← Chapters

ယူချင်း၏ သရုပ်မှန် 

Vol. 168 Ch. 2391

ယူချင်း၏ သရုပ်မှန် 

Vol. 168 Ch. 2391

ကောင်းကင်အာဏာစက်ကျောင်းတော်က အာကာသခရီးသွားဝင်္ကပါကို ပြန်လည်တည်ဆောက်ခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့က မဟာလမ်းစဥ်စွမ်းအားများကို အသုံးပြု၍ အပျက်အစီးများပေါ်တွင် အကာအကွယ်စည်းများ ချထားလိုက်သည်။ သို့သော် ကောင်းကင်အာဏာစက်ကျောင်းတော်က အပျက်အစီးများအဖြစ် ကျန်ရစ်နေဆဲ ဖြစ်သည်။

ရီဖူရှင်းက အပျက်အစီးများပေါ်၌ ရပ်နေခဲ့ပြီး သူက အဝေးသို့ ကြည့်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းက အားကောင်းလာသည်နှင့်အမျှ သူနှင့် ပတ်သတ်လာသည့် လူများကလည်း ပို၍ အားကောင်းလာပေသည်။ သူ့ရန်သူများကလည်း ပိုမို အားကောင်းလာခဲ့သည်။ ထိုသည်ကို ကြည့်လျှင် သူသာ အမှန်တကယ် အထွတ်အထိပ်၌ ရပ်တည်နိုင်မှသာလျှင် ထိုသို့သော အရာမျိုးကို နောက်တစ်ဖန် ကြုံတွေ့ရခြင်းမှ ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။

"ရန်ဟောင်ရီ အပျက်အစီးတွေကို တကယ်ပဲ ဒီအတိုင်း ထားချင်တာလား။ တစ်ချိန်က ခမ်းနားထည်ဝါခဲ့တဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို တကယ်ပဲ ဒီအတိုင်း ထားလိုက်တော့မှာလား။" ရှီးချီယောင်က ရီဖူရှင်း အနောက်သို့ လျှောက်လာကာ မေးလိုက်သည်။ သူမက ရီဖူရှင်း၏ ဖြေရှင်းချက်ကို နားလည်သော်လည်း မည်သည့်အတွက်ကြောင့် ထိုသို့လုပ်ရသည်ကို နားလည်ရန်ခက်ခဲနေဆဲ ဖြစ်သည်။

ရီဖူရှင်းက ပြန်လှည့်လာကာ ရှီးချီယောင်ကို ကြည့်လိုက်သည်။ သူက သူမအား ခေါင်းညိတ်ပြလိုက်၏။ ရှီးချီယောင်က ပြုံးကာ ဆက်ပြောလိုက်သည်။ "အရင်က ရန်ဟောင်ရီ ကျွန်မကို ကောင်းကင်အာဏာစက်ကျောင်းတော်ဆီ ဝင်ရောက်ကျင့်ကြံခွင့်ပေးဖို့ ကတိပေးခဲ့တယ်။ အခု ကျွန်မမှာ ရှင့်နောက်ကို လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး။ ရှင် ဘယ်နေရာမှာပဲ ကျင့်ကြံပါစေ ကျွန်မ လိုက်ခဲ့မယ်။"

သူမက ထိုသို့ပြောပြီးနောက် ရုတ်တရက် သူမထံ ရောက်လာသည့် အေးစက်မှုကို ခံစားလိုက်ရသည်။ သူမက အကြည့်တို့ကို ရွှေ့လိုက်သည့်အခါ ရီဖူရှင်းဘေးတွင် ရပ်နေသည့် အမျိုးသမီးက အေးစက်ပြီး လျစ်လျူရှုဟန် အကြည့်တို့နှင့် သူမအား ကြည့်နေသည်ကို မြင်လိုက်ရသည်။ အစွမ်းထက်သည့် စိတ်အာရုံတွင် ထူးခြားဆန်းကြယ်သော တိုက်ခိုက်ရေးစွမ်းအားတို့ ပါဝင်နေ၏။ ရှီးချီယောင်က အံ့သြမှင်တက်သွားသည်။ ထို့နောက် သူမက ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

