← Chapters

သံသယများအောက် 

Vol. 168 Ch. 2392

သံသယများအောက် 

Vol. 168 Ch. 2392

ကောင်းကင်အာဏာစက်ကျောင်းတော်၌ ဖြစ်ပျက်သမျှ အရာအားလုံးက ဘုံကိုးဘုံကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အဓိကလောကမှ ကျင့်ကြံသူများ အားလုံးက ထိုအကြောင်းကို သိရှိကြပေသည်။ သူတို့က ကောင်းကင်ဒေသမှ အင်အားစုများမှ စတင်ကာ အတွင်းရေး ပဋိပက္ခများ လုပ်ဆောင်ကြလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ အခြားလောကမှ ကျင့်ကြံသူများက ထိုအဖြစ်အပျက်ကြောင့် ပျော်ရွှင်နေခဲ့ကြသည်။

စီဝေ့ကြယ်ကမ္ဘာအတွင်းမှ အိမ်တော်တစ်ခုတွင် လူတစ်စုထွက်ပေါ်လာသည်။ သူတို့က အတော်လေး သက်ဝင်လှုပ်ရှားနေပုံရ၏။

ရီဖူရှင်းနှင့် ဟွားဂျီယူတို့လည်း ထိုအဖွဲ့အတွင်း ပါဝင်ကာ ဟွာဖန်းလူနှင့် ဟွားနန်းယွီတို့လည်း ပါသည်။ ဟွားဂျီယူက အန္တရာယ်ကင်းကင်း ပြန်ရောက်လာခဲ့သည်။ ရီဖူရှင်း ပထမဆုံး လုပ်ဆောင်ချင်သည့် အရာမှာ သူမကို ခေါ်ဆောင်ကာ သူ့ဆရာနှင့် တွေ့ဆုံရန် ဖြစ်သည်။ ဟွားဖန်းလူနှင့် နန်ဒူဝမ်ရင်းတို့က နောက်ဆုံး၌ ဂျီယူ ပြန်ရောက်လာသည်ကို မြင်သောအခါ သူတို့၏ ပျော်ရွှင်မှုက စကားဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။ သူတို့၏ မျက်နှာထက်တွင် အပြုံးများနှင့် လွှမ်းနေခဲ့၏။ ဟွားနန်းယွီကလည်း အလွန် ပျော်ရွှင်​နေခဲ့သည်။ သူမ ငယ်စဥ်က သူမ အစ်မနှင့် ခဲအိုတို့က ထွက်ခွာသွားခဲ့ပြီး မှတ်ဉာဏ်များအဖြစ်သာ ကျန်ရစ်ခဲ့ပေသည်။ နောက်ဆုံး၌ သူတို့က ပြန်လည်ဆုံစည်းကြရပြီ ဖြစ်သည်။

ယူချင်းက သူတို့နှင့်အတူ မရှိခဲ့ပေ။ ကောင်းကင်အာဏာစက်ကျောင်းတော်၏ တိုက်ပွဲပြီးနောက် သူတို့က စီဝေ့အင်ပါယာနန်းတော်သို့ ခေတ္တ ပြန်လာခဲ့ကြသည်။ ယူချင်းက နတ်ဆိုးလောကမှ အခြားလူများနှင့် တွေ့ဆုံရန် ပြန်သွားခဲ့၏။ နတ်ဆိုးလောက၌ ယူချင်း၏ လက်ရှိ အဆင့်အတန်းအရ ရီဖူရှင်းက သူ့အတွက် စိတ်ပူပေးရန် မလိုအပ်ပေ။ သူ့အား ကာကွယ်စောင့်ရှောက်ပေးမည့် နတ်ဆိုးအရှင်သခင်တစ်ပါးလည်း ရှိနေသေးသည်။ ထို့ပြင် ယူချင်း၏ အဆင့်အတန်းအရ သူ့ကို မည်သူမှ ထိပါးရဲလိမ့်မည် မဟုတ်ပါချေ။

