← Chapters

နဂါးအမဲလိုက်ခြင်း (3)

Vol. 5 Ch. 47

နဂါးအမဲလိုက်ခြင်း (3)

Vol. 5 Ch. 47

ရိုးရာဆုတောင်းပွဲ

[အပေါ်ထပ်ကတစ်ယောက် ၊ လူတိုင်းကို သိမ်းကြုံးပြီး မပြောပါနဲ့ အိုကေ? ငါ့ရဲ့ မွေးရပ်အိမ်က နန်ပြည်နယ်ရဲ့ တောင်တွေပေါ်မှာ ရှိတာ၊ တောင်ပေါ်သားတွေ အကုန်လုံးက အဲလိုမဟုတ်ဘူး၊

သူတို့ပြောစကားကို နားထောင်ကြည့်ပြီး နည်းနည်းနားလည်တာတော့ သူတို့တွေ ပရိုဂရမ်အဖွဲ့လိုမျိုး အပြင်လူတွေက ရွာထဲကို ဝင်လာရင် ကံဆိုးမှုနဲ့ ကပ်ဆိုးတွေ သယ်လာမယ်လို့ ယုံကြည်နေကြတဲ့ပုံပဲ၊ ကင်မရာကိုလည်း သူတို့ရဲ့မျက်လုံးထဲမှာ ကံဆိုးစေတဲ့ ပစ္စည်းလို့ ထင်နေတဲ့အတွက် ပိုပြီး စိတ်လှုပ်ရှားနေကြတာ]

[… ….]

အဘွားအိုက ပရိဂရမ်အဖွဲ့သားများအား ရွာထဲတွင် လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားသော်ငြား ဝန်ထမ်းများရော၊ ပြိုင်ပွဲဝင်များပါ မကြာခင်က အခြေအနေကြောင့် အနည်းငယ်လောက် တုန်လှုပ်နေခဲ့ကြသည်။ 

တင်ဆက်သူ လျို့က အပြုံးနှင့် ဆက်ပြောရှာသည်။

“မတော်တဆမှုအသေးလေး ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ ရွာခေါင်းဆောင်ဖြစ်တဲ့ အမေကြီးနဲ့ စကားပြောပြီးသွားပါပြီ”

အချိန်မှာ ညနေ (၇)နာရီထိုးခါနီးဖြစ်ကာ ကောင်းကင်တွင် နေ၏အလင်းရောင်က ရေးရေးမျှသာ ကျန်ရှိတော့သည်။ သစ်ပင်အရိပ်များ ဖုံးလွှမ်းနေသော ရှေးကျသည့် တောင်ပေါ်ရွာလေးမှာ မှောင်မည်းတိတ်ဆိတ်နေခဲ့ပေသည်။

အချိန်ခဏမျှကြာတော့ ရွာသားများက မီးတိုင်များကို ထွန်းလာခဲ့ကြသည်။

ရွာခေါင်းဆောင်အမေကြီးက နှုတ်ခမ်းကို တင်းတင်းစေ့ကာ အေးတိအေးစက်ဖြင့် စကားဆိုလာသည်။

“ဒီနေ့ ငါတို့ရွာမှာ အရေးကြီးတဲ့ ဆုတောင်းပွဲရှိတယ်၊ ဒါက ရွာရဲ့ လုပ်ထုံးလုပ်စဉ် ရိုးရာတစ်ခုပဲ၊ မင်းတို့တွေ ဘေးကနေ ကြည့်လို့ရပေမယ့် အသံဆူညံတာတွေလုပ်ပြီး ငါတို့ရဲ့ ကောင်းချီးပွဲတွေကို ဖျက်လို့မရဘူး၊ ပြီးတော့ မေးခွန်း‌တွေလည်း မ‌မေးနဲ့”

လီချန်ဟဲက ထပ်ခါထပ်ခါ ခေါင်းငြိမ့်ပြပြီး ရိုက်ကူးရေးအဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်များကိုလည်း မှာကြားနေခဲ့သည်။

၇နာရီ ထိုးသည်နှင့် ရွာထဲမှ လူတွေ အကုန်လုံးနီးပါး အိမ်ထဲကနေ ထွက်လာကြပြီး ရွာလယ်မှ မြေကွက်လပ်ဆီသို့ မီးတုတ်များ ကိုင်ဆောင်ကာ ထွက်လာကြသည်။

