← Chapters

အရာရှိနတ်ဆိုးကြယ်စင်(4)

Vol. 5 Ch. 44

အရာရှိနတ်ဆိုးကြယ်စင်(4)

Vol. 5 Ch. 44

နတ်ဘုရားစောင့်ရှောက်ပေးနေသည့်ရွာ သို့မဟုတ် နတ်ဘုရားစွန့်ပစ်ထားသည့် ရွာ

“ပြောစရာရှိရင် ထုတ်ပြောလိုက်လေ”

ရှောင်ကျိုးက ကုကျစ်စုန့်၏ ခွင့်ပြုချက်ရသည်နှင့် ချက်ချင်းဆိုသလို ပေါက်ပေါက်ဖောက်သကဲ့သို့ တရစပ်ပြောလာတော့သည်။

“စုန့်ကျဲနောက်ကို လိုက်ရတာ တကယ်ကို ကံကောင်းတာပဲ၊ ကျဲက ဆွဲဆောင်မှုရှိလွန်းလို့ အခုရွှေတံဆိပ်သုံးခုရတဲ့ မင်းသမီးကတောင် စုန့်ကျဲဆီမှာ ကျရှုံးသွားပြီ!”

ကုကျစ်စုန့် : “???”

ရှောင်ကျိုး : “အခု trend ဖြစ်နေတဲ့ ရှာဖွေမှုကို ဝင်ကြည့်ပါဦး၊ ယွီထုန်လျို့က ကျဲကို follow လုပ်လိုက်ပြီ!!” 

ကုကျစ်စုန့် ဝေ့ပေါ်appကို နှိပ်လိုက်ပြီးနောက်  mention ခေါ်ထားမှု အမြောက်အမြားကို ပထမဆုံး တွေ့လိုက်ရသည်။

သူမ၏ အပြာရောင်လမင်းအား အနာဂတ်ဟောပြောမှုက hot searchထဲကို ရောက်သွားခဲ့သည်ကို ဖယ်လိုက်မည်ဆိုပါက လက်ရှိတွင် အဓိက ဖြစ်နေသည့်အကြောင်းရင်းမှာ ယွီထုန်လျို့ကြောင့်ပင်ဖြစ်သည်။

အနုပညာအသိုင်းအဝိုင်းထဲတွင်တောင် ပေါင်းသင်းဆက်ဆံရေးကို သိပ်ပြီးသဘောမကျခဲ့သောကြောင့် variety show များကဲ့သို့နေရာမျိုးတွင် တစ်ခုလောက်တောင် ပါဝင်လေ့မရှိသည့် ရေခဲတုံးမင်းသမီးက ယနေ့တွင်တော့ ပထမဆုံးအနေဖြင့် post များတင်လာခဲ့သည်။

ပထမဆုံး သူမ၏ အချက်အလက်များကို တရားမဝင်ရောင်းချနေသည့် မားကတ်တင်းအကောင့်များကို တရားစွဲဆိုခဲ့သည်။

သူမ၏ အခြေအနေ ပြန်လည်သက်သာလာပြီးသည့်နောက်တွင်”မျောလွင့်နေသော ပင်လယ်ပြင်၏ ဒဏ္ဍာရီ”မှ  ဒါရိုက်တာလျို့ကလည်း အရှေ့သို့ ထွက်လာခဲ့ပြီး သူမက ဘဝင်မြင့်နေသည်ဟူသော သတင်းမှားများကို ငြင်းဆန်ပေးခဲ့သည်။

သူမ အနားယူနေရသည့် အကြောင်းအရင်းမှာ မြင်းပေါ်မှ ပြုတ်ကျမှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းကြောင့်ဟု ထုတ်ပြောခဲ့သည်။ 

အချိန်ခဏမျှကြာပြီးနောက်တွင်  ဒေါသကြီးနေသည့် ပရိတ်သတ်များနှင့် ဖြတ်သွားဖြတ်လာများက  black fan များနဲ့ စျေးကွက်အကောင့်များကို အပြင်းအထန်ရှုံ့ချကာ ကြိမ်းမောင်းခဲ့ကြတော့သည်။

