သူတို့ သူနဲ့ ဘယ်လို ရင်ဆိုင်လိမ့်မလဲ။
Vol. 168 Ch. 2394
ချင်းကျူမြို့က ပျောက်ကွယ်သွားသော်လည်း ရီဖူရှင်း၏ တိုးတက်မှုသမိုင်းက ပျောက်ကွယ်မသွားနိုင်ခဲ့ပေ။ ပြည်နယ်ကိုးခုအတွင်း တစ်စုံတစ်ယောက်က စစ်ဆေးချင်ခဲ့လျှင် သူတို့က သူ ချင်းကျူမြို့၌ မွေးဖွားခဲ့သည်ကို ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။
ထိုနေရာက သူ၏ မွေးဖွားရာနေရာသာ ဖြစ်ခဲ့လျှင် သံသယဝင်ရန် ထိုက်တန်လိမ့်မည် မဟုတ်ပေ။ သို့သော် သူ၏ မွေးဖွားမှု၊ လက်ဆောင်နှင့် ယနေ့ ယူချင်း၏ အဆင့်အတန်း အားလုံးက ထူးခြားသည့် နောက်ခံကို ညွှန်ပြနေခဲ့သည်။ ထို့ပြင် သူက ပြည်နယ်ကိုးခုအတွင်း ကျင့်ကြံနေခဲ့စဥ် အချက်အလက်နှင့် သဲလွန်စများက အခြားလူများကို သူက မဟာအင်ပါယာရီချင်နှင့် ဆက်စပ်နေသည်ဟု ခန့်မှန်းလာအောင် လုပ်ဆောင်ပေးနေသည်။
ချင်းကျူမြို့က ဖျက်ဆီးခံလိုက်ရပြီဖြစ်သောကြောင့် ပတ်သတ်မှုကို သက်သေပြနိုင်လိမ့်မည် မဟုတ်ပေအခြားထက် ယူချင်း၊ ဂျီယူနှင့် သူ့ဆရာ ဟွားဖန်းလူ မည်သူမှ သူ့လျှို့ဝှက်ချက်များကို မသိကြပေ။
ထို့ကြောင့် အများဆုံး သူတို့က ခန့်မှန်းရုံသာ တတ်နိုင်ကြသည်။
သူ၏ မူလဇာစ်မြစ်အတွက်မူ သူကိုယ်တိုင်ပင် မသိသည့်အတွက် အခြားလူများလည်း ရှာဖွေတွေ့ရှိလိမ့်မည် မဟုတ်ပေ။
သို့ဆိုလျှင် မည်သူက သိပါမည်နည်း။
ထိုစဥ်က အင်ပါယာရီချင်သည် မည်သည့်အတွက်ကြောင့် သူ့ကို ထိုကဲ့သို့ ဆက်ဆံရပါသနည်း။ သူတို့ကြားမှ ပတ်သတ်မှုက မည်သို့ဖြစ်သနည်း။
ကောလာဟလဖြန့်သည့် လူများက မကောင်းသော ရည်ရွယ်ချက်တို့ ရှိသည်မှာ ရှင်းလင်းပေသည်။ ကောင်းကင်ဒေသအတွင မဟာအင်ပါယာရီချင်က တားမြစ်ထားသော အရာဖြစ်ပြီး မူလဘုံအတွက်လည်း အတူတူပင် ဖြစ်သည်။ မဟာအင်ပါယာရီချင်နှင့် သတ်မှတ်သည့်အရာကို မဆိုထားနှင့် သူ၏ ရုပ်တုကိုပင် ခွင့်ပြုမပေးထားနိုင်ပေ။
ရှင်းလင်းစွာပင် ကောလာဟလကို ဖြန့်သည့် လူက အင်ပါယာနန်းတော်၏ စွမ်းအားဖြင့် သူ့ကို ဖျက်ဆီးချင်နေပေသည်။
ထို့နောက်တွင် သူက မည်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်နည်း။
