← Chapters

နတ်ဘုရားမတောင်ပေါ် ကိုယ်တိုင်တက်ခြင်း! အရည်အသွေး +၅!

Vol. 65 Ch. 962

နတ်ဘုရားမတောင်ပေါ် ကိုယ်တိုင်တက်ခြင်း! အရည်အသွေး +၅!

Vol. 65 Ch. 962

ဂိမ်းဇာတ်ကောင်က နတ်ဘုရားမတောင်ထဲအမြဲဝင်နေတာ၊ အဲဒါမပွင့်ဘူးလား။

အခု သူ့ဇာတ်ကောင်ကအဆင့်တက်သွားတော့ ​ဖြစ်နိုင်ချေကို သူတွေးကြည့်သည်။

သူဂိမ်းထဲဝင်ရင် စိုက်ပျိုးရေးခြံကထွက်ပြီး နတ်ဘုရားမတောင်ပေါ်သွားနိုင်တာလား?

အရင်က သူ့မှာစိုက်ပျိုးရေးခြံထဲသာဝင်နိုင်ပြီး ခြံအပြင်ထွက်လျှင် လေထုကာထားသလိုပိတ်နေသည်။

ချင်လင်ကဖြစ်နိုင်ချေရှိသည်ဟုထင်ပြီး ဂိမ်းထဲဝင်ကာအဖြေရှာချင်နေသည်။ သို့ရာတွင် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က အံ့ဩနေသောမျက်နှာများနှင့်ရုံးခန်းထဲရောက်လာသည်။

ချန်ရှန်းဖေက အလောတကြီးရောက်လာပြီး_

"ချင်လင်... မင်း သစ်မွှေးနဲ့နံ့သာနီတွေဒီလောက်အများကြီး ဘယ်လိုလုပ်ရလဲ? အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ အကုန်လုံးသက်တမ်းရင့်တွေ... မင်းက သုံးလှချည်လား''

"ငါပြောမယ်''

မာလဲ့ဝမ်ကရယ်ပြီး_

"ချင်လင်က သူ့အဆက်အသွယ်ဆီက ချင်းလင်ဆေးဖက်ဝင်ဝိုင်နဲ့လဲတာဖြစ်မယ်''

ချင်လင်က ဘယ်တော့မှဝန်မခံသော်လည်း သူတို့က ပစ္စည်းကောင်းချင်းလဲသည်ဟုယုံထားကြသည်။

"လောင်ချန် လောင်မာ... ကျွန်တော် ချင်းလင်ဝိုင်သွားယူလိုက်ဦးမယ်''

ချင်လင်က စကားလမ်းလွှဲလိုက်သည်။

သူကရှင်းမပြသောကြောင့် သူတို့နှစ်ယောက်၏ထင်ကြေးသက်သက်သာဖြစ်နေသည်။

ဘာပဲဖြစ်​ဖြစ် ချင်းလင်စံအိမ်၊ ချင်းလင်အပန်းဖြေစံအိမ်၊ ချင်းလင်အစားအသောက်ကုမ္ပဏီ၊ ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီ၊ ချင်းလင်ဆေးဝါးကုမ္ပဏီနှင့် ချင်းလင်ဓာတ်ခွဲခန်းက တဖြည်းဖြည်းဖွံ့ဖြိုးလာသည်။

တချို့အရာတွေကို စုံစမ်းစစ်ဆေးခံရမှာမကြောက်တော့။

သူဌေးကြီးမာလိုပင်။ သူ့အိမ်ထဲမှာ ဘယ်သူမှမမြင်ဖူးတာရှိလည်း အင်တာနက်မှာပေါ်သွားရင်တောင် ဘယ်သူမှမစစ်ဆေးရဲကြ။

အလွန်ဆုံး အင်တာနက်မှာထင်ကြေးလျှောက်ပေးကြရုံသာရှိသည်။ အတော်များများက ချမ်းသာတာကောင်းချက်ဟုတွေးကြသည်။ ဒါလူချမ်းသာတွေရဲ့ဇိမ်ခံဘဝ။

ချင်လင်ကဝိုင်သွားယူမည်အပြုတွင် မာလဲ့ဝမ်ကချက်ချင်းတားပြီး_

"ချင်လင်... ဝိုင်ကိုအလောကြီးနေတာ... စားမှသောက်လို့ရတယ်... အရင်ဆုံး လက်ဖက်ရည်သောက်ရင်မကောင်းဘူးလား?''