ထျန်းယန်မြို့သခင်က ရီဖူရှင်းကို ဆန့်ကျင်တိုက်ခိုက်ရဲသော်လည်း နတ်ဆိုးအင်​ပါယာ၏ ဆက်ခံသူဟု သတ်မှတ်နိုင်သည့် ယူချင်းကို ဆန့်ကျင်မတိုက်ခိုက်ရဲခဲ့ပေ။ သူက နတ်ဆိုးလောကကို ဆန့်ကျင်မိလျှင် ထျန်းယန်မြို့ကို တိုက်ခိုက်ရန် နတ်ဆိုးအင်ပါယာက  သူ၏ စစ်တပ်ကို စေလွှတ်လိုက်လိမ့်မည် ဖြစ်သည်။ ထိုသို့ ဖြစ်လာသောအခါ ထျန်းယန်မြို့က မည်မျှအစွမ်းထက်နေပါစေ ပျက်စီးခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။

အဆုံးမှာတော့ အရှင်ဒွန်ဟောင်တစ်ယောက်တည်းကသာ နတ်ဆိုးအင်ပါယာနှင့် ယှဥ်ပြိုင်နိုင်ပေသည်။

ဟွားဂျီယူက ဟွားဖန်းလူ၊ နန်ဒူဝမ်ရင်းတို့နှင့်အတူ သူမ ဖြတ်သန်းခဲ့သည့် နှစ်များတလျှောက် အတွေ့အကြုံတို့ကို ပြောပြနေခဲ့၏။ သူမသည် မိဘများအပေါ် တာဝန်မကျေခဲ့သည့်အတွက် အပြစ်ရှိစိတ် ခံစားနေခဲ့ရသည်။ ထိုသည်မှာ မြင့်မြတ်နန်းတော်တိုက်ပွဲကတည်းက ဖြစ်ကာ အလွန် ကြာမြင့်လှပြီ ဖြစ်သည်။ သူမက ယခုမှသာလျှင် သူမ မိဘများဘေးသို့ ပြန်လာနိုင်ခဲ့ပေသည်။

သူတို့၏ မိဘများအပြင် နောက်ထပ် အမျိုးသမီးတစ်ယောက်လည်း အိမ်တော်အတွင်း ရှိနေခဲ့သည်။ ဤအမျိုးသမီးက ထူးခြားသော အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး ဤလောကအပြင်ဘက်မှ နတ်မိမယ်တစ်ပါးနှင့် တူပေသည်။ သူမက ဟွားဂျီယူကဲ့သို့ လှပသော်လည်း သူတို့၏ အရှိန်အဝါက မတူညီကြပေ။ ဟွားဂျီယူ၏ လှပမှုက ကျိုထျန်းနတ်မိမယ်ကဲ့သို့ ဖြစ်သည်။ သူမက စစ်မှန်သော နတ်သမီးတစ်ပါးအသွင် ရှိသည်။ သို့သော်လည်း ဤအမျိုးသမီးက လောကအလွန်မှ တစ်စုံတစ်ယောက်ဖြစ်သကဲ့သို့ စိတ်ကူးယဥ်ဆန်သော အလှမျိုး ဖြစ်သည်။ သူမက ပြစ်မျိုးမှဲ့မထင် လှပပေသည်။ သူမကို ကြည့်သည့်လူတိုင်းက ငြိမ်းချမ်းမှုကို ခံစားရပေလိမ့်မည်။

ထိုအချိန်တွင် ဟွားဖန်းလူနှင့် နန်ဒူဝမ်ရင်းတို့က ထရပ်ကာ ထိုအမျိုးသမီးရှေ့သို့ ရောက်လာခဲ့သည်။ သူတို့က သူမကို အရိုအသေပေးရင်း ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် မိန်းကလေးဟွာ။ ဒီနှစ်တွေတလျှောက် ဂျီယူကို ကာကွယ်ပေးပြီး သူမရဲ့ စိတ်ဝိညာဥ် ဖျက်ဆီးခံရမှာကို တားဆီးပေးခဲ့တဲ့အတွက်ပါ။"