တစ်ချိန်တည်းတွင် လူအာရုံစိုက်ခံနေရသည့် ယွီထုန်လျို့က ဆိုးရွားသည့်ကောလဟာလသတင်းတွေများလွန်းသောကြောင့် ရှေ့တန်းဆီသို့ အပို့ခံထားရသည့် အမျိုးသမီး ကြယ်ပွင့်ကုကျစ်စုန့်ကို စတင်ပြီး  follow လိုက်သည်။

ပရိသတ်များက ရုပ်ရှင်လောက၏ ဧကရီတစ်ယောက် မှားနှိပ်မိသည်ဟု  ယူဆမိသည့်အချိန်တွင် ယွီထုန်လျို့မှ ဝိဉာဉ်ရေးရာ ရိုက်ကူးရေးအဖွဲ့မှ တင်ထားပေးသည့် ကုကျစ်စုန့်၏ ပထမဆုံးပိုင်း edit ကို ပြန်လည် forward ပေးလာခဲ့ပြန်သည်။

ယွီထုန်လျို့V : ဒါက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်၊ အားလုံးပဲသွားကြည့်လိုက်ကြဦးနော် @ဝိဉာဉ်ရေးရာ ကိစ္စရပ်များ

ပြိုင်ဘက်တစ်ယောက်၏ black fanက ချက်ချင်းပဲ ခုန်ထလာခဲ့ကာ ကုကျစ်စုန့်အား စွပ်စွဲပြောဆိုတော့သည်။ ကုကျစ်စုန့်က မာနခေါင်ခိုက်နေခဲ့ပြီး စီနီယာ ရုပ်ရှင်ဧကရီမှ အရင်ဆုံး followနေသည့်အချိန်တွင်တောင် မသိချင်ယောင်ဆောင်နေခဲ့ကာ၊ ပြန်လည် ပို့စ်မတင်ပေး၊ follow မလုပ်ဘဲ နေသည်ဟူသောစကားများဖြင့် ယွီထုန်လျို့၏ပရိတ်သတ်များနှင့် ဖြတ်လျှောက်များဆီကို မီးထိုး ရန်စပေးနေခဲ့သည်။

သို့သော် မီးပွားက စတင်မလောင်ကျွမ်းခင်မှာပဲ ငြိမ်းသတ်သွားခဲ့ပြီး ငြိမ်းသတ်ခဲ့သူကလည်း တခြားမဟုတ်ဘဲ ရုပ်ရှင်ဧကရီကိုယ်တိုင်ပင်ဖြစ်လေသည်။

ယွီထုန်လျို့V : စုန့်စုန့်က ကျွန်မအရမ်းတန်ဖိုးထားရတဲ့ သူငယ်ချင်းပါ၊ သူမက ကျွန်မကို အများကြီးကူညီခဲ့တဲ့ လူကောင်းတစ်ယောက်ပဲ၊ ကျွန်မအပေါ်မှာ သူမရဲ့ကျေးဇူးတွေက အများကြီးရှိတယ်၊ ဒါကြောင့် ကျွန်မရဲ့ ပရိသတ်တွေက အဲဒီလူလိုမျိုး မဖြစ်နေစေဖို့ မျှော်လင့်မိပါတယ်”

[လျို့လျို့က နောက်ဆုံးတော့ အနုပညာနယ်ထဲမှာ သူငယ်ချင်းတွေ့သွားပြီ၊ မင်းကို ဒီလို စာမျိုးတောင် ရေးအောင် လုပ်နိုင်တဲ့သူက မင်းနဲ့ ဆက်ဆံရေး အများကြီး ကောင်းနေတဲ့လူပဲ ဖြစ်ရမယ်] 

[နတ်ဘုရားမလေး ပြောတာကို နားထောင်ကြမယ်! ငါကတော့ အနာဂတ်မှာ ကုကျစ်စုန့်ကို ကောင်းကောင်းတန်ဖိုးထားတော့မှာ! အခြားသူတွေလည်း ပြဿနာတွေ လာပြီး မမွှေနှောက်ကြဖို့ မျှော်လင့်ပါတယ်၊ မင်းတို့က မင်းတို့ရဲ့အကြံတွေကို ငါတို့ မမြင်နိုင်ဘူးလို့ ထင်နေတာလား?]