သူက သိနိုင်ရန် နည်းလမ်းမရှိပေ။ အရှင်ဒွန်ဟောင်က ခေတ်တစ်ခေတ်၏ လွှမ်းမိုးနိုင်သူ ဖြစ်သည်။ သူက ကောင်းကင်ဒေသ၏ နယ်မြေများကို စုစည်းခဲ့ပြီး သိုင်းပညာလမ်းစဥ် ပြန့်ပွားစည်ပင်လာအောင် အားထုတ်ထားသည်။ သူ့ကိုယ်သူ အာရုံစိုက်ထားပြီး အရာအားလုံးကို လျစ်လျူရှုထားသည့် အရှင်ဒွန်ဟောင်သည် ပြိုင်ဘက်ကင်း၍ ထူးဆန်းအံ့ချီးဖွယ်ရာပင် ဖြစ်သည်။ သို့သော် သူက မဟာအင်ပါယာရီချင်နှင့် ပတ်သတ်သော လူများနှင့် ရင်ဆိုင်ရလျှင် မည်သို့ လုပ်လိမ့်မည်နည်း။
ယခင်က နှင်းလူဝံထံ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို အခြေခံကာ အကြမ်းဖျင်း ခန့်မှန်းနိုင်ပေသည်။
မဟာအင်ပါယာရီချင်က ကောင်းကင်ဒေသ၌ တားမြစ်ခံထားရသည့် ပုဂ္ဂိုလ်ဖြစ်သည်။ မည်သူကမှ သူ့အကြောင်းကို မညွှန်းဆိုရဲကြပေ။ သူက အရှင်ဒွန်ဟောင်၏ မျက်လုံးများထဲမှ တားမြစ်ထားသည့်အရာဖြစ်သောကြောင့် မည်သူကမှ သူ့ကို ရန်စရဲလိမ့်မည် မဟုတ်ပေ။
ဖန်းကိုင့်က အခြေအနေအကြောင်း ပြောပြီးသည့်အခါ ရီဖူရှင်းထံသို့ ကြည့်လိုက်ပေသည်။ ရီဖူရှင်းက တလျှောက်လုံး ငြိမ်သက်နေခဲ့ပြီး တစ်စုံတစ်ခုအကြောင်း တွေးနေပုံရလေသည်။ ထိုအခိုက်အတန့်တွင် ဖန်းကိုင့်က ကောလာဟလများက အမှန်တကယ် ဖြစ်နိုင်သည်ဟု သတိပြုမိလိုက်ကြသည်။
ရီဖူရှင်းက အမှန်တကယ် မဟာအင်ပါယာရီချင်နှင့် ဆက်စပ်နေသည်။
မဟုတ်လျှင် သူက စကားတစ်ခွန်းမှမပြောဘဲ ယခုလို အလွန် တည်ငြိမ်နေလိမ့်မည် မဟုတ်ပေ။
အံ့သြစရာမရှိပါချေ။
ဖန်းကိုင့်က သက်ပြင်းချလိုက်သည်။ လောကအတွင်း အခြားမည်သည့်နေရာဖြစ်စေ လေးမျက်နှာကျေးရွာ၌ဖြစ်စေ ရီဖူရှင်း၏ အရည်အချင်းက ဤခေတ်အခါ၌ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသည်မှာ အံ့သြစရာ မရှိပေ။ အချိန်တိုင်း သူက မယုံကြည်နိုင်လောက်အောင် ပြည့်ဝသည့် ပါရမီအရည်အချင်း ရှိပေသည်။ မဟာအင်ပါယာများ၏ အမွေအနှစ်များကို ရယူခြင်းကဲ့သို့သော အရာများသည်ပင် သူ့အတွက် ရိုးရှင်းကာ ပေါ့ပါးလွယ်ကူနေပြီး အရာအားလုံးကို အလွယ်တကူ နားလည်သဘောပေါက်နိုင်ပေသည်။
ဖန်းကိုင့်သည် ရီဖူရှင်း၏ ပါရမီအရည်အချင်းက အကန့်အသတ်မရှိလုနီးပါးဖြစ်သည်ကို မြင်တွေ့ခဲ့ရပြီး သူက ထူးခြားလှသည့် နောက်ခံကို ပိုင်ဆိုင်ထားသည်ဟု တွေးထင်ထားပေသည်။