"ရီဖူးရန် သိပ်ဂရုစိုက်စရာမလိုပါဘူး။ ကျွန်မရဲ့ စကားမှာ အဓိပ္ပါယ်မရှိပါဘူး။" ရှီးချီယောင်က ရှင်းပြလိုက်သည်။

(ဖူးရန်= တစ်စုံတစ်​ယောက်၏ ဇနီးဖြစ်သူကို ခေါ်သောအသုံးအနှုန်း/ ရီဖူးရန်= ရီကတော်)

ဟွားဂျီယူက သူမကို ထပ်မကြည့်တော့ဘဲ သူမ၏ အကြည့်များကို အဝေးသို့ လွှဲဖယ်ပေးလိုက်သည်။ ရီဖူရှင်းက သူ့လက်ကို ဆန့်ထုတ်ကာ သူမအား ဆွဲကိုင်လိုက်သည်။ သူတို့၏ လက်ချောင်းများကလည်း အချင်းချင်း ယှက်သွယ်သွား၏။ သူတို့က အချင်းချင်း နွေးထွေးမှုကို ခံစားမိနိုင်ပေသည်။ ရှီးချီယောင်က သူတို့၏ လက်များကို ကြည့်လိုက်သည်။ ယခုအခြေအနေထိ ရောက်ရှိပြီးနောက် အချင်းချင်း ထိုမျှ ချစ်မြတ်နိုးကြရန် သူတို့အတွက် မလွယ်ကူခဲ့ပေ။ သူတို့က သေခြင်းရှင်ခြင်း အခြေအနေတို့ကို တွေ့ကြုံခဲ့ရပြီးနောက် အချိန်အကြာကြီးနေမှ ပြန်လည်ဆုံစည်းခဲ့ရပေသည်။

"ကျွန်မ ရန်ဟောင်ရီကို သတိပေးချင်တာ တစ်ခုရှိသေးတယ်။" ရှီးချီယောင်က ဆက်ပြောလိုက်သည်။ ရီဖူရှင်းက သူမကို ကြည့်ကာ ပြောလိုက်ပေသည်။ "နတ်မိမယ်ချီယောင် ကျေးဇူးပြုပြီး ပြောပါ။"

"ဒီတိုက်ပွဲပြီးတော့ ကောင်းကင်ဒေသက ကျင့်ကြံသူတွေအနေနဲ့ ရန်ဟောင်ရီရဲ့ နောက်ကြောင်းကို ပိုပြီး စုံစမ်းလာမှာ သေချာတယ်။ အထူးသဖြင့် ဒီနေရာမှာ ရှိနေတဲ့ ရှင့် သူငယ်ချင်းရဲ့ ဇာစ်မြစ်ကိုရောပဲ။" ရှီးချီယောင်က ထိုစကားကခု ပြောရင်း ရီဖူရှင်းဘေး၌ ရပ်နေသည့် ကြံ့ခိုင်တောင့်တင်းသော လူငယ်ကို ကြည့်လိုက်သည်။ ထိုလူမှာ အခြားမဟုတ်ဘဲ ယူချင်း ဖြစ်လေသည်။ ယူချင်းနှင့် ဟွားဂျီယူတို့က ရီဖူရှင်းဘေး၌ တစ်ချိန်လုံး ရှိနေခဲ့သည်။