"နှစ်ယောက်လုံး ကျွန်မကို ဒီလောက် ယဥ်ကျေးနေဖို့ မလိုပါဘူး။ ဒီနှစ်တွေတလျှောက် ဂျီယူနဲ့ ကျွန်မက ခွဲခြားလို့ မရလောက်အောင်ပါပဲ။ ကျွန်မလည်း ရှင်တို့နှစ်ယောက်နဲ့ ရင်းနှီးသလို ခံစားရတယ်။ ဒီလို ဆက်ဆံမှုမျိုးကို ကျွန်မ ဘယ်လို လက်ခံနိုင်မှာလဲ။" အမျိုးသမီးက အရိုအသေပြုနေသည့် သူတို့နှစ်ယောက်အား ထူပေးလိုက်ရင်း ပြောသည်။ ရီဖူရှင်းက တိတ်ဆိတ်စွာ ရပ်ရင်း စောင့်ကြည့်နေခဲ့၏။ သူက ထိုမြင်ကွင်းကို မြင်သောအခါ ပြုံး၍ ပြောလိုက်သည်။ "လက်ခံသင့်ပါတယ်။"

ထိုအမျိုးသမီးက ယခင်နေ့ရက်များမှ အရှေ့မြေရိုင်းနယ်မြေ၏ အလှလေးပါးထဲမှ တစ်ယောက်ဖြစ်သည့် ဟွာချင်းချင်း ​ဖြစ်လေသည်။ ဟွားဂျီယူက အရှေ့မြေရိုင်းကျောင်းတော်သို့ ဝင်ရောက်ခဲ့ပြီးနောက် သူမသည်လည်း အလှလေးများထဲ၌ တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပေသည်။ ဟွာချင်းချင်းနှင့် ဟွားဂျီယူတို့ နှစ်ယောက်လုံးက ကျော်ကြားသော မိန်းမလှလေးများ ဖြစ်ကြသည်။ ကံမကောင်းစွာနှင့် ဟွာချင်းချင်းက ကံကြမ္မာ၏ မျက်နှာသာပေးမှုကို မခံရခဲ့ပေ။ သူမ၏ တစ်မိသားစုလုံး အသတ်ခံခဲ့ရသည်။ သူမ၏ မိဘများက သူမကို စာအုပ်တောင်သို့ ပို့ခဲ့သည့်အတွက် ထိုကပ်ဘေးမှ လွတ်မြောက်ခဲ့ပေသည်။

ရီဖူရှင်းသည်လည်း အတိတ်က ဟွားဂျီယူအား ကယ်တင်ခဲ့သူမှာ ဟွာချင်းချင်း ဖြစ်ကြောင်း သိလိုက်ရသည့်အခါ စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူသည် တောင်ပေါ်၌ နတ်တေးသွားကို တီးခတ်ခဲ့သည့် မြင်ကွင်းအား ပြန်မြင်ယောင်မိသည်။

"အမေ၊ အဖေ၊ ချင်းချင်းပြောတာ မှန်တယ်။ သူမနဲ့ သမီးနဲ့က တစ်ယောက်တည်းလိုပဲ။ တစ်စိတ်တည်းဖြစ်နေတာမို့ သူမက သမီးရဲ့ အတွေးတွေကို သိနိုင်ပြီး သမီးကလည်း သူမကို သိတယ်။ သမီး ပညာရပ်တွေကို ဆက်ခံပြီးတော့ လမ်းစဥ်သက်သေပြတဲ့အခါ ချင်းချင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းပေးခဲ့တယ်။ သမီးတို့နှစ်ယောက်က ညီအစ်မတွေလိုပါပဲ။" ဟွားဂျီယူက ပြုံးကာ ပြောလိုက်သည်။ အတိတ်က ဟွာချင်းချင်းသည် သူမကို ကာကွယ်ရန် စိတ်ဝိညာဥ်မီးအိမ်အဖြစ် ပြောင်းလဲခဲ့သည်။ သူမ၏ ကာကွယ်မှုသာမရှိခဲ့လျှင် ဟွားဂျီယူက ဗြဟ္မာ့သန့်စင်ကောင်းကင် ဧကရီကို အနိုင်ယူရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