[ဒီအလှအဂေးနှစ်ယောက်က ဘယ်လိုများ တွေ့ဆုံခဲ့ကြတာလည်းဆိုတာကို သိချင်နေတာ ငါတစ်ယောက်တည်းလား??]

Black fan: “ထုံထိုင်းနေပြီ”

ထိုအကြောင်းပြချက်များကြောင့်ပင် ဝေ့ပေါ်အတွင်းမှ ကုကျစ်စုန့်၏ ပရိသတ်များက တစ်ဟုန်ထိုးတက်လာခဲ့ပြီး ထောင်ဂဏန်းမှ သိန်းချီအောင်တိုးလာခဲ့ကာ လက်ရှိတွင်  follower ၅သန်းပင် ကျော်သွားခဲ့ပြီဖြစ်သည်။ သူမတွင် offical ပရိသတ်ဂရုများလည်း ရှိနေသည်ကိုလည်း တွေ့လိုက်ရပြီး ဂရုက လေးခုတောင်ရှိသည်။

ဂရု၏ခေါင်းစီးတွင်တင်ထားသည်များမှာလည်း စိတ်ဝင်စရားစရာပင်။

‘အနက်ရောင်ဖန်တွေကို အရေးလုပ်မနေနဲ့၊ အဆင့်တက်တာကိုလည်း မထိခိုက်စေကြနဲ့၊ ဗုဒ္ဓက သန့်ရှင်းတဲ့နေရာပဲ၊  ကြယ်တွေနောက်ကို လိုက်ပြီး ခွေးတွေကို မောင်းထုတ်လိုက်ကြစို့!  စုန့်စုန့်ရဲ့ မျက်နှာ မထိခိုက်စေသ၍ ငါတို့ နောက်ဆုတ်စရာမလိုဘူး!’

လှည့်ပတ်ကြည့်ပြီးနောက် ကုကျစ်စုန့်တစ်ယောက် စိတ်ချမ်းသာသွားခဲ့ပြီး ယွီထုန်လျို့ကို ပြန်လည် followလိုက်ကာ ဒေါသအကြီးဆုံးပရိတ်သတ်များကို ရွေးချယ်ပြီး ဖြည်းဖြည်းချင်း စာပြန်လိုက်သည်။ 

နေ့လည်ခင်း ခဏတာမျှနားပြီးနောက် ကုကျစ်စုန့်နှင့် တခြားသောပြိုင်ပွဲဝင်များကို ပရိုဂရမ်အဖွဲ့မှ လှမ်းခေါ်လိုက်သည်။

လော်စပီကာကို ကိုင်ထားသည့် အစီအစဉ်တင်ဆက်သူ လျို့က ပြုံးကာ စကားစလာသည်။

“ကြည့်ရှုသူများနှင့် သူငယ်ချင်းတို့အားလုံး  မင်္ဂလာ နေ့လယ်ခင်းပါ၊ ပရိုဂရမ်ရဲ့ ဒုတိယပိုင်းက စတင်တော့မှာ ဖြစ်ပါတယ်၊ မင်းတို့တွေ မြင်တွေ့ခဲ့ရတဲ့ ပထမဆုံး ပြိုင်ပွဲဝင် ၉ယောက်ထဲက တစ်ယောက်ကတော့ ပြိုင်ပွဲကနေ ထွက်ခွာရဦးမှာပါ၊ ဘယ်သူက အနိုင်ရပြီး အဆင့်တက်သွားမလဲ၊ ဘယ်သူကတော့ စိတ်မကောင်းစွာနဲ့ အိမ်ပြန်ရတော့မလဲ? အားလုံးပဲ စောင့်ကြည့်ပေးကြပါဦး”