ရှီးချီယောင်က အကြံပေးလိုက်၏။ "ဒီတိုက်ပွဲပြီးတော့ ကောင်းကင်ဒေသ ကျင့်ကြံသူတွေက ရန်ဟောင်ရီရဲ့ နောက်ခံအကြောင်း ခန့်မှန်းနေခဲ့ကြတယ်။ အခု တိုက်ပွဲအတွင်း ရှင့် သူငယ်ချင်းက ဒီလောက် ထူးချွန်တဲ့ အရည်အချင်းကို ပြသခဲ့တယ်။ ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတွေက နတ်ဆိုးလောကအတွင်း ထူးခြားတဲ့ အဆင့်အတန်းရှိတယ်ဆိုတာ ပြောနိုင်ကြတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက ရန်ဟောင်ရီရဲ့ သူငယ်ချင်းကောင်းဖြစ်နေပြီး နှစ်ယောက်က အတူတူ ကြီးပြင်းလာခဲ့ကြတာ။ ဒါက ကျင့်ကြံသူတွေအတွက် အရေးကြီးတဲ့ သဲလွန်စတစ်ခု ဖြစ်လာလိမ့်မယ်။ ရန်ဟောင်ရီ ရှင့်အနေနဲ့ ဂရုစိုက်ဖို့ လိုလိမ့်မယ်။"

သူမက ပြောနေရင်း သူမ၏ အကြည့်တို့က ရီဖူရှင်းပေါ်၌ မြဲမြံနေခဲ့သည်။ သူ့ကို သတိပေးရန်အပြင် စမ်းသပ်ရန်လည်း ရည်ရွယ်ပေသည်။

ကံမကောင်းစွာနှင့် သူမ၏ စမ်းသပ်မှုက ကျရှုံးသွားခဲ့သည်။ သူမသည် သူ၏ နက်မှောင်သော မျက်လုံးများထဲ၌ မည်သည့် အနှောက်အယှက်မှ ဖြစ်လာပုံမရပေ။ သူက အနည်းငယ်မျှပင် ခံစားချက်မရှိပုံရလေသည်။ ရီဖူရှင်းသည် သူမက သူ့နောက်ခံနှင့် ပတ်သတ်၍ ပြောဆိုသည့်အခါ၌ပင် မည်သည့် တုန့်ပြန်မှုမှ မပြခဲ့ပေ။

အမှန်တကယ်၌ ရီဖူရှင်းသည်ပင် သူ၏ မူလဇာစ်မြစ်ကို သူကိုယ်တိုင်ပင် သေချာမသိကြောင်း ရှီးချီယောင် မသိခဲ့ပေ။ သူက မည်သူဖြစ်သနည်း။

သူ၏ မွေးစားအဖေက မည်သည့်အတွက်ကြောင့် သူ့ကို ကာကွယ်ရသနည်း။ ယူချင်းက မည်သူနည်း။

သို့သော် ရှီးချီယောင် ပြောသည်မှာ အမှန်ဖြစ်သည်။ ယနေ့ ယူချင်း၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ တစ်စုံတစ်ယောက်သည် သူက နတ်ဆိုးလောက၌ အဆင့်အတန်း အလွန် မြင့်မားကြောင်း ပြောနိုင်ပေသည်။ ထျန်းယန်မြို့သခင်ကိုပင် ယှဥ်ပြိုင်နိုင်သော နတ်ဆိုးကျင့်ကြံသူ​က အမှန်တကယ် ယူချင်းကို ကာကွယ်စောင့်ရှောက်ပေးနေပေသည်။ ယူချင်းက နတ်ဆိုးလောကအတွက် မည်မျှ အဖိုးတန်ကြောင်း ခန့်မှန်းမိနိုင်ပေသည်။

ရီဖူရှင်းသည် နတ်ဆိုးလောကတွင် ယူချင်း၏ မြင့်မားသော အဆင့်အတန်းကို ကြည့်လျှင် သူ့မွေးစားအဖေ၏ အဆင့်အတန်းကိုလည်း ခန့်မှန်းနိုင်သည်။ သို့ဆိုလျှင် ရီဖူရှင်းက မည်သူဖြစ်သနည်း။

မည်သည့်အတွက်ကြောင့် သူက မွေးစားအဖေနှင့် ယူချင်းတို့နှင့် အတူတူ ဖြစ်နိုင်ပါမည်နည်း။ သူက သေချာပေါက် နတ်ဆိုးကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။