သို့သော် သူက မဟာအင်ပါယာရီချင်နှင့် ဆက်စပ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ထိုသည်က အမှန်ဖြစ်လျှင် ကောင်းကင်ဒေသ အင်ပါယာနန်းတော်က သူ့ကို လွယ်လွယ်ကူကူ လက်လွှတ်ပေးရန် ဖြစ်နိုင်ပါမည်လား။
ထိုအချိန်တွင် ဖန်းကိုင့်သည် ရီဖူရှင်းအတွက် အတော်လေး စိုးရိမ်မိခဲ့ပေသည်။ ဤသည်မှာ ကောင်းကင်ဒေသမှ အင်အားစုများအား ဆန့်ကျင်မိခြင်းနှင့် ကွဲပြားခြားနားသွားသည်။ ထိုအင်အားစုများ အားလုံးက ရီဖူရှင်းနှင့် ရင်ဆိုင်ချင်သော်လည်း သူတို့က မစုစည်းခဲ့သည့်အတွက် ကောင်းကင်အာဏာစက်ကျောင်းတော် တိုက်ပွဲတွင် ရီဖူရှင်းက ခုခံကာကွယ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အင်ပါယာနန်းတော်က သူတို့ကို ရင်ဆိုင်လာမည်ဆိုပါက သူတို့က စွမ်းအားမဲ့သွားရပေလိမ့်မည်။
ကောင်းကင်ဒေသ၏ နယ်မြေတစ်ခွင်လုံးက အင်ပါယာနန်းတော်အမိန့်ကို လိုက်နာကြရပေသည်။
ထိုအချိန်၌ အင်ပါယာနန်းတော်ရှိ အာကာသခရီးသွားဝင်္ကပါမှ နတ်အလင်းတစ်ခု လင်းလက်လာသည်။ ထိုနေရာအတွင်း အစွမ်းထက်သည့် အရှိန်အဝါလှိုင်းတို့က လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အစွမ်းထက် ကျင့်ကြံသူတစ်စုက အဝေးရှိ လေထဲမှ ဖြတ်သန်းလာခဲ့သည်။ ထိုသူတို့က နတ်ဆိုးလောကမှ ကျင့်ကြံသူများ ဖြစ်ပေသည်။ ယူချင်းက သူ၏ အဖွဲ့သားများနှင့်အတူ ရောက်ရှိလာခြင်း ဖြစ်သည်။
ယူချင်းက ရီဖူရှင်း၏ သရုပ်မှန်ကို အသိဆုံး ဖြစ်ပေသည်။ သူက ရီဖူရှင်းအကြောင်း အရာအားလုံး သိလုနီးပါးပင် ဖြစ်သည်။ သူက သတင်းရရှိပြီးနောက် ရီဖူရှင်းကို တွေ့ရန် ချက်ချင်း ရောက်လာပေသည်။
"ယူချင်း" ရီဖူရှင်းက ယူချင်း ရောက်လာသည်ကို မြင်သောအခါ သူ့ကို ခေါ်လိုက်သည်။
ယူချင်းက ရီဖူရှင်းဘေးသို့ တိုက်ရိုက်ဆင်းသက်လာ၏။ သူက သူတို့အနီးမှ လူများကို ကြည့်လိုက်သည်။
"ငါတို့ လမ်းသွားလျှောက်သင့်တယ်။" ရီဖူရှင်းက ပြောလိုက်သည်။ သူတို့နှစ်ယောက်က ထွက်ခွာသွားပြီး အဆောက်အဦးတစ်ခု ထိပ်သို့ ရောက်လာပေသည်။