သူပြောပြီးနောက် ဟိုတယ် ကားပါကင်ထဲမှ ကား(၉)စီးထွက်လာခဲ့ပြီး နေရာလွတ်တွင် ရပ်လိုက်ကြသည်။

တင်ဆက်သူလျို့:

“ပြိုင်ပွဲရဲ့ ဒုတိယပိုင်းကို ရိုက်ကူးမယ့်နေရာကတော့ မြို့ထဲမှာ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ နောက်ဘက်မှာရှိနေတဲ့ တောင်တန်းတွေထဲမှာဖြစ်ပါတယ်၊ အခုကစပြီး စမှတ်နေရာကို အရင်ဆုံးလိုက်ပို့ပေးသွားမှာပါ၊

အားလုံးမှတ်ထားရမှာတစ်ခုက ရိုက်ကူးရေးနေရာတစ်ခုလုံးမှာ ကင်မရာတွေ ရှိနေပြီး ဒရုန်းရိုက်ကူးရေးကလည်း‌ အနောက်က လိုက်နေမှာဆိုပေမယ့် တောင်တန်းတွေထဲမှာ အန္တရာယ်ဆိုတာ ရှိနေမှာပါပဲ၊

အကယ်၍ တောင်တက်ရတာ အဆင်မပြေတဲ့ ပြိုင်ပွဲဝင်တွေရှိရင်၊ ဒါမှမဟုတ် လက်ရှိပွဲစဥ်က  ယာယီ နှုတ်ထွက်ချင်တဲ့သူတွေရှိရင် အခုပဲ လက်ထောင်ပေးကြပါ”

ဤသည်မှာ ပရိသတ်များကိုချပြရန်အတွက် ပရိုဂရမ်အဖွဲ့မှ တင်ဆက်ပေးသည့် ပုံစံသာဖြစ်ပေသည်။

ဇာတ်ညွှန်းမှာ ပြိုင်ပွဲဝင်များ၏လက်ထဲတွက် ရောက်နှင့်ပြီးဖြစ်ကာ အားလုံးက တောင်ပေါ်သို့တက်နိုင်ကြောင်း အတည်ပြုပြီးမှသာ ရောက်လာကြခြင်းဖြစ်သည်။

“ဒါဆိုရင် ပြိုင်ပွဲဝင်တွေ အားလုံး အလှည့်ကျ သွားရမယ့် စမှတ်နေရာကို ဆုံးဖြတ်ဖို့ မဲနှိုက်ပေးကြပါ”

ပထမတစ်ပိုင်းထဲမှာကဲ့သို့ ပြိုင်ပွဲဝင်များ တစ်ယောက်နှင့် တစ်ယောက်ကူညီ၍ မရစေရန် လူစုခွဲခြင်းပင်ဖြစ်သည်။

ကုကျစ်စုန့် မဲနှိုက်လိုက်ပြီးနောက် သက်ဆိုင်ရာကားပေါ်သို့ တက်လိုက်ပြီး မကြာခင်တွင် တောင်ခြေမှ စမှတ်သို့ ရောက်လာခဲ့သည်။

တစ်ချို့အဖွဲ့သားများက ယာယီတဲတစ်ခု ပြင်ဆင်ပြီးနေပြီဖြစ်ကာ သူမကို မြင်တော့ ကြိုတင်ပြင်ဆင်ထားသည့် စာအိတ်တစ်အိတ် ကမ်းပေးလာသည်။

ကုကျစ်စုန့် ဖွင့်ကြည့်လိုက်တော့ ဒုတိယပိုင်းမစ်ရှင်၏ အသေးစိတ်အချက်အလက်များပင်ဖြစ်လေသည်။