ကြည့်ရသည်မှာ သူက ဤကိစ္စနှင့် ပတ်သတ်၍ ယူချင်းကို မေး​မြန်းရမည် ထင်သည်။ ယူချင်းသည် နတ်ဆိုးလောကသို့ သွားပြီး​နောက် တစ်ခုခု သိလာနိုင်ပေသည်။

"သတိ​ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နတ်မိမယ်က ကျုပ်နဲ့အတူ ကျင့်ကြံဖို့ ဆန္ဒရှိတယ်ဆိုရင် ကျုပ်က သေချာပေါက် ငြင်းမှာ မဟုတ်ပါဘူး။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။ "ဒါပေမယ့် ကျုပ် သူတို့နဲ့ ဆွေးနွေးစရာရှိသေးတယ်။ နတ်မိမယ် ကျုပ်တို့ကို အချိန်ခဏလောက် ပေးနိုင်မလား။"

"ရပါတယ်။" ရှီးချီယောင်က ပြုံးကာ ထွက်ခွာသွားသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျန်သည့် ကျင့်ကြံသူများကလည်း ထွက်ခွာသွားပြီး ရီဖူရှင်းနှင့် အခြားနှစ်ယောက်ကို နေရာဖယ်ပေးလိုက်ကြသည်။ ဖန်းကိုင့်က ရီဖူရှင်း၊ ယူချင်းနှင့် ဟွားဂျီယူတို့၏ စကားဝိုင်းကို အခြားလူများ မနှောက်ယှက်မိစေရန် လေဟာနယ်အတားအဆီးပင် ချပေးခဲ့လိုက်သည်။ ဖန်းကိုင့်က အလွန် စဥ်းစားတွေးတောတတ်ပေသည်။

အပျက်အစီးများ၏ အထက်တွင် ရီဖူရှင်းက အနီးဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး ဝမ်းနည်းစွာနှင့် ခြောက်ကပ်ကပ် ရယ်လိုက်သည်။ "မင်းတို့နှစ်ယောက် ပြန်လာမှပဲ ကောင်းကင်အာဏာစက်ကျောင်းတော်က ဒီလိုအခြေအနေ ဖြစ်သွားလိမ့်မယ်လို့ ထင်မထားမိဘူး။"

သူက ပြောရင်းနှင့် ဟွားဂျီယူဘက်သို့ လှည့်လိုက်သည်။ သူ၏ လက်များက သူမကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပေသည်။ သူ့ မျက်လုံးများက ပျော်ရွှင်မှုတို့ဖြင့် တောက်ပနေခဲ့၏။ သူတို့နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့၏ အကြည့်များထဲတွင် စကားလုံးများ ပါဝင်နေသကဲ့သို့ ထင်မှတ်ရပေသည်။ သူတို့သည် အချင်းချင်း၏ ခံစားချက်တို့ကို အမှန်တကယ် ခံစားမိနိုင်ကြသည်။

သူတို့က တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သည့်အတွက် တစ်ဖက်လူ၏ အခြေအနေကို သေချာ သိရှိနိုင်သည်။ သူတို့အတွက် စကားလုံးများ မလိုအပ်ပေ။

ရီဖူရှင်းက နောက်ထပ်လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဟွားဂျီယူ၏ ဆံနွယ်များကို ညင်သာစွာပွတ်သပ်လိုက်သည်။ သူ၏ အကြည့်များက အချစ်များနှင့် ပြည့်ကာ နူးညံ့ညင်သာနေခဲ့၏။

သူက ပြုံးနေခဲ့ပြီး မည်သည့်စကားမှ မပြောလာပေ။ ထို့နောက် သူက ယူချင်းဘက်သို့လှည့်ကာ ပြောလိုက်သည်။ "ယူချင်း နတ်ဆိုးလောကမှာ ဘာတွေ လုပ်နေလဲ။"

