုအသိပေးရမည်။

အဲဒီနောက် စီရင်စုအကူအညီရရင် အင်တာနက်ပေါ်ကအဆိုးမြင်မှတ်ချက်တွေကို ဂရုစိုက်စရာမလိုတော့။

နောက်ပြီး စပါးမှည့်ချိန်က ရေအရည်အသွေး၊ ရာသီဥတု၊ မြေဩဇာနှင့် တခြားအချက်များအပေါ်လည်း မူတည်သေးသည်။

တစ်လကျော်ကွာရုံနဲ့ ဒီစိုက်ခင်းကစပါးကို နောက်နှစ် ဘယ်သူမှလာမစူးစမ်းလောက်ဘူးမလား?

ထို့ကြောင့် ချင်လင်က ညပိုင်းတွင် အပန်းဖြေစံအိမ်အပြင်ဘက် တိတ်တိတ်လေးထွက်လာသည်။

ချင်းလင်စံအိမ်စိုက်ခင်းကအလွန်ကျယ်ပြီး စိုက်ခင်းတစ်နေရာကို ရှန်းရွှေလက်ဆောင်ဆန်စမ်းသပ်စိုက်ပျိုးရန် သီးသန့်အသုံးချထားသည်။

လယ်ကွက်က တခြားစိုက်ခင်းများနှင့်ပန်းပင်လယ်၏ရေလောင်းစနစ်နှင့်မတူပေ။ သီးသန့်ရေလှောင်ကန်မရှိ။ လယ်ကွက်ထဲရေသွင်းရသည်။

ထို့​ကြောင့် အနီးအနားတောင်များပေါ်မှ မြစ်အောက်ပိုင်းရေနှင့်ဆက်သွယ်ထားသော အထူးရေသွယ်မြောင်းရှိသည်။

ချင်လင်ကညဘက်အပြင်ထွက်လာပြီး ရေသွယ်မြောင်းအဆုံး၊မြစ်နားကိုသွားလိုက်သည်။

ဒီနေရာမှာစောင့်ကြည့်ကင်မရာမရှိသောကြောင့် ညဘက်ဒီအချိန် ဘယ်သူမှမလာနိုင်။ သို့သော် သူသတိထားရမည်။ ချင်လင်က ခပ်ဝေးဝေးသွားပြီးမှဂိမ်းထဲဝင်လိုက်သည်။

(ရှားပါး - ကမ္ဘာ့စမ်းရေ: ဆန်းကြယ်!)

(ရှားပါးမြေအောက်စမ်းရေဖြစ်သည်။ မြေအောက်စမ်းများမှအနှစ်သာရကိုစုဆောင်းထားသည်။ အပင်များလျင်လျင်မြန်မြန်ကြီးထွားစေသည်။

ကန့်သတ်ချက်များ: တစ်ပင်စီက အကန့်အသတ်နှင့်သာစုပ်ယူနိုင်သည်။ အဆုံးမရှိ စုပ်ယူဖို့မဖြစ်နိုင်။ တိတိကျကျအခြေအနေကို သင့်ဘာသာလေ့လာပါ။)

ချင်လင်က ကမ္ဘာ့စမ်းရေမှတ်ချက်ကိုဖတ်ပြီး ရေပုံးနှစ်ပုံးယူလိုက်သည်။ ထို့နောက် ရေသွယ်မြောင်းအဆုံးသွားပြီး ကမ္ဘာ့စမ်းရေနှစ်ပုံးကိုတန်းလောင်းချလိုက်သည်။

ရေစီးနှင့် ကမ္ဘာ့စမ်းရေက ရေသွယ်မြောင်းတလျှောက် လယ်ကွက်ထဲရောက်သွားလိမ့်မည်။ ထို့နောက် လယ်ကွက်ကြားပေါက်များမှတဆင့် လယ်ကွက်အားလုံးထဲရောက်သွားမည်။

အရင်တစ်ခါ ပန်းပင်လယ်နှင့်မွေးမြူရေးခြံခွေးသွားစိတ်မြက်ကို ရေလောင်းဖူးသောအတွေ့အကြုံအရ ကမ္ဘာ့စမ်းရေနှစ်ပုံးဆို လယ်ကွက်ထဲကစပါးများမှည့်လောက်သည်။

အချိန်မြန်မြန်ဆန်ဆန်ကုန်လွန်သွားသည်။

ကမ္ဘာ့စမ်းရေက လယ်ကွက်များထဲစီးသွား၏။

အားလုံးက တိတ်တဆိတ်ဖြစ်ပျက်သွားသည်။

ညပိုင်းလွန်သော်_

ယွီရွှေ့ကစံအိမ်မှာအလုပ်ဝင်ပြီး ခါတိုင်းလို စိုက်ပျိုးရေးဌာနဝန်ထမ်းများနှင့်အစည်းအဝေးလုပ်ကာ သူတို့ကိုအလုပ်ခိုင်းလိုက်သည်။

သူကိုယ်တိုင်လည်း ရုံးခန်းထဲမှထွက်ကာ ကြီးကြပ်သူတချို့နှင့်စိုက်ခင်းထဲသွားပြီး အခြေအနေကိုကြည့်ရှုစစ်ဆေးသည်။

အခု စိုက်ပျိုးရေးဌာနမန်နေဂျာဖြစ်၍ သူကိုယ်တိုင်ကွင်းဆင်းစရာမလိုသော်လည်း စိုက်ခင်းထဲပုံမှန်လာပြီး စစ်ဆေးမြဲပင်။

ဒါမှတစ်ခုခုဖြစ်ရင် သူအရင်ဆုံးသိမည်။

သူတို့စိုက်ခင်းထဲဝင်ဝင်ချင်း ယွီရွှေ့ကတစ်နေရာကိုအာရုံရောက်သွားပြီး_

"အာ!''

ရွှေရောင်တဝင်းဝင်းနဲ့!

ကြည့်ရတာ ရှန်းရွှေလက်ဆောင်ဆန်စိုက်တဲ့လယ်ကွက်ဖြစ်မည်။

ယွီရွှေ့ကချက်ချင်း သူ့လူများခေါ်သွားသည်။

လယ်ကွက်နားရောက်သောအခါ စပါးအကုန်မှည့်ပြီးအနှံများညွတ်နေသည်ကိုတွေ့ရသည်။ သူကမျက်မှောင်ကြုတ်ပြီး ကြီးကြပ်သူတစ်ယောက်ကိုမေးလိုက်သည်_

"ရှန်းရွှေလက်ဆောင်စပါးက ဒီလောက်မှည့်နေပြီ... ဘာလို့အစီရင်မခံတာလဲ? ခင်ဗျားက ရှန်းရွှေလက်ဆောင်ဆန်ကိုကြီးကြပ်တဲ့တာဝန်ခံမဟုတ်ဘူးလား?''

All Chapters