ရွာ၏ခေါင်းဆောင်အမေကြီးက အနီရင့်ရောင် အဝတ်များကို ဝတ်ဆင်ထားကာ လေးလံသည့် ငွေသားအဆင်တန်‌ဆာများကိုလည်း ခေါင်းပေါ်တွင် ဝတ်ဆင်ထားသည်ကို မြင်တွေ့နိုင်သည်။ သူမ၏လက်ထဲတွင်လည်း မည့်သည့်အကောင်ဆီမှ ရရှိထားမှန်းမသိရသည့် အကောင်တစ်မျိုးမျိုး‌၏ သွေးကို ထည့်ထားသည့် ခွက်တစ်ခုကို ကိုင်ထားချေသည်။

သူမက ဘေးနားမှ လူများ၏ အကူအညီဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းလိုက်ကာ သူမ၏ တုန်ရီနေသော လက်ချောင်းများကို သွေခွက်တွင် ထည့်လိုက်ပြီး ထိုသွေးဖြင့်မြေပြင်ပေါ်တွင် သင်္ကေတများ ရေးဆွဲနေခဲ့သည်။ သင်္ကေတတစ်ခုချင်းစီကလည်း ထူးဆန်းသည့် ပုံဏ္ဍာန်ရှိကာ မီးတုတ်၏အလင်းရောင်အောက်တွင် ပို၍ထူးခြားဆန်းကြယ်နေပုံရသည်။

ရေးဆွဲပြီးနောက် သူမက သူမ၏ ရင်ဘတ်အား ပွတ်သပ်ရင်း မျက်လုံးများကို တင်းတင်းမှိတ်ထားကာ စကားလုံး‌တချို့ စတင် ရေရွတ်တော့သည်။

အပြင်ဘက်မှ ရွာသားတွေကို လမ်းပြငှားချင်သည့် ပြိုင်ပွဲဝင်မှာ အမှန်တကယ်လည်း မိဘအမွေဖြင့် ချမ်းသာနေသည့် ‘ဒုတိယမျိုးဆက် သူဌေးသား’ တစ်ယောက်ဖြစ်လေ၏။

တကယ်တမ်းတွင် သူက စိတ်စွမ်းအင်လည်း မရှိသလို၊ တတ်မြောက်သည့် သဘာဝလွန်ပညာရပ်လည်း တစ်ခုကိုမှမတတ်ကျွမ်းထားပါချေ။

သူက ဤပရိုဂရမ်ပြိုင်ပွဲအား ‌အပျော်ဟာသအနေဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ချင်းဖြစ်လေသည်။ သူ့အနေဖြင့် ဤပြိုင်ပွဲမှာ ကြိုတင် ဇာတ်ညွှန်းရေးသားထားခြင်းဟုသာထင်ထားပြီး သူ အဖြေများကို ဝယ်ခဲ့သည်ကိုလည်း ပေါ်တင် ပြောဆိုနေခဲ့သေးသည်။

သို့သော်လည်း သူ ဤရွာထဲကို ဝင်ပြီးချိန်မှစ၍ အသားအရည်မှာ ပုံမှန်အတိုင်း ဖြစ်မလာတော့ချေ။ လက်ရှိတွင်လည်း ဖြူဖျော့နေပြီး တီး‌တိုးရေရွတ်လာခဲ့သည်။

“ဒီနေရာကြီးက ထူးဆန်းလွန်းတယ်၊ ငါကတော့ ရွာသားတွေက အန္တရာယ်များတယ်လို့ ထင်နေတယ်နော်၊ ငါတို့ တွေ ပြန်လို့မရဘူးလား?”

တိုက်ရိုက်ကြည့်ရှူနေသည့် ပရိသတ်များသည်လည်း စိတ်ဝင်စားသလို ကြောက်လည်း ကြောက်ရွံ့လာကြသည်။

ရုတ်တရက် အဘွားအိုက အော်ဟစ်လာခဲ့ကာ မည်သူမှ နားမလည်နိုင်သည့် ရိုးရာတေးတစ်ပုဒ်ကို အော်ဆိုနေခဲ့သည်။ ထို့နောက် ချက်ချင်းပင် ရွာသားတစ်ယောက်က အနှီးပတ်ထားသည့် ကလေး (၄)ယောက်ကို ခေါ်လာပြီး‌ ကလေးငိုသံများကြောင့် ပတ်ဝန်းကျင်က ဆူညံလာခဲ့သည်။