"ငါ အဲဒီကိုရောက်ကတည်းက ကျင့်ကြံနေခဲ့တာ။" ယူချင်းက ပြန်ဖြေလိုက်သည်။

"မွေးစားအဖေအကြောင်း ဘာသတင်းရသေးလဲ။" ရီဖူရှင်းက ရုတ်တရက် မေးလိုက်သည်။ ယူချင်းက မျက်မှောက်ကြုတ်လိုက်ပြီးနောက် ခေါင်းကို ယမ်းလိုက်ပေသည်။

"သူ့သရုပ်မှန်ကရော။ မင်း တစ်ခုခု သိခဲ့ရသေးလား။" ရီဖူရှင်းက ထပ်မေးလိုက်ပြန်သည်။

သို့သော် ယူချင်းက ခေါင်းကိုသာ တွင်တွင်ခါနေခဲ့သည်။ ကြည့်ရသည်မှာ သူက ထိုကိစ္စနှင့် ပတ်သတ်၍ မည်သည့်အရာကိုမှ မသိခဲ့ရပုံရပေသည်။

"မင်းကိုယ်တိုင်ကရော။ နတ်ဆိုးလောကမှာ မင်းရဲ့ အဆင့်အတန်းက ဘယ်လိုမျိုးလဲ။" ရီဖူရှင်းက အတည်ပြုကြည့်ရန် ထပ်မေးလိုက်သည်။

ယူချင်းက သူ့ကို ကြည့်ရင်း ခေါင်းယမ်းလိုက်ပြန်သည်။

“…” ရီဖူရှင်းက အံ့အားတသင့် ပါးစပ်အဟောင်းသားနှင့် ကြည့်လိုက်သည်။ ယူချင်းက ယခုထိတိုင် နတ်ဆိုးလောကတွင် နှစ်နှစ်ဆယ်ကျော် နေထိုင်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိ သူ၏ အဆင့်အတန်း၊ ကျင့်ကြံခြင်းအဆင့်တို့နှင့် ပတ်သတ်၍ သူက အမှန်တကယ် နည်းနည်းမျှ မသိရှိသည်လား။

ဒါက....

ယူချင်းက ပြောလိုက်၏။ "ငါ နတ်ဆိုးလောကကို ရောက်သွားပြီးတော့ နတ်ဆိုးအင်ပါယာနန်းတော်မှာ နတ်ဆိုးအင်ပါယာနဲ့ တွေ့ခဲ့တယ်။ ပြီးတော့ သူက ငါ့ကို နတ်ဆိုးတိုက်ခိုက်ရေးနည်းစနစ်တွေ သင်ကြားပေးတယ်။ သူက ငါ့ကို သူနဲ့အတူ ကျင့်ကြံဖို့တောင် ခွင့်ပြုပေးခဲ့တယ်။ ငါ့ကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးပြီးတော့ အတွေ့အကြုံရဖို့ စမ်းသပ်ချက်တွေ ပြင်ဆင်ပေးပြီး ငါ့နောက်ကိုလိုက်ပါဖို့ ကျင့်ကြံသူတွေ စီစဥ်ပေးတယ်။ ငါက နတ်ဆိုးအင်ပါယာနန်းတော်ထဲမှာ ဂြိုဟ်သားတစ်ကောင်လိုပဲ။ လူအများစုက ငါ့ရဲ့ ပါရမီအရည်အချင်းကြောင့် နတ်ဆိုးအင်ပါယာက ငါ့ကို အလေးပေးတာကို ခန့်မှန်းကြတယ်။ နတ်ဆိုးအင်ပါယာက ငါ့ကို သူ့ရဲ့ ဆက်ခံသူအဖြစ် သဘောထားတယ်လို့လည်း ပြောကြတယ်။ သူတို့က ငါ့ကို နတ်ဆိုးအင်ပါယာရဲ့ တိုက်ရိုက်တပည့်အဖြစ် လေးစားကြတယ်။"