သူက ဝိုင်ထက်လက်ဖက်ရည်ကြိုက်သူ။

ချင်လင်ရဲ့အူလုံလက်ဖက်ခြောက်ကို သူအမြဲစိတ်ထဲတွေးနေသည်။

တခြားလက်ဖက်ခြောက်များဆို များများမသောက်နိုင်။

တခြားလက်ဖက်ခြောက်များလိုက်ဝယ်ကြည့်သော်လည်း ဒီထက်ကောင်းတာမတွေ့ပေ။

"ဟုတ်ပြီလေ... လက်ဖက်ရည်သောက်ကြတာပေါ့!''

ချင်လင်ကခေါင်းညိမ့်ပြီး ရုံးခန်းထဲခေါ်လာသည်။ ထို့နောက် အရည်အသွေး ၂ အူလုံလက်ဖက်ခြောက်ထုတ်ပြီး စနှပ်သည်။

အခု သူလက်ဖက်ရည်နှပ်တာ အတော်ကျွမ်းနေပြီ။ အချိန်တိုအတွင်း လက်ဖက်ရည်ကောင်းကောင်းတစ်အိုးရပြီး ချန်ရှန်းဖေနှင့်မာလဲ့ဝမ်အတွက်ငှဲ့ပေးလိုက်သည်။

"တကယ်လက်ဖက်ရည်ကောင်းပဲ''

မာလဲ့ဝမ်က တစ်ငုံသောက်လိုက်သည်။ အနံ့ +၂၊ အရသာ +၂ ကြောင့် လက်ဖက်ရည်ချစ်သူမှာ စွဲလမ်းသွားတော့သည်။

ချန်ရှန်းဖေကသောက်ပြီးနောက် ခွက်ကိုချကာ_

"ချင်လင်... ငါတို့ရက်ပိုင်းအတွင်း မင်းကိုဂုဏ်ပြုရတော့မယ်''

“ဘယ်လို?”

ချင်လင်က ဇဝေဇဝါနှင့်မေးသည်။

"Forbes ရဲ့ပြည်တွင်းအချမ်းသာဆုံးစာရင်းထွက်တော့မယ်လေ''

မာလဲ့ဝမ်က ပြုံးပြုံးနှင့်ပြောသည်_

"အပြင်မှာ မင်းရဲ့ချင်းလင်ကုမ္ပဏီတန်ဖိုးကို မင်မြို့တော်ကဘယ်သူမှယှဉ်နိုင်မယ်မထင်ဘူး''

"ကျွတ် ကျွတ်''

ချင်လင်က သတင်းကြားပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ကြည့်ရတာ အဲဒါမျိုးရှိပုံရသည်။

အင်တာနက်ပေါ်မှလူချမ်းသာများ၊ကုမ္ပဏီများအဆင့်ကို Forbes ကစာရင်းကောက်သည်။

ဒါပေမဲ့ သူနာမည်မကြီးချင်။

အနည်းဆုံးတော့ အခုနာမည်မကြီးချင်သေး။

ဒါပေမဲ့ ဒါမျိုးက သူထိန်းချုပ်နိုင်တာမျိုးမဟုတ်။

ဒီအကြောင်း ဝန်ကြီးလုကိုအသိပေးရမလား သူစဉ်းစားလိုက်သည်။

ချင်လင်က ချန်ရှန်းဖေ၊မာလဲ့ဝမ်တို့နှင့် ခဏစကားပြောပြီးနောက် ဂိမ်းဇာတ်ကောင်အကြောင်းတွေးမိပြီး သူတို့နှစ်ဦးအား_

"လောင်ချန် လောင်မာ... စံအိမ်ရောက်တာ မရီးတွေကိုသွားတွေ့ကြဦးလေ? မဟုတ်ရင် မရီးတွေရဲ့တိုက်ခန်းမှာ တစ်ခန်းမကဘူး''

ချန်ရှန်းဖေ: ''ဖွီး''

မာလဲ့ဝမ်: ''ရှီး ရှီး''

သူတို့နှစ်ယောက်က အချင်းချင်းနားလည်ပုံရသည်။

စံအိမ်ကိုအဓိကလာရတဲ့ရည်ရွယ်ချက်က သူတို့မိန်းမတွေကိုလွမ်းလို့မလား?