"မင်း ငါနဲ့အတူ နတ်ဆိုးလောကကို လိုက်လာလို့ရတယ်။" ယူချင်းက ရီဖူရှင်းကို ပြောလိုက်သည်။ သူက သတင်းများ ကြားပြီးနောက် ရီဖူရှင်းအား နတ်ဆိုးဘုံသို့ ခေါ်ဆောင်သွားရန် ရည်ရွယ်၍ လာခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းက နတ်ဆိုးဘုံသို့ ဝင်ရောက်သည့်အခါ နတ်ဆိုးအင်ပါယာ၏ လက်အောက်သို့ ရောက်သွားလိမ့်မည် ဖြစ်သည့်အတွက် အရှင်ဒွန်ဟောင်သည်ပင် သူနှင့် ရင်ဆိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
ထို့ပြင် ရီဖူရှင်း၏ ပါရမီနှင့် သူက နတ်ဆိုးလောက၌ပင် အလွန် တန်ဖိုးထားခံရပေလိမ့်မည်။
ရီဖူရှင်းက ပြန်မဖြေခဲ့ပေ။ သူ၏ အကြည့်က အဝေးသို့ ရောက်ရှိသွားခဲ့သည်။ ချင်းကျူမြို့မှ ယခုအခြေအနေထိတိုင် သူ၏ တိုးတက်မှုလမ်းကြောင်း အပါအဝင် အရာအားလုံးကို မမြင်နိုင်သည့် လက်တစ်ခုက ထိန်းချုပ်ထားသလို ထင်မှတ်ရပေသည်။ သူ၏ မွေးစားအဖေက ယခု မည်သည့်နေရာ၌ ရောက်နေလိမ့်မည်နည်း။
သူက မည်သူနည်း။ ယူချင်းက မည်သူနည်း။
သူ့မွေးစားအဖေကသာ အရာအားလုံး၏ အဖြေကို သိနိုင်ပေသည်။
သူက ဤအရာများအားလုံး ဖြစ်ပျက်နေသည်ကို ရပ်တန့်ရန် ထွက်မလာခဲ့ပေ။ သူက သေဆုံးသွားခြင်းများ ဖြစ်နိုင်သည်လား။
"ယူချင်း မင်း သတင်းရပြီး ဒီကိုလာခဲ့တာဆိုရင် ကောင်းကင်ဒေသ ကျင့်ကြံသူတွေကရော ဘယ်လိုမသိဘဲ နေပါ့မလဲဆိုတာ တွေးမိလား။" ရီဖူရှင်းက ပြောလိုက်သည်။ "သူတို့က ငါ့ကို တကယ်တစ်ခုခု လုပ်ချင်ရင် သူတို့က ငါ့ကို ဒီနေရာမှာ စောင့်ကြည့်ဖို့ လူလွှတ်ထားပြီးလောက်ပြီ။ ထွက်သွားဖို့လား။ အဲဒီလောက် ရိုးရှင်းမယ်လို့ မထင်မိဘူး။ အဲဒါက သူတို့ဘက်က လူတွေကို ဒေါသပဲ ထွက်စေလိမ့်မယ်။ ထွက်သွားဖို့ထက် ဘာဖြစ်မလဲ စောင့်ကြည့်တာ ငါတို့အတွက် ပိုကောင်းလိမ့်မယ်။ အင်ပါယာနန်းတော်က ဘာလုပ်ချင်နေလဲဆိုတာ စောင့်ကြည့်ရအောင်။"
"မင်း ဝန်ခံမလို့လား။" ယူချင်းက ရီဖူရှင်းထံသို့ ကြည့်လိုက်သည်။ သူက အမြဲတစေ တည်ငြိမ်သူဖြစ်လျှင်ပင် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ဤကိစ္စတစ်ခုလုံးက အလွန် ရှုပ်ထွေးရလိမ့်မည်ဖြစ်ပြီး ရီဖူရှင်းကို ပျက်စီးခြင်းကြုံရစေပေလိမ့်မည်။ သူက တည်ငြိမ်မှုကို ထိန်းမထားနိုင်တော့ပေ။