“နယ်မြေ၏ တောင်ဘက်ပိုင်းတွင် ဖော့ဖော့တောင် ဆိုသည့် နာမည်ကြီး တောင်တစ်လုံးရှိသည်။ ထိုတောင်၏ တောင်စောင့် နတ်ဘုရားမက တောင်ပေါ်မှလူများကို စောင့်ရှောက်ပေးနေပြီး ရာသီဥတုနှင့် ကောက်ပဲသီးနှံအထွက်နှုန်းကို ပြောင်းလဲနိုင်စွမ်းရှိသည်ဟု ဆိုကြသည်၊

တောင်ပေါ်ရှိ ရွာများအားလုံးတွင် နာမည်အကြီးဆုံးရွာသည်‌ တောင်စောင့်နတ်ဘုရားစောင့်ရှောက်ပေးထားသည့် ဖော့ရှီ’ ရွာပင်ဖြစ်သည်။ သူတို့၏ ဘာသာရေးအဖွဲ့အစည်းသည် နှစ်ရာပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့ပြီး များစွာသောရာဇဝင်များတည်ရှိနေသည့် ရွာတစ်ရွာလည်းဖြစ်သည်။”

“မစ်ရှင်ကတော့ ပြိုင်ပွဲဝင်တွေအားလုံး တောင်ထဲကို ဝင်သွားရမှာဖြစ်ပြီး  ပြန့်ကျဲနေတဲ့ ဘာသာရေးအဖွဲ့အစည်းထဲမှ စောင့်ရှောက်သူအစစ်အမှန်နှင့် သူတို့ရဲ့ လျို့ဝှက်ချက်တွေကို ရှာဖွေရန်မှာပါ၊

ပြိုင်ပွဲဝင်တွေ ရွာကို ရှာတွေ့နိုင်ရန်အတွက် ပရိုဂရမ်အဖွဲ့မှ အရိပ်အမြွတ် အနည်းငယ်ပြောပေးပါမယ်:

‘ဖော့ရှီရွာက ဖော့ဖော့တောင်ရဲ့ အရိပ်ကျတဲ့ အခြမ်းတွင် တည်ရှိတယ်’

နေမဝင်ခင် ဖော့ရှီရွာကို ရှာမတွေ့တဲ့ ပြိုင်ပွဲဝင်တွေကို အမှတ်လျှော့ရလိမ့်မယ် ဒီအဆင့်ကလည်း ပြိုင်ပွဲတွင် ဆက်လက်နေနိုင်ဖို့နှင့် အဆင့်သတ်မှတ်တဲ့အချိန် ခိုင်မြဲတဲ့နေရာမှာ တည်ရှိစေဖို့ အရေးကြီးတဲ့အတွက်ကြောင့် သေသေချာချာကြိုးစားကြဖို့ မျှော်လင့်ပါတယ်!”

စာအိတ်တွင်းမှ အချက်အလက်များကို ဖတ်ပြီးနောက် ကုကျစ်စုန့်က စိတ်ဝင်စားသည့် မျက်လုံးများနှင့် သူမ၏  အရှေ့မှ တောင်တန်းကို မော့ကြည့်လိုက်သည်။

ထို့နောက် ရိုက်ကူးရေးအဖွဲ့သားများ ညွှန်ပြသည့်အတိုင်း သူမ တောင်ပေါ်သို့ တက်လာခဲ့သည်။ 

စာအိတ်ထဲတွင် ပါရှိသည့်အတိုင်းဆိုပါက ဖော့ဖော့တောင်မှာ ပိတ်ထားခြင်းမရှိပေ။  ထို့အပြင် ကုကျစ်စုန့် အပေါ်သို့ တက်လာသည့် လမ်းတစ်လျှောက်မှ နေရာတိုင်းတွင်  ထိုတောင်၏ လူလုပ်လမ်းများ၊ သစ်သားအိမ်များနှင့် ကျောက်တုံးအိမ်များကို မြင်နေရသည်။