ဟွားဖန်းလူက ဟွားဂျီယူ၏ စကားလုံးများကို ကြားသောအခါ အကြံတစ်ခု ရသွားခဲ့သည်။ သူသည် ဟွာချင်းချင်းက ကံတရား၏ မျက်နှာသာပေးခြင်း မခံခဲ့ရဘဲ ကံမကောင်းမှုများစွာ ခံစားခဲ့ရသည်ကို သိရှိပေသည်။ သူက သိမ်မွေ့သည့် အလှလေးကို ကြည့်ရင်း သူ့နှလုံးသားထဲ၌ သနားဂရုဏာသက်မှုတို့ ဖြစ်ပေါ်လာသည်။ "မိန်းကလေးချင်းချင်း ဝမ်ရင်းနဲ့ ငါ့ကို အလေးထားတဲ့အနေနဲ့ မွေးစားသမီး လုပ်ချင်လား။"

အမှန်တွင် ဟွားဖန်းလူနှင့် နန်ဒူဝမ်ရင်းတို့၏ ကျင့်ကြံခြင်းအဆင့်က ဟွာချင်းချင်းထက် အများကြီး နိမ့်ကျပေသည်။ ကျင့်ကြံခြင်းလောကတွင် လူတစ်ယောက်၏ အဆင့်အတန်းကို သူတို့၏ ကျင့်ကြံဆင့်နှင့် ဆုံးဖြတ်ကြသည်။ အမှန်တွင် ဟွားဖန်းလူက ထိုသို့သော တောင်းဆိုချက်ကို မပြုလုပ်သင့်ပေ။ သို့သော် ဟွားဖန်းလူက စည်းမျဥ်းများကို စောင့်ထိန်းတတ်သော သူမျိုး မဟုတ်ပါချေ။ သူက အောင်မြင်ကျော်ကြားမှုနှင့် စွမ်းအားတို့ကို စိတ်ဝင်စားခြင်း မရှိပေ။ သို့သော် ဟွားဖန်းလူက သူ၏ တပည့်ဖြစ်သည့်အပြင် သားမက်ဖြစ်သည့် ရီဖူရှင်းနှင့် အလွန် ရင်းနှီးပေသည်။ ထို့ကြောင့် သူက သူတို့ထက် နိမ့်ကျသည်ဟု မခံစားရသလို တောင်းဆိုချက်ကို ပြုလုပ်ရာ၌ သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်ကို ထည့်သွင်းမစဥ်းစားခဲ့ပေ။ သူသည် ဟွာချင်းချင်းက ဟွားဂျီယူနှင့် ခန္ဓာကိုယ်တစ်ခုတည်း အသုံးပြုခဲ့ပြီး တစ်စိတ်တည်း ဖြစ်နေခဲ့သည်ကိုမဆိုထားနှင့် ဟွာချင်းချင်းက သနားစရာကောင်းသည်ဟု တွေးမိသည့်အတွက်ကြောင့် ထိုကဲ့သို့ အကြံမျိုး ထွက်လာခြင်း ဖြစ်ပေသည်။

သူ၏ စကားလုံးများက ဟွာချင်းချင်း၏ နှလုံးသားကို တုန်ယင်စေခဲ့သည်။ သူမက ခေါင်းကိုမော့ကာ သလင်းကျောက်ကဲ့သို့ ကြည်လင်သော မျက်လုံးများနှင့် ဟွားဖန်းလူကို ကြည့်လိုက်သည်။ သူမက တောက်ပစွာ ပြုံး၍ ပြောလိုက်၏။ "ဒါက ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။ ဒီလိုကောင်းချီးမျိုးက ပျော်ရတာထက် ပိုပါတယ်။"