ဘာကြောင့်လွမ်းသလဲကတော့ ယောက်ျားချင်း သိပ်ရှင်းပြစရာမလို။

သူတို့နှစ်ယောက်ကချက်ချင်း ချင်လင်ကိုနှုတ်ဆက်ပြီး ရုံးခန်းအပြင်ထွက်လာသည်။ ထို့နောက် သူတို့ဖုန်းထုတ်ကာ ဇနီးသည်များကိုဆက်သွယ်လိုက်သည်။

အထူးသဖြင့် မာလဲ့ဝမ်ပင်။ ချူရှင်းက သူ့ထက် ၁၀ နှစ်ကျော်ငယ်သည်။ နွားအိုမြက်နုကြိုက်သောကြောင့် သူ့မိန်းမလေးကိုဖူးဖူးမှုတ်ထားသည်။

ဖုန်းဝင်ဝင်ချင်း သူက_

"အချစ်ရေ အရမ်းလွမ်းနေတာ... ကိုယ်စံအိမ်ထဲရောက်နေပြီ... အင်း.. ကားပေါ်ကဆင်းဆင်းချင်း မစောင့်နိုင်တော့လို့... အခုချက်ချင်းတွေ့ချင်နေပြီ... အဟမ်း''

ချင်လင်နဲ့လက်ဖက်ရည်သောက်ပြီး စကားပြောခဲ့တာတွေ သူမေ့ကုန်ပြီ။

သူ့ပပ်ချွဲနှပ်ချွဲစကားများကြောင့် ချန်ရှန်းဖေကြက်သီးထသွားသည်။ အသက်ကဘယ်လောက်ရှိနေပြီလဲ? ဒါကြောင့်လည်း ချူရှင်းက သူ့ထက် ၁၀ နှစ်ကျော်ကြီးတဲ့ဒီကောင်ကြီးကိုလက်ထပ်ချင်တာကိုး။

ချူရှင်းက သိုက်တူးသမ မဟုတ်။ သူ့အိမ်က အရမ်းချမ်းသာသည်။

ကြည့်ရတာ မိန်းကလေးတွေနဲ့ပတ်သက်ရင် ယောက်ျားတွေအပြောကောင်းဖို့တကယ်လိုသည်။

ချန်ရှန်းဖေကချက်ချင်း သူ့မိန်းမကို Wechat တွင်ရှာပြီး စာပို့လိုက်သည်:

"အချစ်ရေ အရမ်းလွမ်းနေတာ... ကိုယ်စံအိမ်ထဲရောက်နေပြီ... အင်း.. ကားပေါ်ကဆင်းဆင်းချင်း မစောင့်နိုင်တော့လို့... အခုချက်ချင်းတွေ့ချင်နေပြီ... အဟမ်း''

ထိုအချိန် ချူရှင်းတို့က သူတို့အခန်းထဲအနားယူနေကြသည်။

ထို့ကြောင့် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကလမ်းခွဲပြီး သက်ဆိုင်ရာအခန်းထဲသွားလိုက်ကြသည်။

မာလဲ့ဝမ်က ချူရှင်းအခန်းထဲဝင်လိုက်ရာ ချူရှင်းက ကလေးချော့သိပ်နေသည်ကိုတွေ့ရသည်။ ထို့နောက် သူမျက်လုံးများက ယောက်ျားများနားလည်သောအကြည့်ဖြစ်သွားလေသည်။

ချူရှင်းက သူ့ထက် ၁၀ နှစ်ကျော်ငယ်သည်။ အခု အပန်းဖြေစံအိမ်မှာအနားယူနေပြီး အလှအပဥနှင့်အလှအပသခွားသီးများ နေ့တိုင်းစားထားသောကြောင့် သူမအသားအရေကပိုဝင်းပြီး ပိုနုလာသည်။ ၁၀ နှစ်ကျော်မက ကွာသွားသလိုပင်။

နှစ်ယောက်ကြားအသက်ကွာခြားမှုက ပိုများလာသလိုထင်ရသည်။

အထူးသဖြင့် ချူရှင်းက တစ်သားမွေးပြီးတသွေးလှနေသည်။

မာလဲ့ဝမ်မှာ သူ့မိန်းမကို ချင်လင်ဆီအနားယူခိုင်းတာ ကောင်းလိုက်တာဟုသာ ဆိုချင်တော့သည်။

…

ရုံးခန်းထဲ၌_

All Chapters