လမ်းအနည်းငယ်လျှောက်ပြီးနောက် သူမ၊ ကင်မရာမန်းနှင့် နောက်ထပ်အဖွဲ့သားတစ်ယောက်တို့က မည်းမည်းသွယ်သွယ်ဖြင့် ခြင်းတောင်းကိုလွယ်ထားသည့် ၁၄နှစ်၊၁၅နှစ်အရွယ်ခန့် ကောင်လေးတစ်ယောက်နှင့် ဆုံမိကြသည်။

ကောင်လေးက ကုကျစ်စုန့်ကို မြင်သည်နှင့် သူ့၏ မျက်လုံးလေးများက ဝိုင်းစက်သွားခဲ့ရသည်။ သူ့အနေဖြင့် ဤမျှလောက် နတ်ဘုရားကဲ့သို့ လှပတဲ့ လူမျိုးကို တောင်ပေါ်တွင် တစ်ခါမှ သူမမြင်ဖူးခဲ့ပေ။

ကင်မရာမန်း၏ ပုခုံးပေါ်မှ ကင်မရာကို မြင်တော့ ကောင်လေးက စိတ်ဝင်စားစပ်စုကာ အထစ်ထစ်အငေါ့ငေါ့ မန်းဒရင်စကားနှင့် မေးလာသည်။

“ဒီကို ပရိုဂရမ်တစ်ခုခုရိုက်ဖို့လာကြတာလား? အဲဒါက ကင်မရာလား?”

တောင်ပိုင်းနယ်မြေသည် တောင်တန်းနှင့် မြစ်များထူထပ်ကာ ရှုခင်းကလည်း အသက်ရှူမှားလောက်အောင် လှပသော်ငြား တောအကျဆုံးနှင့် အလျှို့ဝှက်ဆုံး နယ်စပ်လည်း ဖြစ်ချေသည်။ ဤနေရာတွင် ရာဇဝင်ပေါင်းများစွာ ပေါ်ထွန်းခဲ့ပြီး အထူးသဖြင့် ဖော့ဖော့တောင်တန်းမှာ နယ်ခံလူများ၏ ဓမ္မနယ်မြေဟု သတ်မှတ်ထားခြင်းခံရသည်။

နတ်ဝင်သည် နှင့် စုန်းတို့၏ မူလအစနေရာလည်း ဖြစ်နေသေးသည်။

တောင်တန်းဒေသများက စီးပွားရေးဆိုင်ရာ ကျူးကျော်မှုသည်လည်း နည်းပါးသေးကြောင့် နယ်မြေပေါင်းစုံနှင့် ပင်မနယ်မြေမှ သိပ္ပံပညာရှင်များက ဖော့ဖော့တောင်သို့ ပထဝီဝင်၊ အပင်မျိုးစိတ်များ လေ့လာရန်နှင့် ရိုက်ကူးရေးများ ပြုလုပ်ရန် လာတတ်လေ့ရှိသည်။

ထို့အပြင် တောင်ပေါ်၌ သင်္ချိုင်းကြီးတစ်ခုလည်းရှိသည်ဟုလည်း ဆိုခဲ့ကြသည်။

အစပိုင်းနှစ်များတွင် ရွာသားများမှာ တောင်ပေါ်သို့လာသည့် အုတ်ဂူဖောက်သူများနှင့် မကြာခဏတွေ့ရပြီး လမ်းများမေးခြင်းကိုပင် တွေ့ခဲ့တတ်ကြသည်။

သို့သော်လည်း နှစ်ပေါင်းများစွာ ကြာသည့်ထိ ရာဇဝင်မှတ်တမ်းထဲမှ အုတ်ဂူကြီးကို ရှာဖွေတွေ့ရှိသူ တစ်ဦးမှ မရှိခဲ့ပေ။

အချိန်နှင့် အမျှ တိုးတက်လာမှုကြောင့် တောင်ပေါ်မှ ရွာများတွင် လျှပ်စစ်မီးများ၊ network ကြိုးများ တပ်ဆင်လာခဲ့ပြီး အပြင်လောကနှင့် တိုးတက်မှုများကို မြင်တွေ့လာရသည်။ ထို့ကြောင့် ဤကဲ့သို့အနက်ရောင် ကင်မရာမျိုးကိုလည်း ကောင်လေးမှာ တီဗီတွင် မြင်ဖူးသော်လည်း အပြင်မှာတော့ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။

“ကျွန်တော် အခု တီဗီမှာ ပါနေပြီလား?”