"အရင်တုန်းက ပြည်နယ်ကိုးခုမှာ ငါ မင်းသမီးဒွန်ဟောင်ကို အကြိမ်ပေါင်းများစွာ တွေ့ခဲ့ဖူးတာ သိတယ်မလား။ အခု သတင်းတွေ ပျံ့လာတော့ ဘာတွေဖြစ်နေတာလဲဆိုတာ သူမ ဘယ်လိုလုပ် မခန့်မှန်းနိုင်ဘဲ နေမှာလဲ။" ရီဖူရှင်းက ပြောလိုက်သည်။ သူသည် ချင်းကျူမြို့ သားရဲတောင်တန်း၌ မင်းသမီးဒွန်ဟောင်ကို ပထမဆုံးအကြိမ် တွေ့ဖူးခဲ့သည်။ သူမက နှင်းလူဝံကို ဖမ်းဆီးရန် ရောက်လာခဲ့ပြီး သူကလည်း ထိုနေရာ၌ ရှိနေခဲ့သည်။
အကယ်၍ သူက ချင်းကျူ၌ ရှိနေသည်မှာ တိုက်ဆိုင်မှုကြောင့်ဟု ဆိုခဲ့ပါလျှင် နောက်ပိုင်းဖြစ်ပျက်ခဲ့သည်များက တိုက်ဆိုင်မှုမျှသာ မဟုတ်ကြောင်း သက်သေပြရပေလိမ့်မည်။ အင်ပါယာနန်းတော်မှ လူများက ၎င်းကို စုံစမ်းစစ်ဆေးပါက သူတို့သည် အမှန်တရားကို ဦးတည်နေသော သက်သေများစွာ ရှာတွေ့ပေလိမ့်မည်။
နောက်တစ်ကြိမ် သူတို့အချင်းချင်း ပြန်တွေ့သည့်အခါ မင်းသမီးဒွန်ဟောင်က ဆရာဒူကို ကော့တေးမှ အဝေးသို့ လာရောက်ခေါ်ဆောင်သွားစဥ်က ဖြစ်သည်။
ဤအရာအားလုံးမှာ ဖုံးကွယ်ထား၍ မရနိုင်လုနီးပါး ဖြစ်ပေသည်။
"မင်း ဘယ်လိုမျိုးဝန်ခံမှာလဲ။" ယူချင်းက မေးလိုက်သည်။
ရီဖူရှင်းက သူ့ထံသို့ ကြည့်ကာ ပြန်ဖြေလိုက်သည်။ "တိုက်ဆိုင်မှုကြောင့် ငါ ချင်းကျူမြို့ သားရဲတောင်တန်းမှာ မဟာအင်ပါယာရီချင်ရဲ့ ကြွင်းကျန်ရစ်တဲ့ ဝိညာဥ်နဲ့ တွေ့ခဲ့ဖူးတယ်။ ဒါကြောင့် သူ့ဆီကနေ သင်ယူပြီး ဉာဏ်အလင်းပွင့်ခဲ့တာ ရှိတယ်။"
ယခုတွင် သူတို့က လုံးဝ မပတ်သတ်ဟု ပြောရန် မဖြစ်နိုင်ပေ။ သို့သော် ဤနည်းလမ်းကို ထုတ်ပြောလိုက်ခြင်းဖြင့် အရာအားလုံးကို ရှင်းပြပြီးသား ဖြစ်ပေလိမ့်မည်။
သို့ဆိုလျှင် အခြေအနေက မတူကွဲပြားစွာ နားလည်သွားနိုင်ပေသည်။ ကြွင်းကျန်ရစ်သည့် ဝိညာဥ်၏ သင်ကြားပေးမှုက အကြံဉာဏ်ဖြစ်နိုင်သလို အမွေဆက်ခံမှုလည်း ဖြစ်နိုင်ပေသည်။
ယူချင်း၏ မျက်ခုံးများက စုကျုံ့သွားခဲ့သည်။ အင်ပါယာနန်းတော်က ထိုသို့ပြောခြင်းဖြင့် ရီဖူရှင်းအား အမှန်တကယ် လွှတ်ပေးလိုက်နိုင်ပါမည်လား။
သို့သော် အနည်းဆုံး သူတို့က ရီဖူရှင်းနှင့် အင်ပါယာရီချင်တို့၏ အခြားသောပုံစံဖြင့် ပတ်သတ်မှုကို ဝန်မခံနိုင်ပေ။ ၎င်းက ချင်းကျူမြို့၌ မတော်တဆ တွေ့ဆုံခြင်းမျှသာ ဖြစ်နိုင်ပေသည်။ သူတို့ကြား၌ အခြား မည်သည့်ပတ်သတ်မှုမှ မရှိလျှင် အင်ပါယာနန်းတော်က ရီဖူရှင်းကို လွှတ်ပေးရန် ဖြစ်နိုင်ချေရှိပေလိမ့်မည်။