ထိုစကားများကို ကြားသည့်အခါ ဟွားဂျီယူနှင့် ရီဖူရှင်းက ပြုံးလိုက်သည်။ ထိုသို့ဖြစ်ခဲ့လျှင် သူတို့က ယခု မိသားစုအစစ်အဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။ ဟွားဂျီယူနှင့် ဟွာချင်းချင်းတို့က ညီအစ်မများ ဖြစ်သွားပြီး ဟွာချင်းချင်း၌လည်း ယခုမှစကာ အိမ်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အသံတစ်ခုက ဟွာချင်းချင်း၏ စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။ 'ဒီလောကမှာ သူမရဲ့ ခရီးစဥ်က အခုထိ မပြီးဆုံးသေးဘူး။'

…

မူလဘုံမှ ဗဟိုအင်ပါယာဘုံ၏ နတ္ထိအင်ပါယာနန်းတော်အတွင်း နတ်အလင်းတို့ လှည့်ပတ်လာပြီး အလွန် တောက်ပလာခဲ့သည်။ အရှင်ဒွန်ဟောင်၏ သမီးဖြစ်သူက ယခု ဤ​နေရာ၌ နေထိုင်နေသည်။

မင်းသမီးဒွန်ဟောင်နှင့်အတူ ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း ထိုနေရာတွင် အခြေချနေကြပေသည်။

ထိုအချိန်၌ နန်းတော်အပြင်ဘက်တွင် ကောင်းကင်ဒေသမှ ကျင့်ကြံသူတစ်စု ရောက်ရှိလာသည်။ သူတို့က မင်းသမီးဒွန်ဟောင်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သည်။

နတ္ထိအင်ပါယာနန်းတော်၏ အပြင်မှ တစ်စုံတစ်ယောက်က သူတို့ ရောက်ရှိလာမှုကို ကြေညာလိုက်ပြီး မင်းသမီးဒွန်ဟောင်က တစ်ဖက်လူကို လက်ခံတွေ့ဆုံခဲ့သည်။

နန်းတော်အတွင်း ရှေးဟောင်းနန်းဆောင်တစ်ခု ရှေ့ လှေကားများထိပ်တွင် မင်းသမီးဒွန်ဟောင် ရပ်နေခဲ့သည်။ သူမက ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို မြင်သောအခါ မေးလိုက်၏။ "စီနီယာတို့ ဘာကိစ္စရှိလို့ ဒီအထိ လာပြီး ကျွန်မကို လာတွေ့ရတာလဲ။"

"မင်းသမီး ကျုပ်တို့ အရေးကြီးတဲ့ သတင်းတစ်ခု လာပေးတာပါ။" ကောင်းကင်ဒေသမှ ကျင့်ကြံသူတစ်ယောက်က မင်းသမီးဒွန်ဟောင်ကို အရိုအသေပြုရင်း ကျယ်လောင်စွာ အဖြေပေးလိုက်သည်။

"ကျေးဇူးပြုပြီး တင်ပြပါ။" သူမက ပြောလိုက်သည်။

"ရီဖူရှင်းနဲ့ ပတ်သတ်တဲ့ ကိစ္စပါ။" တစ်စုံတစ်ယောက်က အခြားနေရာသို့ကြည့်ကာ ပြောလိုက်သည်။ မင်းသမီးဒွန်ဟောင်က သူတို့ကို ကြည့်လိုက်သည်။ ချက်ချင်းပင် သူမနောက်က လူတစ်ယောက်ထံမှ တောက်ပသော နတ်အလင်းတို့ ထွက်ပေါ်လာသည်။ သူက လေဟာနယ်ကို ချိပ်ပိတ်လိုက်ပြီး အပြင်ဘက်လောကနှင့် ခွဲခြားပစ်လိုက်သည်။ ရှင်းလင်းစွာပင် သူမသည် သူတို့ အကြည့်များမှတဆင့် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို နားလည်ပေသည်။