ကောင်လေးက ကင်မရာနားကို ကပ်လာသော်လည်း ကိုင်တော့မကြည့်ရဲခဲ့။

“ဟုတ်တယ်၊ လူတွေအများကြီးက မင်းကို ကြည့်နေကြတာ၊ အားလုံးကို နှုတ်ဆက်လိုက်ပါဦး”

ကင်မရာမန်းက ဖုန်းထုတ်ပြီး ကောင်လေးကို ပြသလိုက်သည်။

မျက်နှာပြင်တွက် ပေါ်နေသည်က ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းဖြစ်ပြီး ကောင်လေး၏ စိတ်ဝင်စားနေသည့် မျက်နှာကို တွေ့မြင်နေရသည့် ကြည့်ရှုသူများက ကောင်လေးအား နှုတ်ဆက်ရန် ပို့ထားသည့် မှတ်ချက်များရှိနေခဲ့သည်။

ပထမတော့ ကောင်လေးက သူ့ကိုယ်သူပြန်မြင်လိုက်တော့ ထိတ်လန့်သွားခဲ့သည်။

[ဒီတိတိရဲ့ မျက်လုံးတွေက မည်းနက်ပြီးတောက်ပြောင်နေတာပဲ။ တောင်ပေါ်သားလေးက ဖြူစင်ပြီး ချစ်စရာကောင်းတယ်!]

[သူ့ကိုကြည့်ရတာ လူယဉ်တဲ့ တောရိုင်းသတ္တဝါလေးလိုပဲ၊ ချစ်ဖို့ကောင်းလိုက်တာ]

[တောင်ပေါ်ရှူခင်းတွေကတော့ လှချက်ပဲ! Filter မသုံးဘဲနဲ့ကို လှနေတာ၊ အနီးအနားက လေကတော့ သန့်စင်နေမှာ သေချာတယ်]

ကုကျစ်စုန့်က မေးလိုက်သည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ?”

နတ်သမီးလှလှလေးမှ သူ့၏နာမည်ကို‌ မေးလာသောကြောင့်  ကောင်လေး ဂရုတစိုက်ဖြင့် ပြန်ဖြေခဲ့သည်။

“ကျွန်တော့်နာမည်က ၀, ပါ၊ ရှမ်းတုန်က တာ့လျန်ရွာမှာ နေပါတယ်၊ ကျွန်တော်က အဘွားအတွက် မျှစ်ချိုးပေးဖို့ တောင်အောက်ဆင်းလာတာ၊ ဒီနားတစ်ဝိုက်က တောင်နဲ့ ရွာတွေအကြောင်းကို ကျွန်တော်မသိတာ မရှိဘူး၊ သွားချင်တဲ့ နေရာကိုပြောလေ ကျွန်တော် ကူရှာပေးမယ်!!”

“နာမည်လေးက ချစ်စရာကောင်းသားပဲ”

ကုကျစ်စုန့်က နှုတ်ခမ်းလေး အသာတွန့်ကွေးပြီးပြုံးလိုက်သည်။

“မင်းက နယ်မြေကျွမ်းတယ်ဆိုတာ့ တစ်ခုလောက် မေးကြည့်ရအောင်…”

နတ်သမီးလှလှလေးထံမှ ချီးကျူးတာခံလိုက်ရသောကြောင့် ၀, က ဂုဏ်ယူစွာဖြင့် ပြန်ပြောလာသည်။

“မေးချင်တာကို မေးလို့ရတယ်”

“ဖော့ရှီရွာကို ဘယ်ကနေ သွားရတာလဲ?”