ယူချင်းက ဆက်ပြောလိုက်သည်။ "ဒါပေမယ့် နတ်ဆိုးအင်ပါယာကိုယ်တိုင်ကတော့ ငါ့ကို သူ့ရဲ့ တပည့်အဖြစ် လက်ခံရတဲ့ ရည်ရွယ်ချက်ကို ဘယ်တော့မှ ထုတ်မပြဖူးဘူး။ ငါတို့ အတူ ကျင့်ကြံတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေ ငါနဲ့ ပြောဆိုဆက်ဆံတာမျိုးတောင် မရှိခဲ့ဘူး။ နတ်ဆိုးအင်ပါယာရဲ့ တခြားတပည့်တွေက ငါ့ကို မုန်းကြတယ်။ ဘယ်သူကမှ ငါ့ရဲ့ ဇာစ်မြစ်နဲ့ ပတ်သတ်ပြီး မပြောဖူးကြဘူး။ သူတို့က မသိတာ ဖြစ်နိုင်သလို ပြောဖို့ ကြောက်ရွံ့နေကြတာလည်း ဖြစ်နိုင်တယ်။"

"ဒါက နတ်ဆိုးအင်ပါယာရဲ့ အမိန့်ကြောင့်လား။" ရီဖူရှင်းက ခန့်မှန်းလိုက်သည်။

"ဖြစ်နိုင်ပါတယ်။" ယူချင်းက ပြန်ဖြေလိုက်သည်။ "ငါ အရင်က နတ်ဆိုးအင်ပါယာကို အဲဒီအကြောင်း မေးဖူးတယ်။ သူက ငါ့မေးခွန်းကို ပြန်မဖြေခဲ့ဘူး။ ငါ ကိုယ့်ဘာသာ ရှာရမယ်လို့ တွေးခဲ့ပေမယ့် ဘာမှ ရှာမတွေ့ဘူး။ နတ်ဆိုးအင်ပါယာနန်းတော်တစ်ခုလုံးက နတ်ဆိုးအင်ပါယာရဲ့ ထိန်းချုပ်မှုအောက်မှာပဲ။ သူက အမှန်တရားကို ဖုံးကွယ်ထားချင်ရင် ငါ ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ တစ်ယောက်ယောက်က အမှန်တရားကို သိထားရင်တောင် သေချာပေါက် ငါ့ကို လျှို့ဝှက်ထားမှာပဲ။"

ယူချင်း၏ စကားများကို ကြားသောအခါ ရီဖူရှင်း၏ အမူအရာက လေးနက်လာသည်။ နတ်ဆိုးလောက၌ ယူချင်းက နှစ်ပေါင်းနှစ်ဆယ်ကျော် နေထိုင်လာခဲ့ပြီး နတ်ဆိုးအင်ပါယာက သူ့ ပါရမီအရည်အချင်းကြောင့် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့သည်။ ၎င်းက ဖြစ်နိုင်ပါ၏လား။

နတ်ဆိုးအင်ပါယာက မည်သည့်အတွက်ကြောင့် အကြောင်းပြချက်မရှိဘဲ ကျင့်ကြံသူတစ်ယောက်ကို နတ်ဆိုးလောကသို့ ခေါ်ဆောင်သွားပါမည်နည်း။

ထို့ပြင် နတ်ဆိုးအင်ပါယာ၏ သဘောထားအရ ယူချင်း၏ သရုပ်မှန်နှင့် ပတ်သတ်၍ သေချာပေါက် လျှို့ဝှက်ချက်အချို့ ရှိနိုင်ပေသည်။ နတ်ဆိုးအင်ပါယာက ယူချင်းကို ထိုအကြောင်းနှင့် ပတ်သတ်ပြီး ထုတ်မပြောသော်လည်း ကျင့်ကြံရေးနည်းစနစ်များအား ကိုယ်တိုင်သင်ကြားပေးခဲ့ပေသည်။

All Chapters