ကလေးများကို မြေကွက်လပ်တွင် တစ်ယောက်ချင်းတမ်းစီချထားလိုက်ပြီးနောက် အဘွားအိုက ‌ကလေးများအတွက် ကောင်းချီးဆုတောင်းပေးနေရင်း သူမ၏ ကြမ်းတမ်းခြောက်သွေ့နေသော လက်ဖဝါးများကို လှုပ်ခါနေခဲ့သည်။

ကုကျစ်စုန့်က အဝေးမှ ရပ်ကာ မီးရောင်အောက်တွင်ရှိနေသည့် ကလေးငယ်လေးများကို ကြည့်နေခဲ့သည်။ ထိုကလေးများက မွေးထားသည်မှာ ကြာသေးသည့်ပုံမပေါ်သေးချေ။ တစ်ချို့က မျက်နှာဝိုင်းဝိုင်းနှင့် မျက်လုံးများ ပွင့်နေပြီဖြစ်သော်လည်း တစ်ယောက်ကတော့ ပိန်ပိန်သေးသေးလေးဖြစ်ကာ နီတာရဲအဆင့်သာရှိသေးသည်။

အခြား‌ထိတ်လန့်နေသည့် သူများနှင့်မတူဘဲ ကုကျစ်စုန့်က ထိုအဘွားအိုရွက်ဆိုနေသည့် ပူဇော်တေးကို နားလည်နိုင်သည်။ ထိုပူဇော်တေးသည် ရှေးခေတ်တွင် နတ်ဘုရားများထံမှ ကောင်းချီးဆုတောင်းသည့် သီချင်းသာဖြစ်ပြီး အန္တရာယ်ရှိသည့် အရာတစ်ခုမဟုတ်ချေ။

ရွာခေါင်းဆောင်အဘွားအိုက တောင်စောင့်နတ်အား ရွာသားများကို ကာကွယ်ပးရန် ဆုတောင်းနေခြင်းပင်။

တခြားရွာမှ လူများအမြင်တွင် ဤနေရာသည် တောင်စောင့်နတ်များ၏ လျစ်လျူရှုခြင်းခံထားရသည့် နေရာဖြစ်သော်လည်း ရွာသူရွာသားများကတော့ ထိုသို့မထင်ကြ။

သူတို့သည် တောင်စောင့်နတ်များကို အလေးအနက်ယုံကြည်ကိုးကွယ်ကာ ‌တောင်စောင့်နတ်များကလည်း သူတို့အား စောင်မကြည့်ရှုမည်ဟု ယုံကြည်နေခဲ့ကြသည်။

ထူးဆန်းနေသည်မှာ သူတို့၏ စကားလုံးများသာဖြစ်ပေ၏။

သူတို့က ကလေးများကို စာတော်ပြီး အသက်ရှည်ဖို့ ဆုမတောင်းကြဘဲ ကျန်းကျန်းမာမာကြီးပြင်းလာပြီး တောင်တန်းများ၏ သစ္စာရှိသူများ ဖြစ်လာစေရန်သာ ဆုတောင်းကြသည်။

သူမ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ ထူးဆန်းသည့်မျက်နှာများရှိနေသည့် ရွာသားများ၏ တင်းမာသည့် ဆက်ဆံရေးများကို ဆက်စပ်တွေးလိုက်မိပြီး သူမစိတ်ထဲတွင် အံ့ဩစရာအကြံတစ်ခုပေါ်လာခဲ့သည်။

ထိုကောက်ချက်များကို စိတ်ထဲတွင် ထိန်းထားလိုက်ရင်း ကုကျစ်စုန့် တည်ငြိမ်စွာ ဆက်ကြည့်နေခဲ့သည်။

ပူဇော်တေးရွက်ဆိုသံက အချိန်သိပ်မကြာခဲ့ဘဲ ဆယ်မိနစ်ခန့်တွင် ပြီးဆုံးသွားခဲ့သည်။  ကလေး လေးယောက်ကိုလည်း မိဘများမှ ပြန်လည် ခေါ်သွားခဲ့ကြပြီး အမေအိုကြီးအား ကျေးဇူးတင်နေကြသည့် မိဘများ၏လက်ထဲတွင် အိပ်ပျော်သွားခဲ့ကြသည်။

*

ရွာ၏ အကြီးဆုံး ဟောခန်းကြီးတွင်  မီးတိုင်များနှင့် ရေနံဆီမီးအိမ်များမှာ အခန်းပြည့်ရှိသော်လည်း ခေါင်းထက်တွင်တော့ ဝါကျင့်ကျင့်မီးအိမ်တစ်ခုကိုသာ ထွန်းထားခဲ့သည်။