"ငါတို့ လုပ်နိုင်တာ ဒါအကောင်းဆုံးပဲ။" ရီဖူရှင်းက ပြောလိုက်သည်။ အရာအားလုံးက ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။
ထိုသည်မှာ သူတလျှောက်လုံး စိုးရိမ်ပူပန်နေခဲ့သော ပြဿနာဖြစ်သည်။ သူသည် အတိတ်မှ ကိစ္စရပ်များအား ဖော်ထုတ်ခံရနိုင်သည်ကို သိသော်လည်း နောက်ကွယ်မှာ ရှိနေသူများက ကောင်းကင်ဒေသမှ လူများ ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူသည် မည်သူက သတင်းကို တမင်သက်သက် ဖော်ထုတ်လိုက်သလဲ မသိသော်လည်း မကောင်းသည့် ရည်ရွယ်ချက်များ ရှိနေသည်ကိုတော့ သိပေသည်။
အပြင်ဘက်တွင် တစ်လောကလုံးမှ ကျင့်ကြံသူများက စီဝေ့ကြယ်ကမ္ဘာသို့ ရောက်ရှိလာကြသည်။ ရီဖူရှင်းက မဟာအင်ပါယာရီချင်နှင့် ပတ်သတ်မှု ရှိနေသူအဖြစ် ပြောင်းလဲသွားသည်။ သူတို့က သူ ထိုကိစ္စအား မည်သို့ဖြေရှင်းမည်ကို မြင်တွေ့ချင်နေပေသည်။
ထိုအချိန်၌ စီဝေ့ကြယ်ကမ္ဘာအပြင်ဘက် အဆုံးမဲ့ လေဟာနယ်အတွင်း ကောင်းကင်ဒေသ၏ အစွမ်းထက်ဆုံး အင်အားစုများက ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့က အာကာသခရီးသွားဝင်္ကပါကို အသုံးပြု၍ မရနိုင်သည့်အတွက်ကြောင့် လေဟာနယ်ကို ဖြတ်သန်းပျံသန်းလာကြပေသည်။ သူတို့က ကောင်းကင်ထက်၌ ရပ်နေခဲ့ကြပြီး စီဝေ့ကြယ်ကမ္ဘာသို့ ကြည့်နေကြသည်။ ကြယ်ကမ္ဘာတစ်ခုလုံးသည် ရှေးခေတ်အခါ၌ အထွတ်အထိပ်တွင် ရပ်တည်နေသည့် မဟာအင်ပါယာတစ်ပါး၏ အမွေအနှစ်ဖြစ်သည်။ ယနေ့တွင် ၎င်းကို ရီဖူရှင်းက ထိန်းချုပ်ထား၏။
သို့သော် ကံကြမ္မာအပြောင်းအလဲက ထင်မှတ်မထားလောက်အောင်ပင် ဖြစ်သည်။ ရီဖူရှင်းက မဟာအင်ပါယာရီချင်နှင့် ဆက်စပ်နေသည်ဟု ပြောနိုင်သည်။ အင်ပါယာနန်းတော်ကလည်း သူ့ကို လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ ကောင်းကင်အာဏာစက်ဘုံမှ ကျော်ကြားလာသည့် ဤ ထူးချွန်သော ကျင့်ကြံသူသည် ကောင်းကင်ဒေသတစ်ခွင်၌ပါ နာမည်တွင်အောင် လုပ်နိုင်ခဲ့ပြီး အမျိုးမျိုးသော အထွတ်အထိပ် ကျင့်ကြံသူများ၏ အာရုံကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။ ယခုတွင် သူက အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပေသည်။
အင်ပါယာနန်းတော်က ရီဖူရှင်းနှင့် မည်သို့ ရင်ဆိုင်လိမ့်ပါမည်နည်း။