"ဘာပြောချင်လို့လဲ။" မင်းသမီးဒွန်ဟောင်က ဆက်ပြောလိုက်သည်။

ကျင့်ကြံသူများထဲမှတစ်ယောက်က ရှေ့တက်လာကာ ပြောလိုက်သည်။ "မင်းသမီး ကျုပ်တို့ အရင်က ရီဖူရှင်းရဲ့ နောက်ခံအကြောင်းကို စုံစမ်းခဲ့ဖူးတယ်။ သူက အောက်ဘုံရဲ့ သေမျိုးဘုံတစ်ခုဖြစ်တဲ့ ပြည်နယ်ကိုးခုကနေ လာခဲ့တာ။ မဟာအင်ပါယာ အရင်တုန်းက အဲဒီနေရာကို ​ဖြတ်သွားဖူးခဲ့တယ်။ ကျုပ်တို့ရဲ့ စုံစမ်းမှုအရ ရီဖူရှင်းက ချင်းကျူမြို့လို့ ခေါ်တဲ့ အရှေ့ပင်လယ်ထဲက ကျွန်းတစ်ကျွန်းကနေ လာခဲ့တာ။ အဲဒီနေရာက လောကထဲကနေ ပိုင်းခြားခံထားရပြီး နောက်ပိုင်း ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့တယ်။ ကုန်းမြေတစ်ခုလုံးက ပျောက်ကွယ်သွားခဲ့ပြီး တစ်စုံတစ်ယောက်က တမင်သက်သက် မြေပုံကနေ ဖယ်ထုတ်လိုက်သလိုမျိုးပဲ။"

"ဘာကို ပြောချင်နေတာလဲ။" မင်းသမီးဒွန်ဟောင်က မေးလိုက်သည်။

"ကျုပ် ကြားဖူးတာတော့ မင်းသမီး အရင်တုန်းက ချင်းကျူမြို့ကို သွားခဲ့ဖူးတယ်ဆို။ အဲဒီမှာ တစ်စုံတစ်ယောက်ရဲ့ နောက်ဆုံး ရုပ်တုရှိနေခဲ့ပြီး အရင်တုန်းက မင်းသမီး အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရင်း စုံစမ်းဖို့ သွားခဲ့တယ်လို့ ကြားမိတယ်။"

မင်းသမီးဒွန်ဟောင်က တစ်ဖက်လူကို ထက်ရှသော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ သူမက မေးလိုက်၏။ "ကောင်းကောင်းစုံစမ်းထားတာပဲ။ အဲဒါက ရီဖူရှင်းနဲ့ ဘာပတ်သတ်လို့လဲ။"

ထိုလူက အရိုအသေပေးရင်း ဆက်ပြောလိုက်သည်။ "မင်းသမီး ရီဖူရှင်းက ဒီမျိုးဆက်အတွင်း ပြိုင်ဘက်ကင်း ထူးခြားတဲ့ ပါရမီရှိတယ်။ ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ အရည်အချင်းရှိ ပါရမီရှင်တွေတောင် သူ့ကို ရင်ဆိုင်ဖို့ ခက်ခဲတယ်။ ဒီလို ထူးချွန်တဲ့ လူမျိုးက ထူးခြားတဲ့ နောက်ခံမရှိဘဲ ဘယ်လို​ဖြစ်နိုင်မှာလဲ။ ပြီးတော့ သူ့ညီအစ်ကို သူငယ်ချင်းကောင်း ယူချင်းကလည်း နတ်ဆိုးအင်ပါယာရဲ့ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးမှုကို ရရှိခဲ့တယ်။ ယူချင်းက သေချာပေါက် နတ်ဆိုးလောကနဲ့ ပတ်သတ်နေပြီး သူ့အဆင့်အတန်းကလည်း ထူးခြားလိမ့်မယ်။ သူတို့မွေးဖွားတဲ့နေရာကလည်း တိုက်တိုက်ဆိုင်ဆိုင် အဲဒီလူရဲ့ ရုပ်တုရှိတဲ့နေရာ ဖြစ်နေတယ်။ အဲဒါအပြင် ရီဖူရှင်းရဲ့ မျိုးရိုးနာမည်အရ သူက ဇာစ်မြစ်နဲ့ သက်ဆိုင်တာလား။ ဒီအတိုင်း 'ရီ' လို့ ပေးခံထားရတာလား။"

All Chapters