ပြိုင်ပွဲဝင်နှင့် ဝန်ထမ်းများအပြင် ရွာခေါင်းဆောင် အဘွားအိုသည်လည်း ခန်းမအလယ်မှ ခုံပေါ်တွင် ထိုင်နေခဲ့သည်။ သူမ၏ဘေးတွင်တော့ ရွာသူရွာသားအချို့က ပရိဂရမ်အဖွဲ့အား မျက်စိဒေါက်ထောက်ကြည့်နေခဲ့ကြသည်။

ရွာခေါင်းဆောင်အမေကြီးက ခေါင်းပေါ်မှ ငွေအဆင်တန်ဆာကို ဖြုတ်ထားပြီဖြစ်သော်လည်း ဆုတောင်းပွဲဝတ်စုံကိုတော့ ဝတ်ထားဆဲဖြစ်လေ၏။

သူမက စိတ်မရှည်စွာဖြင့် မေးလာသည်။

“မင်းတို့ ရိုက်ကူးတာက ဘယ်အချိန်ပြီးမှာလဲ?”

တင်ဆက်သူလျို့က ပြုံးဖို့အတွက် ကိုယ့်ကိုယ်ကိုဖိအားပေးလိုက်ရသည်။ သူ၏တစ်သက်လုံးတွင် ဤမျှ လောက် ဒေါသထွက်ရသည့် အ‌ခြေအနေမျိုးကို  တစ်ခါမှ မကြုံခဲ့ဖူးချေ။

“မင်္ဂလာညနေခင်းပါ ကြည့်ရှူသူပရိသတ်များနှင့် သူငယ်ချင်းမိတ်ဆွေများ ခင်ဗျား..

တစ်ညနေခင်းလောက် လေ့လာကြည့်ရှုပြီးချိန်မှာတော့ ပြိုင်ပွဲဝင်(၉)ယောက်ကတော့ ရှာဖွေတွေ့ရှိမှုအသီးသီးရှိလောက်ပြီလို့ ထင်ပါတယ်..

အခုကတော့ အဖြေတွေကို ဖော်ထုတ်ပေးဖို့ အချိန်ကျလာပါပြီ၊  ဒီရွာရဲ့ ထူးခြားတဲ့လျှို့ဝှက်ချက်တွေက ဘာဖြစ်နိုင်မလဲ? ကျွန်တော်တို့တွေ ရွာခေါင်းဆောင် အမေကြီးကိုလည်း အဖြေမှန်၊မမှန် ပြောပြနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်”

သူက ပြောပြီးသည်နှင့်  အနက်ရောင် သင်ပုန်းတစ်ခုက ချက်ချင်းပဲ တွန်းရွှေ့ကာ ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲဝင်တစ်ယောက်ချင်း၏ အဖြေများက ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်က မှုန်မှိုင်းကာ ထူးဆန်းနေသော်ငြား လူစိတ်ဝင်စားမှုကို ဖမ်းစားဖို့လည်းမရှိမဖြစ်လိုအပ်သေးသည်။ တင်ဆက်သူက ပြိုင်ပွဲဝင်များ၏ အဖြေကို တစ်ခါတည်း အကုန်ဖော်ပြခြင်း မလုပ်ခဲ့ဘဲ  တစ်ခုချင်းစီ ဖော်လှစ်ထုတ်ပြနေခဲ့သည်။

ရှင်းယိချင်းနှင့် ကုကျစ်စုန့်တို့က အရင်ပွဲစဉ်တွင် အတိုက်အခံဖြစ်ထားသောကြောင့် ဒါရိုက်တာက သူတို့နှစ်ယောက်‌၏အဖြေကို ပထမဆုံးနှင့် နောက်ဆုံးတွင် နေရာချထားသည်။

ရှင်းယိချင်း၏ အဖြေက အရင်ပေါ်လာခဲ့ပြီး သူ၏အဖြေမှာ :