ထိုစကားကို ကြားသည်နှင့် ဝ,၏ ရှက်ပြုံး ပြုံးနေသည့် မျက်နှာက ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ သူက ကုကျစ်စုန့်နဲ့ သူမ၏အဖွဲ့ကို စိုက်ကြည့်လိုက်ပြီး အနောက်ဘက်သို့ ခြေလှမ်းဆုတ်လိုက်လေသည်။

ခြေလှမ်းအနည်းငယ်ဆုတ်ပြီးနောက် ကောင်လေးက ဘေးတစ်ဘက်မှတောင်ပေါ်သို့ မြေပြန့်တွင် ပြေးနေသည်ဟု ထင်ရလောက်သည့် အမြန်နှုန်းဖြင့် ပြေးတက်သွားတော့သည်။

စက္ကန့်ပိုင်းအတွင်းကင်မရာတွင် ကောင်လေး၏ အရိပ်ကိုတောင်မမြင်ရတော့ချေ။

“ဒါက……?”

ကင်မရာမန်းနှင့် ရိုက်ကူးရေးအဖွဲ့သားတို့ တစ်ယောက်၏မျက်နှာကို တစ်ယောက် စိုက်ကြည့်နေမိကြသည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိတ်သတ်အားသည်လည်း‌ ကောင်လေးမှာ မည်သည့်အတွက်ကြောင့် ထိုသို့ တုန့်ပြန်သည်ကို နားမလည်နိုင်ကြ။

ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်သည်။

“ရပါတယ်၊ အပေါ်ကိုအရင်တက်ကြတာပေါ့”

ဖော့ဖော့တောင်၏ အရိပ်ကျနေသည့် အခြမ်းတွင် ရှိသည်။ ထိုစာသားတွင် အဓိပ္ပါယ်များစွာရှိနေသည်။

တောင်အတွင်း နေမကျနိုင်သည့်‌နေရာမှာ တောင်ကြားအခြေ၏ အရိပ်ကျရာနေရာတွင် ရှိခြင်းကြောင့်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဖုန်းရွှေရှု့ထောင့်မှ ယင်နှင့်ယန် အရ ခွဲခြားမည်ဆိုပါက လူတွေ ချီကို လေ့လာနိုင်ရန် တောင်ထိပ်အမြင့်သို့ သွားမှသာ ရနိုင်မည်ဖြစ်သည်။

သူမ အနည်းငယ်လမ်းလျှောက်ပြီးနောက် လက်သီးဆုပ်ခန့်ရှိသည့် ကျောက်တုံးတစ်ခုက လျှောစောက်မှ လိမ့်ကျလာကာ ကုကျစ်စုန့်၏ဘေးသို့ ပြုတ်ကျသွားခဲ့သည်။

သူမ ကျောက်တုံးကျလာသည့်‌ နေရာကို မော့ကြည့်လိုက်ရာ မကြာခင်ကတွေ့ခဲ့သည့် ပိန်ပိန်သွယ်သွယ်ကောင်လေးက သစ်ပင်နောက်တွင် ရပ်နေပြီး မျက်နှာတွင်လည်း ဖတ်ရခက်သည့် အမူအရာနှင့် ဖြစ်နေသည်။

“ဟေး အဲဒီနေရာကို မသွားပါနဲ့!”

ကုကျစ်စုန့် : “ဘာဖြစ်လို့လဲ?”

“အဲဒီနေရာက တောင်စောင့်နတ်ဘုရားမက စွန့်ပစ်ထားတဲ့ နေရာပဲ၊ အဲဒီနေရာက ဘယ်သူမှ နတ်ဘုရားမရဲ့ အကာအကွယ်ကို မရနိုင်ကြဘူး၊ မင်း အဲဒီကို သွားရင် ကံဆိုးလိမ့်မယ်!”

**

All Chapters