‘နဂါးက အန္တရာယ်ရှိတဲ့ ခံတွင်းမှာ မွေးဖွားလာပြီး သူ့ရဲ့ကံကလည်း ကြောက်ခမန်းလိလိ လွှမ်းမိုးနေတယ်၊ ဒီလိုနေရာက အန္တရာယ်များတဲ့နေရာဖြစ်တာကြောင့် ကြာရှည်နေထိုင်တဲ့သူတွေက သရက်ရွက်နဲ့ အစာအိမ်ထိခိုက်တတ်တယ်၊ စွမ်းအင်ကုန်ခန်းပြီး စိတ်ကျရောဂါများ ခံစားရတတ်တယ်’

သူက  ဆက်ပြောလာသည်။

“ဒီနေရာက ဖော့ရှီတောင် နဂါးရဲ့ လေဝင်ပေါက်ဖြစ်ပေမယ့် ကောင်းကျိုးပေးတဲ့ နေရာတော့ မဟုတ်ဘူး၊ ပထဝီသဘောအရ ကြည့်ရင် ဒီနေရာက ရေနဲ့မြေက အရမ်းနိမ့်ပြီး အဲဒါက နေရာရဲ့ ဆိုးရွားမှုကြောင့် ဖြစ်တာပဲ၊

မြေပြင်က ထိခိုက်နေနှင့်ပြီးပြီ၊ ရွာသားတွေကိုငါလေ့လာခဲ့သလောက် သူ‌တို့ရဲ့ အသားအရောင်က ဖြူဖျော့နေပြီး မျက်နှာတွေကလည်း နှေးကွေးသ‌ယောင်ပေါ်နေတယ်၊ အဲဒါက ဘာကြောင့်လဲဆိုတော့ ဒီနေရာရဲ့ ဆိုးရွားခြင်းက ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီးနောက်မှာ လူကို ထိခိုက်စေပြီး ရေရှည်မှာ သက်တမ်းတိုစေလိမ့်မယ်၊

ငါပြောချင်တာက ဒီမှာရှိတဲ့ ရွာသားတွေ အကုန်လုံးနီးပါးက အသက်(၆၀)အထိ နေရမှာမဟုတ်ဘူး၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးမျိုးကြောင့် သေရလိမ့်မယ်”

တိုက်ရိုက်ထုတ်လွင့်မှုကိုကြည့်ရှုနေတဲ့ပရိတ်သတ်များ: “?!!”

[ရွာသား‌တွေရှေ့မှာ အဲလိုစကားမျိုးပြောလို့ရော အဆင်ပြေရဲ့လား? ငါကတော့ ကြောက်လာပြီနော်]

ရွာခေါင်းဆောင်အမေနှင့် အခြားရွာသားများက မျက်နှာပျက်‌သွားသော်လည်း ရှင်းယိချင်း၏စကားကိုတော့ မငြင်းဖန်လာခဲ့ကြချေ။

ရွာခေါင်းဆောင်အမေကြီး မျက်မှောင်ကြုတ်လျှက် အေးတိအေးစက်ဖြင့်ပြောလာသည်။

“ဒီရွာက လူတွေက အသက်မရှည်ဘူးဆိုတာ အမှန်ပဲ၊ တစ်ချို့ကလေးတွေဆိုရင် မွေးတည်းက ကျန်းမာရေးချူချာပြီး ‌အသက်လေးဆယ်မပြည့်ခင်သေကြတယ်၊ အသက်(၅၀-၆၀)အထိ နေနိုင်သူက အသက်ရှည်တာပဲ”

သူမ ပြောသည်ကို ထောက်ခံသည့်အလား သူ‌မ၏ဘေးတွင် ရပ်နေသည့် အမျိုးသမီးက ရုတ်တရက်ချောင်းနှစ်ကြိမ်ဆိုးကာ နှုတ်ခမ်းကြားမှ သွေးအနည်းငယ်ထွက်လာခဲ့သည်။

ထိုအချိန်ကျမှ လူတိုင်းနှင့် ကြည့်ရှုသူများက သူတို့တစ်ချိန်လုံး မြင်နေသည့်အရာတစ်ခု သတိထားမိသွားကြသည်။ ရွာသားများအားလုံးမှာ ငယ်ရွယ်ပြီး သက်လတ်ပိုင်းအရွယ်များသာဖြစ်ကာ ကလေးငယ်အချို့လည်းရှိပြီး ရွာခေါင်းဆောင် အဘွားအိုမှလွဲ၍ ဆံပင်ဖြူနေသည့် လူကြီးတစ်ယောက်မှ မရှိပေ!!

တစ်နည်းပြောရလျှင် သူတို့အားလုံးမှာ အသက်မဲ့နေသည့် မျက်နှာထားမျိုး ရှိနေသောကြောင့် ပြဿနာအရင်းအမြစ်ကို သတိမထားမိခဲ့ကြခြင်းဖြစ်ချေသည်။

ရွာခေါင်းဆောင်အမေကြီး ထပ်ပြီး ပြောလာသည်။

“ဒါပေမယ့် မင်းပြောတာ တစ်ခုမှားတယ်၊ ငါတို့နေရာက အန္တရာယ်များတဲ့နေရာမဟုတ်ဘူး! မင်းတို့ပြောတော့ ပြိုင်ပွဲဝင်တွေက လျို့ဝှက်ဆန်းကြယ်ဆရာသခင်တွေချည်းပဲဆို!?

ငါတို့ရွာက ပုံမှန်ဆို ဧည့်သည်လက်မခံဘူး၊ မင်းတို့ကို ဝင်ခွင့်ပေးတာကလည်း ငါတို့ရောဂါရဲ့ အရင်းအမြစ်ကို သိပြီး ဖယ်ရှားလို့ ရမယ့် နည်းလမ်းရှာနိုင်လောက်တယ်လို့ ထင်ခဲ့လို့ပဲ!”

ရှင်းယိချင်းက လေးသံကိုချက်ချင်းမြှင့်ကာ အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။

“နယ်မြေအနေအထားက ဖြစ်နေတာ၊ အဘွားကြီး ခင်ဗျားလည်း တောက်ဓ္မဂိုဏ်းရဲ့ ဂိုဏ်းဝင်တစ်ယောက်ပဲလေ၊ ဒီနေရာရဲ့ စိုထိုင်းမှုကို မခံစားရဘူးလား!?”

“ရွာသူရွာသားတွေရဲ့ ကျန်းမာရေးနဲ့ အသက်ရှည်ဖို့အတွက် ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန်ရွေ့ပြောင်းရမယ်၊ ဒီနေရာမှာ လူနေလို့မရတော့ဘူး!”

“အတင့်ရဲလိုက်တာ! နင်က ဘာမို့လို့ ငါတို့ဘိုးဘေးနယ်မြေကို စွန့်ပစ်ဖို့ ပြောနေရတာလဲ!?”

အဘွားအိုက တောင်ဝှေးကို ပြင်းထန်စွာ ဆောင့်ချလိုက်ပြီး လေသံမာမာဖြင့် ပြန်ပြောခဲ့သည်။

“မင်းက ဘာကိုမှမသိသေးတဲ့ လူငယ်ဖြစ်နေလို့ ငါမင်းကို ဂရုစိုက်မှာ မဟုတ်ဘူး”

ရှင်းယိချင်းက ဆက်ပြောချင်ဟန်ရှိနေသော်လည်း တင်ဆက်သူလျို့ က အလျင်အမြန် ဝင်ဖြတ်ပြောလိုက်သည်။

“ကျွန်တော်တို့မှာ အခြားပြိုင်ပွဲဝင်တွေလည်း ရှိပါသေးတယ်၊ သူတို့တွေကလည်း မတူညီတဲ့ ရှာတွေ့မှုတွေ ရှိမှာပါ”

ပိုင်စစ်က ညင်သာစွာပြောလာသည်။

“မသေမျိုးဖြူကောင်က ကျွန်‌တော့်ကို ပြောတယ်၊ ဒီရွာမှာ မကြာခဏ အသုဘလုပ်ရလေ့ရှိတယ်တဲ့၊ ဒီအခန်းထဲမှာ မကြာသေးခင်ကမှ အိမ်မှာ အသုဘလုပ်ထားရတဲ့လူတွေရှိတယ်၊

နောက်ထပ် ဘယ်မှာ ၁ယောက်၊ ညာမှာ ၃ယောက်ရှိတယ်၊ တစ်ချို့ အသုဘက အရိုးတောင်မကျန်ရစ်ဘဲ  အင်္ကျီအဝတ်အစားတွေနဲ့ပဲ အုတ်ဂူလုပ်လိုက်ရတာတွေရှိတယ်တဲ့၊

ကျွန်တော် နေရာတွေကို ထောက်ပြလို့ရတယ်၊ ဒါပေမယ့် ကျွန်တော်က မသေမျိုးဖြူကောင်ပြောတာကိုပဲ ပြန်ပြောပြနိုင်တယ်၊ ကျန်တာကိုတော့ ကျွန်တော်မသိဘူး”

All Chapters